မန္တလေးဂေဇက်ဧ။် ပထမဆုံးစုပေါင်းအလှူ အောင်မြင်စွာပြီးဆုံးခြင်း နှင့် ကျေးဇူးတင်ရှိခြင်း
|1164- Hits|
မန္တလေးဂေဇက်ဧ။်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀၀ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။
ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း ၊ သဒ္ဓါတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊ အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း ၊ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ကားပေးသုံးပါသော ကိုဘလက်ချော ၊ မနိုဗွီ နှင့် ကိုအမ်လုလင်တို့အားလည်းကောင်း ၊ အလှူခံပို့စ်ကို အချိန်ကြာမြင့်စွာ sticky လုပ်ပေးထားပါသော Admin ကိုခိုင်အားလည်းကောင်း ၊ အမှတ်တရ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပေးသူများအားလည်းကောင်း ၊ အတူလိုက်ပါ လှူဒါန်းသူများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိပါသည် ။
ကျွန်မတို့စာဖတ်သူများ၊ ရွာသူရွာသားများ ဧ။် ယုံကြည်စိတ်နှင့် တူညီစွာ ပူးပေါင်း ဆောင်ရွက်လှူဒါန်းခဲ့ကြသော အလှူတစ်ခု ပြီးမြောက်ခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်မိပါသည် ။ အတူမလိုက်နိုင်ခဲ့သော ရပ်ဝေး ရပ်နီးမှ စာရေးသူများ ၊ စာဖတ်သူများနှင့် အလှူရှင်များကိုလည်း အမျှပေးဝေ ချင်ပါသည် ထပ်တူထပ်မျှ ရကြပါစေ ။
အမျှ … အမျှ … အမျှ …
မန္တလေးဂေဇက်ပထမဆုံးအလှူအတွက် ကောက်ခံရရှိသော အလှူငွေနှင့် လှူဒါန်းသူများ စာရင်း
| အမှတ်စဉ် | နေ့စွဲ | အလှူရှင်နာမည် | အလှူငွေ (ကျပ်) |
| 1 | 7-Jan-12 | Novy | 20,000 |
| 2 | 7-Jan-12 | စုံစုံ | 10,000 |
| 3 | 7-Jan-12 | အာဂ+နွယ်ပင် | 15,000 |
| 4 | 7-Jan-12 | မမ | 10,000 |
| 5 | 7-Jan-12 | ဆူး | 10,000 |
| 6 | 7-Jan-12 | FR | 30,000 |
| 7 | 7-Jan-12 | ဦးဦးပါလေရာ | 15,000 |
| 8 | 7-Jan-12 | htet way | 10,000 |
| 9 | 7-Jan-12 | fatty | 10,000 |
| 10 | 7-Jan-12 | ပဒုံမ္မာ | 10,000 |
| 11 | 7-Jan-12 | nozomi | 10,000 |
| 12 | 7-Jan-12 | M-လုလင် | 10,000 |
| 13 | 7-Jan-12 | AKKO & Etone | 30,000 |
| 14 | 9-Jan-12 | မျိုးဟန်ထွန်း | 10,000 |
| 15 | 9-Jan-12 | ဒေါ်အိအိရှိန် | 30,000 |
| 16 | 9-Jan-12 | small cat | 50,000 |
| 17 | 11-Jan-12 | fatty cat | 10,000 |
| 18 | 11-Jan-12 | ရောင်ခြည်ခ | 20,000 |
| 19 | 11-Jan-12 | water-melon | 10,000 |
| 20 | 11-Jan-12 | ရွှေမင်းသား | 20,000 |
| 21 | 12-Jan-12 | ဦးစိုးတင့် | 30,000 |
| 22 | 15-Jan-12 | TTNU & ကိုဆန်နီ | 50,000 |
| 23 | 15-Jan-12 | Pooh | 20,000 |
| 24 | 15-Jan-12 | who who | 10,000 |
| 25 | 15-Jan-12 | အန်ကယ်ကြီး | 5,000 |
| 26 | 15-Jan-12 | ကိုပေါက် | 10,000 |
| 27 | 15-Jan-12 | ကိုပေ+မဒမ်ပေ | 30,000 |
| 28 | 15-Jan-12 | ကိုစိန်သော့ | 10,000 |
| 29 | 15-Jan-12 | ရွှေတိုက်စိုး | 30,000 |
| 30 | 15-Jan-12 | rose | 10,000 |
| 31 | 15-Jan-12 | thurazaw | 3,000 |
| 32 | 16-Jan-12 | Xman | 10,000 |
| 33 | 20-Jan-12 | ကိုအောင်နိုင်+မချယ်ရီ | 30,000 |
| 34 | 22-Jan-12 | Taw Twin Pyaw | 50,000 |
| 35 | 26-Jan-12 | အမည်မဖော်လိုသူ မန်ဘာ | 30,000 |
| 36 | 27-Jan-12 | ရွာစားကျော် | 5,000 |
| 37 | 1-Feb-12 | Shwe Ei | 10,000 |
| 38 | 2-Feb-12 | ko aung | 100,000 |
| 39 | 2-Feb-12 | Big Cat | 30,000 |
| 40 | 2-Feb-12 | Oo Oo | 10,000 |
| 41 | 2-Feb-12 | ba gyi | 10,000 |
| 42 | 3-Feb-12 | Ko Myo (DOHA) | 20,000 |
| 43 | 3-Feb-12 | ကိုကျော်မွန်ခန့် | 15,000 |
| 44 | 4-Feb-12 | အမတ်မင်း | 20,000 |
| 45 | 4-Feb-12 | The Nu Aye (TNA) | 50,000 |
| 46 | 7-Feb-12 | Black Chaw | 10,000 |
| 47 | 9-Feb-12 | Wei Wei | 10,000 |
| 48 | 11-Feb-12 | ကိုစည်သူထွန်း(အင်္ဂလန်) | 100,000 |
| 49 | 11-Feb-12 | ရွှေဘိုသား | 10,000 |
| 50 | 11-Feb-12 | Wan Wan | 5,000 |
| 51 | 11-Feb-12 | မိုးကြိုးသွား | 15,000 |
| 52 | 11-Feb-12 | တညင်သား | 30,000 |
| 53 | 11-Feb-12 | အမည်မဖော်လိုသူ | 70,000 |
| 54 | 11-Feb-12 | Hui Chu (USA) | 100,000 |
| 55 | 12-Feb-12 | King | 10,000 |
| 56 | 12-Feb-12 | Ju Ju Ma | 20,000 |
| 57 | 12-Feb-12 | Pan Pan | 5,000 |
| 58 | 12-Feb-12 | Yin Nyein Nway | 2,000 |
| 59 | 12-Feb-12 | Ei Ei Moe | 15,000 |
| 60 | 12-Feb-12 | Uncle Lay | 30,000 |
| 61 | 12-Feb-12 | Chartoolan | 10,000 |
| TTL | 1,380,000 |

photo : M- Lulin (ရွှေတိုက်စိုးရဲ့ ဟန်းမိတ်လက်ရာ အလှူငွေကဒ်ပြားလေးပါ ... အလှူရှင်တွေက သွားလှူမယ့်မနက်ထိ ၀ိုင်းထည့်နေသေးတာကြောင့် ... ကားပေါ်ရောက်လို့ စာရင်းပေါင်းပြီးမှ ကမန်ကတန်း စာလုံးကပ်ရတဲ့ ... လက်ဖြစ်အမှတ်တရလေးပါ )
(ဗျို့သဂျီး … အရင်ကဆို .. insert လုပ်ထားတဲ့ ဓါတ်ပုံကိုထောက်လိုက်တာနဲ့ …. ဘေးထောင့်ကနေ လိုတဲ့ဆိုဒ်ဆွဲချုံ့လို့ ရတယ် .. အခု မရတော့ဘူး ….
