MaaS လော ?
|875- Hits|MaaS လော ?
Music as a Service? ကျနော်တို့ဆီမှာများ ပြောပါတယ် …သီချင်းတွေ
ဝယ်စရာ မလိုတော့ဘူးလား … အလကား စိတ်ကြိုက်နားထောင်ခွင့် ရပြီလား..??
နည်းနည်းလောက် တူးဆွကြည့်ချင်လို့ပါ…။
၁။ အနုပညာ
သိပ်လှတဲ့ မြန်မာစာလုံးပါဗျာ။ ဆြာကြီး ဒဂုန်တာရာ တီထွင်တာ လို့ မှတ်ဖူးရဲ့ ….။
ဂီတဟာ အနုပညာ တပါးပါ … ။ အဲ … တခုတော့ ရှိရဲ့ …. ဂီတရပ်ဝန်းကို ဘိုလို ရေးကြည့်ရင်
ပိုပြီးရှင်းတယ်…။ Music Industry တဲ့ … Music NGO မဟုတ်ဘူးခင်ဗျ. ..။ ငွေကြေးစွန်းထင်းတယ်ကွာ
အနုပညာ မစစ်ဘူးကွ …အပြောမစောပါနဲ့ …။ လေချည်းသက်သက် စိုက်ပြီး ထုတ်လုပ်လို့မရလို့ပါပဲ…။
သည်တော့ တင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်းတခု လို့ ဂီတ ကိုမြင်ကြည့်ပေးပါဗျ…။
ထုတ်ကုန်တခုနော …ထုတ်နေတဲ့လူတွေလည်း ထမင်းစားနေကြပါတယ်…
နောက်တခု သူတို့မှာလည်း ကုန်ကျစရိတ်ရှိပါတယ်…
စီးပွားရေးပါ…. စီးဆင်းနေရပါမယ် ပွားများနေရပါမယ်….
အဲ့လိုမှ မဖြစ်ဘူးဆိုရင် အနုပညာ ဆိုတာ…….
၂။ နည်းပညာ
ရှေ့ ကိုပြန်သွားကြည့်ရအောင် နော…။ ကတ် စနစ် နဲ့ ဖြန့်ခဲ့တယ် ..။ မြို့ တစ်မြို့ချင်းစီ က တေးသံသွင်း
ကိုသွား ကူးပြီး ၀ယ်…။ သိပ် ဒုက္ခများခဲ့ဖူးတယ်. .. နောက်ပိုင်း ပရီ စနစ်ကို သွားတယ် ….ကတ်ဆက်တိပ်ခေတ်
ကတော့ အိုခေတယ်…။ အိုခေမှာပေါ့ဗျာ ..တခွေ ကနေ တခွေ dubbing နဲ့ထပ်ကူးရင်ထပ် ကူးသလောက်
Quality ကျတယ် …တေးသံသွင်းဆိုင်ကြီးတွေက စက်ကြီးတွေပေါ်မှာ Reel ကနေ Cassette Tape ကို
ကူးတဲ့အခါသာ quality ကောင်းရတာ … ပရီစနစ်မှာ ဆိုင်ကြီးတွေကလည်း စောင့်ထိန်းကြပါတယ်..
(အတိုင်းအတာတခုထိပေါ့) သည်တော့ မူရင်း အတိုင်းအတာ တခုထိ ရောင်းကောင်းတယ် ပြောရမယ်…
(လက်ရွေးစဉ်ရွေးကူးတာတွေ ဘာတွေ ကို ထည့်မတွက်ဘူးနော ..မရှိသလောက်နည်းတယ်လို့
နက်ဂလက် လုပ်ကြည့်ရအောင်.. )
ကတ်ဆက်တိပ် ကနေ စီဒီစနစ် ကိုပြောင်းတော့ ခေတ်ဦး ၂၀၀၀-၂၀၀၁ လောက်ပေါ့…။ မှတ်မိပါသေးတယ်
ဓန ၊ မြန်မာဓန မဂ္ဂဇင်းတွေမှာ Top ten list တွေ မှာ ကတ်ဆက်ခွေသည် လက်ရှိထွက်ရှိတဲ့ Top ten
List တွေဖြစ်ပြီး CD သည် …တိပ်ထွက်ပြီးသား အဟောင်း ကို CD အဖြစ်ပြန် ထုတ်တဲ့ list အဖြစ်ကနေ
စခဲ့ရတယ်ဆိုတာ …။ ကတ်ဆက်ခွေ တွေရဲ့ ရွှေအိုရောင် ကာလမှာ … (ပေါက်စာရင်းဝင်တဲ့ )
ငရဲမီးအဖွဲ့ရဲ့ အခွေရယ် တောကတက်တဲ့ည အခွေရယ်ဟာ မှန်းချေ ၇သောင်းနဲ့ ၁သိန်း စီ တနိုင်ငံလုံး
အတိုင်းအတာ နဲ့ ရောင်းရခဲ့တယ် လို့ စာရင်းတခုက ပြောပါတယ်..။
သည်လိုနဲ့ နောက်ပိုင်း CD နဲ့သာထုတ်လုပ်လာကြတော့တယ် ….။ အဲ့သည့်မှာ ကွန်ပျူတာ စနစ်
ဖွံ့ဖြိုးတိုးတက်လာမှု နဲ့ တူ CD_Drive တွေဟာ Read-Only ကနေ Read-Write ရတဲ့ Drive တွေဟာ
သာမာန်အိမ်သုံး user တွေလက်လှမ်းမီတဲ့ ဈေးနှုန်းလောက် ရောက်လာတဲ့ အချိန်ကနေ ပြဿနာ စတော့တာ
ပါပဲ. ..။
နည်းပညာ တိုးတက်လာမှု လူတိုင်း သုံးလာနိုင်မှု …ဒါဟာ အပြစ်မခု မဟုတ်ပါဘူး…။
ဒါကိုသုံးနေတဲ့လူ …. အသုံးချ အသုံးမှား အသုံးလွန် ဆိုတဲ့အဆင့်တွေ အခြေအနေတွေကသာ အပြစ်တခုဖန်ဆင်းခဲ့တာပါ…။
သည်ခေတ်ကတော့ ….ဆိုပြီး ခေတ်ရဲ့ တိုးတက်ပြောင်းလဲလာမှု ကို ….အပြစ်တင်ဖို့ မရှိပါဘူး ….။
ခေတ်မှီတာ ကောင်းပါတယ် ..ခေတ်မီရပါမယ် နည်းပညာ တတ်တာ ကောင်းပါတယ်. ..တက္ကနော်လော်ဂျစ်ကယ် ဒီဗိုက်ဒ် ကို
ချုံ့ကြရပါမယ် ….။ အဲ့ ….တခုတော့ လိုသပေါ့လေ.. ဒါကို … ကြိုးစားပြီး ….အောက်မှာ ဆက် ဆွေးနွေးကြည့်ပါ့မယ်
၃။ Trend
ကာရာအိုခေ ဗီစီဒီ ၁.ဝ
၂၀၀၂ခုနှစ်လောက်ကို ပြန်သွားပါမယ်…။ VCD_Karaoke ခေတ်ဦး ဖြစ်ပါတယ်….။ စီးပွားရေးလုပ်ငန်းစုတခုက
စီးရီးခွေတွေ မြောက်များစွာ ကို လက်ရွေးစဉ်ဆန်ဆန် မူရင်းအဆိုတော်မဟုတ်တဲ့ လူသစ်တမ်း အဆိုတော်
တွေနဲ့ ရိုက်ကူး ထုတ်လုပ်ခဲ့တာက ကြီးမားတဲ့ အချိုးအကွေ့ရဲ့ …အစ လို့ ဆိုနိုင်ပါတယ် …။
နောက်ပိုင်း အခြားသော တေးသံသွင်းတွေကနေလည်း ထုတ်လာကြပါတယ် ….။ အကျိုးအမြတ်တွေ
ရပိုင်ခွင့် မူပိုင်ခွင့်တွေ ဘယ်လို ခွဲဝေသလဲတော့ ဉာဏ် မမီလို့ မသိပါ … သိတာကတော့ နောက်ပိုင်း
အဆိုတော်တွေ ပါ ပါဝင်လာကြပြီး ကိုယ့် မူရင်းအသံ ကိုယ်ပြန်ပိတ်ပေးပြီး ဗီစီဒီ ကာရာအိုခေ တွေ ထုတ်ကြပါ
တော့တယ်…။
ကျနော်တို့ တိုင်းပြည် အရှေ့မြောက်ပိုင်းက နေပြီး အဆိုပါ ဗီစီဒီ ကာရာအိုခေ အခွေတွေကို ကော်ပီတွေ စ
ထွက်လာပါတယ်…။ မှတ်မှတ်ရရ ၂၀၀၂ ခုနှစ်ပါ…။ အဆိုပါ ကာလတွေတုန်းက မြို့ကြီးတွေမှာ ခိုးကူး
မသောင်းကျန်းသေးပါ လို့ ပြောလို့ရပါတယ်…။ သည်တော့ ခိုးကူးအစ တရုတ်က လို့ ဆိုမယ်ဆို နိုင်ရဲ့ဗျာ..
အနှစ် ၂၀၀၂ သင်္ကြန်မှာ ကျနော်တို့ ရဲ့ ပထမဆုံး ခိုးကူး နှိမ်နင်းရေး လေး စခဲ့ပါတယ်…။ အဲဒါကတော့
အနှီသင်္ကြန်မှာ ကာရာအိုခေ အခွေထွက်ထားတဲ့ စာမေးပွဲနီးတိုင်း ကျနော်တို့ အကြိုက်ရဆုံးသော အဆိုတော်
ဟာ နယ်စပ်မြို့အထိသွားပြီး သူ့အခွေ ခိုးကူးတွေကို ဖမ်းဖို့ တားဖို့ ဆောင်ရွက်ခဲ့တာပါ…။
ခိုးကူး အစ တရုတ်က လို့ ရေးလို့ လူမျိုးရေး ပါတယ်ဘာညာ မပြောပါနဲ့ ဦး …
ပြန်တွေးကြည့်ရင် အမှတ်ရမယ်ထင်ပါတယ် … ခိုးကူး ခေတ်ဦးက သီချင်းခေါင်းစဉ်မှာ
မြန်မာစာ စလုံးပေါင်းသတ်ပုံ တောင်မမှန်တဲ့ စက္ကူဗူးအပါးလေးထဲက ကော်ဗူးထဲက ခိုးကူးခွေလေးတွေ
တရုတ်ဆိုတာထက် …ဟိုဘက်-သည်ဘက် ကူးလူး ကုန်သွယ်ကြတဲ့ ပွဲစားသာသာ
ကုန်သည် ၀ဲစား လောက်တွေ အဆင့်က တိုင်းပြည်အဆင့် စီးပွား ကဏ္ဍတခုကို ဆွဲချသွားခဲ့တာ
အသည်းတော့ နာစရာ ကောင်းရဲ့ ….
နောက်ပိုင်း ကျတော့ သာမာစီဒီ အလွတ်ဗူး အကြည်နဲ့ … သီချင်းလစ်စ် ကတော့ အဖြူအမဲ ပရင့် ကော်ပီ
ဖြစ်သွားပြီ …(အော်… ခိုးကူးမှာတောင် ကွာလတီ ကျလာတာပြောပါတယ်..)
နောက် တော့ သည့်ထက် ဈေးပေါတဲ့ ကော်ဗူး အပါး ဖြစ်လာတယ် …. ခု သည်ဘက်ခေတ် …(ပိုစ့်-ခိုးကူးခေတ် ..
ဗြောင်ကူး ခေတ် ဖြစ်သွားပြီကိုး) မှာတော့ ပလတ်စတစ် အိတ်ကလေးတွေ နဲ့ …. အော် …. ၇ယ်.. ….
ကာရာအိုခေ ဗီစီဒီ ၂.ဝ
ကဲပါဗျာ ..အနှီ ၂၀၀၂ ကနေ ရှေ့ဆက်တက်ရအောင် … သည်ခေတ် ကိုတော့ ကာရာအိုခေ အလယ်ခေတ်
လို့ ပြောလို့ရတယ် ခင်ဗျ …. နောက်ထပ် နာမည် တပ်ရရင်တော့ အလွမ်း ခေတ် ပေါ့ဗျာ ….။ အော်.. .ဘယ့်နှယ့်
ဗမာတွေများ လွမ်းတတ်လိုက်ကြတာ …။ ဟိုးရှေးရှေးက ကွယ်လွန်သွားရှာတဲ့ အနုပညာရှင်ကြီးတွေကိုလည်းလွမ်း
မနေ့တနေ့က ဆုံးသွားတဲ့ လူကိုလည်း လွမ်း အဲ့ …ယခုပဲ ခေါက်ကနဲဖြစ်သွားရင် ညနေ အိမ်လာပြီး ကျန်ရစ်သူ
မိသားစုကို ပ၇ိုဂျူစာ စကားလာပြောတဲ့အထိ အလွမ်းဓါတ်ခံတွေကောင်းလိုက်ကြတာများပြောပါတယ် …..။
လွမ်းတယ်ဆိုတာကလည်း တယောက်ထဲ လွမ်းနေရင် မမြိုင်ဘူး မလား ..။ အုံနဲ့ ကျင်းနဲ့ ကို လွမ်းကြတာခင်ဗျ
ဟော တခွေ ဟောတခွေ ….အော် ပရိတ်သတ်ခဗျာလည်း .. နှစ်သက်ဖူးတဲ့ သီချင်းအဟောင်းတွေကို လက်ရှိ
နှစ်သက်ရတဲ့ အဆိုရှင် အသစ်ကလေးတွေနဲ့ နယူးဗားရှင်းပြန်ကြားရတော့ … ၀ယ်တယ်ပေါ့ဗျာ …နားထောင်တယ်
ပေါ့…။သည်အချိန်မှာ ခိုးကူးကတော့ ပြည်တွင်း ခိုးကူး ဖြစ်လာပြီ ….။
ဗီစီဒီ ကာရာအိုခေ တွေ ခေတ်ကောင်းနေ သေးတယ်(ခေတ်ကောင်းလို့ ဆက် ဆက် လွမ်းနေကြတာကိုး)
ဆိုတာ အကြောင်းပြချက် ၂ခု ရှိတယ်ဗျ…
(ကျနော် သိသလောက် ပြောတာနော…) တခုကတော့ ပိုက်ဆံတတ်နိုင်တဲ့လူက မူရင်း ၀ယ်ယူအားပေးနေသေးတာ
လမ်းဘေးမှာ ကော်ပီဆင်းဝယ်ရမှာ ရှက်တာပါမယ်ဗျာ ..သိက္ခာ ရှိတာ အ၀ဲယားနက်စ် ရှိတာ ဆဲ့လ်ဖ်
အက်စ်တိမ်း ဖြစ်တာ ပါမယ်ဗျာ …. မူရင်းပဲ ၀ယ်တဲ့ လူတစု အတိုင်းအတာ တခုထိ ရှိနေသေးတဲ့ ကာလ။
ဒုတိယတခုကတော့ ကာရာအိုခေ ယဉ်ကျေးမှုအရ ..ကာရာအိုခေ ဆိုင်တွေကို မူရင်းမ၀ယ်မနေရ ဆိုပြီး
ကိုင်ထားနိုင်တာ ကြောင့်ပါပဲ။ သည်တော့ တပြည်လုံး အနေအထား ကာရာအိုခေ ဆိုင် ပေါင်း ၁သောင်းရှိရင်
အခွေ ၁သောင်းရောင်းရမယ် ပေါ့ဗျာ (အကြမ်းဖျဉ်း..နော့ ..၁ဆိုင် ၁ခွေနှုန်း နဲ့ ဈေးကွက်ဝင် အဆိုတော်
တွေဆိုထားတဲ့ အခွေ ဆိုရင်ပြောပါတယ်…)
စုံစီနဖာ စုပေါင်း စပ်ပေါင်း ခွေတွေ (၉၀%ဟာ စင်တင် တေးဂီတ..) မူရင်း ရည်ရွယ်ချက်ကတော့
ကောင်းပါရဲ့ …Live ရဲ့ အရသာ ကို အလှမ်းဝေးတဲ့ ..နယ်က ပရိတ်သတ်တွေ အတွက် ဆိုတာမျိုးနဲ့
စခဲ့တာ …အဲ့ .. ခက်တာက Live အစစ်မဟုတ်တာပဲ …အသံတွေကို စတူရီယိုမှာ
ပြန်ဆို ပြန်ထပ်ထားတာတွေက အတော်များများ .. …။ သတိထားကြည့်မိရင် တွေ့ပါလိမ့်မယ်…
အရုပ်မှာ အဆိုတော် က မိုက်နဲ့ ခွာလိုက်ပြီ (အသံရှည်ဆက်မဆွဲတော့) ပေမယ့် အသံမှာ
ဆိုသံ ထွက်နေတုန်း ….. ဆိုတာမျိုးတွေပေါ့ …။ အလွမ်းကား ရိုက်ကြရာဝယ် ..
