ကောင်းကင်ကို အလင်းဖွဲ့
ပင်လယ်ပြင်ကို Principal axis လုပ်
မင်းရဲ့ . . .
ချစ်ခြင်းမေတ္တာ ရိုက်လင်းတန်း
သက်ငြိမ် နွေးထွေးမှုနဲ့
အလင်းပြန်တဲ့အခါ
ငါ့ . . .နှလုံးသားမှာ
ဆုံချက် (Focus) ဖြစ်ပါစ . . .။
ဒါပေမဲ့ . . .
လွဲမှားခြင်းတွေနဲ့ ဖွဲ့သီ
ငါ့ဘ၀ ပုစ္ဆာကိုယ်က
သီဝရီ . . .အချိုးမညီဘူး
ဘ၀ဆိုတာ…
အစက်ပြ မျဉ်းတစ်ကြောင်းလို
လမ်းစ ပျောက်သွားမှာကို
ထိတ်လန့်နေရ
ဝတ္ထုဖြစ်စဉ်က
(Virtual image) တစ်ခုသာ
ရင်မှာ ဒဏ်ရာဖြစ်ခဲ့ပေါ့ . . .။ ။
………..
………
ဟဲဟဲ….ဆယ်တန်းတုန်းက light အခန်းသင်ရတဲ့အခါ ကြေးမုံခုံးခွက်တွေသင်ရတော့ ဒီကဗျာအတွေးလေးဝင်လာတယ်။ ပြီးတော့ Physics ဆရာက အရိုက်ကြမ်းတယ်.။
ကျနော်ကလည်း ခပ်တုံးတုံးကောင်ဆိုတော့ Concave / Convex ကို ဆြာရှင်းပြတာ တော်တော်နဲ့မပေါက်ဘူး ….ပေါက်ချင်းပေါက်ရော အတန်းထဲမှာကဗျာစာအုပ်ထုတ်ကြရော ဒီကဗျာကထပေါက်သွားရော…..
အဲဒါနဲ့ အနော်လည်း လက်မောင်းမှာဆြာပေးတဲ့တပ်ကြပ်ကြီး ရာထူးရခဲ့ဘူးတယ် နည်းတဲ့ကြိမ်လုံးဟုတ်ဘူးဗျ…
အခုတလော စာရေးလို့မရတာနဲ့ ရွာထဲလည်း သိပ်မရောက်ဖြစ်တာနဲ့
စာအုပ်ဟောင်းလေး ပြန်ရှာတွေ့တာနဲ့ ရွာသားတွေကို စိတ်ညစ်အောင်လုပ်လိုက်တော့မယ်….
ရှက်ထှာ…..

marblecommet

About marblecommet

marblecommet marblecommet has written 40 post in this blog.

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....