ဗီဇလား စံနစ်လား အသိစိတ်ဓာတ် Awareness လား
|489- Hits|ငြိမ်သက်သွားသော ကိုယ်တွင်းပိုး
- ရှူံးနိမ့်မှုများနဲ့.. လူ ကို မန့်ရင်းက
FR လိုပဲ ရှည်သွားလို့ တစ်ကြောင်း ဖတ်မိကြစေချင်တာကတစ်ကြောင်း Post အသစ်ရေးတင်လိုက်ပါတယ်။
ရှုံးလူက မြန်မာတွေကြားမှာ သန့်ရှင်းအောင်လုပ်တဲ့ ကိုရှူံး ရန်တောင် အရှာခံရလို့
ကိုရင်ရှူံးသည်ကား လမ်းတွင် မြန်မာများနှင့် တွေ့လျင်သော်မျှ နှုတ်ဆက်ပြုံးပြခြင်းပင် မပြုတော့ပေ။
ပါတဲ့။
သူကြီးကလည်း သူ့လက်စွဲ နှစ်လုံးပြူးကြီးထုတ်ပြီး ပြောနေကျ စကားပြောတော့တာပဲ။
kai says:
ယူအက်စ်မှာ.. မြန်မာအများဆုံးနေတာ.. လော့စ်အိန်ဂျလိစ်တ၀ိုက်မှာပါ..။
ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီစနစ်အောက်.. အဆင်ပြေပြေ.. ဆယ်စုနှစ်ချိုးချပြီးနေလည်း.. မြန်မာဟာ..မြန်မာပဲဖြစ်နေတာ.. တွေ့ရတယ်လေ..။
… အချက်အလက်.. သက်သေနဲ့ပြလို့ရတာတွေ.. အများကြီးပါပဲ..။ဒီမှာမွေးလာတဲ့.. ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်နဲ့ကို.. အဆင်မပြေ..အစေးမကပ်ဖြစ်တော့တာပဲ..။
မိဘနဲ့သားသမီးမှာတင်.. ပြသနာက.. တက်နေလေရော…ဆိုတော့… ?
ဦးပါလေရာကလည်း မခံဘူး။
ဦးဦးပါလေရာ says:
ယူအက်စ်ကို မြန်မာပြည်ကရောက်သွားတဲ့ ပထမမျိုးဆက်က မြန်မာပြည်ရဲ့ စံနစ် က မွေးထုတ်ပေးလိုက်တာ၊ လေ့ကျင့်ပေးလိုက်တာလေ။
ယူအက်စ်မှာမွေးတဲ့ ဒုတိယမျိုးဆက်က ယူအက်စ်ရဲ့စံနစ်က မွေးထုတ်ပေး ၊ လေ့ကျင့်ပေးတာလေ။
အဲဒီနှစ်မျိုး စရိုက်မတူရင် – အဲဒါစံနစ်ကြောင့်ပေါ့သူကြီးရဲ့။
လူမျိုးစရိုက်ကြောင့်လို့သာဆိုရင် ဘယ်မှာနေနေ ဘယ်နှစ်ဆက်မွေးမွေး အတူတူပဲဖြစ်ရမှာပေါ့။
ဒါတောင်မှ ဒုတိယမျိုးဆက်ဆိုတာ လက်ဦးဆရာ ပထမမျိုးဆက်တွေရဲ့ စရိုက်အမွေကို အနည်းနဲ့အများ ခံပြီးသား..။တတိယမျိုးဆက် ကိုစောင့်ကြည့်ရင် မြန်မာလူမျိုးပေမယ့် အမေရိကန်စရိုက်ဖြစ်နေတာ တွေ့ရမယ်လို့ ကျုပ်တော့လောင်းရဲတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဦးဆရာဖြစ်တဲ့မိဘမောင်နှမတွေကလဲ အမေရိကန်စရိုက်လွှမ်းမိုးခံရပြီးသား၊ အမေရိကန်စရိုက်ရှိပြီးသား။ ကြီးပြင်းရမယ့် ပတ်ဝန်းကျင်ကလဲ အမေရိကန်လေ။
ကျွန်မကတော့
ဗီဇ၊စနစ် ဆိုတာတွေထက် ဆရာသစ်ပြောနေကျ အသိတရား Awareness အဓိကလို့ ပြောချင်ပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်က မနက်ခင်း လမ်းလျှောက်ထွက်တော့ ပြည်သူ့ရင်ပြင် မြက်ခင်းဘေးက ကွက်လပ်မှာ
အမှိုက်တွေ ၊ကြွပ်ကြွပ်အိတ်တွေ ဖွေးနေတာပါပဲ။
ရှေ့တစ်နေ့က တိုင်းရင်းသားမျိုးနွယ် တစ်ခုရဲ့ ပြည်နယ်နေ့ ကျင်းပခဲ့တာပါတဲ့။
ကျွန်မ အရုပ်ဆိုးလှတဲ့ မြင်ကွင်းကို ကြည့်ပြီး သူကြီးပြောပြောနေကျ မြန်မာပွဲတွေပြီးရင်
အမှိုက်တွေ ပွကျန်ခဲ့တာပဲဆိုတဲ့စာကို သတိရမိပါတယ်။
မကြာသေးခင်က ပြီးသွားတဲ့ ပြည်သူ့ရင်ပြင် တရားပွဲမှာတော့ ကွဲပြားတဲ့ မြင်ကွင်းကိုတွေ့ရပါတယ်။
တရားပွဲရက်တွေမှာ နေ့စဉ် လူပေါင်းတစ်သိန်းနဲ့ တစ်သိန်းခွဲလောက် တရားနာလာကြပါတယ်။
ဓမ္မဒါနလုပ်အားပေးအဖွဲ့က အ၀င်ဝကနေ အလွန်ချိုသာစွာ နှုတ်ဆက်ပြီး
ရေသန့်ဘူး၊မုန့်၊တရားစာအုပ်၊ဆေး အလှူတွေပေးရင်း
နေရာလွတ်တွေရှိရာကို လမ်းညွှန်ပေးကြပါတယ်။
ဆရာတော်ကြွမလာမီ အချိန်ကလေးမှာ ဘာဝနာ တစ်ခုခုနဲ့ ဆိတ်ငြိမ်စွာနေဖို့
အသံချဲ့စက်က တိုက်တွန်းသလို တရားမှတ် မေတ္တာပို့နေတဲ့သူတွေ အများအပြားပါ။
ဆရာတော်ပြန်ကြွချိန် မေတ္တာပို့ကိုလည်း ညီညီညာညာ ရွတ်ဆိုကြတာ တစ်သံတည်းပါပဲ။
ချမ်းမြေ့ဆရာတော် အလှည့်မှာ တရားဟောရင်း မြတ်စွာဘုရားကို ဘာဝနာနဲ့ ပူဇော်ကြမယ်လို့
ဆရာတော်က တိုက်တွန်းတော့ ၁၀ မိနစ်ခန့် တရားရှုမှတ်ကြပါတယ်။
