သတင်း မီဒီသမားများ သတိ….
သတင်းမီဒီယာ သမားများ ဘယ်နေရာကရပ်တည်မလဲ…
ကျူးကျော်ရပ်ကွက် ကို စည်းကမ်းမဲ့လို့ ဖျက်ခိုင်းတာကို
အဖျက်ခံရတဲ့ သူတွေ နေစရာမရှိတော့ဘူးဆိုပြီး သူတို့ဘဝ ပျက်ပါပြီဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။
မဆလခေတ်ကတည်းက စက်ရုံတွေက အလုပ်မရှိခန့်ထားတဲ့ ပိုလျှံဝန်ထမ်းတွေ
ဖြုတ်ပစ်ခံခဲ့ရတဲ့ အတွက် သူတို့တွေ ဒုက္ခရော်နေပါပြီ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။
လမ်းဘေး ကျူးကျော် ဈေးသည်တွေ ပလက်ဖေါင်း ဈေးသည်တွေကို
ဖယ်ရှားရှင်းလင်းရေးတွေ လုပ်တာကြောင့် လမ်းဘေးဈေးသည်တွေ
ဈေးမရောင်းရလို့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါပြီလို့ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။
စည်းကမ်းမဲ့လို့ စည်းကမ်းမရှိလို့ အခြားသူတွေကို ဒုက္ခရောက်စေလို့
ကိုယ့်စီးပွါး တခုထည်းကြည့်ပြီးလုပ်ချင်ရာ လုပ်နေသူတွေကို
တရားဥပဒေနဲ့ အညီ အရေးယူမှုတွေကြောင့် အဲဒီလူတွေ ဒုက္ခရောက်နေပြီ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။
ဒါကြောင့်ပါ…
မီဒီယာသမားတွေ
ကိုယ်ပြောလိုက်တဲ့ သတင်းဟာ..
ကိုယ်ရေးလိုက်တဲ့သတင်းဟာ..
ကိုယ်ဖွလိုက်တဲ့ အကြောင်းဟာ…
ခံရတဲ့သူတွေဖက်က အမှန် ခံရတာဖြစ်ပေမဲ့ တကယ် တရားဥပဒေနဲ့ညီရဲ့လား…
နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးအတွက် အကျိုးရှိရဲ့လား..ဆိုတာ စဉ်းစားစေချင်တယ် ။
facebook မှ ကူးယူ တင်ပြပါသည် ။



ဂျာနယ်တွေ ထဲမှာ ဖတ်ဖတ်နေရတာတွေက
တခါတလေ တဖက်စောင်းနင်း
ဖြစ်နေတတ်တော့ ဒါလေး တွေးမိတာပါ ။
Was this answer helpful?
LikeDislikeမှန်တယ်ဗျာ အဲ့ဒီသတင်းတွေထဲမှာ မကြိုက်ဆုံးကတော့ ပာံသာဝတီ ကားကွင်းကှိုဖျက်ခိုင်းလို့ ဂျာနယ်ထဲထည့်တာအဆိုးဆုံးပဲ မသိ၇င်မြန်မာပြည်က ကားပွဲစားတွေမ၇ှိတော့၇င်ပဲပျက်တော့မလိုလို
ပာံသာဝတီက တိုင်းပြည်ကြီးအတွက်ပဲ ပိုက်ဆံတွေအများကြီး၇ှာပေးနေသလိုလို ကားပွဲစားတွေ အနှစ်နှစ်ဆယ် ကျော်လောက် လိမ်စားမြိုစို့တာတွေ တော့မပြောဘူး တောေ၇ာပေါ့ နှစ်၂၀ လုပ်စားလာတာ
တခြားသူတွေအတွက်လည်းအလှည့်လေးပေး၇မှာပေါ့ မပာုတ်ဘူးလား
Was this answer helpful?
LikeDislikeဟံသာဝတီ ကားပွဲစားတန်း ဖျက်တော့မှာလား ၊ မသိသေးလို့ပါ ၊
ပြီးရင် ဘယ်ကိုပို့ဦးမလဲ မသိနော် ၊
Was this answer helpful?
