ဒေါ်မီမီဝင်း ( MieMie Win Byrd) နှင့်စကားပြောခြင်း
|1295- Hits|
ယခုလထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် ဒေါ်မီမီဝင်းနှင့်စကားပြောဖြစ်ခဲ့သည်။
ဟာဝိုင်ရီတွင်နေထိုင်သော ဒေါ်မီမီဝင်းသည် လက်ရှိအမေရိကအစိုးရ၏အရာရှိတဦးဖြစ်ပြီး အမေရိကတပ်မတော်တွင်လည်း ဒုဗိုလ်မှုးကြီးတာဝန်ယူထားသူတဦးဖြစ်ပါသည်။
အမေရိကန်တဦးဖြစ်သူ Dr. John Byrd နှင့်အိမ်ထောင်ကျကာ သားသမီး ၂ ဦးထွန်းကားပြီး မိသားစုဝင်အားလုံး အမေရိကပြည်ထောင်စုတွင် နေထိုင်လျှက်ရှိသည်။
ယခုအင်တာဗျူးကို ၂၀၁၁ ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ပြီး ဒေါ်မီမီဝင်းမှအင်္ဂလိပ်ဘာသာစကားဖြင့်ပြောထားခြင်းကို မြန်မာလိုဘာသာပြန်ထားခြင်းဖြစ်သည်။
၁)ကိုယ်ရေးအကျဉ်းပြောပြပေးပါ။
လက်ရှိစာသင်ကြားပေးနေတဲ့ ပါမောက္ခတဦးပါ။ Department of Defense ကစပွန်ဆာလုပ်ထားတဲ့တက္ကသိုလ်Asia-Pacific Center for Security Studies (APCSS)မှာ အာရှပစိဖိတ်ဒေသနိုင်ငံတွေက စစ်တပ်အရာရှိတွေကို စာသင်ပေးရတယ်။ ကျောင်းလာတက်သူတွေထဲမှာ သံတမန်တွေ NGO ကသူတွေလည်းပါပြီး ကျမက စီးပွားရေးနဲ့ပါတ်သက်တဲ့အပိုင်းကို အဓိကသင်ကြားပေးသူဖြစ်ပါတယ်။ ပြည်ထဲရေး၊လုံခြုံရေးနဲ့ပါတ်သက်တာတွေနဲ့ မြန်မာနိုင်ငံနဲ့ပါတ်သက်တာတွေလည်း ရှင်းလင်းသင်ကြားပေးတာပေါ့။
၂) မြန်မာလူမျိုးတွေရောပါလား?
မြန်မာပြည်က NGO တွေလာတက်ပါဖူးပါတယ်။ အစိုးရဖက်ကတော့မလာသေးဘူး၊ ပါနိုင်အောင်ကြိုးစားကြည့်နေပါတယ်။
အထူးသဖြင့် မြန်မာ့တပ်မတော်က အရာရှိတွေကို ဒီမိုကရေစံနစ်အောက်မှာ တပ်မတော်အခန်းကဏ္ဍ ဘယ်လိုရပ်တည်ရသလဲ ရှင်းလင်းသင်ကြားပေးနိုင်ဖို့လိုအပ်
တာပါ။ မြန်မာပြည်မှာ စစ်တပ်အခန်းကဏ္ဍက အားလုံးလိုလိုမှာလွှမ်းမိုးနေတော့ အခုလိုအချိန်မှာ တခြားအုပ်ချုပ်ရေးအပိုင်းတွေနဲ့ ဟန်ချက်ညီသွားနိုင်ဖို့ကိုလည်း လေ့ကျင့်သင်ကြားမှုတွေလိုနေတာပါ။
သူတို့တွေမှာ ပြုပြင်ပြောင်းလဲလိုစိတ်တွေရှိနေစေဦး အရပ်ဖက်အုပ်ချုပ်ရေးကို ပြောင်းပေးနိုင်တဲ့ တတ်ကျွမ်းနားလည်မှု၊ အခြေခံနိုင်ငံရေး၊စစ်ရေးအဆောက်အဦတွေ ရှိနိုင်ဖို့တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ပေါ့။
၃) တရုတ်-အမေရိက အင်အားကြီးတွေအားပြိုင်မှုကြားထဲ မြန်မာပြည်ရောက်သွားနိုင်ပါသလား?
မြန်မာပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကလုပ်ကြရမှာလို့ထင်ပါတယ်။ ဒေသတွင်းနဲ့ပါတ်သက်ပြီး မြန်မာပြည်ဟာ တရုတ်နဲ့အမေရိကအင်အားပြိုင်ဆိုင်မှုကြားကိုရောက်သွားဖို့ အခြေအနေသိပ်မမြင်ပါဘူး၊ မြန်မာပြည်ဟာ (သဘာဝအလျှောက်)တရုတ်ပြည်နဲ့တအားကြီး အမြဲနှစ်သက်ပူးပေါင်းနေဖို့ အခြေအနေတော့သိပ်မမြင်တော့ဘူး။
မြန်မာလူမျိုးများကလည်း ဒီအတိုင်းတွေးကြပြီး လက်ရှိအစိုးရနဲ့ သမ္မတဦ်းသိန်းစိန်ကိုယ်တိုင်လည်း ဒီအတိုင်းပဲတွေးတယ် ထင်ပါတယ်။
ဒါပေမဲ့ တရုတ်ပြည်အတွက်တော့ မြန်မာပြည်ဟာ အင်မတန်အရေးပါတဲ့နေရာမှာရှိနေပါတယ်။
ဒေသတွင်းအမြင်အရကြည့်ရင် တရုတ်ပြည်ဟာ မလက္ကာရေလက်ကြားကို အားကိုးမှီခိုနေရတာကို လျှော့ချချင်တဲ့အခြေအနေရှိပြီး အဲဒီဒေသဟာ အမေရိကလွှမ်းမိုးချုပ်ကိုင်ထားမှုအောက်ရောက်နေလို့ဖြစ်ပါတယ်။
နောက်ပိုင်းမှာ မြန်မာပြည်ဟာ အမေရိကနဲ့ဆက်ဆံရေးကောင်းလာခဲ့ရင် တရုတ်ပြည်အခန်းကဏ္ဍအနေနဲ့ လျှော့ကျသွားနိုင်တာမို့ လူမျိုးရေးပဋိပက္ခနဲ့ လူမျိုးရေးမှာ ထိခိုက်မှုတွေမဖြစ်အောင်တော့ တရုပ်ပြည်အစိုးရအနေနဲ့ ပါးနပ်လိမ်မာစွာလုပ်သင့်တယ်လို့ ထင်ပါတယ်။
ဥပမာ။ ။
ဧရာဝတီမြစ်ကို ပိတ်ဆို့ပြီးဆည်ဆောက်တာမျိုးကို မြန်မာတွေဘယ်လိုမှလက်သင့်မခံတတ်ဖူးဆိုတာမျိုးသိသင့်ပြီး ဒါမျိုးတွေမဖြစ်အောင် သတိထားလုပ်ကိုင်သင့်တယ်ထင်ပါတယ်။
၎) မြန်မာပြည်အနာဂတ်အခြေအနေနဲ့ပါတ်သက်ပြီး ပြောပြပါ။
မြန်မာပြည်ဟာ တည်နေရာအရ အလွန်ကောင်းတဲ့နေရာရနေတာပါ။ အိန္ဒိယ- တရုတ်-အာစီယံဒေသတွေရဲ့ စီးပွားရေးဆက်သွယ်လမ်းကြောင်းတွေ ဆုံရာမှာလည်းရှိနေပါတယ်။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖက်ကိုအာရုံစိုက်လုပ်မှုတွေဟာ ပါတ်ဝန်းကျင်ဂေဟစံနစ်ကို ထိခိုက်သွားနိုင်ဖို့ရှိပါတယ်။
ဥပမာ။ ။ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကိုကြည့်ရင် ထိုင်းနိုင်ငံဟာ စွန့်ထွက်ပစ္စည်းတွေနဲ့ပါတ်သက်ပြီးစည်းကမ်းဥပဒေများပြာတင်ကြပ်နေတာမို့ မြန်မာပြည်ဖက်ပိုင်းက တော့စည်းကမ်းဥပဒေလျှော့နည်းနေလို့ ထိုင်းဖက်ကနေ မြန်မာပြည်ဖက် ပြောင်းရွှေ့လာချင်တာ များနေတာမျိုးဖြစ်နေတာတွေ့ရပါတယ်။ ရေရှည်မှာ ပါတ်ဝန်းကျင် ဂေဟစံနစ်တွေထိခိုက်သွားနိုင်မှာကိုတွေ့နိုင်ပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းတွေလည်း ဒီလိုပါပဲ။
တိုင်းပြည်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ သဘာဝအခြေအနေတွေထိခိုက်မှာရယ် စီးပွားရေဖွံ့ဖြိုးတိုးတက်ဖို့ရယ်မှာ သေသေချာချာ ချိန်ဆလုပ်သင့်ပါတယ်။ ရေရှည်ကြည့်ရမှာပါ။ မြန်မာအစိုးရဟာ ဒီနေရာမှာ အားနည်းသေးတာတွေ့ရပါတယ်။
၅) မြန်မာအမျိုးသမီးအခွင့်အရေးနဲ့ပါတ်သက်ပြီး ပြောပြပေးပါ။
မြန်မာအမျိုးသမီးတွေဟာ တခြားအာရှနိုင်ငံတွေစာရင် အခွင့်အရေးပိုရပါတယ်။ ပိုင်ဆိုင်မှုတွေလည်းရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ကတော့ အမျိုးသမီးတွေဟာ ရဟန်း(ဘိက္ခူနီမ) အဖြစ်ခံယူခွင့်မရှိတာပဲ ပြောစရာရှိနိုင်ပါတယ်။
အိမ်ထောင်စုမှာ ငွေကြေးကိုစီမံခန့်ခွဲခွင့်ရတယ်။ စီးပွားရေးမှာလည်း ယောကျာ်းများနဲ့တန်းတူပါဝင်ဆောင်ရွက်နိုင်တယ်။ ကောင်းမွန်တဲ့အချက်အလက်များဖြစ်ပါတယ်။
စစ်တပ်အနေနဲ့တော့ အမျိုးသမီးတွေကိုခေါင်းဆောင်ပိုင်းဆိုင်ရာတွေမှာ နေရာပေးတာသိပ်မတွေ့ရပါဘူး၊ တပ်မတော်ထဲမှာ ကျား-မတန်းတူညီမျှကို တခြားတနည်းနဲ့ဖွင့်ဆိုကောင်း ဖွင့်ဆိုထားပါလိမ့်မယ်။
ဒါပေမဲ့ ရှေးကတည်းကရှိတဲ့ အမျိုးသမီးများကို ဦးစားပေးတဲ့ယဉ်ကျေးမှုထုံးစံရှိနေခဲ့ပြီးဖြစ်တာမို့ ဒါတွေက ခေတ်နဲ့အညီပြန်လည်ထွန်းကားလာမယ်ဆိုရင် မြန်မာ့စီးပွားရေးအတွက်လည်း ကြီးမားတဲ့မောင်းနှင်အားကြီးဖြစ်လာမယ်လို့ ယူဆပါတယ်။
တိုင်းပြည်ရဲ့စီးပွားရေး ပညာရေးအဆင့်အတန်းအနေနဲ့နိမ့်ကျတဲ့အတွက် အမျိုးသမီးနဲ့ကလေးများဟာ လူကုန်ကူးခြင်းမှာ အဓိကတန်ဆာခံဖြစ်ကြတာမျိုးတော့ရှိပါတယ်။ တိုင်းပြည်အနေနဲ့ စီးပွားရေး တိုးတက်လာရင် ဒါတွေလျှော့နည်းသွားမှာပါ။
၆) မြန်မာပြည်စီးပွားရေးနဲ့ပါတ်သက်တဲ့အမြင်ပြောပြပေးပါ
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပြောမယ်ဆိုရင် နောက်က ပညာရေးဖက်ပြောရပါလိမ့်မယ်။
ဒီကမ္ဘာမှာ တခြားတိရိစ္ဆာန်တွေနဲ့နှိုင်းယှဉ်ကြည့်ရင် လူသားဟာ ဘာကြောင့် အင်အားအရှိဆုံး တိရိစ္ဆာန်ဖြစ်လာသလည်း။ တခြားတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နိုင်လာသလဲ..
