ကျေးဇူးတင်ရမည့် ဖြစ်ပျက်…
|305- Hits|
လောကမှာ အဖြစ်အပျက်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လောကမှာဖြစ်ပြီးရင်ပျက်မှာဘဲ၊ လောကမှာ အကြောင်း ကြောင့်အကျိုး ဖြစ်တယ်လို့ လွယ်လွယ်နဲ့ သူများပြောလို့သာ လိုက်ပြောနေကြတာ များပါတယ်။
တကယ်တမ်း သေသေချာချာမေးရင် အလွဲလွဲ အချော်ချော်တွေကများတယ်။
ဖြစ်ပျက်တိုင်းဒုကသစာ(ဒုတ်ခသစ်စာ) ထိုက်မထိုက်ဆိုတာ သိဖို့လိုပါတယ်…
အစု(သမုတိ) ဖြစ်ပျက် နှင့် အစိတ်(ပရမတ်) ဖြစ်ပျက်ဆိုတာ သဘာဝတရားတွေပါ။ သူ့နေရာနဲ့တူ အသုံးဝင်ပါတယ်။
ဥပမာ ပရမတ်ဖြစ်ပျက်တွေဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့အစားအသောက်တွေဆိုပါတော့ ဖြစ်ပြီး မပျက်သွားဘူးဆိုရင် ကျင်ကြီး/ကျင်ငယ်/ချွေး အဖြစ်မထွက်သွားရင် ဘယ်လိုနေမလဲ။ သွေးလေတွေ မညီဘဲ သွေးလေညီအောင်ဆေးဝါးပြန်ရှာစားရတယ် မဟုတ်လား။
အခုကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ယက်လှိုင်းဟာ အဟောင်းပျက်ပြီး အသစ်အသစ်အစားမထိုးရင် ဆက်သွယ်ရေး ပြတ်သွားမှာပေါ့..သူတို့ရှာဖွေတွေတာ အလကားဆိုပြီး (ရုပ်ဝါဒ)ဆိုပြီး ပြောနေမည့် အစား ကိုယ်သိတဲ့ သဘောတရား အသုံးကျမကျ ကိုဘဲ အရင်စစ်ဆေးကြည့်ပါဦး။
ဘယ်အရာဘဲဖြစ်ဖြစ် အဟောင်းပျက်ပြီး အသစ်အစားထိုးတာ သဘာဝဘဲ အဟောင်းလည်း မပျက်ဘူး အသစ်လည်း အစားမထိုးဘူးဆိုရင် သဘာဝမဟုတ်ဘူး. လောကမှာရှိလည်းမရှိဘူး။
ဒါကြောင့် လောကမှာ အစု(သမုတိ) ဖြစ်ပျက်၊ အစိတ်(ပရမတ်) ဖြစ်ပျက်ဟာ ရှိကောင်းတဲ့တရားပါ။
ဒီဖြစ်ပျက် နှစ်ခုရှိနေသရွှေ့ဒုကလို့ဆိုရင် ဘယ်တော့မှာ ဒုက ကမလွတ်ပါဘူး။ ဘာဖြစ်လည်းဆိုတော့ ရုပ်/နာမ် ပရမတ်နဲ့ ဖြစ်ပျက်နဲ့ သမုတိဖြစ်ပျက်တွေနဲ့ ကင်းလွတ်လို့မရလို့ပါ။ ဒါဟာ သဘာဝရုပ်နာမ် ဖြစ်ပျက်ပါ။ အနုပါဒါနခနာလို့ခေါ်ပါတယ်။ သဘာဝခနာလို့လည်းခေါ်တယ်။ ဒီဖြစ်ပျက်အပေါ်တရား ရှု့မှတ်ဖို့မဟုတ်ပါဘူး။