Live လုပ်ရတာလည်း တခြား အကြောင်းပြချက် ကလည်း ရှိသပေါ့ဗျာ ….။ သီချင်း ၁၀ပုဒ်မှာ
၁ပုဒ် ကို မုဒ် တမျိုး ဆိုတော့ အပြင်မှာသာ ဇာတ်လမ်းပမာ ရိုက်ကြမယ်ဆိုရင် (ပီပြင်အောင်
ရိုက်မယ်ဆိုရင်) စရိတ်သိပ်ထောင်းမှာကိုး …. စင်တင် လုပ်လိုက်တော့ …. လူတောင်သွင်းလို့ရသေး..
ဟုတ်တယ်ဟုတ်. …။
သည်တော့ LIVE ဆိုကြသည် ဆိုရာဝယ်… အဆိုတော်တွေဘက်က ရိုက်ကူးရေးပါရင် တဈေး
မပါရင် တဈေး ဆိုတာမျိုးတွေပါလာရပြီလေ. … (ရိုက်ကူးရေးပါရင် ပြန်ဆို ပြန်ထပ်ရသေးတာကိုး
နောက် ခွေထုတ်ရောင်းတဲ့အပေါ်ခံစားခွင့် ..)
အဲ့ ..အခွေသစ်ထုတ်တဲ့ဘက်မှာလည်း ပထမ အော်ဒီယို ဖြန့် …CD ပေါ့ …နောက် အ၀ဲယားနက်စ် လေးရလောက်တဲ့
၃လ-၆လ လောက်အတွင်း ဗီစီဒီ ကာရာအိုခေ ထုတ်…။ စီဒီမှာတော့ ရှုံးတယ် …ကာရာအိုခေမှာ ပြန်စား တယ်
ဆိုတဲ့ ဆိုရိုးလေး ခနတဖြုတ် ခေတ်စား သေးသပေါ့ဗျာ …။
အဆိုပါ အလယ် ခေတ် ကို သုံးသပ်ရရင်ဖြင့် …Production orientiation သိပ်ဆန်လွန်းသွားပြီး …
အနုပညာ မဆန်တော့ဘဲ …ထုတ်ကုန်ဆန်လွန်းသွားတော့ …ပေါပေါပဲပဲ သိပ်ထုတ်လွန်း အားကြီးသွားတော့ …
လူတွေ တန်ဖိုးထားတာ လျော့ကျလာတယ် … မတန်ဘူး ထင်လာကြတယ်. .. ခိုးကူးကလည်း တဖြည်းဖြည်း
လက်တကမ်း ဖြစ်လာတယ်. …. ။ သည်တော့ တဖြည်းဖြည်းချင်း ရောင်းအား ကျလာတယ်ပေါ့ဗျာ….။
သည်တော့ တစ်မိုးလုံး စတူရီယို အောင်း အခွေသစ်အတွက် အသံသွင်း ၊ ပွင့်လင်းရာသီမှာ ရှိုးထွက် ဆိုတဲ့
ဂီတလောက ရေချိန် လွဲလာတယ်ပေါ့ ….။
သည်လိုနဲ့ သည်ဘက်ခေတ် စပွန်စာ ခေတ် ကို ရောက်ခဲ့ပါတော့တယ်…
ကာရာအိုခေ ဗီစီဒီ ၃.ဝ
စပွန်ဆာ ခေတ် က ခုမှ ပေါ်တာတော့မဟုတ်ပါဘူး …. အလယ်ခေတ်မှာကတည်းက ရံခါ
သီချင်းခွေတွေပေါ်မှာ .. သွားတိုက်ဆေးတံဆိပ်လေးတွေ တွေ့ခဲ့ဖူးပါရဲ့…
ဒါပေမယ့် စီးရီး တခွေလုံးရဲ့ theme သဘောမျိုး …အထိ …
အရောင်တွေ … ဒီဇိုင်းတွေ ခနခန တက်တက်လာတဲ့ လိုဂိုတွေ ပါလာတဲ့အထိ ….
ဆောက်လုပ်ရေးဖြစ်ချင်ဖြစ်မယ် …ခေါက်ဆွဲခြောက် ဖြစ်ချင်ဖြစ်မယ် ..နာရီဆိုင်ဖြစ်ချင်ဖြစ်မယ်…
ဟော်တယ် ဖြစ်ချင်ဖြစ်မယ် … ထားပါတော့ဗျာ ….။
ဒါဟာ နောက်ဆုံးလက်ကျန် သိက္ခာထိန်းပြီး မူရင်း အားပေးနေတဲ့ ပ၇ိတ်သတ်ကို စော်ကားရာ
ရောက်တယ် ဆိုတာတော့ ပြောချင်ပါတယ် …။ အနုပညာကို အားပေးချင်တာ ..ကြော်ငြာ ကြည့်
ချင်တာမှ မဟုတ်ဘဲဗျာ …။ ကိုယ်နှစ်သက် အားပေးတဲ့ အနုပညာရှင် ၊ တေးသီချင်း စတာတွေမှာ
ကိုယ် မနှစ်သက်မယ့် (၀ါ) ကိုယ့်ကို target ထားတာ မဟုတ်တဲ့ brand တွေ စွက်ဖက်နေရင်တော့..
အင်း …နည်းနည်း အဆိပ်အတောက် ဖြစ်ပြီဗျ ….။
၎။ ကိုယ်ကျင့်တရား
ကျင့်ဝတ် ဆိုတာဘက်က ပြောရရင် စပွန်စာ ရော ပရိတ်သတ် ဘက်ရော ၂ဖက် ခွတီး
နေတဲ့ပုံ ပေါက်လို့ပါပဲ ….။ ခိုးကူးနှိပ်စက်လို့ ထုတ်လုပ်မှု စရိတ်ကာမိအောင် စပွန်ဆာ
ကိုလက်ခံ ရတယ် ဆိုတာမျိုး ဖြေတာကတော့ တရားနည်းလမ်း မကြဘူးထင့် ….။
ဒါဆို စပွန်ဆာ ဘက်ကိုလည်း သည်လို ပြန်ပြောမှ မျှ တပါလိမ့်မယ် …. ..။
ကိုယ့် ပစ္စည်း အတွက် သီးသန့် တီးခတ် သီဆို ထုတ်လုပ် တာ ကြော်ငြာတာ …
အွန်လိုင်းကနေ ဝေတာ မျိုး …နိုင်ငံတကာမှာလည်း လုပ်ကြပါတယ်… အဲ့ဒါမျိုးလောက်ပဲ
ကောင်းပါတယ် … ပရိတ်သတ်ကို ရောင်းတဲ့ ဂီတ ထုတ်ကုန် တခုခုမှာ ၀င်ရောက် အရောင်စိုးတာမျိုးဟာ
ဘရန်း အ၀ဲယားနက်စ်ရတယ် ဆိုတာ မှန်ပေမယ့် အဲ့သည့်လို လုပ်မှ မုန်းသွားမယ့် မနှစ်မျို့
ဖြစ်သွားမယ့် ပရိတ်သတ်လည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး ..viral marketing မှာ passive ပဲ
ကောင်းပါတယ် ဆြာတို့ ….။
နောက်… ပရိတ်သတ်ဘက်ကို တခုလေး တိုက်တွန်းချင်ပါတယ်…။ Band တခုရဲ့ တူရိယာ တွေဟာ
သိန်း ရာဂဏန်းပါ … အသံဖမ်းပစ္စည်းတွေကလည်း သိန်းရာဂဏန်းပါ …ထုတ်လုပ်မှု စရိတ်ကလည်း
သိန်းရာဂဏန်းကျပါတယ်. .. တီးတဲ့ဆိုတဲ့လူတွေကလည်း ဘ၀တွေကို နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံ
ထားပြီး ထုတ်လုပ်ကြရတာပါ… ။ ဆိုတော့ … မူရင်းအခွေ ၁ခွေ ၂၀၀၀ ကျပ်ခန့် ပါ …။
အခွေတခွေဖြစ်ဖို့ မီဒီယာ ဖြစ်တဲ့ CD အလွတ်နဲ့ အပြင်အဆင် packaging က ၅၀၀ ကျတယ်ဆိုရင်
တခွေ ကို အနုပညာ အသားချည်းအပေါင်း (၁၀ပုဒ်လောက် ဆိုပါတော့ – ပျမ်းမျှ) + ထုတ်လုပ်မှု
+ သယ်ယူပို့ဆောင်မှု + ကြော်ငြာ မားကတ္တင်း စရိတ် အထွေထွေ ပေါင်း ဟာ ၁၅၀၀ကျပ်ပါ …
မူရင်းအခွေ တခွေ အားပေးရင် တပုဒ် ကို ၁၅၀ကျပ် ပဲ ကျတာပါ …။ သည်နောက်မှာ ဘ၀တွေ ပညာရှင်
တွေ ပညာသည်တွေ အများကြီးမှ တကယ့်အများကြီးပါ …။ တပုဒ် ၁၅၀-၂၀၀ လောက် ကိုမှ မသထာ
ကြတော့ဘူးလား ..၊ နောက်တခု ခိုးကူး တခွေ-၃၀၀ကျပ် ဆိုပါစို့ …၁ပုဒ်ဖိုး နဲ့ ၁၀ပုဒ် လိုချင်တာ
တရားပါသလား …။ ဒါဟာ ခိုးယူမှု တခုပဲ မဟုတ်ဘူးလားဗျာ ….။
နာမည်ထုတ်မပြောရက်တဲ့ ဟိုတိုင်ကြီး – ၄ လုံး ကို လက်ညှိုးမထိုးပါနဲ့ဦး …။
၁။ အနုပညာ ။၂ နည်းပညာ ၃။trend ၄။ ကျင့်ဝတ်သိက္ခာ အဆိုပါ ၄ခု အပေါ်မှာမှ
တည်ဆောက်ထားရတဲ့ music industry ဖြစ်ပါတယ်ဗျာ ..။ ဒါကိုမှ အဆိုပါ တိုင်-၄လုံးက
ဝန်းရံ ထောက်ကန်ပေးထားကြတာပါ. .. သည်တော့ အထဲက အချက်-၄ချက် မကောင်းဘဲ ..
(၀ါ) အပြင်က တိုင်(၄)လုံးနဲ့ ကွပ်ညပ်မှ ရမယ် ဆိုတာမျိုးမထင်စေချင်ပါ….။ ထပ်ပြောရရင်
အ၀ဲယားနက်စ်ပါ ။
ရှုပ်ကုန်ပလား မသိ …ဆိုလိုချင်သည်ကို တနည်းအားဖြင့် ထပ်ပြောရလျင် ခိုးကူးဆိုတာ ဈေးကွက်ရှိလို့
ခိုးကူးနေတာပါ …။ ဖမ်းရုံနဲ့ မလုံလောက်ပါ.. အမြစ် မပြတ်နိုင်ပါ …။ ခိုးကူးရဲ့ ဆိုးယုတ်တဲ့သဘော
သဘာဝကို သိနားလည်ပြီး ခိုးကူးဝယ်ရတာ ရှက်မှန်းသိမှ … အနုပညာတရပ်ရဲ့ တန်ဖိုး ၊ပေးဆပ်မှု
ကို သိမှ တယောက်ခြင်းစီ ပြုပြင်မှ ရမယ့် သဘောလို့ ဆိုချင်ပါတယ်…။ (ခိုးကူးနှိမ်နင်းတာလည်း
နှိမ်နင်းရမှာပါ …. )
ဂဏန်းတွေဘက်ကို ပြန်သွားပါမယ် …။ ပေါက်တဲ့အခွေတခွေဟာ လူသန်း-၅၀ကြားမှာ ချပ်ရေ
၁သိန်းလောက် ရောင်းရတယ် ဆိုပါစို့ …(ရည်ညွှန်း ၂၀၀၁) ၊ တကယ်တမ်း မူရင်း ရောင်းအားဟာ
၁သောင်း-၂ သောင်း ကြားမှာ သာရှိပါတယ် …။ ကျန်တာ ခိုးကူးက စားသွားတာပါ ။
ဆိုတော့ ခိုးကူး နှိမ်နင်းမယ် ။ အ၀ဲယားနက်စ် ရှိလာမယ်ဆိုရင်မူရင်းရောင်းအား ချပ်ရေ
၅သောင်း အထိ တက်လာမယ် ဆိုရင်ဖြင့် … ဆိုတဲ့ ဆင်နာရီယိုလေးပါ…။
တခွေ တခွေ ထုတ်လုပ်မှု စရိတ် သိန်း၁၀၀-၂၀၀ လောက်ရှိတယ် ဖတ်ဖူးပါတယ်…
(ကြော်ငြာ အတော်အသင့်ပါ အပြီးပေါ့ဗျာ … နေရာတကာ ဆိုင်းဘုတ်ထောင် လက်ဆောင်
ပေးတဲ့လူတွေတော့ သည်ဈေး မဟုတ်ဘူးပေါ့…)
၁ချပ် ချင်းခွေအလွတ်ဖိုး ထုတ်လုပ်မှုစရိတ်နှုတ်အပြီး ၁၅၀၀ ကျပ် ကျန်ရဲ့ …
ချပ်ရေ ၁သောင်း ရောင်းရတဲ့အချိန်မှာ သိန်း ၁၅၀ ပြန်ရတယ်ဗျာ …
(၆လ အတွင်းလောက် လို့ အစမ်းမ်ရှင်း ယူပါ့မယ်…)
သည်တော့ အရင်း က အရင်းပဲပေါ့ဗျာ …ပေါက်တဲ့အခွေ ပြောတာနော …
ရှုံးလည်း ပါးပါး မြတ်လည်း ပါးပါး ပေါ့ ….။
အဲ …. ဒါကို မူရင်း ရောင်းရ ချပ်ရေ ၅သောင်း အထိ ဆွဲမြှင့်နိုင်မယ် ဆိုရင်တော့
(+၄သောင်း ချပ် ပိုလာ) နောက်ထပ် သိန်း-၆၀၀ ထွက်လာမယ်ဗျ ..
