သရဲ ကို ဒါ့ပုံရိုက်မိခြင်း…
|623- Hits|အင်း…
ခုတလော မောင်ဂီ မက်ခရို အရူးထနေပြီး
တမလွန် ကို ပဲချောင်းချောင်းနေမိတော့…
တိုကီနာ ငါးမျက်စိလေး ခမျာ မျက်နှာငယ်ရှာမယ်ထင်ပါ့ ….
မောင်ဂီ က ဒီက ရွှေ အသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့်တာ မဟုတ်ဘူးရယ်….
ကိုယ့် အလုပ်နဲ့ ကိုယ် ရှုပ်နေတာ ဆိုတော့ …အားတဲ့အချိန်လေး
ဝါသနာပါရာ မလုပ်ရမှာလည်း စိုးရိမ်လေတော့ …. သည်က အမျိုးမျိုးအထွေထွေသော
ဗီဇာဖြင့် မှီတင်း နေထိုင်ကြကုန်သော ရွှေ တွေကြား မ၀င်ဖြစ်…..
ပြောပါတယ်…. တနေ့သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို
လက်ကိုင်ပြုပါတယ်ဆို … (ကျနော့် ဂစ်တာဆြာ တယောက် ပြောလေ့ရှိတဲ့ စကားပါ. ..ကျနော့် အုန်းကျုံးမဟုတ်
ဆြာ့တောင် သတိရသွားဘီ..)
သည်က မြန်မာ ဒါ့ပုံဆြာ ၃ယောက် လောက်ပဲ သိရဲ့ ….
သည်က တချို့တော့ ကျုပ်ကို ငါးမျက်စိတပ်ပီး စိုင်ပစ်တဲ့ ခပ်ကြောင်ကြောင် ငတိ လို့တော့ သိကြရဲ့…
ထားပါ…. သည်လိုနဲ့ …ဂနေ့တော့ တမလွန်ကို မချောင်းဘဲ …တိုကီနာပဲ ပစ်မယ်ပေါ့ …
မနက်က အိတ်ထဲ ဘာပြောင်းမှ မထည့်ဘဲ …တိုကီနာ ၁လုံးထဲနဲ့ ထွက်လာခဲ့တာ …
ထုံးစံအတိုင်း တိုကီယို တာဝါ ဆီ ချီတက်ခဲ့လေရဲ့
ဟိုရိုက်သည်ရိုက်ပေါ့ …. ဟိုတလောက ကမှော်ကိုတောင် ပြောဖြစ်ပါသေးတယ်…
ကျနော် အပါချာ ဆိုက်ဇ် တခုတည်းကို စွဲနေအောင်ကိုင်ပီး ကျန်ဆက်တင်၂ခုပဲ ဆော့ပီး
အမျိုးမျိုးအထွေထွေသော အခြေအနေကို စိန်ခေါ်ကြည့်နေတယ် လို့ ….
နည်းနည်း အားရလာတော့ နောက်ပိုင်း အိုင်အက်စ်အို ကို အသေထားပြီး ပြောင်းကျင့်မိတယ်…
မဆိုးပါဘူး …. သည်လိုပဲ ကိုယ့်ကိုကိုယ် မွမ်းမံကြည့်ရတာပေါ့ ….
လူဆိုတာ ငပျင်းမျိုးလေ. ….(အော်ရယ် ..နှူးဘာဂီ ရယ် …လူကြားကောင်းအောင် ပြောနေပြန်ပါဘီ..)
သည်လိုနဲ့ .. တမလွန် ပြောင်း ၀ယ်တပ် မိပြီးတော့ သည်တခါ တိုင်းဗဲလျူး ဘက် လေ့ကျင့်မိရဲ့ ……
(လစ်မစ်လေးတွေရှိပေမယ့် မဆိုးပါဘူးဗျာ..) ကြာတော့ ကျနော့် အိပ်စပိုရှာ မုဒ်တွေ ကို
ပြန်ပြီး ရယ်ဗီရှင် လုပ်ချင်စိတ်ကလေး ပေါက်လာလို့ ….မပစ်တာ အနည်းငယ်ကြာတဲ့
ငါးမျက်စိ ထုတ်ပြီး အိပ်စပိုရှာ ကျင့်ရခြင်းဖြစ်ပါတယ်ဗျာ…
အဲ့သည့်မှာ ည လည်းဖြစ် မီးအလင်း သဘောကိုလည်း ကျူတိုရီရယ်ဆင်းဖြစ်တဲ့
တိုကီယို တာဝါ ဘက် ခြေဦးလှည့်ဖြစ်သပေါ့…. အင်း ..လေတွေရှည်နေပါဘီ …တင်ဘီဗျို့ ….
ဒါ အစောပိုင်းက ရိုက်ဖြစ်တဲ့ပုံပါ ထုံးစံအတိုင်းပေါ့ဗျာ ….. အောက်ခြေကနေ ပင့်ရိုက်ထားတာ …လမ်းမဘက်ကဗျ…
ဂယ်က သည်နေ့ ..အပေါ်တက်မယ် စိတ်ကူးထားတာ …၁ခါတက် ယန်း၇၀၀ (ကျပ်၈ထောင်ခန့်) ဆိုတော့
ကျနော် တခါမှ မတက်ဘူးဗျ. ..(အလကားတက်လို့ရတဲ့ ရှင်းဂျုကု မက်ထရိုနဲ့ …ဘွန်းခချောခု က ဆဲလ်ဗစ်စင်တာသာတက်တာ..)
မစားရမသောက်ရ ၈ထောင်ဆိုတော့ နှမျောသား … အဲ့ ..သည်ဘက်ခေတ်မှာ တိုကီယိုတာဝါလည်း သိပ်မြင့်တဲ့အထဲမပါတော့ဘဲ …
မိုးပျံတိုက်တွေကြားမှာဆိုတော့ ရှုခင်းမလှလို့လည်း မတက်ဖြစ်တာ ပါပါတယ်ဗျ….
အဲ့လိုနဲ့…
တိုကီယို ပရင့်ဇ် ဟိုတယ် ရှေ့က ပန်းခြံလေး ရောက်ခဲ့တယ်ဆိုပါတော့ ….. သည်ရိုက်ကွင်းက ညဘက် စိုင်ပစ်ရင် သုံးဖြစ်တယ်ခည …
သည်တညတော့ အရင် ရိုက်ဖူး (တင်လည်းတင်ဖူး) တဲ့ ပုံစံအတိုင်း ပြန်ရိုက်ဖြစ်ရဲ့ …..