ပရိသတ် တစ်သိန်းမှာ ချောင်းဟန့်သံတောင်မကြားရပါဘူး။ဒီလို ညီညီညွတ်ညွတ် စည်းကမ်းရှိကြပါတယ်။
အမှိုက်ချတတ်တဲ့သူတွေကို တားမရပေမယ့် တရားပွဲ တစ်ခု အပြီးတိုင်းမှာ
ဓမ္မဒါန လုပ်အားပေးလူငယ်လေးတွေက ပလပ်စတစ်ဖျာတွေလည်းသိမ်းရင်းနဲ့
အမှိုက်တွေပါ တစ်ခါတည်းကောက်ကြပါတယ်။
ကျွန်မတို့ တရားနာ ပရိသတ်တွေကလည်း ကူညီပြီး ကောက်ပေး သိမ်းပေးကြပါတယ်။
နာရီဝက် တစ်နာရီလောက် အတွင်းမှာ ရင်ပြင်တစ်ခုလုံးသန့်ရှင်းသွားပါတယ်။
မနက် လေ့ကျင့်ခန်းလာလုပ်တဲ့သူတွေအတွက် ဘာအမှိုက်သရိုက်မှ မတွေ့ရတော့ပါဘူး။
မျက်မှန်၊ ပိုက်ဆံအိတ်၊ ဖုန်း၊ တဘက်စတဲ့ ပစ္စည်းကျကျန်တဲ့သူတွေ အတွက်လည်း
ဓမ္မရောင်ခြည် ရုံးခန်းမှာ လာယူနိုင်ကြောင်း ကြေငြာပေးနေပါသေးတယ်။
နောက်ဆုံးရက်မှာလည်း ဒီလိုပဲ အပြီးသိမ်းသွားတာ နောက်ရက်တွေ
ရင်ပြင်မှာ တရားပွဲရဲ့ အရိပ်အယောင်ဆိုလို့ ထောင်ထားတဲ့ ဆိုင်းဘုတ်တွေပဲကျန်ပါတော့တယ်။
တရားပွဲ စီစဉ်တဲ့သူတွေကို ကျွန်မတော့ တဖွဖွ ချီးကျူးမဆုံးပါ။
ပထမနေ့ တရားပွဲသွားပြီးကတည်းက နီးစပ်ရာတွေကို
တရားနာသွားရင်း စီစဉ်သူတွေနဲ့ လုပ်အားပေးတွေရဲ့ စိတ်ဓာတ်လေးတွေ
အတုယူဖို့ တိုက်တွန်းရတာ အမောပါပဲ။
ဒီတိုင်းပြည် ဒီလူမျိုးတွေပါပဲ။ဒီမြေဒီရေမှာပါပဲ။
ကျွန်မ အပိုတွေကြွယ်ပြနေတယ်ထင်ရင် ပြည်သူ့ရင်ပြင်တရားပွဲ အခွေတွေ ကြည့်ရင် မြင်ကြပါလိမ့်မယ်။
အဲဒီတော့ စိတ်ဓာတ်ကောင်းလေးတွေရဖို့ soft power လိုပါတယ်လို့ ပြောချင်ပါတယ်။
ရှေ့ကိုလှပတဲ့ အနာဂတ်တိုင်းပြည်မှာ စည်းကမ်းရှိတဲ့ လူမျိုးတွေ ဖြစ်စေချင်ရင်
ဘယ်လို soft power ထည့်ပေးရမယ်ဆိုတာ စဉ်းစားကြဖို့ပါပဲ။
Related posts:


http://mandalaygazette.com/forum/internet-news-of-netizen/%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%94%E1%80%B9%E1%82%94%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%80%B2%E1%80%B7-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%90%E1%80%AD%E1%80%AF#p4012
ကျုပ်ရေးတဲ့အထဲ.. ဘာကြောင့်ဆိုတာ မထည့်ထားပါဘူး..။ အဲဒါကို ဦးသန့်နဲ့ကိုင်ပေါက်ပြီး ပြောမယ်..။
အပေါ်ကအတိုင်းပဲ..။
ဒါကို..ရာစုနှစ်ဝက်လောက်ကြိုပြီးပြောသွားတာဖြစ်ပြီး.. အခုလိုခေတ်မှာ.. ပိုလို့သာဆိုးနေတာလို့.. မြင်ကြည့်နိုင်မယ်…။
ဟုတ်မဟုတ်ကို…. ဆရာမပဒုမ္မာရဲ့.. စာနဲ့ရေးတဲ့.. လက်တွေ့အဖြစ်ကနေလည်း သက်သေပြနေတယ်မြင်ရမယ်…။ ဆရာမစာကို သေသေချာချာ (ရှေးစွန်းစွဲအမြင်လေးပြောင်းပြီး) ဖတ်ကြည့်ပါနော..
ပိုဖြစ်နိုင်ရင်..(မြန်မာတယောက်အနေနဲ့မဟုတ်ပဲ) တခြားနိုင်ငံခြားသားတယောက်အနေနဲ့.. နှလုံးသွင်းဖတ်ကြည့်ပါ..
မြန်မာတွေ ဘာဖြစ်နေသလည်း.. ဖမ်းမိပါလိမ့်မယ်..။
ဆရာဇော်ဂျီက. ဒီလိုရေးတယ်..။
ဆရာကြီးသခင်ဘသောင်းက..
တို့ဗမာအစည်းအရုံးထောင်ပြီး.. လာသမျှဘိုတွေဘုရားထူးနေတဲ့.. မြန်မာတွေကို.. စိတ်ဓါတ်မြှင့်လိုစိတ်နဲ့.. “သခင်မျိုးဟေ့တို့ဗမာ” စာသားကို ရေးသားပြန့်ပွားစေခဲ့တယ်..။
ဆိုတော့…
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကြေငြာစာတမ်း ပထမအပိုဒ်မှာဒီလိုရေးတယ်..။
အဲဒီအပေါ်ကအချက်တွေ အားလုံး.. စံနစ်တကျနှလုံးသွင်းကြည့်..သုံးသပ်ကြည့်ရင်.. မြန်မာတွေလုပ်သင့်/လုပ်ထိုက်တာ အရေးတကြီးလိုတာ.. ဘာလဲလို့.. မြင်ရလိမ့်မယ်…။
အတန်းအစားမရှိ.. တန်းတူညီမျှမှုပဲ..
အရောင်(ယူနီဖောင်း)နဲ့.. အဆင့်အတန်းခွဲထားတာကို.. နှိမ့်ချဖျက်ပစ်ဖို့ပဲ…။
ကိုယ်တိုင်လည်း လိုက်နာရမယ်..။ သူများတွေကိုလည်း.. လိုက်နာစေရမယ်..။
ဆိုတော့..
