အိပ်ချင်ပြေ
|1478- Hits|(ဟိုင်းဝေးလမ်းမကြီးထက် မင်းလက်တွဲခေါ်ပြေးလွှား
အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး
ဝေးကြဖို့တော့ သတ္တိမရှိပါ တို့မဝေးဘူး
အတူဆိုပျော်မယ်သိတယ် အားလုံးအဝေးပြေးချင်တယ်)
ဟေးဟေး။ ဟုတ်တော့ ဟုတ်နေပြီ ကျောင်းဒကာ ရယ်။ နည်းနည်းတော့ သည်းခံပြီး ဖတ်ပေးဗျာ။
အပေါ်က စာသားတွေ ပါဝင်တဲ့ သီချင်းလေးက မင်းရဲ့သူရဲကောင်း ဆိုတဲ့ စီးရီးနဲ့ အောင်မြင်တဲ့ အဆိုတော်ဘ၀ကို
နေ့ခြင်းညခြင်းရောက်သွားခဲ့တဲ့ ဆရာဝန်အဆိုတော်လေး တေးရေးတေးဆို ဒေါက်တာဆောင်းဦးလှိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အဲဒီအခွေက အစပြုလို့ ဂီတလောကမှာ ဒေါက်တာဆောင်းဦးလှိုင် စိုက်ထူခဲ့တဲ့ ဂီတ မှတ်တိုင်တွေကို လည်း အစပြန်ဖေါ်ပေးလိုက်ဦးမယ်ဗျာ။
ခရီးသွားငါးယောက် ဆိုတဲ့ အဖွဲ့လေးဖွဲ့ပြီး ထုတ်ခဲ့တဲ့ စီးရီးကလည်း အောင်မြင်ခဲ့ပါတယ်။ နောက် စည်သူလွင်၊ အဲလက်စ် တို့နဲ့ သုံးယောက်ပေါင်းပြီး 19:18 ဆိုတဲ့ စီးရီးတွေကလည်း အတွဲလိုက် ပေါက်ခဲ့သေးတဲ့ တေးရေး တေးဆိုတစ်ယောက်ပါ။
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလည်းပွင့်နေပြီကွာ
အချိန်စက်ဝိုင်များက ကုစားမစွမ်းနိုင်ပါ အလွမ်းရယ်မပြေဘူးကျောင်းသားဘ၀… ငါတို့ကျောင်းသားဘဝ
အဘဖေါ တွေ့ဆုံပွဲတုန်းက ကျွန်တော် မရှက်မကြောက် ဟစ်ခဲ့သေးတဲ့ သီချင်းလေးပါ ကျောင်းဒကာ။ ဒေါက်တာ ဆောင်းဦးလှိုင် ကိုယ်တိုင်ရေးဆိုခဲ့တဲ့ သီချင်းလေးပေါ့။ နိုဇိုမိ ဆိုတဲ့ လူကြီး မှတ်မိဦးမှာပါ။ အဲဒီသီချင်း ကျွန်တော်ဆိုတော့ အဘဖေါက ကျောင်းထဲမှာ စိန်ပန်းပင်ရှိတာ မတွေ့မိပါဘူးတဲ့။ ဘယ်နားမှာ ရှိတာလဲတဲ့။ ကျွန်တော်ကလည်း ကျောင်းထဲကို မကြာခဏရောက်နေတဲ့လူ ဖြစ်ပေမယ့် စိန်ပန်းပင် ဘယ်နားရှိမှန်း မသိတော့ မဖြေနိုင်ခဲ့ပါဘူး။ အခုတော့ စိန်ပန်းပင် တစ်ချို့ကို အဓိပတိလမ်းမကြီးရဲ့ဘေးမှာ တွေ့ထားပါပြီ။ စိန်ပန်းတွေ ပွင့်တဲ့အခါ အဘဖေါကို ဓါတ်ပုံရိုက်ပြီး တင်ပေးဦးမယ်လို့ ဒီနေရာကနေ အဘဖေါ ကို သတိတရနဲ့ ပြောခွင့်ပြုပါဗျာ။ အဓိကပြောချင်တာက အခုမှ စမှာဗျ။
အဲဒီ ဆရာဝန်အဆိုတော် ဆောင်းဦးလှိုင် ရဲ့ အလှူ ဒါန သတင်းလေးပါ။ (မနေ့က ထွက်တဲ့ ပေါ်ပြူလာ ထဲမှာ ပါခဲ့တာပေါ့)
ဖေဖေါ်ဝါရီ ၁၇ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆောင်းဦးလှိုင်ရဲ့ “နှလုံးသားတွေလှူမယ့်ည” ဖျော်ဖြေပွဲမှ ပရိသတ်တွေ ချီးမြှင့်တဲ့ နှလုံးသား အနုပညာကြေးများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့သို့ ပြန်လည်လှူဒါန်းပွဲကို ဖေဖေါ်ဝါရီ ၂၂ ရက် နေ့ခင်း ၂ နာရီက မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ပြုလုပ်ခဲ့ပါတယ်။
ဆောင်းဦးလှိုင်က သူ့အလှူနဲ့ ပတ်သက်လို့ ဒီလိုပြောခဲ့ပါတယ်တဲ့။
အဲဒီနေ့က အလှူငွေရော၊ ကျွန်တော့်အနုပညာကြေးရော ပေါင်းရင် ၁၂၆ သိန်း ရရှိခဲ့ပါတယ်။ ဒီငွေကို ကျွန်တော့်ရဲ့ ကတိစကားအတိုင်း ၃ ပုံ ပုံပါမယ်။ ၃ ပုံ ပုံပြီး ကျွန်တော်လေးစားရတဲ့ ပုဂ္ဂိုလ်များကို လှူဒါန်းမှာပါ။ ဘာကြောင့် နာရေးကူညီမှုအသင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများကိုပဲ လှူတာလဲ ဆိုပြီး မေးကြပါတယ်။ တခြားလူအများသွား လှူတဲ့ နေရာမှာ ကျွန်တော် မလှူပါဘူးလို့ ရဲရဲဝင့်ဝင့် ပြောခဲ့ပါတယ်။ အဲဒီတော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်နေတဲ့ နေရာတွေမှာ ကျွန်တော်က လှူတာပါ။ တစ်ပုံကို MRTV-4 လူမှုရေးလှူဒါန်းမှုများအတွက် ၄၂ သိန်း လှူဒါန်းဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် MRTV-4 အနေနဲ့ သူတို့အတွက် ရည်ရွယ်တဲ့ ငွေကျပ် ၄၂ သိန်းကို တခြားလိုအပ်ချက်ရှိသူများထံ လှူဒါန်းဖို့အတွက် ကျွန်တော့်ကို ဆန္ဒပြုခဲ့ပါတယ်။
ဆိုတော့ အလှူရှင် ဆောင်းဦးလှိုင် အတွက် ကျွန်တော်တို့ ရွာသူရွာသားတွေ သာဓု ခေါ်ကြရအောင်ပါ။
သာဓုသာဓုသာဓုပါ ဒေါက်တာ ဆောင်းဦးလှိုင်ခင်ဗျား။
တစ်ဆက်တည်း ကျွန်တော်တို့ ရွာသူရွာသားတွေ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ့် ကိုကျော်သူ ကြီးတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အလှူ ကိစ္စလေး တစ်ခုကိုလည်း ပြောချင်ပါသေးတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဖေဖေါ်ဝါရီ ၂၃ မှာ ကချင်ပြည်နယ်ကိုသွားပြီး စစ်ဘေးသင့်တိုင်းရင်းသားများ အတွက် အလှူငွေများလှူဖို့နဲ့ စိတ်ဓါတ်ခွန်အားသွားရောက်မြှင့်တင်ပေးကြမှာ ဖြစ်တဲ့ အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း ကချင်စစ်ဘေးသင့်တိုင်းရင်းသားများအတွက် ကျပ်သိန်းတစ်ရာ ပါဝင်လှူဒါန်းခဲ့ပါတယ်တဲ့။ အလှူငွေကိုတော့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ခံရယူပေးခဲ့ပါတယ်တဲ့။ ဒီလိုလှူဒါန်းလိုက်တာနဲ့ ပတ်သက်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဒေါက်တာ မြင့်မြင့်ခင်ဖေ ရဲ့ စကားလေးက ဒီလိုပါဗျာ။
ကျွန်မတို့ ဒီ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေကို လှူလိုက်တဲ့ အလှူငွေနဲ့ အတူ ဒီတိုင်းသူပြည်သား အားလုံးရဲ့ မေတ္တာတွေ၊ စေတနာတွေ၊ ဒီစစ်ပွဲကြီးကို ပြီးဆုံးစေချင်တဲ့ ဆန္ဒတွေ အကုန်လုံး ပါသွားတယ် ဆိုတာ ပြောချင်ပါတယ်
ကဲ ကျွန်တော်တို့ ရွာသူရွာသားတွေကလည်း ဒေါက်တာ ကျော်သူ နဲ့ ဒေါက်တာ မြင့်မြင့်ခင်ဖေ တို့ အပါအ၀င် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို သာဓု ခေါ်ကြရအောင်ပါ။
သာဓု သာဓု သာဓု ပါ ဒေါက်တာကျော်သူရေ။
သာဓု သာဓု သာဓု ပါ ဒေါက်တာ မြင့်မြင့်ခင်ဖေရေ။
သာဓု သာဓု သာဓု ပါ နာရေးကူညီမှုအသင်း (ရန်ကုန်) ခင်ဗျား။
ငါတော့ မေ့လို့ မရနိုင်ဘူး … မင်းသိလား ငါတော့မေ့လို့ မရနိုင်ဘူး … မင်းသိလား
အေးချမ်းမေကြီးဆိုတုန်းက ဘလက်တစ်ယောက် လွှတ်ကြိုက်ခဲ့တဲ့ သီချင်းလေးပေါ့။ ခဗျာ စန်း နည်းရှာတယ်။ ဒီသီချင်းက သိတ်မပေါက်ခဲ့ဘူး။ ဟော ဆရာဝန် အဆိုတော် ဒေါက်တာ ဖြူဖြူကျော်သိန်းက စီးတီးအက်ဖ်အမ်ပွဲမှာ ဒီသီချင်းကိုပဲ ဟာမိုနီအဖွဲ့တွေ အုံနဲ့ကျင်းနဲ့ အပီတက်ဟဲလိုက်တော့ ဒီသီချင်းလေးက တစ်တိုင်းပြည်လုံး ပေါက်ထွက်သွားပါရောလား။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ ဘလက်ကတော့ ဖြူဖြူကျော်သိန်း ရဲ့ အဲဒီသီချင်းဆိုဟန်ကို အကြိုက်သိတ်တွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ထားပါတော့ ပြောချင်တာ အဲဒါမဟုတ်ပါဘူး။
အဲဒီဆရာဝန် အဆိုတော် ဒေါက်တာ ဖြူဖြူကျော်သိန်း ဟာ ဖေဖေါ်ဝါရီ ၂၁ ရက်က မန္တလေးမြို့ မန္တလေး ဟိုတယ် မှာ အရိုးပွ ရောဂါအကြောင်း ဟောပြောခဲ့ပါသတဲ့ဗျာ။ ဟောရင်းပြောရင်း သီချင်းတွေကိုလည်း ဆိုပြခဲ့ပါသတဲ့။ မျက်နှာဖုံးကြီးစွတ်ပြီး အတောင်ပံတွေပေါက်လို့ ငါတော့ မေ့လို့မရနိုင်ဘူး ဆိုတဲ့ သီချင်းလည်း ဆိုကောင်းဆိုမယ် ထင်ပါရဲ့။ ပွဲနဲ့ ပတ်သက်လို့ ဒေါက်တာဖြူဖြူကျော်သိန်းရဲ့ စကားလေးကိုလည်း ဖတ်ကြည့်ပါဦး ကျောင်းဒကာ။
အစ်မရဲ့ ဆရာ၊ ဆရာမကြီးတွေ ပြောသလိုမျိုး ကျန်းမာရေးဝေါဟာရ စာလုံးတွေ အဓိက ပြောသွားတာမျိုးတော့ မဟုတ်ဘူး။ ဆရာတစ်ယောက်လို ပြောတာမျိုးမဟုတ်ပဲ လူတန်းစားပေါင်းစုံ နားလည်နိုင်တဲ့ စကားလုံးလေးတွေနဲ့ သူတို့ အဓိက သိရမယ့် အချက်အလက်ကလေးတွေကိုပဲ ပျော်စရာလေးတွေ၊ ရယ်စရာလေးတွေနဲ့ တွဲပြီး ပြောပြခဲ့တယ်