သတ္တ၀ါတွေထဲ လူသားကမတူကွဲပြားခြားနားနေတာဟာ ဦးနှောက်နဲ့ဆင်ချင်စဉ်းစားတွေးခေါ်ခြင်းကြောင့်ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်ဖို့အတွက် အချက်၂ချက်ကိုပြောချင်ပါတယ်။
ပထမအနေနဲ့ ပညာရေးစံနစ်ဖြစ်ပါတယ်။ ပညာရေးဟာ ဦးနှောက်နဲ့တွေးခေါ်စဉ်းစားနိုင်ခြင်းအတွက် တွန်းအားပေးတဲ့လောင်စာပါ။ ပညာရေးအဆင့်အတန်းမြင့်လာတာနဲ့အမျှလူသားဟာ ပြဿနာတော်တော်များများကို ကိုယ်တိုင်ဖြေရှင်းသွားတတ်ပါတယ်။
ပညာရေးအဆင့်အတန်းရှိတဲ့လူသားတွေဟာ စုပေါင်းဆွေးနွေးအဖြေရှာတတ်ဖို့လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းရင် အတူတကွစုစည်းပူးပေါင်းနိုင်ပြီဖြစ်ပါတယ်။ လူသားတွေ အတူတကွပူးပေါင်းစုစည်းနိုင်ဖို့ဆိုတာဟာ ဒုတိယအရေးကြီးတဲ့အချက်ပါ။
ဒီ၂ချက်ဟာ လူသားများ ဖွံ့ဖြိုးတိုးတက်လာဖို့။ စီးပွားရေးကောင်းမွန်လာဖို့ လိုအပ်တဲ့အဓိကအချက်၂ချက်ဖြစ်ပါတယ်။
၇) မြန်မာပြည်ရော သွားဖြစ်သလား
ဇန်န၀ါရီလပိုင်းမြန်မာပြည်သွားဖို့ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျမပါစင်နယ်ခရီးအနေနဲ့ သွားခဲ့တယ်။ နောက်ပိုင်းမှာ အစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားပါတယ်။ နာဂစ်ဖြစ်တော့လည်း ညှိနှိုင်းဖို့သွားဖူးပါတယ်။
အဲဒီတုံးကတော့ မြန်မာအစိုးရက အမေရိကအကူအညီတွေမလိုဘူးလို့ ပြောတာပေါ့လေ။
၈) စာဖတ်သူများကို မန္တလေးဂေဇက်တဆင့်ပြောစရာရှိပါသလား
အမေရိကအစိုးရ စီးပွားရေးပိတ်ဆို့ထားတာက ဥပဒေများအနေနဲ့ဖြစ်ပြီး ဒီဥပဒေတွေကိုသက်ရောက်မှုမရှိအောင် (Waiver)ခေတ္တပလပ်လို့ရနိုင်ပါတယ်။ စီနိတ်က လူနည်းစုခေါင်းဆောင် စီနိတ်တာMitch McConnellဆီကို စာရေးတောင်းဆိုကြဖို့တိုက်တွန်းပါတယ်။ ဥပဒေဖြစ်တဲ့အတွက် ပြုထားပြီးအပြီးဖျက်ပယ်ဖို့ဆိုတာ နှစ်နဲ့ချီပြီးကြာတတ်တာမို့ပါ။
ဥပဒေကို ပယ်ဖျက်ဖို့ဆိုတာ ဘယ်လောက်ခက်သလည်း မြန်မာအတိုက်အခံတွေဖက်ကလည်း သဘောပေါက်လာပြီလို့ထင်ပါတယ်။ အမေရိကရဲ့စီးပွားရေးပိတ်ဆို့မှုဆိုတာ တိုင်းပြည်တိုးတက်မှုကိုပါ ဘယ်လောက်ရိုက်ခတ်သွားသလည်း သိကြပါပြီ။
မြန်မာလူမျိုးတိုင်းနဲ့သက်ဆိုင်ပါတယ်။ မြန်မာဘဏ်စံနစ်နဲ့ ငွေကြေးစံနစ်အားလုံးကိုလည်း ထိခိုက်ရိုက်ခတ်ပါတယ်။
အခု မြန်မာပြည်က ဘဏ်နဲ့ငွေကြေးစံနစ်ပြုပြင်ပြင်ဆင်ဖို့လိုတာမို့ အမေရိကကနေ လမ်းညွှန်ကူညီဖို့အလိုရှိနေတာပါ။ ဒါပေမဲ့ အမေရိကအနေနဲ့က စီးပွားရေးပိတ်ဆို့ထားတဲ့ဥပဒေတွေကြောင့် ဘာမှကူညီလို့မရပါဘူး။
အခုလောလောဆယ် အခြေအနေတွေကို သေချာပြန်ကြည့်ရင် အမေရိကရဲ့ စီးပွားရေးပိတ်ဆို့ထားမှုဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွေကို ထိန်းချုပ်ထားသလိုလာဖြစ်နေပါတယ်။ ဒါကို အမေရိကားရဲ့ ဥပဒေပြုသူတွေကို ကျမရှင်းပြနေပါတယ်။ ဒီလိုဆက်ဖြစ်နေရင် မြန်မာအစိုးရအနေနဲ့ အကြောင်းပြချက်ယူပြီး နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့လည်း ပြောပြပါတယ်။ အခုအချိန်ဟာ အင်မတန်အရေးကြီးတဲ့အချိန်ပါ။
မြန်မာ-အမေရိကန်များအနေနဲ့ ဒီကိစ္စကို သေသေချာချာစဉ်းစားပြီး လုပ်ကြစေချင်ပါတယ်။ ဥပဒေပြုသူတွေကို သူတို့ဝက်ဘ်ဆိုက်တွေကနေ ဆက်သွယ်ရှင်းပြစေလိုတာပါ။
စီးပွားရေးနဲ့ဘွဲ့ရထားတဲ့ မြန်မာတွေ အထူးသဖြင့် MBA တွေအနေနဲ့လည်း မြန်မာပြည်ကိုချစ်ရင် စီးပွားရှာဖို့တခုထဲမဟုတ်ပဲ ဖွံ့ဖြိုးအောင် ပြန်ကူညီကြပါလို့ မြန်မာပြည်ပြည်ထောင်စုဘဏ်က အကြီးအကဲက ကျမကိုပြောပါတယ်။
တကယ်လည်း လိုအပ်နေတာပါ။
တိုင်းရင်းသားများဖက်နဲ့မြန်မာအစိုးရဖက်လည်းပြောချင်ပါတယ်။ လူသားများအနေနဲ့ကြည့်မြင်ပြီး လူသားခြင်းစာနာပြီးစစ်ပွဲတွေရပ်ကြပါ။ ဆွေးနွေးအဖြေရှာကြပါ။
ကချင်၊ကရင်စသဖြင့် မခွဲခြားပဲ မတူညီတဲ့ယဉ်ကျေးမှု၊ ဓလေ့၊ ကိုးကွယ်ရာများနဲ့ လူသားများအနေနဲ့မြင်ကြပါ။
စည်းလုံးကြပါ။ တိုင်းပြည်တခုအနေနဲ့ အတူတူစုစည်းနေတာဟာ ပိုမိုအင်အားကောင်းတာဖြစ်ပါတယ်။
အမေရိကပြည်ထောင်စုရဲ့ ပြည်နယ်တွေစည်းလုံးစုစည်းထားပုံကို ဥပမာတချို့ယူသင့်ပါတယ်။
အမေရိကပြည်ထောင်စုပြည်နယ်တွေဟာ ပြည်နယ်တွင်းရဲ့ သယံဇာတတွေကို ပြည်နယ်ကပိုင်တာဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရအနေနဲ့မပိုင်ပါဘူး။ ဒါမျိုးလုပ်ကိုင်ပုံတွေကိုလည်း ဥပမာယူသင့်ပါတယ်။
မြန်မာ-အမေရိကန်များအနေနဲ့ မြန်မာပြည်အရေးစိတ်ဝင်စားပြီး ကူညီကြစေလိုပါတယ်။ စီးပွားရေးပိတ်ဆို့ထားမှုကို လျှော့ချဖယ်ပေးဖို့ ဥပဒေပြုသူတွေကိုတိုက်တွန်းသင့်ပါတယ်။
သူတို့ရဲ့ဝက်ဘ်ဆိုက်တွေကတဆင့်တိုက်တွန်းကြလို့ရပါတယ်။
စိနိတ်တာJohn McCainနဲ့စိနိတ်တာMitch McConnellတို့က မြန်မာ့အရေးမှာအင်မတန်အဓိကကျတဲ့သူတွေဖြစ်လို့သူတို့ကို အဓိကတိုက်တွန်းပြောကြရမယ်ဖြစ်ပါတယ်။
ဆီနိတ်တာ John Kerry ကတော့ ဗီယက်နမ်ကို စီးပွားရေးပိတ်ဆို့ထားတာဖွင့်ပေးဖို့ အဓိကဦးဆောင်လုပ်ခဲ့သူဖြစ်ပါတယ်။
၉) မန္တလေးဂေဇက်အပေါ်အမြင်ပြောပြပေးပါ။
မန္တလေးဂေဇက်သတင်းစာကို အင်္ဂလိပ်- မြန်မာလို၂ဘာသာနဲ့ရေးထုတ်စေလိုပါတယ်။ ဒီမှာမွေးတဲ့သူတွေအတွက်လည်းအင်မတန်ကောင်းမှာပါ။
တခြားသတင်းဌာနတွေက အမေရိကရောက်မြန်မာတွေကို တိုက်ရိုက် ရည်ရွယ်ကြတာမဟုတ်တာမို့ အမေရိကပြည်တွင်းမှာထုတ်တဲ့ မန္တလေးဂေဇက်က အခုလိုအခြေအနေမှာ အရေးပါတဲ့နေရာမှာရှိနေတာလို့ ပြောချင်ပါတယ်။
Related posts:


ビックリほどの言い方だね。
さらに進捗を期待しております。
なお、一眼レフまだ買わない?
米のビルマ人の写真、イベント、ニュース
など見たいなああ
ところで
Was this answer helpful?
LikeDislikeမ၀ယ်ဖြစ်သေးပါဘူးကွယ်… ပိုက်ပိုက်ချိန်နေရတယ်..။
ပုံတွေ.. ပွဲတွေ..လှုပ်ရှားမှုတွေကတော့.. သတင်းစာထဲ.. ဒေါင်းလုပ်လုပ်ပြီး..ကြည့်နော…
အီးမေးလ်နဲ့ပို့လိုက်မယ်..။
ဒီလ.. မြန်မာ-အမေရိကန်လူ ၅၀၀လောက်ပုံတွေပါမယ်ထင်တာပဲ.. အားလုံးလိုလို ဂရုဖိုတိုတွေ…။
အဲ..
အလှပန်းဆိုတဲ့ကဏ္ဍလည်းပါရဲ့..
မနက်ဖြန်ကျ..တင်ပေးမယ်…။
Was this answer helpful?
LikeDislikeရပါဒယ်..
တစ်နေ့ ထဲ သုံးပုဒ်တင်လဲ ချိတ်ချိုးပါဘူး
အလှပန်းလေးတွေ ခံစားရအောင်မို့ လို့ ဘာ
Was this answer helpful?
LikeDislikeリほどの言い方だね。
さらに進捗を期待しております。
なお、一眼レフまだ買わない?
米のビルマ人の写真、イベント、ニュース
など見たいなああ
ところでありがとう
タジー
Was this answer helpful?
LikeDislikeမနေနိုင်မထိုင်နိုင်
ရထားပေါ်ကမန့်ထလိုက်တာ ..
ကွန်းမန့် ၂ပိုင်းပြတ်ပီး …ဘိုဖစ်တွားဒယ်မသိ..
