မင်ဂါပါဂျား..။

တူဒေး…လေဒီဗိုက်က ကျုပ်ကို ဒီမိုကဒေစီ ပေးထားသမို့ …အပျင်းပြေ စိတ်ပြေလက်ပျောက်

(စီးပွားရေးကလဲ နည်းနည်း ကျနေသမို့ ..) ပို့ စ်မတင် ဖြစ်တာလဲ ကြာပြီသမို့ ..

ဘာဖြစ်လို့ .ညာဖြစ်လို့ .ဆိုပြီး…တစ်ခုတင်ပါရစေပေါ့ဗျာ..။

အီဂါး စဂါးပလ္လင်။

 

ကျနော်လဲ အားအားယားယားရှိတာနဲ့ 

စာရေးတင်တဲ့အခါ ဘာကြောင့် ကွန်းမန့် တွေက အော့ဖ် ဖြစ်ပြီး ဘာကြောင့် % တွေနဲ့ စာတွေ တစ်ဝက်တစ်ပျက် ဖြစ်နေသလဲ ဆိုတာလေး အဖြေထုတ်ဖို့ စဉ်းစားမိပါတယ်။

စာအပြည့်မပေါ်၊ ကွန်းမန့် အော့ဖ် ပြဿနာဟာဘာကြောင့်ဖြစ်ရသလဲ အနော်လဲ သေချာမသိပါဘူး.. ။ တိန်…..

ဒါပေသိ ဖြစ်နိုင်မယ်ထင်တာလေးတော့ အကြံပေးခွင့်ပြုပါခင်ဗျား..။

 

1.Word Count

အတော်များများက စာရေးတဲ့အခါ  တစ်ခုခု ထဲမှာ အရင်ရေးထားပြီးမှ ဆိုဒ်မှာ New Post ခေါ်၊

Word ထဲကစာကို ပြန်ကူးပြီး Publish လုပ်ကြတယ်ထင်ပါတယ်..။

အဲဒီမှာ သတိထားမိလားမသိ..။

ကူးထည့်လိုက်တဲ့ စာတွေကတော့ Text Body ထဲမှာ အပြည့်ရှိတယ်..ဒါပေသိ..

အောက်နားက Word count  ဆိုတာလေးက 0 (သုည) ဖြစ်နေတယ်..

 

အောက်ကပုံထဲမှာ အနီနဲ့ ဝိုင်းပြထားပါတယ်..

 

အခုလို Zero ဖြစ်နေရင် အယ်ရာတက်နိုင်ပါတယ်..

အဲတာကို ဒီတိုင်းထားပြီး Publish လုပ်လိုက်မယ်ဆို တစ်ဝက်တစ်ပျက်တွေနဲ့  အပြည့်မပေါ်ပဲ ကြောင်သွားမယ်ထင်ပါတယ်.။

ဘာကြောင့်လဲဆိုတော့ Word count က အမှန်တိုင်း အလုပ်မလုပ်ဘူးလေ..။

စာလုံးအရေအတွက်ကို သူက အမှန်အကန် ရေတွက်ပေးနေရမှာ ။

စာတွေက အများကြီးရှိပြီး သူက ဇီးရိုးပြနေတာဟာ မူမမှန်တဲ့ ဖြစ်ရပ်ပေါ့။

 

ဖြေရှင်းဖို့ ကတော့ ပို့ စ် တင်တဲ့အကွက်ထဲကို စာတွေ ကူးထည့်ပြီးရင် ဟိုးအောက်ဆုံး စာကြောင်း အဆုံး ကို ကလစ်နှိပ်ပြီး Enter ခေါက်လိုက်ပါ။

စာကြောင်းအဆုံးမှာ Enter ခေါက်လိုက်တော့ Word count အမှန်တိုင်း အလုပ်လုပ်သွားပါတယ်

ဒါဆို Word count: က အမှန်အတိုင်း အလုပ်လုပ်သွားပြီမို့  တင်ပြီးတဲ့အခါ တစ်ဝက်တစ်ပျက်တွေ ပေါ်ဖို့  အခွင့်နည်းသွားပါဘီ..။ ( အထင် :lol: )

 

2.Connection

ဒါကတော့ အသေချာဆုံးပဲ ဟဲဟဲ..