LikeDislikeဒီနှစ်တော.မဖျက်သေးဘူးလို. ကြားပါတယ်။ ပြောင်းရင်လဲ ယာဉ်အသွားအလာမကျပ်တဲ.နေရာမျိုး၊ သိပ်လဲမဝေးတဲ. နေရာမျိုးမှာ သပ်သပ်ရပ်ရပ် ယာဉ်ရောင်းဝယ်ရေးစခန်း လုပ်ပေးသင်.ပါတယ်။ ဒါမှ ရောင်းချင်၊ ၀ယ်ချင်တဲ.သူတွေ အဆင်ပြေနိုင်မှာ။ အခုတော. ရောင်းမယ်.ကားတွေနဲ.ပဲ ပြည်.နေတော. ၀ယ်မယ်.သူတွေက ဘယ်လိုဝင်ရမှန်းတောင် သိမှာမဟုတ်ဖူး။
Was this answer helpful?
LikeDislikeWai Phyoe ရေ၊ အမှန်ဘဲ ကားပွဲစားတွေ လိမ်စား၊ရိုက်စားတာတွေကျတော့ ဂျာနယ်တွေထဲရေးတာမပါဘူး။ အဲဒါကြတော့ မောင်၊မယ် မီဒီယာသမားတွေ မသိတာလား၊မသိချင်ယောင် ဆောင်တာလား၊ မရေးချင်တာလား၊ မရေးရဲတာလား တစ်ခုခုဘဲလေ—-။
Was this answer helpful?
LikeDislikeပန်းလှိုင်တံတား နားမှာ အရင်က အိမ်မရှိ ဘာမရှိ ကွင်းပြောင်ပြောင်ကြီး တနေ့က သွားတော့ အဲဒီမှာ တဲအိမ်တွေ အဖီထိုးပြီး ဆောက် ထားတာ ရပ်ကွက် တခု စာလောက် ဖြစ်နေပြီ။
အစိုးရ အပိုင်မြေမှာ ကျူးကျော်နေကြတာလို့ ထင်တာပဲ.. ဟုတ်မဟုတ်တော့ မသိဘူးနော်.. အဲဒီမှာ လုပ်ငန်းခွင် ၀င်နေတဲ့ လုပ်သားတွေ ယာယီ တဲထိုးနေကြတာလည်း ဖြစ်နိုင်တယ်။
အမှန်တော့ တအိမ်စပြီး နေရင် သက်ဆိုင်ရာက ချက်ချင်း ဖယ်ခိုင်းရင် အဲလို ပြသနာ မဖြစ်ဘူး ဘာကိစ္စမှ မရှိလို့ ကြည့်နေရင်းနဲ့ အိမ်တွေ များလာတော့ လူတွေ စည်ပြီး ဖယ်ခိုင်း ဖျက်ခိုင်း လုပ်လည်း လုပ်ရော သတင်းတွေ တက်လာကြရော..
Was this answer helpful?
LikeDislikeဟုတ်ပါတယ် ။ ပြသနာဖြစ်မှဆို ရှင်းရခက်တော့တာဘဲ ။
ဒီကြားထဲ မီဒီယာတွေက အဲဒီမှာနေတဲ့သူတွေဘက်က လိုက်ရေးပြီး
တာဝန်ရှိသူတွေကို ဆော်တော့တာဘဲ။
Was this answer helpful?
LikeDislikeစည်းကမ်းမရှိ တွေ.တဲ.နေရာမှာ ကျူးကျော်ဝင်မနေသင်.သလို တာဝန်ရှိသူတွေအနေနဲ.လဲ ရပ်ကွက်ကြီး တစ်ခုဖြစ်လာတဲ.အထိ စောင်.ကြည်.မနေသင်.ဘူး ထင်ပါတယ်။ တစ်အိမ်စ၊ နှစ်အိမ်စ ကနေ( တာဝန်ရှိသူတွေ မသိတာလား၊ ဘယ်လိုပုံစံလဲတော. မသိဘူး ) ကျူးကျော်ရပ်ကွက် ဆိုတာကြီးတွေ ဖြစ်သွားတယ် ထင်တာပဲ။ အဲဒီအချိန်မှ ဖျက်ခိုင်းတော. ခက်တာပေါ.။
Was this answer helpful?