ချောဒီးဘာ…
အိမ်မြန်မြန်ပြန်ရောက်လို့ နို့မို့ဆို
ကပုန်းကျော် ပိုစ့်ဖတ်ပီး အူတက်နေတာ …
အရူးဆိုပီး ကန်ချခံထိတော့မလို့ ….
မောထှာ …
Was this answer helpful?
LikeDislikeအောင်မ၄၄၄၄၄
သများတွေများ ရထားပေါ်က မန့်တယ်တဲ့
ဒီမှာဖြင့်တော့ ဆာဖာ ကထိုင်တာတောင် လိုင်းက ကောင်းတာမဟုတ်ဘူး
—————————————————————————————————
ဆရာ ချစ်ဦးညို ပြောသလိုပါပဲ
မြန်မာ မှာတော့ အိမ်သာခွက်ကို မနည်း တဲ့အောင် လုပ်နေရတာလေ
အင်တာနက် ဝေးရော
အော်
ဒုက္ခ
Was this answer helpful?
LikeDislikeသူကြီးရေ မန္တလေး ဂေဇက် သတင်းစာကို တခါမှ မဖတ်ဖူးသေးဘူး ။ကိုယ်တိုင်ကိုင်ပြီးဖတ်ကြည့်ချင်စိတ်ကတော့ ရှိသား ။ ဟိုတခါပို့တဲ့ မေးကဟာလည်း ဖတ်မရလိုက်ဘူး။ ဆွဲလို့ မရလို့ ။
ဒီလိုလူတွေသာ ဒီ ပြန်လာပြီး တဖက်တလမ်းက အတိုင်းတာတခုထိ ၀ိုင်းကြ၀န်းကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ အပြီးပြန်လာခိုင်းတာ မဟုတ်ပါဘူး ။ မိသားစုတွေရှိကြတာကို နားလည်ပါတယ်။ အခါအခွင့်သင့်ရင် သင့်သလို အကူအညီပေးစေချင်တာပါ။
ဒေါ်မီမီဝင်း ပြောသလို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ရင် မြန်မာ့အကြောင်း သိချင်တဲ့ လေ့လာချင်တဲ့ နိုင်ငံခြားသားတွေအတွက်လည်း အထောက်အကူပြုမယ် အဆင်ပြေမယ်လို့ ထင်ပါတယ် သူကြီး။
Was this answer helpful?
LikeDislikehttp://mandalaytube.com/mediadetails.php?key=90f90d11e64b83398cb5&title=Mandalay+Gazette+Feb+2012
ဒီတခေါက်တော့.. ရန်ကုန်က.. အမေရိကန်စင်တာကို ပို့မယ်..စိတ်ကူးတယ်..။
Was this answer helpful?
LikeDislikeပို့ပြီးရင် ပို့ပြီးကြောင်းလေး … ပြောပေးပါလား … သွားကြည့်ရအောင် လို့ပါ …
Was this answer helpful?
LikeDislikeကျွန်တော်တော့ ပထမဆုံးထုတ်တဲ့ သတင်းစာ ကိုဖတ်ဖူးတယ် မြန်မာမှာလေ
အစစ်တော့မဟုတ်ပါဘူး ဧရာဝတီ ကနေကူးပြပေးတာ
သတင်းစာ လွပ်လပ်ခွင့် ရှိတော့ ပိုကောင်းတာပေါ့
Was this answer helpful?
LikeDislikeသူကြီးရေ။
မန်းဂဇက် သတင်းစာ ကျွန်တော်လည်း ဖတ်ချင်တယ်ဗျို့။
သူကြီးပေးတဲ့လင့်က ပွင့်တော့ ပွင့်တယ်။
ဖတ်မရဘူးဗျာ။
ကူညီပါဦး။
Was this answer helpful?
LikeDislikeသူကြီးလင့်ခ်မှာဒေါင်းရအုံးမယ်ဗျာ။ဒီမှာက လိုင်းတွေကောင်းလှပါသနဲ့ ဗျို့ ။
Was this answer helpful?
LikeDislikeခန့်တဲ့ ချောတဲ့ လူများကျတော့
ဆံပင်ဖြူ ကို ဆေးမဆိုးပေမယ့်လည်း
ခန့်နေ ချောနေ သေးတာပါပဲ ။
Caucasian တွေ ဂရုစိုက်လေ့ရှိတဲ့ သွားတွေ ကလည်း
တော်တော် လှသေးတာပဲ ။ သေချာ ဂရုစိုက် ထားပုံပဲ ။
သေချာတာတော့ ၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ
( အထူးသဖြင့် Caucasian နိုင်ငံတွေမှာ )
အခြေချနေထိုင်သူတွေရဲ့ ထုံးစံ အတိုင်း
အရွယ် အရမ်းတင်တာပါပဲ ။
အဘလို ဟိုတဝက် ဒီတဝက် နေရင်တော့
ဘယ်လိုဖြစ်မလဲ မသိဘူး ။
အင်းးးး ကျွန်တော်လည်း မြန်မာပြည်မှာ
၃ – ၄ လ လောက်နေလိုက်တာ
ကျန်းမာရေး တော်တော် ထိခိုက်သွားပြီ ထင်တယ်
မြန်မာပြည် ရောက်တဲ့နေ့လောက်ကစပြီး
လက်သည်း ၁၀ ချောင်းလုံး ချိုင့်ဝင်ကျသွားတယ် ။
အင်းးးး ဒီလိုရေးလို့ မြန်မာပြည်က သူတွေကတော့
အဘကို စိတ်ဆိုးကြ ကြီးကျယ်တယ်လို့ ထင်ကြတော့မှာပဲ ။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ ၊
အဘ အမှန်တွေ ပြောနေတာပါကွယ် ။
Was this answer helpful?
LikeDislikeအဲဒါ ကျက်သရေရှိတာ လို့ ခေါ်နိုင်ပါတယ် ကိုအဘဖောရေ။
အတင်းငယ်အောင် လုပ်ပြမနေဘဲ ဒီလိုပုံမှန် နေတာကို က သူ့ကို ပိုတင့်တယ် စေတာလို့ ထင်တာပါဘဲ။
မြန်မာပြည် ထဲမှာလဲ သူ့ဟာသူ နုတဲ့ သူရှိသလို ပြည်ပမှာလဲ တစ်ချို့ သူတို့နိုင်ငံသားတွေ ၃၀ကျော် ဆိုဘဲ အတော်ရင့်နေပါပြီ။
သူကြီးရေ –
သူတို့လို တော်တဲ့ သူတွေကိုကြည့်ပြီး ကိုယ်ငယ်တုန်း က ဂလေရိုက်ပြီး ဖြုန်းမိခဲ့တဲ့ အချိန်တွေ ကို ပြန်ကြည့်လိုက်မိတယ်။
ကျွန်မ သူတို့ကို တကယ်ဘဲ အားကျလိုက်တာ။
အရမ်းလဲ ဂုဏ်ယူပါတယ်။
စကား အတင်းစပ်လို့ – အော်ရီကယ် Board of Directors ထဲ ကတစ်ယောက် ကလဲ မြန်မာဘဲ။
Was this answer helpful?
LikeDislikeကိုယ့်မြန်မာတွေ အခုလိုခေတ်မှီတိုးတက်တဲ့ နိုင်ငံမှာ နေရာရတာအရမ်းဂုဏ်ယူစရာပါ….အားကျဖို့ကောင်းပါတယ် ဒါပေမယ့် မြန်မာပြည်အတွက်တော့ နှမြောစရာပါပဲ မြန်မာပြည်မှာ ဒီလိုလူတော်တွေသာစုနေမယ်ဆို အရမ်းကိုတိုးတက်တဲ့နိုင်ငံကြီးဖြစ်နေမှာ အခုတော့ မြန်မာပြည်ကလူတော်များ ပညာတတ်များက တစ်ခြားနိုင်ငံတွေမှာ ရောက်ကုန်ကြတာအရမ်းကို နှမြောမိတယ်…..
အော်…ကြုံတုံးလေးပြောလိုက်ပါဦးမယ် သူကြီးရေ ကျွန်မနံမည် Khaing ကို သူကြီးလို Kaiနဲ့ပြောင်းခိုင်းနေတယ် ခေတ်မှီအောင်တဲ့..ကျွန်မထက်ဆိုးတဲ့သူတွေရှိသေးတယ် ခိုင်ကို Khineနဲ့ပေါင်းတာလေ သူကြီးကကော kaiဆိုတာဘယ်လိုကြောင့် အဲလိုပေါင်းဖြစ်သွားတာလဲရှင်းပြပေးပါလား…..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ သဂျီးရဲ့ ခိုင် ဆိုတာက သူ့ရဲ့ ပညာဉာဏ်ကြီးမြင့်မှု ကို
ဝိဂြိုလ်ပြုထားတာ လို့ ဂီဂီလိခ် မှ သိရပါတယ်ချင့်
ခိုင်ဆိုတာ
ဗမာလို ဆိုရင် အခိုင်လိုက် (၀ါ) အပြွတ်လိုက် ပညာတွေ ရှိပါကြောင်း
ခိုင် မာ ၊ ခိုင်ကြည် ၊ ခိုင်ခံ့ ပါကြောင်း …။
ဂျာပန်လိုဆိုရင်တော့ kai 海 ဟာ ပင်လယ်ကြီးလိုနက်ရှိုင်းတဲ့ အသိပညာ
ကို ရည်ညွှန်းတာဖြစ်ပြီး 貝 ဆိုရင်တော့ ..ဘယ်ပိုစ့်ကိုမဆို ခရု ၀င်ကစွပ် သဖွယ် ၀င်မယ်
ထွက်မယ် မန့်မယ် ထေ့မယ် ကလိမယ် ရိမယ် လို့ ကြွေးကျော်ထားတာ ဖြစ်ပါတယ်ချင့်…။
ခင်တဲ့
နှူးဘာဂီ
Was this answer helpful?
LikeDislikeဂျပန်လို တောင် ကျွမ်းနေပြီလား ဆြာဂီ
ပါတီမှာတွေ့မှ ပြောရဦးမယ်
ဂျာပန်လို
Was this answer helpful?
LikeDislikeဒေါ်မီမီဝင်း ဟာ ငယ်စဉ်က ခက်ခဲကြမ်းတမ်းတဲ့ဘ၀ လမ်းကိုဖြတ်လျှောက်ရတဲ့မိသားစုက ဆင်းသက်လာသူမို့၊ ကြိုးစားရမယ်ဆိုတဲ့ ခံယူချက်ကိုခေါင်းထဲ ရှိခဲ့သူပါ။ အောင်မြင်မှု ဆိုတဲ့ပန်းတိုင်ဟာ မောင်မိုးညိုတို့ မြန်မာတွေအတွက် အလှမ်းဝေးတဲ့ (သို့) မမျှော်မှန်းနိုင်တဲ့ အခွင့်ထူးကြီးမဟုတ်ပါဘူး။ ဒီနိုင်ငံမှာမွေးပြီး ဒီမှာကြီးတဲ့ သူတွေနဲ့ ကွာတဲ့အချက်တခုဘဲရှိပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ ဘာသာစကားပါ။ ကျန်တာအားလုံးက သာလွန်တယ်ဆိုတာယုံကြပါ။ တခုတော့ရှိပါတယ်။ လမ်းရွေးမှန်ဘို့ဘဲ လိုပါတယ်။ ဒီနေရာမှာ မိဘလုပ်သူတွေရဲ့ကဏ္ဍက သိပ်အရေးကြီးပါတယ်။ အဲ့ဒီနိုင်ငံရဲ့စနစ် ထုံးစံကို ကောင်းကောင်းကြီးလေ့လာကြဘို့လိုပါတယ်။
ဒီလိုတွေ့ဆုံမေးမြန်းခြင်းအခန်းကဏ္ဍတွေ ကအားကျဘို့ ဆိုတာထက်၊ သူလဲဖြစ်နိုင်ရင် ကိုယ်လဲ ဘာလို့မဖြစ်နိုင်ရမှာလဲ ဆိုတဲ့ စိတ်ဓါတ်ကိုမွေးစေချင်လို့ပါဘဲ။
Was this answer helpful?