လူပြိန်းတွေးနဲ့ပဲ တွေးပါမယ် …တေးဆို ၊ တေးရေး၊ အတီး၊ အဖမ်း သမားတွေ ပိုရလာမယ်…
ပစ္စည်းကောင်း ပိုသုံးလာနိုင်မယ် ..။ ပို ဖန်တီးချိန် ပိုလေ့လာချိန် ရလာမယ် …(စားဝတ်နေရေးအတွက်
ရှိုးပဲ လှည့်ပတ်ဆိုနေကြရတဲ့ ကြွက်ထောင်ချောက်က ထွက်နိုင်မယ်ပေါ့….။)
ပရိတ်သတ်အတွက်လည်း ပိုကောင်းတဲ့ ပိုပြောင်မြောက်တဲ့ ဖန်တီးမှုတွေ မျှော်လင့်လာနိုင်မယ်ပေါ့ဗျာ…
အဲ့ဒါအားလုံးက ကျနော်တို့ တပုဒ်ကို ၁၅၀-၂၀၀ ကျပ်လောက်ပဲကျမယ့် မူရင်း အားပေးမှု
ကနေစရမှာပါ…။
အရေးအဆို အနုပညာရှင်ကို ကော်ပီကြီးပါကွာ ….။ အတီးသမား အသံဖမ်းသမားတွေကို ကမ္ဘာကျော်တွေနဲ့
ယှဉ်ပြီး ဘယ်သူ့ ကိုတော့ မမီပါဘူးကွာ …ဘယ်ဝါ့လောက်တော့ အဆင့်မရှိပါဘူးကွာ …။
ထုတ်လုပ်ရေး ကို ငါးပွက်ရာ ငါးစာချတဲ့ သူကြီးပါကွာ …။ လုပ်စားကြီးပါကွာ …။
ဟုတ်ကဲ့ အဲ့ဒါလေးတွေ ခနရပ်ပေးပါ….။ ခင်ဗျားရော ကျနော်ရော …ခိုးကူး အားပေးတာ
ကင်းပါသလား …???
ဘယ်သူမဆို အမှားမကင်းပါ …အပြစ်အပြန်အလှန်တင် စွပ်စွဲ တိုက်ခိုက် နေကြတာ အလုပ်မဖြစ်ပါ..။
ပြင်ကြရအောင်ပါ ….။
အနာဂတ် အတွက် ဖြည့်စွက်ချက် (သဂျီး မေးထားဖူးတာလေး)
၁နဲ့ ၂ က ပြည်တွင်းအနေအထား ..ကိုပြောတာနော့..။
- ၁။ သီချင်းဟောင်းများ
လွန်ခဲ့တဲ့ အနှစ်၂၀ က ထွက်ခဲ့တဲ့ သီချင်းတပုဒ်ကို ကျနော်
ဝယ်မယ်ဗျာ ..၁ပုဒ်ထဲ …နားထောင်ချင်လို့ …။ ဘယ်မှာဝယ်ရမလဲဟင်င်င်င်….။
တရားဝင် ၀ယ်နားထောင်ဖို့ …။ ကျနော်ဝယ်နားထောင်တဲ့ သီချင်းရဲ့ တေးရေး အဆိုရှင် အတီးသမား
ထုတ်လုပ်သူ အားလုံး ထိုက်သင့်မျှတအောင် ရဖို့ ဆောင်ရွက်သင့်တယ် ထင်ပါကြောင်း …။
သင့်တင့်မျှတသော ဈေးနှုန်းလည်း ဖြစ်သင့်ပါကြောင်း…
နီးစပ်ရာ အင်တာနက်ဆိုင် တေးသံသွင်း တခုခုမှာ လက်ရွေးစဉ်ရွေးကူး ကြုံသလို နားထောင်နေတာတွေကို
လျှော့ခဖို့ လုပ်သင့်ပါကြောင်း..။
- ၂။ ဆပ္ပလိုင်းချိန်း ..
တခါက အဆိုကျော်ကြီးတယောက် ညည်းတာ ကို ဖတ်ဖူးတာပါ …။ သူ့လိုက်ဗ်ရှိုးကို ခိုးကူးဈေးနဲ့
ရောင်းတယ်ကွာ ဆိုပြီး မကြာသေးတဲ့ နှစ်တွေက စမ်းကြည့်ခဲ့ဖူးသူပါ …. ။သူက တောရွာလေးတစ်ရွာ
ရောက်တော့ ဟိုက လူတွေက ပြောပါတယ် ….။ သူတို့သိပ်နှစ်သက်တဲ့အဆိုတော်မို့ …
ပုံမှန်ဈေး ဆိုရင်တောင် မူရင်းကိုဝယ်ဖို့ အမှန်တကယ် ဆန္ဒရှိပါတယ်တဲ့… မြို့တက်ဝယ်မှ ရနိုင်တာမို့
သူတို့ရွာကို ဆိုင်ကယ်လေးတွေနဲ့လာတဲ့ ခိုးကူး တွေဆီမှာက တိန်တိန်းတိန်းတိန် အစ ချောက်ချက်
အဆုံးပါတာမို့ ….တဲ့ ….။
ဒါလေးကိုလည်းအဖြေ ရှာစေချင်ပါသည်…။
- ၃။ ပြည်ပရောက်ရွှေများ
ပြည်ပမှာ ရွှေဘယ်နှသန်း ရှိသလဲ စာရင်းတွေကပြောပါလိမ့်မယ် ..။ ဒါဟာ ပိုတန်ရှယ်လ် မားကတ်တခုပါ။
လူသန်းချီပါဝင်ပါတယ် …။ ပြည်ပ အလုပ်လုပ်နေသူတွေအဖို့ ..(လုပ်ခ-လစာ-အဆင့်) ကွာနိုင်ပေမယ့်…
သီချင်းတခွေ ၂၀၀၀ကျပ်ကိုတော့ အများစု ၀ယ်နိုင်ပါလိမ့်မယ်…။ သူတို့အတွက် တရားဝင် ၀ယ်ယူ
ရရှိနိုင်မယ့် လမ်းကြောင်း (အွန်လိုင်း ကို) ဖော်ဆောင်သင့်ပါတယ်…။
အမေဇုံမှာတင်မှာလား …အိုင်ကျုံးမှာ တင်မှာလား ..(တချို့တော့ စနေပါပြီ..) သို့သော် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာမျိုးပါ..
သန်းနဲ့ချီတဲ့ ပရိတ်သတ် အတွက် ထောင်ဂဏန်း ရှိမယ့် သီချင်းတွေ တစုတစည်းထဲ ရှိနေမယ်ဆိုရင်ဒါဟာ
ဝင်း-၀င်း ဖြစ်မယ် လို့ ဆိုချင်ပါတယ်..။
အော် …မေ့လို့ …
ပေါက်ခွေတခွေဟာ ..ချပ် ၁သိန်း ရောင်းသင့်တာ ၁သောင်းပဲ ရောင်းရတယ်
၅သောင်းထိ ဆွဲတင်နိုင်ရင် သိန်း၆၀၀ ရလာမယ် ..၆လလောက်အတွင်း
ဆိုတာမျိုး ရေးထားတာကို ဈေးတွက်နဲ့ တလွဲ မတွက်စေချင်ဘူးဗျာ .. ..
သိန်း၂၀၀ ရင်းတဲ့ အခွေ ပေါက်ရင် ၆လအတွင်း သိန်း၆၀၀ အမြတ်ရမယ်
ဒါဆို ငွေတိုး (ဈေးတွက်)နဲ့ တွက်ရင် တလ သိန်း၁၀၀ မြတ်လို့ …
ငွေတိုး ၅၀% (၅၀ကျပ်တိုး) တောင်မြတ်တယ် …ဆိုတာမျိုး အတွေးမမှားစေချင်လို့ပါ…။
သည်အမြတ်ရဲ့ တစိတ်တပိုင်းဟာ တူရိယာ စက္ကရိယာ ထုတ်လုပ်မှု အင်ဖရာတွေဘက်မှာ ပြန်ရင်းရမယ်
ဆိုတာ မမေ့စေချင်ကြောင်းနဲ့ …. ။ ထုတ်သမျှ အခွေတိုင်း ပေါက်မှာ မဟုတ်လို့ (၀ါ) မပေါက်မယ့်
ရှုံးမယ့် အခွေလည်း ရှိမှာမို့ ..သည်ငွေရဲ့ တစိတ်တပိုင်းဟာ ဘာဖာ လုပ်ရမှာ ဖြစ်တယ်ဆိုတာ လေး..
လက်တို့ပါရစေ ….။
ရသင့်ရထိုက်တဲ့ အမြတ် ကြေးငွေမရတဲ့အခါ အင်ဖရာစဉ်ဆက်မပြတ် မဖြည့် နိုင်ရင် ၅-၁၀နှစ်အတွင်း
ချာတူးလန် သွားပါလိမ့်မယ် ….။ ဂီတ နဲ့ အနီးကပ်ဆုံး လောက ကိုကြည့်ပါ …. ။ စက်ပစ္စည်း စုတ်ပြတ်
သတ်တာ တွေ့ရပါလိမ့်မယ်. …။ သည်တိုင်း ဆက်သွားလို့ ဂီတလောကပါ စက်ပစ္စည်းစုတ်ပြတ်သတ်သွားတဲ့
အခါ ……….
Great artists ship ပါ…
အကောင်းဆုံးသော အနုပညာသည်များသည် တင်ပို့ရောင်းချ နိုင်ပါတယ်…
သည်တော့ သူတို့ တင်ပို့ရောင်းချနိုင်ဖို့ အထောက်အကူ အကာအကွယ်ပေးရပါမယ်. ..
သူတို့ကို အားပေးရပါမယ် ….. သူတို့မကောင်းရင် သူတို့ညောင်းပါလိမ့်မယ်…..
အားပေးနေလျက် သောက်တလွဲလုပ်ရင် ငကန်းကို ငဆွေ အစားထိုးလာပါလိမ့်မယ်…
သည် လူမျိုး သည်ဘာသာ အတွက်ဆို …သည်လူမျိုး အနုပညာသည် ဆိုတာ မတိမ်ကော စကောင်းပါ…။
ကျနော်ပြောဖူးပါတယ် ..(ဆဲချင်ကြမလားမသိပါ) မြန်မာပြည်ချမ်းသာတဲ့အခါ ..မြန်မာလူမျိုး
ဆြာဝင် အင်ဂျင်နီယာ တက္ကနစ်ရှင် အတတ်ပညာသယ် အားလုံး နိုင်ငံခြားက အင်ပိုထ့်လုပ်ပီး ခိုင်းစားလို့ သုံးလို့ ရပါတယ်…
မြန်မာလူမျိုး စာပေ ဂီတ ရုပ်ရှင် သဘင် အနုပညာသည် မရှိတော့တဲ့ အခါ …..
ဆိုတာမျိုး တွေးစေချင်တာပါ ….ဘယ်ကမှ အင်ပို့လုပ်လို့မရပါဘူးဗျာ …..
လိုရင်းလား …
အော် …..ဟုတ်ကဲ့ ၁ပုဒ် ၂၀၀ကျပ်ပါဗျာ…
တော်သေးပြီ…။
ခင်တဲ့
ဂီ။
Related posts:






















ခင်ရတဲ့ ဂီရေ
ခိုးကူးလို့ မရအောင် နည်းပညာနဲ့ လုပ်ပြီး
အဆိုတော်တိုင်း အခွေ ထုတ်ကြရင် အဆင်ပြေမယ်ထင်တာပဲ
ဒါပေမယ့် ဈေးချပေးဖို့တော့ လိုမယ်
တန်ဖိုးကြီရင်လည်း ဘယ်သူက ၀ယ်ယူအုံးမှာလဲ
ထင်မိတာပြောတာ
မှားတာရှိလည်း ဆော်ရီး
Was this answer helpful?
LikeDislikeသီချင်းတွေကို ခိုးခွေလဲ မ၀ယ်ဖြစ်ဘူး … မူရင်းအခွေလဲ မ၀ယ်ဖြစ်ဘူး ..
တကယ်ဝယ်ချင်စိတ်ပေါ်လာရင်တော့ မူရင်းခွေကိုပဲ အားပေးပါ့မယ် …
တစ်ပုဒ် ၂၀၀ လောက်တော့ ပေးပျော်ပါတယ် …
software တွေကတော့ တကယ်ကို မ၀ယ်နိုင်လို့ ဒီအတိုင်းပဲ ခိုးသုံးနေရသေးတယ် …
Was this answer helpful?
LikeDislike” သီချင်းတွေကို ခိုးခွေလဲ မ၀ယ်ဖြစ်ဘူး … မူရင်းအခွေလဲ မ၀ယ်ဖြစ်ဘူး ..
တကယ်ဝယ်ချင်စိတ်ပေါ်လာရင်တော့ မူရင်းခွေကိုပဲ အားပေးပါ့မယ် …
တစ်ပုဒ် ၂၀၀ လောက်ကတော့ ပေးပျော်ပါတယ် …
software တွေကတော့ တကယ်ကို မ၀ယ်နိုင်လို့ ဒီအတိုင်းပဲ ခိုးသုံးနေရသေးတယ် … ”
မှန်ပါတယ် အဘ လည်း မ Wei Wei ပြောခဲ့သလိုပါပဲ ။
သီချင်းခွေကိုတော့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်ဆိုရင်
မူရင်းဝယ် အားပေးပါတယ် ။
နာမည်တောင် မသိတဲ့ ၊ အဘ အားမပေးဖြစ်တဲ့အနုပညာရှင်တွေရဲ့
အခွေတွေကိုတော့ အဘတောင် ဝယ်စရာ မလိုပါ ။
အိမ်က Maid လေးတွေ ဝယ်ထားတဲ့ Pirate ခွေတွေကို
သူတို့ဆီက ခဏ ငှားပြီး Run Through ရစ်ကြည့်လိုက်ပါတယ် ။
သီချင်း တစ်ပုဒ်တောင် ဆုံးအောင် ကြည့်ခဲပါတယ် ။
ခေတ်ကြီး ဘာဖြစ်နေသလဲ သိရရုံ တစ်ချက် နှစ်ချက် လှမ်းကြည့် တာပါ ။
အဲဒီတော့ မြန်မာ သီချင်းခွေ ကိစ္စမှာတော့ သီလ သိပ်မကျိုးဘူး ပြောရမယ် ။
ပြဿနာက နိုင်ငံခြား Software ခွေ ကိစ္စမှာ ရှိတာ ။
နိုင်ငံခြားမှာတော့ Window 7 OS ကို ဝယ်သုံးခဲ့ပေမယ့် ၊
မြန်မာပြည်မှာ ဒေါ်လာ လေးငါး ရာ ပေးပြီး
Microsoft Office ကို ဝယ်သုံးဖို့ကိုတော့ လက်တွန့်နေမိတယ် ။
မြန်မာပြည်မှာက တစ်တိုင်းပြည်လုံးက Computer တွေကလဲ ခိုးနေတာပါပဲလေ ။
ဘယ်သူကမှလည်း ဖမ်းတာ ဆီးတာ ကလည်း မရှိဘူး မဟုတ်လာ ။
အဲဒါနှင့်ပဲ ကြီးမိုက် သူခိုးကြီး ဘဝကို ရောက်ရတာပါပဲ ။
ဒီ ခွေးမသား Microsoft ကလည်း တစ်နှစ်ပြီး တစ်နှစ် Version တွေ ခဏ ခဏ ပြောင်း ၊
Model တွေ အသစ် အသစ် ထွက်တာလည်းပါတယ်ဗျ ။
Model ငြိမ်ရင်တော့လည်း Original Software ဝယ်ဖြစ်မှာပေါ့ဗျာ ။
Was this answer helpful?