LikeDislikeဟုတ်တယ် ။
တာဝန်ရှိသူတွေ တာဝန်မဲ့ လာဘ်စားတဲ့ ကိစ္စတွေ ကြောင့် မဖြစ်သင့်တာတွေ
ဖြစ်ရတဲ့အကြောင်းတွေ အများကြီးဘဲ ။
ဒါကလဲ တိကျတဲ့ ဥပဒေ ပြဌာန်းထားတာတွေ မရှိတာ..
ရှိတဲ့ဟာတွေကို မလေးစားတာတွေကြောင့်ပေါ့။
Was this answer helpful?
LikeDislikeသတင်းသမားဆိုတာ.. ဆင်းရဲတဲ့ ပြည်သူတွေဖက်ကလဲ လိုက်ရေးဖို့ ထောက်ခံဖို့ မဟုတ်ရဘူး။
အစိုးရဖက်ကလဲ လိုက်ရေးဖို့ ထောက်ခံဖို့ မလုပ်သင့်ဘူး။
နိုင်ငံရဲ့ ဥပဒေဘက်က အတိအကျ ရေးသားတင်သင့်တယ်။ နိုင်ငံရဲ့ ဥပဒေတွေနဲ့ ပြည်သူတွေကို အသိပေးပြီး လမ်းညွှန်နေသင့်တယ်။
ကျူးတဲ စတဲ့ ကိစ္စတွေမှာ သတင်းသမားတွေ နိုင်ငံရေးသမားတွေဟာ ဆင်းရဲတဲ့ ပြည်သူတွေဖက်က အဓိက လိုက်ချင်ကြတယ်။
Was this answer helpful?
LikeDislike“ကျူးတဲ စတဲ့ ကိစ္စတွေမှာ သတင်းသမားတွေ နိုင်ငံရေးသမားတွေဟာ ဆင်းရဲတဲ့ ပြည်သူတွေဖက်က အဓိက လိုက်ချင်ကြတယ်”
လိုက်ရေးတယ်ဆိုကထဲက သတင်းသမားကျင့်ဝတ် ပျက်ပြီပေါ့ဗျာ…
သတင်းသမားဆိုတာ………………. ပေါ့ဗျာ…။
Was this answer helpful?
LikeDislikeကိုနွေဦးရေ ….
ဓါးသွားထက် ကလောင်သွားပိုထက်တယ်ဆိုတာ ဒါမျိုးကိုပြောခဲ့ကြတာ ထင်ပါရဲ့ …. ။
တချို့သောမီဒီယာတွေပေါ့နော် …. သတင်းဘက်လိုက်ရေးတာမျိုး ရှိကြတယ် … ။ သတင်းဖြစ်ရပ်မှန်ထက် .. သူတို့ရဲ့ စိတ်ခံစားချက် အလိုက်အတိုင်း တိမ်းပြီးရေးကြတာမျိုးပေါ့ … ။ သဘောထား တိုက်ဆိုင်သူရှိလျှင် အဲ့ဒီသတင်းကို ကြိုက်ကြမယ် .. သဘောထား ကွဲလွဲသူရှိလျှင် … သတင်းရေးသူကို မျက်နှာလိုက်တယ်ပြောပြီး အပြစ်ဖို့မယ် … ။ ဒါမျိုးတွေလည်း ရှိတယ် … ။ ဒါကြောင့် ထင်ပါရဲ့ … သဂျီးဟိုတလောက … ရေးတဲ့ ကော့မန့်တစ်ခုမှာလား ၊ ပို့စ်တပုဒ်မှာလား…. မြင်မိတယ် … သတင်းရေးတဲ့အခါ … သတင်းလိုပဲရေးဖို့ပေါ့နော် .. စာရေးသူ့ရဲ့ အမြင်ဘက်က ထည့်မရေးဖို့ ဒါလေးတွေပါ … ။
သတင်းဆိုတာမျိုးက သတင်းလိုပဲ ရေးသင့်ပါတယ် … သတင်းကနေ စာရေးသူအာဘော်ထည့်ရေးတဲ့အခါ .. သရော်စာ ဆန်ဆန်တွေ ဖြစ်သွားတတ်ပြန်ရော .. ဒီတော့လေ .. ဘာလေးပဲ ဖတ်ဖတ် .. ချင့်ယုံသင့်တာပေါ့ ။
Was this answer helpful?
