ကံ ဆိုသည်မှာ … ကံ ဆိုသည်မှာ …
|383- Hits|
ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ…
အမြဲပြောင်းလည်းတတ်လေ၏ …
ကျုပ်အကြောင်း ကြားပြီးရင် ခင်ဗျားတို့စဉ်းစားကြည့်….
ကံများ ကောင်းချင်တော့ … ဂျာပန်ကို လေယာဉ်စရိတ်သာ အကုန်ခံပီးရောက်လာတယ်..
ကံများ ဆိုးချင်တော့ ….ကတောက် …..လေးမန်းရှော့ခ်ရှေ့ပြေး လေပြည်တွေ ….
ကံများ ကောင်းချင်တော့ မိဘလုပ်စာ ပြန်ထိုင်စားဖို့ အော်တို ပါမစ် ကျတယ်…
ကံများ ဆိုးချင်တော့ ….ကောင်းရောင်းကောင်းဝယ်လုပ်စားတယ်ဆိုမှ …လုပ်ရက်တယ် ကိုနာဂစ်ရယ်…
ကံများ ကောင်းချင်တော့ ….အလုပ်ထဲမှာ ဆြာလိုလိုဘာဂလိုလို …
ကံများ ဆိုးချင်တော့ … လုပ်လိုက်ရတဲ့အလုပ်….
ကံများ ကောင်းချင်တော့ ဂျာပန်တွားရမယ်ဒဲ့ ….
ကံများ ဆိုးချင်တော့ လေးမန်းရှောခ့် …(ခုမှ ဂယ်ရှော့ခ်)
ကံများ ကောင်းချင်တော့ ရုံးချုပ် လက်ကိုင် အသင်း လီဒါပေါ့ ..
ကံများ ဆိုးချင်တော့ ကတ်စတမ်မာဆိုက်ဒ် သွားဖို့ အခွင့်အရေး ဆုံးရှာရောပေါ့ …
ကံများ ကောင်းချင်တော့ အေးဆေး နွေးထွေး …..
ကံများ ဆိုးချင်တော့ မနက် ၇ ည၉ …ခွီးတဲ့မှ ..စက်ရုပ်လိုနေရ…
ကံများ ကောင်းချင်တော့ ဘိုးတော်တွေနား နေရ
ကံများ ဆိုးချင်တော့ စက္ကပ်ကြေး သွားကြံမိ…
ကံများ ကောင်းချင်တော့ …စက္ကပ်ကြေးနဲ့ အာဟိ…။
ကံများ ဆိုးချင်တော့ သောက်ညင်ကပ် ပုဒ်မ နဲ့ ပလိုမိုးရှင်းမရ ….
ကံများ ကောင်းချင်တော့ မားက္ကတိန်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာ..
ကံများ ဆိုးချင်တော့ အင်တာနယ်လ် ဘရန်းဒင်း ကိုင်ရ…
ကံများ ကောင်းချင်တော့ အရပ်ကကူ လူက၀ိုင်း
ကံများ ဆိုးချင်တော့ တရုံးလုံးက တဖက် ကိုယ်က တဖက်
ကံများ ကောင်းချင်တော့ ကိုယ်ကမှန်နေ ..( တသက်မှာ တခါလောက်တော့ မှန်ဖူးပေမပေါ့ခစ်ခစ်)
ကံများ ဆိုးချင်တော့ ဘတ်ဂျက်မရှိ …(ဘတ်ဂျက်မှ မရှိတာ …မိုက်ခလိုဆော့ဖ် မြောင်းထဲ ရောက်
လောက်မယ့် ပလင်န်ရေးနိုင်လည်း မြောင်းထဲ ရောက်မှာဘဲ ခွီး….)