LikeDislikeမြို့မှာလည်း သီချင်းခွေတွေ ဗွီစီဒီခွေတွေလိုချင်ရင် ခိုးကူးခွေက လမ်းထိပ်တိုင်းမှာ ရှိတယ်။

မူရင်းခွေဆိုရင် ဘယ်မှာ ၀ယ်ရမယ်မှန်းတောင် မသိဘူး။
လက်မှတ်ထိုးပြီး ဖြန့်ချီတဲ့ နေရာလည်း မသွားနိုင်ဘူး။
လူအများကြီးကြားထဲလည်း မတိုးနိုင်ဘူး။
နောက်တစ်ခုက ခိုးကူးခွေလည်း ထစ်တာပဲ။
မူရင်းခွေလည်း ထစ်တာပဲ။
မူရင်းခွေဆိုရင် ခိုးကူးခွေနဲ့ ကွာလတီမှာလည်း ထူးခြားကောင်းမွန်အောင် ထိန်းသင့်တယ်ထင်တယ်။
တော်ပါသေးရဲ့ ခွေတွေကြည့်တာ ၀ါသနာ မပါလို့ မ၀ယ်ဖြစ်သလောက်မို့
မောင်ဂီပြောမှပဲ-ကိုယ်ချင်းစာဖို့ အသိအမြင်တွေ ရလာတယ်။
နောက်ဆိုရင်တော့ ခိုးကူးခွေ မ၀ယ်ဖြစ်အောင် ကြိုးစားရတော့မယ်။
Was this answer helpful?
LikeDislikeတပုဒ်၂၀၀တဲ့လား
တပုဒ်ထဲနားထောင်တာမှမဟုတ်တာမောင်ရယ်
တခွေလုံးဆို၂၀၀၀ဖြစ်ရော
သာမန်လက်လုပ်လက်စားလည်းလူပဲလေသူလည်းခံစားချင်တာပ
ဒါပေသိသူရတဲ့နေ့စားခနဲ့တခွေ၂၀၀၀၀ယ်ပြီးအားပေးလိုက်ရင်သူ့အိမ်က
အိမ်သားတွေရေသောက်ဗိုက်မှောက်နေရမှာပေါ့
သီချင်းဖန်တီးသူတွေဘက်ကလည်းမှန်တယ်
ခိုးကူးဝယ်အာပေးသူတွေဘက်ကလည်းမှန်တယ်မပြောနိုင်ပေမဲ့ဒါပဲတတ်နိုင်တာလေ
အဲတော့တခွေ ၂၀၀၀ နဲ့ ချပ်ရေ ၁၀၀၀၀ မှန်းရောင်းပြီးအရင်းကျေမှတ်တွက်နေမယ့်အစား
တခွေ၇၀၀ လောက်နဲ့ အချပ်ရေ ၃၀၀၀၀လောက်မှန်းရောင်းမယ်ဆို
ခိုးကူးခွေဈေးနဲ့မကွာတော့ရင်…
Was this answer helpful?
LikeDislikeအန်ကယ်ကြီးပြောတာ ကို လဲ ထောက်ခံပါတယ်။
ဝင်းဝင်း ဖြစ်ဖို့ စဉ်းစားလေ ခိုးတာတွေ၊ မသမာမှုတွေ နဲလေဖြစ်မှာပါ။
Was this answer helpful?
LikeDislikeအော် …. ရယ်…. ၇၀၀ တဲ့လားကွယ်. ..
အခွေဖိုး ကာဗာဖိုး …၅၀၀ နှုတ်ရင် ၂၀၀ကျန်မယ်..
၁ပုဒ် ၂၀ကျပ် တဲ့လား …
တမိသားလုံး ရေသောက်ဗိုက်မှောက်နေပြီး အားပေးရမတဲ့လားဗျာ…
နည်းနည်းလေး ကြိုးစား ရှင်းကြည့်မယ်နော …
အဆိုပါ အခြေခံ လူတန်းစားတောင်….။
ဂီတ ဆိုတာ …စား-၀တ်-နေ ရေးထဲမပါဘူး..။
သူက ဇိမ်ခံပစ္စည်း …။ သည်တော့ မ၀ယ်နိုင်ရင် မခံစားနဲ့
ခိုးတော့ မခိုး နဲ့ လို့ပြောရင် ရိုင်းရာ ကျမလား….
မကျပါဝူးဗျာ ….အကုသိုလ်ဖြစ်မှာ စိုးလို့ပြောတာပါ …။
ပရိုဂျူဆာတယောက် ပြောတာ ဖတ်ဖူးရဲ့….။
၂၀၀၈လောက်က … ဘာတဲ့ ..ကြေးအိုး၁ပွဲ ၂၀၀၀ခေတ်မှာ
အခွေ၁ချပ် ၁၈၀၀ကျပ်လောက်နဲ့ ရောင်းတာ ဈေးမများပါဘူးဆိုတာ…
တွက်ကြည့်မယ်နော…ကြေးအိုး ၁ပွဲ ဒန်ပေါက်၁ပွဲ ..အင်း …။
သုတ္တန်လေး ၁ပုဒ်ပါဗျာ …ဆိုက္ကားသမား ၄ယောက်ဂိတ် ထိုးတဲ့
ဂိတ်မှာ အပတ်စဉ်အင်္ဂါ-သောကြာ တိုင်း ထွက်တဲ့ နာမည်ကျော်ဘောဂျာနယ်
၂စောင်ကို ၁ယောက်ဝယ် ကျန်လူဝိုင်းဖတ် စနစ်နဲ့ အားပေးကြသတဲ့ ..(အလှည့်နဲ့ပေါ့..)
ဂျာနယ်၁စောင် ၅၀၀ကျပ်ဗျာ …တပါတ် ၁ထောင် တလ ၄ထောင်
လူတယောက် ကို တလ၁ထောင် ကျတယ်ဗျာ …။ ဘောသတင်း အန်တာတိန်းမန့်အတွက်ပဲနော…
မိသားစု ရှိတဲ့ ဆိုက္ကားသမား တယောက်ဟာ သူ့ တကိုယ်တော် ဖျော်ဖြေရေးအတွက်
၁လ ၁ထောင် သုံးနိုင်တယ် ဆိုချင်တာ ..
၁ချပ်ဝယ် တစ်မိသားလုံး ကြည့်လို့-နားထောင်လို့ရမယ့် ဂီတ အတွက်ကျ ၁လ တခွေ
မ၀ယ်နိုင်ဘူးလားဗျာ …မိသားစု၎-ယောက် ရှိရင် တယောက် ၅၀၀ ပဲ ကျမှာနော….။
အနှီ ဂိတ်က ဆိုက္ကားဆြာ ၄ယောက် တလ-တလ မှာ မတူညီတဲ့ အခွေ ၄ခွေ
မူရင်း ၀ယ်ပီး အားပေးမယ် ဆိုရင် (အချင်းချင်း ပြန်ရှဲပြီး ကြည့်လိုက်ကြဦး )
သည်အဆင့်က အော် ..သူလည်း နားထောင်ချင်ရှာမပေါ့လေ ဆိုပီး ခွင့်လွှတ်လို့ရသေးရဲ့ မဟုတ်လားဗျာ
ခုဟာက သူများဟာ ခိုးတာကို ရှက်ရကောင်းမှန်းမသိတာ…မို့ပါ…။
ကဲနောက် တဆင့်တက်ကြည့်ကြစို့ …။ တလ-တလ ၀င်ငွေ ၁သိန်းလောက် ရှိမယ့် လူတန်းစား ကို
စောစော က ပြောသလို ကြေးအိုး-ဒန်ပေါက် တော့ တလတပွဲစီလောက် စားနိုင်ကြတဲ့ လူတန်းစားပါနော..
ရည်းစားလေး ဘာလေးနဲ့ တလ ကို တကြိမ်လောက်လည်း ရုပ်ရှင်လေးသွားကြည့်မယ် ..ပန်းခြံလေးဘာလေး
သွားနိုင်မယ် ဆိုပါစို့ရဲ့ ….။သည်လူတွေ အော်ရီဂျင်နယ် ခွေ တလ ၁ခွေ-၂ခွေ လောက် ၀ယ်နိုင်ကြပါတယ်ဗျာ…
နည်းနည်းထပ် တက်ကြည့်မယ်…မိသားစုလိုက် ဘာဘီကျူးတို့ ဟော့ပေါ့တို့ ၁လ ကို၁ကြိမ်စီလောက်
စားသောက်ဆိုင် သွားစားနိုင်တဲ့လူတန်းစား … (တွက်မပြတော့ဘူးနော…)
မ၀ယ်နိုင်လောက်အောင် ဈေးများနေလို့မဟုတ်ဘူးဆိုတာ သေချာကြောင်း ပြောချင်တာပါ…။
တပုဒ် ၂၀၀ တော့ လုပ်ဗျာ …
စကားမစပ် ငယ်ငယ်က ကြည့်ခဲ့တဲ့ ဗီဒီယို (၁၉၉၀လောက်ကထင့်) ..
ဘုန်းကြီး ၀တ်သွားတဲ့မင်းသားကြီး ရိုက်ခဲ့တဲ့ ရှားပါး အခြောက်ကား ဘာတဲ့ …
ခေါင်းစဉ်က တပုဒ်-၅ကျပ် ၃ပုဒ်၁၀ တဲ့
အဲ့ဒါ အဲ့သည့်ခေတ်က .လျောက်သီးဆေးပြား ရောင်းတဲ့ အခြောက် သီချင်းဆိုပြရင်ရတဲ့ ဈေးဗျ…
အဟမ်း …သည်ဘက်ခေတ် လမ်းဘေးဝါးဆစ်ပိတ် သူတောင်းစား တွေ့ရင်တောင် ၅၀-၁၀၀စွန့်ကျဲတယ်
မဟုတ်လားဗျာ ….။ (အောင်မငီး ..စိတ်ထိခယက်ရပြန်ပီ …)
Was this answer helpful?
LikeDislikeI appreciate your effort for ETHIC. it’s smart !!!
I will try to get it , my word.
but for some software…… i think … i still…..
Was this answer helpful?
LikeDislikePooch ရေ – Software Piracy ကိစ္စကတော့ တော်ရုံဖြေရှင်းနိုင်ဦးမယ် မထင်။ မြန်မာပြည် က ဝင်ငွေ နဲ့ ယှဉ်လိုက်ရင် Software ဈေးတွေ က အတော်ကြီးတာကိုး။
ဒါပေမဲ့ ဟိုနေ့ က ကြောင်ဝတုတ်လေး ရေးသွားတဲ့ Post လေးလို Open Source Software တွေ လိုက်ရှာပြီး သုံးနိုင်ရင်တော့ ကောင်းတာပေါ့။
သမီးစဉ်းစားတာလေး ကို က fair ဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeဒီကိစ္စကလဲ ကမ္ဘာ အဝှမ်း ဖြစ်နေတဲ့ ပြဿနာပါဘဲ။ဥပဒေ တင်းကြပ် လွန်းတဲ့ တိုင်းပြည် တွေမှာတောင် ဒါကို မနိုင်မနင်း ဖြစ်ဆဲ ဆိုတော့ ဘာဥပဒေမှ တရားဝင် တင်းတင်းကြပ်ကြပ် မရှိတဲ့ မြန်မာပြည် မှာ တော့ ပိုဆိုးပေါ့။
လူတွေက တန်ရာတန်ကြေး ပေးဖို့ထက် ဈေးသက်သာတာရှာတတ်ကြ တာ သဘာဝလို ဖြစ်နေတော့တာမဟုတ်လား။
အမှန်တော့ Sharing Vs Stealing ကို စီစစ်သင့်ပြီ။
ဒီလို စနစ်တကျ စိတ်ရှည်စွာ အသေအချာ ရှင်းပြထားပေးသော Post လေးအတွက် ကျေးကျေးပါရှင်။
အရီးတော် က တော့ မြန်မာပြည် က ခိုးကူး စီဒီ တော့ မဝယ်ဘူးဘူး။
အင်တာနက်ထဲ က တော့ ကိုယ်ကြိုက်တဲ့ သီချင်းအဟောင်း တွေ ဒေါင်းလုပ်ဆွဲ ဘူးတယ်။
အခုကာလ အဆိုတော်တွေ ကိုတော့ သိလဲမသိ၊ နားထောင်ချင်စိတ် လဲ မရှိ၍ စိတ်မဝင်စားပါ။
ကိုယ့်မူလလက်ဟောင်း ကြီးတွေ ကိုလဲ မမှီ ဘူး ထင်လို့ ပါ။
လက်ရှိ ကာလ တွင်လဲ တစ်ခါတစ်ခါ စိတ်ကူးရရင် “ဟိုးကထဲ က ဝယ်ထားတဲ့ သီချင်းအကောင်းစား တိတ်ခွေ” များကို “ကက်ဆက်ကြီး” ဖြင့် နားထောင် နေဆဲ ရှိပါသေးကြောင်း။
မယုံမရှိပါနှင့်။
ဒါထက် နောက်ဆုံးမှာ ဘာလို့ သူ့ ပုံ ကို ထည့်ရပြန်တာလဲ။
အေးအေးဆေးဆေး နေပါစေဟယ်။
လာလာ “ဆွ” သလားမမေးနဲ့။
ဒါထက် စကားကို မတင်းစပ် –
သူကြီး … ဗျို့ …. သူကြီး … ဒီထဲမှာ…. ။ သူကြီး ကို အုပ်ထားတယ်ဗျို့။
~~~ ငါးပွက်ရာ ငါးစာချတဲ့ သူကြီးပါကွာ …။ လုပ်စားကြီးပါကွာ …။ ~~~~
(မြူဇိကယ် ဘန်းကြီး ရဲ့ အောက် နားမှာ)
တဲ့။
နောက် သူကြီး ဒါ့ပုံ (ဟက်ဖုန်း ကြီး တပ်ထား ပြီး လက်သီးထိုး ဖို့ လုပ်နေတာ) ကိုလဲ ” ကော်ပီရိုက်” ရှိရက် နဲ့ ” ကော်ပီလက်” လုပ်ပြီး ယူသုံးထားတယ်။
Was this answer helpful?