ကျင့်သာကျင့်နေတာ ..ခုရက်ပိုင်း ဘယ်လိုဖြစ်တယ် မသိ…
ကင်မလာပဲ ဟောင်းလာတာလား …မျက်စိဘဲ မွဲလာတာလား ..လူပဲ ၆၃မကျ ဖြစ်လာ သလား မဆိုနိုင် …
ရိုက်သမျှ ပုံတိုင်း ….လုံးဝ အားမရဘူးဗျာ .. (၁၀၀ ရိုက်ရင် ၁ပုံလောက်တော့ ကောင်းချင်တာပေါ့နော..)
အဲ့သည့်တော့ … အရင် ရိုက်ခဲ့တဲ့ ပုံတွေနဲ့ နှိုင်းယှဉ်လို့ရအောင် ခုလို အရင် ပုံအတိုင်းရိုက်မိတယ်ဗျာ…

ဖိုးကပ်စ်က အနီးဆုံးက ဒါ့တိုင်ပေါ်မှာပါဗျို့ …
နောက်ကဟာဒွေ ၀ါးနေလို့ …၁ပုံလုံး ဖိုးကပ်စ် မပြတ်ဘူး မထင်စေချင်ပါခည…
ဝိုက်ဒ် အန်ဂယ်လ်တွေဟာ လိုက်စို့စ် တွေနဲ့ တွေ့တဲ့အခါ … တနည်း ဖလဲယားတွေကြုံတဲ့အခါ..
တနည်း အပေါက်အကျယ် … ၃.၅ လောက်နဲ့ ရိုက်တဲ့အခါ …ပုံရိပ်ပြတ်သားမှု အားနည်းကြောင်း …
ကိုယ့်ကိုကိုယ် သတိပေးမိတဲ့ ပုံပါဗျာ …..
ဒါကတော့ ထလိုင်ပေါ့ မထမ်းနိုင်တဲ့ ကျနော် …ကင်မလာ အောက်ချပြီး ရိုက်ထားတဲ့ပုံဗျ….
ခရော့ပင်း မကိုင်ထားလို့ ..အချိုးမကျဘူး ထင်ချင်ထင်ရပါလိမ့်မယ်…
ဟုတ်ကဲ့ ကျနော် သည် အယ်လ်ဘမ်ကို raw like sushi ဆိုတာမျိုး
မပြင် မဆင် မိတ်ကပ် မဖို့ဘဲ …အရောင် ဘာညာ သာဒကာ မချိန်ညှိဘဲ …
ကင်မလာ လန်းစ် က သိတဲ့ အလင်းသိမှုအတိုင်း တင်ပြချင်လို့ …တမင် သည်တိုင်း
တင်လိုက်တာပါ …(သည်တခါတော့ ပျင်းလို့ မပြင်တာ မဟုတ်ပါ)
သရဲ က အဲ့မှာ စတွေ့တာဗျို့ ….သည်ပုံကို တဆုံး ၀ိုက်ပီး ရိုက်ပြီးတဲ့ သကာလ….
ကျနော်တွေးမိတာက …
စွတ် ၀ိုက်နေလည်း ပြချင်တာ ဇောင်းပေး ပြဖို့အတွက် ပြန် ခရော့ပ် ရမယ့် အတူတူ …
အန်ဂယ်လ် ကို ကျဉ်းစေပြီး လိုသလောက်သာ ရိုက်မယ် ဆိုရင်ဖြင့် …ဆိုတွေးပြီး
၁၃မမ လောက်ရောက်နေတဲ့ အန်ဂယ်လ် ကို ၁၇မမ အထိ ပြန်တင်မိတယ်ဗျာ ….
အဲ့မှာ စတွေ့တာပဲဗျို့ …. သရဲ ဆိုတဲ့ သတ္တ၀ါကို ….
ကျနော်က လက်မငြိမ်မှာစိုးလို့ ( အိုင်အက်စ်အို ချထားလို့ … ရှပ်တာစပိ ချထားတဲ့အတွက် …လက်နဲ့ကိုင်ရိုက်လို့ ရတဲ့
စပိမဟုတ်တဲ့အတွက် မြေပေါ်ချရိုက်ရလို့ ..) တပုံမကောင်း ၁ပုံကောင်းပါစေ ဆိုပြီး တိုင်မာနဲ့ ဘာဇ့် မုဒ်နဲ့ ရိုက်တာကိုး …
ကင်မလာ ပြန်ဆွဲယူပြီး ကြည့်ကြည့်တော့မှ လားလား …
ဒီပုံကို တွေ့တော့တာပဲ ဗျို့ …ကျုပ်လည်း … အစက သတိမထားမိဘူးရယ် …ကျနော် အတွဲလိုက်ရိုက်ရင်(ဘာ့ဇ်မုဒ် ရိုက်ရင်)
၎ပုံကနေ ၈ပုံလောက်ထိ ဆွဲတတ်တာကိုး … ဆင်ဆာ ကပဲ ကြွတော့မလား လန်းစ်က ပဲကြွတော့မလားမသိ ….
ဒါမှမဟုတ်လည်း … အလင်းအမှောင် အပြောင်းအလဲကြောင့် ဖြစ်နိုင် သေးတာကိုး ..၁ပုံနဲ့ ၁ပုံ အရောင် မညီတာ ..(အ၀ါသွေးများတာ အပြာသွေးများတာ)
ဖြစ်တတ်သေးတာကိုး ……ကျနော့် အကျင့်က လွန်စွာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရထားစီးရတဲ့အချိန်တွေ ဆို (ဒါ့ပုံရိုက်ဖြစ်တဲ့နေ့တွေပေါ့လေ…)
ရီဗျူးလုပ်ရင်း ဘာ့ဇ် မုဒ်နဲ့ ရိုက်ထားပြီး မကောင်းတဲ့ ပုံတွေ ပြန်ဖျက်လေ့ ရှိသဗျ..