ဆရာက.. တပည့်ကို ရိုက်နှက်ဆုံးမခွင့်မရှိဘူး..တန်းတူညီမျှရမယ်..။
စစ်သားက.. လူတွေကို… အုပ်ချုပ်ရမယ်ဆိုတဲ့.. အာဏာအခွင့်မရှိဘူး..။ တန်းတူညီမျှရမယ်.။
ငွေရှိသူကုမ်ပဏီပိုင်ရှင်က… ၀န်ထမ်းတွေကို.. အော်ငေါက်ဆဲဆိုခွင့်မရှိဘူး.. တန်းတူညီမျှရမယ်..။
ဒါတွေအားလုံးကို.. အမြုတေဖြစ်စေတဲ့.. ဘာသာရေးလွဲမှားတဲ့.. အယူ..။
ဘုန်းတော်ကြီးတွေဟာ.. လူတွေနဲ့..အဆင့်အတန်းမခွဲ.. တန်းတူညီမျှစွာ.. ရှိရမယ်..။
ပိုပြီး မြင့်မြတ်နေတာ မရှိသင့်ဘူး..။ နိမ့်ကျနေတာ မရှိရဘူး..။ လူတွေဟာ.. စင်မြင့်ပေါ်က..ဘုန်းကြီးပြောဟောသမျှ..စင်အောက်က လူတွေက.. စောကတတက်ခွင့်မရှိ.. အမှန်လက်ခံရပြီး.. ပြန်မပြော… နားမထောင်.. မရှိသင့်ဘူး……။
… ထိုက်သင့်တဲ့.. (အပြန်အလှန်လေးစားသမှု)အပြန်အလှန်လေးစားသမှုနဲ့သာ. ဆက်ဆံသင့်ကြတယ်..။
ပုဂ္ဂိုလ်ရေး.. ကိုးကွယ်တာ မရှိသင့်ဘူး..။
အဲလိုရေးတော့.. သဘောပေါက်လွဲမှာစိုးပါတယ်..။
အပြန်အလှန်လေးစားသမှု မှာ.. နှိမ်ချတာမပါ..။ မြှင့်တင်တာမပါ..။ နှိပ်ကွပ်ရမယ်ဆိုတာ.. မပါ..ပါ။
အပြန်အလှန်လေးစားသမှု ပါ..။
mutual respect! respect! mutual respect! respect!
သင့်ကိုယ်ထဲတွင်.. မြင့်မြတ်သောသူတဦး ရှိသည်…။
သူ့ကို..မနှိမ့်ချပါနှင့်.. မနိမ့်ကျပါစေနှင့်
Was this answer helpful?
LikeDislikeဟော … ပြောရင်းဆိုရင်း ဘယ်ရောက်ကုန်ပါလိမ့်
အမှိုက်ပွ စည်းကမ်းမရှိတာကနေ လူမျိုးစရိုက်
လူမျိုးစရိုက်ကနေ ဘာသာရေး
ဘာသာရေးကနေ တန်းတူညီမျှမှု့
ဒို့သူကြီးက ဆွဲစိတာတော်သားပဲ ..
မပဒုမ္မာရေ
ဒီပိုစ့်ကိုဖတ်သွားပါတယ်။
ဒီတခေါက်တော့ သူကြီးမင်းနဲ့ အချိန်ယူပြီးရှင်းဦးမှလို့စိတ်ကူးမိတာနဲ့
ဒီကွန်မင့်လေးနဲ့ စရန်သတ်ထားပါတယ်ဗျာ။
ညလောက်မှ ပြန်ဝင်ပါဦးမယ်။
Was this answer helpful?
LikeDislikeဟီး..
ဒီတလော.. အယ်လ်အေမှာဘုန်းကြီးကျောင်းတွေ..တပါးတကျောင်းနဲ့.. အုပ်စုတွေကွဲ.. ကျောင်းတွေကျ.. တိုးသထက်တိုးလာသလောက်.. ကွန်မြူနတီစင်တာတခုတောင်မှ.. ဖန်ရေ့စ်လုပ်မရဖြစ်နေတာနဲ့.. ဆက်စပ်ပြီး.. မိတ်ဆွေတချို့နဲ့..ဆွေးနွေးဖြစ်နေလို့ပါ…။
ကြည့်ရတာ.. မြန်မာဘုန်းတော်ကြီးတွေ..(၀ိနည်းဘေးချိပ်ပြီး) ငွေကြေးစီမံခန့်ခွဲတဲ့.. ဘွဲ့တွေ..ပညာတွေ.. သင်ကြားတာကိုပါ.. တွဲထားဖို့.. မဟနက.. ဦးစီးလုပ်ရမယ်လို့ထင်တယ်..။
အဲဒါလေး…အရှိန်နည်းနည်းဝင်သွားတယ် မှတ်ပါခင်ဗျ…။
Was this answer helpful?
LikeDislikeအင် ဘာပြောမှန်းမသိရအောင်မူးနောက်သွားပီ။ဆရာမရဲ့ ပို့ စ်ဖတ်ပြီးလို့ သူကြီးကွန်မန့် နဲ့ ဦးပါလေရာကွန်မန့် ကိုဖတ်၊
ပြီးတော့ သူကြီးရည်ညွန်းစားလေးဖတ်မိတာ ချာချာလည်သွားပါတယ် ဟရို့ ။Awareness ကသာအဓိကပါလို့ မြင်မိပါ
တယ် မမပဒုမ္မာရေ။
Was this answer helpful?
LikeDislikeရင်ပြင်တရားပွဲကတော့ တကယ်ကို စည်းကမ်းရှိပါတယ်။
အခမ်းအနား စီစဉ်သူတွေက တကယ်တော်ကြပါတယ်။
အပေါက်ဝ အ၀င်မှာလည်း စေတနာ ရှေ့ထား ကူညီပေးနေတဲ့ လူငယ်တွေကလည်း တော်တော် ချီးကျူးဖို့ကောင်းပါတယ်။ အသုံးအနှုန်းက အစ ချိုသာပြီးတော့ ရှက်လို့ အားနာလို့ မရခဲ့တာမျိုး မရှိရလေအောင်ကို စေတနာ ရှေ့ထား ရေသန့်၊ မုန့်၊ ဆေး၊ ဖိနပ် ထည့်တဲ့ ကျွတ်ကျွတ်အိတ်က အစ ဝေပေးနေကြပါတယ်။ အသွားအပြန် အခမဲ့ ကားစီစဉ်ပေးပြီး ကြိုပို့ လုပ်နေတဲ့ လူတွေကလည်း တော်တော် စေတနာ ကောင်းပါတယ်။ လူကျန်ခဲ့မှာ စိုးလို့ လမ်းကို တပတ်ပြီး တပတ် လော်နဲ့ အော်ပြီး စုရပ်မှာ စောင့်ဖို့ နိုးဆော် နေတာလည်း တကယ့်ကို စေတနာ အရင်းခံပြီး လုပ်နေကြတာပါပဲ။
တရားပွဲထဲမှာ လူပေါင်း ၁သိန်းခွဲ အထက် မှာ ရှိနေပေမဲ့ တရားထိုင်စေပြီး မေတ္တာဘာဝနာ အစပြုပြီး တရားမှတ်ခိုင်းတာလည်း တော်တော် ကောင်းပါတယ်။
တကယ်ကို ပီတိ ဖြစ်ခဲ့ရတဲ့ တရားပွဲပါပဲ။
ဘာပဲဖြစ်ဖြစ်.. သာသနာ ထွန်းကားတဲ့ ဒီတိုင်းပြည်မှာ လူဖြစ်ရတာ သဘောကျတယ်။ ဂုဏ်ယူတယ်။
Was this answer helpful?