LikeDislikeကြောင်ကြီးလည်း အမေရိကန် မုဒိမ်းတပ်ဗူးကြီးပါ။ ရွာသူများနဲ့ တွေ့ဆုံပြီး အတွေ့အကြုံ ဖလှယ်လိုပါဂျောင်း….
Was this answer helpful?
LikeDislikeဒီအထဲ.. မြန်မာပြည်ရဲ့နောင်ရေးခန့်မှန်းရနိုင်တာ.. တိုက်ရိုက်အကြံပေးနိုင်တာမျိုး..အခွင့်အရေးရှိနေရက်နဲ့.. မဆွေးနွေးကြတာလည်း.. အံ့စရာ..။
အမေရိကန်တွေ.. မြန်မာပြည်ချောင်းပေါက်မတတ်သွားနေတာ.. ပျင်းလို့.. ဗကေးရှင်းထွက်နေတယ်များ.. ထင်နေကြသလား…မသိ..။
Was this answer helpful?
LikeDislikeဟတ်လား..ဒါဆို မြန်မာပြည်ကို အမေရိကန်ရေတပ်သင်္ဘောတွေ လွှတ်ပေးဖို့ ပြောပေးပါ။
Was this answer helpful?
LikeDislikeသူကြီးမင်းခင်ဗျား-
မြန်မာပြည်ဖွား၊အမေရိကန်အစိုးရအရာရှိ၊ပညာတတ်တစ်ဦးရဲ့၊မြန်မာနိုင်ငံဆိုင်ရာအမြင်ကိုဆွဲထုတ်ပြပေးလို့ ကျေးဇူးပါခင်ဗျာ။
ပိတ်ဆို့မှုတွေအမြန်ရုပ်သိမ်းဘို့ကိစ္စ၊
တိုင်းရင်းသားအဖွဲ့များနှင့်ငြိမ်းချမ်းရေးသဘောထားကိစ္စ၊
ဒီမိုကရေစီစံနှင့်တပ်မတော်ကိုရင်းနှီးကျွမ်းဝင်စေသောကိစ၊္စ စတာတွေကိုဖြစ်စေလိုတဲ့ဆန္နများပြောသွားတာတွေ့ရပါတယ်၊
တိုင်းရင်းသားများကိစ္စ မှာ အစိုးရအနေနဲ့ ကိုယ့်ကိုယ်ကို အစိုးရဆိုတဲ့ဂုဏ်ပုဒ်မေ့ထားရမှာဖြစ်သလို၊
တိုင်းရင်းသားတွေကလည်းလူမျိုးစွဲကင်းတဲ့စိတ်ကိုအရင်မွေးကြရမှာပါ၊ သည်တော့နှစ်ဘက်စလုံးဟာကိုယ့်ကိုယ်ကိုတစ်တိုင်းပြည်လုံးမှ ပြည်သူနှင့်တစ်ပြေးတည်းပဲလို့ခံယူကြမှ၊အရင်ဆုံး တစ်တိုင်းပြည် လုံးအရေး ဆိုတဲ့၊ မျှခြေ ရောက်ပါလိပ်မယ်၊ ဒီတော့မှ နိုင်ငံတော် ဆိုတာမြင်မှာပါပဲ။အဲလိုမြင်မှ နိုင်ငံတော်အတွက် ဆိုတာစဉ်းစားမိကြမှာပါ။ဒါမှ နိုင်ငံသားတိုင်းအခွင့်အရေးဆိုတာ နားလည်ပြီး၊သာတူညီမျှ ဆိုတဲ့အတွေးဝင်
ပြီး၊ညီညွတ်မှုဆောင်မှာပါ။ ဒါ စိတ်ထားပိုင်းပြောတာပါ၊ဆိုတော့- အဲလိုအမြင်ပြောင်းစေတဲ့ လုပ်ရပ်တွေကို
စတင်လုပ်ပြနိုင်တာ ၊အဲသည်ပါဝါ လက်ရှိအစိုးရကပဲစလုပ်ရမှာပါ၊သူကလုပ်ပိုင်ခွင့်ရှိသူကိုး။
လုပ်လို့ရတာ ဒေါ်မီမီဝင်း ပြောသလို ၊ ELEVEN မှ အယ်ဒီတာကြီးပြောဘူးခဲ့ပါတယ်၊ သယံဇာတတွေအပေါ် သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေတွေကို ဘယ်လိုခွဲဝေပြီးမှ ကျန်တာဗဟိုအစိုး ရမှ ယူပါဆိုတာကို၊ဒါလက်တွေ့လုပ်ပြဘို့လိုပါတယ်။ပြဌာန်းချက်ချက်ခြင်းလုပ်ပြဘို့လိုပါတယ်၊
နိုင်ငံရေးပါတီတွေလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားတွေအကုန်ပြန်လွှတ်တာ၊ဥပဒေတစ်ဖက်စောင်းနင်း
ကိစ္စတွေ ဒါ လက်ရှိအစိုးရအနေနဲ့ ဘယ်သူ့မျက်နှာမှကြည့်ပဲ၊ ပြည်သူ့မျက်နှာသာ ကြည့်ရဲပြီးချက်ခြင်း လက်တွေ့လုပ်ပြရင်။
အဓိက လက်ရှိအစိုးရပေါ်ပဲ မူတည်ပါသဗျား၊ ပြည်သူ့မျက်နှာကြည့်၊ပြည်သူနှင့်တစ်သားထဲကျမှပါပဲ။
သည်မှာ အတိုက်အခံတွေဘက်က ဟိုး သုည အထိ ပြည်သူ့မျက်နှာကြည့်ပြီး မာန်လျှော့ပူးပေါင်းခဲ့ပါပြီ။
လက်ရှိတပ်မတော်ဟာ၊ပြုင်ပြောင်းလဲဘို့ မရင့်ကျက်သေးပေမည့် ၊ပညာမဲ့တွေမဟုတ်သေးပါဘူး၊ သည်တော့ တကယ့်ဒီမိုကရေစီနိုင်ငံကြီးတွေမှ မကြာမကြာဖိတ်ခေါ်ပြီးရင်းနှီးပျူငှာဆက်ဆံပေးရင်း၊ ဒီမိုကရေစီစံကိုနှလုံးသွင်းနိုင်ရင်အားလုံးကောင်းသွားမှာပါ။ ကျနော်တို့တပ်မတော်သားကြီးတွေကို ကိုရွှေ
အမေရိကန်တို့၊အင်္ဂလန်တို့ မှ များများဖိတ်ကြား၊ရင်းနှီးစေချင်ပါတယ်။ပညာတွေဖြန့်ဝေစေချင်ပါတယ်။
နိုင်ငံကြီးများမှလည်း ပျူပျူငှာငှာလက်တွဲခေါ်ကြပါဗျား။
Was this answer helpful?
LikeDislikeဒေသထွက်သယံဇာတတွေကို တိုင်းရင်းသားတွေဆီပေးပြီးမှ ဗဟိုအစိုးရက ရယူဘို့ဆိုတဲ့ အချက်က သဘောခွေ့စရာဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတလွှား ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးက ဒီနေ့အထိအပြေးအလွှားကြိုးစားနေကြရတဲ့ ကိစ္စက အဲ့ဒီသယံဇာတတွေကို ဘယ်လို consumable products ဖြစ်အောင် ထုတ်လုပ်ရမလဲ ဆိုတဲ့ နည်းပညာပိုင်းပါဘဲ။ technological transfer နဲ့ အဲ့ဒီသယံဇာတတွေ ထုပ်လုပ်နိုင်ဘို့ စရိတ်စကဆိုတာ အလိုအလျောက်ဖြစ်မလာပါဘူး။ ဒီအတွက်ကြောင့် ပြည်နယ်များနဲ့ ဗဟိုအစိုးရဟာ လက်ချင်းယှဉ်တွဲကြဘို့က မဖြစ်မနေလိုလာပါတယ်။ အဓိက က “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်” ပါ။ ဒီကနေ့အထိမရှင်းသေးတဲ့ သံသယတွေဟာ အဲ့ဒီ လိုအပ်ချက်ကြောင့်ပါဘဲ။ ဒေသကထွက်တဲ့ ကုန်ကြမ်းကို ဘယ်လို အသုံးဝင်အောင် ကုန်ထုပ်လုပ်မလဲ။ ဗဟိုအစိုးရအကူနဲ့ ပြည်ပ technology နဲ့ investment ကို မရလို့မဖြစ်ပါဘူး။ ရလာတဲ့အကြိုးအမြတ်ကို ဒေသဆိုင်ရာအစိုးရက စီမံခံစားခွင့်၊ သင့်လျော်တဲ့ အကြိုးအမြတ်ကို ဗဟိုအစိုးရနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ခွဲဝေပေးနိုင်တဲ့ ရှင်းလင်းတဲ့ အစီအမံများရှိရပါမယ်။ အဲ့ဒီအစီအမံများကို ဒေသဆိုင်ရာအစိုးရကို အာဏာအပ်နှင်းနိုင်ဘို့လိုပါတယ်။ ဒါဟာ ဖက်ဒရယ်အစိုးရစနစ်ရဲ့အနှစ်သာရပါ။
Was this answer helpful?
LikeDislikeဖက်ဆစ်ဂျပန်ကနေ.. စစ်ပညာသင်ပြီး..အဲဒီကပေါက်ဖွားလာတဲ့.. မြန်မာ့တပ်မတော်ဟာ.. စစ်အစိုးရလက်ထက်မှာ.. ကွန်မြုနစ်လူထွက် ရုရှားနဲ့.. တရုတ်ကနေ.. စစ်ပစ္စည်းရော.. စစ်ပညာရော ဆက်ယူခဲ့တယ်..။
အဲဒါကို.. အခြေခံကနေပြန်ပြင်ယူရလိမ့်မယ်ထင်မိတယ်..။
ဒီလိုလုပ်ဖို့က.. မြန်မာတပ်မတော်က.. အရာရှိတွေ.. ယူအက်စ်နဲ့..အနောက်နိုင်ငံတွေဆီမှာ.. စစ်ပညာသင်နိုင်ဖို့.. လိုတယ်ထင်မိတယ်..။
အဲဒီလိုနဲ့.. ပရောဖက်ရှင်နယ်စစ်တပ်ဖြစ်လာမယ့်လမ်းပေါ်ရောက်မယ်လို့ ..မျှော်မိပါရဲ့..။
ဖယ်ဒရယ်စိတ်ဓါတ်စစ်စစ်ကတော့.. တယ်..မလွယ်သေးပါဘူး..။
တိုင်းပြည်ဆင်းရဲနေသေးသမျှ.. ပိုလို့တောင်မလွယ်ရေးးးးချ.. မလွယ်..။
မြေကြီးထဲကဟာ.. ငါ့ဟာ..ငါဟာ.. ငါပိုင်တာ… ဖြစ်နေကြဦးမှာပဲ..။
ကိုယ်တိုင်တူးဆွထုတ်ရောင်းဖို့မလို.. နိုင်ငံခြားသားလက်ညိုးထိုးရောင်းလိုက်.. ပိုက်ဆံတန်းရမှာကိုး..။
ဆိုတော့…
ဆင်းရဲနေသမျှ… ဖယ်ဒရယ်ရဲ့.. တကယ့်အနှစ်သာရ စိတ်ဓါတ်ကို ဖမ်းလို့မိဦးမယ်..မထင်…ရေးချ..မထင်..။
Was this answer helpful?
LikeDislikeဒေါ်မီမီဝင်း = “မန္တလေးဂေဇက်သတင်းစာကို အင်္ဂလိပ်- မြန်မာလို၂ဘာသာနဲ့ရေးထုတ်စေလိုပါတယ်။ ”
ိဆိုတော့က ၊ ဂေဇက်က မြန်မာလိုရေးတာတွေ ကို အင်္ဂလိပ်လို ပြန်ဖို့ ၊ သဂျီး ထရန်စလိပ်တာ ငှားဖို့ လိုနေပြီ ဖြစ်ပါကြောင်း ၊ မောင်ပေ့ ကို ငှားမည် ဆိုပါက ယူအက်စ်အရောက် စရိတ်အကျခံရမည် ဖြစ်သည့်အပြင် တစ်ပုဒ် ဒေါ်လှ ငါးရာ ပေးရမည် ဖြစ်ပါကြောင်း ။
ဆိတ်ဝင်စားပါက ဆတ်သွယ်ပါယန် ။
Was this answer helpful?
