ကိုရီးယားဆိုတာကလည်း ရုပ်ရှင်ထဲကလို နူးနူးညံ့ညံ့လေးလဲဟုတ်ဖူး
Yangon Media Group ကနေရတဲ့ သတင်းလေးပါ…….
ယုဇနဟိုတယ်တွင် ကိုရီးယားအမျိုးသားက အမျိုးသမီးကို သတ်မှုဖြစ်ပွား
ရန်ကုန်၊ ယုဇနဟိုတယ်တွင် တည်းခိုနေသော ကိုရီးယားလင်မယားမှ
အမျိုးသားဖြစ်သူက အမျိုးသမီးအား အိပ် နေရင်းဓားဖြင့်ထိုးသတ်မှု ဇွန်
၂၀(ယနေ့) နံနက် ၃နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယုဇနဟိုတယ် အခန်း ၈၀၅ တွင် ဧည့်ဗီဇာဖြင့် နေထိုင်လျက်ရှိသည့်
တောင်ကိုရီးယား လူမျိုးများဖြစ်သည့် မစ္စတာကင်ညောင်တိတ်(၅၈နှစ်)က
မိမိအမျိုးသမီးဖြစ်သူ မစ္စစ်ကင်ဘွန်နန်အား အိပ်နေရင်း အကြောင်းမဲ့
ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
လူသတ်မှုကျူးလွန်သူ မစ္စတာကင်ညောင်တိတ်အား ယခုအခါ ဗဟန်းရဲစခန်းတွင်
ဖမ်းဆီးထိမ်းသိမ်းထားပြီး သက်ဆိုင်ရာနိုင်ငံမှ သံအရာရှိများကို
အကြောင်းကြားထားပြီး မကြာမီအမှုဖွင့်အရေးယူသွားရန်စီစဉ်လျက်ရှိ ကြောင်း
သိရသည်။
မစ္စတာကင်ညောင်တိတ်သည်သေဆုံးသူအား ဓားဖြင့်ထိုး သတ်အပြီးတွင် ဗိုက်ခွဲကာ
အူများကို ဆွဲထုတ်ထားကြောင်း စုံစမ်းသိရှိရသည်။
သောင်းထွန်းReporter:Yangon Media Group
****************************************************************
ကြောက်တောင်လာပီ……အူပါဆွဲထုတ်တယ်ဆိုတော့ကား………………..



ဘုရား..ဘုရား..
ဂေါက်သွားတာလား..
အသဲပေါက်သွားတာလား..
ဘာလား.ညာလား….
အတော်တော့ ကြမ်းသွားတာဘဲ..
eek
Was this answer helpful?
LikeDislikeဟိုက်… ဆိုးဆိုးဝါးဝါးပါလား။
သူမိန်းမ ဘာကိုဖွတ်ထားလဲမှမသိတာ။ ရှာတာမရတော့တဲ့အဆုံး ဗိုက်ထဲမှာရှိမယ်လို့ယူဆလို့နဲ့တူတယ်။ :-)
Was this answer helpful?
LikeDislikeပုံပြင်ထဲကလိုမျိုး
တစ်နေ့ရွှေဥတစ်လုံး ဥပေးတဲ့ မိန်းမဖြစ်ခဲ့ရင်
အိုပါးတော့ နားခါးပြီ။
Was this answer helpful?
LikeDislikeသတင်းအမှန်က သူ့ကိုချစ်တဲ့အချစ်တွေ မနက်ပိုင်းအီအီးပါရင်း စွန့်လွှတ်တော့မယ်ပြောလို့တဲ့ အီအီးမပါနိုင်အောင် ဗိုက်ခွဲပြီး အူထုတ်ထားတာ ဗြဲ
Was this answer helpful?
LikeDislikeစိတ်ရောဂါ ရှိတဲ့ လူနဲ့ တူတယ်။
အူတွေ ဆွဲ ထုတ် ထားတယ် ဆိုတော့ တမျိုးကြီးပဲ။
Was this answer helpful?
LikeDislikeမိန်းမတွေ အူတိုမတို လေ့လာတာထင်ပ…..ဒီလူကြည်.ရတာ လက်တွေ.သမားနဲ.တူတယ်…..။
Was this answer helpful?