LikeDislikeသူ့ပုံက တမင်ထည့်ထားတာလေ အရီးလတ်ရဲ့ ….
ကမ္ဘာ့ပထမဆုံး အွန်လိုင်းကနေ သီချင်းတွေကို တရားဝင်ဒေါင်းလုပ်ချ
(ထုတ်လုပ်သူ -အနုပညာရှင်လည်း အမှန်တကယ် ခံစားခွင့်ရတဲ့)
နည်းလမ်းကို ကမ္ဘာကို ချပြသွားတဲ့လူမို့ ထည့်ရတာပါ….။
အယ်လ်ဘမ်လိုက် ၀ယ်မလား တပုဒ်ချင်း နှစ်သက်ရာရွေးဝယ်မလား
အကုန်ရမယ် …အယ်လ်ဘမ်အသစ် ဟာ အယ်လ်ဘမ်အသစ်ဈေး
သီချင်းအသစ်ဈေးပေမယ့် သီချင်းအဟောင်းတွေဟာ (၁ဒေါ်လာအောက်ဈေး)
နဲ့ ၁ပုဒ်ချင်းရောင်းပေးနိုင်တော့ ….လွန်ခဲ့သော နိုင်တီးဂွိုင်တီးက အဆိုရှင်
အသိုးကြီးတွေလည်း ရွှေထီးဆောင်းခဲ့စဉ်က သီချင်းတွေကို ပရိတ်သတ်
အဟောင်းတွေ ပြန်ဝယ်ကြ ပြန်အားပေးကြတာနဲ့ပဲ အကျိုးအမြတ်တွေဖြစ်…
ပိတ်သတ်တွေအတွက်လည်း ….ပြန်နားထောင်ရ … အဆင်တွေပြေ….
ထုတ်လုပ်တဲ့ ရက်ကော့ဒ် လေဘယ်လ်တွေကလည်း စီးပွားရေးအရ
တွက်ခြေကိုက်…. ၀င်း-၀င်း-၀င်း…..
Was this answer helpful?
LikeDislikeကဲ …. ဒီတော့ သူ့အကြောင်း ပြောရပြန်ပြီ မဟုတ်လား။
ဒီတော့ အရီး က သူ့ကို မွှန်းတာ မလွန်န်န်န်န်န်န်န်န်န်။
ခင်တဲ့
စတိဗ်လတ်
Was this answer helpful?
LikeDislikeဂီဂီ ရေ။
ကိုယ်ကတော့ ထူးအိမ်သင် ဆိုရင် မူရင်း စီဒီတွေပဲ ၀ယ်ပါတယ်။
သူ့အနုပညာကို လေးစားလို့ပါ။
အခုနောက်ပိုင်း ကိုယ် MP3 ပဲ နားထောင်ဖြစ်နေတော့
မြန်မာ သီချင်းတွေဆိုရင် Myanmar MP3 Album ဆိုက်ကနေ
ဒေါင်းလုဒ်ဆွဲပြီး နားထောင်ပါတယ်။
အဲဒီဆိုက် က စီးရီးအသစ်တွေကိုလည်း စီးရီးလိုက်
ဒေါင်းလို့ ရပါတယ်။
တစ်ပုဒ် ၂၀၀ ကျပ်လောက်ပဲ ကျပေမယ့်
တစ်ပုဒ်ချင်း ၂၀၀ နဲ့ ၀ယ်နားထောင်လို့ မရတာ ဆိုးပါတယ်။
အရောင်းထိုင်းပစ္စည်းတွေနဲ့ တွဲရောင်းနေတော့
စီးရီးလိုက်ကြီး တစ်ခွေကို ၂၀၀၀ လောက်နဲ့ ၀ယ်နေရတာပါ။
အဲဒီတော့ တစ်ပုဒ်ချင်း ရောင်းတဲ့ ဆိုင်လေးတွေ ဖွင့်ပေးကြမှာလား ဟင်င်င်င်
Was this answer helpful?
LikeDislikeအလွန်စိုးရိမ်ဖွယ်ရာ အခြေအနေပါပဲ။ ဂီပြောသလို ယဉ်ကျေးမှုနဲ့အနုပညာ ကိစ္စ ကိုယ်ပိုင် ခေတ်ပြိုင်တွေ မရှိတော့တာ ဝမ်းနည်းစရာ ဆိုတာထက် လူတွေအားလုံးခန်းခြောက်သွားကြမယ်။ သီချင်းတွေမရှိတော့ရင် ဘာဆက်ဖြစ်မလဲမသိဘူး။ မြန်မာ ၀တ္ထုကောင်းကောင်းတွေ၊မြန်မာရုပ်ရှင်ကားကောင်းကောင်းတွေ ဒီနေ့ခေတ်ကို ထင်ဟပ်ပြီး ထွက်မလာတော့ လူ့အဖွဲ့အစည်းဟာ အတွေးတိမ်တိမ်လူသားတွေပိုများလာတယ်။ ရိုင်းစိုင်းကြမ်းတမ်းလားပြီး စကားတွေပြောပုံဆိုပုံ တလွဲတွေများလာကြပြီ။ အဲဒါတွေရဲ့နောက်ဆက်တွဲ အခု တို့ရွှေပြည်ကြီးက မခမ်းနားတော့ဘူး။ ပြဿနာက လူတွေရဲ့ဝင်ငွေ-အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဥပဒေ စည်းကမ်းလျော့လျဲနေမှု။ လူတန်းစားပျက်စီးမှု၊ဖန်တီးသူတွေအလွယ်လိုက်မှု၊ကြိုစားမှုအားလျော့လာမှု (ကြက်ဥ-ကြက်မ)။
Was this answer helpful?
LikeDislikeဂီဂီ
အရင်ဆုံး ပို့စ် လေးကို သဘောကျကြောင်း ၊ အယူအဆတွေကို ထောက်ခံကြောင်းပြောခွင့်ပြုပါ
စကားလုံးအသစ်တွေကို ထွင်တဲ့နေရာမှာလဲ ဒီရွာထဲ ဂီဂီကို မှီတဲ့သူ မရှိလို့ထင်ပါတယ်၊ မြန်မာပြည်မှာ လွတ်နေတဲ့ နေရာအချို့ အတွက် မျှော်လင့်စရာလူတစ်ယောက်ဖြစ်လဲ မြင်မိတယ်
ပို့စ် က ပြသာနာကြီး ပြေလည်ဘို့ကတော့ စားပွဲဝိုင်း တစ်ခုက ထောက်တိုင်တွေလိုပဲ ၀င်ငွေ၊ ကိုယ်ကျင့်သိက္ခာ၊ အလွယ်ဝယ်ယူရရှိမှု( ဖြန့်ချီရေး) ၊ အရည်အသွေး ၊ ဥပဒေစိုးမိုးမှု၊ ………အားလုံး တပြိုင်တည်း ပြေလည်ဘို့ လိုမယ်လို့ ထင်ကြောင်းပါ
Was this answer helpful?
LikeDislikeဟံမာငီး
ကြက်သီးထထှာ ချင်…
လွတ်နေတဲ့နေရာ တချို့တဲ့ ….
ရက်စက်ထှာ … လက်တလော လွတ်နေတဲ့ နေရာတချို့ကတော့…
အင်း နှစ်ဆန်းက မှ လွတ်သွားတဲ့နေရာဒွေဘဲချိတာ သိသိဂျီးနဲ့…
တော်ဘာဘီလေ. .စိတ်ထိခယက်တွားဘီ …
Was this answer helpful?
LikeDislikeသီချင်းတွေကိုonline နေ၀ယ်ဘို့ဆိုတာ ခရက်ဒစ်ကတ်ရှိမှဖြစ်မှာလေ…။ ဒါကအလွယ်မှမရှိတာဘယ်လိုလုပ်ဝယ်မလဲ။ နောက်နိုင်ငံခြားမှာက မြန်မာဆိုင်တွေက ကော်ပီဘဲရောင်းတာ..တချို့သီချင်းလေးတွေကောင်းလို့ မူရင်းအားပေးချင်သော်လည်းမူရင်းမရ…ပြီးတော့ခုနောက်ပိုင်းသီချင်းတွေက ကိုယ်တွေနားနဲ့ခံစားလို့မရ..ဆိုတော့ကာ…ရင်လေးပါတယ်…..
Was this answer helpful?
LikeDislikeသများ …မှားမှန်း သိပါဘီ သဂျီး ..
စတစ်ကီဂျီး ဖြုတ်ပေးပါချင့် ….
နောက်နောင်ဘယ်တော့မှ ..ဒါမျိုး မဟုတ်တမ်းတရားတွေ
မရေးတော့ဝူးလို့ အာမခံပါတယ်ချင့် …
ခင်တဲ့…
ဂီ…
Was this answer helpful?
LikeDislikeဒီစာတွေ လေဒီခိုင်က.. သတင်းစာထဲတောင်ထည့်ခိုင်းတာ..။
.. သတင်းစာကလည်း.. မနေ့ကတင်အပြီးသတ်ဖြစ်တယ်..။
မမှီလိုက်ဖူး..။
ဆိုတော့… ဒီစာတွေကြောင့်..
အနည်းဆုံးတော့.. ဒို့ရွာသူားတွေ.. ခိုးကူးခွေဝယ်ရင်.. “ရှက်စိတ်” ဖြစ်မယ်ထင်တာပါပဲ..။
Was this answer helpful?
LikeDislikeအော်… ရယ် ….
မူပိုင်ရှင် မဂျီး မမ ခိုင် တောင် ဆွဲထည့်လိုက်သေး ……။
ဟိုစကားလေး …ပြေးသတိရရဲ့ …..
ဦးစီးမှူးက ၁၀၀ အုပ်ချုပ်တယ်. ..အဲ့ … ဦးစီးမှူးကတော်က ၁၀၁ ယောက်အုပ်ချုပ်တယ်…
ဆိုတဲ့ …. ၀န်ထမ်းလောက က စကားလေး ….
ခွိခွိ…..
သည်လိုပါသဂျီးရာ ….
ထိပ်ကပ်တာ မကပ်တာ သများက ဖီးလင် မထားဘာဘူး ….
သို့ပေသည့်
သဂျီးက ထိပ် ကော်နဲ့ သုတ်ပီး အဖက်မလုပ်တာကို …စိတ်ထိခယက်တာပါ….
စဂါးအတင်းစပ် …
အန်တီခိုင့် ညလေး က ချော လားဟင်င်င်င်..
Was this answer helpful?
LikeDislikeငဇာဂီရေ
ငါကိုယ်တိုင်က သောက်ရှက်မရှိ လမ်းဘေးခိုးကူးခွေတွေဝယ်ယူနေမှတော့…
ငါကိုယ်တိုင်က သောက်ရှက်မရှိ ပျံကျ Software တွေကို ၀ယ်ယူ အားပေးနေမိမှတော့….
နင့်ပို့ စ် စတက်ကတည်းက သောက်ရှက်မရှိ ၆၃ မကျတဲ့ ဆင်ခြေတွေနဲ့  ၀င်မမန်းရဲခဲ့ပါပါဘူး
ခုတော့ မန်းပြီ……တစ်ပုဒ် ၂၀၀ တန်တွေကို External Drive ထဲမှာ အပြည့် ခိုးပြီးတဲ့နောက်မှာပေါ့ ….
Was this answer helpful?
LikeDislikeဟယ် …. အော်ရယ် …..
အော်သာရယ်လိုက်ပါဟယ်။ တကယ်ကြီးကို စိတ်အထိခိုက်ပါနဲ့။
မဟုတ်တမ်းတရား ဆိုတာ တလုပ်ဖမ်းကုလား ထက်သာပါတယ်။
သူကြီးကလဲ အမိန့်ဖီဆန်နိုင်ကြောင်း အသားလွတ်ဝင်ကြွား တာကို
ညီမတော်ခိုင်မမ ရေ့
နဲနဲပါးပါး ပညာပေးလိုက်ပါဦး ။
ခွန်ခွန် ရဲ့ ညင်ညင်သာသာ ရိုးသားစွာကိုဝန်ခံပုံလေးကို လဲ ၄စားလိုက်ပါဘိတတ်။
(BTW …. အဲဒီ ၂၀၀တန်တွေ ဘယ်မှာ ရတာလဲ ဆိုတာ ပြောပါဦး)
အဆုံးတော့ …. မောထှာ။
ဒါပေသည့် ဒါလေးကို ဖတ်လိုက်ပါဦး။ တို့တွေရဲ့ Role Model ကြီးရဲ့ အဆုံးအမလေး။
Your time is limited, so don’t waste it living someone else’s life.
Don’t be trapped by dogma – which is living with the results of other people’s thinking. Don’t let the noise of others’ opinions drown out your own inner voice.
And most important, have the courage to follow your heart and intuition.
Steve Jobs
ခင်မင်စွာဖြင့်
အရီးတော်
Was this answer helpful?
LikeDislikeဆြာခွင်ခွင်…
ဆော့ဖ၀ဲယား နဲ့ ပြည်တွင်းမူးဇီး မရောစေချင်ဘူးဗျာ..
ကျနော်တို့ခွဲပြောရအောင် နော…
ဆော့ဖ၀ဲယားက ပြည်ပဗန်ဒါ တွေဆီကဗျာ…..
ကျုပ်တို့ ခိုးတယ်ပဲ ဆိုကြစို့ရဲ့ ….ဒင်းတို့ မမွဲသွားဘူးဗျ…
ိ
နောက် ၁၀၀%ပြည့် ခိုးမှုတောင် မြောက်တယ် မဆိုနိုင်သေးဘူးဗျာ….။
ကျုပ်တို့ လူမျိုးဒွေကို ဒင်းတို့က ဆားဗစ်ပေးတာမဟုတ်သလို
ကောလ်စင်တာတွေဘာတွေ ပရော်ဘလမ်ရှုတင်းကို ကျုပ်တို့ဘာသာနဲ့ ထားပေးတာတွေ
ဘာတွေ လုပ်ပေးတာလည်း မရှိ….။
နောက်တခု ရီဂျင်နယ်လ် လိုင်စင် တို့ ….ဖဲယားယူ့စ် တို့လည်း ချထားပေးတာမဟုတ်ဘူး..
ဆင်းရဲတဲ့တိုင်းပြည်တွေကို ဒေသတွင်းသုံးအနေနဲ့ သက်ညှာသောအားဖြင့်…
သင့်တင့်တဲ့ လိုင်စင်ဈေးနဲ့ ရောင်းပေးတာကိုဆိုလိုတာပါ….
