မုန်း စ ရာ ကောင်း သည့် ဦး – အ ပိုင်း (၁၂) (ဇတ် သိမ်း )
နေ ကာ မျက် မှန် ကြီး တတ် ထား ပြီး ၊ ဦး က ရောက် လာ ပါ သည်။
ကျ မ ကို ဦး က ၊ ဒိုင် ယာ ယီ စာ အုပ် လှမ်း ပေး ပါ သည် ။ စိတ် ထိ ခိုက် နေ ခံ စား နေ ရ ခြင်း ကို ၊ မျက် မှန် တတ် ပြီး ဖုံး ကွယ် ထား သည် ဟု ထင် မိ ပါ သည် ။ ဦး က ည နေ ဘက် ကြီး ရောက် လာ တာ မျက် မှန် တတ် ပြီး လာ တော့ ကြည့် ရ တာ တစ် မျိုး ကြီး ပဲ ဟု ပြော မိ ပါ သည် ။ မျက် မှန် ကို ချွတ် ထား ပါ လား ဟု ပြော လျှင် ဦး က မ ချွတ် ပါ ။ ငယ် ငယ် တုံး က လို ဆွဲ ယူ ပြီး အ တင်း ချွတ် ယူ မိ ချင် ပါ သည် ။
ဆွေး နွေး မည့် ကိစ္စ က လည်း မ ဖြစ် နိုင် ။ ဦး ကို လည်း လက် မ ခံ နိုင် ။ ဦး စိတ် ထိ ခိုက် နေ သည် ဟု ခံ စား မိ ပါ သည် ။ ဦး ကို လည်း သ္မီး က လက် မ ခံ နိုင် ။ ကောင် လေး ကို လည်း မ ကြိုက် တာ ဒိုင် ယာ ယီ ရေး ထား သည့် စာ များ အ ရ သိ ရ သည် ။ ကောင် လေး က သ္မီး ကို ချစ် တာ ဂ န္တ ၀င် အ ချစ် ၊ ကျောက် ထက် အ က္ခ ရာ တင် နိုင် တဲ့ အ ချစ် ၊ ရို မီ ယို ထက် မ လျှော့ တဲ့ အ ချစ် ။ သ္မီး က ကံ ကောင်း လွန်း လှ သည် ။
ကောင် လေး ၏ ဒိုင် ယာ ယီ က ဦး ရင် ကို ပူ လောင် လွန်း လှ သ ဖြင့် ၊ အ ကြိမ် ကြိမ် ပင် ၊ ပင် လယ် သ မု ဒ္ဒ ရာ ထဲ မျှော ချ ပစ် ချင် သည့် စိတ် ပေါက် မိ ခဲ့ ရ သည်။ ။ စိတ် ကို လည်း မ နည်း ထိန်း ထား ရ သည် ။ အ မှန် တ ကယ် ဆို ဦး ကို လုံး လုံး မ ပေး ဖတ် သင့် ဟု ဦး မြင် သည် ။ သ္မီး က အ ရမ်း ရက် စက် သည် ။ ဦး လုံး ၀ မ ထင် ထား မိ ဘူး ဟု ပြော ပါ သည် ။ ကောင် လေး က လည်း သူ့  ရဲ့  ၊ ဒိုင် ယာ ယီ ကို သ္မီး လက် ထဲ မ ထည့် ပေး သင့် ဘူး ။
ဒီ နည်း နဲ့ သ္မီး ရဲ့  အ ချစ် ကို သူ ရ ယူ တာ ၊ ဒဿ ဂီ ရိ အ ချစ် ထက် ပင် ဆိုး သည် ။ ဒ ဿ ဂီ ရိ လို မ ရ ရင် သိ င်္ဂုလ် ပြည် ကြီး မီး ဟုန်း ဟုန်း တိုက် ပြီး ရ ယူ တာ က တော် သေး သည် ။ အ ခု ကောင် လေး က သ္မီး ကို သ နား လာ အောင် လုပ် ပြီး ရ ယူ ထား သည့် သ နား ချစ် က ပို ၍ ဆိုး သည် ဟု ဦး က သူ့  အ မြင် ကို ပြော ပြ ပါ သည်။