အဲ့မှာ သည်ပုံကို သွားတွေ့တာပဲဗျို့ …. ကျနော် ရိုက်ခဲ့တာ ၆ပုံ …ကျန်၅ပုံမှာ အနှီ သရဲပုံမပေါ်ဘူး …
သည်တပုံထဲ လာပေါ်နေတာ … ဆိုတော့ ..အနှီ ၁ပုံကိုပဲ …. အကြီးချဲ့ … ခရော့ပင် ချပြီး ထပ်တင်ပါ့မယ်ဗျာ…
အင့် …. အင့် …
ကျုပ် အင်ထုထားတာ မဟုတ်ကြောင်း ကွန်ပူတာထဲ ထည့်မထားရသေးခင် ကင်မလာ က RAW ဖိုင် ကို ပြပြီး သက်သေပြချင်ရဲ့ …
(အရိပ်မထွက်တာလေး သတိပြုမိမယ်ထင်ပါ့ ….)
ဂယ်ပြောတာပါ… ပုံဆိုက်ဇ်က ၂၅မက်ဂါဘိုက်လောက် ရှိပြီး …အိမ်သုံး ကွန်ပူတာတိုင်းနဲ့ ဖွင့်လို့ မရမှာ မို့ နောက်တနည်း..
တင်ကြ ကူးကြ ရှဲကြတဲ့ ယနေ့ခေတ်မှာ .. ကျုပ် ကိုယ်တိုင် ရိုက်လာခဲ့တဲ့ ခေါ်ပီရွိုက်ကို သူများ စားသွားမှာ ဦးသွားမှာ
ကြောက်တာကြောင့်ရော ..မတင် ဖြစ်ပါခည……
အနှီ RAW မှာ ဘယ်လိုမြင်ရတယ် …ကင်မလာနဲ့ ပြန်ကြည့်ရင် ဘယ်လို တွေ့ရတယ်…
ယနေ့ခေတ် ဖိုတိုရှော့ပ် အစွမ်း လုံးဝ(လုံးဝ)မပါဘဲ ..ရိုက်ထားတာ ဖြစ်တယ် ဆိုတဲ့အချက်တွေကို
အပိုင်း-၂ ကျရင် ပြောချင် ပြချင်တဲ့အတွက် … သည်တပိုင်းကို သည်မှာပဲ …ရပ်နားခွင့်ပြုပါခည ….
seeing is believing ဘာညာ ပြောတတ်တဲ့ သဂျီး ….
လက်တွေ့မြင်ရတာမို့ အတုလည်း လုံးဝ(လုံးဝ) မဟုတ်တာမို့ ယုံကြည်စေချင်ကြောင်း ….
နောက်တခု ..ဥစ္စာစောင့်မ မဟုတ်လို့ အမေဒစ်ကင်န် စစ်တပ်ကို ရုံသွင်းပြစားချင်တဲ့ အတွေးကို စွန့်လွှတ်ပါစေလိုကြောင်း…
နောက်ဆုံးတခု …..မြင်ရတဲ့ အမြင်အာရုံ ရိန်ခ်ျ့ … ကြားရတဲ့ အသံ ဒက်စီဘယ် ရိန့်ခ်ျ
အစရှိတဲ့ အာရုံခံ အင်္ဂါတွေဟာ လစ်မစ် ရှိတာမို့ ….. ယုံကြည်မှုတရားကို အဆိုပါ လစ်မစ်တွေနဲ့ ဘောင်ခတ်မထားစေချင်တဲ့ …
စေတနာကြောင့် ရေးသားတက်ဆက် လိုက်ရပါသည်ခင်ဗျား ….
(ဟိုမှာတင်မယ် သည်မှာ တင်မယ်ဆိုတဲ့ ဆြာသမားများကိုတော့ဖြင့် ..မူရင်းဖိုင် ကျုပ်လက်ထဲမှာ ရှိနေပါလျက် …ကျုပ်ခွင့်ပြုချက်မရဘဲ
ရှဲရင် တင်ရင်တော့ မီးဒုတ် ရှို့မှာ ဖြစ်ကြောင်း… တခုတ်တရ သတိပေးလိုက်ပါသည်…..)
ခင်တဲ့
ဂီ…
P.S …မတူတဲ့အတွေးနဲ့ မန့်တဲ့ကိစ္စကိုလည်း မကြာခင် သမဦးမယ်လို့ ကတိပေးပါသည်ချင့်..
ခစ်ခစ် …
Related posts:







မောင်ဂီရေ- တံမြက်စည်း လှည်းထားတာကို ကြွားတာလားလို့။
(ဆပ်ပြာ ကြော်ငြာလို့ရတယ်။ သန့်ရှင်းတောက်ပြောင်နေတာပဲ။)
Was this answer helpful?
LikeDislikeဘာတွေမန့်မလဲကြည်.လိုက်ဦးမယ်….ဥာဏ်တိမ်လို.ခဏလေးပုန်းနေဦးမယ်…
ပြီးမှ… သရဲလားဘာလား… နားထောင်ရမယ်.. သူများပြောတာ….
personally
ဒါနဲ.ကိုဂီ..အတည်ကြီးလား…
အဲ.လိုပေါ်တတ်လား… အဲ.ဒါဆိုတားတားလဲဓါ့ပုံဆက်မရိုက်တော့ဝူးနော်…
ပေါ်တတ်တယ်ဆိုရင်ရောဘာလို့ပေါ်တာလဲဟင်….
ပြောရင်းနဲ.တောင်ကြောက်လာပြီ….အခန်းထဲမှာ၁ယောက်ထဲနော်… ဟီးဟီးဟီး….
Was this answer helpful?
LikeDislikeကိုဂီရေ သရဲကမိန်းမထင်တယ်နော်။
ဆံပင်အရှည်နဲ့ ဗျ။ခုတလော မိန်းမသရဲတွေ ခေတ်စားနေတယ်။
Was this answer helpful?