ကံများကောင်းချင်တော့ …. ပိုက်ပိုက်မရှိလို့သာ မလုပ်ရတာ ..လုပ်များလုပ်လို့ကတော့ ဆိုပီး အထင်ခံရ …(လူရှိန်တာပေါ့)
ကံများ ဆိုးချင်တော့ ဟို အပေအတေ အစုတ်အပြတ် ဆယ်လစ်ဗျစ်တီ နဲ့ မျက်ခွက်ကြီးက လာတူနေ…
ကံများ ကောင်းချင်တော့ သွားလေရာ စကီလေးများက အာဟိ ….
ကံများ ဆိုးချင်တော့ …(ဒင်းဟာဒင်း ပိုက်ပိုက်ရလို့ ကြော်ငြာတွေမှာ ဒွန့်တာ ..) ကျုပ်မှာ အသားလွတ် လူအ၇ိုအသေပျက်
ကံများ ကောင်းချင်တော့ အလိုလိုနေရင်းကို ..ကိုယ့် စီနယာဒွေ ထွက်ကုန် သေကုန် နှစ်တိုင်းလူသစ်ဝင်ပီးအော်တိုမက်တစ် ဆြာဂျီးဖြစ်လာ
ကံများ ဆိုးချင်တော့ တခုခုဆို ခေါင်းခံရင်ခံ မခံရင် အဟွာခံပေတော့ပဲ …(ဟဲဟဲ လက်ပြောပါတယ်…)
ကံများ ကောင်းချင်တော့ လာ လာ ကူနေတဲ့ အက်ဒ်ဘာတိုင်းဇင်း လီဒါလေးက အပြတ်မိ
ကံများ ဆိုးချင်တော့ အရှေ့ကျွန်းကို ပြည်နှင်ဒဏ်ပေးခံရ … (သောက်မြင်ကပ်ပုဒ်မ များ ပြောဘာဒယ်)
ကံများ ကောင်းချင်တော့ အနှီ စကီလေးက ကိုယ့် လက်ထဲမှာ …ညင်းညင်း …(လက်ထဲက ငှက်လည်း ငါ့ငှက်
ခြုံထဲက ငှက်လည်း နာ့ငှက် လုပ်ပေါင်းများလို့…. ၆မြင်ကပ်ခံထိတာခနခန…)
ကံများ ဆိုးချင်တော့ အနှီ စကီလေးကို ၀ိုင်းကြိုက်နေတဲ့ ငတိတွေလားလား ….
(ရှိစုမဲ့စု ယောက်ျား ၃၀မှာ ၂၀လောက် က ကြိုက်တယ်တဲ့ဂျာ ….)
ကံများ ကောင်းချင်တော့ ..အင်ဖော်မေးရှင်း က ကျုပ်လက်ထဲမှာ ..သွပ်သွပ် …(တကယ်က နည်းနည်းဖြဲချောက်လိုက်တာပါ…
သများလည်း အဲ့တုန်းကဘာအင်ဖော်မေးရှင်းမှ ဟုတ်ဟုတ်ညားညား မရှိသေးဝူး..)