LikeDislikeဟေး ကပေ – နေကန်း သွားပြီလား။
အိပ်ရာထဲကလား။
မြန်မြန် နေကောင်းပါစေ ဆုတောင်းပါတယ်။
စောဒီး သူကြီး။
Was this answer helpful?
LikeDislikeမြန်မာအစိုးရအဆက်ဆက်မှာ ပြည်ပအတတ်ပညာအထောက်အကူတွေ ကိုသင်္ကာမကင်းတဲ့ သံသယစိတ်ကိန်းအောင်းနေတာက ဒီကနေ့အထိပါ။ မိမိအကြံအစည်နဲ့ မိမိဖာသာ သာ လုပ်ချင်စိတ်ရှိတဲ့ mindset အရိုးစွဲနေဆဲပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တခြားကဆရာလာလုပ်တာကို သိပ်လက်မခံချင်ပါဘူး။ idea သစ်တခုကို ဖွင့်ပြီးဆွေးနွေးခြင်းအကြံဖိတ်ခေါ်ခြင်းဆိုတဲ့ အယူအဆနဲ့သိပ်မယဉ်ပါးသေးပါဘူး။
တပြိုင်တည်းမှာဘဲ (ပြောရတာတော့မကောင်းပါဘူး) အခွင့်အရေးကိုမျော်ကိုးတဲ့၊ မိမိအကြိုးစီးပွားကိုသာဦးစားပေးတဲ့ ပုဂ္ဂိုလ်တွေသာ အစိုးရအဖွဲ့ကို ချဉ်းကပ်နေကြသေးတာကိုတွေ့ရပါတယ်။ ဆိုလိုတာက တံခါးဖွင့်ဝါဒကို အခွင့်ကောင်းယူပြီး ၀န်ကြီးဝန်ကလေးများနဲ့ ၀င်”လုံး”ချင်ကြတဲ့ သူတွေတွေ့နေရပါတယ်။ ဒါကိုလည်းလက်ရှိအစိုးရက ကောင်းကောင်းကြီးသိထားပါတယ်။ (၁၉၉၂) ဈေးကွက်စနစ်တံခါးဖွင့်ဝါဒနဲ့အတူ၊ အစိုးရ ၀န်ကြီး၊ ၀န်ကလေးများကို ၀င်လုံးကြတဲ့ နံမယ်ခံပွဲစားတွေ ရဲ့ ဒါဏ်ကို အရင်စစ်အစိုးရ ဗိုလ်ချုပ်အချို့ လှလှ ကြီးခံလိုက်ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
ဒီတော့…. အကြံပေးလိုသူ ပြည်ပရောက် ပညာတတ် လုပ်ငန်းရှင်ကြီးများ နဲ့ အကြံယူလိုသူ ဦးသိန်းစိန်အစိုးရ ကြား ရင်းနှီးမှု၊ လက်တွဲ အလုပ်လုပ်လိုမှုတွေ ဆိုတဲ့ အချိန်ကာလက နေ့ချင်းညချင်းတော့ ရောက်မလာနိုင်သေးပါဘူး။
အဲ…”ဂယ်ပေါက်”တခုတော့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ သူနဲ့လက်တွဲခဲ့တဲ့ ခေတ်ပညာတတ်လူငယ်တွေ legislative role ရလာရင်တော့ အဲ့ဒီကိစ္စတွေ များများနဲ့ မြန်မြန် လှိမ့်ဝင်လာစရာရှီကြောင်း…သတင်းကောင်းပါးရပါတယ်။
Was this answer helpful?
LikeDislikeကျွန်တော်ပြောချင်တာကတော့
sanction ဟာဥပဒေနဲ့ လုပ်ထားတာဆိုတော့ဖြုတ်ဘို့ဆို သူတို့လွှတ်တော်ကိုတင်ပြတာနဲ့ဘာနဲ့အချိန်
တော်တော်ယူမယ်၊ ဆိုတာပါဘဲ။အဲဒီအချိန်ကိုထည့်တွက်ပြီး ကျွန်တော်တို့ကလုပ်စရာရှိတာမြန်မြန်လုပ်ထားရမယ် ဆိုတာ သတိထားမိတယ်၊
ဘယ်သူလက်ခံခံမခံခံ ကျွန်တော်တို့နိုင်ငံစီးပွားရေးတိုးတက်ဘို့Sanction မရှိဘို့လိုတယ်ဆိုတာ မငြင်းနိုင်ဘူး၊အရှေ့တောင်အာရှက ကုမ္ပဏီလေးတွေနဲ့တင် ဆက်ဆံနေလို့မရဘူး၊
တရုတ်ကတော့ထည့်ကိုမတွေးနဲ၊မြန်မာပြည်ကို ဈေးကွက်တခုလို့ပဲသဘောထားတာ၊
သူတောင် ဘယ်စနစ်ကျင့်သုံးပြီးဘယ်နိုင်ငံကကုမ္ပဏီတွေလုပ်ပေးလို့ထောင် သွားတာလဲ????
Was this answer helpful?
LikeDislikeဆန်ရှင် ဆိုတဲ့သဘောက၊ဖွင့်ပေးလို့ဖွံ့ဖြိုးမှုရှိလာတာဟာ- တိုင်းပြည်၊ပြည်သူအတွက်တစ်ကယ်အကျိုးရှိမှ
လူတစ်စုအတွက်ပဲအကျိုးများပြီး၊ပြည်သူကသည်အတိုင်း မွဲပြာ့၊မွဲပြာ၊တိုင်းပြည်ကလည်း သည်အ တိုင်း အနှစ်မပါတဲ့အခွံတွေပဲတိုးပွါးလာတာဆိုရင် နဂိုသူရို့ ပိတ်ရတဲ့ရည်ရွယ်ချက်က အလကားဖြစ်မယ်လို့တွေး ပုံရတယ်။ဆိုလိုတာက ပြည်သူ့အတွက်တစ်ကယ်လုပ်ပြမှဆိုတဲ့သဘောပဲ။
သည်တော့ ဖွင့်ပေးပါလို့တောင်ဆိုနေမယ့်အစား၊ လက်ရှိအစိုးရ ရဲ့လက်တွေ့ဆောင်ရွက်မှုတွေကသာပို အရေး ကြီးပါတယ်။
-ဟာ ဟာ ပြောနေရင်း ပဲ ဒီကေဘီအေ ကငြိမ်းချမ်းရေးတစ်ဖွဲ့၊ငြိမ်းချမ်းရေးဖျက်ပြီးပြန်ထွက်သွားပြန်သတဲ့။
-အဲ ဘာရယ်- ကချင်လေဆိပ်မှာဒေါ်စုပါတဲ့ လေယာဉ်တစ်နာရီလောက် နောက်ကျလို့၊ လာကြိုဆိုသူတွေပြန် သွားရတယ် ဟုတ်စ။
-အတိုက်အခံတွေ ဟောပြောဘို့ ကွင်းနေရာ မရဘူး ဟုတ်လား။
ကဲသည်တော့ အကောင်းဘက်ဦး တည်တဲ့၊ ဦးရွှေမန်းတို့၊ သမတ္တကြီးတို့အုပ်စု ကို လိုက်ကန့်လန့်တိုက်နေ တဲ့ တိုင်းဖျက် ၊ပြည် ဖျက်တွေ ရှိနေသရွှေ့၊ တော်တော်ခက်ပါသဗျား။အဓိက က ကြံ့ဖွတ်ရဲ့ပေါ်လစီမိတ်
ကာတွေ တစ်ကယ်တိုင်းပြည်မချစ်လို့ဖြစ်နေတဲ့ပြဿနာလို့ကျုပ်တွေးပါတယ်။
Was this answer helpful?
LikeDislike… ဆန်ရှင်ပြန်ရုပ်သိမ်းဖို့.. အဓိက.. သော့ဟာ.. ယူအက်စ်မှာနေတဲ့.. မြန်မာ-အမေရိကန်တွေလက်ထဲရောက်နေတယ်ထင်မိတယ်..။
ဥပဒေမို့.. ဥပဒေပြုအမတ်တွေက..ဥပဒေပယ်ဖျက်ပေးမှဖြစ်မှာဖြစ်ပြီး.. ဒီလိုယူအက်စ်ရဲ့ရွေးကောက်ပွဲရာသီမှာ.. ဥပဒေပြုအမတ်တွေ.. အလုပ်လုပ်ဖို့ဆိုတာ… အောက်ခြေမဲဆန္ဒရှင်တွေတိုက်တွန်းမှ… လုပ်တာမို့ပါ…။
တည့်တည့်ပြောရရင်.. ခေါင်းခံဖို့လူထု လိုနေတယ်ပေါ့…။
ဥပဒေတခုပယ်ဖျက်ဖို့ဆိုတာ.. အချိန်ယူပါတယ်..။ နှစ်နဲ့ချီယူပါတယ်..။
ကြားထဲ.. ဝေ့ဗာ..ဥကဒေကိုသက်ရောက်မှုမရှိစေပဲ.. ခေတ္တဆိုင်းငံ့ပဲလုပ်နိုင်တာပါ…။
… .ခေတ္တဆိုင်းငံ့ဆိုတဲ့.. အဓိပ္ပါယ်က.. ပြန်အသက်သွင်းလို့.. လွယ်ပါတယ်ဆိုတာပါပဲ…။
ဆိုတော့…
လက်ရှိမြန်မာအစိုးရက.. လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ.. လုပ်ပုံကိုင်ပုံကိုအဓိကစောင့်ကြည့်ပြီးလှုပ်ရှားကြမယ်.. ထင်ပါကြောင်း….
Was this answer helpful?
LikeDislikeသူကြီးရေ.. ဒေါ်ကလင်တန်ဆီ သတင်းပို့ပေးပါ… အာဇာနည် ဗိမ္မာန် တံခါးဖွင့်မှ Sanction ဖွင့်ပေးပါဗျို့။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislike“အစိုးရဖက်ကတော့မလာသေးဘူး၊ ပါနိုင်အောင်ကြိုးစားကြည့်နေပါတယ်။
အထူးသဖြင့် မြန်မာ့တပ်မတော်က အရာရှိတွေကို ဒီမိုကရေစံနစ်အောက်မှာ တပ်မတော်အခန်းကဏ္ဍ ဘယ်လိုရပ်တည်ရသလဲ ရှင်းလင်းသင်ကြားပေးနိုင်ဖို့လိုအပ်
တာပါ။ မြန်မာပြည်မှာ စစ်တပ်အခန်းကဏ္ဍက အားလုံးလိုလိုမှာလွှမ်းမိုးနေတော့ အခုလိုအချိန်မှာ တခြားအုပ်ချုပ်ရေးအပိုင်းတွေနဲ့ ဟန်ချက်ညီသွားနိုင်ဖို့ကိုလည်း လေ့ကျင့်သင်ကြားမှုတွေလိုနေတာပါ။”
နောက်ကြောင်းလှည့်ချင်တဲ့ ဆန့်ကျင်ဖက်စိတ်ရှိနေတဲ့ ခေါင်းဆောင်ပိုင်းကို အလည်ဖြစ်စေ ဖိတ်ကြည့်စေချင်ပါတယ်။
အခု လွှတ်တော် ကိုယ်စားလှယ်တွေတောင် စင်္ကာပူ လွှတ်တော် လေ့လာရေးသွားကြမယ်တဲ့။
Was this answer helpful?
LikeDislikeGood interview and good comments.
but Why there were so many Red ( – 1 ) at all comments??
Who made it?
I tried all to be Balanced ( 0 ).
Tha Gyee, Thanks for your posts.
Till now, we could not believe on U Thein Sein government.