LikeDislikeဆေးကြောင်တာများလား
လွတ်နေတယ်ထင်ပ့ါ
ဂေါက်သီးမို့လုပ်တာပေါ့ အူထုတ်တဲ့ကိစ္စက
မကျေနပ်ရင် သတ်ရုံပဲကို
Was this answer helpful?
LikeDislikeတိန်..
တခုခု ချည်ဖို့ကြိုးမရှိလို့ ထင်တယ်။
မိန်းမတွေက ယောက်ျားတွေထက်
ဘယ်နှစ်ပေရှည်တယ်ဆိုလားပဲ..ကြားဖူးတယ်
Was this answer helpful?
LikeDislikeဘယ်လိုများဖြစ်ရပြန်တာလဲနော် …. ။ မြန်မာနိုင်ငံက ရဲတွေကို အလုပ်လာပေးနေတယ် …. ။
သူများ နိုင်ငံလာပြီး တစ်ကုတင်တည်း အတူအိပ် ၊ အိပ်မောကျမှ လူသတ် ၊ အူစွဲထုတ်တယ်ဆိုတော့ …. ဘုရား ဘုရား … ဆားပုလင်း နှင်းမောင် တကယ်ရှိတယ်လို့များ ………. ထင်နေလေရော့လား …
Was this answer helpful?
LikeDislikeဘာတွေများဒီလောက် နာကြည်းချက်ပြင်းနေပါလိမ့် …
Was this answer helpful?
LikeDislikeသတင်းထူးဘဲဗျာ။ ဟိုတယ်တော့နေရင်းထိုင်ရင်း အကုသိုလ်ဝင်တာဘဲ၊
Was this answer helpful?
LikeDislikeဓာတ်ဆီလောင်းပြီး မီးရှို့တာထက် ဆိုးသွားပြီ။ ဘယ်ကတည်းက အငြှိုးနဲ့များ လုပ်ရက်လေသလဲ…
Was this answer helpful?
LikeDislikeအကြောင်းမဲ့တော့ မသတ်လောက်ပါဘူး။ တစ်ခုခုတော့ ရှိမှာပေါ့။ ဒါမှမဟုတ် ဒီလူက စိတ်ကော မှန်ရဲ့လား။ တချို့ကျတော့ အိပ်မက်မက်ရင်း ယောင်တာရှိသေးတယ်လေ… စိတ်ပိုင်းဆိုင်ရာပါ စစ်ရမယ်ထင်တယ်နော်။ တော်တော်မလွယ်တဲ့အမှုပဲ။
Was this answer helpful?
LikeDislikeaww i’m afraid. အတော်ရက်စက်ကျတာပဲ့နော့….
Was this answer helpful?
LikeDislikeဟိုတယ် အတွက်တော့ သွားပါပီ….မြန်မာပြည်ကို လာပီး..အလုပ်ရူပ်အောင် လာလုပ်နေပြန်ပီ……
Was this answer helpful?
LikeDislikeဒီလူကြီးနှယ် စားပြီးနားမလည်
အူမကြီးကင်များ စားချင်လို့လား မသိ
Was this answer helpful?
LikeDislikeဘုရားဘုရား။ ကြောင်သွားတာထင်တယ်နော်။ ကြောက်စရာကြီး။ အူပါဆွဲထုပ်တာဆိုတော့ပုံမှန်တော့မဟုတ်လောက်ဘူး။ အပများမှီတာလားမသိ။ အောင်မယ်လေး။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ခင်ဗျာ..ကိုရီးယားတွေကို ဒရမ်မာတွေထဲကလို တော့ မထင်ကြပါနဲ့ ..လွန်ခဲ့ တဲ့ တစ်လလောက်က ဆိုးလ်မှာ.. ကောင်မလေးတစ်ယောက် ကို လူကြီးတစ်ယောက်က မုဒိန်းကျင့်ပြီးသတ်ဖို့ လုပ်ပါတယ်..ကောင်မလေးက ဖုန်းဆက်ပြီးရဲ ကို ခေါ်တယ်…နေရာ ကိုမသိလို့ ရှာဖို့ ပြောတယ်.. အဲဒါကို ရဲ ကသောက်ဂရု မစိုက်ဘူးဗျား(နေရာမသိလို ဒဲ့ ).. ပြီးတော့ ကောင်မလေးကို အဲ မုဒိန်းကောင်က မုဒိန်းကျင့်တယ်..ကောင်မလေးက ဖုန်းကို တမင်ဖွင့်ထားတယ်(မုဒိန်းကောင်မသိအောင်) .ရဲ က လည်း အသံတွေကြားနေရတာ..အဲ ဒါကို ရဲ က ဘဲနားမှာလည်းဆိုတာလိုက်မရှာဘူးဗျား.. အဲကောင်မလေး မုဒိန်းကျင့်ခံရပြီးတကယ်သေသွားပါတယ်.. ခု ရဲ ချုပ်လည်း ပြုတ်ပါပြီ..မယုံရင် ခင်ဗျားတို့ ကို ၇ီးယားက ဘော်ဒါတွေရှီရင် မေးကြည့်တော်မူကြ..ကိုရီးယားဆိုတာ သိပ်လည်း မနူးညံ့ကြပါဘူးဗျာ.. မြန်မာတွေထက်ဆိုးပါတယ်.(ခုတော့မဟုတ်လောက်တော့ဘူးထင်တယ်..မြန်မာ က လည်း လူကိုအပိုင်းပိုင်းခုတ်သတ်တာတို့ ဘာတို့ ကြားနေရပြီကိုး)
Was this answer helpful?
