OS အကြမ်းဖျင်း အမြည်းလေးတွေ
ယနေ့အိုင်တီခေတ်တွင်လူအများစုသည် Brand စုံ၊ဈေးနှန်းစုံ Computer မျိုးစုံတို့ကိုသုံးလာကြသည်။ထိုသို့တိုးတက်လာသည်မှာလည်းလျှော့ကျ၇န်မ၇ှိ၊တိုးပြီး၇င်းတိုးဘို့သာ၇ှိလာတော့သည်။
ထို့အတူ Software Application များစွာလည်းသူ့ထက်ငါအပြိုင်ထွက်ပေါ်လာကြသည်။ လူငယ်များကလည်း Computer များနှင့်ပက်သတ်လာလျှင်Professional ပိုပြီးဆန်လာကြသည်။
Application များစွာအကြောင်းကိုအသေးစိပ်သိကြသည်၊မသိလည်းသိ၇န်သင်တန်းတွေတက်ကြမေးကြမြန်းကြနှင့်ကြိုးစားကြသည်။သို့သော်အားလုံးသတိမထားကြမိသည်မှာ မိခင်ပင်၇ငှ်းApplication ကြီးဖြစ်သည့် Operating System များအကြောင်းဖြစ်သည်။ Operarting System သည်ထဲထဲဝင်ဝင်သိ၇န်ခက်သည်၊နက်၇ှိင်းသည်။သို့သော်အားလုံးအခြေခံအားဖြင့်သိသင့်သဖြင့်
လက်လှမ်းမိသမျှ မသိမဖြစ်အခြေခံအချက်လေးများကိုဖော်ပြလိုပါသည်။
Operating System ဆိုသည်မှာကွန်ပျူတာတစ်လုံးကိုထိန်းချုပ်၇န်အတွက်အခြေခံအကျဆုံး Software တစ်ခုပာုသတ်မှတ်နိင်ပါသည်။OS များတွင်အခြေခံအားဖြင့် အဓိကအားဖြင့် Function 3
ခု၇ှိပါသည်။ပထမတစ်ခုမှာ Hardware အစိတ်အပိုင်းတွေကိုညှိနှိုင်းပေးခြင်းနှင့်ကိုင်တွယ်စီမံခြင်းဖြစ်ပါသည်။ဥပမာအနေဖြင့်OS တစ်ခုသည် Printer, memory , disk ,mouse နဲ့ keyboard စ
တဲ့အခြေခံ Hardware တွေကိုထိန်းချုပ်၇ပါတယ်။ဒုတိယတစ်ခုကတော့ File များကိုထိန်းချုပ်စီမံ၇ပါသည်။ဥပမာအနေဖြင့် floppy disk, hard drive, compact disc, digital video disc စတာ
တွေကိုထိန်းချုပ်၇ပါတယ်။နောက်ဆုံးတစ်ခုကတော့ေ၇ှ့နှစ်ခုဖြစ်တယ့် Hardware Error တွေတက်လာ၇င် Data တွေ Loss ဖြစ်လာ၇င် Manage လုပ်၇ပါတယ်။ဒါကတော့အခြေခံ အချက်သုံးချက်
ပါ။အခြားလုပ်ဆောင်ချက်များစွာလည်း၇ှိပါသည်။
OS တွေဘယ်လိုအလုပ်လုပ်ကြသလဲ?