I saw ( only my opinion ) that ALL ARE WELL PLANNED ARRANGEMENTS BY MILITARY JUNTA.
I was learn a proverb from military ( Thaung Wai Oo’s books )-
” Don’t dance with the enemy’s tune. ”
If we can not believe, that is not our people’s fault. Don’t to be blamed.
Dear Tha Gyee,
-If they ( military ) could not reduce in Military power,
-If they could not invest in Education to be better,
-If they could not give freedom of the media,
we could not see any good future of Myanmar. ( 10 years—+++++++ )
Sorry.
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeဟုတ်တာပေါ့…
မြန်မာ့တပ်မတော်က… ပရိုတပ်မတော်ဖြစ်ဖို့… သာမန်အားဖြင့်.. ၁၀နှစ်ကနေ.. ၁၅နှစ်လောက်တော့ကြာပါမယ်..။
Was this answer helpful?
LikeDislikeပြောပြန်ရင်လည်းအောင်ပုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလာဦးမယ်
ဒီအင်တာဗျူးကိုကြည့်ပြီး ရွာကဂျမ်းပုံ မြို့ပေါ်တက်ချဉ်ပေါင်၇ွက်ရောင်းရင်း
ဈေးကောက်နဲ့ညာပြီးသူဌေးဖြစ် ရွာကလူတွေသူ့အိမ်သွားလည်တော့
ဘုန်းကြီးကျောင်းကိုလမ်းညွှန်သလိုဖြစ်နေပြီ
မြန်မာပြည်ပေါက် တစ်ယောက်ကို မြန်မာသတင်းစာက ဗိုလ်လိုမှုတ်ပြီးအင်တာဗျူးခဲ့တဲ့ဟာကို
ကျုပ်တို့က ဘာလုပ်ပေးလို့ရမှာလည်း
ပြောလိုက်ဗျာ အဲ့သည်အဒေါ်ကြီးကို
အိတိပိသော တစ်နေ့အခါတစ်ရာရွတ် ရာထူးတက်လိမ့်မယ်လို့
Was this answer helpful?
LikeDislikeအမေရိကနိုင်ငံရဲ့ မဟာဗျူဟာ နိုင်ငံခြားရေးဝါဒမှာအကြုံးမ၀င်တဲ့ (သို့) ၀င်လာရန်လောလောလတ်လတ်မရှိသေးတဲ့ နိုင်ငံတွေ (ဥပမာ မြန်မာနိုင်ငံ) အတွက် sanction ဥပေ]ပြုလုပ်ရာမှာ Tom Santos (သွားလေသူ) လိုအထင်ကရ အမတ်တဦးဦးကဥိးဆောင်ပြီး ဥပဒေဖြစ်လာရလွယ်လှပေမဲ့ အဲ့ဒီဥပဒေကို ပြန်လည် သုံးသပ်ရာမှာဘဲဖြစ်ဖြစ်၊ ရုတ်သိမ်းရာမှာဘဲ ဖြစ်ဖြစ် ကွန်ဂရက် တခုလုံးရဲ့ သဘောတူညီချက်ကို ရယူရာမှာ ထင်သလိုမလွယ်ပါဘူး။ လက်ရျိအမေရိကန်အစိုးရ နဲ့ ဥပဒေကိုအသက်သွင်းခဲ့ကြတဲ့ အမတ်ကြီးများရဲ့ သုံးသပ်ချက် ပေါ်မှာအများကြီး မူတည်ပါတယ်။ ဒါဟာ အမေရကပြည်ထောင်စုရဲ ရာစု(၂)ခုနီးပါး တည်နေတဲ့ rule of law ရဲ့အနှစ်သာရပါ။ ဥပဒေတခုရဲ့လွှမ်းခြုံးအကျိုးသက်ရောက်မှုကို အတည်ဖြစ်ပြီးတဲ့နောက်၊ အဲ့ဒီဥပဒေရုတ်သိမ်းရင် ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ consequences ကို အာမခံနိုင်မဲ့ အဖြေကို congress က အစိုးရဆီက လိုချင်ပါတယ်။ ၀မ်းသာစရာသတင်းကတော့ မြန်မာ့အရေးကို မျက်စေ့တောက်ထောက်လေ့လာခဲ့ တဲ့ Mitch McConnell နဲ့ McCain တို့ရဲ့မြန်မာအစိုးရအပေါ်အမြင်ဟာ အပြုသဘောဆောင်တဲ့ တဲ့တိုးတက်မှုရှိလာတဲ့လသ္ခဏာရှကြောင်း သဘောထားအမြင်ဟာ အားတက်စရာအလွန်ကောင်းတဲ့ အမြင်ပါ။ ဒါဟာလည်း ဒေါ်အောင်းဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ကြား အမြစ်တွယ်ခဲ့တဲ့ ပူးတဲ့သဘောတူညီချက်အေါ်မှာများစွာမူတည်နေတယ်ဆိုတာပါဘဲ။ ဒါပေမဲ့ မှားယွင်းတဲ့ စနစ်တခုရဲ့လောင်းရိပ်အောက်က ရုန်းကန်ထွက်နေရဆဲ ကြိုးစားရဆဲ မြန်မာအစိုးရတခုလုံအပေါ် ယုံကြညမှု ကိုတော့ အတော်တည်ဆောက်ယူရအုံးမယ်ဆိုတာကတော့အမှန်ပါ။
အရေးကြီးတာကတော့ အမေရိက အပြင် နိုင်ငံတကာအနှံ့မှာ ရောက်နေကြတဲ့ များစွာသော အလားတူ (ဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်း) များ ကို ကိုယ့်နိုင်ငံသား သန်း(၆၀) ရဲ့ ကံကြမ္မာကို အတ္တစွဲကင်းတဲ့။ သီးခံစိတ်အပြည့်နဲ့ အကျိုးပြု စိတ်နဲ့ ပြန်ကြည့်ကြဘို့၊ ကူညီကြဘို့မေတ္တာရပ်ခံချင်ပါတယ်။ လုပ်နေကြသူတွေလည်းတဖြေးဖြေးများလာပြီလို့သတင်းကောင်းများ ကြာ့းသိနေရပါတယ်။ Washington DC State Department, Pac. command နဲ့ Commerce Department နဲ့ Ivy colleges တို့မှာ မြန်မာပညာရှင်များ နဲ့ မြန်မာဘက်မှာပုဂ္ဂိုလ်များအပြင်၊ သီးသန့်ဖိတ်ကြားခြင်းခံရသော အတိုင်အခံများ ဖိုခနောက်ဆိုင် ဖိုရမ်များ စနေကြပြီဆိုတဲ့ မင်္ဂလာသတင်းများထွက်ပေါ်လာကြောင်းပါခင်ဗျား။
Was this answer helpful?
LikeDislikeမြန်မာအမျိုးသမီးတဦးရေခြားမြေခြား မှာဒီလို ထူးထူးချွန်ချွန်အောင်မြင်နေတာတွေ့ရလို့ မြန်မာနိုင်ငံအစား လေးစားဂုံယူမိပါ၏
Was this answer helpful?
LikeDislikeဒေါက်တာမီမီဝင်းအကြောင်းကို.. ပိုသိလိုသူများအတွက်.. ၀က်ဘ်ဆိုက်က.. လင်ခ့်ကနေကူးပါတယ်..
http://www.apcss.org/college/faculty/byrd/
Miemie Winn Byrd
Area of Expertise – Economics and Business, Organizational Development and Innovation, Adult/Executive Education and Development
Ms. Miemie Winn Byrd joined the Asia-Pacific Center for Security Studies in June 2007. She is the course manager for the Asia-Pacific Orientation Course (APOC) at the Center. Her areas of specialty are Asia-Pacific economics, organizational development/innovation, and adult learning/education. Her functional areas of expertise are civil-military operations, interagency collaboration, and corporate financial accounting standards. Her research focus includes regional economic trends, leveraging the private sector for poverty alleviation, the role of women and education in economic development strategy, and the process of transformational learning in Asian context.
Ms. Byrd is also a civil affairs officer in the reserves. She was mobilized in support of Operations Enduring Freedom in 2003. While on active duty from 2003 to 2007, she served as the Deputy Economic Advisor, Civil-Military Operations Plans Officer, and Interagency Operations Officer at U.S. Pacific Command. She had also served as a linguist and cultural advisor to the U.S. delegations attending the Association of Southeast Asian Nations Regional Forum, POW/MIA recovery negotiations in Burma (Myanmar), and Operation Caring Response to Cyclone Nargis. Prior to the mobilization, Ms. Byrd was the Controller for Law and Economics Consulting Group in the San Francisco Bay area. Her sixteen years of civilian professional experience included a wide range of auditing, accounting, and financial management positions with multinational corporations such as Gillette, General Telephone and Electronics (GTE) and Ernst & Young and also with a Silicon Valley start-up firm, Wyzdom.com.
Her publications include “Why the U.S. Should Gender its Counterterrorism Strategy” in The Military Review Journal; “Combating Terrorism: A Socio-Economic Strategy” and “Combating Terrorism with Socioeconomics: Leveraging the Private Sector” in Joint Force Quarterly, a professional military and security journal published for the Chairman of Joint Chiefs of Staff by National Defense University. Ms. Byrd also served as the editor for USPACOM’s Asia-Pacific Economic Update publication. Additionally, she authored “Implementing Socio-Economic Strategy” and “Maritime Security, Threats, and Challenges” chapters in Volume 3 of the 2005 publication, “Mongolia”, “Nepal” (co-authored with Ms. Sharon Strickland); “Brunei”, “Fiji”, “Guam”, and “Tonga” chapters in Volumes 1 and 2 of the 2007 publication; and “Creating Sustainable Socio-Economic Conditions” chapter in Volume 3 of the 2007 publication. Ms. Byrd received a Bachelor of Arts in economics and accounting from Claremont McKenna College and holds a Master of Business Administration with emphasis in Asia-Pacific economics and business from University of Hawaii. She is presently pursuing a Doctorate in Education Leadership from the University of Southern California.
Was this answer helpful?
LikeDislikeဒီလိုဘဲ ထူးချွန်ထက်မြက်ပြီး ဘွဲ့ထူးဂုဏ်ထားတွေ ရရှိပြီးတဲ့ မြန်မာတွေနဲ့ ကချင်၊ ချင်း၊ ကယန်း၊ ကယား၊ မွန်၊ ရက္ခိုင်၊ ရှမ်း၊ ကရင် တိုင်းရင်းသားတွေ ဒုနဲ့ဒေးပါ။ မပြောကြလို့မသိတာပါ။ နောင်စာပေဟောပြောပွဲတွေမှာ ဒီလိုပုဂ္ဂိုလ်တွေ ဖိတ်ပြီး ဟောပြောခိုင်းယုံမက အပြန်အလှန်ဆွေးနွေးမှူလေးတွေ လုပ်နိုင်ရင် ကောင်းလိုက်မဲ့ဖြစ်ခြင်း။ ၀င်ကြေးပေးရ ပေးရ ခေါ်ပါဗျာ..။ လက်တို့လိုက်စမ်းပါ။ လေယဉ်လက်မှတ်ဝယ်ပြီး (မုန်းဘိုးစုပြီး) အပြေးလာခဲ့ပါ့မယ် ဆိုတာ…။
Was this answer helpful?
LikeDislikeဒေါက်တာမီမီဝင်းတိုက်တွန်းတဲ့.. Poll ရဲ့ရလဒ်ကို.. ဒီနေ့.. 2/29/12 မှာအောက်ကအတိုင်းတွေ့ရပါတယ်..။
လုံးဝပယ်ဖျက်သင့်(သို) လျှော့ပေါ့သင့်တယ်လို့.. လူ ၂၇၆၅ယောက်မှာ ၂၃၃၆ယောက်(၈၄%)က.. ဗုတ်လုပ်ထားကြပါတယ်..။
ဆန်ရှင်ဆက်ချထားသင့်တယ်လို့ ဗုတ်လုပ်ထားတာ.. ၄၂၈ယောက်နဲ့.. ၁၅%ပဲရှိတာတွေ့ရပါတယ်..။
=
အောက်မှာ.. အီးမေးလ်နဲ့ပို့လိုက်တဲ့..( အမေရိကဥပဒေပြုသူတွေဆီပို့ရမယ့်လိပ်စာတွေပါတဲ့..) စာပါ..။
အလိုရှိသူတွေ.. အလိုရှိရာသုံးနိုင်ကြပါကြောင်းနဲ့.. ပြီးခဲ့တဲ့အီးမေးလ်ကန်င်ပိန်းမှာ.. စာပေါင်းသောင်းချီထွက်သွားပြီးဖြစ်ပါကြောင်း…
Please see below for links to relevant US lawmakers’ websites for a letter-writing campaign to encourage them to lift sanctions on Myanmar.
