ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ( ဦးကျော်သူတို့အားကူညီရအောင်)
|362- Hits|အိတုံ တို့ ဦးဆောင်ပြီး အလူလုပ်ရအောင်ဆိုတုန်းက အသံလည်းမထွက် မုဒိတာလည်း ၀င်မပွား ဘယ်ချောင်ဝင်ပုန်းနေမှန် မသိဘဲ အခုမှ ဦးကျော်သူကို ကူညီရအောင် ဆိုလို့ ဘယ်လို လူလည်း တွေးမနေနဲ့နော် ။
အမှန်အတိုင်းပြောရရင် အိတုန်တို့ လှုရအောင်လို့ဆိုပြီး စတင်လာကတည်းက အကုန်ဝင်ဖတ်ဖြစ်ပါတယ် ။ ကိုယ့်အတွေးနဲ့ ကိုယ်မို့လို့ အသံမထွက် မုဒိတာ ပွားကြောင်း ၀င်မရေးခဲ့ပေမဲ့ ၊ ကိုယ့်ဘာသာကိုယ်တော့ မုဒိတာ ပွားတဲ့ အခါပွား ၊ သံဝေဂ နဲ့ သြော် ဖြစ်မှဖြစ်ရလေ ဖြစ်တဲ့ အခါဖြစ် ၊ ပြုံးမိတဲ့ အခါပြုံး ၊ ၀ါးလုံးထိုး ရီမိတဲ့ အခါ ရီ နဲ့ အားလုံးအောင်မြင်စွာ တစ်ခါတစ်ခေါက်တော့ ပြီးသွားပြီဆိုတော့ အများနည်းတူ ၀မ်းသာရပါတယ် ။ ကိုယ်ဘာမှ ပါဝင်မပါတ်သက်ခဲ့ပေမဲ့ ၊အားပေးစကားတောင် ၀င်မထောက်ခဲ့ပေမဲ့ တစ်ကယ်ကို ကြည်နူးမိခဲ့ပါတယ် ။
ရွာသူားတွေရဲ့ ဓါတ်ပုံတွေ တွေ့တော့လည်း ဘယ်သူက ဘယ်သူဖြစ်မလဲ ခန်းမှန်းနေမိခဲ့တယ် ။ ဖော်တဲ့သူက ဖော်တဲ့ အခါကျတော့လည်း ကြောင်ဝတုတ် ပြောသလို အထင်နဲ့ အမြင် ကွာနေပါကောလား လို့ ရီမိပါတယ် ။
တကယ်တော့ အတွေးလေးတစ်ခု တွေးမိတာ ကြာခဲ့ပါပြီ။ ဘယ်လို အစဖော်ရမယ်မှန်းလည်း မသိ ။ ကိုယ်လည်း မလုပ်နိုင်ခဲ့ရင် လူပြောမသန် လူသန်မပြောဆိုတာ နဲ့ ကိုယ့်ဟာကိုယ် ခြောက်လှန့်နေတော့ ဘာမှလည်း မလုပ်ဖြစ် အကောင်အထည်မဖော်ဖြစ်ဘူး ဖြစ်နေတာပါ။ တစ်နေ့ က သဲနုအေးတင်လာတဲ့ “ဒီလိုစည်းကမ်းပျက်လို့ရလား ” ကားများ အကြောင်းတွေ့တော့ တင်သူကော မန့်သူများပါကြည့်ပြီး အဖော်တော့ရလောက်ပြီလားလို့ ။ ကိုယ်မလုပ်နိုင်တောင်မှ ရွာသူားများမှ တက်ကြွသူများရှိနိုင်တယ်ဆိုတဲ့ အားကိုးလေးလည်းပါတာပေါ့ဗျာ ။ ရွာထဲမှာ ဓါတ်ပုံဆရာများ လည်း ရှိသလို အပျော်တမ်း သတင်းထောက်လုပ်ခြင်သူများလည်း ရှိတော့ သူကြီးရေ ကျွန်တော်တို့ မန္တလေး ဂေဇက် ရဲ့ watch dog အဖွဲ့လေး ဖွဲ့ရင် ဘယ်လိုနေမလဲလို့။ ပြောရရင်တော့ ဗရမ်းဗတာ ကားများစောင့်ကြည့်သည့် အဖွဲ့ ပေါ့ ။ အင်ဂလိ လိုတော့ဘယ်လိုနံမည်ပေးရင်ကောင်းမလဲ.