ကိုပေါက်ကြီးတို့ မယ်ပုခ်ျ တို့တောင် သွားနားထောင်ဖြစ်ကြသေးလား မေးကြည့်ရဦးမယ်ဗျ။ မယ်ပုခ်ျ သာနားထောင်ဖြစ်ရင် ပို့စ်တစ်ခု ဖြစ်ဦးမယ်ဗျို့။
တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲကလေး ကျင်းပနေပါတယ်
သူများလို အားကျမိတယ် အချစ်ကလေးရယ်…
တိမ်ပြာမပြာတော့ မသေချာဘူးဗျာ။ တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်တဲ့ သတင်းလေး တစ်ပုဒ်အကြောင်းပြောချင်လို့ပါ မိတ်ဆွေ။
အာဒံရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားနဲ့ အကယ်ဒမီဆုကြီးဆွတ်ခူးသွားတဲ့ ပြည်တော်ချစ်မင်းသား ပြေတည်ဦး ကတော် အိန္ဒြာကျော်ဇင်တစ်ယောက် သမီးလေး မွေးတဲ့ သတင်း မိတ်ဆွေတို့ ကြားပြီးဖြစ်မှာပါ။ နာမည်တောင်ပေးထားပြီးပါပြီတဲ့ဗျာ။ ပြေသုန္ဒြာ လို့ ပြောကြတာပါပဲ။ အဲဒီ ပြေတည်ဦး ရဲ့ မိန်းမ၊ ပြေသုန္ဒြာရဲ့ အမေ
အိန္ဒြာကျော်ဇင် ရဲ့ ၀မ်းကွဲမောင်တော်စပ်ပြီး ဗိုလ်ဇေယျ ရဲ့ မြေးတော်စပ်သူ မောင်သက်နိုင်အောင် ဇေယျ နဲ့ မသဇင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖေါ်ဝါရီ ၁၉၊ နံနက် ၉ နာရီမှာ ဆီဒိုးနားဟော်တယ်မှာ ပြုလုပ်သွားခဲ့ပါတယ်တဲ့။ မောင်သက်နိုင်အောင် ဇေယျ နဲ့ မသဇင် တို့ အိုအောင်မင်းအောင် ပေါင်းရပါစေ လို့ ဆုတောင်းပေးကြတာပေါ့ ကျောင်းဒကာ။ ဘာမဆိုင်ညာမဆိုင် စိုးပိုင်ကြီး ဆိုခဲ့တဲ့ အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ သီချင်းတောင် ညည်းလိုက်မိသေး။ ဟေးဟေး။ ဘုရားစူးပါဗျာ။ ကျွန်တော်နဲ့ သဇင် ဘာမှ မဘာခဲ့တာ ကျိန်ဆိုကျိန်ရဲပါတယ်။ မယုံရင် ကျွန်တော့်မိန်းမမေးကြည့်။ အလဂါး နောက်ထှာ။
“ မင်္ဂလာဆောင်ရအောင် အချစ်ရယ် ကိုယ့် ဘ၀နွေ အေးချမ်းချင်လွန်းလှပြီ “
ဒီလူကြီး ဒီအရွယ်ကြီးကျမှဆိုပြီး အထင်မလွဲပါနဲ့ ကျောင်းဒကာ။
မြန်မာစတီရီယို သမိုင်းမှာ အထင်ကရပုဂ္ဂိုလ်ကျော်ကြီး ဖြစ်ခဲ့တဲ့ မင်းမင်းလတ် ရဲ့ သား အနဂ္ဂ (သူကိုယ်တိုင်ကလည်း ခေသူမဟုတ်ဘူးနော် မြန်မာပြည်မှာ ဟစ်ဟော့ဂီတရဲ့ အထင်ကရအက်ဆစ် အဖွဲ့ဝင် ဟင်းဟင်း ဘာမှတ်နေလဲ) နဲ့ ဒီနေ့ဒီအချိန်အထိ သန်တုန်းမြန်တုန်း ဆိုလို့ကောင်းနေတုန်း စတီရီယိုမိခင် အဆိုတော်ကြီး ဒေါ်နွဲ့ယဉ်ဝင်းရဲ့ သမီး သံသာဝင်း (သူလေးကလည်း ရှင်ဘုရင်လေး ဆိုတဲ့ ပေါက်သီချင်းကို ဆိုခဲ့တဲ့လူ ဘာမှတ်နေလဲ)တို့ကလည်း မင်္ဂလာပွဲက နီးပါပြီလို့ ဆိုလာပါတယ်တဲ့ ခင်ဗျာ။ မကြာခင် လာမည် မင်္ဂလာအစီအစဉ် ပေါ့ခင်ဗျာ။ အက်ဆစ်သီချင်းလေးတောင် သတိရမိသေးဗျာ။ အဆင်ပြေရင်လည်း လိုက်ဆိုကြည့်ပေါ့ ကျောင်းဒကာရယ်။
အနဂ္ဂ တစ်ခုသာဖြစ် သံသာဝင်း ရမှာက အပြစ်
သံသာဝင်း တစ်ခုသာဖြစ် အနဂ္ဂ ရမှာက အပြစ်
အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းလေးဝယ် သူနဲ့လည်းတွေ့လို့ ချစ်ကြိုးသွယ်
မှတ်မိမှာပါ မိတ်ဆွေ။ ပိုလာဘာလီ သီချင်းလေးပါ။ ဒီသီချင်းနဲ့ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးဒေါ်ဖြူသီရဲ့ သမီး မို့မို့ တစ်ယောက် တတိယစီးရီးဖြစ်တဲ့ အိပ်မက်လေးထဲမှာ ဆိုတဲ့ စီးရီး အတွက် မိတ်ဆက်ပွဲကို ဆာကူရာတာဝါ အထပ် ၂၀ မှာ ပြုလုပ်ခဲ့ပါတယ်တဲ့။ ဒုတိယအခွေဖြစ်တဲ့ မျက်စိမှိတ်ချစ်နေမယ် ဆိုတဲ့ စီးရီးက ၂၀၀၂ ခုနှစ်ကထွက်ခဲ့တာဆိုတော့ ၁၀နှစ်နီးပါးကြာမှ တတိယအခွေထွက်ဖြစ်တဲ့ သဘောပေါ့ဗျာ။ သူလေးကလည်း ခေသူတစ်ယောက်တော့ မဟုတ်ဘူးဗျ။ ဒုတိယ စီးရီးမှာ သီချင်းကောင်းလေးတွေတော်တော် ပါခဲ့တာပါ။
မောင်နဲ့ကျမ သိတ်ချစ်မိနေတာ မောင့်ရဲ့မိဘများနဲ့ အသိုင်းအ၀ိုင်းများက သဘောမတူနိုင်ပါဘူး
ဆိုတဲ့ သီချင်းလေးကို ကျွန်တော် လွှတ်ကြိုက်မိခဲ့သေးတာပေါ့။ စိတ်မကောင်းစရာသတင်းလေးကတော့ လက်ရှိမှာ မို့မို့လေးဟာ အိမ်ထောင်ကျနေပြီဖြစ်ကြောင်းနဲ့ သားလေးတစ်ယောက် ရရှိနေပြီဖြစ်ပါကြောင်း။ ဘာတတ်နိုင်မှာလဲဗျာ။ တရားနဲ့ ဖြေပါ ကျောင်းဒကာ။ ယုံပါတယ် ကျောင်းဒကာရယ်။ ခင်ဗျားက မို့မို့ သီချင်းတွေကို လွှတ်ကြိုက်တဲ့ လူကြီးဆိုတာ။ ကိုင်းဗျာ အခုထွက်မယ့် အိပ်မက်လေးထဲမှာ စီးရီးကို မူရင်းအခွေ ၀ယ်နားထောင်ပြီး ခင်ဗျားက မို့မို့ ပရိသတ်စစ်စစ် တစ်ယောက်ဆိုတာ သက်သေ ပြလိုက်စမ်းပါ။ ခိုးကူးခွေ ၀ယ်နားထောင်ရင်တော့ မို့မို့က စိတ်ဆိုးမှာတဲ့ နော် ဒါဗျဲ။
ကြာသပတေးနဲ့ ရွှေတိဂုံ
ရုပ်ရှင်မင်းသားလေး ဟိန်းဝေယံတစ်ယောက် ကြာသပတေးနေ့ ညတိုင်း ရွှေတိဂုံစေတီတော်ကို မပျက်မကွက်သွားရောက်ဖူးမျှော်နေတဲ့ အကြောင်းလည်း ဖတ်ရပါတယ်ဗျာ။ ဟိန်းဝေယံကို ကြိုက်ကြတဲ့ ရွာထဲက အပျိုကြီးတွေ အပျိုလေးတွေအတွက်တော့ ဘုရားလည်း ဖူးရင်း ဟိန်းဝေယံလည်း ကြည့်ရင်း လုပ်လို့ရမယ့် သတင်းကောင်းလေး ပါခင်ဗျာ။ ၀ီရိယလေး နည်းနည်းထည့်ကြဗျ။ ဖူးစာဆိုတာ ပြောလို့ရတာမျိုးမဟုတ်ဘူးရယ်။ ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ရအောင် ကြာသပတေးညတိုင်း ရွှေတိဂုံကို သွားကြပါဗျို့လို့ နှိုးဆော်လိုက်ပါတယ်ဗျာ။
ရွာတော်ရှင် ဖွားဆူးတစ်ယောက်ကတော့ ရွှေတိဂုံ သွားမယ် သွားမယ် ပြောတာ ခဏခဏ ကြားနေရတာပါပဲ။ ဘုရားဖူးဖို့ပဲ ဖြစ်မှာပါ ကျောင်းဒကာ။ သာဓုခေါ်ပါ ကျောင်းဒကာ။
နိုင်ဂံဂျားသွားကြမယ့် မင်းသမီးတွေ
နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံ လေးတစ်ယောက် ဧပြီလမှာ ဘန်ကောက်နဲ့ စင်္ကာပူ၊ ဇူလိုင်လမှာ ဥရောပငါးနိုင်ငံကို သွားရောက်ဖျော်ဖြေပေးဦးမှာပါတဲ့ ခင်ဗျာ။ သူတို့ကျတော့လည်း ခေါ်ချင်ကြတဲ့ လူတွေ များမှများ။ အားကျထှာ။
စန္ဒီမြင့်လွင် လေးကလည်း အမျိုးသမီး သီးသန့် ယဉ်လိုင်းမှာ အမျိုးသမီး သီးသန့် ယဉ်မောင်းတွေပါ ဖြစ်လာရင် ပိုကောင်းမယ်လို့ ဆိုလာပါတယ်ခင်ဗျာ။ သူလေးကလည်း ဘန်ကောက်ကို ရှော့ပင်း ထွက်ဖို့ တူဖြစ်တဲ့ မြတ်သောမောင် စာမေးပွဲ ပြီးတဲ့ အချိန်ကို စောင့်နေတာပါတဲ့။ စကားမစပ် စန္ဒီမြင့်လွင်လေးကို မေးချင်တာက ဘတ်စ်ကားရော စီးဘူးပါရဲ့လားလို့ ပါ။
သင်ဇာဝင့်ကျော် လေးကလည်း မတ်လထဲမှာ စင်္ကာပူကို ဈေးဝယ်ထွက်ဦးမယ့် သတင်းလေးလည်း ဖတ်ရပါတယ်ဗျာ။ ကမ်းခြေတွေရော၊ ကစားကွင်းတွေရော၊ စုံအောင်သွားမှာဖြစ်တဲ့အတွက် ၁၀ ရက်လောက်တော့ ကြာမှာဖြစ်ကြောင်း သင်ဇာဝင့်ကျော် လေးက ပြောပါတယ်တဲ့ ခင်ဗျာ။ အင်း ၁၀ ရက်ကြီးတောင် ခွဲရမယ်ဆိုတော့ … ခင်ဗျာ … အဲအဲ ဟုတ်သားဗျ။ ကျွန်တော်နဲ့လည်း ဘာမှ ဆိုင်တာမဟုတ်ပဲနဲ့ ။ ကောင်လေးက ဇွတ်။
မိန်းကလေး အသည်းကွဲ အဆိုတော်လို့ ပြောလို့ရတဲ့ တေးရေးတေးဆို L ဆိုင်းဇီ လေးကလည်း မတ်လထဲမှာ သြစတေးလျ ကို ဖျော်ဖြေရေးသွားဖို့ ရှိပါတယ်တဲ့။ သွားကြပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။
သူကြီး ဖတ်ဖို့ သတင်းတစ်ပုဒ်
မင်းသား အောင်ရဲလင်းကလည်း ဇာတ်ကားမရိုက်ခင် ကင်မရာကို ကန်တော့လေ့ ရှိပါတယ်တဲ့ခင်ဗျာ။
“အဓိကကတော့ ကင်မရာနဲ့ အလုပ် လုပ်နေရတာဆိုတော့ ကင်မရာစောင့်တဲ့ နတ်တွေ ရှိမှာပေါ့။ အဲဒါကို ကန်တော့တဲ့ သဘောပါ”
တဲ့။ သူ့ ယုံကြည်ရာနဲ့ သူပေါ့ သူကြီးရယ်။
မယ်ပုခ်ျ ဖတ်ဖို့ သတင်းတစ်ပုဒ်
