မြန်မာတို့အကြိုက်
|420- Hits|အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။
မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။
လိုအပ်တာလေးတွေကတော့…………………
၁။ခရမ်းချဉ်သီး(အကြီး၂လုံး)
၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်)
၃။ငရုတ်သီးစိမ်း(၄တောင့်)
၎။ကြက်သွန်နီ(၂လုံး)
၅။ကြက်သွန်ဖြူ(၁ဥ)
၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို)
၇။ငံပြာရည်(အချို)
၈။အချိုမှုန့်(အနည်းငယ်)
၉။ပဲဆီ(အနည်းငယ်)
အစီအစဉ်လေးတွေကတော့…………………
၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။
၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။
(အချိုမှုန့်ပါထည့်ပါ)
၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။
၎။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။
၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။
၆။သမအောင်မွေပါ။(၅မိန်ခန့်)
၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………
Related posts:





သများအကြိုက် မွန်းလိုက်…အဲလေ…ဟုတ်ပါဘူး..သများအကြိုက် ခမ်းသီး ငါးပိချက် ဟဲဟဲ.
အူးလေးဟာက အမှတ်တမဲ့ကြည့်ရင် ကတွတ်ယိုနဲ့ တူတယ်ဂျ
ခရမ်းသီးငါးပိချက်တို့ ..ငံပြာရည် ငါးပိချက်တို့ ..ဘာတို့ ညာတို့  ပေါ့နော်
အဲတာတွေနဲ့ တို့ စရာကောင်းကောင်းနဲ့ တီးရင် ဟင်းတောင် မလိုဘူး..၂ဇလုံလောက်ဆွဲတာ
Was this answer helpful?
LikeDislikeကြည့်ရင်းနဲ့ သရေကျလာပြီ
ရှလွတ် ရှလွတ် ရှလွတ်
မတော်ရသေးတဲ့ မိန်းမကို ချက်ခိုင်းရမယ်ဗျို့
စာဥရေ ခရမ်းချဉ်သီးငပိချက်လေး မောင်ကိုချက်ပေးပါကွယ်
Was this answer helpful?
LikeDislikeအောင်မာ..အောင်မာ
ညည်းကများ မတော်ရတဲ့ မိန်းမလေးဘာလေး နဲ့  လူကြားကောင်းအောင် လျှောက်ပြောမနေစမ်းပါနဲ့ 
ညည်းအကြောင်း မောင်ပေရန်ကုန်လာတုန်းက ကျုပ်ကို အကုန်ပြောပြီးသား
ညည်းမှာတိတ်တိတ်ပုန်းလင် ကိုဂွေးသီးနဲ့  ကြိတ်ပုန်းခုတ်နေတာ တစ်မြို့ လုံးသိတယ် ပေါက်ရဲ့လား
ကိုဂွေးသီးကိုသာ ကတ်သီးကတ်သတ်နှပ်ချီး ငါးပိချက် ချက်ကျွေးလိုက်စမ်းဘာ
Was this answer helpful?
LikeDislikeဘာ အဲတောင်က ငါ့အကြောင်း ပြောသွားတယ်ပေါ့
မောင်ပေ နင်တွေ့မယ် တွေ့မယ်
ညည်းလဲ ကျပ်ကျပ်သတိထား
နင်လည်း ရွာထဲက ကိုတုတ်ကြီးနဲ့ ညတိုင်း ကောက်ရိုးပုံထဲ ချိန်းတွေ့နေတာ ငါမသိဘူး မှတ်နေလား
ဒီကြားထဲ အသံတွေက နားမကြားရလောက်အောင် ပလူပျံနေတာ ညည်းအစားရှက်လိုက်တာအေ
ဒါနဲ့ ညည်း EZEE TWO သောက်ပြီးပြီလား
Was this answer helpful?
LikeDislikeအီးဇီးတူးစရာလား ဟဲ့
အနဲဆုံ ခြောက်လအာမခံတော့ လုပ်ထားရမှာပေါ့
Was this answer helpful?
LikeDislikeအေးအေး ညည်းအတွက် စိတ်ပူလို့ပါအေ
တောင်မရေ ရွာထဲမှာ ညည်းမရှိရင် ငါမနေတတ်ဘူး
ခင်တယ်သူငယ်ချင်းရေ
ဒါနဲ့ ၆လ အာမခံဆိုတော့ ရွာထဲ AKKO နဲ့ပြတာလားအေ့။
ဒို့ရွာထဲမှာ တိုင်းရင်းဆေးဆရာလည်းရှိတယ်အေ့
ဆရာထက်ဝေးဆိုလား ဆရာကရဝေးဆိုလားဘဲ
Was this answer helpful?
LikeDislikeကိုဂွေးသီးဆိုပါလား ကိုဖရဲရေ။ဘယ်လိုဖြစ်တာလဲ ကိုစိန်ပေါက်ပေါက်ရေ။
မြန်မာတို့ အကြိုက်တော့ ဟုတ်ပါတယ်။နိုင်ငံခြားရောက်များအတွက်လား
လို့ ။
Was this answer helpful?
LikeDislikeဘာ အဲတောင်က ငါ့အကြောင်း ပြောသွားတယ်ပေါ့
မောင်ပေ နင်တွေ့မယ် တွေ့မယ်
ညည်းလဲ ကျပ်ကျပ်သတိထား
နင်လည်း ရွာထဲက ကိုတုတ်ကြီးနဲ့ ညတိုင်း ကောက်ရိုးပုံထဲ ချိန်းတွေ့နေတာ ငါမသိဘူး မှတ်နေလား
ဒီကြားထဲ အသံတွေက နားမကြားရလောက်အောင် ပလူပျံနေတာ ညည်းအစားရှက်လိုက်တာအေ
ဒါနဲ့ ညည်း EZEE TWO သောက်ပြီးပြီလား
Was this answer helpful?
LikeDislikeငံပြာရည်အစား ငါးပိသုံးရင် ဘယ်လိုနေမလဲ…နှစ်မျိုးတွဲသုံးရင်ကော….
Was this answer helpful?
LikeDislike