LikeDislikeကျွန်တော်တို့ ရပ်ကွက် နားက ဈေးတန်းဆိုရင် အမြဲ ရေတစိုစို နဲ့ ညစ်ပတ် နေတာမို့ ဈေးသွားဖို့ .. ဖိနပ် တောင် သပ်သပ်ထားရတာပါ။ သားစိမ်း၊ငါးစိမ်းတန်း တို့ ပန်းတန်း တို့ဆိုတော့ ရေ နဲ့ဘယ်ကင်းပါ့မလဲ နော့။ ဈေးရယ်လို့ သာဖြစ်လာတာ၊ ဆိုင်ခန်း သာဖြစ်လာတာ ဈေးမှာက ရေစီးဖို့ မြောင်းက ပါမလာခဲ့တော့ ဒီလိုဖြစ်တာပေါ့။ နေပြည်တော် က သပြေကုန်း ဈေးရောက်တာ .စိတ်ထဲ ကျေနပ်လိုက်တာ ဈေးမှာ သန့်လို့။ ကျွန်တော် တို့နားက ဈေးနဲ့ ယှဉ်ရင်ပေါ့လေ။ သားစိမ်း ငါးစိမ်း တန်းလဲ သန့်နေတာပဲ။ စီးရမယ့် ရေက သူ့ဘာသာသူမြောင်းထဲကနေ စီးတယ်။ အဲဒီတော့ ဈေးလျှောက်လမ်းသန့်အောင်မြောင်းဖောက်မယ် ဆိုပါစို့ ဟိုကို တင်ရ ဒီကိုတင်ရ နဲ့ ထူးပါဘူး ဒီအတိုင်းလဲဖြစ်နေတာပဲ လေ ဆိုတာဖြစ်သွားရော။ စံနစ် က လူကိုလွှမ်းမိုး သလို စံနစ်ဆိုတာ လူက လုပ်ထားတာမို့ …. ပျက်အစဉ်ပြင်ခဏ ပါလို့ ဘာကြောင့်ပျက်တယ် ဆိုတာထက် ဘယ်လို ပြင်ကြမလဲ ဆိုတာလေး …
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeကျောင်းတက်တုန်းက ချစ်ကြောက်ရိုသေရတဲ့ ဆရာမကြီးတစ်ယောက် ရှိခဲ့တယ်။
ချစ်ကြောက်ရိုသေ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် စဉ်းစားကြည့်လိုက်ကြပါဦး။
စာသင်ကောင်းလို့ ချစ်တယ်။
သူသင်တာကို ကောင်းကောင်း နားမထောင်ရင်၊ စာမလုပ်ရင် အပြစ်ပေးလို့ ကြောက်တယ်။
တပည့်တွေကို မျက်နှာကြီးငယ် မလိုက်လို့ ရိုသေလေးစားတယ်။
အဲဒီတော့…….
သူ့ကိုချစ်တော့ သူ့ပြောစကားကို နားထောင်တယ်။
သူသင်တဲ့စာကို ကြိုးစားဖတ်တယ်။
သူ့ဘာသာကို ဂုဏ်ထူးထွက်ခဲ့တယ်။
အဲဒါကြောင့် လူအများကို စိတ်ဓာတ်၊ အသိပညာ၊ ပြောင်းလဲတိုးတက်စေချင်ရင်
soft power နဲ့မှပဲ ရမယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeထောက်ခံတယ်လို့ တစ်ကြောင်းတည်းပြောရင် တိုတယ်ဆိုပြီး ပြောချင်ပြော
ကိုယ့်သဘောထားကိုလည်း လူများတွေ သိစေချင်လို့ တစ်ကြောင်း တစ်ပိုဒ် တစ်လုံး တစ်စု ၀င်ပြောလိုက်ပါတယ်ဗျ
Was this answer helpful?
LikeDislikePlease let me use some words from my post,ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉)ဆီသို့
အခု ပွင့်လင်းလာတဲ့ကာလ တစ်နိုင်ငံလုံးက စိတ်ဝင်စားကြတာက အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သွေး ဒေါ်အောင်ဆန်းစုကြည်ပါ။ ပြည်သူလူထုရဲ့ ရင်ထဲမှာ၊ နှလုံးသားထဲမှာ အဖ ဗိုလ်ချုပ်အောင်ဆန်း ရှိနေကြောင်းသက်သေပါ။
ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “ စိတ်ဓါတ် ” ပါ။
ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ပြန်လည်ထုတ်ဝေသင့်ပါပြီ။
ပိတ်ထားခဲ့၊ ပိတ်ထားဆဲ အာဇာနည်ဗိမ္မာန် ကိုလည်း အများပြည်သူအတွက် ပြန်ဖွင့်ပေးသင့်ပါပြီ။
Thanks you.
Tomorrow I will post one more about this.
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeကိုစွယ်တော်ရွက်ရဲ့ ပို့ စ်လဲစောင့်ဖတ်ပေါ့မယ်ဗျား။
Was this answer helpful?
LikeDislikeအစ်မ ပဒုမ္မာရေ
တရားပွဲ က စီစဉ်သူတွေနဲ့ လုပ်အားပေးတွေရဲ့ စိတ်ဓာတ်လေးတွေ ကျွန်မလဲ ဝမ်းမြောက်စွာ ဂုဏ်ယူပါတယ်။
သာဓု လဲ ခေါ်ပါတယ်။
အဲဒီ စိတ်ဓာတ် အကျင့် လေးတွေ တစ်ခြားတွေ ကိုလဲ ကူးဆက် သွားမယ် လို့ ယုံကြည်ပါတယ်။
တကယ်တော့ ကျွန်မတို့ မြန်မာတွေ မညံ့ပါဘူး။ ဆင်ခြင်တုံ တရား ရှိကြပါတယ်။
ဒါကို အသိစိတ် မဝင်နိုင်ကြလို့ပါ။
အစ်မ ပြောသလို ဒါကို ဖြစ်အောင် ပံ့ပိုးနိုင်ရင် သူများတွေ ထက် ပိုပြီး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒီလို မျှဝေတာလေး အတွက် ကျေးဇူးပါဘဲ အစ်မရေ။
လက်မ အမြင့်ကြီး ထောင်ခဲ့ပါသည်။
သူကြီး ရှင့်
kai says: ဆရာမစာကို သေသေချာချာ (ရှေးစွန်းစွဲအမြင်လေးပြောင်းပြီး) ဖတ်ကြည့်ပါနော..
ဒီအကြောင်းကို ဆွေးနွေးမဲ့ ကျွန်မသည် -
ပိုဖြစ်နိုင်ရင်..(မြန်မာတယောက်အနေနဲ့မဟုတ်ပဲ) တခြားနိုင်ငံခြားသားတယောက်အနေနဲ့.. နှလုံးသွင်းဖတ်ကြည့်ပါ..