)
Related posts:




မအိတုံရေ အဲလိုအလှူငွေပေးအပ်စဉ်မှာ သူရဇော်တစ်ယောက် အပေါက်ဝမှာ ငုတ်တုတ်လေးရှိနေပါကြောင်း………… အော ဒါနဲ့ အမှတ်တရ ရေးထားတဲ့ စာလေးတွေ Scan ဖတ်ပြီး တင်သင့်သည်ဟု ထင်မိပါကြောင်း
Was this answer helpful?
LikeDislikeအဲဒါကြောင့်ပြောတာ ပန်းရောင်ဝမ်းဆက်လေးဝတ်ခဲ့ပါဆိုတာ… ၀တ်မလာတော့ ဘယ်သူမှမသိတာပေါ့..
Was this answer helpful?
LikeDislikeအဟီး .. ကျွန်မတို့လည်း ပန်းရောင်ဝမ်းဆက်ဝတ်လာမယ့် ကိုကာလသားကြီးကို စောင့်ပါသေးတယ် … ။ ပန်းရောင်နဲ့တူတာ မတွေ့လို့ … မခေါ်မိလိုက်ခြင်းပါ … ။
ကိုသူရဇော်ရေ မရို့စ်ရောက်နေတော့ … အတူတူရှိနေမယ် မှတ်တာ …… ။ နောက်ကျလို့ အပေါက်ဝက မပြန်သွားပဲ အားလုံးကို လာတွေ့တာ ကျေးဇူးတင်ပါတယ် ။
Was this answer helpful?
LikeDislikeနောက်ကျလဲ အပေါက်ဝကလှည့်မပြန်ပဲ အပေါက်ဝက ညီလေးကို မေးပြီးမှ အမြန်ဆုံးနည်းနှင့် ပြေးဝင်လာခဲ့ရပါသည်……… မှီရုံလေးပဲနော့်……….. တစ်ခုကျန်နေသေးတယ်ဗျ မှောင်ပြီး ချောတဲ့ဦလေးကြီးလေ (13)ကြိမ်မြောက် လေ ဟဲ
ဦးဘလက်ကြီးပေါ့နော် အအေးများလဲ ချိုမြပါတယ်………… ကျေးဇူးများလဲ တင်ရှိပါတယ်၊ ဂေဇက်သူ/သား အားလုံး ကို ပန်းရောင် ၀မ်းဆက် မ၀တ်ပဲလာခဲ့မိသည့်အတွက် အထူးတလည် တောင်းပန်ပါကြောင်း……. ဆန်သေးပါနှင့်တူသည့် (ကိုဖက်ကပ်လေသံအတုခိုးလိုက်သည်) အစ်မကြီး မအိတုံကို ကျေးဇူးတင်ချိပါကြောင်း……………..
Was this answer helpful?
LikeDislikeသာဓု…သာဓု…သာဓု…
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါဗျာ
တူသောအကျိုး အားလုံးရကြပါစေ
( ဒါ့ထက် စကားအတင်းစပ်ရရင်
)
အမည် မဖော်လိုသူဆိုတာ သူကြီးလား ? usa က လှူတဲ့ တစ်ယောက်က သူကြီးလား?
အဲဒါမှ မဟုတ်ရင် နောင်ဘ၀ ရေစက်ဆုံကြမှာ စိုးလို့ သူကြီး မပါတာလား
Was this answer helpful?
LikeDislikeသာဓု … သာဓု … သာဓု
………………………………………….
အန်းးးးးးး (ကလေးများ အလိုမကျ၍ အော်ဟစ်ခြင်းအနေဖြင့်ဖတ်ပေးပါရန်)
တားတားက နောက်ဆုံးနေချင်လို့ နောက်ဆုံးမှ နောက်ဆုံးတာကို နောက်ဆုံးမဖြစ်တော့ဘူးးးးးး အဟင့် .. ဗျဲ ..
…………………………………………
နောက်တစ်ခါ အတူတကွသွားကြတဲ့ပွဲများရှိရင် လိုက်ချင်မိပါရဲ့
ခင်မင်စွာဖြင့်
ပုလင်းမထောင်တဲ့ မင်းကောင် …
Was this answer helpful?
LikeDislikeကိုနိုဇိုမီရေ …
USA က အလှူရှင်ဆိုတာက စာဖတ်သူပါတဲ့ …. အလှူမမှီမှာ စိုးလို့ … ညဘက်ကြီးဖုန်းဆက်ပြီး urgent ငွေလွှဲကာ အလှူမပါလိုက်ရမှာ စိုးလို့ .. အကြိမ်ကြိမ်ဖုန်းဆက်မေးရှာတဲ့ သူပါ ။ သဒ္ဓါတရားထက်သန်မှုကိုတော့ လေးစားမိပါတယ် ။ အိုဗာစီး ဖုန်းခချည်းပဲ အတော်ကုန်သွားမယ်ထင်တယ် … ဒီကြားထဲ ဖုန်းလိုင်းက ကြားတစ်ချက်မကြာတစ်ချက်နဲ့ … ကြာသင့်ချိန်ထက် ပိုမိုကြာသွားတယ် … ။ အားတောင် နာမိပါတယ် ။
မောင်ကင်းရေ … ။
ချိန်းထားတဲ့နေရာက နေပူနေပါလျှက် မတွေ့မှာ စိုးလို့ .. နေပူထဲကနေ တစ်ယောက်တည်း ထီးထီးကြီးလာစောင့်နေတဲ့ပုံလေး မျက်လုံးထဲက မထွက်သေးဘူး … ။ တကူးတကရောက်လာပြီး … အချိန်မှီလေး ပါဝင် လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ် … ။
နောက်ဆုံးမှာ နေချင်လည်း ပြောရော့ပေါ့ …. အစ်မကလက်ခံရရှိတဲ့ အစဉ်အတိုင်း ရေးလိုက်မိလို့ပါ … ။
Was this answer helpful?
LikeDislikeကိုဖက်ကက်စကားငှားပြောရရင်မောင်ကင်းကိုလဲ စိတ်ကူးနဲ့ လက်တွေ့…တက်တက်စင်အောင် လွဲပါသည်… ဟီဟိ
Was this answer helpful?
LikeDislikeစိတ်ကူးက ဘယ်လိုပုံလေးပါလိမ့် သိချင်မိပါရဲ့
ကျွန်တော်လည်း စိတ်ကူးထဲမှာ ရွာသူ/သားတွေကို မြင်ကြည့်ထားတယ်
ခက်တာက မှန်းကြည့်လို့မရတဲ့ ရွာသားလားရွာသူလားမသိတဲ့ ၂ ယောက်တော့ရှိတယ်
အဲဒါက ဘကြီးပုနဲ့ ဖြိုးလေ …
ရွာသူတွေက မိန်းကလေးတွေနဲ့တူပြီး ရွာသားတွေက ယောင်္ကျားတွေနဲ့တူမယ်လို့ စိတ်ကူးထဲမှာမှန်းထားတာ …
Was this answer helpful?