ကိုပေါက်ကြီးတို့ မန္တလေးမှာ Miss Mandalar 2012 ရွေးချယ်ပွဲကြီး ကို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပပါမယ်တဲ့ဗျာ။ ပထမဆုက ကျပ်ငါးသိန်း၊ ဒုတိယဆုက ကျပ်နှစ်သိန်းခွဲ၊ တတိယဆုက ကျပ်တစ်သိန်း ချီးမြှင့်မယ့်အပြင် Title ဆု (၅) ဆုကိုလည်း ကျပ်ငါးသောင်းစီ ချီးမြှင့်ဦးမှာပါတဲ့။ ဟော်တယ်မန္တလေး Ballroom မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာပါတဲ့။
ပြီးခဲ့တဲ့ လ ကျွန်တော် မန္တလေးရောက်တုန်းက ကျွန်တော်တို့ရွာထဲက စာရေးသူ ပုခ်ျ ဆိုတဲ့ မိန်းကလေးကို တီချာကြီး TTNU ရဲ့အိမ်မှာ မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ အခုပြိုင်ပွဲကြီးကို ကျွန်တော်တို့ရွာသူ ပုခ်ျ သာ ၀င်ပြိုင်လိုက်ရင် သေချာပေါက် Miss Mandalar ဘွဲ့ကို ဆွတ်ခူးနိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ရပါတယ်။ တစ်ခုတော့လေ့လာထားပါ ဒေါ်ပုခ်ျ ခင်ဗျား။ အကဲဖြတ်ဒိုင်လူကြီးတွေက ဗိုလ်ချုပ်အောင်ဆန်း မိန်းမ နာမည်လေးများ မေးခဲ့ရင် ဖြေနိုင်အောင် လေ့လာထားဖို့ပါ။ အေးလေ မယ်ပုခ်ျက ခေသူမှမဟုတ်တာ၊ ဗိုလ်ချုပ်မိန်းမ နာမည်လေးတော့ သိမှာပါဗျာ။ ဟေးဟေး။ အလဂါး နောက်ထှာ။
နောက်သတင်းလေး တစ်ပုဒ်က ပရိသတ်ကို အစားအသောက်ပျက်စေခဲ့တဲ့ သရုပ်ဆောင် မင်းအုပ်စိုး ရဲ့ အမှုတွေအကြောင်း ပါခင်ဗျာ။
မင်းအုပ်စိုးအား လမ်းဘေး အမှိုက်ပုံအား မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ ၀တ္တရားနှောက်ယှက်မှုနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ဖြင့် ဗဟန်းရဲစခန်းမှ စစ်ဆေးနေစဉ် ၄င်း၏ခြံဝန်းအတွင်း လိုင်စင်မဲ့ယဉ်များအား လက်ဝယ်ထားရှိကြောင်း တွေ့ရှိရသည့်အတွက် ယခင်အမှုများအပြင် သွင်းကုန်ထုတ်ကုန်အက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သတင်းဖြစ်စဉ်အရ သက်ဆိုင်ရာမှ လွန်ခဲ့သော နှစ်များက ပြစ်မှုကျူးလွန်ခဲ့မှုများနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀ ကျော်ဖြင့် အမှုဖွင့်အရေးယူခံနေရပြီး တရားမမှု အသွားအလာရင်ဆိုင်ဖြေရှင်းနေစဉ် ယခုကဲ့သို့ ပြစ်မှု ထပ်မံ ဖြစ်သွားခဲ့ကြောင်း သိရသည်။
ဒါကတော့ အားလုံးသိကြပြီးဖြစ်ခဲ့တဲ့ မင်းအုပ်စိုး ၏ အကုသိုလ်များ သတင်းလေးပါဗျာ။
ကိုနိုဇိုးမိကြီး သတိထားဗျ။ ခင်ဗျားစီးနေတဲ့ ၀စ်သောက် မာစီဒီးကြီး လည်း သတိထားစီးဦးကိုယ့်လူ။ ကံမကောင်းရင် မင်းအုပ်စိုးလို ပုဆိုးမပါ ဘာမပါနဲ့ ရဲတွေကို ရန်တွေ့ရတဲ့ အပေါက်မျိုး ဖြစ်သွားနိုင်တယ်ဗျ။ ပြောသာပြောရတာပါ။ သိတ်တော့ စိတ်မပူပါဘူး။ ခင်ဗျားက လူကြီးသားပဲ။
မနေ့ကထွက်တဲ့ နံနက်ခင်းထဲက လူပြောများနေတဲ့ အချိုရည် သတင်းလေးလည်း ပြောပြချင်သေးတယ် ကျောင်းဒကာ။
အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အချိုရည် သတင်းဟာ ကောလာဟာလ သာဖြစ်ကြောင်း ကုမ္ပဏီဒုတိယဥက္ကဌ ရဲ့သား အဆိုတော် Ah Boy မှ ရှင်းလင်းပြောကြားခဲ့တဲ့ သတင်းလေးပါ။ Ah Boy ကိုမေးမြန်းရာမှာ ဒီလိုပြန်ဖြေခဲ့ပါသတဲ့ဗျာ။
“အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော်ကလည်း ရှင်းပြချင်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက facebook မှာ အဲဒီသတင်းတက်လာတယ်။ သာကေတမြို့နယ်မှာ ရှိတဲ့ အချိုရည်စက်ရုံမှာ အချိုရည်ထုတ်နေတုန်း ၀န်ထမ်းတစ်ယောက် စက်နဲ့ အက်စီးဒင့် ဖြစ်ပြီး လက်ပြတ်သွားတယ်။ အဲဒီအချိုရည်တွေ ဈေးကွက်မှာပျံ့နေတယ် စသည်ဖြင့် ရေးထားတာဖတ်ရတော့ ဟာသတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ အချိုရည်စက်ရုံတွေမှာ အချိုရည်တွေကို စက်နဲ့ပဲ ဖျော်ရတာပါ။ လက်နဲ့ ဖျော်တာမဟုတ်ပါဘူး။ ဒီတော့ကောလဟာလပဲ။ မကြာခင်ပျောက်သွားမှာပေါ့လို့ မေ့မေ့လျော့လျော့ပဲ နေလိုက်ပါတယ်။ အဲဒီအတွက်လည်း ဘာမှ မပြောဖြစ်ပါဘူး။ ဒါပေမယ့် ရက်ကြာလာတာနဲ့ အမျှ facebook သတင်းက ပိုပျံ့လာတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေက ဖုန်းဆက်မေးလာကြတယ်။ ပြောလာကြတယ်။ ဒါ့အပြင် အဲဒီ facebook မှာပဲ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဘူးသော ဘယ်ကမှန်းမသိ၊ မြန်မာဟုတ်ရဲ့လားတောင်မေးရမယ့် လူမမာပုံစံပေါက်နေတဲ့သူတစ်ယောက်ပုံ တက်လာပါတယ်။ ဒီတော့ အဲဒီ ဓါတ်ပုံကိုကြည့်ပြီး သောက်သုံးသူတွေပါ သံသယ ရှိလာကြတယ်။ အဲဒီအတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့စက်ရုံက ထုတ်လုပ်ဖျံ့ချိလျက်ရှိတဲ့ အချိုရည်ဟာ နိုင်ငံခြားအသိအမှတ်ပြု ISO လက်မှတ်ရအပြင် FDA က ထောက်ခံချက်လည်းရထားပါတယ်။ ဒါ့အပြင် စားသောက်ကုန်လုပ်ငန်းစက်ရုံတိုင်းဟာ ၀န်ထမ်းတွေကို ၆ လတစ်ကြိမ်၊ ကျန်းမာရေးစစ်ဆေးပါတယ်။ သွေးစစ်လို့ ဘီပိုး၊ စီပိုး ရှိသူတွေ့လာရင်တောင် လက်မခံတော့ပါဘူး။ အခြားရောဂါဆိုတာ မပြောပါနဲ့တော့။ ပြီးတော့ အချိုရည်ကန်ထဲ လူတစ်ယောက်ပြုတ်ကျဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ သက်တမ်းလည်း ကြာပါပြီ။ ဒီလိုမျိုးကိစ္စ တစ်ခါမှ မဖြစ်ဖူးသလို ကြားလည်း မကြားဖူးပါဘူး။ စက်ရုံမှာ ဘာအက်စီးဒင့်မှ လည်း မဖြစ်သလို facebook က ဓါတ်ပုံရှင်က ကျွန်တော်တို့ ၀န်ထမ်းလည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက်က လက်ဆော့ပြီးရေးလိုက်တာလား၊ လုပ်ကြံတဲ့ သတင်းလားတော့ မသိပါဘူး။ စားသုံးသူကြား ပျံ့နှံ့လာတာမို့ မဟုတ်တဲ့ အကြောင်း အချိုရည်ကို အရင်လိုပဲ ယုံကြည်စွာ သောက်သုံးနိုင်တဲ့ အကြောင်း၊ ဘယ်အချိုရည်ကိုမှလည်း ပြန်မသိမ်းပါကြောင်း တကယ်လည်း ဘာမှ မဖြစ်ခဲ့ကြောင်း နံနက်ခင်း ဂျာနယ်ထဲမှာ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်တဲ့ခင်ဗျာ။
ကောလာဟာလ သတင်းကို ကျွန်တော်တို့ရွာထဲမှာ တင်ပြခဲ့မိတဲ့ အတွက် မဟုတ်ကြောင်းဖြေရှင်းတဲ့ သတင်းကိုလည်း စိတ်ရှည်လက်ရှည် ပြန်ရိုက်ပြီး တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ကြေပြီပေါ့ Ah Boy ရေ။ ကဲ ပြောရတာမောလိုက်တာဗျာ။
မက်စ် အချိုရည်တစ်လုံးလောက်ဖေါက်ဗျာ၊ အေးအေးလေးလုပ်နော်။ ကျုပ်က အချိုရည်ဆို အေးမှ ကြိုက်တာရယ်။
နောက်သတင်းလေးတစ်ပုဒ်ကတော့ ချိုပေါ့ကျ (၂) ထဲမှာ ကျွန်တော် တင်ပြခဲ့တဲ့ ဒါရိုက်တာ ၀ိုင်း အကယ်ဒမီ မရခဲ့တဲ့ ကိစ္စခင်ဗျ။ ကဲ ပြောနေကြာပါတယ်ဗျာ။ ဖတ်ကြည့်လိုက်ရအောင်ပါ။
တပည့်ဖြစ်သူဝိုင်း ဒါရိုက်တာဆုနှင့် လွဲခဲ့ရသည့်အပေါ်
“အဲဒီအပေါ် ဖီလင်ရှိပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ အကယ်ဒမီမှာ များသောအားဖြင့် ဇာတ်ကားဆုရရင် ဒါရိုက်တာဆုရတာ များပါတယ်။ ခုတော့ ဇာတ်ကားဆုသာရပြီး ဒါရိုက်တာဆုလည်း မရတော့ စိတ်မကောင်းလည်း ဖြစ်မိတာပေါ့။ အကယ်ဒမီပွဲကို ၀ိုင်းမသွားဘူးဆိုပေမယ့် ကိုယ်စားပေးလို့လည်း ရတာပဲလေ။ ဒါပေမယ့် ဆုရသွားတာက ကိုမဲတို့ဖြစ်နေတော့ ကျွန်တော်တို့ထက် ၀ါကြီးတယ်။ လေးစားရတဲ့ ဒါရိုက်တာတွေဖြစ်နေတော့ ကျေနပ်ပါတယ်။ ကိုမဲတို့ရတာကို သဘောကျသလို ၀ိုင်းမရတာကိုလည်း စိတ်မကောင်းဖြစ်မိတယ်။ နောက်နှစ်တွေမှာလည်း သိပ်ကောင်းကောင်းကားတွေ မရှိလှဘူး။ သူ့ကားတွေပဲ ရှိသလို ဖြစ်နေတယ်။ သူက အချစ်နဲ့ ဒရာမာ ရိုက်တာကိုး။ ကျွန်တော်တို့လို ကောမစ်လိုင်းလည်း မသန်ဘူးလေ။ ခုလည်း ရုပ်ရှင်ဆိုလို့ သူပဲ ရိုက်နေတာလေ။ ကျွန်တော်တို့နဲ့ လက်တွဲစဉ်က ဆရာထက်လက်စောင်းထက်မယ့် တပည့်လို့တော့မမြင်မိပါဘူး။ သူက ၀ါသနာအရသရုပ်ဆောင်လုပ်တယ်။ ဇာတ်ညွှန်းရေးတယ်။ ဗီစီဒီဒါရိုက်တာလုပ်တယ်ဆိုပေမယ့် ဟိုကတည်းက ဇ ရှိတယ်။ ဘက်ပေါင်းစုံမှာ သူများနဲ့ မတူတဲ့ အမြင်အတွေးနဲ့ အိုင်ဒီယာ ရှိတယ်။ တွေ့တိုင်းလည်း စကားပြောဆင်ခြင်ဖို့ ပြောပါတယ်။ အဲဒီကြားထဲကပဲ ပြောနေတာ။ မီဒီယာကို ပြောသင့်တာပဲ ပြောပါ။ ရင်ထဲမှာ ရှိတဲ့အတိုင်း အိတ်သွန်ဖာမှောက်မပြောရဘူးလို့ အမြဲပြောခဲ့ပါတယ်”