For Senator Mitch McConnell
http://mcconnell.senate.gov/public/index.cfm?p=ContactForm
He is a key person to influence if we want to see sanctions lifted.
For Senator John McCain
http://mccain.senate.gov/public/index.cfm?FuseAction=Contact.ContactForm
He is an ardent supporter and admirer of ASSK. He has her picture in his office.
For Senator John Kerry
http://kerry.senate.gov/contact/
Of course he knows the benefit of engagement because he spearheaded US re-engagement with Vietnam.
For Representative Joseph Crowley
https://crowley.house.gov/contact-me/email-me
He is responsible for heading up the renewal process for the JADE Act against Burma in the House of Representative.
Below is a recommended passage people could paste into each of the above websites. Of course, you are welcome to make edits as you see fit.
We, as the Burmese-Americans, feel that the US sanctions on Burma(Myanmar) had become counter-productive. Several elements of the sanctions prohibit us from being able to contribute towards Burma’s recent reforms and the road towards democracy. We can play a significant role in this transition towards a democratic society at a grassroots level. We can provide some of the ‘fuel’ needed to continue with the transition. However, the current sanctions in place impede our ability to do so by rendering many activities unlawful. We respectfully request for you to consider voting for lifting of US sanctions against Burma.
Was this answer helpful?
LikeDislikehttp://www.voanews.com/burmese/news/democracy-forum/burma_forum_03-11-2012-142257165.html
မြန်မာနိုင်ငံ ပြောင်းလဲမှုအတွက် အမေရိကန် ဘာတွေ ပြင်ဆင်ထား
တနင်္ဂနွေ, 11 မတ် 2012
By ဦးကျော်ဇံသာ
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို ပြင်းထန်ဆုံး ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားခဲ့ရာက တစတစ ဖြေလျှော့လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာခဲ့ပြီးကတည်းက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာကို တွေ့မြင်ရပြီး အခုလို ဖြေလျှော့နေတာပါ။ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့  စကားနဲ့ ပြောရရင် Action by Action လုပ်ရပ်ကိုလုပ်ရပ်နဲ့ တဆင့်ပြီးတဆင့် တုံ့ပြန်သွားမယ်လို့ ဆိုထားတာပါ။ အခုအခါမှာတော့ အထင်ကရ နိုင်ငံရေးသမားတွေ အပါအဝင် အတော်များများကို လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ တခါ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း အပစ်အခတ်ရပ်ဆဲရေးတွေ ဆွေးနွေးနေပါတယ်။ အခုနောက်ဆုံးမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ယှဉ်ပြိုင်မယ့် ဒီရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ နိုင်ငံတကာက ပြောဆိုထောက်ပြနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာ အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာ့ရေးရာ မူဝါဒညွှန်းကြားရေးမှူးလည်းဖြစ်တဲ့ Derek Mitchell မကြာခင် မြန်မာနိုင်ငံ သွားရောက်တော့မှာ ဖြစ်ပါတယ်။ သူဟာ ဒီတကြိမ်မှာ ဘယ်အရာကို အဓိကထားပြီး လေ့လာစောင့်ကြည့်မလဲ၊ သုံးသပ်မလဲ။ တကယ်လို့ သူတို့မျှော်မှန်းတဲ့အတိုင်း ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးတွေ ရှိစေမလဲဆိုတာကို သုံးသပ်ကြည့်ရအောင်ပါ။
ဦးကျော်ဇံသာ ။ ။ သံအမတ်ကြီးခင်များ … ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဘာအရာ၊ ဘယ်ကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ ရည်ရွယ်ထားပါသလဲ။
Derek Mitchell ။ ။ ကျနော်က ပြီးခဲ့တဲ့ သြဂုတ်လက ဒီရာထူးကို လက်ခံပြီးကတည်းက မြန်မာပြည်ကို ငါးကြိမ် သွားပြီးပါပြီ။ ကျနော် မြန်မာပြည်ကို မသွားတဲ့လဆိုလို့ ဖေဖေါ်ဝါရီလ တလပဲ ရှိပါသေးတယ်။ အဲဒီမှာ အရာကိစ္စတွေဟာ လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အဲဒီမှာ တကယ့်လက်တွေ့ ဘာတွေ့ဖြစ်နေတယ်ဆိုတာကို ထိတွေ့မှုရှိနေဖို့ လိုအပ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်တင် မဟုတ်ပါဘူး မန္တလေးကိုပါသွားဖို့ ရှိပါတယ်။ အရာရှိတွေအပါအဝင် လူအများအပြားနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မယ်ဆိုတာ ဆွေးနွေးနည်းလမ်းရှာဖို့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ကိစ္စတွေ အများကြီးရှိတဲ့အထဲမှာ ဒီခရီးစဉ်အတွက် ဘယ်ကိစ္စကို ဦးစားပေး သတ်မှတ်ပါသလဲ။ ရွေးကောက်ပွဲကိစ္စများလား။
Derek Mitchell ။ ။ ရွေးကောက်ပွဲတွေဟာ ကျနော်တို့အတွက် သိပ်အရေးကြီးပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ အမတ်နေရာ အနည်းငယ်အတွက်သာ ဖြစ်ပေမယ့် ဒါဟာ ရိုးသားမှု ဘယ်လောက်ရှိသလဲ။ နောက် ကျနော် မြန်မာပြည်သွားတိုင်း မြန်မာခေါင်းဆောင်တွေဆီက ကြားနေရတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက် အလေးထားသလဲဆိုတာ စမ်းသတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲကို ဘယ်လိုကျင်းပပေးမလဲ။ လွတ်လပ်ပြီး တရားမျှတမှု ရှိရဲလား။ မသမာမှု၊ ခြိမ်းခြောက်မှုတွေ ကင်းရဲလား။ မဲရေတွက်မှု မှန်မှန်ကန်ကန် ရှိရဲလား စတဲ့ကိစ္စတွေက အများကြီးပါ။ ဒါတွေဟာ အမေရိကန် ပြည်ထောင်စုအတွက်သာမက ဥရောပနဲ့ ကျန်တကမ္ဘာတခုလုံးအတွက် အရေးကြီးသလို။ မြန်မာပြည်သူတွေအတွက်တော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီရွေးကောက်ပွဲဟာ သံအမတ်ကြီးပြောတဲ့အတိုင်း မှန်မှန်ကန်ကန်၊ မျှမျှတတ ဖြစ်လာမယ်။ မသမာမှု၊ ခြိမ်းခြောက်မှုတွေလည်း မရှိဘူး။ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့တယ်ဆိုရင် မြန်မာပြည်အတွက် ဘာများမျှော်လင့်နိုင်ပါသလဲ။ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုများ ဆုချဖို့ စဉ်းစားထားပါသလဲ။
Derek Mitchell ။ ။ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မယ့် Partner တွေပါ။ ဒီ ရွေးကောက်ပွဲသာ တကယ် သမာသမတ်ဖြစ်ပြီးတော့ ဒီမိုကရေစီရေးအတွက် ရှေ့ တိုးစေမယ်ဆိုရင် ကျနော်တို့ဘက်က တုံ့ပြန်မှုရှိမယ်ဆိုတာကတော့ သေချာပါတယ်။ ဘယ်လို တုံ့ပြန်မလဲဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် လိုက်လျောညီထွေဖြစ်အောင် ရှေ့ တိုးလိုက်လျောမှုတွေ ရှိမယ်ဆိုတာကတော့ သေချာပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုတ်သိမ်းဖို့အတွက် ဘယ်လောက်လောက် အရေးပါပါသလဲ။ ရွေးကောက်ပွဲ တရားမျှတမှုဟာ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် အရေးပါသလား။ ဘယ်လောက်လဲဆိုတာကို တွက်ပြပေးပါ။
Derek Mitchell ။ ။ ရာခိုင်နှုန်းအားဖြင့် ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ ဒါဟာ သိပ်အရေးကြီးတဲ့ကာလာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ရေးမှာ အဆုံးဖြတ်ပေးရမယ့် ကာလလည်း ဖြစ်ပါတယ်။ ပြုပြင်ရမယ့်ကိစ္စတွေ တိုင်းပြည်မှာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီအတွက် ဒီဟာက သိပ်အရေးကြီးပါတယ်။ ကျနော် အတိအကျ မပြောနိုင်ပေမယ့် ကျနော်တို့ဘက်က ထိုက်ထိုက်တန်တန် တုံ့ပြန်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ ကလည်း ပြောနေပါတယ်။ ဒီရွေးကောက်ပွဲဟာ သိပ်အရေးမကြီးပါဘူး။ အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဖို့လည်း သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်မှာ သူတို့က နေရာအများစုကို အုပ်စီးထားပြီး ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှအောင်ဆိုရင် ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးမှာပဲ ဒါကို ထွေထွေထူးထူး ပြောနေစရာမလိုဘူးလို့ လူတစုက ပြောနေပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောရပါသလဲ။
Derek Mitchell ။ ။ ကျနော် သုံးသပ်ပြောဆိုရမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီလောက် ခပ်ပေါ့ပေါ့ သဘောထားတာ မတွေ့ရပါဘူး။ အန်အယ်လ်ဒီနဲ့ တခြားပါတီတွေကလည်း ထိုနည်းလည်းကောင်းပါ။ အန်ဒီဖက်၊ တစည တို့အားလုံးပါပဲ။ ဒါဟာ သူတို့ပါတီကို သူတို့စည်းရုံးဖို့ အခွင့်အလမ်းပါ။ သူတို့ရဲ့  ရွေးကောက်ပွဲ မူဝါဒ၊ ပြည်သူ့ဆန္ဒကို ဘယ်လို ထင်ဟပ်ဖို့ အထူးကို သူတို့ ကြိုးစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ အနာဂတ်ရွေးကောက်ပွဲတွေအတွက် အခြေခံကောင်းတွေ ဖြစ်စေမှာပါ။
ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲကိစ္စအပြင် ဒီခရီးစဉ်မှာ နောက်ဘယ်ကိစ္စတွေကို အလေးအနက် ထားမလဲ။
Derek Mitchell ။ ။ အမြဲတမ်း စောင့်ကြည့်သတိထားရမယ့် အခြေအနေကိစ္စတွေပါ။ တိုင်းရင်းသားဒေသတွေရဲ့  အခြေအနေ၊ အပစ်အခတ်ရပ်ဆဲရေး အခြေအနေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု။ စစ်မက်ပဋိပက္ခဒေသတွေက ဒုက္ခသည်အရပ်သားတွေကို ကူညီရောက်ရှိနိုင်ရေးတွေ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့  ကိစ္စကိုလည်း ဆွေးနွေးမှာပါ။ နောက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့၊ ငွေရေးကြေးရေး။ အန်ဂျီအိုတွေ၊ ပုဂ္ဂလိကတွေကတဆင့် စာနာမှု အကူအညီတွေ ပေးခွင့်ရဖို့အတွက်လည်း ကျနော်တို့ဘက်က ကြိုးပမ်းမှာပါ။
ဦးကျော်ဇံသာ ။ ။ ဒီလို စစ်ရေးပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို ဝင်ခွင့်ရမယ်။ ဒုက္ခသည်တွေကို ကူညီခွင့်ရမယ်ဆိုရင် ဝင်ရောက်ကူညီဖို့ အစီအစဉ်တွေ ရှိပါသလား။
Derek Mitchell ။ ။ ဒီ ဒေသတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေ ဝင်ရောက်ကူညီနိုင်ရေးအတွက် ကျနော်တို့က ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဒါဟာ မြန်မာအစိုးရအဖို့ သူတို့ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စမှာ ဘယ်သူတွေ မှားတယ်၊ ဘယ်သူတွေ မှန်တယ်ဆိုတာ ကျနော်တို့အနေနဲ့ တဖက်ဖက်ကနေ ရပ်တည်ဆုံးဖြတ်တာမျိုး မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီမှာ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေအပြင် အမေရိကန်အစိုးရကိုယ်တိုင်က ဒီကိစ္စမှာ ကူညီဝင်ရောက် ဖြေရှင်းဖို့ အစီအစဉ်ရှိသလားဆိုတာကို သိပါရစေ။