ကံများ ဆိုးချင်တော့ အလုပ်ခွင်မှာ စီနယာ ဂျူနယာ ဖြစ်နေတော့ သိက္ခာဆိုတာဂျီးကို ….ခွီး ….(ဂယ်က ၁စက်မှရှိတာမဟုတ်ဝူးရယ်)
ကံများ ကောင်းချင်တော့ ငတိတွေ အကုန်လက်ရှောင် … (မရှောင်နေမလားဗျာ …အင်ဖော်မေးရှင်းကိုင်ထားတဲ့ ကျောက်ဆင်းတု
ခေါင်းညှိမ့် နှူးဘာဂိုဏ်းချုပ်နဲ့ ဘယ်သူက သိက္ခာ အကျခံပြီး ပြိုင်ချင်မလဲ …
)
ကံများ ဆိုးချင်တော့ အဖြေမရခင်(ဘယ်ရလိမ့်မလဲ …ဖွင့်တောင်မပြောရသေး…ဟီး ..) ဗီဇာရ
ကံများ ကောင်းချင်တော့ တပြားမှ မကုန်ဘဲ အရှေ့ကျွန်းပြန်ရောက်
ကံများ ဆိုးချင်တော့ ..ပိုက်ပိုက် သောက်သောက်လဲ ကုန် (ကုန်မှာပေါ့ ဖွန်ကြောင်ပီး ဖုန်းချည်း လွှတ်ဆက်နေတာကိုး…)
ကံများ ကောင်းချင်တော့ အရက်သမားအချင်းချင်း သတင်းလွေ့လွေ့ …(ဘောဇိနဲ့ ချစ်ကြတာများပြောပါတယ်)
ကံများ ဆိုးချင်တော့ ကိုယ် တကောင်ထဲ ..(လူ၁ထောင်လုံး လက်က မီးခိုးထွက်အောင် ရေးကြတဲ့ ကုဒ်ဒင်သမားတွေချည်း)
ကံများ ကောင်းချင်တော့ …ကိုယ့် ဆြာလုပ်မယ့်လူမရှိ …( အေးဆေး အေးဆေး …ကိုယ်ပြောမှ ကြားဖူးမှာ
လေးဒွေ …ဟီဟိ…. ပြင်ညာ တွေ ပြင်ညာတွေ …နာမည်ကျော် ဘစ်ဇနက်စ်မော်ဒယ်တွေကို နည်းနည်းစီ
ပြင်ပြင်ပီး ညာစားနေတာ…)
ကံများ ဆိုးချင်တော့ သင်ကြားပြသပေးမယ့်လူမရှိ …( ဒီတခါ ဂွမ်းလည်း အနည်းဆုံးတော့ ဘစ်ဇနက်စ်
ခေ့စ် စတာဒီ လောက်တော့ဖြစ်တာပေါ့ သမီးရယ်..)
ကံများ ကောင်းချင်တော့ ကလေးဒွေကို ပင်းဘုတ်နဲ့ နရင်းအုပ်ခဲ့တာလေးတွေက အသုံးတည့်လာ..
ကံများ ဆိုးချင်တော့ ဘားဘုတ် နဲ့ ပျားတုတ် လေသတည်း …(အော်… ရယ် ….ခက်ထှာဂျာ ….
သက်သာမလားလို့ မားကတ္တိန်း ပါတယ် …ခုတော့ တေဘီ တေဘီ …)
ကံများ ကောင်းချင်တော့ ကိုယ်ဘာလုပ်လည်း ၁ရုံးလုံးမသိ ..၁ရုံးလုံးဘာလုပ်လဲ ကိုယ်မသိ ..( တော်ထှာ မင်းချန်ရယ်
သေလို့ရတယ်..)
ကံများ ဆိုးချင်တော့ စွစ်ဒဂျီ ဘက် အခိုင်းခံရ ..(မီးဒုတ်ကတော့ ရှို့ခံရတော့မှာဘဲ …)
ကံများ ကောင်းချင်တော့ ဆြာ့ဆြာဂျီးဒွေ ဆီက ကွန်ချက်တွေ မြင်ရ ..( မာမား က ပါဠိစာ ဖတ်ပီး ဗုဒ္ဓဂါယာ
သွားတဲ့အချိန် … ဟောသည့် အကုသိုလ် အတုံးအခဲ သွားသွားနေတာက အီဇာဂါယာ …အ၀ီဇိ တော့ ကပ်တော့မှာဘဲ
အဲ့ …. ဇိ ရေးမိပြန်ဘီ …ပေါက်ဖော်မ နဲ့ အီးတီ မီးဒုတ်လာ ရှို့တော့မှာဘဲ …လစ်မှ …)
ကံများ ဆိုးချင်တော့ တိုးဟိုကု ငလျင်ဂျီးနဲ့ တည့်တည့်တိုး …
ကံများ ကောင်းချင်တော့ ဒုက္ခသယ်စခန်းမှာ နေဖို့ စားဖို့ မပူရ …
ကံများ ဆိုးချင်တော့ ဗမာအချင်းချင်း လှည့်ပတ်ကျပ်တဲ့ အင်တာနေရှင်နယ်ကောလ်ကိုမှ ဖရီးဆိုပီး တမုန်းဆက်မိ
(ကတောက် … ၆လိုက်ကမ်းဇိုးမသိတဲ့ အာလဖွားဂျီး …. သူ့သမီးဆီဆက်တာ မရှိရင် မရှိဝူးပေါ့ဂျာ … ဖုန်းက ဖရီး
ဆိုတာနဲ့ နာရီဝက်လောက် တော်ကီရောင်းသွားတယ် …ခွီး …)
ကံများ ကောင်းချင်တော့ ငလျင်ဂျီး အကြောင်းပြု ကောင်းမှု တခု လုပ်လိုက်တာ ..အာဟိ သူကလေးက မောင် တဲ့ …..