လို့ ဒါရိုက်တာညီညီထွန်းလွင်က ပြောခဲ့ပါတယ်တဲ့ ခင်ဗျာ။
ဝိုင်း အကယ်ဒမီ မရခဲ့တာ ဘာဆန်းပါသလဲ။
ဘာမှ မဆန်းပါဘူး။
ဒါပေမယ့် ပုံမှန် ကိစ္စတစ်ခုမဟုတ်တဲ့အကြောင်း ဟိုက်လိုက်လုပ်ပြနေတာပါ မိတ်ဆွေ။
ကြီးကြီးကျယ်ကျယ် စကားလုံးတွေ နဲ့ ပြောရရင် မြန်မာ့ရုပ်ရှင် လောကတိုးတက်လာရေးအတွက် ပြင်ဆင်ရမယ့်အရာတွေထဲမှာ အဲဒီ အကယ်ဒမီ ဆုရွေးခြယ်ရေး ကိစ္စကြီးက နံပတ်တစ်လုပ်ရမယ့်ကိစ္စကြီးဆိုတာ သိကြစေချင်တာပါ။
ကဲ နည်းနည်း မေးပါရစေ မိတ်ဆွေ။
အကယ်ဒမီ ဆုရွေးခြယ်ရေးအဖွဲ့မှာ ဘယ်သူတွေပါသလဲ။ ဘယ်နှစ်ယောက်ပါသလဲ။ ဘယ်လိုမူတွေနဲ့ ရွေးခြယ်နေသလဲ။
ကျော်ဟိန်းကြီးသီချင်းအော်ဆိုပြီး နံနက်ခင်းကို ကန့်လန့်ကာ ချပါရစေဗျာ။
ချစ်တာသိလို့ မေးနေတာလား…
သိချင်သေးလို့ မေးနေတာလား…
မနေ့ကထွက်တဲ့ The First Music News ဂျာနယ်ထဲက ကတ္တီပါလမ်းခွဲ သတင်းလေး အကြောင်း ပြောပြချင်သေးတယ် ကျောင်းဒကာ။
လူရွှင်တော် ကျော်ထူးနဲ့ ကင်းကောင်တို့ဟာ သီးလေးသီး အဖွဲ့နဲ့ မတွဲတော့ဘူးလို့ စင်ပေါ်ကနေ တရားဝင် ကြေညာခဲ့ပါသတဲ့ဗျာ။
ကျွန်တော်တို့က သူတို့ကို ပံ့ပိုးပေးခဲ့တာပါ။ လမ်းခွဲတယ်လို့ သုံးလို့မရဘူး။ ကိုယ်တွေက ဆေးရောင်စုံရဲ့ ဧည့်သည်တွေ။ ကိုသူရ (ဇာဂနာ) ရဲ့ မျက်နှာနဲ့ အကူအညီပေးခဲ့ကြတာ။ သူတို့က ဆေးရောင်စုံဆိုတဲ့ အမည်နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ဆိုတော့ ပြက်လုံးကအစ သူတို့ကို ဦးစားပေးရတယ်။ ကလေးတွေကို ပရိသတ်ပိုပြီး အားပေးစေချင်တယ်။ ကျွန်တော်တို့က ဒီထက်ပိုပြီးအောင်မြင်ဖို့လည်း မလိုတော့ဘူး။ ကင်းကောင်၊ ကျော်ထူးဆို ကလေးကအစ ခွေးအဆုံးသိတယ်။ ဆက်ပြီး မတွဲဖြစ်တော့တဲ့ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ ၀မ်းစာ၊ သမ္ဘာ၊ ပညာအရ အနုပညာမာန ဆိုတာကလွဲရင် ငွေရေးကြေးရေးအပိုင်းမပါဘူး။ သည်းခံနိုင်တဲ့ ခွင့်လွှတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိတော့ ရှိတာပေါ့။ ကြာလာရင် အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်တော်လည်း တပည့်တွေ အများကြီး မွေးခဲ့ဘူးတာပဲ။ နည်းနည်းလေး အရောင်ထွက်လာ နာမည်လေးထွက်လာကြရင် ခြေရာတော့ တိုင်းချင်၊ ပခုံးချင်းတော့ ယှဉ်ကြတာပဲလေ။ ဒါက အနုပညာလောကရဲ့ သဘာဝလို ဖြစ်နေပြီ။ ဒီသဘောလေးတွေ နည်းနည်း သက်ရောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကိုကင်းနဲ့ ကျွန်တော်တိုင်ပင်ပြီး နယ်ပွဲတစ်ခုရဲ့ နောက်ဆုံးပွဲစဉ်မှာ ပရိသတ်ကိုကြေညာပြီး ရှောင်ထွက်လိုက်တာပါ
လို့ ကျော်ထူးက ဆိုပါတယ်တဲ့ ခင်ဗျာ။ ကျော်ထူးရဲ့ စကားလုံးတွေထဲမှာ လမ်းခွဲရခြင်းရဲ့ ပြသနာ တစ်ချို့ကို ခန့်မှန်းနိုင်ပါလိမ့်မယ် ကျောင်းဒကာ။ သင်ခန်းစာ ယူကြရအောင်ပါ။
ထူးထူးခြားခြားဗျာ။
Education is Always Preferable ဆိုတဲ့ ဆောင်ပုဒ်နဲ့ Education Digest ဆိုတဲ့ ဂျာနယ်တစ်စောင် တွေ့တာနဲ့ ၀ယ်ဖတ်မိတယ်ပေါ့ဗျာ။
ကျွန်တော်တို့ ရဲ့ မိတ်ဆွေကြီး ဒေါက်တာကျော်သူ တို့ ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က အကြောင်းအမျိုးမျိးကြောင့် ပညာသင်ယူဖို့ အခက်အခဲ ရှိသူများအတွက် ကူညီပေးသွားမယ် ဆိုတာလေး ဖတ်ရပါတယ်ဗျာ။ ပညာရေးအလှူနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတာလေးတွေကို အခုလို ဖတ်ရပါတယ် ကျောင်းဒကာ။
ပညာရေးနှင့် ပတ်သက်၍ကူညီထောက်ပံ့မှု ပေးနေသည်မှာ နှစ်နှစ်တိုင်ရှိခဲ့ပြီဖြစ်ပြီး သုခအလင်းစာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းများဖြစ်သော ကွန်ပျူတာ ဒီဇိုင်နာသင်တန်းများ၊ ဖိုတိုရှော့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေပြီး အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ရန်လွယ်ကူသော ဟိုတယ်နှင့် ခရီးသွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နောက်ဆုံးသင်တန်းတွင် သင်တန်းသားဦးရေ အယောက် ၂၀ ကို အခမဲ့ သင်ကြားပေးခဲ့ပြီး ၁၈ ဦးမှာ လုပ်ငန်းခွင်သို့ ၀င်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ နွေရာသီတွင် ကလေးများအတွက် အင်္ဂလိပ်စာအခမဲ့ သင်တန်းနှင့် ငယ်ရွယ်စဉ်တွင် အရေးကြီးသည့် အခြေခံစိတ်ဓါတ်ဖြစ်သော အကျင့်စာရိတ္တကောင်းစေရန် သင်ကြားပေးမည့် ယဉ်ကျေးလိမ္မာ သင်တန်းများကို ဆက်လက်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။ ဆေးကျောင်းတက်ရန် ငွေကြေးအခက်အခဲ ရှိနေသော ကျောင်းသူကျောင်းသားများအတွက် တစ်နှစ်လျှင် အယောက် ၃၀ ခန့်အား ထောက်ပံ့ ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးကျောင်းတက်ရန် အခက်အခဲ ကြုံနေရသော ကျောင်းသူကျောင်းသားများမှ အသင်းသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ကဲ… ခဏခဏ ခေါ်နေရတယ်ဆိုပြီး စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ ကျောင်းဒကာ ။ သာဓု ခေါ်ကြရအောင်ပါ။
အသံလေးထွက်ပြီး ပီပီသသ ရွတ်ပါ ကျောင်းဒကာ။
သာဓု သာဓု သာဓု ပါ ဗျို့။
ဒီဂျာနယ်ထဲမှာပဲ အကယ်ဒမီ ပြေတီဦး နဲ့ အင်တာဗျူးလေးတစ်ခုပါပါတယ်။ အမေးအဖြေလေးတစ်ခုကို နမူနာ ထုတ်ပြချင်ပါတယ် ကျောင်းဒကာ။
မေး။ ။ အခု မြန်မာပြည်ပညာရေးစံနစ်မှာ တက္ကသိုလ်ကို ၀ါသနာပါတာ တက်တာ ကောင်းလား။ ဒါမှမဟုတ် အမှတ်နဲ့ခွဲပြီး တက်ခိုင်းတာကောင်းလား။ ဘယ်လိုထင်လဲ သိချင်ပါတယ်။
ဖြေ။ ။ ၀ါသနာပါတဲ့ဟာကို တက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အမှတ်ကန့်သတ်ဖို့တော့လိုတယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုရင် အဆင်မြင့်ပညာရပ်တွေ (ဥပမာ – အင်ဂျင်နီယာ၊ ဆေးတို့) ဆို သာမန်လူတိုင်း လေ့လာဖို့ မလွယ်လောက်ဘူး။ ကျွန်တော့်အမြင်ပေါ့နော်။ ဒါကြောင့် ဒီစာတွေကို လေ့လာနိုင်မယ့် အရည်အချင်းတစ်ခုအတွက် အမှတ်ကန့်သတ်ချက်ရှိရမယ်။ ဒီလိုင်းတွေကို သွားချင်တဲ့လူတွေက ဒီအမှတ်ကိုတော့ ရအောင်ဖြေသင့်တယ်လို့ ထင်ပါတယ်။
စနေနေ့က ထုတ်ဝေခဲ့တဲ့ Voice ဂျာနယ်ဘက် ခဏလှည့်ရအောင်ပါ။
ကျွန်တော့်ဘက်က မလျှော့နိုင်ပါဘူး။ ဒါ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပါ။ မလျှော့နိုင်ပါဘူး။ တိုးကို တိုးပေးရပါမယ်။
သူရဦးရွှေမန်းရဲ့ ပြောစကားပါ ကျောင်းဒကာ။ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလား။
ဒီကိစ္စနဲ့ ပတ်သက်ပြီး
ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြရာတွင် ရင်းနှီးမြှုတ်နှံမှု ငွေလုံးငွေရင်းအသုံးစရိတ်များ လျှော့ချရန် လက်ရှိအချိန်တွင် မသင့်သေးပါကြောင်း၊ နိုင်ငံတော်အနေနှင့် ပြည်ပချေးငွေများအပေါ် ပေးဆပ်ရန် ကြွေးမြီ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၂၀၁၂-၁၃ ဘဏ္ဌာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်း ဘတ်ဂျက်လိုငွေ ကျပ် ၂၅၁၇. ၈၈၈ ဘီလီယံ ရှိကြောင်း၊ ယင်းကြောင့် နိုင်ငံဝန်ထမ်းများ လစာ၊ လုပ်ခများ လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးနောက် ၂၀၁၃-၁၄ ဘဏ္ဌာရေးနှစ်တွင် တိုးမြှင့်ပေးရေးဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကဲ … ဒီကိစ္စကို ကျွန်တော်တို့ ရွာသူရွာသားတွေ အနေနဲ့ ဆွေးနွေးကြစေချင်ပါတယ် ကျောင်းဒကာ။