ရှုမှတ်ရမည့်သစာ (သစ်စာ) က အမှုဖြစ်ပျက်ပါ။ လွန်ကျူးလိုက်တဲ့ အမှုကြောင့် အနိစ(ပျက်စီး)၊ ဒုက(ဆိုးဝါး)၊ အနန(အသုံးမကျ) အသုဘ(မလှမပ) တဲ့သတ၀ါ (သတ်တ၀ါ)ပုံရိပ်ကို ကြည့်ပြီး လကဏာ တင်ရှု့ရမှာဖြစ်ပါတယ်။ ဒါကို အစွဲဥပါဒနခနာလို့ခေါ်တယ်. ဒီအပေါ်မှာဘဲ တရားတင်ရှု့ရမှာဖြစ်ပါတယ်…ဒို့မြန်မာနိုင်ငံနောက်ကျကျန်နေတာ ဘာမှာမဟုတ်ဘူး . ဖြစ်ပြီးရင်ပျက်တာဘဲ၊ အခုဆင်းရဲတာ အတိတ်ကံ မကောင်းလို့ပေါ့ကွာဆိုပြီး ဒီလိုဘဲ မမြင်ရတဲ့ အရာကို အထင်တွေနဲ့ သူများပြောလို့ လိုက်ပြောနေကြတာဘဲ။
ကံဆိုတာ အလုပ်ဘဲ ကံကောင်းချင်တယ်ဆိုရင် အလုပ်လုပ်မှရတယ်။ အပေါ်အောက်၊ရှေ့နောက် လက်ညိုးထိုးစရာမလိုဘူး။
ရိုးသားတဲ့လူဆိုတာ အထင်နဲ့ မပြောဘူး အမြင်နဲ့ပြောတယ်။ ဘုရားဟာ အမြင်နဲ့ပြောသူဘဲ…ရိုးရာက ဖွင့်ဆိုတဲ့ ဖြစ်ပျက် ဟာဆင်းရဲက မလွတ်ပါဘူး…
စဉ်းစားလို့ရအောင်…လူမိုက်၊လူတော်၊ပညာရှိဆိုတဲ့ သုတလေး မျှဝေပေးလိုက်ပါတယ်…
-လူမိုက်တို့သည် စကားလုံးများကို ဖက်တွယ်ထားကြပြီး လှပသော အတိတ်ပုံရိပ်များ ဖြင့်နေထိုင်သည်။
- လူတော်တို့မှာမူ စကားလုံးများ၏ အဓိပါယ်ကို ခွဲခြားနှံ့စပ်နားလည်နိုင်ကြပြီး မေးမြန်းစူးစမ်းခြင်းတွင် မွှေ့လျှော်၏။
- ပညာရှိတို့မျာမှာမူ စကားလုံး၏တန်ဖိုးကို သန့်စင်ထုတ်နုတ်ယူနိုင်ကြပြီး ယင်းတို့၏အနှစ်သာရကို ခွဲခြားနှံ့စပ်နားလည် နိုင်ကြ၏။
- လူမိုက်တို့သည် မျက်စိဖြင့် မြင်တွေ့နေရသည်များကိုပင် ဘာမှန်းမသိကြပေ။ မျက်ကန်းများ သဖွယ် အသက်ရှင် နေကြ၏။
- လူတော်များသည် မျက်စိဖြင့် မမြင်ရသောအရာများကိုပင် သိမြင်သဘောပေါက်နိုင်စွမ်း ရှိတတ်၏။ စိတ်ကူးစိတ်သန်း ကောင်း၏။ သို့သော် သူတို့သည် အမှန်တရားကို တွေ့ခဲ၏။
- ပညာရှိများကား မြင်သည်ကိုသဘောပေါက် နားလည်သကဲ့သို့ သဘောပေါက်နားလည်သည်ကိုလည်း မြင်ကြ၏။ မျက်စိအမြင်နှင့် ဥာဏ်အမြင်နှစ်ရပ်ကိုမျှတ ချင့်ချိန်နိုင်ကြ၏။