(ဤကား ဆီဇင်နယ်လ် မားကတ္တင်းတည်း)
ကံများ ဆိုးချင်တော့ …ဒင်းနဲ့လည်း ကြာကြာခံဘာဘူး …ရန်ကုန်ပြန်တုန်း …ရည်းဇားဟောင်းလေးနဲ့ ညတိုင်းနီးပါးလေးပဲ
ဖုန်းပြောမိတာပါဂျာ…တားတားက အပြစ်ကင်းဘာဒယ်…
ကံများ ကောင်းချင်တော့ ဒင်းမရှိလည်း ဘာဖြစ်တုန်းနော … ရေကန်အသင့်ကြာအသင့် …အဟဲ …. တပြည်သူမရွှေထားလေး
အိမ်ပေါ်ခေါ်တင်ထားမိသပေါ့…ခိခိ
ကံများ ဆိုးချင်တော့ ဒေ၀ါလီ ခံရတော့မယ်ဗျာ …မရွှေထားက နှိပ်စက်ရဲ့ ….ခွီး …(သည်လိုသုံးပုံမျိုးနဲ့ကတော့ နာ့ဟာနာ
ရွာပြန်ပီး – ခံစားတာကမှ ပိုကိုက်ဦးမယ်… – = အလှူ)
ကံများ ကောင်းချင်တော့ မရွှေထား တူးပွိုင့်ဇီးရိုး လေးနဲ့တွေ့သပေါ့
ကံများ ဆိုးချင်တော့ မရွှေထား 2.0 လေး နိုင်ဂျံဂါး ပြောင်းတွားဒယ် …. (ကတောက် နှမျောထှာကွာ …ခေးအိုး ဒိုင်းငခု ဆင်းလေး သဂျီးရဲ့
ဒါမိုးလေးက ဆွဲထားရမှာ …ခုဒေါ့ ခုဒေါ့)
အလုပ်ဘက် ပြန်သွားဦးစို့ရဲ့ …
ကံများကောင်းချင်တော့ ကိုယ်နည်းနည်းသိတဲ့အပိုင်းတွေ သိတဲ့လူ ကမရှိ ..(ဟီဟိ…ယူနစ်ခ်ဆဲလင်း ပွိုင့်တည်း)
ကံများ ဆိုးချင်တော့ ရေးလိုက်ရတဲ့ ဒဇိုင်း …. (လူလည်း ကန်းတော့မယ်..)