သ္မီး က ပြန် ချစ် ရင် တောင် ၊ သ နား ချစ် ပဲ ဖြစ် မည် ။ သူ က တ ဖက် သတ် အ ချစ် ၊ သ္မီး က သ နား ချစ် ။ ဘာ တ ခု မျှ မ ကောင်း ဟု ပြော ပါ သည် ။ သ္မီး ကို လက် ထပ် နိုင် ဖို့ ရာ လည်း အ ဆင် သင့် မ ဖြစ် သေး ။ သ္မီး က ဦး နှောက် နဲ့  ဆုံး ဖြတ် မှာ လား ။ ဦး က တော့ ရည် ရွယ် ချက် ကြီး မား စွာ နဲ့  နှစ် ရှည် လ များ ငွေ ကြေး ဥစ္စာ ပစ္စည်း ကိုယ် ပိုင် စု ဆောင်း ထား သည် ။ အား လုံး က သဲ ထဲ ရေ သွန် ပစ် သ လို ပဲ ဟု ပြော ပါ သည်။
ဦး က အ ဖေ နှင့် အ မြဲ အ ဆက် အ သွယ် မ ပြတ် ရှိ နေ ခဲ့ ကြောင်း ။ သ္မီး က အ ချစ် တော် ကိစ္စ ကို သာ အာ ရုံ ၀င် စား သ ဖြင့် ဘာ မျှ မ ပြော ပြ ထား ခဲ့ ခြင်း ဖြစ် ကြောင်း ၊ အ ချိန် တန် လျှင် သ ဘာ ၀ တ ရား ကို လွန် ဆန် နိုင် မည် မ ထင် ကြောင်း ။ ယော င်္ကျား လေး စိတ် မ ကုန် လျှင် တောင် ၊ ခေါ် ယူ မွေး စား ထား ပြီး အ တူ တူ နေ ထိုင် မည် ဆို ပါ က ၊ ထို အ မျှ ထိ ပင် သ ဘော တူ ကြောင်း အ ဖေ က ဦး အား စ ကား ကုန် အောင် ပြော ပြ ထား ကြောင်း ၊ သ္မီး အ မှန် တ ကယ် ယော င်္ကျား လေး စိတ် ဆို လျှင် တောင် ဦး က မိ ခင် အား ဖွင့် ပြော ပြ တိုင် ပင် ပြီး ခါ ၊ အ တူ တူ နေ ထိုင် နိုင် ဖို့  အ ထိ ၊ မ ရ ရ အောင် ပြော ဆို ပြီး ၊ အား လုံး နှင့် အ တိုက် အ ခံ လုပ် ဖို့  အ ထိ ဦး က ဆုံး ဖြတ် ထား ပြီး သား ဟု ပြော ပြ ပါ သည် ။ ဒီ ဒိုင် ယာ ယီ က ဘာ နဲ့ တူ သ လည်း ဆို ရင် ခဲ တစ် လုံး နဲ့  ငှက် နှစ် ကောင် ကို ထိ မှန် အောင် ပစ် နိုင် တာ နဲ့ အ တူ တူ ပဲ ဟု ဦး က ဆိုပါ သည်။
သ္မီး ဖတ် မိ ပြီး ထဲ က ပေး သင့် မ သင့် ၊ ပေး လိုက် ပြီး နောင် တ ရ မ ရ ၊ ဦး က အ လာ ကောင်း လည်း အ ခါ နှောင်း သည် ။ နောက် ဆုံး အ နေ နဲ့  သ္မီး ကို ဦး ပြန် မေး မည် ။ ဦး ကို အ ခြား သူ နဲ့  လက် ထပ် မှာ ကို မြင် ချင် သ လား ၊ လက် ထပ် စေ ချင် သ လား ဒီ စ ကား တ ခွန်း ကို သာ ဦး ကြား ချင် သည် ။ ဖြေ ပေး ပါ ဟု ဦး က တောင်း ဆို ပါ သည်။ ရင် ထဲ က လာ တဲ့ စ ကား ကို သာ ဦး ကြား ချင် သည် ။ အ မှန် ကို လည်း သိ ချင် သည် ဟု ပြော ပါ သည် ။ ညာ လျှင် လည်း တ သက် လုံး ခံ စား နေ ရ မှာ က ၊ တ ယောက် တည်း မ ဟုတ် ဘူး ၊ နှစ် ယောက် လုံး ဟု ဦး က ပြော ပါ သည် ။