ကျွန်တော်ကတော့ လစာတိုးပေးလိုက်ရုံနဲ့ သန့်ရှင်းသော ၀န်ထမ်းတွေနဲ့ သန့်ရှင်းသော ဆောင်ရွက်ချက်တွေဖြစ်လာပြီး သန့်ရှင်းသောအစိုးရ ဖြစ်လာမယ်ဆိုတာ လက်မခံနိုင်ပါဘူးခင်ဗျာ။ ပန်းရံအလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခနဲ့ သွားပြီး နှိုင်းယှဉ်ကြည့်လို့တော့ မသင့်တော်ဘူးထင်ပါတယ်။ ပန်းရံအလုပ်သမားတစ်ယောက်ဟာ မိုးလင်းကနေ မိုးချုပ်အထိ နေပူကြီးထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရရှာတာပါ။ နေ့တိုင်းလည်း အလုပ်လုပ်ခွင့် ရကြရှာတာမျိုး မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းတုန်းသာ လုပ်ခွင့်ရကြတဲ့ အလုပ်မျိုးတွေပါ။ ဘ၀အာမခံချက်ဆိုတာကလည်း နတ္တိပါ။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ရကြရှာတာ မဟုတ်ပါဘူး။ အစိုးရ ၀န်ထမ်းတစ်ယောက် ရတဲ့ ဘ၀အာမခံချက်မျိုး မရှိရှာကြတဲ့ ပန်းရံလုပ်သားတွေရဲ့ တစ်နေ့လုပ်ခနဲ့ ယှဉ်ထိုးပြီး လွှတ်တော်မှာ ၀န်ထမ်းတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာ ဟာ ဘယ်လောက်ဖြစ်သင့်ပါတယ်လို့ တောင်းဆိုတာမျိုးက ဖြစ်သင့်ပါသလား။ ကျွန်တော်က ဥာဏ်ရည်နိမ့်ပါတယ်ဗျာ။
ဆိုလိုတာကဗျာ။ ၀န်ထမ်းတွေလစာတိုးသင့်တယ်ဆိုတာကို တင်ပြတဲ့ နေရာမှာ ပန်းရံလုပ်သားတွေရဲ့ တစ်နေ့လုပ်ခလေးနဲ့ မနှိုင်းယှဉ်စေချင်တာပါ။ ခဗျာလေးတွေမှာ တစ်နေ့ ဘယ်လောက် တစ်လ ဘယ်လောက်ဆိုတာ မျိုး သေချာနေကြတာ မဟုတ်ပါဘူး။ နေရတာကလည်း ဆောက်လက်စ တိုက်တွေထဲမှာ ဖြစ်သလို နေကြရတာပါ။ စားရတာကရောတဲ့။ ဂုဏ်သိက္ခာကရောတဲ့။ ထားလိုက်ပါဗျာ။ အဲဒါတွေစဉ်းစားရမှာ ခင်ဗျားတို့ လူကြီးတွေ ကိစ္စပါ။ ကျွန်တော်ကတော့ Give and Take ဆိုတဲ့ စကားလုံးလေးကိုပဲ သတိရနေမိပါတယ်။ အပေးအယူ တဲ့။ ဟုတ်ပါတယ် ကျောင်းဒကာ။ ပေးပြီးမှ ယူကြရတာပါ။ မပေးခင်ကတည်းက ယူချင်နေပြီဆိုရင်…..။
ကဲပါဗျာ…ဆောင်းဦးလှိုင် သီချင်းလေးနဲ့ ဒီသတင်းကြီးကို နှုတ်ဆက်ပါရစေတော့ဗျာ။
ယူရုံယူတတ်ကြတဲ့ လောကထဲမှာ
ဘာမှ ပြန်မရတော့ မင်းငိုရမယ်
ပြီးပြီဗျို့ ဘိုင်းဘိုင်။
ကဲ ကိုစိန်သော့ဆီမှာ ဓါတ်ပုံလေး နှစ်ပုံ စာမေးပွဲ ဖြေလိုက်ပါတယ်ဗျာ။
Related posts:
- ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးတဲ့ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထုတ်မပေးတော့
- ခင်ဗျားကြီး
- တောင်ပြုန်းပွဲတော်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွားမှု လျော့ကျစေရေးအတွက် ကာကွယ်လုပ်ငန်းများ ဆောင်ရွက်
- အိပ်ချင်တယ် Z Z Z z z z z z z z
- ကြိုးတချောင်းတန်းပေါ်မှာ ဇိမ်ကျကျ အိပ်ချင်လား




အားပါး..
ဖတ်ဖတ်ကို မောတွားတာပဲ ကျောင်းဒကာရေ…
ကိုဆောင်းဦးလှိုင်တို့  ဦးကျော်သူတို့  ကူညီမှုအတွက် သာဓု ခေါ်ပါတယ်ဗျား..
ဟို အကိုကြီးလို မဖြစ်အောင် ၀သ်သောက်ကားတွေ ရှိရင် အမြန်ရှင်းသင့်ပါတယ် ကိုမှိုဇိုမိရေ..အင်းလေ အဖေကလူကြီး
ဘောဒါ ကိုချောကလဲ လူကြီးသားပဲဟာ ပြဿနာတော့မ ရှိပါဘူး
ဟိုကန်မလေးက ခေါ်မဲ့လူရှိတော့လဲ ပတ်ဆိုနေတာပေါ့နော်..ကောင်းပါလေ့..
ိဟိုကန်မလေးရဲ့ တူတောင်မောင်က ဒယ်ဒီနဲ့  ပြန်မအိုကေသေးတာ စိတ်မကောင်းဗျာ..
အင်းလေ..စိတ်မကောင်းဆို သူ့ ဒယ်ဒီကလဲ သိပ်သိပ်ဆိုးတာကလား..
ဟိုအမကြီးရဲ့ မောင်တော်က နိုးအဖွဲ့ က ဆရာမနဲ့  ယူပြီးပြီကိုး..အင်း..ဟို ဟစ်ဟော့ ဆရာလေး သံသာဝင်းနဲ့ 
စိတ်တူကိုယ်တူ နာရေးသာရေးတွေမှာ လှုပ်ရှားနေတာတွေ့ တွေ့ နေရလို့  သူရို့ နှစ်ဦး သဘောတူသဗျား..သာဓုပါ
ကျောင်းဒကာရေ..
ကျောင်းဒကာရဲ့ ဟင်းလေးအိုးပို့ စ်ကြီးက အင်မတိအင်မတန် ပြည့်စုံ၊များပြားလွန်းလို့  ဖတ်ရင်းဖတ်ရင်း ဖတ်ဖတ်မောသွားသလို
ဖတ်ဖတ်လဲ မူးတွားလို့  ခေတ္တနားခွင့်ပြုပါဦးဗျား..သာဓုပါဗျား..ကန်မလေးနဲ့  အိုကေပါစေနော့…
Was this answer helpful?
LikeDislikeသူလည်း ဗိုလ်ဆောင်း ပိတ်သတ်ကိုး …
ကောင်းလေစွ ….
ှဗိုလ်ဆောင်း အကြောင်း ပြောမယ်ဆိုရင် …ခုနှစ်နာမည်နဲ့ နှစ်စဉ် ထွက်ခဲ့တဲ့
အဆိုတော် အစုံပါဝင်တဲ့ ..၉၈လက်ဆောင် ၉၉လက်ဆောင် ၂၀၀၀လက်ဆောင် စတဲ့
အခွေတွေ အကြောင်းလေး အားဖြည့် လိုပါကြောင်း ….
ကိုဆောင်းရဲ့ ထိပ်ဆုံး အခွေ ကို ထူးထူးခြားခြား အိုင်စီ တီးတာဖြစ်ပြီး
ပရိုဂျူဆာမှာ ကိုမျိုးကျော့ ဖြစ်ပါကြောင်း…
သူတို့၂ဦးဟာ စာသင်နှစ် ၁နှစ် စာသင်ခန်း ၁ခန်းထဲက ထွက်တဲ့ လိပ်ခုံးဆေးကျောင်းနဲ့
ကပ်ရပ် အထက်တန်းကျောင်း မှ ဖြစ်ပါကြောင်း…
ထို၂ကျောင်းလုံးမှာ စိန်ပန်းပင်ရှိပါကြောင်း…
အေးချမ်းမေကြီး ဆိုဘဲ ..အဟတ်အဟတ်…
အင်းလေ ..သူလည်း ကြီးရှာပါဘီ ..အသက်..
အေးဂျမ်းဘုံ အဲ့လေ အေးချမ်းမေကြီး မဆိုတော့ တဲ့
နောက် သူနဲ့ အသံကာလာချင်းဆင်တဲ့ ရဲဗလက္ကာရ၀င်းလေး ကို အားပေးနေပါကြောင်း
ဒါလိုက်တာ ၀ိုင်းကို ပြောလိုက်ပါ ..ဟို ငမူး မိုးအုပ်ဆင်း လို့တော့ မီလုပ်ပါနဲ့လို့…
ပိတ်သတ်ကြီးပေးတဲ့ အော်စကာ ကို ရထားပီးဖြစ်လို့ပါလို့….
ဟိုကောင် ပြီတီတီအူး ကိုတော့ တသက် ခွင့်မလွှတ်နိုင်ဇယာ အမှား ကျူးလွန်ထားလို့
ချဉ်ပါကြောင်း …ဘာပြောပြော အကောင်း ကို မထင်ပါကြောင်း….
သံသာ ၀င်း နဲ့ သဇင် ဆိုတဲ့ သောကြာ နာမ် ၂နာမ်ကို တော့ စိတ်မ၀င်စားလို့ ..
ကြိုက်တဲ့အကောင်ယူ ပါစေ သဘောထားကြီးနိုင်ပါကြောင်း နောက်ထပ် သောကြာနာမ်
ဖြစ်တဲ့ သင်ချာဝင့်ကျော် (ရဘူး သောကြာဘဲ) လေးကိုတော့ ရှလွတ်ချင် ဂလုချင် ပါကြောင်း
လူရွှင်တော်တွေကိုတော့ မေတ္တာမရှိလို့ ဘာဘဲဖြစ်ဖြစ် သူ့သဘောသူဆောင် ပစေ ဟု ပြောချင်ပါကြောင်း
သူတို့အစား ၁၀၀ဖိုး ၃ယောက် မော်ဒယ်လေးဒွေကို ပဲ မေတ္တာရှိချင်ပါကြောင်း…
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeကိုဘလက်ရေ ကျမလည်း ငါတော့ မေ့လို့မရနိုင်ဘူး ဆိုတဲ့ အေးချမ်းမေရဲ့ ပရိသတ်ပါ။ ကျမတို့ ခပ်ငယ်ငယ် ကျောင်းသူဘ၀က သူနာမည်ကြီးခါစ ကတည်းက အားပေးလာတာပါ။ သူ့သီချင်းတွေ အတော်များများ ကြိုက်ပါတယ်။ အခုအမေရိကန်မှာ အဲ့ဒီကလူမျိုးနဲ့ပဲ အိမ်ထောင်ကျနေတယ်လို့ သူကြီးကတော့ ပြောတာပဲ။
ဖြူဖြူကျော်သိန်းပွဲက မသွားလိုက်ရပါဘူး။ ဒါနဲ့ ကျမသာ စင်ပေါ်တက်လို့ကတော့ ခဲနဲ့ထုခံရတော့မပေါ့ ။ ဘယ့်နှယ့်ပြောလိုက်ပါလိမ့် ။
မကြံကောင်း မစီရာ။
လစာတိုးပေးရုံနဲ့ သန့်ရှင်းသောဝန်ထမ်း အစိုးရ ဖြစ်လာမယ်ဆိုတာကြီးကို ကျမလည်း လက်မခံနိုင်ပါဘူး။
ဒါနဲ့ မဟာကျိန်သစ္စာရှင် ဘုရားကြီးလို့ ဘာလို့နာမည်ပေးထားတာလဲ ဆိုတာ ကြုံရင် မေးကြည့်ပါအုန်းနော်။
ဒီစာဖတ်ရတာ တကယ့်ကို hotch-potch ပါပဲ လို့ ။ မှတ်ဥာဏ်ကောင်းလွန်းတာကို တကယ်ပဲ အားကျမိပါတယ်။
Was this answer helpful?
LikeDislikeမနေနိုင်လို့ ထပ်မန့်လိုက်ပြီ ဘဘဘလက်ရေ့….
ဟို သထိန်းသား ငတုံးလေးအတွက်
အော်. ..ရယ်. … အာဘွိုင်းရယ်….
အဂ္ဂမဟာ ဖေ့စဘုတ်မှာ တွေ့တာတောင် လွှတ်ထားသေးဒယ်….
ခုမှ ထရှင်းရသလားကွယ်. … ..
သရက်ထ် ထဲမှာတောင် အပေါ်ကျူနတီ ရှာတတ်ရတယ် …ခည..