ကံများ ကောင်းချင်တော့တနေ့တနေ့ စကားပြောရင်း ပိုက်ဆံရ …
ကံများ ဆိုးချင်တော့ နောက်နေ့ စားပွဲပေါ်ရောက်နေတယ်.. ဂူဂဲလ် အနဲလတစ် နျူးမွန်း ….(တေဘီဆြာဘဲ)
ကံများ ကောင်းချင်တော့ ကွန်ဖစ်ဂရေးရှင်းပီးကတည်းက သာသာယာယာဘဲ …(အိပ်နေလို့တောင်ရရဲ့ ..အာဟိ…)
ကံများ ဆိုးချင်တော့ ဒါတွေ သူတို့ သိသွားကြတယ်…. ဟင့် ….(အနုမြူအပျော့ ငွေရောင်အလင်း ၊ အနုမြူအပျော့
ပြာသော ပြတင်း ၊ အနုမြူအပျော့ ရွေ့လျားနေသော ၀ယ်သူ ဆက်ဆံရေး လေးဒသမသုံည၊ မဟာအ၀ိုင်းဂျီး၏
ဒီဂျစ်တယ်လ် ပစ္စည်းများ ထိန်းချုပ်ကန့်သတ် အုပ်ချုပ်မှုဗေဒ ၊ ပန်းသီး၏ ပလက်ဖောင်းတည်ဆောက်မှု အယူဝါဒဆိုင်ရာ အဖြာဖြာ
ဇိမ်ဖုံးဂျီးတို့ လက်ကိုင်ပြု အပ်သော ဇန်ဝါဒ ဒီဇိုင်းပညာ) အောင်မယ်ငီး… သတ်သာ သတ်လိုက်ပါတော့ဂျာ… ။
ကံများ ကောင်းချင်တော့ …. ကိုယ့်ကိုကိုယ် စာသင်ပေး လိုတာဝယ်ပေးရင်းကနေ လခက ပေးနေသေး…
(ချစ်ဖို့ကောင်းတဲ့ အရှေ့ကျွန်းသားတွေ)
ကံများ ဆိုးချင်တော့ သူများ အရှုပ်ထုပ် ကိုယ့်ခေါင်းပေါ်လာ ကျ …ခွီး တက္ကစတင် တဲ့ …
ကံများ ကောင်းချင်တော့ ဘစ်ဇနက်မော်လဒယ် အသစ်တခု ရေးရ ….
ကံများ ဆိုးချင်တော့ ၅ထောင်တန် ဖုန်းကိစ္စလို အရေမရာဖြစ်…
ကံများ ကောင်းချင်တော့ ..မင်းချံ …မင်း အီတာလီယား သွား၇မယ်တဲ့..
ကံများ ဆိုးချင်တော့ ..တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် အီတာလီယာမှာ ဈေးကွက်ပျက်နေ…
ကံများ ကောင်းချင်တော့ အဲ့ဒီမှာတင် ကိစ္စပြတ်သွားတာ …(တော်သေး အဟီး ..ဂယ် သွားပါ လုပ်ပါဆိုမှ ကိုယ်ဘယ်လောက်ပိန်းမှန်း
လူသိတော့မှာ …ခုတော့ ထိုင်နေ အကောင်းသား အာဟိ…)
ကံများ ဆိုးချင်တော့ ဟို အိုင်ဘီအမ် ဦးနှောက်ဆေးခံထားတဲ့ ကတုံး နဲ့အတူ ကမ္ဘောဒီးယား ကို လိုက်သွားတဲ့ …အဲ့မှာ ရုံးသစ်တဲ့ ..ဂိန် ဂိန်…
ကံများ ကောင်းချင်တော့ ကတုံးက သူ့သဘောသူဆောင် သူ့ဟာသူ လုပ်မယ် ဆိုလို့ .မလိုက်ရတော့တာ …(သိဒယ်မလား …သူ့ဟာသူဆို
သူ့လက်သူ့ခြေ လုပ်ချင်တာလုပ်လို့ရတာကိုး …. ဘုရားမကြောက် သရဲမကြောက် နှူးဘာ တကောင် ထိန်းရသက်သာလည်း နည်းမှတ်လို့)
ကံများ ဆိုးချင်တော့ နာဂိုယား လိမ့်တော့တဲ့ဂျာ … (ရုံးချုပ်က အဲ့မှာကိုး …ချစ်တယ်ထင်ပါ့ …လူဂျီးနား မှ ခေါ်မထားရင် မဖြစ်တော့ဘူးလေ..
ဒီမြို့မှာ လည့်ပတ်သောင်းဂျန်းနေတာတွေလည်း သိလို့ထင်ပါ့ ….)
ကဲပီးပီ ….