အ မေ က သူ မ သေ ခင် ဦး ကို အိမ် ထောင် ပြု တာ မြင် ချင် သည် ။ အ မေ့ မှာ နှ လုံး ရော ဂါ ရှိ သည် ။ ဒါ ကြောင့် ဦး ပြန် လာ တာ ။ သ္မီး လည်း အ ရွယ် ရောက် လာ ပြီ ၊ သ္မီး ကြီး လာ လျှင် လက် ထပ် ဖို့  သ္မီး ၏ အ ဖေ ကို လည်း ဦး က ခွင့် တောင်း ထား သည် ။ အ ချစ် တော် ထား သည့် ကိ စ္စ လည်း စောင့် ကြည့် ယင်း ဘာ မျှ မ ထူး ခြား လာ ပါ က ၊ ညီ လေး အ ရင်း လို စောင့် ရှောက် ပြီး ၊ အ တူ တူ နေ ထိုင် သွား ရန် ဂ တိ ပေး ထား သည် အ ထိ ၊ စ ကား အ ကုန် ပင် အ ဖေ နှင့် ပြော ထား သည် ဟု ပြော ပြ ပါ သည်။
သ္မီး ငယ် ငယ် လေး ထဲ က ဦး ကို သံ ယော ဇဉ် ကြီး မား တာ ၊ တွယ် တာ နေ တာ ဦး က လည်း သိ နေ သည် ဟု ပြော ပြ ပါ သည် ။ ဦး က လည်း သံ ယော ဇဉ် တွယ် တာ နေ မိ ခဲ့ ကြောင်း ၊ အ မျိုး မည် မ သိ ခံ စား မှု မျိုး ဖြစ် နေ တာ ၊ အစ် မ ကြီး ကျယ် က သိ ထား ကြောင်း ။ ဒါ ကြောင့် လည်း ဦး ကို အောင် သွယ် တော် ညီ မ လေး အ ရွယ် ရောက် လာ သည့် အ ချိန် ၊ ဒု တိ ယ အ ရံ နှ လုံး သား လမ်း ကြောင်း ၏ စိတ် ဒုက္ခ ဝေ ဒ နာ အ မြစ် တွယ် လာ နိုင် ဟု ဦး ၏ လ က္ခ ဏာ အား ကြို တင် သိ မြင် ထား ပြီး ၊ စ နောက် ပြောင် ခါ ပြော ဆို ခဲ့ သည် ဟု ဦး က ပြော ပြ ခဲ့ ပါ တော့ သည်။
ဦး တောင်း သော အ ဖြေ ကို ကျမ ပေး မိ သည် မှာ ၊ ဦး လက် ထပ် တာ ကို မြင် ချင် ပါ သည် ဟု အ ဖြေ ပေး လိုက် မိ ပါ သည်။ ဦး က ၀မ်း ၊ တူး ၊ သ ရီး ဟု ဆို ခါ လက် ညိုး ၊ လက် ခ လယ် ၊ လက် သူ ကြွယ် ထိ ရေ တွက် ကာ ၊ ပ ထ မ တစ် ကြိမ် ဒု တိ ယ တစ် ကြိမ် ။ တ တိ ယ ကြိမ် အ ထိ မေး ပြီး ။ သုံး ကြိမ် လုံး ခေါင်း ငြိမ့် ပြ လိုက် ပြီး ၊ ကျ မ မှ တူ ညီ သော အ ဖြေ တို့ အား ဖြေ လျှင် ။ ဦး မှ မျက် ရည် ကျ ခါ ၊ အိပ် ကဒ် ထဲ မှ လက် ကိုင် ပု ၀ါ စ ယူ ပြီး မျက် မှန် အောက် မှ ကျ ဆင်း လာ သော မျက် ရည် ကို သုတ် ပြီး နှုတ် မ ဆက် ပါ ဘဲ ချာ က နဲ လှည့် ထွက် သွား ခဲ့ ပါ တော့ သည် ။
သြော်…
နှုတ် မ ဆက် ပါ ပဲ ချာ က နဲ လှဲ့ ထွက် သွား ခဲ့ သော ဦး ၏ နောက် ကျော ပြင် အား အ ချိန် အ တန် ကြာ ကြာ ငေး စိုက် ကြည့် နေ မိ သည့် တိုင် …
ဦး က တ ချက် က လေး မျှ ပင် ပြန် ငဲ့ ၍ မျှ ….