~~~~~
ဘာကို ဆိုလိုချင်တာလဲ သိပ်မရှင်းတာမို့
(၁) ဂျူးရဲ့ အကြီးအကျယ် အပုတ်ချခံရသော အမှတ်တရ ကို အလွန်နှစ်ခြိုက်သူ
(၂) အိမ်နီးချင်း ခြံထဲ မှာ ဗုဒ္ဓရုပ်ထု ကို မြေပေါ်မှာ အလှချ ထားတာကို ပြဿနာလို့ မထင်သူ
(၃) ပြည်တွင်း/ပြည်ပ ရဟန်းများ နိုင်ငံရေးတွင် ပါဝင်နေမှုကိစ္စ ကို ဘဝင် မကျသူ
လို့ ပထမ ပြောချင်ပါတယ်။
အခု သူကြီး ညွန်းဆို ခဲ့တဲ့
###
လူတွေဟာ.. စင်မြင့်ပေါ်က..ဘုန်းကြီးပြောဟောသမျှ..စင်အောက်က လူတွေက.. စောကတတက်ခွင့်မရှိ.. အမှန်လက်ခံရပြီး.. ပြန်မပြော… နားမထောင်.. မရှိသင့်ဘူး။
###
ဒီအပိုဒ် ကလဲ အိုကေ ပါတယ်။
ဒါပေမဲ့
###
ဒါတွေအားလုံးကို.. အမြုတေဖြစ်စေတဲ့.. ဘာသာရေးလွဲမှားတဲ့.. အယူ..။
ဘုန်းတော်ကြီးတွေဟာ.. လူတွေနဲ့..အဆင့်အတန်းမခွဲ.. တန်းတူညီမျှစွာ.. ရှိရမယ်..။
ပိုပြီး မြင့်မြတ်နေတာ မရှိသင့်ဘူး..။ နိမ့်ကျနေတာ မရှိရဘူး..။
###
ဒါကို တော့ အမြင် မတူတာမို့ ဝင်ဆွေးနွေးပါမယ်။
ဘုန်းတော်ကြီးတွေတိုင်းတော့ မတူပါဘူး။
ဒါပေမဲ့ လောကီရေးရာ လူ့ဘုံထဲမှာ မြင့်မြတ်အောင် ကျင့်ကြံ နေတဲ့ အတွက် သာမာန်လူပုဂ္ဂိုလ် တွေ ရဲ့ စိတ်ထက် ပိုမိုမြင့်မြတ် တဲ့ ရဟန်းတော် တွေ အများကြီးပါဘဲ။
သူတို့ဟာ လူတွေ နဲ့ ရုပ်ခန္တာ ဖွဲ့စည်း တိုးတက်ပုံ တူပေမဲ့ စိတ်ပိုင်း ဆိုင်ရာမှာ သန့်ရှင်းစင်ကြယ် နေလို့ သာမာန်လူပုဂ္ဂိုလ် တွေ နှိုင်းမရအောင် သာပါတယ်။
ပြဿနာ က ရဟန်း အမည်ခံ သူတွေဟာ ရဟန်း အလုပ်လုပ် နေတာက အသင့်တော် ဆုံးပါ။
ဒီလို လူအလုပ်၊ ရဟန်းအလုပ် ကွဲနေရမှ လဲ သာမာန်လူပုဂ္ဂိုလ် တွေ နဲ့ စိတ်နေစိတ်ထား ပိုင်းမှာ ကွဲမယ်။
သာမာန်လူပုဂ္ဂိုလ် တွေ နဲ့ ရုပ်ခန္တာ မှာ အဆင့်ခွဲ မရပေမဲ့ စိတ်ပိုင်း ဆိုင်ရာတော့ အဆင့်ခွဲလို့ရပါတယ် သူကြီးရှင့်။
လူတွေ က ရဟန်းတွေကို ပူဇော်တာဟာလဲ မိမိတို့ ထက်ပိုမိုသန့်စင် မြင့်မြတ်သော စိတ်ပိုင်း ဆိုင်ရာ နဲ့ အကျင့်အကြံ ကို ပူဇော်တာဖြစ်ရပါမယ်။
ပူဇော် လဲ ပူဇော်သင့်ပါတယ်။
သို့သော် မြန်မာပြည် မှာသာမက ပြည်ပ မှာလဲ အချို့အချို့ သော ရဟန်းများ ရဲ့ ပြုမူဆောင်ရွက် နေပုံ များကြောင့် သူကြီး ကဲ့သို့ အစွန်းရောက်ဝါဒီ များ ရဲ့ ဝေဖန် ခြင်းကို ခံနေရခြင်းပါ။
ဒီတော့ တကဲ့ အကျင့်မှန် ရှိသော ရဟန်းများပါ စက်ကွင်း မလွတ် ဖြစ်ကုန်ပါ၏။
လူပုဂ္ဂိုလ်များတွင်လဲ အများသူငါ မထားနိုင်တဲ့ မြင့်မြတ်သော၊ ကိုယ်ချင်းစာ အနစ်နာခံသော စိတ်ဓာတ်ကို ကိုးကွယ်တာဟာဖြင့် အဲဒီလူရဲ့ အကျင့်စရိုက်ပါ ကိုယ့်ဆီ ဓာတ်ကူးစေပါတယ်။
ဒီတော့ လူ့အသိုင်းအဝိုင်း ကိုပိုမို ကောင်းမွန်စေလို့ မဖြစ်သင့်ဘူး လို့ ပြောလို့မရပါဘူး။
ကိုယ်မကိုးကွယ်ချင်ရင် နေနိုင်ပါတယ်။
ဒီအပိုင်း မှာ တစ်ခု မေးကြည့် ချင်ပါတယ်။
သူကြီး ရဲ့ အယူအဆ က လူ့အဖွဲ့အစည်းတွေ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် (Evolution) ကို ညွန်းဖွဲ့ နေတာ များလားလို့ တွေးမိလိုက်လို့ပါ။
ပြောရရင်ဖြင့် မြန်မာပြည်မှာ Freedom, democracy အဆင့် အတွက်ကိုတောင် တိုက်ပွဲ ဝင်နေဆဲ အခြေအနေပါ။
ဒါထက် တစ်ဆင့် တိုး မဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ခြင်း မှာ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး မနွယ် ဘဲ သီးသန့် ဖြစ်လာဖို့ ကတော့ ဖြေးဖြေးပေါ့။
အခုတော့ ဒီလောက်နဲ့ ရပ်ပါပြီ ဒီးယား သူကြီးရှင့်။
Was this answer helpful?
LikeDislikeအရီးလတ်ရေ..
တပည့်တော်ကတော့..
- ဘာသာရပ်ဆိုင်ရာပရိုဖက်ရှင်နယ်များနဲ့.. ပရိုဖက်ရှင်နယ်အလုပ်ရယ်..။
- ဗုဒ္ဓဘာသာဟာ.. ဆုတောင်းကိုးကွယ်ရာဘာသာမဟုတ်ဖူး.. ဆိုတာရယ်..။
အဲဒါကို ကိုင်စွဲပြောတာပါ…
ဆိုတော့….