ကျုပ်ကို ဘာလုပ်စားနေတာလဲ လို့ မေးမေးနေတဲ့ ရွာသူလေးတွေအတွက် ရေးတာ…ပါ
(ရှာရှေနဲ့ …မရှိလည်း အထင်ခံရနည်းလား နော …)
အဲ့သလို ပေါက်ပန်း၄၀ လုပ်တဲ့ ကောင်ပါ ….အထင်မကြီးကြပါနဲ့ ….
ပန်းသီးအတွက်လည်း မလုပ်ပါဘူး အနုမြူအပျော့ကလည်း မဟုတ်ပါဘူး ..။
စာမေးကြတာတွေလည်း ရပ်လိုက်ပါတော့ မေးလ်ပို့ပီး ပရော်ဘလမ်ရှုတင်းတာတွေလည်း
စာပြန်လိမ့်မည် မဟုတ်ကြောင်း ….(ဟီး …ကျနော်မှ မတတ်တာ ရယ်..)
ဤတွင် ဇိမ်ဖုံးဂျီးပေါက်စ အင်ဇာဂီ ၏ နိမ့်မြင့်တက်ကျ ကံဇာတာ ပိုစ့် ဖြစ်စေသတည်း ….။
အီတာလီယား အစ ကမ္ဘောဒီးယား အလယ်အိုဘယ့် နောက်ဆုံးကျတော့ နာဂိုယား မှာဆုံးတဲ့
ကျနော့်ရဲ့ ဖြတ်သန်းမှု ပါခည…..
လာဘီနော …နောက်လ ….ဟိုင်းရော ဟိုင်းရော ….
(နောက်လ မန်းလေး မသွားရတာတော့ ရေလည် စိတ်ထိခယက်တွားဘာသည်)
နာဂိုးယားတွင် မိန်းမယူမည်…ဒန်တန့်တန် …..။
ကိုသစ်ရေ ..ရှာထားပေး … တားတားတို့အရွယ်ဝတ်ကလေး …. သင်္ချာဝင့်ကြော် ပုံစံမျိုးလေး …
မှတ်ချက်။ ကိုသစ်ကို အမှတ်ရသဖြင့် စကားအတင်းစပ်ပီး ရေးဖွဲ့ပါသည်…။
Related posts:


ဟဲ့.. ဂီ့အိုယူမလေး.. ကံများကောင်းလိုက်ဒါ… ကံများ မဆိုးလိုက်ဒါ…
(ကကကြီးပေါ့နော်..) ခွစ်ခွစ်…
သများ နှူးဘားဂိုဏ်သားတွေများ ဘယ်ရောက်ရောက်..
ခွေးလေး၊ ကြောင်လေးတွေနဲ့ ကံလိုက်နေလိုက်ကြဒါ…
ကံဘောဒီယား မသွားရဘူးကြားရတော့..
ကံကောင်းသွားဒယ်ပဲ ဆိုလိုက်ပါတော့မယ်…
နာမည်ကို ပြောင်းလိုက်ပါလား.. ကံကောင်လို့…
ကံကိုယုံလို့ ဆူးပုံနင်းမိခဲ့တဲ့…

ကိုရင်စံကီ…
Was this answer helpful?
LikeDislikeလက်တွေ့ကျကျ ပြောကြည့်ကြမယ်ဆိုရင်
ကံဆိုတာအလုပ်တို့ ဘာညာကွိကွတို့ ပြောကြပေမယ့်
တကယ့်အခက်အခဲကြုံလာရင် တွတ်ပီတို့ကံမကောင်းဘူးဆိုပြီး ညည်းကြတဲ့သူတွေချည်းပါဘဲကွာ။
Was this answer helpful?
LikeDislikeကံဆိုး၊ကံကောင်း ဝင်္ကဘာထဲက
ကိုအင်ဇာဂီ ပေါ့ဗျ။
Was this answer helpful?
