မုန့်ဖုတ်ပြီးပုံ

သုံးဆောင်နိုင်ပါပြီ ..

ဒီကနေ့ ပိတ်ရက်လဲဖြစ်တာနဲ့ အလွန်လွယ်ကူရိုးရှင်းပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အာလူးဆနွင်းမကင်းလုပ်စားဖြစ်ပါတယ် …

ပါဝင်သည့်ပစ္စည်းများ
အာလူး ….. ၃၀ ကျပ်သား (ကီလိုဝက်) ခန့်
သကြား ….. စတီးဇွန်းခပ်မောက်မောက် ၄ ဇွန်း
ဂျုံမှုန့် ….. စတီးဇွန်းခပ်မောက်မောက် ၅ ဇွန်း
အုန်းနို့အပျစ် ….. ၁၆၀ မီလီလီတာ (ရယ်ဒီမိတ် ဗူးသေးတစ်ဗူး)
ထောပတ် ….. စတီးဇွန်းတစ်ဇွန်း
ဆား …. အနည်းငယ်
ဘိန်းစေ့ …. အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
အာလူးကို နူးအောင်အရင်ပြုတ်ရပါမယ်။ ပြီးရင် အခွံနွှာပြီး အာလူးသားများကို ကျေအောင်ခြေပေးရပါမယ်။ ထို့နောက် သကြား၊ ဂျုံမှုန့်၊ ဆား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး နှံအောင်မွှေရပါမယ်။ အဲဒီနောက် စတီးလင်ဗန်း (သို့မဟုတ်) ထည့်စရာတစ်ခုခုကို ဆီသုတ်ပြီး မုန့်နယ်ထားတာကို ထည့်ရပါမယ်။ အပေါ်ယံကနေ ထောပတ်နဲနဲသုတ်ပြီး ဘိန်းစေ့ဖြူးပြီးနောက် oven ထဲထည့်ပြီး မိနစ် ၃၀ ထည့်လိုက်ပါက အသင့်စားနိုင်သော အာလူးဆနွင်းမကင်းရရှိပါပြီ …
oven မရှိရင်တော့ အထက်မီး အောက်မီးနဲ့ ကင်ရမှာမို့ easy cook မဖြစ်နိုင်ပါ …
ပုံမှာ ပြထားတာကတော့ ကင်စရာလင်ဗန်းမရှိလို့ စတီးထမင်းဂျိုင့်ခပ်ကြီးကြီး ၂ ခု နဲ့ ကင်လိုက်ပါတယ် … ပုံမှာပြထားတာရဲ့ နှစ်ဆ အတွက် မုန့်စပ်တဲ့အချိုးဖြစ်ပါတယ် …

weiwei

About weiwei

weiwei has written 273 post in this blog.

မင်္ဂလာပါ ....

Related posts:

  1. ဂျုံ ကြက်သားလိပ် Easy cook
  2. မုန့်ဟင်းခါးတောချက် Easy cook
  3. ကိုရီးယား ရေညှိဟင်းရည် easy cook
  4. Uzbek Style ထမင်းနဲ့ကြက်သားဟင်း easy cook
  5. ၀က်နံရိုးနဲ့ပယ်ကောစွပ်ပြုတ် easy cook