ဥပမာ ….၀င်းဒိုးစ်ဟာ သောင်းဂဏန်းဖြစ်သွားရင် ကျုပ်တို့ ၀ယ်သုံးနိုင်ကြမှာပါဗျာ…
နောက်နှစ် ကော်ပီရွိုက်ဖြစ်ရင် ၀င်းဒိုးအိတ် မြန်မာစာနဲ့ ထွက်မယ်ဆိုရင်
ရှေ့က ဟာတွေ ပြန်လှန် ချာ့ဂ်ျ လုပ်မှာ မဟုတ်တော့လောက်ဘူး ဆိုတာရယ်…
ဆန်ရှင်ရုတ်ရင် ..အနှီ ထောက်ထားငဲ့ညှာမှုလေးတွေနဲ့ ….လူတိုင်း တက္ကနော်လော်ဂျစ်ကယ်
ဒီဗိုက် ကို ချုံ့နိုင်လောက်အောင် အကူအညီရနိုင်ကောင်းရဲ့ ဆိုတော့ ဆော့ဖ်ဝဲခိုးကူး ကိစ္စကို
ကျုပ်ဖြင့် မရှက်တာ ..မပူတာ အမှန် …..(ကျုပ်ကတော့ နောက်ဘွကျမှ …အဒိုဘီ ခြံထဲမှာ ခွေးလေး
ကြောင်လေး သွားဖြစ်တာပေါ့ …)
အဲ့ ….ပြည်တွင်း ဂီတလောက ခိုးကူးတော့ စိတ်ပူမိတာ အမှန်…
ကျုပ်တို့လူမျိုး အချင်းချင်းလေဗျာ ….ကျုပ်တို့ ခိုးရင်… သူတို့ မွဲမယ်…သူတို့မွဲရင်…
သူတို့ ထွက်မယ်. ..ဆြာလင်းဝေ ပြောသလို တန်ဖိုးရှိ အဆင့်မြင့် အနုပညာတွေ တဖြည်းဖြည်း
တိမ်ကောလာမှာ အမှန်….ကျုပ်တို့ တွေ( နောက်လူ) next generation တွေ တိမ် တိမ်လာမှာ အမှန်…
ကျုပ်လေ ….ဂီတနဲ့ ရွှေရင်ရှုပ်နဲ့တောင် တွဲမရေးဘူးရယ်.. .ဘာလို့လဲဆို ၃ရက်နဲ့၁ကား
ဆိုတာမျိုး လုပ်စားနေတဲ့ ရွှေရင်ရှုပ် ထက် ဂီတသမားတွေက ပိုပီး အနုပညာ သမား ပီသတယ် ခံစားရလို့ပါဗျ
ဟိုဘက် မှာ ကျုပ်မန့်ထားပါတယ်…ထိပ်တန်း ဘန်းတွေက ကိုယ့်စားရိတ်နဲ့ကိုယ်
ကမ္ဘာကျော်တွေ ကိုင်တဲ့ လစ်မစ်တက်အက်ဒီရှင် မော်ဒယ်လ်တွေ ၀ယ်တီးပီး ပိတ်သတ်ကို
ပေးဆပ်ပါတယ်ဗျာ …..အတီးသမား အသံဖမ်းသမားတွေအတော်များများ ….
ကော်ပီပင်ဖန်တီးဦး …တီးတဲ့နေရာမှာ မတူတူအောင် အပြင် သုံးတဲ့ ပစ္စည်း ကုန်ကျစရိတ်မှာလည်း …
အကုန်အကျခံ ဖန်တီးပါတယ်ဗျာ ….
အတော်အတန် အသံကောင်းတဲ့ ခတ်လတ်လတ် ဂစ်တာတလုံး အစိမ်း ၅၀၀လောက်ပေးရင်ရရဲ့….
၂၀၀၀ကျော်ပေးပီး ဘာလို့ စတိဗိုင်း ဂစ်တာဝယ်ကိုင်မလဲ ပေါလ်ဂစ်ဘတ် ဂစ်တာဝယ်ကိုင်မလဲ……
အ..လို့ န..လို့ မှမဟုတ်တာဗျာ …ပေးဆပ်နေကြတာပါ…..။
ရွှေရင်ရှုပ်မှာလို စကားသံတွေ မကြားရ ….မင်းသားမင်းသမီး ကလွဲရင် ဇာတ်ပို့တွေ…မ၀တ်နိုင်မစားနိုင်
တုန်ခြင်းမှုန်ခြင်း သီးခံ ဘာညာ ….ဂီတလောကမှာ မရှိသေးဘူးဗျ…..။ ဒါကြောင့် သူတို့ဘက်ကရေးကြည့်တာပါ
သည်တော့ အချုပ် ပြောရရင်
ထွက်တဲ့ လူတွေထွက် မထွက်ဘဲ ကျန်ခဲ့တဲ့လူတွေ ၃ရက်နဲ့ ၁ကား ထုံးနှလုံးမူကြရင်ဖြင့် …
ကြာလေ စုတ်လေ ဖြစ်မှာမို့ ….. တပုဒ် ၂၀၀ကျပ် တောင်းကြည့်ရခြင်း ဖြစ်ပါတယ်..ဗျ…
ကျနော် ဂီတလောကသား မဟုတ်ပါဘူး ….ကိုယ့်ထမင်းကိုယ်စားပီး ရှေ့နေလိုက်နေတာပါ…
အကယ်၍ ကျနော် ဂီတလောကသား ..ဟုတ်သည်ထားဦး … ကိုယ့်လောကသားတွေ မတရားခံနေရတာ
ခိုးခံနေရတာကို ကာကွယ်ခွင့် တောင်းဆိုခွင့် ရှိသေးရဲ့ မဟုတ်လားဗျာ …..။
သည်တော့ ကျနော် ဂီတလောကက ဟုတ်ဟုတ် မဟုတ်ဟုတ်က အရေးမပါဘာဘူး ….
အရေးပါတာက …. ခိုးလား …ခိုးရင် ရှက်ပါ… နောက်မလုပ်နဲ့ ..လုံးဝမစွန့်လွှတ်နိုင်သေးရင်တောင် နည်းနည်း
ဆင်ခြင်ပါ….။ ဆင်းရဲတယ် ဆင်းရဲတယ်နဲ့ …သဂျီး မရှိဝူးပြောတဲ့ ငရဲပြည်မှာ ပါ့စ်ပို့အနီလေးဒွေချည်းဘဲ
တန်းစီနေမယ် ဆိုတော့မှ .. … အမှန်တကယ်ဂျီး စိတ်ထိခယက်ရမှာ …..
ကော်ပီကူးတာတော့ ဟုတ်ပါဘီ …ကော်ပီ ဆိုနေတီးနေတဲ့ ဆြာသမားများကိုလည်း ပြောချင်ပါရဲ့…
ကိုယ့်ဆြာတို့လည်း လျော့ကြပါ…. မလျော့ရင် ငရဲပြည်မှာ ပြန်တွေ့တဲ့အခါ …ကော်ပီ ဆြာ တို့နဲ့ ကော်ပီ ပိတ်သတ်ကြီး
လိုက်ဗ်ရှိုး လုပ်ကြတာပေါ့ …..ပျော်ဇယာဂျီးနော….။
အစည်းအရုံးဘက်က လူဂျီးမင်းများလည်း …တခုလေး သတိချပ်ပါ…
နောက်နှစ် ကော်ပီရွိုက်လာလို့ရှိရင် …..ကိုယ်ကတော့ ဘယ်သူ့ဆီကမှ ခိုးလို့ရမယ် မထင်ပါ…
(ကိုယ့်ဆြာတို့ ဗယ်နီလာ အိုက်စ် ကိစ္စ သိရဲ့မလား ….ဟေးဟေး…)
ကိုယ့်ဂျင်းကိုယ့်ဂျင်း …ခိုးလို့ …. ဟိုဆြာကတုံးပြောသလို …ပုရွက်ဆိတ်ကလေးတွေ အမှုန်ဖြစ်သွားတဲ့
တရားလေးကိုနာပီး …. ထွက်ရပ်လမ်းတခုခု ရှာထားကြပါ. ……
ပုံ
ဗမာတယောက်
Was this answer helpful?
LikeDislikeဈေးချပြီး ခိုးကူးတွေကို လိုက်ဖိုက်တာ အခုအချိန်မှာ အသင့်တော်ဆုံးဖြစ်မယ်ထင်တယ်။ အမြတ်နဲသွားရင် ခိုးကူးသမားတွေ လိုင်းပြောင်းသွားလိမ့်မယ်။ သူတို့မှာလည်း လိုင်းကြေးပေးရသေးတယ် မဟုတ်လား။ သိပ်မကျန်တော့ရင် မပေးနိုင်မကမ်းနိုင်တော့၊ ဒါဆိုရင် ဖမ်းဆီးရတာ ပိုလွယ်လာမယ်။ တခုရှိတာ အပြင်ငွေချေးအတိုးနှုန်းက သိပ်မြင့်နေရင် ထုတ်လုပ်မှုစရိတ်ကို သွားထိခိုက်တယ်။ ငွေရှင်ဆိုတာ အလုပ်တခုမလုပ်ခင် အပြင်ငွေချေးနှုန်းနဲ့ ချိန်တွက်နေတာ။ opportunity cost ပေါ့နော်။ အဲဒီနှုန်းများနေရင် ပရောဂျက်ကနေ ပြန်ရမဲ့ အမြတ်သည် စွန့်စားရမှုနဲ့ထပ်ဆင့်ပေါင်းလိုက်တဲ့အခါ ထုတ်လုပ်မှုစရိတ် သိပ်များသွားပြီ။ ဒါနဲ့ပဲ ဈေးမချနိုင်…ဂျာအေးသူ့အမေရိုက်တော့တယ်။ ရှုထောင့်တခုကနေ တင်ပြတာပါ။ မကြိုက်ရင် ကိုင်မကြည့်ပါနဲ့။ ကိုင်ပြီးသွားရင်လည်း မုန့်ဖိုးလေးတော့ ပေးပါ။
Was this answer helpful?
LikeDislikeမပြောရဲတော့ဘူး …. မပြောရဲတော့ဘူး…။ ခိုးကူးလာ မူရင်းလားတော့မသိဘူး လ္ဘက်ရည်ဆိုင်က ဖွင့်ပြတာကြည့်တယ်…။ ကိုယ်ပိုင်တော့ပိုက်ဆံမရှိလို့ မ၀ယ်ဘူး..။ မင်မိုရီစတစ်ထဲမှာ MP3 တွေ ထည့်ထားတာတော့ရှိတယ်…။ ပြိးတော့ ebook တွေ ဒါလည်း မူပိုင်းကြေးပေးပြီးယူထားတာမဟုတ်ဘူး ဆိုတော့ ခိုးထားတာပဲ…။ အဲဒိလိုမှမခိုးလည်း တော အရပ်မှာ ဖတ်စရာမရှိ နားထောင်စရာမရှိနဲ့ ဆိုတော့ ကာ…. သများလည်း ထိုနည်၎င်း ထိုနည်း၎င်း………….
Was this answer helpful?
LikeDislikeဂီရေ ဒီကိစ္စကို ကျနော်2010 ကတည်းက ပြောဘူးပါတယ်။
အခုကျနော်ရေးခဲ့တဲပိုစ်လေးတင်ပေးလိုက်ပါတယ်
မန်းလေးတိုင်းဂျာနယ်မှာလဲပုံနှိပ်ပြီးသား.
တစ်ယောက်နဲ့တစ်ယောက် ပုံချနေမယ့်အစား ……………..
ဖတ်ပြိးမှပြောတော့ကွာ။
“ဂီတဆို ဒီကကြောက်ပါပြီ”
ကျွန်တော်ကအလုပ် အားတဲ့အချိန်လေးဆိုရင် ကိုယ်.အိမ်မှာ သီချင်းဆိုပြီး အိမ်နီးနားချင်းတွေကို အသံနဲ့နှိပ်စက်တတ်ပါတယ်။
သူများ အဖို့တော့မသိဘူး ကိုယ်ဆိုတဲ့အသံကို တော့ လန်းတယ်ထင်တာဘဲလေ။
တစ်ရက် အိမ်မှာ သီချင်းဆိုကောင်းနေတုန်း အိမ်တံခါးဝမှာ မိုးပြာရောင်ဝတ်စုံ ၀တ်ထားတဲ့ လူနှစ်ယောက်ကိုတွေ့တော့
“ဘယ်သူနဲ.တွေ.ချင်ပါသလဲ”လို.မေးလိုက်ပါတယ်။
” ကျွန်တော်တို. အနုပညာ ထိန်းသိမ်းရေးအဖွဲ.ကပါ “လို.လေးလေးစားစားဖြေပါတယ်။
” ကဲ ကျွန်တော်က ဘာများဆောင်ရွက်ပေးရမလဲ “လို.မေးလိုက်တော.
” အခု အကိုစက်ထဲမှာ ထည်.ပြီးဆိုနေတဲ.သီချင်းခွေလေးကို ခဏလောက်ကြည်.ပါရစေခင်ဗျာ”လို.
ယဉ်ယဉ်ကျေးကျေးလေး ပြောတော. ကျွန်တော်လဲ “၀င်ခဲ.ပါ “လို.ဖိတ်လိုက်ရပါတယ်။
သူတို.လဲ အိမ်ထဲကိုရောက်ရော စက်ထဲက အခွေလေးကိုထုတ်ပြီး သူတို.ကိုပေးလိုက်ပါတယ်။
သူတို.က ကျွန်တော်ပေးတဲ.ခွေကို သူတို.အိတ်ထဲက ကိရိယာသေးသေးလေးနဲ.ထုတ်ပြီး ဘာတွေစမ်းသလဲတော.မသိဘူး
စမ်းနေရင်း နှစ်ယောက်သားလဲတိုးတိုး တိုးတိုးနဲ.ဘာတွေတိုင်ပင် မှန်းမသိ ပြောနေကြပါတယ်။
သူတို.နှစ်ယောက်တိုင်ပင်လို.၀ပြီဆိုတော.မှ ” အကိုရဲ.မှတ်ပုံတင်လေးခဏလောက် “လို.ဆိုပြီးတောင်းပါတယ်။
မှတ်ပုံတင်ကိုလည်းသူ.လက်ထဲရောက်ရော ကောင်လေးတစ်ယောက်က
“အကိုမှတ်ပုံတင်ကို ခဏသိမ်းသွားပါမယ် နက်ဖြန်မနက်မှာ အနုပညာ ရုံးတော်ကိုလာပြီး အစစ်ခံပါ “လို.ပြောပါတယ်။
ကျွန်တော်က “ဘာကြောင်.လဲကွာ “လို.မေးလိုက်တဲ.အခါမှာ
“အကို.ခွေက တရားမ၀င်ဘူး ၊ခိုးကူးခွေဖြစ်နေတယ်”လို.ပြန်ပြောပါတယ်။
ကျွန်တော်က “ငါ.ကောင်ရ ငါက တရားဝင် နံမည်တပ်ပြီးဖွင်.ထားတဲ. မြို.လယ်ခေါင်က ဆိုင်မှာဝယ်တာလေကွာ”လို.ပြောလိုက်တော.။
” အကိုရေ ဒါတော.ကျွန်တော်လည်းမသိဘူးဗျ ကျွန်တော်.စစ်ကြည်.တာတော. လိုအပ်တဲ.အချက်အလက်တွေမပြည်.စုံရင် ခိုးကူးခွေလို.သတ်မှတ်ရပါတယ်ခင်ဗျာ
နက်ဖြန်မနက် 10နာရီလောက်ကို အကိုရုံးကိုလာခဲ.ပါ”လို.ပြောပြီးရေးပေးသွားတဲ.ဖြတ်ပိုင်းလေး ပေါ်က ရက်စွဲကိုဖတ်ကြည်.လိုက်တော. (2-2-2222) ပါတဲ.ခင်ဗျာ။
သူတို.ပြန်သွားမှ ဟိုအဆိုတော်ကောင်မလေး ပြောတာကိုနားမထောင်ခဲ.မိတာကို နောင်တရမိပါတယ်။
သူက မြန်မာသီချင်းကို ဘိုသံခပ်သြောသြောနဲ.ဆိုလည်းဆို ဖက်ရှင်လဲ အသစ်ထွင်တတ်တဲ.သူပါ။
သူရဲ. ပါဖော.မင်.တွေက ဆန်းလဲဆန်း လန်းလဲလန်းပါတယ်ခင်ဗျာ။
သူပြောတာက ခိုးကူးခွေတွေကိုအားပေးတာ အကုသိုလ်လုပ်တာနဲ.အတူတူပါတဲ.ခင်ဗျာ။
နောက် မမ တစ်ယောက်ကလဲ “သူခိုးခွေ”တွေလို.ခပ်မိုက်မိုက်လေးဘဲအင်တာဗျူးတစ်ခှုမှာအားပေးတာကို ဖတ်လိုက်ရပါတယ်။သူတို.လေးတွေက စေတနာနဲ.ပြောနေ
ဒီလောက်သတိပေးနေတာကိုနားမထောင်မိတာကိုက ကျွန်တော်မျိုးကြီးရဲ.အမှားပါ။
ခံပေါ.ဗျာ။
ဒါနဲ.ဘဲနောက်နေ.မနက် အနုပညာရုံးတော်ကိုလည်းရောက်ရော စုံစမ်းရန်ဆိုတဲ.နေရာမှာ ၀င်မေးလိုက်တော.
