14
လွန်လွန်းတယ်ဗျာ
ဒီနေ့  လမ်း၃၀မှာ ဆေးသွားဝယ်တယ်ဗျာ
ဆိုင်ကယ်ကို ခဏလေးရပ်ပြီး လိုချင်တဲ့ ဆေးရှိမရှိလှမ်းမေးတာ
စက်တောင်မရပ်ထားဘူး
အဲဒါကို ယဉ်ရပ်နားခတဲ့ လာတောင်းတာ
ငွေဝင်တော့ဝင်ငွေခွန်
အိမ်ရှိတော့ မြေခွန် အိမ်ခွန် ရေခွန် အမှိုက်ခွန် လမ်းခွန် လမ်းမီးခွန် မီတာထိမ်းသိန်းစောင့်ရှောက်ခ
ဆိုင်ကယ်ရှိတော့ ရောင်း/ဝယ်ခွန် ဘီးလိမ့်ခွန် ရပ်နားခွန်
ခွန်ခွန်ခွန်ခွန်ခွန်……..
ငါတို့ များကြ ဆောင်လိုက်ရတာ ဆုံးကိုမဆုံးနိုင်ဘူး
အခွန်ဦးစီးကကြေငြာတဲ့ ထိပ်တန်းအခွန်ဆောင်သူစာရင်းမှာ Top သူဌေးတယောက်မှမပါဘူး
အခွန်လွတ်ဈေးပဲရှိတာမဟုတ်ဘူး
အခွန်လွတ်လူလဲရှိတာပဲနော့
အံရော …..အံရော



ဆိုင်ကယ်ပေါ်ကမဆင်းရင်
မပေးနဲ့
တစ်ချို့တောင်းတဲ့ကောင်တွေကရင့်တယ်
ကျွန်တော်ဆို တစ်ခါတစ်လေပြန်ငေါက်လိုက်တယ်
၅၀ ဘဲပေးရတယ်
ချလန်မယူနဲ့
Was this answer helpful?
LikeDislike(တစ်ချို့တောင်းတဲ့ကောင်တွေကရင့်တယ်)
ဟုတ်တယ်ဗျာ
အခုကောင်လဲတော်တော်ရင့်တယ်
ငယ်ငယ်ကစိတ်နဲ့ ဆိုလို့ ကတော့ တပွဲပဲ
အမေက ကျွန်တော်ရန်ဖြစ်ရင်ငိုတယ်ဗျ
ကျွန်တော့်ကြောင့်ငိုရတာများပီ
အသက်လည်းနည်းနည်းကြီးလာတော့ အမေ့ကိုမငိုစေချင်တော့ဘူးဗျာ
စိတ်လျှော့လိုက်တယ်
Was this answer helpful?
LikeDislikeအဲ.. ပြောမနေပါနဲ့ဗျာ အစထဲကအခွံပါဆိုမှ အနှစ်မှ မရှိတာ ..
Was this answer helpful?
LikeDislikeစနစ် တကျ မဖြစ်တဲ့ အခွန် တွေ က တော် တော် ဆိုးပါတယ်။ ကိုယ် ဆောင် လိုက် တဲ့ အခွန် တွေ က နိုင် ငံ တော် အတွက် အမှန် တကယ် မဖြစ် လာတာက ပို ဆိုးပါတယ်။
Was this answer helpful?
LikeDislikeရန်ကုန်တော့ မဟုတ်ဘူးထင်တယ်….
မန္တလေးလား….
ရန်ကုန်ဆိုရင်တော့ ဆိုင်ကယ်စီးတဲ့သူတွေက
ယာဉ်ရပ်ခ မပေးရတဲ့အပြင် လဘက်ရည်ပါသောက်သွားကြသေးတာဗျ ..။
သူတို့ က……ဘသူလေးလဲ….။
Was this answer helpful?