LikeDislikeဘုရား ဘုရား အိုးပါးရယ် ရက်စက်ပါပေ့ဗျာ..
Was this answer helpful?
LikeDislikeလူရှိန်အောင်သဂျီးလေသံနဲ့ ဝင်ဟောက်အုန်းမှ ကွိကွိ
အဲ့သည်လူ လေးငါးဆယ်ရောက်ကို ကိုရီးယားနိုင်ငံရဲ့လူဦးရေ ပေါ်ပြူလေးရှင်းနဲ့ အချိုးချလိုက်ရင်
ဘာများပြောပလောက်လို့တုန်း
ကိုရီးယား ( တောင် ) တွေ သူတို့တိုင်းပြည် ဘလိုတိုးတက်အောင်လုပ်ခဲ့ဂျဒါ ပြောဘာဘား
ခင်ဗျားတို့ ဒီလိုသာ လိုက်စောက်ပြောဒမ်းဆို ရွှေတိဂုံ ဘုရားမုသ်ဝမှာ ဖိနပ်ခိုး အကြံဖန်လုပ်တဲ့
လူစုကြောင့် မြန်မာဒဗျီလုံး ဖနပ်သူခိုးဖြစ်ဂုန်မှာပေါ့
အုန်းနှောက်ကို အုန်းနှောက်လို မထားဘာနဲ့ အလုပ်ပေးဂျဘာ
ဒဂဒဲတော် ပြော ပြောခြင်ဘူး
ညှင်းညှင်းညှင်း
Was this answer helpful?
LikeDislike”OH MY GOD”
Was this answer helpful?
LikeDislikeအင်း ဒီမှာ လာပြီး ရှုပ်ပြန်ပြီ နော် ကိုယ့်အိမ်ရောက်မှ ကိုယ့်ကို ရှင်းတာမဟုတ်ဘူး ၊ဘယ်လိုဟာတွေပါလိမ့်၊
ဇာတ်ကား ထဲမှာ တော့ ကျောပိုးပြီးတောင် ချစ်ပြလိုက်ကြတာ ၊တော်ပြီ သွားတော့ဘူး ကိုရီးယား.
Was this answer helpful?
LikeDislikeအားလားးးလားးး
အူတောင်ဆွဲထုတ်သွားတယ်ဆိုပဲ။
ဗိုက်ထဲအူဘယ်နှခွေရှိလဲသိချင်လို့နဲ့တူတယ်။
Was this answer helpful?
LikeDislikeအိုကြားရတာ နားဝမျာ မသက်သာ…
ဖလား ဖလား…
ဒါနဲ့ အားကျူးရှိက ၅၈နှစ်တဲ့
သေတဲ့သူက အသက်ဘယ်လောက်တုန်းဗျ။
Was this answer helpful?
LikeDislikeကြားရသမျှ တွေထဲ စိတ်မကောင်းစရာတိုးပြန်ပေါ့။
သနားစရာပ့ဗျာ။
Was this answer helpful?
LikeDislikeကြားရသမျှ တွေထဲ စိတ်မကောင်းစရာတိုးပြန်ပေါ့။
သနားစရာပါဗျာ။
Was this answer helpful?
LikeDislike