ရဟန်းများဟာ.. ဗုဒ္ဓအဆုံးအမနဲ့. ဓမ္မတွေကို လူတွေနားလည်အောင် “တဆင့်”ပြန်ရှင်းပြရတဲ့.. အလုပ်နဲ့.. သာသနာကို တည်တန့်ပြန့်ပွားအောင် စောင့်ရှောက်ရတဲ့အလုပ်ကိုသာ ဦးစားပေးလုပ်သင့်တယ်..။
အလှူပစ္စည်း(ငွေကြေး၊ အဆောက်အဦး)တွေ ကိုင်တွယ်စီမံထိန်းကျောင်းတာ.. ပရိုဖက်ရှင်နယ်အဆင့်နားလည်တာမဟုတ်လို့.. (ထဲထဲဝင်ဝင်-ဦးဆောင်သူအနေနဲ့) ၀င်မပါသင့်ဘူး…။
သမိုင်းရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေး မှာ.. ကျွမ်းကျင်သူ ပရိုမဟုတ်လို့..(ထဲထဲဝင်ဝင်-ဦးဆောင်သူအနေနဲ့) ၀င်မပါသင့်ဘူး…။
လူထုကို ထိန်းကျောင်းအုပ်ချုပ်တာ.. ဥပဒေနဲ့..စည်းကမ်းစံနစ်တကျဖြစ်စေတာ.. ဥပဒေသက်ရောက်စေတာတွေဟာ.. ရဟန်းတွေအရာမဟုတ်လို့.. ကျွမ်းကျင်သူ ပရိုမဟုတ်လို့..(ထဲထဲဝင်ဝင်-ဦးဆောင်သူအနေနဲ့) ၀င်မပါသင့်ဘူး…။
ထဲထဲဝင်ဝင်… ၀င်ပါနေတော့…
ရဟန်းကို ကိုးကွယ်သူတွေဟာ.. ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကနေ… ပုဂ္ဂိုလ်ပြောသမျှ.. မျက်စိမှိတ်ယုံတဲ့.. လက်ခံလိုက်နာဆောင်ရွက်ကြတဲ့အစွန်းရောက်စိတ်ဖက်ပြောင်းသွားပြီး.. နှလုံးသွင်းလိုက်ကြလို့ဖြစ်ပါတယ်..။
ဒါဟာ.. တိုင်းပြည်ထူထောင်တာနဲ့.. လူနေမှုဘ၀တွေဆင့်ကဲဖြစ်ထွန်းမှုမှာ အန္တရာယ်ဖြစ်စေတာပါ…။
အခုခေတ်ရဟန်းတွေ.. စင်မြင့်ပေါ်မှာထိုင်ပြီး ..အပြန်အလှန်ဆွေးနွေးတာ(ဒီဘိတ်)မဟုတ်ပဲ.. တဖက်သတ်… ဘာတွေဟောပြောကြသလည်း.. ဘာတွေလက်ခံရယူကြသလည်း.. ဘာတွေဆင့်ကဲဖြစ်လာသလည်း.. ဆိုင်ရာပရောဖက်ရှင်နယ်တွေ .. ဘယ်နေရာရောက်ကုန်သလည်း.. သိသာမြင်သာကြည့်နိုင်ပါတယ်..။
အခုပဲကြည့်…
- ဆူးမမတယောက်.. သမိုင်းပါမောက္ခရေးထားတာထက်.. ဆရာတော်ပြောတာကို ပိုလက်ခံပြီး..“ဘာပဲဖြစ်ဖြစ်”လုပ်နေတယ်မဟုတ်လား..
- တရားပွဲလာသူတွေဟာ.. ဆရာတော်ကြီးတွေရှေ့မှာကျ.. “လက်တွေ့ဘ၀မှာတကယ်လုပ်နေကြတာထက်”. လွန်ကဲလုပ်ပြနေတယ်မဟုတ်လား…
- မဟနဟာ.. လူထုကြီးကိုအုပ်ချုပ်တာ..ဥပဒေပြုတာ..ထိမ်းသိမ်းတာ.. ပရိုမဟုတ်ပဲဝင်လုပ်တော့.. “သာသနာ့ဂုဏ်သိက္ခာ”ထိခိုက်ကုန်တယ်မဟုတ်လား..
တကယ်တော့…
ပရိုဟာ..ဆိုင်ရာပရိုဖက်ရှင်နယ်အလုပ်ကိုပဲလုပ်သင့်.. စွက်ဖက်ဝင်ပါသင့်ပါတယ်…
အင်္ဂလန်၊ အမေရိကဘာကြောင့်အောင်မြင်သလည်း…?
ပရိုတွေဟာ.. ပရိုအလုပ်ကိုပဲ.. လုပ်ကြပြီး.. ပရိုမဟုတ်သူတွေဟာ.. သူတို့ဒီနယ်ပယ်မှာပရိုမဟုတ်ကြောင်း.. သိကြလို့ပါပဲ..။ သိပြီးနေရာဖယ်ပေးကြလို့ပဲ..။
==
လူ့အဖွဲ့အစည်းတွေ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် (Evolution)မှာ.. မြန်မာပြည်ဟာ.. လွန်ခဲ့တဲ့..ရာစုနှစ်တွေထဲ.. ကျန်ရစ်ခဲ့တယ်..။
ရှေးရိုးထုံးတမ်းအစဉ်အလာတွေကို. ခေတ်နဲ့လိုက်မညှိပဲ.. ဖက်တွယ်ထားတဲ့.. ရှေးစွန်းစွဲမှာပေါ့..။
ကွန်ဆာဗေးတစ်ကကောင်းတာတွေရှိပေမဲ့.. လက်ယာစွန်းရောက်နေသူများလွန်းရင်.. မကောင်းဘူး..
ပျက်စီးယိုယွင်းစေတယ်..။
ဖြည်းဖြည်းမရတော့ဘူး..အရီးလတ်ရေ…
ပျက်ဆီးသွားပြီးဖြစ်နေတဲ့.. ပစ္စည်းတခုကို.. တစစီဖြုတ်ပြီး.. ခွဲခြမ်းစိတ်ဖြာကြည့်ရင်.. မူရင်းအပြစ်အမြုတေက.. ဘယ်မှာ.. သွားအဆုံးသတ်နေတာလည်း ရှာလို့ရပါတယ်..။
Reverse engineering ပေါ့…
Was this answer helpful?