မ ကြည့် တော့ …
ရင် ထဲ တွင် နာ ကျင် ခံ စား မှု များ နှင့် အ တူ မုန်း စ ရာ ကောင်း သည့် ဦး ဟု သာ အ မည် ကင် ပွန်း တတ် ခဲ့ မိ ရ ပါ တော့ သည် ။။
( ထို သို့ အ ဖြစ် မျိုး မည် သူ့ ကို မျှ မ ကြုံ စေ ချင် ပါ )



အောင်မငီးးးး
တော်ပါသေးရဲ့
ကျုပ် အချစ်ခရီးဟာ
မအေးလို မဖြစ်တာ
Was this answer helpful?
LikeDislikeအိပ်တော့မယ်လုပ်ကာမှ ထပ်ရှာလိုက်တာ ဇာတ်သိမ်းကို ဖတ်လိုက်ရပြီ…း)..
Thank you for your effort!
”ဦး” က ပြန်တောင် လှည့်မကြည့်တော့ဘူးဆိုတော့ ”သမီး” ကို ထားပြီး
တကယ် လက်ထပ်သွားလားဟင်?..
”သမီး” ကရော ” သနားချစ်-ကောင်လေး ” နဲ့ မညားဘူးပေါ့နော်……
Was this answer helpful?
LikeDislikeHnin Hnin…
မိမိလက်ဖ၀ါးပြင်ရှိ…
အိမ်ထောင်ရေးလမ်းကြောင်းသည်….
လက်ထပ်ထိမ်းမြားမှုကိုပြဆိုပြီး..
နှလုံးလမ်းကြောင်းသည်..
အချစ်မေတ္တာရေးကိုပြဆိုသည်…
မိမိချစ်သောသူနှင့်ပေါင်းသင်းရသည်/မပေါင်းသင်းရဆိုတာ..
ကံအကျိုးပေးနှင့်သာသက်ဆိုင်သည်။
Was this answer helpful?
LikeDislikeအာတကေယားရှိရင် ရုပ်ရှင်ရိုက်ချင်တဲ့ မေပေါင်တော့ ဇာတ်သိမ်းကြည့်ပြီး ရိုက်ရဲတော့မှာ မဟုတ်ဘူး။
အင်းးးးးးးး ဇာတ်လမ်းတွေကြည့်ရင်တော့ Happy Ending ပဲ ကြိုက်တယ်။
တခါက မေးခွန်းတခု ကြားဖူးတာ ဘ၀ကို လိုသလို ပြုပြင်ခွင့်ရမယ်ဆိုရင်……
ဘာကို ဘယ်လို ပြုပြင်ချင်ပါသလဲ တဲ့။
မအေးရေ- ဖြေနိုင်ရင် ဖြေပေးနော်။
စိတ်ပါဝင်စားသူများလည်း ဖြေဆိုနိုင်ပါသည်။
Was this answer helpful?
LikeDislikeအာတကေယားရှိရင် ရုပ်ရှင်ရိုက်ချင်တဲ့ မေပေါင်တော့ ဇာတ်သိမ်းကြည့်ပြီး ရိုက်ရဲတော့မှာ မဟုတ်ဘူး။
အင်းးးးးးးး ဇာတ်လမ်းတွေကြည့်ရင်တော့ Happy Ending ပဲ ကြိုက်တယ်။
တခါက မေးခွန်းတခု ကြားဖူးတာ ဘ၀ကို လိုသလို ပြုပြင်ခွင့်ရမယ်ဆိုရင်……
ဘာကို ဘယ်လို ပြုပြင်ချင်ပါသလဲ တဲ့။
မအေးရေ- ဖြေနိုင်ရင် ဖြေပေးနော်။
စိတ်ပါဝင်စားသူများလည်း ဖြေဆိုနိုင်ပါသည်။
Was this answer helpful?
LikeDislikeဘ၀ ကို လိုသလို ပြုပြင် ကြည့်ဖို့ ဆူး အနေနဲ့ဆိုရင်တော့ ဘ၀ စာမျက်နှာတွေကို မဖြတ်ကျော်ပဲနဲ့ ဘာပြင်ရမလဲ ဆိုတာ ဘယ်သိနိုင်ပါ့မလဲ.. ဒီတော့ အသက် ၈၀ လောက်မှ ဒီမေးခွန်းကို လာဖြေမယ်လို့ စိတ်ကူးပါတယ်။
Was this answer helpful?