LikeDislikeရန်ကုန် စည်ပင်က လုပ်စားနည်း တစ်ခုပါ။
ကန်ထရိုက် နဲ့  ဂွင်ရိုက်ပြီး ဈေးမတန်တဆတင်တယ်။
များများတင်လေ သူတို့ တွက်များများ တောင်းစားလို့ ရမယ်လေ။
ကန်ထရိုက်က တဆင့် ဆပ်ကန်ထရိုက်တွေထပ် ပေး၊
ဆပ်ကန်ထရိုက်က တခါထပ်ပြီး ဆပ် ဆပ်ကန်ထရိုက်တွေပေး။
ဆပ် ဆပ်ကန်ထရိုက်တွေက ငွေလိုက်တောင်းရတော့
ဈေးက မြင့်ကုန်တာပေါ့။
မြို့ တော်ဝန်ကမသိတာလား။ သိသိနဲ့  လွှတ်ထားတာလား။
Was this answer helpful?
LikeDislikeအဲဒါဆို ကိုယ့်အိမ်မှာကိုယ် မီတာ ကို ချိတ်ထားပြီးတော့ ထိမ်းသိမ်းခ ဆိုပြီး 1000 အလာကား နေရင်း ပေးနေရတာရော ..
Was this answer helpful?
LikeDislikenicolus agral ရေ
လမ်း(၃၀)မှာ ဆိုင်ကယ်စီးလို့ ရလို့ လား။
ရန်ကုန်မှာတော့မရဘူး။
ွှ မန္တလေး က လား။ ရှင်းပါအုံး။
Was this answer helpful?
LikeDislikeမန်းလေးပါ the best ရေ
Was this answer helpful?
LikeDislikeရန်ကုန်အတိုင်းပါပဲလား။
Was this answer helpful?
LikeDislikeမန်းလေးမှာပါ
(အဲဒါဆို ကိုယ့်အိမ်မှာကိုယ် မီတာ ကို ချိတ်ထားပြီးတော့ထိမ်းသိမ်းခ ဆိုပြီး 1000 အလာကား နေရင်း ပေးနေရတာရော ..)
ကျွန်တော့အသိတယောက်တော့ ခရီးရှည်သွားတာ
ပြန်လာတော့ မီတာခ ၀ ကျပ်
ထိမ်းသိမ်းခ ၁၀၀၀ကျပ်
ရက်လွန်ကြေး ၂၀၀၀ကျပ်
သုံးလဲမသုံးရဘဲအချောင်ပေးလိုက်ရတယ် ….ဟီး
Was this answer helpful?
LikeDislikeတလောက အခွန်တိမ်းရှောင်ထားမှုတွေ back date နဲ့ လာတော့မယ်ကြား
လို့ ဝမ်းသာနေတာ။ပျောက်သွားပါရောလား။ကြားမိကြပါလားဗျာ။
Was this answer helpful?
LikeDislikeဟဲ့ဒုက္ခပဲ ငါလဲ အခွန်အမြဲတမ်းရှောင်တယ် (အမှိုက်ပုံနားနီးလို့)
Was this answer helpful?
LikeDislikeလိုင်စင်ရုံးမှာ ကထည်းက မျှတတဲ့ ပျမ်းမျှနှုန်း ကောက်လိုက်ရင် သင့်တော်မယ်။ ကားအားလုံးမြို့ထဲကို
နေ့တိုင်းမရောက်ကြပါဘူး။နောက်ဆုံးလေလံပစ်လို့ ရထားတဲ့ ငွေပမာဏ နှုန်းကို ရန်ကုန်လိုင်စင်
ကားစီးရေနဲ့စားပြီး ကျသင့်ထာ လိုင်စင်ရုံးကကောက်ပြီး စည်ပင်ကိုလွှဲပေးရင် လေလံတစ်ဆင့် ပြန်
ဆွဲသူတွေရဲ့ မတရား အကောက်နေရတဲ့ဒုက္ခတစ်ခု ကနေ ပြည်သူတွေလွတ်ပြီပေါ့
Was this answer helpful?
LikeDislike