ကျွန်တော် အစစ်ခံရမယ်. အခန်းကို ပါ ဖော်ပြထားတဲ. စာရွက်လေးပေးပါတယ်။
ဒါနဲ.သူတို.ပြောတဲ.အခန်းကို မေးပြီး အခန်းရှေ.ရောက်တော. “ခဏစောင်.ပါ အလှည်.ရောက်ရင်ခေါ်မယ်”လို.ပြောပါတယ်။
လူကတော်တော်များတာပဲ အစကတော. ရှက်လဲရှက် အားလဲငယ်တာပေါ.။
ဒီလဲရောက်တော. သိပ်မရှက်တော.ဘူး ကိုယ်လိုသူလိုလူတွေအများကြီးဘဲဥစ္စာ။
မမြင်ဘူးတဲ.သူရော သိသလိုလိုလူရော အပြင်မှာ မမြင်ဘူးပေမဲ. စာစောင်တွေ မဂ္ဂဇင်းတွေမှာ မြင်ဘူးတဲ.သူရော
ခွေတွေထဲမှာ မြင်ဘူးတဲ.သူရော စုံလို.ပါဗျာ။
ဒါနဲ.ချထားတဲ.ခုံတန်းပေါ်ထိုင်ရင်းနံရံမှာ ချိတ်ထားတဲ. တီဗွီဖန်သားပြင်မှာ စာတွေ ပေါ်ပေါ်လာတာငေးကြည်.နေတုန်း ကျွန်တော်.ဘေးနားမှာ ထိုင်နေတဲ. ခပ်၀၀ ကတုံးကေနဲ. ဆေးပြင်းလိပ်ကြီးကိုခဲထားတဲ. လူကြီးက အဲဒါ တိုင်ကြားထားတဲ. အမှု.တွေပေါ.လို. ပြောပါတယ်။
ဒါနဲ.ကျွန်တော်လည်းပျင်းပျင်းရှိတာနဲ.လိုက်ဖတ်နေလိုက်တော. ………………………………….။
စာပေ ဆိုင်ရာစာသား သုံးစွဲမူ.များ လို. ဆိုတဲ.စာတန်းနောက်မှာ ဒီဟာတွေပေါ်လာပါတယ်။
(1) ” ငရဲသစ်ငုတ်ဖြစ်စေ ” (ပုဂံခေတ် )( သက္ကရာဇ်492ခန်.) ၀တ္တုအမည်ယူသုံးထားသည်။
(2) “ရွှေနှင်.ယိုးမှားပန်းစကား “( သက္ကရာဇ်500ခန်.) ၀တ္တုအမည်ယူသုံးထားသည်။
(3) “ပန်းမင်းလွတ်စံ “( သက္ကရာဇ်1200ခန်.)(မူရင်းပိုင်ရှင် ဦးကြင်ဥ) ၀တ္တုအမည်ယူသုံးထားသည်။
4) “နေခြည်ဖြာမှနွေး “( သက္ကရာဇ်1125ခန်.)(မူရင်းပိုင်ရှင် လက်သဲသုန္ဒရ) ၀တ္တုအမည်ယူသုံးထားသည်။
(5) “လေရူးသုန်သုန်”( သက္ကရာဇ်1181ခန်.)(မူရင်းပိုင်ရှင် မင်းသိင်္ဂါ) ၀တ္တုအမည်ယူသုံးထားသည်။
(6) “ငြိုးမာန်ဖွဲ.”( သက္ကရာဇ်1225ခန်.)(မူရင်းပိုင်ရှင်လှိုင်ထိပ်ခေါင်တင်) ၀တ္တုအမည်ယူသုံးထားသည်။
(7) “စံအိုင်ကိုစိန်နဲ.မွှမ်းပါမယ်”( သက္ကရာဇ်1181ခန်.)(မူရင်းပိုင်ရှင်ခင်ဆုံ) ၀တ္တုအမည်ကိုနည်းနည်းပြောင်းသုံးထားသည်။(စံအိမ်ကိုစိန်နဲ့မွှမ်းပါမယ်)
ဆိုတဲ.စာတန်း တွေ ပေါ်လာပါတယ်။
နောက် ခဏမှိတ်တုတ်မှိတ်တုတ်မီးလေး လင်းလာပြီး စာတန်းအသစ်တွေပေါ်လာပြန်ပါတယ်။
ဂီတ ဆိုင်ရာ စာသား သုံ့းစွဲမူ.များ ဆိုတဲ.အောက်မှာ စာတန်းတွေထပ်ပေါ်လာပြန်ပါတယ်။
*မူရင်းပိုင်ရှင်(အနန္တသူရိယ)(သက္ကရာဇ် 536ခန်. ) ရေပွက်ပမာ
*မူရင်းပိုင်ရှင် (ရှင်မဟာရဌသာရ)(သက္ကရာဇ် 845ခန်. )
(1) ၀ဏပဘာ တပုဒ်လုံး သီချင်းအဖြစ်ဖန်တီးထားသည်။
(2)မျက်တောင်ကော.သေး စုတ်ဖြင်.ရေးသို.။(3) မိုးသူဇာ(4)လှခေါင်မိုး
(5) ရယ်ရွင်ပြုံးတုံ. မပြုံးတုံ.(6)ပြစ်မျိုးလွတ်(87)ရွှေရင် ဖုံးတုံ.မဖုံးတုံ.(8)နှမလက်လျော.နေလေတော.။
*မူရင်းပိုင်ရှင် (နန်းတွင်းမိညို)(သက္ကရာဇ် 913ခန်. ) ရေညိုရစ်သန်း
*မူရင်းပိုင်ရှင် (န၀ဒေး)(သက္ကရာဇ်920ခန်. ) ရွှေရင်သိမ်းသစ် မြနှစ်အရောင်စည်းကြက်တောင်နှင်.
*မူရင်းပိုင်ရှင် (နတ်ရှင်နောင်)(သက္ကရာဇ်972ခန်. ) တင်.လှပေဟန်
တိမ်စွန်လေလျှင် အစချီ တစ်ပိုဒ်လုံး ယူသူံးထားသည်။
*မူရင်းပိုင်ရှင် (ရှင်ငြိမ်းမယ်)(သက္ကရာဇ်972ခန်. ) (1)ချစ်တဲ.သူငယ်လေ။ (2)အသဲကနာ (3) မပန်သာသည်
(4)သူငယ်ချင်းကောင်းယောင်းမတို.လေ။
*မူရင်းပိုင်ရှင် (ပဒေသရာဇာ )(သက္ကရာဇ်1060ခန်. ) ထန်းတက်သမား တပုဒ်လုံး
*မူရင်းပိုင်ရှင် (စိန္တကျော်သူဦးသြ)(သက္ကရာဇ်1114ခန်. ) (1) လေချိုသွေး (2) န၀ရတ်ကိုးသွယ်
*မူရင်းပိုင်ရှင် (လက်ဝဲသုန္ဒရ)(သက္ကရာဇ်1114ခန်. ) (1) မဲဇာတောင်ခြေ စီးထွေ ထွေ (2) ပွဲခါညောင်ရေ
(3)ရွှေလည်ဆွဲချင်ရှာလိမ်.မယ် (4) ဆယ်ကျော်သက် ကြင်ဖက်အတူ
*မူရင်းပိုင်ရှင် (မိဘုရား ရှင်မင်း)(သက္ကရာဇ်1136ခန်. ) (1) သနားရေးယူကယ်တော်မူ
*မူရင်းပိုင်ရှင် (ခင်ဆုံ)(သက္ကရာဇ်1181ခန်. ) (1) မျှော်လင်.တုန်းကြော.ဆုံးလာလိမ်.မယ်
(2) တိမ်ပြာမိလ္လာ
*မူရင်းပိုင်ရှင်( ဦးရွှန်း)(သက္ကရာဇ1181ခန်. ) (1) မာဃနတ်ရှင်ဖန်စီရင်
*မူရင်းပိုင်ရှင် (ဦးကြင်ဥ)(သက္ကရာဇ်1180ခန်. ) (1) မိန်ရာသီ တပုဒ်လုံး
(2)ဖြေမနိုင်ရေဆိုင်ဝဲသို. (3) သဲနောက်ကျူ ဗျာပွေ (4) လွမ်းရန်ပွားစည် (5) မျောက်က ကြိုးခွေ ဒေါင်းကအိုးဝေ
*မူရင်းပိုင်ရှင် (ဦးကြီး)(သက္ကရာဇ်1201ခန်. ) (1) ဘယ်မြို.ပုံသာချင်သောရယ် နဲ.(2) ရွှေမိုးညို (3)ရွှေလိပ်ပြာ ရွှင်စေမယ်
*မူရင်းပိုင်ရှင် (ဦးကြော.)(သက္ကရာဇ်1214ခန်. ) (1) စုံနံ.သာမြိုင်
(2)နုသားတော် ၀ါဝါ ညက်ကယ် ရူ.စားသော် ခါခါမက်ဘွယ်
(3) ပိတောက်ရွှေဝါ (သို.)မဟုတ် လတန်ခူး တပုဒ်လုံး
*မူရင်းပိုင်ရှင် (ရွှေတိုက်စိုးဦးတိုး )(သက္ကရာဇ်1143ခန်. ) (1) ဘုန်းနှင်.ကံနှင်. ရွှေသဇင် တပုဒ်လုံး
*မူရင်းပိုင်ရှင် (မဟာ အတုလမင်းကြီး)(သက္ကရာဇ1180ခန်. ) (1) ရာသီမိဿ(2) စိတြကြယ်(3)ကြက်ညီနောင်
*မူရင်းပိုင်ရှင် (မြ၀တီမင်းကြီးဦးစ)(သက္ကရာဇ်1181ခန်. ) (1) သာဆန်းရဂုံဗွေ တပုဒ်လုံး။(2)ညှင်းလေသွေးတယ်
*မူရင်းပိုင်ရှင် (ပြင်စည်မင်းသားကြီး )(သက္ကရာဇ်1181ခန်. ) (1) ပန်းမြိုင်လယ်
*မူရင်းပိုင်ရှင် (ဦးပုည)(သက္ကရာဇ်1225ခန်. ) (1)တူတူပုန်း တပုဒ်လုံးမှ စာသားနှင်. အတွေးအခေါ်များ
(2) ကြယ်ဓူဝံ မြေခတော. (3) တမာပင်ခေါင်ဖျား ကြက်ဟင်းခါးသီး
*မူရင်းပိုင်ရှင် (အချုပ်တန်းဆရာဖေ )(သက္ကရာဇ်1225ခန်. ) (1)အောက်မေ.တိုင်းမျက်ရည်လည်
*မူရင်းပိုင်ရှင် (လှိုင်ထိပ်ခေါင်တင် )(သက္ကရာဇ်1225ခန်. ) (1) မြိုင်တသန်.မှာ (2)ခါတော်မီ (3)ရွက်သစ်လောင်း
(4) နွေဂိမ္မာန် (5) မယ်ခုမျှော် 3ချက်စည်တော် (6)`ညဉ်ရုံတော် အချေပျက်အောင်လ
(7) နာဂဆဒ္ဒါန် တပုဒ်လုံး ယူသုံး (8)ဖူးပွေ.လက်တင် တပုဒ်လုံးယူသုံး (9) စိန်ခြူးကြာညောင် တပုဒ်လုံးယူသုံး
(10)ငြီးမာန်ဖွဲ. (11) ရုံးညာသက်ပိုင်(12)မချစ်ပြင်ပြင် (14)ချစ်ရင် အကျိုး (15)နွဲ.ယိမ်းနွဲ.ယိုင်
*မူရင်းပိုင်ရှင် (နေမျိုးကျော်ခေါင် )(သက္ကရာဇ်1241ခန်. ) (1) နိတုံရွှေ
*မူရင်းပိုင်ရှင် (ဦးကြော.သမီး)(သက္ကရာဇ1240ခန်. ) (1) ကမ္ဘာမီး ဗျာကြီးသူ (2)ကွက်မလယ်
(3)မေ.ကွက်ကိုရှာ နေ.ရက်ကြာသာကြာတော.
နောက်ခဏနေတော. အင်္ဂလိပ်စာတန်းတွေပေါ်လာပြန်တယ် ဒါပေမဲ.ကျွန်တော်ဆက်မဖတ်နိုင်တော.ပါဘူး။
ခေါင်းတွေတောင်မူးနောက်လာတယ်။
ဘေးနားက ဆေးပြင်းလိပ်နဲ.လူဝကြီးက
“ဒါနိုင်ငံခြားကကောင်တွေက မြန်မာပြည်ကကောင်တွေကို တိုင်ထားတာ “လို့ပြောပါတယ်။
ကျွန်တော်လဲ သူတို.ကို မေးချင်တဲ.မေးခွန်းလေးတွေက ခေါင်းထဲမှာ ပလုံစီလာပါတယ်။
ဒါနဲ.ဘဲ ဘေးနားက ဆေးပြင်းလိပ်ဆရာကြီးကို ဒီလိုမေးလိုက်ပါတယ်။
မှန်ပါတယ် ကျွန်တော်တို. က လမ်းဘေးကရောင်းတဲ.ဆိုင်က ၀ယ်ပါတယ် တရားမ၀င်ပါဘူး လက်ခံပါတယ်။
မူရင်းဆိုတဲ. အခွေတွေကို တတ်နိုင်သလောက် ၀ယ်ဘူးပါတယ် ချို.ယွင်းချက် ရှိရင် ပြန်လဲမပေးပါဘူး။
ရောင်းတဲ.ဆိုင်ကလဲတာဝန်လုံးဝမယူပါဘူး လာတဲ.အတိုင်းပါတဲ.ခင်ဗျာ။
ဝယ်တဲ.သူမှာ ပလုံပါဘဲ။
(1)ဒီလိုကိစ္စမျိုးကို မူရင်း ခွေဝယ်မယ်ဆိုရင် ဘယ်သူ တာဝန်ယူ ဖြေရှင်းပေးပါမလဲ ?