LikeDislikeဆူးရေ-
ဗေဒင်ဆရာထက်ပိုမှန်အောင် ဟောပေးလိုက်တယ်။
ဘ၀မှာ အခုချိန်အထိ လိုတာမရှိ ပြည့်စုံခဲ့လို့ ဖြစ်မယ်။
Was this answer helpful?
LikeDislikeလိုတယ် ဆိုတာ တောင့်တမှုလို့ ပြောရမယ် ထင်တယ်။
တောင့်တမှု ဆိုတာ များများ ရှိလေ မပြည့်စုံလေ ဆိုတော့ တောင့်တမှုတွေ နည်းပါးရင်တော့ ဘယ်လို အနေအထားမျိုးမှာ မဆို ပြီးပြည့်စုံတယ်လို့ ခံစားပြီး သတ်မှတ်လို့ ရမယ်လို့ ထင်ပါကြောင်း။
Was this answer helpful?
LikeDislikeအေး ကေကေ ရဲ့ကိုယ်တွေ့ဖြစ်ရပ် ဇာတ်လမ်းလေး ကတော့ အဆုံးသတ်သွားပြီပေါ့။
ကျနော်ဖတ်ရင်း အခန်းတစ်ခန်းလွတ်သွားသလားမသိ၊ ကောင်လေးရဲ့ဒိုင်ယာရီလေး ဘယ်တုန်းက ဘယ်လိုရောက်လာသလဲ မသိဖြစ်နေတယ်။
ဒါနဲ့ အခုကော အေးကေကေက အပိုကြီး အဲလေ အပျိုကြီး အဖြစ်နဲ့ပဲ ရှိနေသေးသလား။
ခင်လို့ မေးတာ၊ စိတ်စိုးရဘူး……
Was this answer helpful?
LikeDislikeစိတ်စိုးရဘူး…… ဆိုတော့
စိတ်ဆိုးလို့တော့ ရတယ်ပေါ့။
ပုံ/
သတ်ပုံအဖွဲ့
Was this answer helpful?
LikeDislikeဟုတ်…..
မွှားသွားလို့ပါ
သတ်ပုံ အဖွဲ့ကတော့ တာဝန်ကျေပါ့။
ချိတ်ချိုးရဘူး လို့ပြောလိုက်ရအကောင်းသား……
Was this answer helpful?
LikeDislikeကြောင်လေး…
လူတိုင်းရဲ့ လက်ဖ၀ါးပြင်မှာ..
99.99%နီးပါးအိမ်ထောင်ရေးလမ်းကြောင်းပါရှိသည်။
အိမ်ထောင်ရေးလမ်းကြောင်းပါရှိသူတိုင်းအိမ်ထောင်ပြုကြသည်။
ကိုင်ရိုလက္ခဏာပညာရပ်အားကမ္ဘာကလက်ခံထားသည်။
လူပျိုကြီး/အပျိုကြီးသတ်မှတ်ချက်အဆိုကိုကိုင်ရိုလက္ခဏာ
ပညာရပ်တွင်ထည့်သွင်းဖော်ပြရေးသားထားခြင်းမရှိခဲ့ပါ။
လူတိုင်း၏လက်ဖ၀ါးပြင်၌အိမ်ထောင်ရေးလမ်းကြောင်းပါရှိနေသဖြင့်
အသက်မသေဆုံးခင်အချိန်အထိထိုစိတ်ရှိကြသည်။
သေခါနီးအလိုတောင်ဖွဲတဆုတ်မနိုင်သည်ဟုရှေးရိုးအဆိုရှိလေသည်။
တွေးယူကြည့်ပါကုန်။။။
Was this answer helpful?
LikeDislikeကြောင်လေး…
ကိုယ်တိုင်ရေးယိုင်ယာယီများဖြစ်၍..
ရေသားခဲ့သည့်post (အချစ်နှင့်ကံကြမ္မာလက္ခဏာ)တွင်ပြန်ဖတ်ကြည့်ပါ။
Was this answer helpful?
LikeDislikeမမရေ..
ဘ၀ကိုလိုသလိုပြုပြင်ခွင့်ရမယ်ဆိုရင်….
ကျမဖြစ်ချင်တာက…
ကျမလက်ဖ၀ါးပြင်မှာပါလာတဲ့..
လက္ခဏာအရေးကြောင်းတွေကို..