OS တစ်ခုသည် computer processes များကိုControl လုပ်၇ပါသည်။အေ၇းအပါဆုံးလုပ်ဆောင်ချက်တစ်ခုမှာ ညွန်ကြားချက် Commands များကို ဘာသာပြန်၇ခြင်းဖြစ်ပါသည်။
တစ်နည်းအားဖြင့် Interpret လုပ်သည်ပာုလည်းခေါ်ပါသည်။ထိုသို့ပြုလုပ်မှာသာUser နှင့် Computer ကြား ဆက်သွယ်နိင်မည်ဖြစ်သည်။Computer များသည် Machine Language ကိုသာနားလည်
ပါသည်။ Machine Language ဖြင့်သာတွက်ချက်ပြီး Machine Language ဖြင့်သာအဖြေထုတ်ပါသည်။ထို့နောက် User နားလည်နိင်စေ၇န် Text စာသားအဖြစ် Monitor တွင်ပြန်လည်ဖော်ပြပေးပါသည်။
ထို့အပြင် Graphic ပုံလေးများဖြင့်လည်းဖော်ပြပေးပါသည်။ဥပမာအားဖြင့် icon လေးများနှင့်ဖော်ပြပေးပြီး on screen picture လေးများနှင့်ပြန်လည်ဖော်ပြပေးပါသည်။OS များအားလုံးသည် Multitasking
ဖြစ်ကြပြီး Processes များစွာကိုတစ်ချိန်တည်းတွင်Run နိုင်ပါသည်။ဥပမာအားဖြင့် သင်MediaPlayer ဖွင့်ထားပြီး Notepad ဖြင့်လည်းစာ၇ိုက်နေနိင်သည်။Photoshop ကိုလည်းတစ်ချိန်တည်းတွင်ပင်
ဖွင့်ထားနိင်ပေလိမ့်မည်။
လက်၇ှိ OSများ?

လက်၇ှိကွန်ပျူတာများတွင်အများဆုံးသုံးနေသော OS များမှာ UNIX,Machintosh OS နှင့် Windows တို့ဖြစ်ကြပါသည်။ထိုထဲတွင် Windows သည်PC များ၏ ၉၅%ကျော်သိမ်းပိုက်ထားပြီး နာမည်ကျော်
OS တစ်ခုအဖြစ်၇ပ်တည်လျှက်၇ှိပါသည်။UNIX မှာမူ ၁၉၆၉ ခုနှစ်တွင် AT&T Bell Laboratories တွင် Developed လုပ်ခဲ့ခြင်းဖြစ်ပါသည်။UNIX သည် Academic Computer User များကြားတွင်အလွန်
နာမည်ကြီးသော OS တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် UNIX သည် Internet ဆိုသည့် Network တစ်ခုလုံးကြီးထွားလာအောင် Developed လုပ်ခဲ့သည် OS ဖြစ်သည်။ ယနေ့ထိ အင်တာနက်အတွက်သုံး
နေသော Software များသည်ကနဦးအစက UNIX OS နင့် Run သောကွန်ပျူတာများအတွက် Design ဆွဲခဲ့ခြင်းဖြစ်ပါသည်။ Windows အတွက်မပာုတ်ခဲ့ပါ။UNIX မှာဆိုလျှင်SunOS
(distributed by SUN Microsystems, Inc.), Xenix (distributed by Microsoft Corporation),နှင့် Linux (available for download free of charge and distributed commercially
by companies such as Red Hat, Inc.)တို့ပါဝင်ပါတယ်။UNIX မှာ၇ှိတဲ့ Command တွေပာာဆို၇င် Readily apparent မပာုတ်ပါဘူး။ System ကိုထိန်းချုပ်ဖို့လည်းခက်ပါတယ်။ဒါကြောင့်လည်း
Professional ကွန်ပျူတာသမားတွေကြားမှာနာမည်ကြီးပါတယ်။သာမာန်သုံး User များအဖို့အသုံးပြု၇န်ခက်ခဲပါသည်။သို့သော်လည်း UNIX တွင်အားသားချက်များစွာ၇ှိပါသည်။ Hacker အများစုသည်
လည်း UNIX ကိုသုံးစွဲကြပါသည်။
Windows နဲ့ Macintosh OS တွေကတော့ကွန်ပျူတာနည်းပညာကိုပိုမိုလွယ်ကူစွာချဉ်းကပ်စေနိင်ခဲ့ပါတယ်။အဘယ်ကြောင့်ဆိုသောပုံများIcon များပါဝင်သဖြင့် User Friendly ဖြစ်ခဲ့ပါတယ်။
သို့သော်လည်းယင်းသို့ Graphical Interfaces တွေသုံးဖို့ Hardware ပိုင်းအနေနှင့် ပိုမြန်သော CPU,size ပိုကြီးသောMemory နဲ့ Quality ကောင်းသောMonitorတွေကိုတော့လိုအပ်ပါတယ်။





ကိုယ်သိတာတွေ ပြန် share ပေးလို.ကျေးဇူးတင်ပါတယ် ko wai phyoe ရေ။ မဆက်တော.ဘူးလား။ အမြည်းလေးပဲလား။
Was this answer helpful?