အားလုံးရေးပြီး.. Category, Tag ထည့်ပြီး လယ်ဒီပဲ ဆိုပြီး ပို့ စ်ကိုလဲ ဒိန်းဆို Publish လဲ လုပ်ကော

အချိန်ကိုက် ကွန်နက်ရှင်က ကျ ။

သွားကောပေါ့ဗျာ.. :lol: ဟီး.ဟီး..

အဲတော့ စာတင်ဖို့  လယ်ဒီဖြစ်တဲ့အခါ ပတ်ဘလစ် မလုပ်ခင် ကွန်နက်ရှင် အခြေအနေလေး ကြည့်။

ကောင်းနေတဲ့ အနေအထားရှိရင် Publish လုပ်၊ ကျနေတဲ့အနေအထားဆို တက်တဲ့အထိစောင့်။

ဒါဆို အမှားယွင်း နည်းသွားပြီး အိုကေတဲ့ ပို့ စ်တစ်ခု ထွက်လာမှာ ဖြစ်ပါကြောင်း ခင်ဗျား..။ ( အထင် )

 

3.Browser

ကျနော်ဆို ဂူဂယ်ခရုမ်းသုံးလိုက်..မော်ဇီလာဖားဖောက်စ် သုံးလိုက်နဲ့ ပဲ..။

အခုရေးနေတာ Google Chrome နဲ့ ..

ပုံတင်ဖို့  Add media ကိုနှိပ်တော့ ဘာမှ ပေါ်မလာဘူး။

ကွန်နက်ရှင် မကောင်းတာလဲ ပါမပေါ့။အဲဒါနဲ့  Update ဖြစ်တဲ့ Mozilla Firefox ကို ထပ်ဖွင့်ပြီး

ပုံတင်ဖို့ ကြိုးစားရသပေါ့..။ပုံတင်တာ Firefox နဲ့ အိုကေသွားတယ်ပေါ့ဗျာ..။

ကျနော်တော့..လင့်ခ်တွေဖွင့်ရင် မြန်မြန်ပေါ်တတ်တဲ့ Google Chrome ကိုပဲအသုံးများပါတယ်..။

ပြောချင်တာက Browser Update ဖြစ်ဖို့ လဲ လိုပါတယ်ခင်ဗျား ပေါ့ဗျာ..။ ( အထင် )

 

အဲဒါဘာဘဲ..

 

စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် တင်ရန် ဂေဇက်ပို့ စ် ..ရို့ ..ရို့ ..

 

( နိုင်ဂံဂျားက အန်ခယ်လ်အူးလေး အန်ထီဂျီးဒေါ်တွေကိုပြောတာဟုတ်ဘူးနော်..

ပြည်တွင်းက ဆရာ့ဆရာ မဟာ ဂျွတ်စကွတ်တွေကိုလဲ ပြောတာမဟုတ်..

တားပြောတာက..မြန်ပြည်နတ်ကို အံတုလို့  ၊ စာရေးတာ ၀ါသနာပါလို့ ..ဘာမှ နားမလည်လို့ ၊

ရွာထဲမှာ အခြေချချင်လို့  စတဲ့.စတဲ့…ပို့ စ်မတင်တတ်သေးတဲ့ ဘိုးဒေါ်ဘွားဒေါ် အန်ခယ်လ် အူးလေး.. ဂျီးဒေါ် အန်တီတွေကို အဓိက ရည်ရွယ်ပြောပြပေးတာဖြစ်ပါတယ်.။ )

ကျေးဂျူးတင်ပါဒယ်.။

 

ပုံ၊

မြောင်းတကာ အူးဗိုက် ဘီအီးခိုက်

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး