Society & Lifestyle
။ မြင်ရတာ ပြောပြမယ်။ နားမလည်နိုင်တာလည်းပါတယ်။ ၈ နစ် ပေါင်းလာတယ်။ ကလေး ၁ ယောက်ရတယ်။ အဲဒီ အချိန်မှ သိရတယ် ။ နောက် တ ယောက် ရှိတယ် ဆိုတာကို ။ သူနဲ့မရခင်ထဲ ကအဲင်္ဒ လူနဲ့ဖြစ်နေတာ။ အဲဒီ မိန်းမက ၀န်ခံတယ်။ အဲဒီလူကို မပြတ် နိုင်ဘူးတဲ့။ အဲဒီ လူကိုပဲချစ်တယ်တဲ့။ နင်ပြတ်နိုင်လားမေးတော့ ပြတ် နိုင်တယ်တဲ့။ သူ့ယောက်ကျားက ကျန်တော့ သူငယ်ချင်း။ သူလည်းပဲ ကျန်တော့ သူငယ်ချင်း။ ကလေးမျက်နာ ကြည့်ပြီး ကျန်တော့သူငယ်ချင်းက ဆက်ပေါင်းနေတယ် ။ သူနဲ့ဖြစ်တဲ့သူက သူ့အမျိုးပဲ။ ထောင်ထွက် ၁၀၉.၁၁၀ လက်ကြောမတင်းဘူး။ ကျန်တော့ သူငယ်ချင်းက ဘွဲ့ရ ပညာတက် ၀င်ငွေရှိတယ်၊ ကြာရင် ၃၀၂ ဖြစ်မှာကြောက်ရတယ်။ မိန်းခလေးဘက်က အမျိုးတွေက ကောင်လေးဘက်မှာမရှိဘူး။ အစကတည်းက သူတို့တွေကဖံုးထားကြတာာ။ ပေါ်တော့ ကောင်လေးဘက်မှာမရှိဘုး။ ကောင်လေးသိတဲ့အချိန်မှာ စိးပွားပုက်သွားပြီ။ ကောင်လေးကသံယောဇဉ်ကြှီး တော့ ဆက်ပေါင်းနေတယ်။ ကဲ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ၊
–



အိမ်ထောင်ရေးရဲ့ အဓိကအကျဆုံး အကြောင်းပြချက်က ယောက်ျားနဲ့ မိန်းမကြားက အချစ်ပဲဖြစ်သင့်ပါတယ်။ ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်နဲ့ အိမ်ထောင်တစ်ခု ထူထောင်ဖို့ဆိုတာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။
Was this answer helpful?
LikeDislikeကြားထဲက ကလေးက သနားစရာ…
Was this answer helpful?
LikeDislikeလူ့ကျင့်ဝတ်ကိုဖောက်ဖျက်တဲ့မိန်းမ၊ အစကတည်းက ကိုယ့်အပေါ် ရိုးသားမှုမရှိတဲမိန်းမ၊ ဒီမိန်းမအုပ်ချုပ်မှုအောက်မှာကြီးပြင်းရမဲ့ကလေးအနာဂတ်မကောင်းဘူး၊ ခံစားချက်ကိုရှေ့တန်းတင်မယ်ဆိုရင်တော့ မှားမယ်ပေါ့၊ ချစ်လွန်လို့ပဲဖြစ်စေ၊ ကလဲ့စားချေချင်လို့ပဲဖြစ်စေ၊ဆက်ပေါင်းသင်းနေမယ်ဆိုရင်တော့ ကြားထဲက ကလေးနှစ်ခါနာဖြစ်တော့မှာပဲ။
Was this answer helpful?
LikeDislike