LikeDislikeကျွန်တော့်အမြင်ပေါ့နော်
သတင်းရေးသူတွေဟာ သတင်းရေးတဲ့အပေါ်မှာ ကိုယ်ကျိုး ဖက်နေကြသလားလို့ပါ ။
သူ့သတင်းကြောင့် သူ ထင်ပေါ်ချင်တာရယ် သူကိုယ်စားပြုတဲ့ သတင်းဌာန နေရာတခု
ရဘို့အတွက် သတင်းကို လိုသလို ဆွဲရေးနေတယ်ထင်တာဘဲ..။
Was this answer helpful?
LikeDisliked နေရာမှာ သိပ်မကြာသေးခင်က facebook မှာ hot ဖြစ်ခဲ့တဲ့ သတိပေးကြေငြာချက် vinyl ပုံလေးကို သတိရမိတယ်။
မုံရွာမြို့လွှတ်တော်အဆောက်အဦးဘေးနားက မြေကွက်ပိုင်ရှင် က ခံစားချက် ပြင်းပြင်းနဲ့ရေးထားတဲ့ပုံပါ။
သူ့မြေဟာ အလကားရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာ မဟုတ်လို့ မကျူးကျော်ဖို့ သတိပေးးတာပေါ့။
အဲdလိုပါဘဲ ။ ရိုးရိုးသားသားနဲ့ မြေဝယ်ထားကြတဲ့ လူမှန်သမျှ ကိုယ့်မြေကို ဘယ်သူမှ ကျူးကျော်တာကို ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။
Was this answer helpful?
LikeDislikeဒါမျိုးကျတော့ ဂျာနယ်တွေက နှုတ်ဆိတ်နေကြတယ်မလား။
မြေပိုင်ရှင်ရဲ့ ခံစားချက် ပွင့်အံလာတာကို ဘယ်မီဒီယာက ထောက်ခံရေးသလဲ ။
အမှန်ကိုရေးမယ်ဆို ဒါ အမှန်ပါဘဲ ဘာလို့မရေးကြလဲ .ကြောက်တာလား ပေါ့..။
Was this answer helpful?
LikeDislikeတော်တော်ကောင်းတဲ့ ပို့စ် ကြီးပါ
ဒါကြောင့် ဆရာ့ဆရာကြီးတွေက ပြောပါတယ်
သတင်းရေးသားတဲ့ အတတ်ပညာ ဟာမလွယ်ဘူးလို့…
ကြုံတုံး တစ်ခုလောက် စပ်စုချင်ပါတယ်…ပို့စ် နဲ့မဆိုင်ပါ
နိုင်ငံတော် ဆိုတဲ့ဝေါဟာရ ကိုဘယ်လိုများ သဘောပေါက်ပါသလဲ
ကျွန်တော်တို့ ဘယ်လိုခံယူ ကျင့်သုံးရမလဲ? သူကြီးရော၊ ရွာသူရွာသားများရော
နွေဦးရော အားလုံးဝိုင်းဝန်း ပါဝင်ဆွေးနွေးပေးကြပါဦး ခင်ဗျာ
ရွာထဲက ပညာလိုချင်တဲ့ အောင်…
Was this answer helpful?
LikeDislikeနိုင်ငံတော် ဆိုတာ
လူတော်တွေ စုနေတဲ့ နိုင်ငံကိုခေါ်တာပါ။
လူတွေက တော် တော့ နိုင်ငံ ကပါ တော်လာတာလေ..။
ပညာလိုချင်လို့ ရွာထဲမှာရှာရင် ဗြုပ်စဗျင်းဒေါင်း တွေ ရသွားအုံးမယ် ။
စားသတိ သွား သတိ ကိုယ့်လူရေ့ ။
Was this answer helpful?