LikeDislikeသရဲက ယောက်ျားသရဲ ။ ကြည့်တာမှ ကင်မရာမန်းကို အသေအချာကိုကြည့်နေတာ။ ကြည့်ရတာ တခုခုပြောချင်နေပုံပဲ။ ဗုဒ္ဓဘာသာ အယူအရဆိုရင် ကျွတ်ချင်လွတ်ချင်လို့ လာပြီး အရိပ်အရောင်ပြတာနေမှာ။ အမျှလေး ဘာလေး မဝေခဲ့ဘူးလား။
တော်ကြာ အိမ်ထိ လိုက်လာရင် ဒုက္ခနော်။ ခုဆို အခန်းထဲက ထောင့်တခုမှာ ကပ်နေရင် ကပ်နေလောက်ပြီ။
shutter ထဲကလို တခန်းလုံး ပတ်ပြီး ဓာတ်ပုံ ရိုက်ကြည့်လိုက်ရင် ရှိချင်ရှိနေမှာ။
အလကားနောက်တာပါ။ လောလောဆယ် အိပ်ရာထဲရောက်ပြီးမှ အောက်ဆင်းရေပုလင်း သွားယူမလို့ဟာ မသွားရဲတော့ဘူး။
ခါတိုင်းကြိုက်တဲ့ပုံ တွေ့ရင် ရှယ်လေ့ရှိပေမဲ့ ခုတခါ လုံးဝယူမသွားကြောင်းပါ။
Was this answer helpful?
LikeDislikeကာလာမတို့၊သင်တို့သည် သူတစ်ပါးပြောသော စကားဖြင့်လည်းကောင်း၊ဤသို့ကြားဖူး ၏ ဟူ၍ သော်လည်းကောင်း၊
အစဉ်အလာယုံမှတ်ခဲ့သည့်အရာ ဟူ၍ လည်းကောင်း နားမယောင်ကြလင့်။
…… အထပ်ထပ် ချင့်ချိန်ပြီး ကျိုးကြောင်းခိုင်မာမှ ယုံပါလို့ ဟောကြားလိုက်ပါတယ်။
[ကာလာမ မင်းသားတို့အား ဗုဒ္ဓဟော ကြား သော စကား]
ဆိုတော့ကာ ……
အရီးတော် မှ တူတော်လေး မောင်ဂီ အား မည်မျှပင် အထင်ကြီး လေးစား ဦးတော့ ဗုဒ္ဓဟော ကြား သော စကား ကို ကိုယ်တိုင် ကျင့်ကြံ နေသူ ဖြစ်၍
ယုံ…ဘူးကွယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်ယ်။
PS –
အမှန်က မင်းသရဲ က တတိယ ပုံမှာထဲ က ပေါ်နေပြီသား ကွဲ့။
ဒုတိယ ပုံ လေးကို နှစ်ခြိုက် သဘောတွေ့ပါ၏။
Was this answer helpful?
LikeDislikeတတိယပုံက လူပါချင့်
အရိပ်ထွက်ပါတယ်ချင့်
Was this answer helpful?
LikeDislikeအမလေး သရဲကလည်း
ဆံပင်ရှည်ရှည်နဲ့
ပြီးတော့ ရှူးဘိနပ်၊ဘောင်းဘီ၊နောက်မှာလည်း ကျောပိုးအိတ်ကြီးနဲ့
အထူးအဆန်းသရဲဘဲ
သရဲတွေရဲ့စတိုင်တောင်ကြိုက်လာပြီ။
Was this answer helpful?
LikeDislikeအိုက်ဒါ အိုက်ဒါ …..
သရဲ ရှိမရှိ ခန ထားလို့ ….
သရဲ လို့ ပြောလိုက်တာနဲ့ ၀တ်ရုံအဖြူ ဖားရားရီး (Ferrari မဟုတ်ပါ) တို့…
ဗြုတ်စဗျင်းတောင်း တို့ … သွေးသံရဲရဲတို့ ..
ဒီ အဲလိမန့် လေးတွေပဲ ထွက်ကျလာရဲ့ မဟုတ်လား ..
သရဲဟာ သူ့ဟာ သူ ဂျိမ်းစ်းဒင်း နဲ့ တူချင်တူမယ်
သဂျီးနဲ့ တူချင်တူမယ် ..
ရေသယ်ယောက်ျား လို ၀တ်ချင်ဝတ်မယ်
အိုဘားမား လိုဝတ်ချင်ဝတ်မယ်…
ဒါသရဲ အခွင့်အရေးပါဗျာ …
သရဲရဲ့ ဘရန်းအင်းမေ့ခ်ျ ကို ရုပ်ရှင်တွေ ပန်းချီတွေက ပေးတဲ့ …
အဲလိမန့်တွေ လောက်နဲ့ပဲ ပုံဖော်ကြည့်ကြည့်နေတာကို စွန့်လွှတ်လိုက်ပါတော့..
သရဲဆိုတာ ရှိချင်ရှိမယ် …ရှိချင်မှလည်း ရှိမယ် ရှိမရှိက သရဲကိစ္စ ကျုပ်ကိစ္စမဟုတ်..
မရှိလို့ မမြင်တာလား …မမြင်လို့ မရှိဘူးထင်တာလား ..
ရှိလျက်နဲ့ မမြင်ရတာလား မြင်ရပြီးတော့ကော ဒါသရဲပါလို့ ကွန်ဖမ်း လုပ်နိုင်တဲ့ အသိမရှိတာလား…
လား…. လား…..လား ….
ခင်တဲ့
P.S နောက်နေ့မှ အပိုင်း-၂ မှာ ကျုပ်ကင်မလာ မော်နီတာ ကို (တခြားကင်မလာ-၁လုံး)
ရှာပြီး ပြန်ရိုက်ပြမယ်ဗျို့ …
Was this answer helpful?
LikeDislikeငါ့သူငယ်ချင်းဂီဂီရေ-
သတိထားကွယ်…စားသတိ…သွားသတိ…လာသတိပေါ့…
သတိဆိုတာ ပိုသည်မရှိပေါ့နော်…
အခု ဒါ့ပုံရိုက်တုန်း သူရဲပုံပေါ်တယ်ဆိုတာ ကံပဲနိမ့်နေလားမပြောတတ်…
သတိထားပါကွယ်…
ဘာပဲဖြစ်ဖြစ် အခြောက်ခံရတယ်ဆိုတာ အနဲနဲ့အများကံဆိုးလို့ပါ…
ကုသိုလ်ကောင်းမှုလုပ်ပါ…အမျှအတန်းဝေပါ…
ဘာပဲပြောပြော ဒါ့ပုံရိုက်ရင် အခြောက်ခံရတယ်ဆိုတာကို စိတ်မကောင်းဖြစ်သွားတယ်…
သတိရှိပေါ့ကွယ်…နောက်ဆို အခြောက်မခံရအောင် သတိထားပေါ့ကွယ်…
Was this answer helpful?