LikeDislikeလောလောဆယ်တော့ အမြည်းလေးပဲ Sterေ၇………..နောက်နေ့မှ အ၀ အဝ
ပီား
Was this answer helpful?
LikeDislikeiOS သာသုံးပါသည်။
Was this answer helpful?
LikeDislikeLinux, Mac OSX တို့က Unix ကိုအခြေခံထားသော OS များဖြစ်သောကြောင့် Security တော်တော်လေး ကောင်းမွန်ပြီး၊ ကွန်ပျူတာရဲ့ Performance ကိုလဲ သိပ်မသုံးတာတွေ့ရပါတယ်…
အဲဒီလိုပဲ တော်တော် တည်ငြိမ်မှုကိုလဲပေးနိုင်ပါတယ်…
Linux ကတော့ စိတ်ကြိုက် Customize လုပ်နိုင်တဲ့ Open Source OS ဖြစ်တာက တစ်ကြောင်း၊ Server နဲ့ Professional တွေသာ အသုံးပြုဖို့အဆင်ပြေတာကြောင့် Linux ဟာ User တော်တော်များများလက်ထဲကို Client OS အနေနဲ့မရောက်ခဲ့ပါဘူး… အခု Ubuntu OS ဟာ Linux အခြေခံထားပြီး Desktop OS အပြင် Mobile OS အနေနဲ့ပါ ထိုးဖောက်ဖို့စီစဉ်နေတဲ့ OS တစ်ခုပါ…
Mac OSX ကတော့ နာမည်ရှိပြီးသား Apple ရဲ့ မူပိုင်OS တစ်ခုပါ… Apple Computer များမှာပဲ အများဆုံးတွေ့ရပြီး… ယခုအခါမှာတော့ PC ပေါ်မှာသုံးလို့ရအောင် Hacker တချို့က ပြုလုပ်နေကြပါပြီ… Mac OSX ရဲ့အဓိက အားနည်းချက်က OS ကို User စိတ်တိုင်းကျပြင်ဆင်ခွင့်ကို တော်တော်လေး
တင်းကြပ်ထားတာကိုတွေ့ရပါတယ်… ရွာထဲက Anti-Apple သမားဂီဂီ (ယခုတော့ iPad သုံးနေတယ်တဲ့) စကားနဲ့ပြောရရင် မုန့်ဟင်းခါးအကြော်စုံနဲ့ပေါ့ဗျာ… သာမာန် User တွေအတွက် အရမ်းလွယ်ပြီး Service အရမ်းကောင်းတာပါပဲ… ဒါပေမယ့် Software ရှားပါးတာရယ်… Apple Computer ဈေးကြီးတာတွေရယ်
ကြောင့် ဈေးကွက်ထဲမှာ ပရိတ်သတ်ရှိပေးမယ့် အရမ်းမပေါက်တဲ့ OS တစ်ခုပါ…
Ubuntu လဲ ထိုနည်းလည်းကောင်းပါပဲ… Apple ရဲ့ OSX ရော Linux အခြေခံ Ubuntu ရောက Unix ကိုအခြေခံလို့ တည်ငြိမ်တဲ့ Desktop User သုံး OS တွေပေါ့ဗျာ…
နောက်ဆုံး Windows ကတော့ တည်ငြိမ်မှုသိပ်မရှိပါဘူး… Windows 7 (၇)ခုမြောက်မျိုးဆက်အထိ… ပြသနာပေါင်းများစွာရင်ဆိုင်နေရသလို Virus တီထွင်သူတွေ အရမ်းမျက်စိကျတဲ့ OS တစ်ခု…. အဲဒီလိုပဲ Application ပေါင်းများစွာရှိနေပြီး OS ကို Customize အလုပ်နိုင်ဆုံး (ရိုးရိုး User တွေ Customize လုပ်နိုင်တာကိုပြောတာနော်)… ကျွန်ပျူတာအသုံးပြုသူ တော်တော်များများ ထိတွေ့နေရတဲ့ OS ပါ…