အကောင်းဆုံးဖြစ်အောင်ဘယ်လိုပြုပြင်ခွင့်ရနိုင်မလည်းဆိုတာကိုပါ…။
Was this answer helpful?
LikeDislikeအမအေးရေ ကူးထားပြီးမှ တစိမ့်စိမ့်ပြန်ပြန်ဖတ်တာ။ ဇာတ်သိမ်းမှာဒီလိုသိမ်းမယ်ဆိုတာ ကြိုသိခဲ့ပေမဲ့ တကယ်လဲဖတ်ရရော ရင်ထဲကိုဆို့နေတာပါပဲ။ ကျွန်မသာဆိုရင်တော့ အဲဒီဦးကိုလက်ခံလိုက်မိတော့မယ် ထင်တယ်။ သူ့ရဲ့ကြီးမားတဲ့မေတ္တာတရားနဲ့ မျှော်လင့်ချက်တွေကို အမအေးတော်တော်တွန်းလှန်ခဲ့ရမယ် ထင်တယ်နော်။ ရုပ်ရှင်ကားတကားထက်ပိုပြောင်မြောက်ရင်ကွဲရတဲ့ဇာတ်လမ်းလေးမို့ သိမ်းထားပါတယ်။
Was this answer helpful?
LikeDislikeအလွမ်းဇတ်သိမ်းဖြစ်သွားတယ်နော်..
စိတ်မကောင်းစရာ ဇတ်လမ်းပိုင်ရှင်ကတော့ ကမ္ဘာကြီးရဲ့ တနေရာရာမှာ ချစ်ရသော မိသားစု ဘ၀ နဲ့ ပျော်ရွင်ပြီး ငယ်ငယ်က အိပ်ရာဝင် ပုံပြင် အဖြစ်နဲ့တောင် ကလေးတွေကို ပြန်ပြောချင် ပြောနိုင်တာမို့.. ရေစက်မပါလို့ မညားဘူး လို့သာ တွေးမိလိုက်ပါတယ်။
ထင်တာပြောပါတယ်။
(((လူတိုင်းရဲ့ လက်ဖ၀ါးပြင်မှာ..
99.99%နီးပါးအိမ်ထောင်ရေးလမ်းကြောင်းပါရှိသည်။
အိမ်ထောင်ရေးလမ်းကြောင်းပါရှိသူတိုင်းအိမ်ထောင်ပြုကြသည်။)))
ထို့ကြောင့် ထိုကဲ့သို့ ခန့်မှန်းသွားပါသည်။
Was this answer helpful?
LikeDislikeဇာတ်လမ်းမှာ နောက်ဆုံး ဦးနဲ့ သမီးမဆုံနိုင်ဘူးလို့ ကြိုတွေးထားပင်မယ့်
အန်တီအေးရဲ့ ဇာတ်သိမ်းကိုဖတ်ပြီးရော စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်
နွယ်ပင်က ဇတ်လမ်းလေးတွေကို Happy Ending ဖြစ်တာမျိုးကို ပိုကြိုက်တယ်
ဘာလို့လဲဆိုတော့ ကိုယ်တိုင်ကစာဖတ်တာပဲဖြစ်ဖြစ် ဇာတ်လမ်းကြည့်တာပဲဖြစ်ဖြစ်
စိတ်ကိုနှစ်ပြီး ကြည့်တက်ဖတ်တက်လွန်းလို့ Happy Ending မဟုတ်ရင် ရင်ထဲမှာ
တ့နုံ့နုံနဲ့ စိတ်မကောင်းဘူး ….
Was this answer helpful?
LikeDislikeအလို..
ကျနော်က ဇာတ်သိမ်းကောင်းမယ်ထင်တာဗျား..
အန်တီအေး ၀တ္ထုရေးစားပါလား
တစ်ကယ်ဆွဲဆောင်မှုရှိတယ်ဗျ
ဦးခမျာ သနားစရာနော..
Was this answer helpful?
LikeDislikeချစ်တိုင်းလဲ မညား…
စကားကိုသာ…တီးတိုးရေရွတ်ရင်သာ..
ကိုယ့်နှလုံးသား အသည်းတနေရာ…
သူပေးတဲ့ဒဏ်ရာများ………
သီချင်းစာသားထက်မရတော့ပါ၊
Was this answer helpful?