တူဒေးစာအုပ်တိုက်မှ ဖြန့်ဝေသည့် လူမိုက်၊လူတော်၊ ပညာရှိ စာအုပ်မှ ပြန်လည်မျှဝေပေးလိုက်ပါသည်…
Related posts:


ဇော်ဂျီဖောင့်မှာ နှစ်လုံးဆင့် ရေးချင်ရင် ကီးဘုတ်ရဲ့ ဘယ်ဘက်ထောင့် အထက်နားမှာရှိတဲ့ ” ~ ” ကို တစ်ချက်နှိပ်ပြီး အောက်က ကကြီး ဆင့်ချင်ရင် ကကြီး ဖြစ်တဲ့ “u” ကို နှိပ်ပြီး ရေးဗျ။ ဒါဆို က္က ဒီလို ပုံစံမျိုး ပေါ်လာပါလိမ့်မယ်။ အပြည့်အစုံကိုတော့ ဇော်ဂျီ install လုပ်ထားတဲ့ နေရာနေမှာ ပုံလေးပါပါတယ်ဗျာ။ အဲဒီပုံလေးကို ကြည့်ပေါ့ …။
မှတ်ချက် ။ ။ နှစ်လုံးဆင့်များ မရေးတတ်ဘူးထင်လို့ ဝင်ပြောသွားခြင်းသာ ဖြစ်ပါတယ်။ သို့မဟုတ်ရင်တော့ ဆောတီးပါလို့ ….
Was this answer helpful?
LikeDislikeအခုလို ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးလို့… ကျေးဇူးဗျာ…ဒါပေမဲ့ အခုရေးကြည့်တာ မရသေးဘူး ဖြစ်နေတယ်….မကျေးဇူးလို့ဘဲပြန်ပြောတော့မယ်…
Was this answer helpful?
LikeDislikeလက်ကမြင်းကြည့်လိုက်အုံးမယ်
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ
ဟေ့ ဟုတ်သဟ
Was this answer helpful?
LikeDislikeရိုက်ကြည့် လိုက်ပါဦး။ ရိုက်တတ်ရင် လွယ်သွားပါတယ်။
ဒုက္ခ ဆိုတာကို ရိုက်ချင်ရင်
၁။ ဒ
၂။ -ု
၃။ က
၎။ ~
(Esc အောက်က ခလုတ်) ကို နှိပ်ရမှာ သိအောင်လို့ ရေးပြတာပါ။
မြန်မာဖောင့်ရေးချိန်မှာ ရိုက်မှာဆိုတော့ ဘာမှပေါ်မှာတော့ မဟုတ်ပါဘူး။
၅။ ခ
အစဉ်လိုက်ရိုက်ကြည့်လိုက်ပါ။
`ဒုက္ခ´ လို့ ပေါ်လာပါလိမ့်မယ်။
Was this answer helpful?
LikeDislikeအခုစာလုံးထပ်ရေးလို့ ရပါပြီကျေးဇူးတင်ပါတယ်.. ဒါနဲ့ ပြသနာ ကိုဘယ်လိုရေးရလဲ..
သစ္စာ၊ အတ္တ၊ ကမ္ကာ
Was this answer helpful?
LikeDislikeုစမ်းကြည့်လိုက်ဦးမယ် ဒုက္ခ ၊ ဟုတ်သဟ
Was this answer helpful?
LikeDislikeအင်း မောင်ကတတ်လွယ်သားဘဲ…ကိုအောက်အော့ ဘဲကျန်နေတယ်..ဒုက္ခ..ဒုက္ခ…
Was this answer helpful?