(2) ကျွန်တော် က မူရင်းခွေကို ၀ယ်ပါပြီတဲ. အဲဒီခွေထဲမှာ ပါတဲ. သီချင်းတွေကို ခွင်.မတောင်းတာတို.
ုပိုက်ဆံမပေးဘဲ ဆိုထားတာတို.ကိုတွေ.ရင် ဟို အဆိုတော် မမလေး မမကြီးကြီးတို.ပြောသလို ကျွန်တော်တို.
ဂီတချစ်သူ တွေရော သူခိုးအားပေးသူစာရင်းထဲမှာ ပါမှာလား ခင်ဗျာ ?
(3) အထက်မှာ ဖော်ပြထားတဲ. တွေ.ရသလောက် ထဲမှာကို မြန်မာပြည်ဖြစ် ၀တ္တုနာမယ်တွေ သီချင်းထဲက စာသားတွေမှာ ရှေးက စာဆိုတွေရဲ.စကားလုံးတွေကို ခပ်တည်တည်ယူသုံးထားတာရော သဘောတူကြောင်း
ခွင်.ပြုမိန်.တွေ ဘယ်သူဆီကများယူထားပါသလဲ။
ူယူသုံးထားတဲ. စကားလုံးပိုင်ရှင်တွေ သက်ရှိထင်ရှားမရှိလို.ဆိုပြီး ကွယ်လွန်သူများကို ရည်စူးလို.သူတို.အတွက်
ကောင်းမူ.ကုသိုလ် ဘယ်နှစ်ခါများလုပ်ပေးခဲ.ဘူးပါသလဲ ?
(4) တကယ်လို.များနိုင်ငံခြား သံစဉ်ပိုင်ရှင်များက ကော်ပီရေးစားနေတဲ.ဆရာများဆီ မူပိုင်ကြေးလာတောင်းရင်
နားထောင်မိတဲ.ကျွန်တော်တို.ကရော သူခိုးအားပေးသူဆိုပြီး အမူ.ထဲမှာ ပါအုံးမှာလား ?
လို.မေးလိုက်ပါတယ် နောက်ဆက်ပြီးတော.
ကျွန်တော်ဖြစ်စေချင်တာကတော . ကျွန်တော်တို.က တတ်နိုင်ရင်မူရင်းဘဲအားပေးချင်ပါတယ်
ခိုးကူးခွေကိုနဲ.က သိပ်ပြီးတော.ဈေးကသိပ်ကွာလွန်းနေပါတယ် ။
ဒီတော. ထုတ်လုပ်သူ အဆိုတော် တေးရေး တီးဝိုင်းဆရာတွေက အခုလို တစ်ခါသုံး
စနစ်နဲ.ပုဒ်ပြတ်မယူဘဲ ရာခိုင်နှုန်းစံနစ်နဲ. ယူရင် ထုတ်လုပ်စရိတ်သက်သာသွားမလား (ကိုယ်. ဖန်တီးတာ ကို ကိုယ် ယုံကြည်တယ်ဆိုရင်ပေါ.လေ)လို.မေးနေတုန်းရှိသေးတယ် ဒီလောက်ရှာရှည်တဲ.ကောင်ဆော်ကွာဆိုပြီး အသံရဲ.နောက်မှာ
အုံးအုံးကြွက်ကြွက်နဲ လူအုပ်ကြီးကိုရိပ်ခနဲမြင်လိုက်ရုံရှိသေးတယ် ကျွန်တော်လည်း ကြယ်တွေလတွေမြင်လိုက်ရသလို
လူလဲ လေဟာနယ်ထဲကို ရောက်သွားသလို ဟာကနဲဖြစ်သွားပါတယ်။
အော် တကယ်တမ်းကျတော. ကျွန်တော် စာစောင်ထဲပါတဲ. ဂီတ သတင်းကိုဖတ်ရင်းအိမ်မက်မက်သွားတာပါခင်ဗျာ
မြန်.မာ ဂီတလောကမှာ သိပ်ကျေးဇူးသိတတ်တဲ. ကလေးတစ်ယောက်တွေ.ဘူးပါတယ်။
လေနူအေး ဆိုတဲ.စာလုံးလေးကို သုံးလို. အသုံးပြုခပေးတာပါတဲ.။
ဒါပေမဲ. ပေးသူနဲ. ရေးသူ ဘာတော်သလဲဆိုတာကိုတော. မေးကြည်.စေလိုပါတယ်။
ခိုးကူးခွေ ကိစ္စကတော. ၀ယ်သူတွေကို အပြစ်တင်မဲ.အစား မြို.လည်ခေါင်မှာ ပေါ်တင်ဖွင်.ရောင်းလို.ရနေတာကို အရင်ရှင်းမလား ထုတ်လုပ်သူတွေက စရိတ်ကို မလိုအပ်ဘဲ မသုံးဘဲနဲ. (ဖန်တီးသူတွေကလည်း လျှော.လျှော.ပေါ.ပေါ.
လုပ်လို. ) ဈေးနည်းနည်းနဲ.ရောင်း တစ်ခုချင်းအပေါ်အမြတ်နည်းနည်း.ယူပြီး အရေအတွက်အပေါ်မှာ အမြတ်ယူရင်တော. ခိုးကူးခွေပျောက်နိုင်တယ်လို.ထင်ပါတယ်။
ဒါပေမဲ. နာမယ်မရှိတဲ. လူမကြိုက်တဲ.အဆိုတော်မှ ဒါမျိုးလုပ်မယ်ဆိုရင်မအောင်မြင်နိုပ်ပါဘူး။
လောလောဆယ် တော. ဖြစ်နေတဲ.ဆရာသမားများ စမ်းကြည်.လိုက်ပါလို တိုက်တွန်းချင်ပါတယ်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
25-3-2011 vol(4) no15 မန်းလေးတိုင်းဂျာနယ်မှာပုံနှိပ်ပြီး။
ဒါပေမယ့် ဘာမှ ထူးခြားမ မလာပါဘူး။
Was this answer helpful?
LikeDislikeမူပိုင်ခွင့်က… သက်တန်းရှိပါတယ်.. ဆရာပေါက်ရယ်…။
အကြမ်းအားဖြင့်.. ဖန်တီးသူသေပြီး အနှစ်၇၀လို့ မှတ်ထားပေါ့…
နောက်ပြီး.. သုံးစွဲသူက.. ခိုးသုံးမိမှန်းမသိ.. အိမ်မှာဖွင့်ထားတာ.. တက်ဖမ်းလို့ရတဲ့…ဥပဒေ… ယူအက်စ်မှာတောင်မရှိသေးဖူး…။
ယူအက်စ်မှာ Fair use ဆိုတာရှိတယ်..။
မီဒီယာတွေသုံးတာ.. ဝေဖန်တာ.. ဘာဘာညာညာတွေအတွက်.. Fair use ကကာကွယ်ပေးတာလည်း ရှိပါတယ်..။
Fair use is a limitation and exception to the exclusive right granted by copyright law to the author of a creative work. In United States copyright law, fair use is a doctrine that permits limited use of copyrighted material without acquiring permission from the rights holders. Examples of fair use include commentary, criticism, news reporting, research, teaching, library archiving and scholarship. It provides for the legal, unlicensed citation or incorporation of copyrighted material in another author’s work under a four-factor balancing test. The term fair use originated in the United States. A similar principle, fair dealing, exists in some other common law jurisdictions. Civil law jurisdictions have other limitations and exceptions to copyright.
http://www.copyright.gov/help/faq/faq-fairuse.html
Was this answer helpful?
LikeDislikeထပ်ပြောရရင် ကျန်ာက သီချင်းထုတ်လုပ်တဲ့လောကမှာ ဆယ်စုနှစ်တစ်နှစ်နီးပါးကျင်လည်ခဲ့ဘူးပါတယ်။
မလိုအပ်ဘဲသုံးထားတဲ့စရိတ်တွေက အများသား။
Was this answer helpful?
LikeDislikeအခုမှ သိရတယ် ။ နောက်မကြသေးပါဘူးနော
ကျုပ် အတွက် သီချင်းတစ်ခွေ ပရိုဂျူဆာ လုပ်ပေးပါနော ။ ဟီဟိ
Was this answer helpful?
LikeDislikeကိုယ်တကယ်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ခွေတွေကိုတော့ မူရင်းဝယ်စုပါတယ်ဂျာ
တခြားဟာတွေကိုတော့ လက်ဖက်ရည်ဆိုင်မှာပဲနားထောင်တယ် : )
Was this answer helpful?
LikeDislikeကိုခိုင်ရေ
ဂီတဆိုဒီကကြောက်ပြီ ကိုရေးမိတာက အဆိုတော်တွေထုတ်လုပ်သူတွေက သူတို့ဖက်က ပြင်သင့်တာကို မပြင်ဘဲ ကျနော်တို့အားပေးနေတဲ့ပရိသတ်ကိုသာ မူရင်းဝယ်ပါ မူရင်းဝယ်ပါ ပြောလို့ပြော
ခိုးကူးခွေဝယ်တာ အကုသိုလ်ကျုးလွန်တာပါပြောလို့ပြော
သူခိုးခွေတွေလို့အော်လိုအော်လို့ တစ်ဖက်သတ်ပြောလွန်းတော့
မင်းတို့ရော ကင်းရဲ့လားလို့ ပြန်မေးထားတာပါ။
Was this answer helpful?
LikeDislikeလေးပေါက် ပြောဖူးတဲ့ …
မလိုတဲ့နေရာမှာ ငွေသုံးနေတာ ….
ခုပြောတဲ့ ပြင်သင့်တဲ့ နေရာ မပြင်တာ
အဲ့သည့်၂ခု ထောက်ပြဆွေးနွေးကြည့်ရအောင်လားဗျာ…
ပြောပြပေးနော် …
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeအင်း .. ဒီပိုစ့်ကို ဖတ်နေမိတာကြာပြီ။ နဲနဲ တော့ဝင်ရှည်ဦးမှ လို့တွေးမိတော့ လဲ ……..။ အနုပညာ သမားအမည်ခံ တွေကိုပြောချင်ပါတယ် .. သူတို့နဲ့ထိုက်တာ ပဲသူတို့ရမယ် လို့။ အနုပညာသမားစစ်စစ် တွေကိုလဲ ပြောချင်ပါတယ် ထိုက်ရင်စံ ရမှာပါလို့။ comment တွေမှာကြည့်လိုက် .. ကိုယ်ကြိုက်တဲ့ အဆိုပညာရှင် ဆို မူရင်းခွေ အားပေးပါတယ် ဆိုတာပါတယ်။ ဥပမာ BOB ခွေဆို ကျွန်တော့မယ် မူရင်း ၃ ခွေရှိတယ်။ သူတို့လဲ စားဝတ်နေရေး ပဲမို့ အဲလောက်ဈေးတင်ရောင်း မှအဆင်ပြေနိုင်မယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် .. ရှည်ချင်တာလေးက .. ဒီလို အလုပ်မျိုးကို စီးပွားဖြစ် လုပ်သင့်သလား ဆိုတာပါပဲ။ Import သွင်းလို့မရတဲ့ သူတွေက .. စီးပွားဖြစ်အောင် ဆိုတဲ့ အတွေးနဲ့ လုပ်နေကြမယ် ဆိုရင်တြော့ဖင့် . . . . ။ သူကြီးလား အဘဖော လား (မသေချာ) တစ်ခါပြောဖူးတဲ့ ကျွန်တော် တို့စီက အမေးချား ၀ိုင်းပါဆိုတာလို ဖြစ်ကုန်ရင်ဖြင့်။ ကျန်ခဲ့တဲ့ လက SKY NET က Live လွှင့်သွား တဲ့ စတိတ်ရှိုးမှာ အမျိုးသမီး အဆိုပညာရှင် တစ်ယောက် ဟာဖြင့် တေးရေးရဲ့ ခွင့်ပြုချက်မယူပါပဲ သီချင်း တစ်ပုဒ် ကို ခပ်တည်တည် သီဆိုသွားတာ သိကြပါလိမ့်မယ်။ ဒီလိုပဲ .. မင်္ဂလာဆောင်တွေမှာ လိုက်လံ သီဆို ဖြေဖျော် တဲ့ အဆိုပညာရှင် များမှာလဲ တီးဝိုင်းနဲ့ တိုက်ပြီး ဟိုလူ့ သီချင်းဆို ဒီလူ့သီချင်းဆို နဲ့ ခွင့်တောင်း တယ်လို့ လဲ မကြားမိပါဘူး လို့ ထင်ပါတယ်။ အဆိုပညာရှင် ချမ်းချမ်း ရဲ့ ပထမဆုံး အခွေ ဘယ်လောက် ရောင်းအားကောင်းသွားပါလဲ။ Copy ခွေ တွေမှိုလိုပေါက်နေတဲ့ ကြားက ထိပ်တန်း ရောင်းအားမှာ ရပ်တည် သွားတာ ဖြစ်ပါတယ်။ တန်တယ် ထင်ရင် ပရိတ်သတ် က ပေးမှာပါလို့ ….ကီးနဲနဲ မြှင့်ပြီဗျို့ …..ဆေးလိပ်တိုတစ်တို ကို လုဖွာကြ။ အဆောင်ထမင်း တစ်ယောက်စာကို သုံးယောက် စားကြ။ အင်းယားကန်ထဲမှာ ဂုံးဖမ်းစားကြ။ ကက်ဆက် ကနေပဲသင်ယူခဲ့ရ။ မိဘ တွေကနှင်ချ။ ဒါလဲ မရ .. ဂီတ မှ ဂီတ လို့ ကြွေးကြော်ရင်း ပေးဆပ် ခဲ့ရတဲ့ သူတွေ ပြောရင် ကျွန်တော် ခံသာပါသေးတယ်ဗျာ။ ခုတော့ … ပြောတော့ပါဘူး .. ကိုယ့်ဘာသာကို ဒါ့ပုံ လေးထွက် ထွက်ရိုက်နေတာပဲ ကောင်းပါတယ်။ ဒေါသမဖက်တော့ အသက်ရှည်တာပေါ့ ..
(အဆောင်ရှေ့ မှာဂီတာတီးတာတောင် သံစဉ်မှားလို့ဆိုပြီး Notes မှန်အောင် တီးတီးခိုင်းတတ်တဲ့ ဦးငှက် အမှတ်တရ — အဲ့ဂီတာဝိုင်းနားက ကွမ်းယာသည် ရဲ့ မယားညီအစ်ကို အိမ်ဘေးမှာ နေတဲ့ အပျိုကြီး ညီအစ်မ နှစ်ယောက် ရဲ့ အိမ်မှာ အငှားကားမောင်းတဲ့ သူနဲ့ ဘာမှ မတော်တဲ့ မီးကင်းစောင့် တဲ နားအိမ်က ကလေးတစ်ယောက် မနေနိုင်မထိုင်နိုင် လက်ဆော့သည်။)
မြို့ အကြင်နာခံယူမယ့် (လက်တလုံးခြား Copy လိုက်ပြီ။ အဘ ရေ..)
Mလုလင်
Was this answer helpful?
LikeDislike