နောက်ထပ် OS တွေအကြောင်းပြောရရင်ဖြင့် အခုလောလောဆယ် အရမ်းခေတ်စားနေတဲ့ Mobile OS အကြောင်းကို ပြောရမှာဖြစ်ပါတယ်…
အခုလောလောဆယ် Mobile လောကမှာ အရမ်းခေတ်စားနေတာကတော့ iOS နဲ့ Android ပါပဲ
Apple ရဲ့ Mobile Device တွေအတွက်ထုတ်ထားတဲ့ iOS ကတော့ လောလောဆယ်အနေအထားအရ… Application နဲ့ Games အပေါများဆုံး၊ တည်ငြိမ်မှု အရှိဆုံး OS တစ်ခုလို့ပြောရမှာဖြစ်ပါတယ်… သူ့ရဲ့အားနည်းချက်ကတော့ ထုံးစံအတိုင်း Customize လုပ်ခွင့်အရမ်းနည်းတာပါပဲ…
Google က ထုတ်လိုက်တဲ့ Android OS ကတော့ Budget Smart Phone တွေကနေ ဈေးကြီးတဲ့ ဖုန်းတွေအထိ သုံးနေတဲ့ OS တစ်ခုပါ… စားစရာနာမည်တွေနဲ့ထုတ်ထားတဲ့ Android ကတော့ဖြင့် Version 4 Ice cream Sandwich အထိထွက်ရှိခဲ့ပြီး တော်တော်များများသုံးနေတဲ့ OS တစ်ခုပါပဲ…
ခေတ်ဟောင်းတုန်းက နာမည်ရှိခဲ့တဲ့ Nokia ရဲ့ Sybiam OS တို့ Java အခြေခံ OS တွေကတော့ အခုအချိန်မှာ နေ၀င်ချိန်ရောက်သွားပါပြီ…
ကဲ… OS အကြောင်းကို လက်လှမ်းမီသလောက် အ၀ကျွေးသွားပါတယ်နော်…
ပိုစ့်ပိုင်ရှင် အစ်ကိုကြီးက အမြည်းပဲပေးသွားလို့ပါ…
စေတနာဗရပွနှင့်
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeOS အကြောင်း ပြောရင် Kernel ကိုချန်မထားစကောင်းလို့
ကာနေး ဘက်ကနေ အားဖြည့်မလား လို့ စဉ်းစားမိသေးရဲ့ …
ဒါပေသိ ..အပျင်းကြီးနေတာ က တကြောင်းမို့ …
ဖောရှော ပဲ ၀င်ပြောတော့မယ်ဗျာ …
ကာနေး ဖွင့်ထားလွန်းပြန်ရင်လည်း စကျူရတီ ပိုင်း စံမမီဘူး ဖြစ်မယ်
ပိတ်ထား ပြန်လွန်းရင်လည်း မနော့ပလီ ဆော့တယ် ဖြစ်မယ်…
ဆိုတော့ ဘဲလင့်န်စ့် လေးတွေ တော့ ရှိရမှာပေါ့နော…
အဲ့ဒါရှိတဲ့ အိုအက်စ် က အိုအက်စ်ကောင်း လို့ ဆိုနိုင်မှာပေါ့ …
သများ ဘယ်တုန်းက အန်တီအဲပဲလ် ဖြစ်သွားပါလိမ့် အာကိုဂျီးရယ်…
ပန်းသီးဟာ အချစ်ဦး ပန်းသီးဟာ အချစ်ဟောင်း …
ပန်းသီးထက် ကောင်းတာ နောက်ထွက်တဲ့ ပန်းသီးပဲ ရှိ….