LikeDislikeမောင်ကင်းဆိုတော့ ခန့်ခန့်ကြီးကြီးမှတ်ပါ၏။
ကင်းကောင်လား( လူရွှင်တော်မဟုတ်ပါ ) ဂေါ်ဇီလာ လားပေါ့လေ။
Was this answer helpful?
LikeDislikeနောက်ထပ်နောက်ထပ်လည်း ယခုကဲ့သို့ လှူနိုင်ရပါစေသားး
ကိုနက်ရှင်ကြီးကကောင်းပေသောကြောင့် တစ်ပုံသာလျှင်မြင်တွေ့ရပါကြောင်းး
အအေး ဒါနပြုပါသော ကိုဘလက်ချော ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းး
Was this answer helpful?
LikeDislikeဟုတ်ပဗျာ ကိုဘလက်ကြီး ဒါနပြုတဲ့ အအေးသောက်လိုက်ရတော့ ရင်ထဲမှာ ပီတိတွေဝေပြီး အေးချမ်းသွားတာပါပဲ
ကိုဘလက်ကြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ. ပျော်ပျော်ရွှင်ရွှင် အပူအပင်ကင်းဝေးပြီး ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ပါစေလို. ဆုတောင်းလိုက်ပါရစေဗျားးးးးးး
Was this answer helpful?
LikeDislikeဦးဘလက်ချောကြီးရဲ့ မင်္ဂလာနှစ်ပတ်လည်မှန်း မသိလို့ … အမှတ်တရ စာကြောင်းလေးတွေတောင် ချမရေးဖြစ်လိုက်ရဘူး … ။
ဦးဘလက်ကြီးတိုက်တဲ့ အအေးသောက်ပြီး …. ပူလွန်းတဲ့ နေရောက်အောက် အေးချမ်းသွားပါတယ် … ။
နောင်နှစ်ပေါင်းများစွာတိုင်အောင် မဒမ်ဘလက်နဲ့အတူ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဘ၀နေ့ရက်များစွာကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ပါစေလို့ … ဆုတောင်းပေးပါတယ်နော် …
Was this answer helpful?
LikeDislikeသာဓု … သာဓု … သာဓု ပါ
နောက်ထပ် နောက်ထပ်လည်း အခုလို လှူခွင့်ရချင်ပါသေးတယ် …
Was this answer helpful?
LikeDislikeနေဇမ်းဘာအုံး…စတင်ဆော်ဩသူက ဒေါက်တာအောင်ကျော်ကျော်ဦး..ကျေးဇူးတင်ကြေးဆို သူကတင်ရမှာ…..ညည်းနဲ့သူနဲ့ ဘာဆိုင်လို့ဒုံး…။ ငါ့ဥကိုလာမလုနဲ့နော်..တရွာလုံးကို ဆပ်ဆမိုင်နာအလံ ထူပစ်လိုက်မယ်..။
Was this answer helpful?
LikeDislikeသများ ပုံလဲ မပါဘူး …. သများ ၀မ်းနည်းတယ် ဒါဗြဲ ..
မျက်နှာ တွေနဲနဲ ကွယ်နေတယ်။:oops: သည်ညည်း ခံပေးကြပါလို့
နောက် group ပုံ လေးတွေ ကျန်ပါသေးတယ်။ email လေးတွေ ပို့ပေးကြပါလို့။
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeM လုလင် email ပို့လိုက်မယ်။ ဒါ့ပုံပို့ပေးပါအုံး။
Was this answer helpful?
LikeDislikeetone ရေ..မှတ်တမ်းလွှာလေးဘဲ ကူးထားလိုက်တော့မယ်..
နောက်အလှူမှလိုက်တော့မယ်နော်..etone က
ဓါတ်ပုံထဲက ဘယ်သူလဲ…သိချင်သား….
Was this answer helpful?
LikeDislikeအိတုံ ဆိုတာ Group ပုံတွေထဲက အချောဆုံးတစ်ယောက်ပေါ့
Was this answer helpful?
LikeDislikeအဟီး .. အစ်မနိုဗွီ ပြောတာ ဟုတ်ဧ။် .. မှန်ဧ။် …
ချောလွန်းလို့ ..သံဘရတ်ရှ်နဲ့ … တိုက်ချင်တယ်လို့ … ခဏခဏ ပြောခံရပါကြောင်း … ။
အန်တီအိရေ … ကိုယ့်ချင်းကိုယ့်ချင်းတွေ … အဲ့လိုနောက်ရဘူးလေ … ။ သိချင်လျှင် နှစ်ယောက်တည်း တွေ့တဲ့အခါပြောပြမယ် .. ဆိုက်ထဲမှာတော့ မဖော်ရဘူးနော် .. ဟဲဟဲ ….
Was this answer helpful?
LikeDislikeဟိုဗျာ….အီးဒုံး ဆိုတာ ဟို အသားမည်းမည်း ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ 
အညာသူမကို ပြောတာ……..
ခဲ မမှန်ခင် ဒိုးပြီ………ဗရစ်ဗရစ်ဗရစ်……..
Was this answer helpful?
LikeDislikeပုံနားလေးကိုကပ်ရှုကြည့်လိုက် အနံ့ထွက်နေရင် etone ပဲ…….
သူကတန်ဖိုးကြည့်ရေမွှေးတွေသုံးတယ်လို့ပြောဒါဘာ
Was this answer helpful?
LikeDislikeအော်ကြောင်ကြီးရယ်….
ခက်ပါပေ့….
သူတို့က မြေပဲစေ့လို နှစ်ခြမ်းပေါင်းမှ တစ်စေ့ဖြစ်တာ…
Was this answer helpful?
LikeDislikeအံမယ် … ဟိုလူဂျီး ..သူများကိုပြောမနေနဲ့ … ။
ခိုင်းထားတဲ့အိမ်အလုပ်တွေ မပြီးလို့ မိန်းမလစ်တုန်း … အမြန်ထွက်လာတဲ့အကြောင်း ၊ဇောချွေးများပင် ဘူးသီးလုံးလောက်ကျနေတဲ့အကြောင်း … ဖွလိုက်ရလျှင်တော့ … ဟဲဟဲ …
Was this answer helpful?
LikeDislike(ဓါတ်ပုံထဲက ဘယ်သူလဲ…သိချင်သား….)
အဲဒါတော့သိလို့ရမယ်မထင်ဘူး။
ကျနော်လာတုံးက(7-1-2012)နေ့က အဖွဲ့တွေဓါတ်ပုံတွေရိုက်ထားတာတောင် မတင်ပါနဲ့လို့
ပြောထားလို့ မတင်ဘူးဗျ။
တွေ့ဆုံပွဲအကြောင်းတောင် ပိုစ်တစ်ခုအနေနဲ့မေရးဘဲထားလိုက်တာလေ။
ဒီတစ်ခေါက်အလှူလုပ်တဲ့ပုံမှသာ ဓါတ်ပုံတွေကို အတင်ခံတာလေ။.
အဲတော့ ဘယ်သူ ပုံက ဘယ်သူလဲဆိုတာကို သိချင်ရင် တိုးတိုးတိတ်တိတ်မေးရင်တော့ သိရလိမ့်မယ်နော်။
Was this answer helpful?
LikeDislikeကိုပေါက်ရေ ..etone ကဘယ်တစ်ယောက်လဲဟင်..
(တိုးတိုးလေး မေးထားသည်)။
Was this answer helpful?
LikeDislikeမနိုရေ…ရွာသူ/ရွာသား တွေအားလုံး စိတ်ထားလှလို့
လူတွေအားလုံး..အလှကိုယ်စီနဲ့ပါကွယ်..etone ကိုတော့
အလှူအတွက်..phone ပြောဘူးလို့ မေးမိတာပါ..
စာဖတ်ရင်း/ဓါတ်ပုံတွေကြည့်ရင်း..အားလုံးကိုခင်မိလို့
ရွာသူ..ဖြစ်လာတာပါ…
Was this answer helpful?
LikeDislikeနောက်ထပ်ပုံတွေရှိရင်တင်ပေးပါဦး။ ကြည့်ရတာအားမရဘူး။
Was this answer helpful?
LikeDislikeဒေါ်အိတုန်ရေ..ပြောစရာ ဘာမှမရှိအောင်ပြည့်စုံလွန်းလို့ လက်ကလေးတချောင်းပဲ အသာမြှောက်ခဲ့ကြောင်းနှင့်……
ဒါနဲ့ ဆရာ AKKO ကို နာမည်ကြီးတပ်ပေးထားပါလား..
Was this answer helpful?
LikeDislikeအိတုန်ရေဓါတ်ပုံတွေကိုအမဆီလဲပို့ပေးပါအုံး။
Was this answer helpful?
LikeDislike-ကိုဘလက် လဲ မဒမ်ဘလက်နဲ့ မင်္ဂလာသက်တမ်း13 နှစ်မှသည် သားသမီးမြေးဖြစ်များနှင့်အတူ နှစ်တရာတိုင်ပါစေကြောင်း။ အအေးတိုက်သလို ဘ၀မှာစမ်းရေ အလားအေးချမ်းပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ်။
-လောလော နဲ့ပြန်သွားတာ မနိုရဲ့ ကင်ချီတောင်မမွှေးရ ၊မကြည့် လိုက်ရဘူး။ စားဖို့နေနေသာသာနော်……….။
Was this answer helpful?
LikeDislikeအဲဒီဓါတ်ပုံလေးကို… Original resolution နဲ့ပို့ပေးကြပါနော..။
ဒီလပါသွားစေချင်လို့ပါ..။ အခုသတင်းစာ.. အပြီးသတ်နေပါတယ်..။
အဟမ်း..
ဒီလ သတင်းစာတော့.. အားလုံးစောင့်ဖတ်ကြစေလိုပါတယ်..
.. တော်တော်ခရီးသွားမဲ့.. “ခရီးဆန့်သတင်းစာ”ဖြစ်မှာပါ…။
အင်တာဗျူးနဲ့..ဆောင်းပါးတွေလည်း.. ကောင်းတယ်လေ..။
Was this answer helpful?
LikeDislikeဆရာခိုင် သတင်းစာကို ဘယ်လို ဖတ်ရမလဲ
တစ်စောင်ကတော့ မေးထဲကို ပို့ပေးလို့ ဖတ်ဖူးတယ် ၊ နောက်ပိုင်း မရတော့ဘူး
ရှာဖတ်လို့ ရမဲ့ နည်းလေး ပြောပြပါဦး
( ကြုံတုန်းလေး တစ်ခါတည်း ပြောလိုက်ပါဦးမယ် ၊သူကြီး ပို့ပေးတဲ့ အကျီ ရပါတယ် အရောင်လဲလှတယ် ဆိုဒ်လဲ တော်ပါတယ် ၊ နောက်နှစ်တွေကျလဲ မှန်မှန်ပို့ပေးပါဦး နော..)
Was this answer helpful?
LikeDislikeဗျို့သဂျီးရေ…
ကိုအမ်လုလင်ဆီ ဖုန်းဆက် အကြောင်းကြားပေးထားပါတယ် … ။ အခု ကိုးနက်ရှင် ဒုက္ခပေးနေလို့ … ဒီနေ့ ညကျမှ .. ပို့ပေးလိုက်ပါမယ်တဲ့ … ဒါ့ပြင် တခြားပုံတွေပါပို့ပေးပါမယ်တဲ့ သဂျီး စိတ်ကြိုက်ရွေးလို့ ရအောင်ပါတဲ့လေ …. ။
Was this answer helpful?
LikeDislike@nozomi
သတင်းစာပီဒီအက်ဖ်တင်တဲ့..ဆာဗာက.. ပြီးခဲ့တဲ့..တပါတ်ကတင်.. လက်စွမ်းပြပြီး ကိုယ်ဖာကိုယ်အပ်ဒိတ်လုပ်လိုက်တာ.. ကြွသွားလေရဲ့…။
ဘယ်လိုလုပ်ရမလည်း ..တွေးနေ..စဉ်းစားနေတုံး..။
@etone
ကျေးဇူး…
-
ဒီသတင်းစာကို.. ရန်ကုန်က.. အမေရိကန်စင်တာကို… ပို့မယ်လို့.. စိတ်ကူးထားတယ်..။
အဲဒါ.. အဆက်အသွယ်ရှိသူများရှိကြသလားသိချင်ပါတယ်…။
အဲဒီ.. လိပ်စာလေးပေးလည်း ဖြစ်မယ်ထင်တာပါပဲ…။
ဒီကနေ.. စာတိုက်က.. တန်းပို့လိုက်ရင်ဖြစ်မလားတော့မသိ…။
နောင်နှစ်လက်ဆောင်ကို.. ဒီနှစ်..အခုလှူထားသူတွေစာရင်းထဲက ..မဲဖေါက်မလားလို့…။
ကျုပ်က.. လှူတဲ့သူတွေကို..ပြန်လှု..အဲ..အဲ.. လက်ဆောင်ပေးပြီး.. သူတို့ရထားတဲ့…. ကုသိုလ်ကို..ခေါင်းပုံဖြတ်ချင်တာ…
အာဟိ..။
Was this answer helpful?
LikeDislikeသူကြီးတကယ်ကို မသိတာလား????????????
American Center
ှု(Information Resource Center)
14,Taw Win Street
Dagon Township
Yangon,Myanmar
Ph: 95-1-223106,223140
ဖုန်းနံပါတ်တော့ မပြောင်းလောက်သေးဘူးထင်တာပဲ။
Was this answer helpful?
LikeDislikeသူကြီးရေ . Original resolution နဲ့ ပို့ပေးချင်သော်ညား လဲ . တစ်ပုံကို 7 MB နဲ့ 8 MB နား ရှိသောကြောင့် .. Edit ပြီးသား ပဲ ယူပါနော့ ..
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeတ၀က်လောက်.. CMYK ပြောင်းပြီး ပို့ပေးပါလား…။
ပုံနှိပ်ရင်.. CMYK မှရတာ…
=
အဲ..
ပုံတွေရပါပြီ..။ ကျေးကျေး..။ ရေးပြီးတော့မှ အီးမေးလ်စစ်တော့တွေ့တာ…။
Was this answer helpful?
LikeDislikeလက်ဆောင် တဲ့
လောင်ဆက် တာပေါ့နော်
ကြားခဲ့တာကတော့
လက်ဆောင် ဆိုပြီး သွားလောင်တဲ့ လူ လဲ ကျွမ်းခဲ့ဖူးသတဲ့
လောင်ဆက် လက်ဆောင်
Was this answer helpful?
LikeDislikeဒေါ်ချောက နောက်တစ်ခေါက်မှ ပေါင်းစား..အဲလေ.ပေါင်းလှူဆိုလို့ 
နောက်တစ်ခေါက်မှ ပေါင်းလှူတော့မယ်နော့်..
စီစဉ်ကူညီသူအားလုံးကျေးကျေးပါ
Was this answer helpful?
LikeDislikeအခု မှ စဉ်းစားမိလို့ပါ
ရွာသားတွေ စုပေါင်း အလှူမှာ စိတ်တူ ကိုယ်တူ တက်တက်ကြွကြွနဲ့ ဒီလောက် စည်ကားပြီး ပျော်ဘို့ ကောင်းနေရင်
ရွာသူားတွေ ၀ိုင်းချစ်ကြတဲ့
ရွာ့အသည်းကျော် နှစ်ဦး မင်္ဂလာဆောင်ကြရင်?
မြန်မြန်ဆောင်ပါတော့ ဗျို့
(ငယ်စဉ် ရုပ်ရှင်မပြသေးခင် ကလေးတွေ ပြပါတော့ ဗျို့ လို့ ၀ိုင်းအော်သော အသံနှင့် ဖတ်ရန်)
Was this answer helpful?
LikeDislikegood
Was this answer helpful?
LikeDislikeအဟီး .. ဟုတ်ပါရဲ့ … ၀ါကျွတ်အမှီ မြန်မြန်လုပ်ပါဗျို့ …. ။ (မီးပျက်ရာမှ မီးလာတဲ့အခါ ဝေးး ဟုအော်သံအတိုင်း ဖတ်ရန် )
ရောသာ အော်လိုက်ရတယ် …. ဘယ်သူတွေကိုပြောတာပါလိမ့် …
မင်္ဂလာသတင်းလေး .. ပေးရဦးမယ် …. ဒီနှစ်ထဲ ရွာထဲကတစ်ယောက် မင်္ဂလာဆောင်ပါလိမ့်မယ် … ရဟန်းခံပြီးလျှင် မိန်းမယူလို့ ရပြီမို့ … သင်္ကြန်အထိ မစောင့်နိုင်ပဲ .. ရဟန်းခံမယ်ချည်း တကဲကဲ လုပ်နေတဲ့ ကောင်လေးတစ်ယောက်ပါ … ဘယ်သူများပါလိမ့် …
Was this answer helpful?
LikeDislikeမအိတုံ ပင်ပန်းရကျိုးလေးနပ်သွားတာပေါ့ အားလုံးကိုလေးစားချီးကျုး မိပါတယ်..ကုသိုလ်လည်းရ ၀မ်းလည်းဝတာပေါ့.. ကိုဘလက်ချောလှူတဲ့အအေးလေးသုံးဆောင်ပြီးတော့…မလှူလိုက်ရလို့ စိတ်မကောင်းဘူး…မမအုံကိုအဲနေ့ဖုန်းဆက်လိုက်တယ် လှူပေးပါလို့ နောက်ကျသွားတယ်
Was this answer helpful?
LikeDislikeအော် ဒီလူကြီး ခုတလော စိတ်ရိုင်းတွေ ၀င်နေတယ် မှတ်တယ်။
ခင်ဗျာလေးတွေ ကုသိုလ်ရေးလုပ်နေကြရှာတာကို။
အေးဆေးအေးဆေး။
Was this answer helpful?
LikeDislikeမမအိတုန်နဲ့ အလှူမှာငွေအား လူအားပါဝင်ကြတဲ့သူအားလုံးကို လေးစားဂုဏ်ယူပါကြောင်း
အလှူအတွက်လည်း သာဓုသုံးကြိမ်ခေါ်ပါတယ်နော်
ပုံတွေတော့မအားသေးလို့ နောက်နေ့မှကြည့်တော့မယ်။
Was this answer helpful?
LikeDislikeမိုးဇက်ရေ .. ဟက်ပီး ဘတ်ဒေးပါ … အောင်မြင်တဲ့နေ့ရက်များဆီ မြန်မြန်လျှောက်လှမ်းနိုင်ပါစေနော် … ။
Was this answer helpful?
LikeDislikehttp://www.facebook.com/media/set/?set=a.10150594460776698.400025.174427511697&type=3 မှာ နာရေးကူညီမှုအသင်းကလည်း ကျေးဇူးတင်လွှာရေးပေးထားပါတယ် … ။
Was this answer helpful?
LikeDislikeရွာသူရွာသားတွေ စည်းလုံးကြောင်းအလှူတန်းကို အသိတစ်ယောက်မှမပါပဲ အွန်လိုင်းမှသိ အွန်လိုင်းမှခင်ကာ စိတ်တူကိုယ်တူပြုလုပ်ကြကြောင်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဒီနေ့ပဲ အလုပ်ကလူတွေကို ကြွားနေတာ အရမ်းပဲ ပျော်ပါတယ်ဗျာ အောင်အောင်မြင်မြင်ဖြစ်မြောက်သွားလို့ ဦးစီးဦးဆောင်ပြုလုပ်ကြတဲ့ ရွာသူရွာသားများနှင့် အလှူရှင်အပေါင်းကိုရော အကြောင်းကြောင့် ကြောင်းမလာနိုင်ကြတဲ့ရွာသားများ စေတနာရှင်များကိုပါ အထူးပဲ ဂုဏ်ပြု သာဓုခေါ်ပါတယ်ဗျာ။
Was this answer helpful?
LikeDislikeကျနော်ရွှေဘိုသား များများလှူချင်ပါတယ် သူကြီး အခုစာရင်းအတိုင်းဆို ပြည်ပအလှူရှင်တွေ ပိုလှူနိုင်တယ် သေချာတာတော့ မြန်မာနိုင်ငံတွင်းကအလှူရှင်တွေလည်း စေတနာတော့အများကြီးရှိတယ် အများကြီးပိုလှူချင်တယ်မှာသေချာတယ် ပြည်တွင်းမှာက သိတဲ့အတိုင်းဆိုတော့ ကျနော့်ကိုလည်း ပြည်ပလာလို့ရအောင် ဗီဇာလုပ်ဖို့ပိုက်ဆံလေးနဲ့ လေးယာဉ်လက်မှတ်ကလေးရယ် အလုပ်အကိုင်ကလေးရယ် ကူညီပါဗျာ ဟဲဟဲ
Was this answer helpful?
LikeDislikeတုံကလေးရေ
မန်းလေးက ရွာသူတစ်ယောက်က လှူမယ်လို့ ဒိနေ့ နေ့လည်လှမ်းဖုန်းဆက်ထားပါတယ်။
နောက်တစ်ခေါက်အတွက်အစီအစဉ် စမယ်ဆိုရင် လက်ခံပြီး ဘယ်ပို့ပေးရမယ်ဆိုတာပြောပါ။
ဒါမှမဟုတ် မန်းလေးဘဏ်ကနေအကောင့်ထဲကို လှမ်းထည့်ရင်အဆင်ပြေမလား ။
နောက်တစ်ခေါက်အတွက် ရှိရင် ရှိသလို လှူထားချင်တဲ့သူတွေရှိလာပါပြီ။
ဘယ်လိုပုံစံနဲ့ဆက်လုပ်ကြမယ်ဆိုတာ တိုင်ပင်ထားကြရအောင်ပါ။
Was this answer helpful?
LikeDislikeလေးပေါက်ကြီးရေ …. ဟိုးတနေ့က အစ်မ မန္တလာသူ ဖုန်းဆက်ပါတယ် …ငွေကြိုထည့်ထားလို့ရအောင် ဘယ်လို အစီစဉ်ရှိသလဲပေါ့ …. ။ သူများငွေတွေကို လက်ထဲမှာ ကြာကြာကြီး သိမ်းမထားချင်တာကြောင့် … အနားနီးမှ ကောက်ပါမယ်လို့ပဲ ပြောလိုက်ပါတယ် … ။
အခုလိုမျိုး တစ်လခွဲလောက် အချိန် ယူပြီး … လက်လှမ်း မှီသလောက် ကောက်တာမျိုးပဲ လုပ်မယ် စိတ်ကူးထားတယ် … ဒုတိယ တစ်ကြိမ်ကို လနည်းနည်း ခြားပြီး … အချိန်ကွာဟပြီးမှ လုပ်မယ် စိတ်ကူးတယ် …. ။ အလုပ်က တိုင်ပတ်နေတဲ့ အချိန်၊ ခေါင်းနောက်နေတဲ့ အချိန်တွေဆို … ငွေဝင်လာတဲ့ စာရင်း တိတိကျကျ မလုပ်နိုင်၊ မထုတ်ပြနိုင် မှာ စိုးလို့ လေ ။
လေးပေါက်ရေ .. ဒီတစ်ခါအလှူကိုတော့ … ရန်ကုန်မြို့မှ မဟုတ်ပါဘူး .. ဘယ်မြို့ ..ဘယ်ပြည်နယ်မှာမဆို … အရမ်းဆင်းရဲ ၊ စုတ်ပြတ်သတ်နေတဲ့ နေရာမျိုး၊ တကယ်လိုအပ်နေတဲ့ နေရာမျိုးကို လေ့လာပြီး လှူဒါန်းကြမယ် စိတ်ကူးတယ် … ။ သမီးတို့ အဖွဲ့တွေက တခြားဆိုက်တွေလို .. ခရီးစရိတ်ဆိုတာမျိုး အလှူငွေထဲက ထုတ်မသုံးတာကြောင့် …. ကိုယ်တိုင် လိုက်လံလှူဒါန်းချင်သူတွေ …. ကားခ ကိုယ့်စရိတ်ကိုယ်ရှင်းစနစ်သုံးမယ် စိတ်ကူးထားတယ် … ။ ပြောမယ့်သာပြောတာ လေးဖက်ရေ…. အားလုံးက ရုံးချိန်ပြည့် အလုပ်လုပ်ကြရတော့ … အလှူရှင်ရော ၊ ကောက်ခံသူတွေပါ .. ပိတ်ရက်လေးတွေမှာ လှူပ်ရှားကြရတာ … ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး ဟိုချိန်းဒီချိန်းလုပ်ကြတာ … အခက်ခဲလေးတွေလည်း ရှိပါတယ် … ။. ဒါပေမယ့် … ၀ိုင်းပြီး တတ်နိုင်တဲ့ ဘက်က လုပ်ပေးကြတော့ …. နောက်ဆုံး အဆင်ပြေပြေဖြစ်သွားခဲ့တယ်လေ … ။
Was this answer helpful?
LikeDislikeအခုလိုတင်ပြပေးလို.့ကျေးကျေးပါ။
Was this answer helpful?
LikeDislikeအမ်း ကျွန်တော်မလိုက်ရလို့ စိတ်ဆိုးတယ်
နောက်တစ်ခါကျရင် အနောလည်းလိုက်မယ်
စိတ်ကြည်နူးလိုက်တာဗျာ
နောက်ထပ်လဲလှူချင်ပြီ။
မန်းလေးလာလှူပါလားဟင်
လေးပေါက်က ဆီဒိုနားမှာ အခန်းငှားပေးမယ်တဲ့။
ကိုပေက ရေကြက်မှာ ထမင်းကျွေးမှာတဲ့
ကျွန်တော်ကတော့ ဖရဲသီးကျွေးမယ်။
Was this answer helpful?
LikeDislikeထင်တာ ရွှီးရရင်
- အညိုရောင် မြန်မာ ဝတ်စုံလေးနဲ့က အစ်မပဒုမ္မာ (အစ်မ သာခေါ်ရ ကြည့်ရတာ နုနုလေး – မုသားလုံးဝ မပါ)
- အကျား ဝမ်းဆက် ဆံပင် ဖြန့်ချ ထားတာ တုံတုံ
- ဆံပင် အကောက် ချည်အင်္ကျီ လက်ပြတ် လေးက တစ်ပင်ထဲ နွယ်လေး
- အကျီင်္ အပြာ မျက်မှန် လေးနဲ့ အတော်လေး မျက်နှာ ချို ပုံရတဲ့ နှမငယ် က သဲနု
- မနို က အကျီင်္ အဆင် အပွင့် လေး နဲ့ ထင်ရဲ့။
ကျန်သူ တွေ တော့ မှန်းမ ရ။ လွဲ ရင်လဲ ခွင့်လွှတ် ပါခင်ဗျ။
အားလုံး က စိတ်လဲ လှ၊ လူလဲလှ၊ သဘောကောင်း မနော ကောင်း ပုံလေးတွေ ချည်းဘဲ။
ဒါကြောင့် လဲ ဒီမှာ တူတာစု နေကြတာ ထင်ပါ့။
ပြုသမျှ ဒါန ကို ကိုယ်တိုင် မပါဝင်နိုင် ခဲ့ပေမဲ့ လှိုက်လှဲစွာ သာဓု သာဓု သာဓု အနုမောဓနာ ခေါ်ပါတယ်။
ဒီလူ တွေ နဲ့လဲ အခွင့်ကြုံရင် အပြင်မှာ တကယ်ကြီး တွေ့ချင်ပါတယ်။
Was this answer helpful?
LikeDislikeအရီးလတ်ရေ ကျန်တဲ့သူတွေအားလုံးမှန်ပေမဲ့ ”အကျီင်္ အပြာ မျက်မှန် လေးနဲ့ အတော်လေး မျက်နှာ ချို ပုံရတဲ့ နှမငယ် က သဲနု” ကတော့မှားကြောင်းပါ။ အဲဒါရင်ငြိမ်းရယ်။ သများကတော့ပခုံးလေးပဲပါတယ်။ ဟင့်။ ဦးဖက်ပိုစ့်ထဲမှာတော့သများအပြည့်ပါပါကြောင်း။
စကားအတင်းစပ်။ ဦးဘလက်ပေးထားတဲ့နာမည်ကြိုက်လို့ပြောင်းထားပါကြောင်း။ ကိုနက်ရှင်မကောင်းသေးလို့ကောင်းရင်နာမည်ပြောင်းမုန့်ကျွေးမည်ဖြစ်ပါကြောင်း။
Was this answer helpful?
