ခွဲစတ်ကုသမှုခံယူရန် လိုအပ်နေသည့်လူနာတစ်ဦးအား ဆရာဝန်တစ်ဦးကမေးလေ၏ . . .

ဆရာဝန် ။ ။ ခင်ဗျာရောဂါက ခွဲစိတ်ကုသမှ  ရတော့မယ့် အနေအထားဖြစ်နေတယ်။

လူနာ ။ ။ မခွဲစိတ်ရင်ကော မရဘူးလားဒေါက်တာ။

ဆရာဝန် ။ ။ မရဘူး၊ ခွဲစိတ်ကုသနည်းနဲ့မှ ပျောက်ကင်းလိမ့်မယ်။

လူနာ ။ ။ ဒါဆိုလည်း ခွဲစိတ်ပကုသပါ့မယ်။

ဆရာဝန် ။ ။ ကြိုတင်ပြောထားရမယ်။ အခုလိုခွဲစိတ်ကုသမှုမျိုးက ရာနှုန်းပြည့် မသေချုားဘူး။

လူနာ ။ ။ လောလောဆယ် ရောဂါပျောက်ချင်နေပြီ၊ ဘယ်လိုဘဲဖြစ်ဖြစ် ခွဲစိတ်လိုက်မယ်ဆရာ။

ဆရာဝန် ။ ။ သေချာဆုံးဖြတ်ပြီးပြီနော်။ ဒါဆိုရင် မခွဲစိတ်ခင် နောက်ဆုံးအနေနဲ့ ဘာများ မှာကြားခဲ့ချင်လဲ။

လူနာ။ ။ ခွဲစိတ်ပြီးရင် ဘောင်းဘီတိုလေးတော့ ၀တ်ထားပေးပါနော်. . .

ဆရာဝန် ။ ။ ဟေ.. . . .

 

ဒီဟာသလေးမှာ…ကျွန်တော်တို့ အတွက် ဘာတွေကို စဉ်းစားစရာ ဖြစ်စေလဲဆိုတော့..

လူနာဟာ..သူသေသွားတဲ့ အခါ.. သူ့အတွက်ဘောင်းဘီတို ၀တ်ပေးဖို့ မှာခဲ့တာ သေသွားပြီးမှတော့ သူ့အတွက် တကယ်ဝတ်ပေး မ၀တ်ပေးဆိုတာ သူတကယ်ဘဲ သိနိုင်ပါ့ မလား…

 

ဒါကြောင့် သေသွားတဲ့ လူတွေအတွက်ဆိုပြီး အမျိုးမျိုးလုပ်ပေး  နေတာတွေလည်း ..သေသွားတဲ့လူ တကယ်ဘဲ ရသွားလား…

ကျွန်တော် အထင်ပေါ့လေ.. ကျွန်တော်တို့ တတွေဟာ သေပြီး ဖြစ်မဖြစ် အတွက် စဉ်းစား ပူပန်ရင်းနဲ့ အလုပ်များပို ရှုပ်နေသလား လို့ …တွေးတောနေမိတော့တယ်…

Ko out of...

About Ko out of...

Ko out of... has written 40 post in this blog.

Related posts:

  1. စဉ်းစား စရာလေးများ (၁)…
  2. ကုတင်တစ်ထောင်ဆန်.က လူနာ ၈ ယောက်လောက်ကိုလက်မခံခြင်း
  3. စဉ်းစားကြစေလိုပါတယ် ( ၁၀ )
  4. စဉ်းစားကြစေလိုပါတယ် ( အဆဲခံချင်လို့ကိုရေးတယ် ( ၅ ) )
  5. ရယ်ရယုံ (၃၄)