LikeDislikeသူကြီး
ခရီး များထွက်သွားသလား? ကျန်တဲ့ ရွာသူရွာသားတွေကလည်း
အလည်လာကာစ ရွာသားလေး ကို ဂရုစိုက်မပေး ကြဘူး နော်..
မီဒီယာ တွေကိုထိမ်းကျောင်း ပေးနေတဲ့ ပို့စ် ပိုင်ရှင်ကြီးကတော့
နိုင်ငံတော် ဆိုတာ လူတော်တွေ စုနေတဲ့ နိုင်ငံကိုခေါ်တာပါတဲ့ ခင်ဗျာ့( ဟုတ်ရဲ့လားခင်ဗျာ့)
ပညာလိုချင်လို့ ရွာထဲမှာရှာရင် ဗြုပ်စဗျင်းဒေါင်း တွေ ရသွားအုံးမယ် လို့ ပြောတယ် ခင်ဗျာ့
ရွာထဲမှာ ကိုနွေဦး ပြောသလို ဗြုပ်စဗျင်းဒေါင်း တွေဘဲ ရှိတာလား ခင်ဗျာ့
စားသတိ သွားသတိ ကိုယ့်လူရေ့ လို့ ပြောပါတယ် ခင်ဗျာ့
ရွာထဲမှာ အန္တရာယ်ပေးမယ့် လူဆိုး လူမိုက်တွေ တော်တော်များသလား ခင်ဗျာ့
ရွာထဲက ထွက်ပြေးသင့်ရင်လည်း ထွက်ပြေးရအောင် သူကြီး နဲ့တကွ ရွာသူရွာသားများ
ဖြေပေးကြပါဦး ခင်ဗျာ့
Was this answer helpful?
LikeDislikeဟားဟား… ကျုပ်လိုလူစား..အများကြီးဗျ..။
တယောက်က စလိုက် တယောက်က ချွန်လိုက်
တယောက်က ဖိလိုက် တယောက်က ဟောက်လိုက် နဲ့
လူကြီးဆိုပြီး အတည်ပေါက်နဲ့ နောက်တဲ့လူလဲရှိရဲ့ ..
ပျော်စရာ ရွာကြီးပါဗျာ… ထွက်တော့မပြေးပါနဲ့..
နောက်ဆို အေးဆေးဖြစ်သွားမှာပါ ..။
Was this answer helpful?
LikeDislikeကျွန်တော်လဲတစ်ခုလောက်ဝင်ပြောပါရစေ…ဖြည့်စွက်ပေးတာပါ သူတို့ကတော့ကျူးကျော်နေလို့စည်းကမ်း
မဲ့တယ်ပြောရမယ် ဗိုလ်ချုပ်တွေ နေရာကောင်းကောင်းတွေမှာ အကွက်အကွင်းကျကျနေရာတွေမှာ ဘယ်သူ့
အမိန့်မှမယူဘဲ သူတို့ပိုင်တဲ့မြေလို ခပ်တည်တည်နဲ့တိုက်ဆောက်ဟိုတယ်ဆောက်တာတွေကိုရောဘာပြော
မလဲ သူတို့ဆောက်တဲ့နေရာတွေက ကျူးကျော်ရပ်ကွက်တစ်ခုစာလောက်ရှိပါတယ် ကျူးကျော်ရပ်ကွက်ကို
သူတို့အမိန့်နဲ့ဖယ်ခိုင်းလို့ရပါတယ် သူတို့ဆောက်ထားတဲ့နေရာတွေကိုတော့ ဘယ်သူအမိန့်နဲ့မှဖယ်ခိုင်းလို့
မရပါဘူး..။
Was this answer helpful?
LikeDislikeသူတို့အတွက်ကတော့ လောကဓံ တရားက ဆုံးမပါလိမ့်မယ်..။
ခုလဲ သူတို့လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးပေးကို မြင်နေရတယ်မလား..။
တဖြုတ်ဖြုတ်နဲ့ သွားနေကြတာ..။ သူအကုသိုလ် ကို ကိုယ့်ဖက် မရောက်စေနဲ့ပေါ့နော်..။
Was this answer helpful?
LikeDislike