LikeDislikeဟီးဟီး အရီးလတ်… တချို့ဟာမှန်ပြီး .. တချို့ဟာ မှားနေသေးတယ် ..ဟီးဟီး …
စာတွေရေးရင် ခင်မိခဲ့တဲ့ အရီးလတ်နဲ့လည်း အခွင့်ကြုံရင် ဆုံချင်ပါသေးတယ် … ။
Was this answer helpful?
LikeDislikeGroup Photo များကို သူကြီး ဦးခိုင်၊ ETone နဲ့ ရွှေတိုက်စိုး တို့ စီပို့ပြီးကြောင်း
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeခရီးထွက်နေပြီဖြစ်တဲ့ ကိုသစ်မင်းရဲ့ ကွန်းမန့်လေးပါ etone ရေ။
—————————–
Was this answer helpful?
LikeDislikeခရီးထွက်တာတောင် အီးမေးလ်ကနေ ကော့မန့်လှမ်းရေးပေးတဲ့ကိုသစ်မင်းကိုရော …. ကော့မန့် တင်ပေးတဲ့ ကိုဘလက်ချောကိုပါ … ကျေးဇူးအများကြီးတင်ပါတယ် … ။
ဒီအလှူဖြစ်မြောက်အောင် ဦးဆောင် လှူပ်ရှားသူများထဲမှာ … ကိုပေါက်(မန္တလေး) နှင့် ရွှေတိုက်စိုးတို့လည်း ပါပါသေးတယ် … ။ သဒ္ဓါတရားနဲ့ ယုံကြည်စိတ်ကို အချိုးချပြီး စုပေါင်းအင်အားနဲ့ ၀ိုင်းကူပေးကြတဲ့ စာဖတ်သူ ၊ ရွာသူ ၊ ရွာသားတို့ရဲ့ အားပေးပူးပေါင်းကူညီမှုတွေကြောင့်လည်း …. အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာပါ … ။
Was this answer helpful?
LikeDislikeetone ရေ လူကိုယ်တိုင်မလိုက်နိုင်ခဲ့ပေမယ့်
ဒီလိုပုံလေးတွေပြန်ကြည့်ရတော့လဲ အရမ်းဝမ်းသာမိပါတယ်
ရွာသူားတွေအများကြီးနဲ့ပျော်စရာကြီးဘဲနော်
ဒုတိယအကြိမ်မြောက်လှူဒါန်းမှုမှာလဲ ပါဝင်ချင်ပါသေးတယ်
Was this answer helpful?
LikeDislikeနောက်နှစ်တော့ မန်း်လေးက လူတွေကိုလဲ အရောက်သွားဘို့ စည်းရုံးရအုံးမယ်နော်။
Was this answer helpful?
LikeDislikeဟီး .. ပျော်စရာကြီး .. လာသာလာခဲ့ …. ရုံးကခွင့်တစ်လလောက်ယူပြီး ….. ရန်ကုန်တစ်မြို့လုံးလျှောက်သွားကြမယ် … ။ဟဲဟဲ
လေးပေါက်ရေ … ဒီအလှူ စလုပ်ဖြစ်တာရော ၊ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာတွေရောက … မန္တလေးအပိုင်းဘက်ကို တာဝန်ယူပေးတဲ့ .. လေးပေါက်ကြီးရဲ့ စေတနာတွေကြောင့်လည်း ပါပါတယ် …. ။ ဘယ်နှစ်သိန်းတော့ ရပြီဟေ့ လို့ … အားပေးရင်း မမောနိုင်မပမ်းနိုင် အလှူငွေ လိုက်ကောက်ပေးခဲ့တာပါ … ။
Was this answer helpful?
LikeDislikeရွာသူရွာသားတွေက အားလုံး ကိန်းကြီးခန်းကြီးမရှိပဲ တွေ့လိုက်တာနဲ့ ခင်ခင်မင်မင်ရှိကြလို့လည်း ပျော်ဖို့ကောင်းတာပါ။
စာတွေဖတ်ပြီး ရင်းနှီးနေတော့ မြင်လိုက်တာနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေလိုဖြစ်သွားကြတာပါပဲ။
(မလာလိုက်တဲ့သူတွေ မနာလိုအောင်ရေးပြနေတာ ဟဲဟဲ)
ကိုကျော်သူကတောင် ကျွန်မတို့ တအုံးအုံးနဲ့ ခေါ်ကြပြောကြ ဓာတ်ပုံရိုက်ကြတာကြည့်ပြီး အရင်ကတည်းက သိကြတာလားလို့ ဗျူးနေသေးတယ်။
အရင်က တစ်ခါနှစ်ခါ ဆုံဖူးတဲ့သူတွေလည်းပါ တစ်ခါမှ မမြင်ဖူးတဲ့သူတွေ လည်းပါပါတယ်၊ဒီမှာ လာစောင့်နေကြတဲ့သူတွေလည်း ရှိပါတယ်လို့ ဖြေခဲ့ရတယ်။
နာရေးကူညီမှုရဲ့ facebook ကပုံက မျက်နှာတွေမကွယ်ဘူး။
သူ့ ဓာတ်ပုံဆရာက နေရာကောင်းယူထားလို့ဖြစ်မယ်။
ကျွန်မတို့ canteen ထဲမှာ အအေးသောက်နေတဲ့ပုံက သူလာရိုက်သွားတာလား။
လုလင်ရဲ့ ဂုဏ်ပြုလွှာကို လက်တွေဝိုင်းကိုင်ပြီးပေးနေတဲ့ idea လေးကလည်း အလန်းလေးပါပဲ။
ကဲ နောက်တစ်ခေါက် ထပ်လှူဖို့စကြရအောင်။
အော် လက်ဖွဲ့လည်း စုထားပါတယ်ဗျို့။
Was this answer helpful?
LikeDislikeလက်ဖွဲ့လည်း စုထားပါတယ်ဗျို့ ကျနော့်အတွက်လား အန်တီ ပဒုမ္မာ ရှေ့က ကားက ကန့်လန့်လုပ်နေလို့ ကျနော်က စက်ကနှိုးပြီးသား အဆင်သင့်ပဲ
Was this answer helpful?
LikeDislikeအော် ကျွန်မတူမလေးတွေ အိတုံ၊နွယ်ပင်၊ပန်ပန်၊ရင်ငြိမ်း တို့ကလည်း မြန်မာဝတ်စုံလေးတွေနဲ့လှနေကြတော့
အရင်တင်ခဲ့တဲ့ မြန်မာမလေးတွေpostကို သူတို့ပုံလေးတွေနဲ့ edit လုပ်ရရင်ကောင်းမလားလို့။
ဒို့ ဒေါက်တာ YKKO ကြေးအိုးကလည်း စတစ်ကော်လာနဲ့ ခန့်ခန့်ငြားငြားပါနော်။
နွယ်ပင်က မြန်မာလို ၀တ်ရင် မလှမှာစိုးလို့ ဆိုတာ ဒီစတိုင်လေးကလည်း တစ်ယောက်သောသူသာမက တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် ဖြစ်သွားလိမ့်မယ်။
Was this answer helpful?
LikeDislikeအလွန်ပင်ဝမ်းသာအားဖြစ်ရပါ၏။။။တကယ်ကို့ ကြည်နူးစရာကောင်းတဲ့ ပုံတွေပါပဲဗျာ…အခု မပါလိုက်ရပေမယ့် နောက်လာမယ့် ပရဟိတ အလှူတွေမှာပါဖြစ်အောင်ကြိုတင်လှူထားပါ့မယ်…
အခုတော့…သာဓု..သာဓု..သာဓု ပါဗျာ…
Was this answer helpful?