LikeDislikeပြန်လာရင်တော့ များများ လက်ချောင် ကြီးကြီး မတောင်းပါဘူး။
ဂျပန် ကီမိုနို ကောင်းကောင်းလေး ၀တ်စုံ တစုံလောက် လက်ချောင် ပေးပါလား ပြောမိလို့ မျက်ဖြူလန်ပြီး နှာနပ်လိုက်တာနဲ့ ဘာမှ မတောင်းတော့ဘူး။ အဟိ..
ပြန် လာရင်တော့.. တွေ့ ကြ သေး တာပေါ့ မိဇာဂီရယ်… ငှဲ.. ငှဲ… ငှဲ… ငှဲ…. (ဦးကျောက်လုံး လေသံ)
Was this answer helpful?
LikeDislikeကြောက်ထှာ ကွယ် ….
ဒီအတိုင်းကြည့်မနေကြပါနဲ့ အရပ်ကတို့ …
ဆင်းရဲနွမ်းပါးရှာတဲ့ ..ရွာ့လုံမလေးကို
ဦးကျောက်လုံးလေသံနဲ့ တီလုပ်သာထိန်းဂျီးက
တငှဲငှဲ လုပ်နေဘာဘီချင့် ….
ကယ်ဂျဘာ ကယ်ဂျဘာ …
Was this answer helpful?
LikeDislikeကောင်းလိုက်.ဆိုးလိုက်နဲ့  ဖတ်ရတာ မူးတွားတာဘဲ
ကိုအီးတီရေ
ဒီတစ်ခါလဲ စာလုံးတစ်လုံး ပါဖြစ်အောင် ပါလာတာပဲဗျ
တယ်မလွယ်တဲ့လူဗျာ…
Was this answer helpful?
LikeDislikeကံများဆိုးချင်တော့ နာဂိုယားရုံး ချုပ်မှာ အဖိုးကြီးတွေချည်းပဲ ရုံးထိုင်ပါသတဲ့..
ကံများကောင်းချင်တော့ အဖိုးကြီးဆီမှာ သမီးချောလေး ရှိပါသတဲ့..
ကံများဆိုးချင်တော့ ကလေးတယောက်လည်း ပါသတဲ့ …
ကံများကောင်းချင်တော့ ကလေးတယောက်အဖေ အိမ်တက်သမက်ဖြစ်ပြီး ခုတော့ ဒယ်အိုးရွက်တဲ့ဘစ်ဇနက်နဲ့ အခြေကျသွားပါတယ်တဲ့… ..
နောက်ဆိုရင် ဟင်းချက်နည်း အမျိုးမျိုး ကို မျှော်နေပါ့မယ်..
Was this answer helpful?
LikeDislikeကိန် …..
လိုက်ကြည့်ထားတဲ့အတိုင်း အမှန်ဘာဘဲကွယ်…
Was this answer helpful?
LikeDislikeကံများကောင်းချင်တော့မန်းဂေဇက်ရွာထဲရောက်ခဲ့တယ်။ ကံဆိုးချင်တော့ဂီဂီပိုစ့်ဖတ်ပြီးခေါင်းမူးသွားတယ်။
ဟီဟိ။ ဂီဂီဒေါမဖောင်းခင်ပြေးပြီ။
Was this answer helpful?
LikeDislikeဂါယာသွားတဲ့.. ဂီဂီ… ကုသိုလ်တွေအတုံးလိုက်အတစ်လိုက်… စားရသောက်ရပါစေကွယ်…။
Was this answer helpful?
LikeDislikeဂီဂီရဲ့
ကံဇာတာ နိမ့်မြင့်တက်ကျ မှတ်တမ်းကြီးအား ၀င်ဖတ်သွားပါတယ်ဗျာ။
ခင်တဲ့ -
ဘလက် -
အဟက် -
စတိုင်ပြောင်းထားတာ။ သူများတွေ ရေးသလို လိုက်ရေးထားတာ။
Was this answer helpful?