လွယ်ပါတယ်. …ဂျာ …
ဖန်ပေ့ခ်ျလေး ဆောက်
စက်ရုံထဲ …ဒါ့ပုံလေးလှည့်ပတ်ရိုက် …
ကွာလ်ထီ ကွန်ထရိုး ကို ဟော ဒလို ဟောဒလို
လုပ်နေပါတယ် ဘာညာ သာဒကာ ပေါ့ …လုပ်စမ်းဘာ ….
ပီးရင် ဘော်ဒါအားနဲ့ ..(၀န်ထမ်းတွေပြန်ခိုင်း ဗျာ..)
လိုက်ခ်တွေလုပ် ကွန်းမန့်တွေရေး ….ဒါဗျဲ….
ဒီစပိ ဒီစပိနဲ့တော့ … ပက်ပစီ ပြန်ဝင်လာရင် ကိုကာကိုလာ ၀င်လာရင်
ကီရင်း ဆန်တိုရီ ၀င်လာရင် …အသေဆိုးဒွေနဲ့တော့ သေကုန်တော့မှာပဲ….
တော်သေးဘီ…
Was this answer helpful?
LikeDislikeကိုချောရဲ့ “အိပ်ချင်ပြေ” က ကျွန်တော့်အတွက်တော့ “အနှစ်တွေ”လေ။ သိပ်ကို ဖတ်ရတာ နှစ်သက်စရာဗျာ။ ဟိုကြော်ငြာလိုပဲ မသိလိုက်၊ မဖတ်လိုက်ရ မရှိရလေအောင်ပါပဲ။…………… “လာမပြောနဲ့ ….. အိပ်ချင်ပြေ လေးတွေ့ပြီးသား “..
ကဲ ……….
ဘယ်နှယ် .. ကိုစိန်သော့ဆီမှာ စာမေးပွဲ ဖြေလိုက်ပါတယ်လို့ …………
ဂုဏ်ထူးမှတ်ကျော်ဗျာ …………….. ၁၀၀ အပြည့်ပေးမလို့ … ကြိုးလေးရှိနေလို့ …..
အောင်ဆုံးပုံလေးကတော့ မြင်တတ်တာနဲ့ ရိုက်ထားတာလေး ကြိုက်တယ်ဗျို့
Was this answer helpful?
LikeDislikeအိပ်ချင်ပြေသွားပေမယ့် မျက်စိညောင်းသွားပါကြောင်း …
ကော်ဖီတစ်ခွက်လောက် သွားသောက်လိုက်အုန်းမယ် ….
Was this answer helpful?
LikeDislikeအမလေး ဖြစ်မှ ဖြစ်ရလေး ဘဘလက်ကြီးရယ်.. ဆူး က ဘုရားသွားချင်တာ ဘုရားဖူးဖို့ ပွဲဈေးလျှောက်ဖို့ပါ။ ဘဘ ရဲ့…
မနေ့ညနေက ရောက်ပြီးပြီ။
ဟိန်းဝေယံတော့ ဘုရားသွားတာ မသွားတာ မသိဘူး ဆူး သွားရင်တော့ တနင်္ဂနွေ ညပိုင်း ဖြစ်ဖို့များတယ်။
ကိုရီးယား ရုပ်ရှင် အပိုင်း အခန်းဆက် နားတဲ့ အချိန် သွားမလားလို့..
Was this answer helpful?
LikeDislikeလက်ဖက်ရည်ချိန်မှာ ဖတ်မိတဲ့အတွက် လက်ဖက်ရည်တောင် မသောက်နိုင်လိုက်ဝူး………. သာဓု သာဓု သာဓု လေးဘလက်ရေ………….နောက်တစ်ခါတွေ့ရင် ဆတိုးပြန်သောက်ရမယ်……….ဟီးဟီး
Was this answer helpful?
LikeDislikeအိပ်ချင်ပြေ ဆိုပေမယ့်
မျက်လုံးကို ပြူးသွားတယ် ….
သဇင်ရယ် သံသာဝင်းရယ် သင်ဇာဝင့်ကျော်ရယ်
နိဂုံးချုပ်လိုက်တော့ အားလုံးကို
သာဓုခေါ်လိုက်ပါတယ် ….
Was this answer helpful?
LikeDislikeအဘချော အိပ်ချင်ပြေလေး မျှော်ရတာလဲ မင်္ဂလာဦးတုန်းက ရုံးဆင်းချိန်မျှော်ရသလိုပဲ
ပို့စ် ကို မြင်ရတော့မှ အလုံးကြီးကြတာကလား
ကိုဆောင်း ကတော့ ကျွန်တော်လဲ ကြိုက်တယ် ဗျ ၊ ဂရုဆောင်းက မြန်မာပြည်မှာ သူက စတယ်မှတ်တယ် ခရီးသွားငါးယောက် နဲ့လေ ( မှားရင်လဲ ပြင်ပေးကြပါဗျာ)
ကျွန်တော့်အဖေက အခု ၆၀ ကျော်တာ ကြာပြီဆိုတော့ လူကြီးပေါ့ ဗျာ ၊ မာစီဒီးကိစ္စကတော့ တိုးတိုးလုပ်ပါဆရာ ရဲ့ လူတွေ သိကုန်ပါဦးမယ် ၊တော်ပြီ ဗျာ အဘချောကို မာဆတ်ပို့ရင် မာစီဒီး နဲ့ မပို့တော့ဘူး
ဝန်ထမ်းတွေ ကို လစာတိုးပေးလိုက်လို့ အဲဒီဝန်ထမ်း ကောင်းလာ မလာ မပြောနိုင်ပေမဲ့ ၊ ဒီ လစာနဲ့တော့ သိပ်ကောင်းဘို့ မလွယ်ဘူး ဗျ ၊ အခု လက်ရှိ ၀န်ထမ်း အရာရှိ ဆိုတဲ့လူတွေတောင် ရတဲ့ လစာက အဘချော ဘီယာတစ်ခါသောက် နိုက်ကလပ် တစ်ခါတက်လောက်တောင် မရှိတာ အဘချောလဲ သိပါတယ် ၊ အဘအငယ်လေးကိုပေးတဲ့ ပိုက်ဆံဆို ၀န်ထမ်း လစာထက် အများကြီး ပိုတာပဲ …( ပေါက်ဖော်သား အငယ်လေးကို အဘချော မုန့်ဘိုးပေးခြင်းကို ဆိုလိုပါသည် )
အဘ ရဲ့ ဒီလို ပို့စ် မျိုးတွေ နေ့တိုင်းဖတ်ချင်ပါတယ် ရေးနိုင်ရင် နေ့တိုင်းရေးပေးပါ ဗျာ …
( အဘချောက ဂျာနယ် တွေ ၀ယ်စရာမှ မလိုတာ ဟာ )
Was this answer helpful?
LikeDislikeအေးချမ်းမေက.. မြန်မာပြည်သွားမယ်လို့..သတင်းထွက်နေပါတယ်…
အမေရိကမှာ.. အမေရိကန်တယောက်နဲ့ အိမ်ထောင်ကျနေတာပါ..။
အမေရိကန်အမဲလို့ ပြောကြတယ်..
လစာကိစ္စကတော့… အဲဒီလို ..အစိုးရ၀န်ထမ်း.. ပုဂ္ဂလိက၀န်ထမ်း..ခွဲပြောသင့်တယ်မထင်မိပါဘူး..။
နိုင်ငံရေးသမားအနေနဲ့ကြည့်ရင်..အားလုံးတူတူချည်းဖြစ်ရမှာပါ..။
ဆိုတော့..
အနိမ့်ဆုံးအခြေခံလစာကိုဥပဒေနဲ့.. ပြဌာန်းပြီး.. အကောင်အထည်ဖေါ်နိုင်မဲ့.. လုပ်ထုံးတွေပါလုပ်သင့်တယ်လို့ထင်မိတယ်..။
စကားအတင်းစပ်…
အဲဒီညာဖက်ဘေးမှာ..ကြော်ငြာထည့်ထားတဲ့.. ဖုန်ကဒ်ရောင်းနေတဲ့..မြန်မာတယောက်က.. ဖုန်းကဒ်အတွက်… ပုံတချို့သုံးမှာကို.. ကျုပ်က.. လျှာရှည်ပြီး… ရွာထဲက..ဓါတ်ပုံဆြာတွေရဲ့.. မြန်မာ့ဟန်ပါတဲ့ပုံတွေသုံးပေးဖို့ပြောလိုက်တယ်..။
အဲဒါ..တပုံ ၁၀ဒေါ်လာလောက်နဲ့.. ရောင်းလို့ဖြစ်ကြမလားဟင်င်င်င်…။
စေတီပုထိုး ဘာသာရေးနဲ့မဆိုင်တဲ့… ပုံတွေပေါ့..။
၎-၅ခုလောက် ၀ယ်ခိုင်းလိုက်မယ်လေ..။ ဆြာတွေတယောက်တပုံစီပေါ့..
အဲဒီသူကြိုက်ရင်.. အတင်းထပ်ဝယ်ခိုင်းပါဦးမယ်..။
ဆန္ဒရှိရင်.. ကိုယ်စိတ်ထဲ ကြိုက်မယ်ထင်တဲ့ပုံ.. ၁ပုံစီပို့ပေးကြပါနော…။
ပရိုတွေကို.. ဈေးနှိမ်တယ်တော့ ..မယူဆကြပါနဲ့..။
အင်တာနက်ထဲက. ဖရီးဒေါင်းလိုက်တာထက်စာရင်.. တော်တယ်ပဲမှတ်ပါနော..
..အဲဒီလိုပဲ.. ဖြည်းဖြည်းချင်း.. စည်းရုံးပေးပါ့မယ်..။
Was this answer helpful?
LikeDislikeရောင်းဖို့ ရှိသေးဘူးချင့်…
ရှိလည်း ဒီဈေးနဲ့ ရောင်းဘူးချင့် …
ဗမာနဲ့ ပါတ်သတ်တာဆိုလို့
သများပဲ ရှိတယ်ချင့်. ..
သများပုံ ၀ယ်မား ချင့် ….
ကင်မ်တက်ခ် လို့ ညာရောင်းဗျာ…
;D
နောက်လ …ညင်းညင်း…
နာဂိုယာ အိုဆာကာ ကျိုတို နာလ….
ဒါဗျဲ …ဆာကူရာနဲ့ ဂီဂီ … ဂီဂီနဲ့ ဆာကူရာ တွေ့ဘီ…..
အဲ့ကျမှ သဂျီး ကို pay-per-view နဲ့ ရောင်းတော့မယ်
ခစ်ခစ်
ဒက်ဂလောက် ဒက်ဂလောက်…..
Was this answer helpful?
LikeDislikeဆောင်းဦးလှိုင် ကို တလောက မင်္ဂလာဆောင်တစ်ခုမှာ ညဖက်ကြီးဆိုနေတာတွေ့တယ်။ ဦးထုပ်ဆောင်းထားတယ်ဗျ။ ညဖက်ကြီး အခန်းထဲမှာ ဦးထုပ်တော့မချွတ်ဘူးပဲ။ တစ်ခါလောက်သွားနောက်ပြီး ဦးထုပ်ချွတ်လိုက်ရင်ဘယ်လိုနေမလဲတွေးမိပြီး ထိပ်ပြောင်သူများရဲ့ အငုံ့စိတ်ကိုတွေးမိတယ်။ ဘာဖြစ်လဲ ပြောင်ပြောင်ပဲပေါ့။
ကျောင်းဝင်းထဲ စိန်ပန်းပင် မတွေ့ဘူးဆိုတာတော့ နည်းနည်းလွန်တယ်။ “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာ ကြဲပြန့်နေ… ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာနယ်မြေ..” အစချီတဲ့သီချင်းက စလို့ စိန်ပန်းအကြောင်း မရှိပဲ ရေးမလားဗျာ။ ကျောင်းဝင်းထဲဘယ်သွားသွား စိန်ပန်းပင်တော့ ရှိပါသကော ချောတကာရေ။ စိန်ပန်းတွေမြေမှာကြဲလို့ ကိုယ်တိုင်နင်းသွားနေကြလမ်းကတော့ ပဲခူးဆောင်ရှေ့ကပဲ။ ဗိုလ်ချုပ်အောင်ဆန်းလည်း နင်းခဲ့တဲ့နေရာ။ ပြောရင်းတောင် လွမ်းလာပြီ။
Was this answer helpful?
LikeDislikeစုံနေတာဘဲသတင်းတွေက အိပ်ချင်တော့ပြေတယ် မောတယ်ဖတ်ရတာ ဟဲဟဲနောက်တာပါ် သတင်းတွေက အနုပညာသတင်းစုံသိရတာပေါ့
Was this answer helpful?
LikeDislikeကျေးဇူးတင်စွာဖြင့် အားပေးဖတ်ရှူသွားပါကြောင်း(အကြောင်းအရာများပြည့်စုံလှပါ၏) လေးစားလျှက်
Was this answer helpful?