ဂလိုမျိုး ခံယူထားသူပါဗျာ…
(ဟိုလူဂျီးဒွေ ကို ဘိရုမာ လို ဖတ်တတ်စေဂျင် ဖတ်မိဇေဂျင် ပါဂျောင်း)
အိုဘယ့် ရတီနာ ဒစ္စပ္ပလေး နဲ့ မက်ပရိုလေး ရယ်…
တောင်ကြောင် အိုအက်စ် အစ်စ် သည် ဘက်စ်…
(သို့သော် ..ပြတင်းပေါက်-၈ မထွက်ခင် အထိသာ)
အာဟိ
ဒက်ဂလောက်
Was this answer helpful?
LikeDislikeကာနဲကိစ္စထည့်ပြောဦးမလို့…
အရီးလတ်ပြောသလို စက်တွေနဲ့ စကားပြောတာများတော့ စက်စကားတွေချည်းထွက်တယ်လို့ အပြောခံရမှာစိုးလို့ လူသားဆန်ဆန်လေးပြောကြည့်တာ…
အခုတော့ ပြူတင်းပေါက် ၈မထွက်ခင်အထိ ပန်းသီးကို ချစ်နေဦးမယ်ပေါ့လေ…
ငါ့ Macbook လေးတော့ မော်ဒယ်အောက်ပါပြီ…
ပန်းသီးချစ်သူ
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeအရီးလတ် က သူများသာပြောတာ…
သူ့ ပိုစ့်ကျ အစ်ဗ် ကလော့စ်တွေနဲ့ အိုင်ထရေးရင်း စစ်တယ်…
ဂယ်….
အရီးလတ်ချစ်ချစ် တော့ သနားပါတယ်…
မကြာခန ဗယ်လီဒိတ် ချက်မယ် ..ကွန်ဒစ်ရှင် စစ်မယ်. ..အက်ဖိုက် နှိပ် မယ် ..
အဲ .. ပလိုဂလမ်မာပီပီ အန်းတား ခေါက်တာလည်း ကြမ်းမယ်
(ရေသွားသောက်ဦးမယ်အေ… )
ပြန်လာမှ အိုင်တီပလို တွေ မကောင်းကြောင်း အတင်းဆက်ချရအောင်…
Was this answer helpful?
LikeDislikeကျုပ်ကတော့ ဖတ်ရုံဘဲ ဖတ်တတ်တယ်ဗျို့ ။
နောက်ထပ်ဆက်ရေးပေးပါအုန်း ။ အားပေးပါအိ ။
Was this answer helpful?
LikeDislikeနောက်လဲတင်ပေးပါဗျာ….
Was this answer helpful?
LikeDislikesomebody told us about myanmar os (myanmar language os)
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်ရှင် နောက်လဲမျှဝေပါဦးနော်
Was this answer helpful?
LikeDislikeကျနော်လဲ ပန်းသီးဘဲ မစားချင်စားချင်နဲ့ ဆက်စားပါတော့မည်။
Was this answer helpful?
LikeDislikeLinux ပါ .. သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် Microsoft ကိုမခွာနိုင်ဖြစ်နေရပါသည် ဟိဟိ
Was this answer helpful?
LikeDislike