LikeDislikeတိုက်တိုက်ရဲ့ အုပ်ထိန်းသူကို နာမည်ကျန်ခဲ့လို့၊မြန်မာလိုလှတဲ့ထဲ သူကလေးလဲပါပါတယ်။
Was this answer helpful?
LikeDislikeဟဲဟဲဟဲ တော်ပါသေးရဲ.. မပါလို.ကတော့ နောက်တွေ.ခေါ်တော့ဘူး နော် အစ်မ
Was this answer helpful?
LikeDislikeကြည်နူးစရာမြင်ကွင်းလေးပါ——အပျော်တွေကူးစက်စေပါတယ်–
ပုံတွေတင်ပေးသလို ဖြစ်စဉ်ပြ သရုပ်ဖော်မှတ်တန်းလေးရေးပေးနိုင်ရင် ပိုကောင်းမှာ
ခုတော. — အဝေးကပဲ—–
Was this answer helpful?
LikeDislikeမလိုက်ဖြစ်ခဲ့တာကို တော်တော်နှမြောမိပါတယ်။
နောက်အလှူအတွက် ခေါင်းစဉ်လေး စပြီးစဉ်းစားကြပါဗျို့…..
အဲတာမှ ဆေးလိပ်ဘိုးထဲကဖဲ့ပြီး ဇီးကွက်ရုပ်စုဗူးထဲ ထည့်စုနှင့်ရအောင် ..
Was this answer helpful?
LikeDislikeတုံတုံ လေးက တကဲ့ချစ်စရာလေး။ တကယ်ပြောတာပါ။
jk
ဆေးခန်းမှာ လူမမာတွေ က တုံတုံ ကို တွေ့တာနဲ့ ရောဂါတစ်ဝက်ပျောက် ရောဆိုတဲ့ ဂရုဏာ မျက်နှာလေးကိုလဲ ပိုင်တယ်။
သား AKKO ကတော့ ဆေးခန်းမှာ တွေ့တာနဲ့ တစ်ခါထဲ ထွက်ပြေးချင်အောင်ကို ခန့်တာကလား။
ရောဂါတွေ ထွက်ပြေးမှာကို ပြောတာပါကွယ်။
ချစ်ခင်စွာဖြင့်
အရီးလတ်
Was this answer helpful?
LikeDislikeမအိတုံ နဲ့ ကAKKO ကိုကြိုပြောထားမယ်နော် ကျနော့် အိမ်သူသက်ထား မပေါ့မပါး ဖြစ်လာရင် ရွာသားအချင်းချင်း ကူညီနော် ပိုက်ပိုက်မရှိဘူးဗျ ဖြစ်တယ်မလား
Was this answer helpful?
LikeDislikeအံမယ် … မျိုးစေ့တောင် မချသေးပဲ … အသီးသီးချင်နေပြန်ပါပြီ … ။ အိမ်သူသက်ထားရအောင် အရင်ရှာလိုက်ဦး …
Was this answer helpful?
LikeDislike၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ရှင်။ ခုမှ ခရီးက ပြန်လာလို့ ပါဝင်ကုသိုလ်မယူနိုင်တာ နောက်တစ်ခါ လိုက်ဖြစ်အောင် လိုက်မယ်နော်….
Was this answer helpful?
LikeDislikeဟိုးတစ်ခေါက်က အချိန်ကပ်ပြီး ချိန်းလိုက်လို့ ဖုန်းနံပါတ်မသိလို့ အစ်မမနောကို မပြောဖြစ်တာ ..ဒီတစ်ခေါက်လည်း .. ကြိုပြောထားပါလျှက် … အိမ်က ခိုင်းလို့ နယ်သွားရမယ်ဆိုတော့ …. မတွေ့ဖြစ်ပြန်ဘူးပေါ့ …. ။ လက်လှမ်း မှီသလောက် အလှူက အကြိမ်ကြိမ်လုပ်ကြဦးမှာပါ .. လက်တို့ပါဦးမယ် ..
Was this answer helpful?
LikeDislikeကွန်မင့်တွေဖတ်ရတာ တမျိုးထပ်ပြီးကြည်နုးရပါတယ်ဗျာ
Was this answer helpful?
LikeDislikeဘာဘဲဖြစ်ဖြစ်ပါဗျာ
ဒီလိုလက်တွေ့ကျတဲ့ လုပ်ဆောင်မှု့လေးတစ်ခုကို ဆောင်ရွက်နိုင်ခဲ့တဲ့
သက်ဆိုင်သူတွေကို အသိမှတ်ပြုပြီး အကြောင်းကြောင်းကြောင့် ပူးပေါင်းပါဝင်ခြင်းမပြုမိတဲ့
ကိုယ့်ကိုယ်လည်း အလွန်ညံ့ဖျင်းသူတစ်ယောက်အဖြစ် ဝန်ခံပါတယ်ဗျာ
သဒ္ဓါသဘောလေးမှာ ကိုယ့်စိတ်က သဒ္ဓါဆိုတာဖြစ်လို့ ကိုယ့်အသက်ဇိဝိန်ကိုပေးလှူခြင်းက
အကြောင်းတစ်မျိုးသွားပါတယ်
သူတစ်ပါးကို အလှူ၌ စိတ်အားထက်သန်စေခြင်းဟာ လူသာမန်တို့လုပ်နိုင်ခဲတဲ့ သဘောလေးလို့တော့
ဆိုခြင်ပါတယ်ဗျာ
အထူးဆိုခြင်တာကတော့ လက်တွေ့လုပ်ဆောင်နိုင်သူတွေကို အထူးအသိမှတ်ပြုပါ၏ ဆိုတာပါ
ဒါနဲ့
ဒေါက်တာခင်ဗျား
ဘယ်တော့ အိုက်စခရင်းတွေ ဘာတွေကျွေးမှာလဲခင်ဗျ
Was this answer helpful?
LikeDislikeငခြောက် !!!!!
ပြောတော့ မိုးလားကဲလား
တွေ့တယ်မှတ်လား ဒေါက်တာက ဘယ်လိုလုပ်သွားသလဲဆိုတာ
နောက်တစ်ခါကြရင် ခင်ဗျား ဗမာငွေတစ်သိန်းငါးထောင်ထည့်
တစ်သိန်းက ခင်ဗျားနာမည်
ငါးထောင်က ကျုပ်ရဲ့နာမည်
Was this answer helpful?
LikeDislikeနည်းသည်များသည် အဓိကမဟုတ်
သိသည် မသိသည် အဓိကမဟုတ်
ဟိုမှာဒီမှာ အဓိကမဟုတ်
အချင်းချင်း ယုံကြည်ခြင်းနှင့်တူညီသောစိတ်ရှိခြင်းသည်သာ အဓိက။
ထို့ကြောင့်………………………………………………………..
Was this answer helpful?
LikeDislikeမအိတုံ အထင်သေးတာလား နောက်တစ်ခါတွေ့ဆုံပွဲရှိလို့ရင်တော့ နဂါးမှန်းသိအောင် ဘယ်တစ်ယောက် ညာတစ်ယောက်ချိတ်ခဲ့မယ်
Was this answer helpful?
LikeDislike