LikeDislikeငါနားလည်တဲ့ ဖြစ်ပျက်
ကျေးဇူးတင်ရမယ့်ဖြစ်ပျက်
စိတ်ဆိုးစရာ ဖြစ်ပျက်
တွယ်တာစရာ ဖြစ်ပျက်
သူပြောငါပြောဖြစ်ပျက်
ဦးဥာဏဖြစ်ပျက်
မိုးပြာပြောတဲ့ဖြစ်ပျက်
လွန်ကျူးမှု ဖြစ်ပျက်
အလုပ်ဖြစ်ပျက်
အမှုဖြစ်ပျက်
ပညတ်ဖြစ်ပျက်
စကားလုံးဖြစ်ပျက် တွေထက်
ဘုရားနားလည်စေချင်သည့် ဖြစ်ပျက် ဒုက္ခသစ္စာ အစစ် ကို
သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ်များဖြင့် သေချာစွာကျင့်ကြံ အားထုတ်သိရှိထားသော
ဘုရား၊ တရား၊ သံဃာ အစစ် ၏ ဆုံးမသွန်သင်မှုများက သာ ပိုမို စိတ်ချယုံကြည်ရပေသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး
http://www.dhammaransi.com/index.php?option=com_content&view=article&id=137:2009-08-30-11-08-27&catid=48:dhamma-books&Itemid=65
Was this answer helpful?
LikeDislikeဘာဖြစ်လည်းဆိုတော့ ရုပ်/နာမ် ပရမတ်နဲ့ ဖြစ်ပျက်နဲ့ သမုတိဖြစ်ပျက်တွေနဲ့ ကင်းလွတ်လို့မရလို့ပါ။ ဒါဟာ သဘာဝရုပ်နာမ် ဖြစ်ပျက်ပါ။ အနုပါဒါနခနာလို့ခေါ်ပါတယ်။ သဘာဝခနာလို့လည်းခေါ်တယ်။ ဒီဖြစ်ပျက်အပေါ်တရား ရှု့မှတ်ဖို့မဟုတ်ပါဘူး။
အထက်က စာပိုဒ်မှာ သမုတိဖြစ်ပျက်တွေ၊ ပရမတ်ဖြစ်ပျက်တွေကို သဘာဝဖြစ်ပျက်လို့ ပြောတာမှန်ပါတယ်။ အနုပါဒါနက္ခန္ဓာလို့ခေါ်ပါတယ်။ သဘာဝခန္ဓာလို့လည်းခေါ်ပါတယ် လို့ ရေးထားတာကတော့ နည်းနည်းလွှဲနေပါတယ်။ (အနည်းငယ် ပြောလိုပါတယ်) ပြောရမှာက သမုတိဖြစ်ပျက်၊ ပရမတ်ဖြစ်ပျက်တွေကတော့ သဘာဝခန္ဓာရှိနေသ၍ ရှိနေမှာပါပဲ။
အနုပါဒါနက္ခန္ဓာပိုင်ဆိုင်သူကတော့ သဘာဝခန္ဓာပေါ်မှာကပ်ရောက်နေတဲ့ ဥပါဒါန်ခန္ဓာမရှိတော့တဲ့အဖြစ်ကို ဆိုလိုတယ်လို့ နားလည်ပါတယ်။
မြတ်စွာဘုရားလက်ထက်တော်ကတော့ မြတ်စွာဘုရားဟောကြားသော တရားသစ္စာသည် အရိယသစ္စာလို့ တရားနာသူတော်တော်များများမှ သိရှိနေတဲ့သလိုဖြစ်ပြီး ခန္ဓာလို့ ရိုးရိုးသုံးလိုက်တာသည်ပင် ဥပါဒါန်ခန္ဓာ(သို့)အစွဲခန္ဓာလို့ အလိုအလျောက်နားလည်ပြီး ဖြစ်နိုင်ပါတယ်။