LikeDislikeရုပ်ဝတ္ထု စိတ်ပိုင်းခံစားမှု နှစ်ခု အမှီသဟဲပြုနေတယ်။ အတိတ်ကံ ဖယ်လိုက်ရင် အဲဒီနှစ်ခု စပ်ဆက်လို့ ဖြစ်လာတဲ့အဟုန် momentum ထိန်းသွားနိုင်တဲ့ လူ့အဖွဲ့အစည်း၊ လူတဦးချင်း ရှေ့ဆက်တာပဲ (positive အကောင်း၊ negative အဆိုး)။ ကျောင်းကောင်းလို့ လူချမ်းသာ လူတော်များတက်၊ သူတို့ကြောင့် ကျောင်းပိုကောင်း၊ ဒါနဲ့ပဲ လူတော်ပိုများ…။ ကျန်တဲ့ကျောင်းတွေက လူတော် လူချမ်းသာ မရလို့ကျန်ခဲ့၊ ကျန်ခဲ့လို လူတော်များမလာ။ ဒါနဲ့ပဲ လုံးချာလည်တယ်။ တချိန်မှာ အမြင့်ဆုံးသမား အရှိန်ကုန်တော့ပြုတ်ကျ၊ နောက်လူက သူ့နေရာဝင်ယူရင်ယူတယ်။ တခါတရံလည်း ဘယ်သူမှ အခွင့်မရဘဲ overhaul ဖြစ်သွားတယ်။ အသစ်ပြန်စ စံချိန်စံညွှန်း သတ်မှတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဖောက်ထွက်နိုင်သလဲ…ခေတ်ကတောင်းဆိုလာတဲ့အခါ ဖြစ်လေ့ရှိတာ သမိုင်းမှာတွေ့နိုင်တယ်။ တရားသဘောနဲ့ဆိုရင်တော့ ဖြစ်ပြီးပျက်တက်၊ တက်ပြီးကျ..ကျပြီးပြန်တက်တယ်။။။ ပုံသေမရှိပါ…။ သဂျီးလို မျက်တောင်မွှေးတဆုံး မကြည့်မိဖို့လိုတယ်။ သံသရာမပြောနဲ့ ကမ္ဘာ့သမိုင်းကိုပဲပြန်ကြည့် နှစ်ပေါင်းရာထောင်ချီတဲ့ အင်ပါယာကြီးတွေ တပုံကြီး..။ ကြောင်းကျိုးတိုက်ဆိုင်တဲ့အခါ ဖြစ်ပျက်ရတယ်။ ဖြစ်ပုံပျက်ပုံတွေကလည်း အမျိုးမျို….အတော်များတဲ့ခေတ်မှာဆို အတော်ဆုံးသမား ဗိုလ်ဖြစ်တယ်။ အညံ့များတဲ့ခေတ်မှာဆို မညံ့ဆုံးသူ အကောင်ဖြစ်တယ်။ ပုံသေမတည်၊ နှိုင်းရသဘောသာရှိ၏….။ အပျက်သဘော ပြောခြင်းမဟုတ်..သိထားရင် စွတ်တင်စွတ်တွန်း မဖြစ်ပါ။ ဘင်လာဒင် ဘာကြောင့်အစွန်းရောက်လည်း…ဒီသဘောကို နားမလည်လို့…။ သူမှ မဟုတ်ပါဘူး ထင်သာအောင်ပြောတာ၊ ကူမြူနစ်လက်ဝဲသမားလည်း ဒီလိုပဲ။ နိုင်ငံရေး ဘာသာရေး အစွန်းရောက်သမား အကြမ်းဖက်သမားတွေဆိုတာ သူဖြစ်ရင် ငါလည်းဖြစ်တယ်၊ ငါမဖြစ်တာ သူကြောင့်၊ ငါဖြစ်ဖို့ သူပျက်ရမယ်ဆိုတဲ့ တယူသန်စိတ်ကြောင့်ဖြစ်တာ…။ အစွန်းတဖက် ရောက်တာကို ပြောပါတယ်။ အခြားတဖက်စွန်းမှာလည်း ဘာမှမကြံစည် အားမထုတ်ဘဲ တွေဝေမိန်းမောနေတာ ရှိတယ်။ အမှားနှစ်ခု အစွန်းနှစ်ခု ရှိတာသိထားရင် ဒါမှဒါ မဖြစ်တော့ဘူးပေါ့..။ နို့မိုရင် ကိုယ်မှန်သူမှား ဖြစ်နေမယ်။ ကိုယ်မှားသူမှား သိမှ အမှန်ကိုနီးစပ်တယ်။
ဒီမယ်ရာမ…. ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဗိုလ်ချုပ်ကြီးနဲ့ အမျိုးတော်ရဒယ်ကွ ဟား ဟား ဟား ဟား…
Was this answer helpful?
LikeDislikeကိုင်း… ဂလိုဆိုတော့ ဂလိုလေးမြင်ကြည့်ရအောင်
ဘာသာရေးကြောင့်မို့ လူတွေ(မြန်မာတွေ) စည်းကမ်းရှိကြတယ်လို့ အနှစ်ချုပ်ပြောရမှာပေါ့နော်
ဒီတော့..
သာသနာ့ဦးဆောင် ဆရာတော်များက ဒို့မြန်မာတွေကို စည်းကမ်းကောင်းမွန်လာအောင် ဦးဆောင်ဦးရွက်ပြုပြီး မလှုပ်ရှားသင့်ပေဘူးလား? နိုင်ငံရေးမှာ ၀င်ရောက်ဟောပြောနေတယ်ဆိုတာ ကောင်းသောလုပ်ဆောင်ခြင်းလို့မြင်ပါတယ်။ သို့သော်လည်း ကိုယ့်လူမျိုးတွေ စည်းကမ်းမရှိကြလို့ နိုင်ငံမတိုးတက်ခြင်း အကြောင်းအရာတစ်ခုဆိုတာလည်း နားလည်ဖို့လိုပါတယ်။ ဆိုကြပါစို့.. မြန်မာနိုင်ငံက အရေးအခင်းတွေ (ဒီအကြောင်းပဲ ပြန်ပြန်ရောက်သွားတယ်)၊ စည်းကမ်းကျနစွာနဲ့ သေသေချာချာသာ လုပ်ခဲ့မယ်ဆိုရင် ဟိုးအရင်ကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီ မရနိုင်ပေဘူးလား? ရေမြောင်းတွေ ပိတ်ဆို့နေတာ လူတွေက စည်းမရှိ အမှိုက်ပြစ်ကြ၊ ကားမှတ်တိုင်တွေမှာထားပေးတဲ့ အမှိုက်ပုံးတွေကို ဖြုတ်ခိုးကြ၊ ထိုင်ခုံတွေကို ချိုး၊ ကားပေါ်က ထိုင်ခုံတွေ၊ အိမ်သာနံရံတွေ၊ အထင်ကရသစ်ပင်တွေ၊ အခန်းနံရံတွေ၊ ခုံတွေပေါ်မှာ စာတွေရေးနေကြတာ ဘယ်သူတွေကများ ပြင်းပြင်းထန်ထန် ရှူံ့ချပြောဆိုကြပါသလဲ?
အဲလိုအဖြစ်အပျက်တွေကို ဘာသာရေးခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ပြောဆို လမ်းညွှန်ပြသင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ စံနစ်ကြောင့်မဟုတ်ပါဘူး၊ လူတွေကိုယ်နှိုက်ကကို ကိုယ်ပိုင်စိတ်မရှိကြလို့သာ ဖြစ်ကြောင်းပါ။
အမြင်မတူရင်တော့ နီနိုင်ပါတယ်။ အကြောင်းပြချက်တွေလဲ ပေးသင့်ပါတယ်ဆိုတဲ့အကြောင်း.. အများနဲ့တစ်ယောက် ငြင်းခုံကြည့်လိုက်ပါကြောင်း….
Was this answer helpful?