လမ်းဆိုတာ လူတိုင်း သုံးနေရတာပါ ။ ဆင်းရဲချမ်းသာ မရွေး လမ်းကို ရှောင်လို့ကို မရပါဘူး ။ အဲ့ဒီ့ အထဲမှာ ကားပိုင်ရှင် သူဌေး သူ့ဟာသူရမ်းလို့ သူ့ဟာသူ ဒုက္ခိတာဖြစ်တာ သေတာ ပြဿနာ မရှိပေမဲ့ လမ်းပေါ်လျှောက်နေရသူများ သူ့ကြောင့်ဒုက္ခရောက်ရတာ ။ အဲ့ဒါထက်ဆိုးတာက လိုင်းကား တက္ကဆီ ယာဉ်မောင်းများ ၊ ကုမ္မဏီယာဉ်မောင်းများ ကြောင့် သေကြေ ကျိုးပဲ့ ဒဏ်ရာ ကြရတာ တွေ၊ လျော်ကြေးလည်းမရ ဒုက္ခလည်းရောက်ကြ ရတာဟာ ဆိုးဝါးလှပါတယ် ။
ဒါတွေ ကာကွယ်ဖို့ ဘယ်လောက်ဘဲ ရေးကြ ရေးကြ ၊ ပြောကြ ပြောကြ ထိရောက်မူ့ မရှိလှဘူးလို့ထင်ပါတယ် ။
ဘတ်စကားကြီးငယ်များကလည်း လမ်းအတင်းလုမောင်းဆဲ ခေါင်းအတင်းထိုးဝင်ဆဲ ။
တက္ကဆီကားများ အတင်းကျော်တက် ရုတ်တရက် လမ်းဘေးထိုးချ လူခေါ်တင် ဆဲ၊
သံရုံးကားများ နှင့် မှန်မဲကပ်ကားကြီးများ လည်း မီးပွိုင့်တန်းစီတယ်ဆိုတာ ကိုယ်နှင့်မဆိုင်သည့် အလား ကားအားလုံးကိုရသည့် နေရာမှကျော်တက်ရ်ျ ထိပ်ဆုံးမှာ သွားရပ်ဆဲ။
ဇုန်ထုတ်လိုက်ထရပ်ကားများနှင့် ရှမ်းဂျစ်တို့ကလည်း တိုက်ရဲရင် တိုက်ကြည့်လေဆိုသည့် အလား ပမာမခန့် ရှိကြဆဲ။
ကျောင်းကား များသည်လည်း ငါတို့က ကလေးတွေ တင်ထားတာ ဦးစားပေးရမပေါ့ ဆိုသည့် အလား လားလားမှ မလျှော့ ကြသော ကားလောကကြီးတွင် စည်းကမ်းလိုက်နာရမလား သူများတွေလိုဘဲ ကြုံသလို မောင်းလိုက်ရမလား မသိဖြစ် ကြရကုန်သော ကျွန်တော်တို့မှာ စည်းကမ်းမရှိလေခြင်း ၊ အောက်တန်းကျလေခြင်းဟုတွေးတောကာ ဒေါသထွက် ရင်း နေ့စဉ်ဓူဝ စိတ်ပင်ပန်းစွာ မောင်းကြရလေသည်။
နေ့စဉ်ဓူဝ တွေ့ထိနေရသော စည်းကမ်းပျက်နေမူ့ကြီးအား တစ်နည်းတစ်ဖုံနှင့် ထိန်းသိမ်းရလျှင် ကောင်းလေစွဟု တွေးတောမိလာသောကြောင့်ဖြစ်ပါသည် ။
မော်တော်ပီကယ်ရဲများမှ လည်း စည်းကမ်းပျက် ယာဉ်များအား မဖမ်းတော့ပေ ။ သူတို့ ရှောင်တစ်ခင် စစ်ဆေးရေး အဖွဲ့များသည် ကုန်ကားကြီးများ ၊ တရားမ၀င် သွင်းလာသော ကားများ ၊ င လိုင်စင်မလုပ်ဘဲ မောင်းနေသော ကုမ္မဏီ ယာဉ်မောင်းတို့အား ပိုမိုစိတ်ဝင်စားကြသည် ။ ပိုရ်ျ ဂွင်မိဟန်တူကြပါသည် ။