LikeDislikeကိုဘလက်ရေ
ဖတ်အားကောင်းပြီး ဂေဇက်အပေါ်မှာ ထားတဲ့ ခင်ဗျားရဲ့ စေတနာကို
လေးစားတယ်ဗျာ။
စုဆောင်းထားတဲ့ အချက်အလက်လေးပေါ်မှာ ကိုယ့်အာပေါ်နဲ့ ဆိုဆောင်းပါးပဲ
သတင်းဆောင်းပါးခေါ်မလား။ဒီလို ရေးနိုင်ဖို့ဆိုတာ အချိန်ယူရမှန်းကျွန်တော်သိတယ်
ဒီမှာ ခင်ဗျားရဲ့ စေတနာကို မြင်လိုက်ပြီ။
Was this answer helpful?
LikeDislikeသတင်းးးစုံပါပဲလားးးး
ကိုဘလက်ရေ….
ကျေးးးဇူးးတင်တယ်ဗျာ…
နောက်လည်းးအဲ့လို စုံစီနဖာလေးးး
လုပ်ပါဦးးးဗျာ…..
Was this answer helpful?
LikeDislikeဟုတ်တယ်ဗျာ ကိုဘလက်ချော ရေ….
တကယ်ကို အိပ်ငိုက်သွားပါကြောင်း……….
Was this answer helpful?
LikeDislikeဘလက်စတိုင်
အချက်ပိုင်ပိုင်
အရေးသွက်လက်
အိပ်ချင်ပြေသကွဲ့ …
Was this answer helpful?
LikeDislikeလေးစားရသော အစ်ကိုကြီးရေ
ဂေဇက်ကို မဝင်ဖြစ်တဲ့၂ရက်ပြီးနောက် ၊ ပြန်ဝင်ဝင်ချင်း ၊ သည်ပို့ စ် ကို ပထမဆုံး ဖတ်မိပါတယ် ။
ပထမအချက်အနေနဲ့ ….. သည်ပို့ စ် ကို စီစဉ်ဖန်တီးနိုင်သော အိုင်ဒီယာအား လေးစားအားကျပါ၏
ဒုတိယအချက် …. ဖတ်ရင်း စာပါအကြောင်းအရာများအတွက် အားရမိသလို ၊ ဗဟုသုတ ရသလို ၊ ခင်ဗျား နေရာကို ဝင်ခံစားမိပြီး တော်တော်မောမိတယ်ဗျာ ။
အေးချမ်းမေ လေး ကို ပြောလိုက်တာဗျာ ၊ အစ်ကိုကြီးပြောတဲ့ သီချင်းတင်မကဘူး ၊ သူ့ သီချင်း အားလုံး သူ့ ခေတ်မှာတုန်းက ပေါက်ခဲ့ပါတယ်ခင်ဗျ ။ နောက်ရှိပါသေးတယ် ၊ ကော်ပီသီချင်းလေးပါဘဲ
“ ကိုယ်အနေအထိုင်ကဘဲ မတတ်လို့ လား ၊ ကိုယ် ခိုးခိုးပြီးတော့ ကြည့်တာပါ ” ( သီချင်းစာသားမှားလျှင် ခွင့်မလွှတ်ပါနဲ့ ၊ တစ်ကယ်ကို မမှတ်မိလို့ ပါ ) ဆိုတဲ့ သီချင်းဗျာ ၊ အဲ့ဟာ ဆိုရင် တော်တော်ပေါက်ခဲ့တာ ကလား ။
ဒါနဲ့ …. သည်ကွန်မင့် ကို နိဂုံးချုပ်ရရင် ၊ ခင်ဗျား က ၄ လုံးမို့ လားမသိဘူး ၊ ကျုပ်တို့ တောင် သတိမထားမိတဲ့ အကြောင်းအရာများကို တော်တော် ကွက်ကွက်ကွင်းကွင်း မြင်သွားတာဘဲ ။ ကျုပ် လဲ အားတဲ့တစ်ရက်မှ အစ်ကိုကြီး လမ်းစဉ်လိုက်ရဦးမယ် ။
တော်ကြီးဘီ
ဟီဟိ
Was this answer helpful?
LikeDislikeအိပ်ချင်ပြေမလုပ်ပါနဲ့ကိုချော
အိပ်ချင်ပျောက်လို့ လုပ်စမ်းပါ၊
ဖတ်လိုက်တာနဲ့ အိပ်ချင်စိတ်ပျောက်သွားလို့။
သူကြီးရေ သီးသန့်တော့ ဓါတ်ပုံရိုက်မပို့တော့ပါဘူး။
တင်ထားတဲ့အထဲက ကြိုက်တာပြောလို့။
အတင်းတော့ မ၀ယ်ခိုင်းပါနဲ့ ရွာထဲက ဓါတ်ပုံဆရာတွေ သိက္ခာကျပါတယ်။
လိုချင်တာတွေ့ရင်ပြောလိုက်။.
ကျန်တာနောက်မှ ဆက်ပြောမယ်လေ။
မကောင်းဘူးလား။
Was this answer helpful?
LikeDislikeသီးသန့်မရိုက်ပါနဲ့…
ရှိပြီးသားထဲက.. ဖုံးကဒ်မှာ ပုံသေးသေးလေးပါရင်.. နားလွယ်သိရလွယ်တဲ့ပုံကို.. ပို့ပေးလိုက်ပါနော..။
ဘာသာရေးနွယ်တာ မလုပ်ပါနဲ့..။ လူမျိုးပေါင်းစုံ ကိုင်တွယ်ကြည့်နိုင်ဖို့အတွက်ဖြစ်လို့ပါ..။
စာတွေဖြတ်ပြီးရေးမှာမို့.. ကောင်းကင်ပြာလို နေရာလွတ်အများကြီးရှိတဲ့..ပုံတွေ အဆင်ပြေမယ်ထင်ပါတယ်..။
ကိုပေါက်ဆီမှာဆို.. မန္တလေးမြို့ရိုးနဲ့ပုံလေးတခုခု ဖြစ်မယ်ထင်ပါတယ်..။
ကိုဘလက်ကတော့.. စိတ်ကြိုက်တပုံ.. မြန်မာအငွေ့ပါတာလေး ပို့ပေးစေလိုပါတယ်.။
လှေကလေးပုံတော့ အဆင်ပြေမယ်ထင်တာပါပဲ..။
Mလုလင်..
ကိုစိန်သော့..
မှော်ဆရာပုံတွေ.. ပို့စေချင်ပါတယ်..။
ခရက်ဒစ်ရအောင်.. Watermark ထည့်ပေးလိုက်စေချင်ပါတယ်..။
မှော်ဆရာမှာ.. လက်ဆောင်တခုအကြွေးလည်းရှိတယ်..။
ရတဲ့..$$တွေ.. မြန်မာနှစ်ကူးမှာ လူကြုံရှိရင်..စုပြန်ပို့ပေးလိုက်မယ်..။
Was this answer helpful?
LikeDislikeအားရပါးရပါလား ကိုဘလက်ရေ-
စကားစပ်လို့ပြောရရင် ကျုပ်က ဗိုလ်ချုပ်ဈေးက အသုပ်ဆိုင်မှာစားရင်
အစုံသုပ်ဆို သိပ်ကြိုက်သဗျ..။
ဆိုတော့… ကိုဘလက်ရဲ့ လဘက်ရည်ပွဲလေးတွေကို စွဲနေပြီဖြစ်ပါကြောင်း….။
အစလေးတစဆွဲပြောရရင်
လစာမတိုးတာလဲ မမှန်ဘူးထင်ပါတယ်။
အစိုးရ၀န်ထမ်းလစာတမျိုးထဲ ချက်ချင်း အလုံးအလောက်တိုးဘို့လဲ မသင့်ဘူးထင်ပါတယ်။
တကယ်တော့ လစာနဲ့ လစာတိုးခြင်းနဲ့ပတ်သက်တဲ့ “ မူ ” လေး အရင်ချပြီး
ချင့်ချင့်ချိန်ချိန် လုပ်သင့်တာပါ။
အခုက အစိုးရ၀န်ထမ်းလစာတွေတင် စားဝတ်နေရေးမလုံလောက်တာမဟုတ်ပဲ
တနိုင်ငံလုံး လူများစု အကျပ်အတည်း ဖြစ်နေကြတာပါ။
ဒါကြောင့် ဖြေရှင်းချက်တွေဟာ အားလုံးကို ခြုံပြီး တွက်ချက်စဉ်းစားထားတဲ့
ဖြေရှင်းချက်မျိုး ဖြစ်စေချင်တာပါပဲဗျာ…။
Was this answer helpful?
LikeDislikeယနေ.မှစ၍နှစ်တစ်ရာတိုင် …….. ဂျာနယ်မယူတော.ပါ ၊။
ယူစရာမှမလိုတော.တာကိုး ….။
အားကိုးပါတယ်ကိုဘလက်ရယ် ဘယ်လိုများနှိုက်နှိုက်ချွတ်ချွတ် ………..။
Was this answer helpful?
LikeDislikeပေါက်ဖေါ်ရေ။
နင်ဖတ်ရတာမောသလို
ငါရေးရတာလည်း ညောင်းပါတယ်ကွာ။
ဒီကွန်းမန့်မှာ နင် ချီးပန်းတဲ့ ကိစ္စ ရပ်သွားလို့
ကျေးဇူးတင်ပါတယ်။
surmi ;
ဂျာနယ်မယူတော့ဘူးတော့ မလုပ်ပါနဲ့ဗျာ။
မူရင်းဂျာနယ်လေးလည်း အားပေးကြပါ။
ကျွန်တော်ဖတ်ပြီး ပြန်ပွားတာလေးနဲ့ ပြန်ဖတ်ကြည့်ပေါ့။
ဒါဖတ်ပြီး မှ ဂျာနယ်ဝယ်ပါ ပေါ့ဗျာ။
မောင်သန်းထွဋ်ဦး ;
ဆောရီးဗျာ။ အိပ်ချင်ပြေ ဖို့ ပစ်လိုက်တာ
အိပ်ငိုက်သွားတယ်ဆိုတော့ လွဲပြန်ပါပြီ ဗျာ။
ကိုထွန်းဝင်းလတ် ;
အားပေးတာကျေးဇူးတင်ပါတယ် ကိုထွန်းဝင်းလတ်ရေ။
Was this answer helpful?
LikeDislikeဂီဂီ ;
မြန်မာပြည်သာ ပြန်လာခဲ့ပါ။
သင်္ချာဝင့်ကျော်လေးနဲ့ အဆင်ပြေစေရပါမယ်။
အရင်က ထားခဲ့တဲ့ ရည်းစားတွေကို တော့ ကိုယ့်ဟာကိုယ် သဘောထားကြီးနိုင်အောင် ပြင်ဆင်ထားပေါ့။
မယ်ပုခ်ျ ;
ကိုစိန်သော့ ;
အမှတ်စာရင်းထုတ်ပေးတာ ကျေးဇူးပါ ကိုသော့ရေ။ နည်းနည်းတော့ တိုးတက်လာပြီ ထင်တာပဲ။
weiwei ;
ကော်ဖီသောက်ရင် ကျွန်တော့်အတွက်ပါ ကပချီနို တစ်ခွက်လောက် ပါဆယ် ဆွဲခဲ့ပေးပါဗျာ။
Was this answer helpful?
LikeDislikeဆူး ;
:mrgreen::mrgreen:
အော် ဖိတ်ခြင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ရအောင် စ တာပါဗျာ။
တနင်္ဂနွေ ညပိုင်း ဟိန်းဝေယံကို သတင်းပေးထားလိုက်ပါ့မယ်။
သူကလည်း ဒီကြာသပတေးမအားလို့ တနင်္ဂနွေညမှ ဘုရားတက်မလို့ဆိုလား…။
သူရဇော် ;
ညီလေးရေ။ ကြသပတေး နေ့ ချိုပေါ့ကျ လဖက်ရည်လေး တိုက်ပါ့မယ်။ လာသောက်ဦးနော့။
ကင်း ;
အော် ညီလေးရယ်၊ မိုးယုစံလေးတို့၊ အယ်လ်ဆိုင်းဇီလေးတို့ကိုလည်း လူရာသွင်းပါဦးကွား
နိုဇိုမိ ;
:mrgreen:
ကြပ် ကြပ် နာနာ သာ ကြပ်။
ဂျာနယ်က ဘာလို့ ၀ယ်စရာမလိုရမှာလဲ ဗိုလ်ကြီးရဲ့။
အသာလုပ်ပါဗျ။
Was this answer helpful?