LikeDislikeဂီဂီ က ကံကောင်းလို့ အခြောက်ခံရတာပါတော်..
များတို့က အခြောက်ခံချင်လွန်းလို့….ဟင့်
Was this answer helpful?
LikeDislikeဖက်ကပ် ဂီဂီနိမ့်သွားတာတော့သေချာတယ်………. သူ အခြောက်ခံလိုက်ရတယ်ဆိုထဲက ဂီဘ၀သွားပီပေါ့ကွယ်…………ဂျိမ်းဘုန်းကြီးကနေ ခုတော့ အခြောက်ခံရတဲ့ဘ၀ရောက်သွားပါလား ဂီရယ်………..တနားပါတယ်…………
Was this answer helpful?
LikeDislikeပြောပြချင်တာက
photoshop cs5 မှာ အထူးပြုလုပ်ချက်ပါလာတာက
Ghost photo ပြုလုပ်လို့ရပြီနော့
ခင်တဲ့ ဖရဲ
Was this answer helpful?
LikeDislikeအော်… ရယ် …. ခင်တဲ့ဖရဲ ….
စီအက်စ်ဖိုက် မလိုပါဘူးကွယ်….
လေရာ ထွမ်စပါယ်ရန်စီ ဖောက်လို့ရတဲ့ ဘယ် အိုးဗားရှင်း စီအက်စ်နဲ့ မဆို ကိုအင်ဂျီး ..လုပ်ပြနိုင်ပါရဲ့ကွယ်
လုပ်ချင်ရင်များပြောပါတယ် ….
ကိုအင်ဂျီးက စောရနတ္ခတ် နဲ့ မွေးလာလို့လား မဆိုနိုင် အပျော့ထည်တွေ ခိုးသုံးခဲ့ပေမယ့် …
ဖိုးတွမ်တိ နတ္ခတ် နဲ့တော့ ယှဉ်မွေးလာတာ မဟုတ်လို့ အင်ထုတာ လိမ်တာညာတာ မလုပ်ပါဘူးကွယ်…
အဲ့ဒါကြောင့် ကွန်ပူတာ ထဲ မထည့်ရသေးတဲ့ ဖိုင်ကို ပြချင်တယ် ပြနိုင်တယ် ပြောတာပေါ့ကွယ်..

အနားမှာ ရှိရင် ကင်မလာ ဖွင့်ပီးတောင် ပြချင်ပါရဲ့ ကွယ် … ဂယ်ပါ….
လိုအပ်ရင် ရောဖိုင် တွမ်တီဖိုက်မဂ္ဂါဘိုက် လေး ပို့ချင်ရဲ့
ခင်တဲ့
ကိုအင်ဂျီး..
Was this answer helpful?
LikeDislikeသရဲမဆိုရင် နာ့ဆီ ခဏလွှတ်လိုက်ပါဦးဟ
ဇက်ကြောဆွဲခိုင်းမလို့ ..
အား..
ကျွတ်..ကျွတ်..
အူးပေါက် မန်းလေးနဲ့  ကေတီဗွီလိုက်ဟဲ လိုက်ရင်တောင် အကြောအချဉ်တွေ ပြေလျော့သွားနိုင်ရဲ့
ခက်တာက သူ့ ဘာသာ ဒိုင်ရှိုလေးဒိုးပြီး မိန်းမ မမြင်အောင် ပုံတွေကို ရုပ်ဖျက်ထားသေးရဲ့
Was this answer helpful?
LikeDislikeအမလေး တရဲတဲ့.. ဗြဲ.. ဗြဲ.. ဗြဲ…
ဦးစိန်သော့ သရဲမ နဲ့ ရုပ်လည်း မတူဘူး.. သရဲဆိုတာ သရဲ ရုပ်တော့ ရှိရမှာပေါ့..
Was this answer helpful?
LikeDislikeအင်း….
ရီဒက်ဖနေးရှင်းအော့ဖ် ဂိုစ့် စာတမ်းနဲ့ ဘွဲ့ ရတော့မယ်ထင်ရဲ့ …
သရဲရုပ် ဆိုတာ ဘာလဲခည …
သရဲ ယူနီဖောင်း ဆိုတာ ရှိတယ်လို့ မကြားဘူးပေါင်ဗျာ…
သရဲလည်း သရဲ ၀တ်ချင်တာ ၀တ်မှာပေါ့ ..ဟုတ်ဘူးလား ..
သရဲ အခွင့်အရေးပါဆို …
Was this answer helpful?
LikeDislikeအယ် ………… ဆူးမမ ………….. ဘယ်နှယ် ဦးစိန်သော့ သရဲမလဲ။
အဲဒါက ဖရဲရဲ့ အစ်တီး ( ? ? ) မမပါဟာ။
Was this answer helpful?
LikeDislikeကိုဂီ ရေ……
လူသွားလမ်းကလဲ ပြောင်နေလိုက်တာဗျာ… အဲလိုပုံတွေ ထပ်မရိုက်ပါနဲ့နော်
တိုင်းပြည်ချစ်စိတ် ကုန်သွားမှာ စိုးလို့ပါ
ရှိတာမှ နဲနဲလေးကို :sad
Was this answer helpful?
LikeDislikeသဂျီး ကူညီမှ ရမယ် နော်။
ဒီပုံ အတု အစစ် ခွဲ ခြားပေးပါ။
Was this answer helpful?
LikeDislikeသူရဲပုံထက်
အပေါ်က ဒါ့ပုံလေးတွေကို
အားပေးကြည့်ရှုရင်ခုန် သွားပါသည်။
သူရဲပုံကကြောက်စရာမကောင်း လို့ စိတ်မ၀င်စားတာပါဗျာ။
Was this answer helpful?
LikeDislikeသရဲ ကို ကြောက်စရာ လန့်စရာ ရွံစရာ မနှစ်မြို့ စရာ လို့
သတ်မှတ်ထားတဲ့ ဘောင်ထဲက ထွက်ကြည့်ပါဗျာ ….
ရှေးက ဒီဖိုင်းလုပ်ခဲ့ ကြတဲ့ ..သရဲဘရန်းရဲ့ မာယာတွေကြားမှာ ပိတ်မိမနေပါနဲ့ ….