ထို့ကြောင့် သူကြီး ၏ ဆိုက် (သို့) ဆိုက်အသစ်တစ်ခုတွင် စည်းကမ်းပျက် ပြုမူမောင်းနှင်ကြသော ကားများအား ဓါတ်ပုံ (သို့) ဗွီဒီအို ရိုက်ကူးရ်ျတင်ဆက်ကြလျှင်ကောင်းမလားဟုတွေးမိပါသည် ။ ဆိုက်တစ်ခုတွင်းစုဆောင်းတင်ရှိခြင်း ၊ face Book , You tube တို့တွင်တင်ဆက်ရ်ျ သက်ဆိုင်ရာ အာဏာပိုင်များသိရှိ အရေးယူနိုင်ရန် တွန်းအားပေးဆောင်ရွက်သော အဖွဲ့အစည်းလေး စတင် လုပ်ဆောင်ကြလျင်ကောင်းမည်ဟု တွေးမိပါသည်။ မိမိသွားရင်းလာရင်း တွေ့သော စည်းကမ်းပျက် လမ်းစည်းကမ်းဖောက်ဖျက်သော ကားများအား မှတ်တမ်းတင် ရိုက်ကူးခြင်း ၊ အဖွဲ့ဝင်များ တစ်ခါတစ်ရံစုရ်ျ ဓါတ်ပုံရိုက်ထွက်ခြင်းများ လုပ်နိုင်လျှင် အာဏာပိုင်တို့အား တွန်းအားတစ်ခု ပေးနိုင်မည်လား ဟု။
ထိုသို့ဖန်တီး နိုင်ပါက ကားအန္တရယ်ကြောင့် သေဆုံးသူလျော့ကျပြီး
ဦးကျော်သူတို့ အလုပ်ရှုပ်သက်သာစေကာ တစ်ဘက်တစ်လမ်းမှ ကူညီပြီး ဖြစ်သလို အိတုန်တို့ နာရေးကူညီမှု့ အသင်း အား လူကြရအောင် ဆော်သြော်စဉ်က တစ်ဦးပြောသော ဆေးရုံတက် လူနာများအားလည်းလူကြရအောင် ဆိုသော အဆိုအားလည်း ရမ်းကားသူ ယာဉ်မောင်းတို့အား တားဆီးကာကွယ်နိုင်ရ်ျ ဆေးရုံရောက်သူ လျော့နည်းစေပြီး တစ်ဘက်တစ်လမ်းမှ ကူညီပြီးဖြစ်ပေမည်ဟု ကိုယ့်အတွေးနဲ့ ကိုယ် တွေးမိကြောင်းပါ သူကြီးရေ..
Preventing is better than curing ဆိုတာလေးလည်း ရှိတယ်ဟုတ် ….
Related posts:


ဂွတ်အိုင်ဒီယာ မစ်ချတာ ထက်ဝေး
တစ်ခုသတိထားမိတာက အဲလို အတိအလင်းဖွဲ့ မှတော့ မဟုတ်ပါဘူး
ကြုံရင် ကြုံတဲ့လူက အမြင်မတော်တာတွေ့ တာနဲ့  လာရေး၊လာတင်နေကြတာပဲမိုလို့  အထူးတလည်ဖွဲ့ စည်းနေစရာ
လိုမယ်တော့ မထင်ဘူး အကိုရ
ကျန်တာဆက်ပြာကြပါဦးဗျာ
အီးပါချင်လို့ ပြေးလိုက်ဦးမယ်..
ဗစ်.ဘစ်..ဗျစ်စ်.
Was this answer helpful?
LikeDislikeဒေါ်စိန်ပေါက် လွဲနေပြီ
Was this answer helpful?
LikeDislikeဒေါ်စိန်ပေါက်။ကိုထူးဆန်းပါဟ။ လွဲပြန်ပြီ။
Was this answer helpful?