ဒီနေ့အချိန်မှာတော့ ပရမတ်သစ္စာအမြင်နဲ့ ပြောတဲ့ မိဘနှစ်ပါးမှ ပေးလိုက်တဲ့ သဘာဝခန္ဓာအစု ငါးပါးတို့ရဲ့ ဖြစ်ပျက် ရှိနေဖြစ်နေသ၍ ဒုက္ခလို့ မြတ်စွာဘုရားဟောကြားတယ်လို့ နားလည်နေကြတဲ့ အချိန်မှာတော့ ခွဲပြောဖို့ လိုအပ်လာပါတယ်။
မိဘနှစ်ပါးမျိုးစိတ်မှ ဖြစ်သော ခန္ဓာ = သဘာဝခန္ဓာ(သဘာဝခန္ဓာသို့ အစွဲဥပါဒါန် သည် အချိန်မရွေး ၀င်ရောက်ပူးကပ်နိုင်သည်။)
သဘာဝခန္ဓာတွင် မြင်မှု၊ သိမှု၊ ကြားမှု၊ မှတ်သားမှု၊ တုန့်ပြန်မှုတို့ ပေါင်းပြီး မိမိသန်ရာအမှန်ဟုလက္ခံပြီး ထိုလက္ခံချက်အတိုင်း ပြန်လည်တုန့်ပြန်မှုဖြစ်ပြီး အမြင်အသစ်၊ သိမှုအသစ်၊ ကြားမှုအသစ်၊ မှတ်သားမှု အသစ်ဖြစ်ပြီး ရိုးသားမှုပျောက်၊ အစွဲရောက်ခါ ဖြစ်ပေါ်လာသော ခန္ဓာ = ဥပါဒါနက္ခန္ဓာ(သို့) အစွဲခန္ဓာ
အနုပါဒါနက္ခန္ဓာ = ၄င်းခန္ဓာရှင်အဖြစ်သို့ရောက်ရှိသူသည် သဘာဝခန္ဓာတွင် ၀င်ရောက်ပူးကပ်နေသော အစွဲတို့၏ ဆိုးပစ်များကို သိပြီး ပယ်သတ်ထားသော ခန္ဓာဖြစ်သည်။ ၄င်းတွင် ဥပါဒါန်အစွဲ မရှိတော့ပါ။ ထိုနေရာတွင်တစ်ခုနားလည်ဖို့တော့ လိုပါလိမ့်မယ်။ သဘာဝခန္ဓာမှ အစွဲပြုတ်တော့ ယခင် သဘာဝခန္ဓာ အတိုင်း ဖြစ်တာပေါ့လို့ ပြောစရာရှိပါတယ်။ မဟုတ်ပါ။ ထို အနုပါဒါနက္ခန္ဓာပိုင်ရှင်သည် ပထမဆုံးသော သဘာဝခန္ဓာလိုမဟုတ်တော့ပါ။ အစွဲဥပါဒါန်ခန္ဓာတို့ ဖြစ်ရခြင်းအကြောင်းကို သိပြီး ထပ်မံ မဖြစ်ပွားအောင် နေထိုင်ပြုမူ ပြောဆိုတတ်သော အကျင့်များကို သိရှိနားလည်းသော အဆင့်မှ အကျင့်ရပြီး နောက် လွန်ကျူးခြင်းအမှုများကို ထာဝရ ထပ်မံမလုပ်ဆောင်ခြင်း မရှိတော့ပါ။
Was this answer helpful?
LikeDislikeအခုလို အလင်းရောင်အားနည်းနေတဲ့တပည့်တော်တို့ကို Uzin ထောက်ပြပေး တဲ့အတွက်
သင်ခန်းစာ အသစ်တခု ရစေပါတယ်…ကလေးဟာ အဖြူထည် သဘာဝခနာ ဆိုပေမဲ့ သိပြီးမပယ်ရသေးတဲ့ အတွက် အစွဲလွတ်ပြီလို့ မပြောရသလို … သဘောပေါက်မိပါတယ်.. အခုလိုထောက်ပြပေးတဲ့ အတွက် အမြဲတန်းကြိုဆိုပါတယ်….
Was this answer helpful?
LikeDislike