တကယ်လို့များ သရဲတကယ်ရှိခဲ့တယ်ဆိုရင်ပေါ့လေ…
သရဲဟာ ချစ်စရာ ကောင်းချင်လည်း ကောင်းမပေါ့…
ဒါမှမဟုတ် ….သရဲက ရီစရာလည်း ကောင်းနိုင်သေးသပေါ့…
သရဲ ဆိုသည်မှာ …. အံ့သြမှုများနဲ့ ဆန်းကျယ်သောအရာ …
သရဲ ဆိုသည်မှာ …. တားဆီးတတ်ခဲ့ အိပ်စက်ခြင်းများစွာ …
~~~~~~~~~~~~~~~
တကယ်ဆိုရင် သရဲဟာ ဘာလဲ မသိတော့ပါ…
သရဲဟာ အဖြေရှာ မရတဲ့ပုဒ်စာ
~~~~~~~~~~~~~~~
တခါတရံ သရဲဆိုတဲ့အရာနဲ့ … ဆုံစည်းလိုက်ချင်လည်း …
တခါတလေတော့ သရဲနဲ့ …ဝေးဂျင် ဒလယ်….
Was this answer helpful?
LikeDislikeဂီဂီ က သူဒါ့ပုံရိုက်တာဘယ်လောက်တော်လဲဆိုရင်တဲ့ သရဲကတောင်ကိုယ်ဟန်ထွက်ပြတယ်တဲ့။ အဲ့ဒီ သရဲက သူ့ဒါ့ပုံကို MG မှာတင်မယ်မှန်းကြိုသိနေတာလဲပါမှာပေါ့တဲ့။ (သိသလိုလို မသိသလိုလိုနဲ့ ထင်ရာမြင်ရာဝင်မန့်သွားပါတယ်ချင့်)
Was this answer helpful?
LikeDislikeအစ်ကိုဇာ
အစ်ကို့ကိုလိမ်တယ်လို့မပြောပါဘူးဗျ
အစ်ကိုတို့က ကျွန်တော်တို့ထက်ပိုတော်ပါတယ်ဗျ
ဒါနဲ့သရဲက အစ်ကိုနဲ့တော်တော်တူတယ်ဗျ
Was this answer helpful?
LikeDislikeအဲဒီ သရဲက ဂီ ပဲ။
ထလိုင်ပေါ့ချပြီး ကင်မလာရှေ့သွားရပ်ခဲ့သေးတယ်မဟုတ်လား။
အမှန်အတိုင်းပြောနော်။
ဓီဃျစ်တယ် ကင်မလာတွေမှာ အဲသလို ပုံထပ်တာတွေ ဖြစ်တတ်တယ်။
အထူးသဖြင့် ညဘက်ပုံတွေမှာ အပွင့်တွေပါတတ်သလို ပုံရိပ်ပျက်တွေလည်း ပါလာပြီး ထပ်နေတတ်တယ်။
ဘာသဘောလည်းတော့ မသိပါဘူး။ အခြားပုံထပ်တာတွေလည်း တွေ့ဖူးတယ်။ ကျိုက်ထီးရိုးဘုရားဘူးတဲ့သူတစ်ယောက်လည်း ညဘက်ရိုက်တာ ခေါင်းမြီးခြုံအဖွားကြီးတစ်ယောက် ပုံထပ်ပြီးပါလာတာကို ဘိုးတော်ပါလုပ်နေပြီး ပုံကို ကိုးကွယ်မယ်လုပ်နေလို့… အင်း စဉ်းစားပေါ့လို့သာပြောမိတယ်။ တကယ်အစစ်ဆိုရင်ကော ပုံကို ကိုးကွယ်ရင် တရားရသလား။ ကိုးကွယ်ယုံနဲ့ ချမ်းသာနိုင်သလား။
Was this answer helpful?
LikeDislikeပုဂံက ဘုရားတစ်ဆူမှာလည်း ဒီလို ခပ်ဆင်ဆင် သမိုင်းတစ်ခု ရှိတယ်ဗျ … ။
ဘုရားအမည်တော့ မှတ်မိတော့ဘူး … ။
ဓာတ်ပုံသမား တစ်ယောက်က ဘုရားကြီး အပေါက်ဝမှာ အမှန်အကန်ချိန်ပြီး ဓာတ်ပုံရိုက်နေတုန်း အဲဒီဘုရားမှာ အိမ်တိုင်ချွတ်ပြီး ဇရပ်ဆောက် လှူဒါန်းခဲ့တဲ့ စစ်သူကြီးနဲ့ မြင်းပုံက ဖလင်ဆေးတဲ့အခါ ပါလာတာဆိုပဲ … ။
ပါတာမှ တစ်ပုံခြားစီ ပါတာတဲ့ ခင်ဗျ။ အခုလည်း အဲဒီဘုရားမှာ အဲဒီပုံကို ထားထားတယ် … ။
ဓာတ်ပုံဆြာကတော့ ဦးနီနီ ဆိုလားပဲ … ။
_______________________
ကိုဂီပုံထဲက သရဲကတော့ ထောင်ကောင်းကောင်း ယောက်ျားတစ်ယောက်လို့ ထင်ပါတယ်။ ပြီးတော့ ဒီထက်လည်း ကြည့်နေသေးသဗျ .. ။ ထပ်ပြောရရင် အိတ်တစ်လုံးကိုတောင် လွယ်ထားသေးသလားပဲ …
Was this answer helpful?
LikeDislikeဗြဲ…………………….
သရဲ……………………..
ဖြဲ……………………………………
ဆွဲ……………………………………
(သူရဲပြေးဂါထာ)
အောက်မှအထက်သို့ အကြိမ် 9999ကြိမ်ရွတ်ပါ။
သူရဲပြေးပါလိမ့်မည်။
Was this answer helpful?
LikeDislikeဖျား ဖျား ဖျား သရဲ ပုံ ဆိုလို့ ဝင်ကြည့်မိတယ်
ဘယ်မတုန်း သရဲ
တိုတိုဂီ ရဲ့ စကား ပြောပုံ ဆိုပုံ လေး ဘယ်မှ သင်ရမတုန်း
(စတာပါ / ချိတ်အချိုးရ)
Was this answer helpful?
LikeDislikeလေးစားရတဲ့
ဆြာလင်းဝေ ရေ …
မောင် ဖရဲ ပါ အပါအ၀င်ပေါ့ဗျာ …
အောက်မှာ ရေးမယ့်
ကိုအံဇာတုံး ရဲ့ ကွန်းမန့်ကို ဆွဲမန့်မယ်ဗျာ …
အနှီသဘာဝ လွန် ကိစ္စ အချို့ ရှိကောင်းရှိမယ်ဗျ….