LikeDislikeနောက်လ မန်းလေးမသွားရမှာကို အကြီးအကျယ်စိတ်မကောင်းဖြစ်နေလို့ စိတ်ပြေရာ ပြေကြောင်း ကံဇာတာကို ဇာချဲ့ပြနေတာ။
ဂိုဏ်းသားအချင်းချင်းဖြစ်တဲ့ ကိုရင်ကလည်း အလိုက်မသိ (ယတြာလေး ဗေဒင်လေး ပေးဖော်မရ။)
ဟိုခမျာ အရိုးလိုလို့ အသားတောင်းနေတာ
(ခုခေတ်က မော်ဒယ်ခေတ်ဆိုတော့ ဒယ်အိုးရွက်ပြီး စောင့်နေသူမှာ အသားလိုတာ မဖြစ်နိုင်)
Was this answer helpful?
LikeDislikeသများ အိမ်ပြောင်းလာတာ ၁လပဲ ရှိပါသေးတယ် မာမားရယ်…
နောက်တလနေလို့ အိမ်ထပ်ပြောင်းရမှာကို ပိုပီး စိတ်ထိခယက်တာဘာ …
ရန်ကုန် ပြန်တဲ့အခါကျရင်လည်း တိုကီယိုပြန်လာလေယာဉ်စီးရမှာ ဆိုဒေါ့ …
အော်… ရန်ကုန်တခါပြန်ပီးမှ ပြောင်းရပါက ကောင်းလေစွ လို့တွေးမိလို့ပါ…
အိုက်ဒါလေးဒွေ ကြောင့်ပါ
Was this answer helpful?
LikeDislikeမပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။
(ဒေါ်မြလေး ကိုသိလား။ အဲဒီ ပုံစံအတိုင်း ပြောသွားသည်)
ဆူး က ဦးကျောက်လုံး ဆိုတော့ တို့တွေ တွဲလို့ရပြီ။
Was this answer helpful?
LikeDislikeလေးပေါက်ရဲ့ မြနဲ့ မှောင် က အခုမှ တွေ့တာကိုး …..
မြ-မမြလေး
မှောင်-ဦးကျောက်လုံး
Was this answer helpful?
LikeDislikeစပြောတုန်းကတော့ ကံဆိုတာဆိုသည်ကောင်းသည်မရှိဆိုပြီး
နောက်တော့လဲ ကောင်းလိုက်ဆိုးလိုက်နဲ့ ဘာကြီး အမေကြီးလဲ ဦးကြီးလဲ
Was this answer helpful?
LikeDislikeခေါင်းကိုက်နေပါတယ်ဆိုမှ ဒီပို့စ်ဖတ်ပြီး ချာချာလည်သွားပြီ
ဗုဒ္ဓေါ အရှေ့မှာ pc က ၂ လုံးတောင်ဖြစ်နေတယ်
နောက်ခါ ဒီလိုမျိုးရေးရင် ဆေးဖိုးပါပေး
Was this answer helpful?
LikeDislikeတော်တော်ဆိုးတဲ့မိဇာဂီ…ဒေါင်းမူးသွားဘီ..လစ်ပီ.။
Was this answer helpful?
LikeDislikeမိဂီ ညည်းညွှန်းလို့ဖတ်မိပါတယ် သူများတွေပြောသလို တော့်တော့်ကိုခေါင်းမူးသွားတယ်…. အံမယ်ရေးထား သေးတယ် သူ့အကြောင်းကိုမေးတဲ့ရွာသူတွေအတွက်တဲ့…သူကမင်းသားကြီးပေါ့ (နူးဘာမင်းသား)…
ကံဆိုတာအလုပ်ပါ ကံကောင်းအောင်မိမိကိုယ်တိုင်ပဲလုပ်နိုင်သလို ကံဆိုးအောင်လည်း မိမိကိုယ်တိုင်လုပ်နိုင် ပါတယ်… ဂီရဲ့ကံတွေဆိုးအောင်ကောင်းအောင် ဂီကိုယ်တိုင်ဖန်တီးနေတာပါ…ခင်တဲ့ အခိုင်
Was this answer helpful?
LikeDislike