LikeDislikeချောဒီ ကိုထူးဆန်းရေ
များလဲ ကိုထက်ဝေးရဲ့ ပိန်ဆေးဟာကို ဖတ်ပြီး
ဒီမှာလာပြီး ကွန်းမန့် ပေးလိုက်တာ Mix ဖစ်တွားတယ်.
ချောဒီးနော
အာဘွတ်
Was this answer helpful?
LikeDislikeအီးထွက်ကာနီးဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့ ၊ များများမှားတော့ များများ ပွိုင့် ရတာပေါ့ ..
Was this answer helpful?
LikeDislikeချီးစော်နံ မနေဘူးလားဟင် ကိုထူးဆန်း
Was this answer helpful?
LikeDislikeအကြောင်းအရာအားလုံးကို စုပီး တင်ပြမယ်ဆိုရင် တစ်နေရာတည်း မှာ ဖြစ်နေမယ်ထင်တယ်နော်..
အလျဉ်းသင့်သလို တစ်နေရာ ပီး တစ်နေရာ ကြုံတဲ့နေရာမှာ တင်ပြကြတာကပိုကောင်းမယ်ထင်ပါတယ်.. အဲဒါမှ ဒီနေရာမှာ မဖတ်မိရင် တခြားနေရာမှာ ဖတ်မိ မှာပေါ့ နော်…
အကြံပြုကြည့်တာပါ..
Was this answer helpful?
LikeDislikeကောင်းတယ် လုပ်ကြမယ် အခုတော့ တွေ.တဲ့နေရာ လျှပ်တပြတ်ရိုက်ဖို. ကင်မရာလေး ဘူဝယ်ပေးချင်လဲဟင်..
ရိုက်ပြီးတင်ပေးမယ် အမြင်မတော်တာတွေကတော့ လမ်းထွက်တာနဲ. တွေတာပဲ..
Was this answer helpful?
LikeDislikeတဂျီးဝယ်ပေးလိမ့်မယ်။
Was this answer helpful?
LikeDislikeရူးချင်ယောင်ဆောင် ကွန်မန့်တွေဖောင်းပွအောင်လုပ်ပြီး သဂျီးဆာဗာကို နှိပ်စက်တဲ့သူနဲ့၊ ပွိုင့်ရအောင် မြှောက်ပေးတဲ့သူနဲ့၊ အတို့အထောင် လုပ်တဲ့သူနဲ့
ကင်မရာဝယ်ပေးဖို့ စကားခေါ်တဲ့သူနဲ့ သဂျီးသနားပါတယ်
Was this answer helpful?
LikeDislikeရွာ့ ဂွစာ သဂျီးနဲ့  ကြပ်ပေးနေပြန်ပြီ

သဂျီးလဲ မကြောက်ဘူးဟေ့..သူ့ နှလုံးပြူးက သံဂျီးတက်နေပြီ မီးမကူးတော့ဘူး
လကားနောက်တာပါသဂျီးရာ
ခုမှ စောကြီးရှိသေးတယ်..ပြန်အိပ်..ပြန်အိပ်
နောက်နေ့ တွေ များ ငြိမ်ငြိမ်လေးပဲ ဖတ်တော့မယ်.
ပရောမစ်စ်..ဒေါ်စိန်ပေါက်ရဲ့ ပရောမစ်စ်
Was this answer helpful?
LikeDislikeကိုထူးဆန်းရေ .. အကြံလေးကောင်းပါတယ် .. စတင် အ ကောင်ထည် ဖော်ဖြစ်လျှင်လည်း လက်တို့ပါဦး ။
ဒါနဲ့ .. ကိုထူးဆန်းအတွက် သဂျီးပို့လိုက်တဲ့ ပါဆယ် … မယူသေးဘူးလားဟင် … ။
Was this answer helpful?
LikeDislikeကောင်းပါတယ်။ ကြုံတဲ့သူကြုံသလိုရိုက်တင်ရင်ပိုကောင်းပါတယ်။ အခုဆိုလဲ သူရဇော် ( ဂဏန်းဂဏန်း ) သူ့ဂဏန်းတွေမမှတ်မိလို့။ တင်ထားတဲ့မိန်းကလေးတွေအတွက်ပိုစ့်ကလဲကောင်းပါတယ်။ အဲလိုတိတိကျကျရိုက်တင်ရင်တော့တချိန်မှာပြောင်းလဲရေးတခုခုတော့ဖြစ်မယ်လို့ကျွန်မလဲထင်ပါတယ်။
Was this answer helpful?