ကိုအံဇာ ပြောတဲ့ ပုံ ကျနော်မြင်ဖူးတယ်….
ဘုရားရှေ့မှာ ပရင့်ထုတ်ဘောင်သွင်းပြီး ကို အကျအန ခင်းကျင်းထားတာ..
တလောက ထွက်လာတဲ့ ဘဘဂျီး ခေတ်ကောင်းစဉ်က
ထို ဘုရား ပြင်ဆင်မွမ်းမံစဉ်ကာက ကရောက်သွားတာပါဗျာ ….
မုတ်ဆိတ်ကျင်စွယ်နဲ့ လူတယောက် ဘုရားရှေ့မှာ လာပေါ်နေတယ်ဗျ …
အပြည့်တော့ မဟုတ်ဘူး ထွမ်စပယ်ရန်စီနဲ့ပေါ့နော်….
လူမျိုးခြား ရုပ် တော့ သေချာသလိုလို …..
ခွစ်ရှန် စာအုပ်တွေထဲက ရှေးဟောင်း ၀တ်စုံလိုလို ….
ဒါမှမဟုတ်ရင်လည်း ပုဂံကို သိမ်းခဲ့ ဖျက်ဆီးခဲ့တဲ့ မွန်ဂို စစ်သူကြီးလိုလို
ဘာဂလိုလို ကြီးပါဗျာ …
နှစ်ကာလ ရွေ့လျောသွားတော့ ဒါဂျီးလည်း မေ့လောက်ပီပေါ့…
ထားပါလေ….
အဲ့ ..
ပစ္စုပ္ပန် ပြန်လာရရင်ဖြင့် …..
ကျနော် သရုပ်ဆောင်ထားတာလား ….
ကျနော့် ပုံရိပ်လား …. ဆိုတဲ့ အတွေးမျိုးကို ဇောက်ချမတွေးဘဲ
(လက်ထွယ်သင့်ကိင်းန်ပေါ့ဗျာ …)
တွေးရရင် …သရဲ က အိုင်ဒန်တီကယ်လ် ရုပ်ရည်ရှိသလား …
ဒါမှမဟုတ် ..သရဲက မာလ်ထီ မော်ဖက်စ် ပေါ့ဗျာ ..ရုပ် အမျိုးမျိုး
သဏ္ဍန်အသွင်သွင် ပြောင်းလို့ရလား ..ဆိုတဲ့အတွေးဗျာ ….
သရဲ အဆင့်အတန်း သရဲ အခွင့်အရေးအရ ….ပြောင်းနိုင်တဲ့အဆင့် ရှိမှာဖြစ်သလို
မပြောင်းနိုင်တဲ့အဆင့်လဲ ရှိကောင်းရဲ့ …. အကယ်၍များ သရဲ ဆိုတာ ရှိခဲ့တယ် ဆိုရင်ပေါ့ဗျာ…
ရှိမရှိ မပြောဘူးနော … ရှိခဲ့တယ်ထား…
သည်တော့ …. ပြောင်းနိုင်တဲ့ အထဲက သရဲ က ကျုပ်ကို ခြောက်တယ် ဆိုပါစို့
သူဟာ ရှာကီရာ အစ … လျူရိဖေး အလယ် … ဂိုအာရာ အဆုံး ဖန်ဆင်းပြီး
ကျုပ်ကို လာခြောက်ခွင့်ရှိတာပဲ မဟုတ်လား …
ဆြာတို့ ပြော သလို ကျုပ်နဲ့တူတဲ့ သဏ္ဍန်မျိုး ဖန်တီးပီးခြောက်ရင်
ကျုပ် ပိုကြောက်လေမလား ဆိုတဲ့ လောဂျစ်နဲ့ လာခြောက်လားတော့မဆိုနိုင်…
(ဟုတ်တယ်လေ ..)
တခုပဲတွေးကြည့်ပါ ….ခင်ဗျား(ကျနော်) အမုန်းဆုံးလူ ခေါင်းတလားထဲမှာတွေ့တယ်..
သူမဟုတ်ဘဲ …ရုပ်အလွန် ဆင်တဲ့လူ မှန်းသိတယ်….
ကတောက် …ဒင်းမဖြစ်တာ နာတယ်ကွာ …
ဒါမှမဟုတ် ..ဒင်းသာဖြစ်လိုက်ပါတော့ … သည်လောက်ပဲရယ်…
အဲ့ …ကိုယ်နဲ့ဆင်တဲ့သူသာဖြစ်ကြည့်ပါတော့ ….
မူးမေ့လဲသွားမယ့်လူ ကြက်သေသေသွားမယ့်လူ ဘယ်နှယောက်
(ကျယ်ကျယ်ပြောရရင်) ဘယ်လောက် % ရှိမလဲ သိချင်သားဗျာ ….
ခင်တဲ့
ဂီ…
P.S သရဲ ဆိုတာကို ရီ-ဒီဖိုင်းလုပ်ဖို့အတွက် … လွန်စွာ ကျေးဇူးတင်ပါကြောင်း…..
Was this answer helpful?
LikeDislikeများက ကင်မရာအကြောင်းသိပ်မသိတော့ ရမ်းပြောကြည့်မယ်နော်..
“ဒါကတော့ ထလိုင်ပေါ့ မထမ်းနိုင်တဲ့ ကျနော် …ကင်မလာ အောက်ချပြီး ရိုက်ထားတဲ့ပုံဗျ…”
” ( အိုင်အက်စ်အို ချထားလို့ … ရှပ်တာစပိ ချထားတဲ့အတွက် …လက်နဲ့ကိုင်ရိုက်လို့ ရတဲ့
စပိမဟုတ်တဲ့အတွက် မြေပေါ်ချရိုက်ရလို့ ..) ”
ဒါလေး နှစ်ချက်နဲ့ ပြောနိုင်တာက ပုံက သရဲ ပုံ မဖြစ်နိုင်ဘူး..ဂီဂီ့ ပုံများဖြစ်နေမလား..
အော်တို ရိုက်တော့ ချောင်းကြည့်ပေါက်ကို မပိတ်မိဘူးထင်တယ်..