LikeDislikeကိုဘလက်ကလည်း
အနော်က ဟိုမိန်းကလေးတွေကို ဗန်းပြ
ယုစံတို့ ဆိုင်းဇီတို့ကို
အနောက်က ပတ်သွင်းမလို့ဟာ
လူဆိုးးးးး …
Was this answer helpful?
LikeDislikeသူကြီး ;
ဒီမှာတင်တဲ့ ပုံတွေထဲက ကြိုက်တဲ့ပုံရှိခဲ့ရင် ပြောပါဗျာ။
ကိုပေါက်ကြီး ပြောတာကို ထောက်ခံလိုက်ပါတယ်ဗျာ။
လင်းဝေ ;
ကျောင်းတော်ကြီးထဲက စိန်ပန်းတွေပွင့်တဲ့နေရာကို
ပြောပြတာကျေးဇူးပါ။
snowwhite , koaung ;
ကွန်းမန့်လေးချီးမြှင့်ပေးကြတာ ကျေးဇူးပါခင်ဗျာ။
Was this answer helpful?
LikeDislikeကိုထက်ဝေး ;
ဒီလိုပဲ စမ်း စမ်းပြီးတော့ ရေးကြည့်နေတာပါ ဆရာထက်ရယ်။
အကြိုက်တွေ့တယ်ဆိုရင် ၀မ်းသာပါတယ်ဗျာ။
အားပေးပါဦး။
MaMa ;
အလဲ့။ ကဗျာတွေဘာတွေရေးပြီး ကွန်းမန့်ပေးလို့ပါလားဗျို့။
မိုက်တယ်ဗျ။
နောက်တစ်ခါလည်း ကဗျာကွန်းမန့်လေး ချီးမြှင့်ပေးပါဦး။
windtalker ;
ကိုပေရေ။
အေးချမ်းမေ က ပထမစီးရီး ပျော်ရွှင်ခြင်းနိုင်ငံထင်တယ်။
မင်းချစ်သူကြီးရေးတဲ့ တစ်စစီကျိုးပဲ့နေတယ် ဆိုတဲ့ သီချင်းရဲ့ ပေါက်အားကို
နောက်အခွေတွေ လိုက်မမီတော့ပါဘူး။
ဒါပေမယ့် တကယ်ကောင်းတဲ့ သီချင်းလေးတွေကတော့
နောက်ပိုင်းထွက်တဲ့ အခွေတွေမှာ ပါခဲ့ပါတယ်ဗျာ။
ခင်ဗျားပြောတဲ့ သီချင်းလေးက သူသိသွားပြီ ဆိုတဲ့ သီချင်းလေးလို့ထင်ပါတယ်။
ကိုပေါက် ;
အိပ်ချင်ပျောက် ဆိုတော့လည်း အိပ်ချင်ပျောက်ပေါ့ ကိုပေါက်ရယ်။
ဓါတ်ပုံကိစ္စလေး သူကြီးနဲ့ ညှိလိုက်ဦးဗျို့။
ဈေးများများရအောင်သာညှိဗျ။
တစ်ပုံကို တစ်ရာမျိုး၊ တစ်ရာ့ငါးဆယ်မျိုး
သူကြီးက ပေးချင်နေတာဗျ။
ဒါပေမယ့် ၀ယ်မယ့်သူမရှိတာ ခက်တယ်။
Was this answer helpful?
LikeDislikeကိုပါလေရာရေ
ဘာမှမပူနဲ့။
ကြိုက်တယ်ဆိုရင် မုန်းလောက်အောင်သောက်ရမယ်ဗျာ။
လဖက်ရည် ကို ပြောပါတယ်။
Was this answer helpful?
LikeDislikeကိုဘလက်ရေ အိပ်ချင်ပြေ လို့သာပြောတာ မျက်စိပါညောင်းတယ်။ လေးစားလောက်ပါတယ်။ မညောင်း နိုင်၊ မမောနိုင်မပန်းနိုင်ရေးတဲ့ ကိုဘလက်ရဲ့စေတနာကတော့နော် အောချလောက်ပါပေတယ်။ rose တို့ ဂျာနယ် အစုံဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ နောက်လဲတင် ပေးအုံးနော်။ ဆက်လက်စောင့်စားနေပါတယ်။
Was this answer helpful?
LikeDislikeကိုချောကလက်ကြီးရေ … မသိသေးတဲ့ အကြောင်းရာတွေ စာတစ်ပုဒ်ဖတ်ပြီး … စုံစုံလင်လင်သိရတဲ့အတွက် … ဒီလို ပို့စ်မျိုး များများရေးပါလို့ ပွဲတောင်းလိုက်ပါတယ် ….. ။
လေ့လာမှုအားနည်းခဲ့တဲ့ …. မင်းသားမင်းသမီးတွေ ၊ အဆိုတော်တွေရဲ့ သတင်းကို ….. ကိုယ်ပိုင်ဟန်လေးတွေ ထည့်ထည့်ရေးသွားတာ … ဖတ်လို့လည်းကောင်း ၊ ဆက်စပ်တွေးခေါ်လို့လည်း ကောင်းပါတယ် … ။
အသံအေးအေး အမျိုးသား တေးသံရှင်တွေထဲမှာ … အဆိုတော် ဆောင်းဦးလှိုင် နဲ့ L လွန်းဝါရဲ့ သီချင်းတွေကိုတော့ မလွတ်တမ်းနားထောင်ဖြစ်တယ် … ။ အခုနောက်ထွက်တော့ စိုတေးတို့ …. ဘန်နီဖြိုးတို့အသံတွေလည်းကြိုက်တယ် ….. ။ ကိုယ့်အတွက်တစ်ခုထဲပဲ မကြည့်ပဲ … ရိုးရိုးသားသားအနုပညာတင်ဆက်မှုနဲ့ ပိုက်ဆံရှာ ၊ လှုမှူရေး အဖွဲ့တွေကို လှူဒါန်းတာ … ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မိပါတယ် …။ ဒီလို အနုပညာရှင်တွေများစွာ ပေါ်ပေါက်လာပါစေလို့လည်း (သဂျီးမသိအောင်) ကြိတ်ဆုတောင်းပါတယ် … ။
Was this answer helpful?
LikeDislikeအိပ်ချင်ပြေယုံတင်မဟုတ်ပါဘူး…အရမ်းဖတ်လို့ကောင်းပါတယ်..နောက်ထပ်ရေးမှာတွေလဲမျှော်နေပါတယ်နော်..
Was this answer helpful?
LikeDislikeအဲဒီသစ္စာရှင်ဘုရားကိုသွားပြီးသွားပြီ
သွားတုန်းကအဲလောက်တောင်မပြီးသေးဘူးလာဖူးတဲ့သူလည်းမရှိဘူး
ကန်တော့စရာနေရာလေးတောင်ဖုန်တွေနဲ့
ခုပြီးပြီလားမသိဘူးနော်
မှတ်တိုင်တောင်မေ့နေပြီမှတ်တိုင်လေးသိရင်ပြန်ပြောပေးပါနော်
အဝိုင်းကိုကျော်တာတော့မှတ်မိတယ်
Was this answer helpful?
LikeDislikeRose Minn ;
ဂျာနယ်ဝယ်မဖတ်ဘူးတော့ မလုပ်ပါနဲ့ ခင်ဗျာ။
ပုံမှန်အတိုင်းဝယ်ဖတ်ကြပါ။
ကျွန်တော်ရေးတာနဲ့ ဂျာနယ်ပါ သတင်းနဲ့ တူတော့တူပါတယ်။
ဒါပေမယ့် ကျွန်တော်က လျှောက်ကွန့်ထားတော့ မူရင်းသတင်း အရသာနဲ့ တော့
နည်းနည်းကွဲနေပါလိမ့်မယ်။
သတင်းစစ်စစ်ကို ဖတ်ချင်ရင် ဂျာနယ်ကို ၀ယ်ဖတ်ကြပါဗျာ။
etone ;
ဆုတောင်းတာပဲ သူကြီးမသိအောင် ကြိတ်ဆုတောင်းရတယ်လို့ဗျာ။
အားပေးသွားတဲ့ အတွက် ကျေးဇူးပါဗျာ။
ginny ;
မျှော်သာမျှော်သည် မယုံကြည် ရင်မှာ ဝေဒနာ အပွင့်အခက်အ၀ါအနီ….
မျှော်သာမျှော်ပါဗျာ။
bluerose ;
အ၀ိုင်းကျော်ပြီး ၂ မှတ်တိုင်မြောက်လို့ ထင်ပါတယ် ဗျာ။
အခုတော့ တော်တော် ပြီးနေပါပြီ။
ကျွန်တော်က အဲဒီနားက ခဏခဏ ဖြတ်သွားရလို့ ခဏခဏ ဓါတ်ပုံရိုက်ဖြစ်နေတာပါ။
Was this answer helpful?
LikeDislikeဦးဘလက်ရေ …
စုံပါ့ဗျာ …
သီချင်းလေးတွေနဲ့ စ စသွားတာကိုတော့ ကျနော် တော်တော် သဘောကျမိတယ်ဗျာ …
ပြီးတော့ ကျနော်လည်း ဦးဆောင်းရဲ့ ပရိသတ်တစ်ယောက် ပါလို့ ….
Was this answer helpful?
LikeDislikeတေးရေးတေးဆို စီစဉ်သူ ဒေါက်တာ ဗိုဆောင်းသီချင်းလေး…..ပြန်ကြားရတာ
ငယ်တုန်းကအဖြစ်တွေကို လွမ်းထှာ ကိုဘလက်ရယ်…
Was this answer helpful?
LikeDislikeဆြာဘလက်ရဲ့ လဘက်ရည်က ရှယ်ပဲ..။ သောက်ရင်းနဲ့ စွဲသွားပြီ… ပုရှ်လေးအကြောင်း ဆက်ရေးပါအုံး..အဲဒါ စိတ်အဝင်စားဆုံးပဲ…လဘက်ရည်သောက်တာ မလိုင်ပါမှဗျ..။
Was this answer helpful?
LikeDislikeလက်ဖက်ရည်ချိန်မဟုတ်ပဲ ထမင်းစားချိန်ဝင်ဖတ်သွားပါတယ် ဘဘဘလက်
ထုံးစံအတိုင်းလက်မတစ်ချောင်းထောင်သွားပါတယ်
Was this answer helpful?
LikeDislikeDVB ကလွှင့်တဲ့ “ဂျာနယ်တွေကဘာပြောနေကြသလဲ” အစား
BLK က ဘာပြောနေသလဲ ရှာဖတ်ရတယ်လေ။
Was this answer helpful?
LikeDislikeအံစာတုံး ရေ
ကွန်းမန့်လေး အတွက်ကျေးဇူးပါဗျာ။
ဆောင်းဦးလှိုင် သီချင်းတွေကို အရမ်းအရူးအမူးကြီးဖြစ်တာမဟုတ်ပါဘူး။
တချို့ သီချင်းထဲမှာပါတဲ့ စာသားလေးတွေ ကို ခိုက်တာပါ။
ကြိုက်တဲ့ သီချင်းတော့လည်း အရမ်းကြိုက်ပါတယ်။
သီချင်းလေးတွေ အတူ နားထောင်ကြမယ်ဗျာ။
လောလောဆယ် ချိုပေါ့ကျ ဆိုတဲ့ သီချင်းလေး တင်ပေးထားပါတယ်။
နားထောင်ကြည့်ပါဦး။
marblecommet ;
အပျိုမစစ်တော့တဲ့ မြို့ကို အပိုင်စားတဲ့ မြို့စားကြီး ကွန်းမန့်လာပေးသွားတယ်ပေါ့။
ကျေးဇူးပါဗျာ။
ကြောင်ကြီး ;
အသာလုပ်ပါ။ ပုခ်ျက ကျွန်တော့်ကို ရန်တွေ့နေဦးမယ် ဗျို့။
သူ့ ကို ပို့စ်ထဲ ထည့်နောက်ထားလို့။
နောက်တစ်ခါ မလိုင် များများထည့်ပေးပါ့မယ်ဗျာ။
မိုးစက် ;
ကွန်းမန့်ရေးတာ နောက်ကျတယ်ဗျာ။
လက်မတစ်ချောင်းထောင်သွားတယ်ဆိုလို့လည်း ကျေးဇူးတင်ပါတယ်။
TTNU ;
တီချာကြီး နေကောင်းသွားပါပြီလား ခင်ဗျာ။
ိအချိန်ရရင် ပို့စ်လေးတွေ တင်ပါဦးခင်ဗျ။
ကွန်းမန့်လေး ရေးသွားပုံကိုကြည့်ရတာ
သိတ် နေကောင်းသေးမယ့် ပုံမပေါ်သေးဘူးလို့ ထင်ပါတယ်။
ကျန်းမာရေး ဂရုစိုက်ပါ ခင်ဗျာ။
Was this answer helpful?
LikeDislike