- English ၊ဂျာမန်၊ပြင်သစ် စသည့်ဘာသာစကား ကိုပြောတတ်အောင် ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက ဘာသာခြားတွေဆီသွားထားကြည့်ပါလား။ အဲဒီ Eng၊ ဂျာမန် စသည့် ဘာသာစကား ကိုတတ်မှာဘဲ။ စကားပြောတတ်ရုံနဲ့ ပညာရှိ ဖြစ်ပြီလား… ထို့အတူ ဘာသာရပ်တခုကို အလွတ်ဆိုတတ်ရုံနဲ့ ပညာတတ် တကယ်ဟုတ်ပြီလား…

- တစ်ယောက်တည်း ငုပ်တုတ်ထိုင်ပြီး ဘာမှမလှုပ်မရှားဘဲနေနိုင်တာကို အိနြေ္ဒ ရတယ်လို့ ပြောမလား… ကိုယ့်ခြေကိုယ့်လက် အမူအရာကို နိုင်နိုင်နှင်းနှင်းထိန်းနိုင်တာ၊ အစိုးရတာကို အိနြေ္ဒ ရတယ်လို့ ခေါ်တာလား…

- ယခင်က ကောင်းခဲ့လို့ ယခုကောင်းတယ် ယခုကောင်းရင် နောင်လည်းကောင်းပါလိမ့်မည်ဆိုရင်..
ယခုကောင်းတာဟာ ယခင်ကကောင်းခဲ့တဲ့ အကျိုးဆိုရင် ယခုကောင်းတာဖျက်လို့ မရဘူးဖြစ်ရမယ်..
ယခုချမ်းသာတဲ့ ကိုယ့်ရဲ့စည်းစိမ်တွေ ဖျက်လို့ မရဘူးဖြစ်ရမယ်။သူခိုးခိုး လို့ မရဘူးဖြစ်ရမယ်။ ဘာဖြစ်လို့ အမျိုးမျိုးကာကွယ်နေရလဲ..

- ယခင်ဘ၀ကသီလ အားကောင်းခဲ့ လို့ ယခုဘ၀ အသက်ရှည် ကျန်းမာချမ်းသာနေတယ်ဆိုရင် ယခုဖြစ်သလိုနေထိုင်စားသောက်လည်း ဘာမှမဖြစ်ဘူး ဖြစ်ရမယ်…ဥစ္စာ ကံစောင့် အသက်ဥာဏ်စောင့် လို့ပြောတာရှိတယ်ဆိုရင် မိမိရှာထား တဲ့ဥစ္စာ က အရင်ကံကြောင့်ဘဲ မဟုတ်လား.အရင်ကရှာထားတာ ဥာဏ်မပါဘူးလား…

- ပြုလုပ်ချင်တိုင်းတဏှာဆိုရင် ထမင်းစားချင်၊ အိမ်သာသွားချင်၊စီးပွါးကြီးပွါးတိုးတက်ချင် စသည်အရာတွေဟာ တဏှာဖြစ်မှာပေါ့။ အဲဒီ ချင် ကို မလုပ်တော့ရင်ကော ဒုက(ဒုတ်ခ)က တကယ်လွတ်ပြီလား..

- ဒီရုပ်ကို မုန်းပေမဲ့ ဒီရုပ်ကိုဘဲ အသုံးချနေရတာဘဲ။ ရုပ်ကိုမုန်းတာသိရုံနဲ့ ဒုက္ခ ကလွတ်ပြီလား..ရောဂါခံစားနေရသူတွေ ရုပ်ကိုမုန်းလွန်းလို့ သူတို့ ဒုက္ခ ကလွတ်ပြီလား..

- မစဉ်းစား၊မတွေးတော့ရင် ဒုက္ခမရောက်ဘူးဆိုရင် မစဉ်းစားမတွေးဘဲ နေလိုက်တာ တကယ်ဘဲ ဒုက္ခ လွတ်ပြီလား…

- မောင်းကောင်းလို့ နာမည် မည့် လိုက်ရုံနဲ့ လူကောင်းဖြစ်ပြီလား… မောင်ခွေးလို့ ခေါ်လိုက် ရုံနဲ့ ကိုယ်က ခွေးဖြစ်သွားလို့လား..အကောင်းအဆိုးဟာ နာမည်ပေါ်မှာလား ကံ သုံးပါးမှာလား…

- ရုပ်နာမ်ဖြစ်ပျက်ကိုမြင်ရင် တစ်ရက်နေရလဲ မြတ်တယ်ဆိုရင် အသေးဆုံးဓါတ်ပရမတ် သဘောကိုမြင် တဲ့ လူတွေ လူမြတ်ဖြစ်နေကြပြီလား..ဘုရားပြောတဲ့ ဖြစ်ပျက်ဆိုတာ ဘဘာဝ ဖြစ်ပျက်လား.. အစွဲခန္ဓာ ဖြစ်ပျက်လား…

- ဖြစ်ပြီးရင်ပျက်တယ်ဆိုရင် ကိုယ်မုန်းတဲ့ လူနဲ့ ပြန်တွေ့ရင် ဘာဖြစ်လို့ စိတ်တိုနေရလဲ. ဖြစ်ပြီးရင်ပျက်သွားပြီ မဟုတ်လား…

- လူကိုခွဲ ထုတ်ရင် ဓါတ်ပရမတ်ဘဲကျန်တယ်ဆိုရင် အဲဒီဓါတ် ပရမတ်(ပထ၀ီ၊အာပေါ၊၀ါယော၊တေဇော)ကို ဓါးနဲ့ခုတ်ရင် ဘာဖြစ်လို့ အမှု ဖြစ်လဲ…

Ko out of...

About Ko out of...

Ko out of... has written 40 post in this blog.

Related posts:

  1. Mrs. Michael နဲ့ပတ်သက်သမျှ
  2. Toast ( ကွမ်းပို့ စ်)
  3. တွေးမိတာလေးတွေပါ။
  4. ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
  5. ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးမှ ဗုဒ္ဓအဆုံးအမ ရတာလား၊ ဗုဒ္ဓအဆုံးအမ ရရှိပြီးမှ ဗုဒ္ဓဘာသာဝင်ဖြစ်တာလား