အလင်းနဲတဲ့ အချိန်ဆို ချောင်းကြည့်ပေါက်က နောက်ပြန်ဝင်တဲ့ ပုံရိပ်က အနှောက်အယှက်ပေးတတ်တယ်.
ဟိုစကားလို “ချက်မသိတော့ သားမက်သူခိုးထင်” မဟုတ်ဘူး
“ဂီဂီ သရဲမြင်” လို့ ပြင်ရတော့မယ်….
(ရမ်းပြောကြည့်တာပါ..မဟုတ်တော့လဲ..များတို့ချင်း နားလည်ပေးပါနော်)
ခင်တဲ့
Harumoto…
Was this answer helpful?
LikeDislikeအဲဒါ နှူးဘာသရဲပါကွယ်
သရဲကိုမြင်ဖူးတယ် ယူနီဖောင်းနဲ့တော့မဟုတ်ဘူး
တော်တော်လေးလှတယ် ရွာထဲမှာတောင်တင်ဖူးသေးတယ်
ယုံချင်ယုံမယုံချင်နေ
Was this answer helpful?
LikeDislikeတိန်….
သများကိုများ သရဲတဲ့ ….
သများက ဘာလို့ သရဲဖစ်ရမှာတုန်း …မောင်လေးရဲ့ ….
သများက အရှင် ငုတ်တုတ်ဂျီး အုပ်စာ ..ဟွန့် ..လူဇိုး…
စကားမစပ် မောင်လေးရေ …
အက်စပရက်ဇို မာလ်တီနီ ဆိုတာ
ရေလည် မူးဒလယ်ကွယ့် …
မွှေးတယ်ဆိုပီး ကုန်းတွယ် ထလိုက်တာ …မမဖြင့် …
ဒေါင်ချာ ကို စိုင်းနေတာပဲ …အာဟိ….
Was this answer helpful?
LikeDislikeအဂီမ သူရဲဟုတ်မဟုတ်တော့မသိဘူး သရဲကလဲထွားလိုက်တာအေ အဲသရဲရုပ်ကဂျပန်ရုပ်ဟဲ့ လမ်းမပေါ်မှာ မပေါ်ပဲ သစ်ပင်တွေပေါ်မှာ တက်ပေါ်နေတယ် အခိုင်ထင်တာတော့ တိုဂီယိုတာဝါစောင့်ပဲဖြစ်မယ်…. ဂီမ ဂီမ ညည်းတော့မလွယ်တော့ဘူး ….နောက်ဆိုကင်မရာမှာမပေါ်ပဲ ညည်းရှေ့အကောင်လိုက်ပေါ်လာလိမ့် မယ်…တော်ပြီ ညဘက်လမ်းမထွက်တော့ဘူး…. ဂီတို့တင်တဲ့ပို့စ်တွေ ဖတ်ပြီး ဒါ့ပုံရိုက်ရမှာတောင် ကြောက်လာပြီ….အားပေးနေတယ်နော်..
ခင်မင်စွာဖြင့်
ုkhaing khaing
Was this answer helpful?
LikeDislikeအရဂါး စတာ …
ပြောပြပါတော့မယ်….
သဂျီး ကို ရိထားတာ …
သူကလည်း သိတော့ ၀င်မမန့်ဘူး ..လေ..
ဟိုနေ့က ကိုသော့တင်တဲ့ပိုစ့်မှာ ဘာတဲ့ ..ဒီပုံကို လွန်ခဲ့တဲ့ နှစ် ၃၀ ကသာ လူတယောက်ယောက်ကိုပြရင်
ရှော့ခ် ရသွားမယ် ဆိုလို့ …
ကွန်ပူတာ မပါလည်း သရဲပုံ ရိပ်လို့ ရတယ် ဆိုတာ လေး ….အာဟိ…
တခါ ကျနော် ကို KING ကို ဖိုလမ်ထဲမယ် ပြောပြဖူးပါသေးတယ်…
လွယ်ပါတယ်ဂျာ …
အပါချာ အပေါက်ကလေးကို ချုံ့လိုက်
အိုင်အက်စ်အို ၄၀၀လောက်ထား …
(ဖလင်နဲ့ဆိုရင်တော့ ဘယ်လို အမျိုးအစား သုံးသလဲမသိ …ရိုက်လို့ရတာတော့ သေချာ၏
ကိုသော့ ပြောပြရေးရင်ကောင်းသား)
ကျနော် ရိုက်တဲ့ အိပ်စပိုရှာတိုင်းမ် ကတော့ ၄စက္ကန့် ပါပဲ …
၎စက္ကန့်မှာ ၂စက္ကန့် ငြိမ်ငြိမ်နေ ကျန် ၂စက္ကန့် ဖရိမ်ထဲကနေ သာ ထွက်ပြေးပေတော့ ..
ထရန်စပါယ်ရန်စီ ပေါက်နေတဲ့ လူပုံရပါပြီ …
ဟီး ..
ကိုလင်းဝေတို့ ပြောတာမှန်ပါရဲ့ ..ကျနော့်ပုံပါ…
နောက်နေ့မှ ၀န်ခံတဲ့ ပိုစ့် သပ်သပ်တင်ပါ့မယ်..
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeထင်သားပဲ ဂီမ ညည်းညာတာတွေကို ညည်းနော် နာကိုပြောတော့အစစ်တဲ့ နာမှာဖြင့် မနေ့ညက အိမ်မှာ ကိုးနတ်ရှင်မကောင်းလို့မကြည့်ဘူး ရုံးရောက်မှ အသည်းအသံကြည့်ရတယ် ခုတော့ဖြင့်အေ ညည်းက အရဂါးစတာတဲ့ သူ့ကိုယ်သူသရဲလုပ် ကိုစိန်သော့ postကိုဖတ်ပြီးကတည်းကမယုံတာ ညည်းမို့ငါ့ကိုညာ ရက်တယ်.. ဟင့် ဟင့် (၀မ်းပန်းတနည်းငိုသံ)
khaing khaing
Was this answer helpful?
LikeDislikeဒီလို ရှင်းပြလိမ့်မယ်လို့ မျှော်နေတာ။
အမှတ်ပေးထားပြီးသားပါ ကောင်လေးက ရိုးပုံရိုးလက်နဲ့ အမှန်ကိုပြောပြမှာပါလို့။
Was this answer helpful?
LikeDislike