LikeDislikeအဲ လိုရိုက်ပြီးတင်ပေးရင် တာဝန်ရှိ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးက လူကြီးများဖတ်မိပါ့မလား၊ ဖတ်မိပြီးအရေးယူမှုဖြစ်လာအောင်ဘယ်လိုလုပ်ကြမလဲ။
လက်တစ်ချောင်းထောင်ပြီး တစ်စီးလောက်အတောင်းခံရတာလဲ ခဏခဏပဲ။
passenger တွေ့လို့ ရုတ်တရက် ဆွဲကွေ့ ထိုးရပ်တဲ့ taxi ကို မတိုက်အောင် မနဲရှောင်ရတာလဲ ခဏခဏပဲ။
ဘစ်ကားတွေ နှစ်ထပ်၊ သုံးထပ်ရပ်ပြီး ခရီးသည်တင်နေလို့ ကားလမ်းပိတ်ပြီး၊ ကားတွေ တန်းစီရပ်နေ ရတာလဲ ခဏခဏပဲ။
လမ်းကြောင်းတူ ကားတွေအလုအယက်မောင်းတဲ့ ဖိုက်တဲ့ကြား မညပ်အောင်ရှောင်ရတာလဲ ခဏခဏပဲ။
ရိုက်စရာတွေ များမှများ၊ ဖတ်ပြီးအရေးယူပေးဘို့ တိုက်တွန်းပေးကြပါ။
ရိုက်ပြီး တင်တော့မယ်နော်….
Was this answer helpful?
LikeDislikeအင်းဓါတ်ပုံရိုက်တင်ဘို့တောင်တော်တော်လန့်နေပီ..ဟိုတခါ များ သွားရိုက်လိုက်တာ..တသိန်းကျော်
ကုန်သွားလို့..ဇကားမစပ်..မိစိန်ပေါက်.ကိုတယောက်ယောက် ၀မ်းပိတ်ဆေးပေးလိုက်ကြပါအုံး..
ထွီ..ပြောရင်းနဲ့ နံထှာ..
Was this answer helpful?
LikeDislikeထို့ကြောင့် သူကြီး ၏ ဆိုက် (သို့) ဆိုက်အသစ်တစ်ခုတွင် စည်းကမ်းပျက် ပြုမူမောင်းနှင်ကြသော ကားများအား ဓါတ်ပုံ (သို့) ဗွီဒီအို ရိုက်ကူးရ်ျတင်ဆက်ကြလျှင်ကောင်းမလားဟုတွေးမိပါသည် ။ ဆိုက်တစ်ခုတွင်းစုဆောင်းတင်ရှိခြင်း ၊ face Book , You tube တို့တွင်တင်ဆက်ရ်ျ သက်ဆိုင်ရာ အာဏာပိုင်များသိရှိ အရေးယူနိုင်ရန် တွန်းအားပေးဆောင်ရွက်သော အဖွဲ့အစည်းလေး စတင် လုပ်ဆောင်ကြလျင်ကောင်းမည်ဟု တွေးမိပါသည်။ မိမိသွားရင်းလာရင်း တွေ့သော စည်းကမ်းပျက် လမ်းစည်းကမ်းဖောက်ဖျက်သော ကားများအား မှတ်တမ်းတင် ရိုက်ကူးခြင်း ၊ အဖွဲ့ဝင်များ တစ်ခါတစ်ရံစုရ်ျ ဓါတ်ပုံရိုက်ထွက်ခြင်းများ လုပ်နိုင်လျှင် အာဏာပိုင်တို့အား တွန်းအားတစ်ခု ပေးနိုင်မည်လား ဟု။
ကိုထူးဆန်းရေ ဖြစ်သင့်တဲ့ အလုပ်ပါဘဲ။အားပေးတယ်ဗျာ။
Was this answer helpful?
LikeDislike