မြန်မာကျောင်း ဖွင့်လိုက်ပြီ
|1355- Hits|
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဆိုရမှာပါ။
၁။ နောက်သင်တန်းများအတွက် စာရင်းသွင်းနိုင်ပါကြောင်းနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေ မြန်မာပြည်မှာလို ကြိမ်လုံးကိုင်ထားပုံမရပါကြောင်း…။
၂။ နေ့အစားအသောက်ပါတာဝန်ယူထားပုံရတာမို့ နေ့ကလေးထိန်းကျောင်းနဲ့ မှားပြီး လာအပ်ကြမှာ စိုးရိမ်ရပါကြောင်းနဲ့…။
၃။ ယူအက်စ်ရောက်တာ တော်တော်ကြာသွားလို့ ( ၃-၄နှစ်လောက်) မြန်မာစာ၊စကားမေ့သွားပြီဆိုတဲ့ အင်္ဂလိပ်လူဝင်(လူထွက်မဟုတ်) ကလေးများ တက်ကြစေလိုပါကြောင်း။(နောက်တာနော)
မှတ်ချက်။ ။ အင်္ဂလိပ်လူထွက်ကလေးများ – အင်္ဂလိပ်ကျောင်းတွင်နေ အင်္ဂလိပ်ကဲ့သို့ဝတ်ဆင်ကာ အင်္ဂလိပ်စကားကိုသာပြောသူများ။
အင်္ဂလိပ်လူဝင်ကလေးများ – မြန်မာပြည်ပြင်ပသို့ အသက်ကြီးမှ ထွက်ခွာလာခဲ့သော်လည်း ဘိုလိုဝတ်ကာ ဘိုစကား(သာ)ပြောပြီး မြန်မာစာ၊စကားမေ့သွားပြီပြောသူများ။
Related posts:


ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုပါ။ ကိုယ့်ကိုယ်ကို ဗမာလို့ပြောပြ၇မှာဝန်လေးကြတဲ့ နိုင်ငံ၇ပ်ခြားမွေး(မည်ကာမတ္တျမြန်မာ)များကိုမေးကြည့်တော့ မြန်မာကိုကမ္ဘာကသိပ်မသိကြလို့ လို့ဆိုပါတယ်။ စကားနဲ၇န်စဲ Chinese လို့ဆိုကြတဲ့သူတွေ၇ှိသလို Indians လို့လွယ်လွယ်ဖြေလိုက်ကြတာတွေလဲ၇ှိကြောင်းသိ၇ပါတယ်။ နောက်တခုကကိုယ့်လူမျိုးကိုအထင်သေးကြတာလဲပါနိုင်ပါတယ်၊ ကောင်သတင်းထက်မကောင်းသတင်းတွေသာ ဝေဆာနေတတ်တဲ့ မြန်မာပြည်ကသတင်းတွေက အလုပ်မှာ၊ ကျောင်းတွေမှာ လုပ်ဖေါ်ချင်းကတောင် မေး၇တဲ့အထိအောင်ပါဘဲ။ ဒီလိုသင်တန်းလေးတွေ၇ှိတော့ ကိုယ်ကိုယ်ကို ဗမာဆိုတာမမေ့တော့သလို တနေ့မှာကို့်ယ့်တိုင်းပြည်အတွက် ကိုယ်တတ်တဲ့ပညာနဲ့ ပြန်အကျိုးပြုနိုင်ကြမှာပါ။ နိုင်ငံတကာနဲ့ဆက်ဆံနိုင်တဲ့ပညာတွေနဲ့ပြည့်စုံပြီး၊ကိုယ့်နိုင်ငံကိုပြန်အကျိုးပြုချင်စိတ်၇ှိလာနိုင်ကြပါစေလို့ဆန္ဒပြုမိပါ၇ဲ့။
Was this answer helpful?
LikeDislikeမှတ်မိသလောက်ချရေးရရင်..။
”အိုချစ်လှစွာသော နှမကလေး။ ကျန်ုပ်မျက်နှာနှင့်လက်ကို ဆေးရအောင် ဇလုံတခုနှင့် ကောင်းသောရေကို ယူခဲ့စေချင်ပါသည်” ဆိုတဲ့ ဘိလပ်ပြန်ရဲ့ စကားကို ကြားနေမိခဲ့ပါတယ်။
အဲဒီလို မြန်မာစကားကို အိုးနင်းခွက်နင်း ..အဲ..ဇလုံနင်းခွက်နင်း..ပြောတာကမှ တော်သေးတာပေါ့နော..။
တကယ်က ဒီေ၇ာက်နေတဲ့ မြန်မာတွေ မွေးထားတဲ့ ကလေးတွေကို ဗမာစာ၊စကားသင်ပေးချင်စိတ် ရှိကြပါတယ်။ အခုလိုကျောင်းမျိုးက ရှိမှမရှိခဲ့တာကိုး၊ ဘုန်းတော်ကြီးတချီု့ ကတော့ အခြေခံဘာသာရေးနဲ့ရောပြီး သင်ပေးခဲ့ပုံရပေမဲ့ အခုလို ကျောင်းအုပ်နဲ့ ဆရာ၊ဆရာမတွေနဲ့ တိတိကျကျသင်ရိုးညွှန်းတန်းနဲ့လုပ်တာ တကယ်ကို ကျေးဇူးတင်မိတာပါ။
တတ်နိုင်ရင် ဗီဒီယိုရိုက်ပြီး အင်တာနက်ကနေ အဝေးသင် ပညာစံနစ်မျိုးတောင်လုပ်ပေးချင်မိပါရဲ့..။
Was this answer helpful?
LikeDislikeမြန်မာစာ၊မြန်မာစကားကို ထိန်းသိမ်းပေးကြမယ့်အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ။သင်ရိုးညွှန်းတန်းကို စိတ်ဝင်စားမိပါတယ်။ပညာရေးသုတေသနက ထုတ်ဖူးတဲ့ သင်ရိုးနဲ့တွဲမယ်ဆို ပိုကောင်းမယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeဆ၇ာမောင်စွမ်း၇ည်ကိုအကူအညီတောင်းကြည့်၇င် ပညာေ၇သုတေသနက ညွှန်းတမ်းတွေ၇နိုင်စ၇ာ၇ှိပါတယ်။
Was this answer helpful?
LikeDislikeမြန်မာစာတတ်စေချင်ရင်မြန်မာစာသင်ပုန်းကြီးကခောတ်အဆက်ဆက်ကိုတာ
ဝန်ယူပေးနေပါတယ်…..ခင်ဗျာ………..။နောက်ပြီးဘုန်းကြီးတွေကိုမေးပါ…..။
Was this answer helpful?
LikeDislike၀မ်းသာစရာသတင်းပါ
အကောင်းအသစ်တွေကို အရယူသင့်သလို
ကိုယ့်လူမျိုးရဲ့ အေ မွကိုလည်းထိန်းသင့်ပါတယ်
စာကို လည်းချစ်သင့်ပါတယ်
Was this answer helpful?
LikeDislike