LikeDislikeသည်မှာ ဆွေးနွေးကြတာအားလုံးစိတ်ပါလက်ပါ၊အရမ်းကိုကြေနပ်မိပါတယ်ခင်ဗျား။
ဗီဇစိတ်လို့ပြောပြော၊Awareness ၊လို့ပဲဆိုဆို ၊စံနစ်ကြောင့်လို့ယူယူ၊ တစ်ခုမှမလွဲဘူးလို့ကျနော်မြင်ပါတယ် ။ အရေးကြီးဆုံးကအဲသည်သုံးခုလုံးပေါင်းစည်းပါဝင်တဲ့ တာဝန်ကိုသိတဲ့ဗီဇစိတ် အရေးကြီးတယ် ထင်ပါ တယ်။
မွေးကတည်းက သူ့အရွယ်အလိုက် တာဝန်တွေဆိုတာဘာ၊ဘယ်လိုလိုက်နာနေထိုင်ရတယ်ဆိုတာ အရွယ် လိုက် နားလည်စေတဲ့လေ့ကျင့်ပျိုးထောင်မှုစံနစ် အဲဒါနဲ့ အရောင်တင်ရပါမယ်။အသားသေအောင် ထုဆစ် ရပါမယ်၊တစ်ကယ်တော့ကျနော်တို့နိုင်ငံဟာ အဆက်ဆက်ပြန်ကြည့်ရင်၊အာဏာထိခိုက်ဘို့ကိစ္စ မလွတ် လပ် တာကလွဲပြီး၊ကျန်တာအရပ်ထဲပြောချင်ရာ ပြော၊နေချင်သလိုနေနိုင်ခဲ့တဲ့၊စည်းကမ်းတွေကို လိုရင်လိုသလို၊မလိုရင်မလိုသလိုပြောင်းလဲနိုင်တဲ့၊ ပျက်စီး ဘို့ရာဘာအထောက်အပံ့မှ မရှိခင်ကတည်းက ပျက်စီးနေတဲ့ အကျင့်စရိုက်အတွက် အင်မတန်လွတ် လပ်သော တိုင်းပြည်ဆိုမမှားပါဘူး။ သည်တော့၊
စံနစ်ကလည်းမပါမဖြစ်အရေးပါလာပြန်တာပါပဲ။ဒါ့ကြောင့်အားလုံးဆွေးနွေးတာကောင်းပါသည်လို့။
အားလုံးကိုလေးစားလျှက်။
Was this answer helpful?
LikeDislikeကျွန်မလည်း မအားလို့ ကိုယ်ရေးတဲ့စာ ကိုယ်ဦးဆောင်ဆွေးနွေးပေးဖို့ ပျက်ကွက်သွားတာ အားလုံးကို တောင်းပန်ပါတယ်။
ဝင်ဆွေးနွေးပေးတဲ့ သူကြီး(အမြင်မတူပေမယ့် လေးစားပါတယ်)ကိုရှုံး(သူ့ခမျာတော့ နာကျည်းချက်နဲ့ကိုး)
ကျွန်မကိုယ်စား ဦးဆောင်ဆွေးနွေးပေးတဲ့ မလတ်၊ဗိုလ်အောင်ဒင်ကြောင်ကြီး၊
အားဖြည့်ပေးတဲ့ မမ၊ဆူး၊ကိုသန်းထွဋ်ဦး၊ဘကြီး၊လုင်၊စွယ်တော်၊ကင်း၊
ပြန်လာမယ်ပုံပြောသွားတဲ့ ဦးပါ။
ဖွအုံးမှ နဲ့ ပြန်ပြောသွားတဲ့ ကိုထူးဆန်း တို့အားလုံး ကျေးဇူးပါ။
ဒီနေရာမှာ ကျွန်မပေးတဲ့ ဥပမာနေရာက တရားပွဲဆိုတော့ သူကြီးက ဘာသာရေးတွေနဲ့ ရောပြီး
အိပ်ချင်မူးတူး နှစ်လုံးပြူးမိုးပေါ်ထောင်ပစ်သွားတာပါ။
ကျွန်မ အဓိကပြောပြချင်တာက ဦးဆောင်စီမံသူက လေးစားလောက်ဖွယ် လိုက်နာချင်လောက်တဲ့ soft powerလေး သုံးသွားတာကိုပြောပြချင်တာပါ။
အဲဒီတရားပွဲ ပထမရက်မှာ (ကျန်ရက်တွေတော့ ကျွန်မက ဆရာတော်မကြွမီလေးမှ ကပ်ရောက်လို့ ပြောမပြော မသေချာတာကြောင့် မူရင်း စာထဲမထည့်လိုက်တာပါ)
တရားပွဲ နှိုးဆော်သူက ဒီ အစီအစဉ်ကို skynet ရုပ်သံကနေ Live လွှင့်ပါမယ်၊တပြည်လုံးက လူတွေ ကြည့်နေပါတယ်။တစ်ကမ္ဘာလုံးကလည်း ကြည့်နေမှာ ဖြစ်တဲ့အတွက် တိုင်းတပါးသားတွေအမြင်မှာ မြန်မာပြည်ကလူတွေ စည်းကမ်းရှိတာမြင်စေချင်ပါတယ်ဆိုတဲ့ စကားလေးထည့်ပြောသွားပါတယ်။ဒီလိုနေရာမှာ နောင်တစ်ခါ တရားထိုင်ဖြစ်ဖို့ဆိုတာ ရတောင့်ရခဲအခွင့်အရေးပါ လို့လည်း တိုက်တွန်းပါတယ်။
အဲဒီ စကားလေးတွေကလည်း သိန်းချီတဲ့ လူအုပ်ကို ထိန်းသွားတဲ့ တွန်းအားလေးတွေပါ။
သူကြီးပြောသလို
တရားပွဲလာသူတွေဟာ.. ဆရာတော်ကြီးတွေရှေ့မှာကျ.. “လက်တွေ့ဘ၀မှာတကယ်လုပ်နေကြတာထက်”. လွန်ကဲလုပ်ပြနေတယ်မဟုတ်လား။
အဲဒီလို မဟုတ်ပါဘူး။
ဟုတ်ရင်တောင်မှ ခဏလေးကောင်းရင်လည်း လုံးဝမကောင်းတာထက် မသာဘူးလား၊
ဒီကနေ ကောင်းတဲ့ အမူအကျင့်လေးတွေ ဆက်ကျင့်သုံးသွားရင် မကောင်းပေဘူးလား။
အခြား စည်းကမ်းရှိဖို့ စကားလေးတစ်ခွန်းနဲ့ လူအုပ်ကို ထိန်းသွားတဲ့ဥပမာက လူတိုင်းသိပြီးမို့ မရေးပြချင်တာပါ။ ဒေါ်စုထွက်လာတဲ့နေ့က နောက်ကလူတွေမြင်ရဖို့ ရှေ့က လူတွေ ထိုင်မပေးနိုင်ကြဘူးလား အမေးနဲ့တင် လူတွေ ကိုထိန်းသွားတာ awarenessသွင်းပေးသွားတာပါ။
Was this answer helpful?
LikeDislike