Derek Mitchell ။ ။ ကျနော်တို့ကိုယ်တိုင်လည်း အကူအညီတွေ ပေးနိုင်မယ့် အခွင့်အလမ်းကို မျှော်လင့်နေပါတယ်။ အကူအညီတွေ ပိုပေးဖို့ လုံးဝသေချာပါတယ်။ ဘဏ္ဍာရေးအရ၊ လူမှုစွမ်းအင်အရ အန်ဂျီအိုတွေ၊ ပုဂ္ဂလိကတွေကတဆင့် လိုအပ်နေသူတွေကို ကူညီမှာပါ။ နိုင်ငံတကာ ကြက်ခြေနီတွေလည်း ဒီလို ကူညီဖို့ရရှိဖို့ ကိစ္စက သိပ်အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိစ္စကို မေးချင်ပါတယ်။ သံအမတ်ကြီးအဆင့် ပုံမှန်ဆက်သွယ်ရေးဖြစ်လာဖို့ အချိန်ဘယ်လောက် ကြားအုန်းမလဲ။
Derek Mitchell ။ ။ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်အတန်းကို ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ စနစ်က ဒီအတွက် အချိန်နည်းနည်း ယူရပါတယ်။ မြန်မာနိုင်ငံနဲ့ သံအမတ်ကြီး ဆက်ဆံရေးကကိစ္စက သဘောတူညီထားပြီး ဖြစ်ပါတယ်။ တယောက်ယောက်ကို နံမည်ခေါ်ပြီးတော့ မင်းသွားလိုက်လို့ ပြောလို့မရပါဘူး။ အသေးစိတ်ကို ညျိနှိုးနေကြပါတယ်။ ကျနော်ထင်တယ် ဒီရက်သတင်းပတ် ရက်အနည်းငယ်၊ လပိုင်း ဒီလောက်မှာ ဒီကိစ္စ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ဘယ်သူကိုထားမယ်ဆိုတာကို ကျနော်တို့ ဘာမှမကြားရသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ အခု သံအမတ်ကြီးပြောတဲ့အထဲမှာ Burma, Burmese ဆိုတဲ့ အသုံးအနှုန်းတွေ မကြာခဏ ကြားနေရပါတယ်။ ဒီ အသုံးအနှုန်းအတိုင်းပဲ Burma လို ဆက်ပြီး ခေါ်နေမလား။ မြန်မာ Myanmar လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ အစီအစဉ် ရှိပါသလား။
Derek Mitchell ။ ။ မြန်မာပြည်သူတွေကိုယ်တိုင် ဘယ်အသုံးအနှုန်းက သင့်တော်တယ်ဆိုတာ ရွေးချယ်ဆုံးဖြတ်ကြတာကို သိချင်ပါတယ်။ ကျနော်တို့ဘက်ကလည်း အဆင့်ဆင့် ကြည့်သွားမှာပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က သိပ်ကို အကဲဆတ်တယ်ဆိုတာကိုလည်း ကျန်ာတို့ သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ဒီကိစ္စအတွက် မူဝါဒ ဆုံးဖြတ်ချက် မရှိသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက သံအမတ်ကြီးက နေပြည်တော်ကို သွားသွားနေတော့ အဲဒီမှာ hardliner လို့ခေါ်တဲ့ သဘောထား တင်းမာသူတွေဘက်က ဘယ်လောက် အားကောင်းနေတယ်လို့ သတိပြုမိပါသလဲ။ လူတွေကတော့ hardliner တွေရှိတယ်။ liberal တွေရှိတယ်ဆိုပြီး ပြောနေကြပါတယ်။
Derek Mitchell ။ ။ ကျနော်အနေနဲ့ ပြောရရင် ဒီလိုမျိုး ရေးကြပြောကြတာတွေ ကျနော်တို့ မြင်ရ၊ ကြားရပါတယ်။ ဒါပေမဲ့လည်း အစိုးရဘက်က တင်းမာသူ၊ ပျော့ပျောင်းသူဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။ ကျနော်တို့အချင်းချင်း ညှိနှိုင်းကြတယ်။ အခြေအတင်း ဆွေးနွေးကြတယ်လို့ အစဉ်တစိုက် ပြောနေကြတာပါ။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ အစိုးရဘက်က ပြောတာပေါ့။
Derek Mitchell ။ ။ မှန်ပါတယ်။ ဒါဟာ အစိုးရဘက်က ပြောတာပါ။ ကျနော်တို့ကတော့ သူတို့ရဲ့  လုပ်ရပ်ကို စောင့်ကြည့်မှာပါ။ ကျနော်တို့ အုပ်စုခွဲပြီး မကြည့်ပါဘူး။ ပုဂ္ဂိုလ်တဦးချင်း မခွဲပါဘူး။ ကျနော်တို့ သမ္မတဦးသိန်းစိန် ပြောတာကို နားထောင်ပါတယ်။ သူပြောတာတွေက သိပ်ကို အားတတ်စရာကောင်းပါတယ်။ သူ့လုပ်ရပ်တွေက သိပ်ကိုရဲရင့်တဲ့ လုပ်ရပ်တွေလို့ ကျနော်ပြောရမှာပါ။ သူ့ရဲ့  သတ္တိနဲ့ တာဝန်ယူမှုကို ကျနော် တကယ် ယုံပါတယ်။ သူတို့လုပ်ရပ်တွေကို ကျနော် အားပေးပါတယ်။ ဒီလိုမျိုး ပြောင်းလဲပြုပြင်မှုတွေဟာ ဘယ်ဘက်မှာ မရှုံးနိုင်တယ် လုပ်ရပ်တွေပါ။ နောက်ဆုံးပြောရရင်တော့ အခု မြန်မာနိုင်ငံအခြေအနေဟာ ကျနော်တို့ ကမ္ဘာပေါ်မှာ တွေ့မြင်နေရတဲ့ အကောင်းဆုံး အခြေအနေပဲဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အခြေအနေပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ အရွေးခံရတယ်ဆိုပါတော့ – အဲဒီိလို အရွေးခံရပြီးနောက်ပိုင်းမှာ ဘယ်လို အခြေအနေမျိုး ဖြစ်ထွန်းလာမယ်လို့ ထင်ပါသလဲ။ ဘယ်လို အခြေအနေမျိး ဖြစ်ထွန်းစေချင်ပါသလဲ။
Derek Mitchell ။ ။ ဒါကိုတော့ ကျနော်တို့ စိတ်ကူးနဲ့ မှန်းဆတာမျိုး မလုပ်ပါဘူး။ ကျနော်တို့ အယူအဆကတော့ မြန်မာပြည်သူတွေ လက်ခံတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်း ဒါဟာ အလွန်ကောင်းမွန်တဲ့ ပြသမှုပါ။ တိုင်းရင်းသားတွေကိုလည်း သဘောရိုးနဲ့ ကမ်းလှမ်း၊ နှစ်ဘက် ရိုးရိုးသားသား ဆွေးနွေး အင်မတန်ကို ခက်ခဲနက်ရှိုင်းတဲ့ ကွဲလွဲမှုတွေကို အဖြေရှာကြမယ်။ လိုအပ်သူတွေကို စာနာမှု အထောက်အပံ့တွေ ကူညီကြမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းလာမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ရွေးကောက်ပွဲပြီးရင်တော့ ဒါမျိုး ဖြစ်လာစေချင်ပါတယ်။
Was this answer helpful?
LikeDislikeယူအက်စ်မှ မြန်မာပြည်အပေါ်စီးပွားေ၇းပိတ်ဆို့ထားမှုတချို့.. ဖယ်လိုက်ပြီဖြစ်ကြောင်း..
ဘာတွေလုပ်ထားခဲ့တယ်.. သိသာဖို့.. ပီဒီအက်ဖ်တင်ပေးလိုက်ပါတယ်..
ဒီဝက်ဘ်ဆိုက်ထဲ.. Poll တင်ထားတဲ့ရလဒ်အတိုင်းဆို.. မြန်မာအများစုဆန္ဒပြည့်တယ်ခေါ်ရပါမယ်..
ကဲ.. ဘာတွေဆက်ဖြစ်လာမလဲ.. ကြည့်ကြစို့..
US suspends Burma sanctions

The US will suspend sanctions barring American investment in Burma in response to political reforms, Hillary Clinton, the US secretary of state, announced last night.
By Chris Irvine, and agencies
9:03PM BST 17 May 2012
Mrs Clinton, flanked by Wunna Maung Lwin, Burma’s foreign minister, said the US would issue licenses to permit investments in the country, but will retain laws to ensure against back sliding “as an insurance policy” as well as maintain a US arms embargo.
Speaking during the first official visit by a Burma minister to the US in decades, Mrs Clinton appealed for the country’s remaining political prisoners to be freed. Burma said it freed more than 300 political prisoners in January, but rights groups estimate more than 900 remain incarcerated in the country.
In another tentative step in improving relations between the two countries, David Mitchell was appointed Ambassador to Burma. Mr Mitchell is an Asia expert who has helped oversee the rapprochement since last year.
Thein Sein, Burma’s president, has initiated a series of political reforms in the last few months, including elections this year that led to Aung San Suu Kyi’s NLD winning 43 out of 44 seats. Mr Clinton made the first visit to Burma in 50 years by a US secretary of state in December. David Cameron in April became the first British prime minister to visit since independence in 1948.
Was this answer helpful?
LikeDislikeThe White House
Office of the Press Secretary
For Immediate Release
May 17, 2012
Statement by the President on Burma
Today marks the beginning of a new chapter in the relationship between the United States and Burma. Since I announced a new U.S. opening to Burma in November, President Thein Sein, Aung San Suu Kyi and the people of Burma have made significant progress along the path to democracy. The United States has pledged to respond to positive developments in Burma and to clearly demonstrate America’s commitment to the future of an extraordinary country, a courageous people, and universal values. That is what we are doing.
Today, I am nominating our first U.S. Ambassador to Burma in 22 years, Derek Mitchell, whose work has been instrumental in bringing about this new phase in our bilateral relationship. We also are announcing that the United States will ease its bans on the exportation of financial services and new investment in Burma. Opening up greater economic engagement between our two countries is critical to supporting reformers in government and civil society, facilitating broad-based economic development, and bringing Burma out of isolation and into the international community.
Of course, there is far more to be done. The United States remains concerned about Burma’s closed political system, its treatment of minorities and detention of political prisoners, and its relationship with North Korea. We will work to establish a framework for responsible investment from the United States that encourages transparency and oversight, and helps ensure that those who abuse human rights, engage in corruption, interfere with the peace process, or obstruct the reform process do not benefit from increased engagement with the United States. We will also continue to press for those who commit serious violations of human rights to be held accountable. We are also maintaining our current authorities to help ensure further reform and to retain the ability to reinstate selected sanctions if there is backsliding.
Americans for decades have stood with the Burmese people in their struggle to realize the full promise of their extraordinary country. In recent months, we have been inspired by the economic and political reforms that have taken place, Secretary Clinton’s historic trip to Naypyidaw and Rangoon, the parliamentary elections, and the sight of Aung San Suu Kyi being sworn into office after years of struggle. As an iron fist has unclenched in Burma, we have extended our hand, and are entering a new phase in our engagement on behalf of a more democratic and prosperous future for the Burmese people.
Was this answer helpful?
LikeDislike