LikeDislikeဦးကလဲတော်တော်ကို သံယောဇဉ်ကြီးတယ်နော်…
တခုမဟုတ်တခုကို စဉ်းစားထားပေးတယ်…
ဇာတ်သိမ်းကိုဖတ်ပြီး စိတ်ထဲမှာမကောင်းပါ…
Was this answer helpful?
LikeDislikeမမအေး…..အဲဒါဆို ”ဦး” ကလည်း တခြားသူနဲ့ လက်ထပ်….
“သမီး” ကလည်း ”ဒိုင်ယာရီ-ကောင်လေး” နဲ့ မဟုတ်ဘဲ တခြားသူနဲ့ပဲ လက်ထပ်သွားခဲ့တယ်လို့ပဲ
ကောက်ချက်ချရမလားနော်….အဖြေမပေးတဲ့ ပဟေဠိကို ကြိုးစားအဖြေညှိကြည့်မိရင်…
ဇာတ်လမ်းလေးကို စီးမျောခံစားကြည့်မိတော့ ဦးကို အသနားဆုံးးးးးး…
ဒါပေမယ့် သူ့ရဲ့ ”သမီး” အပေါ် နှစ်ပေါင်းများစွာ အုံ့ပုန်းရှိနေနိုင်တဲ့ ‘အချစ်ဇွဲ” နဲ့
”သံယောဇဉ်ကြီးမားမှု” တွေကတော့ လက်ဖျားခါးလောက်တယ်…အတော်လည်း
ပူလောင်မယ်..နော်…”ဦး” အပေါ် ”သမီး” ရဲ့ ခံစားချက်တွေကလည်း ၅၂၈ သံယောဇဉ်
ထက်မကတဲ့ အချစ်ဖက်ကို နွယ်နိုင်တဲ့ မေတ္တာမျိုးတွေရှိနေခဲ့မလားဘဲ….
ဦးရဲ့ လက္ခဏာအရဆိုရင် တစ်ယောက်ကိုချစ်နေတုန်း နောက်တစ်ယောက်ကို တချိန်ထဲ
ထပ်ချစ်နိုင်သေးတယ်လို့ ပြောတာလားဟင်???? တစ်ယောက်ကို လက်ထပ်ထားပြီး
နောက် အိမ်ထောင်သစ် ထပ်ထူနိုင်တဲ့ပုံစံမျိုးပေါ့…သိပ်နားမလည်ဘူး…
အဲဒါကိုတော့ စိတ်ဝင်စားမိတယ်…အဲဒီလိုဆိုရင်တော့ ဦးက မကောင်းတော့ဘူး…
သိရင်တော့ ငြင်းပယ်မိမှာပဲ….
Was this answer helpful?
LikeDislikeHnin Hnin,….
ကိုင်ရိုလက္ခဏာပညာ……
အန်တီလေ့လာမှုများရဲ့ အမြင်လေးပေါ့နော်
လက်ဖ၀ါးပြင်မှာပါရှိနေတဲ့….
ပထမ(ပင်မ)နှလုံးလမ်းကြောင်းဟာ…
အချစ်မေတ္တာဖြစ်ထွန်းပေါ်ပေါက်ခဲ့တဲ့ရေသောက်မြစ်ကြီးလို့ ဆိုချင်ပါတယ်။
ဒုတိယ(အရံ)နှလုံးလမ်းကြောင်းဟာ..
နောက်ထပ်အချစ်မေတ္တာစိတ်ခံစားမှုတစ်မျိုး…
ထပ်မံဖြစ်ထွန်းပေါ်ပေါက်လာနိုင်စေမဲ့မမြင်ရတဲ့အရာ…
အနာဂါတ်ရဲ့ ကံကြမ္မာလမ်းကြောင်းတခုပါ။
နောက်ထပ်ရေသောက်မြစ်အသေးစားလေးတခုလို့ ပြောလို့ ရပါတယ်။
အချစ်မေတ္တာရေးနဲ့ ပတ်သက်လာရင်….
လူတစ်ကိုယ်ခံစားမှုနှစ်မျိုးဖြစ်တဲ့သဘောပါ..။
ကောင်းမွန်တဲ့အိမ်ထောင်ရေးလမ်းကြောင်းပါရှိနေပါတယ်..။
ဒါဟာဘာကိုပြဆိုသလည်းလို့ ပြောပြရရင်….
မိမိရဲ့ အိမ်ထောင်ဖက်ကိုတင့်တင့်တယ်တယ်..
နှစ်က်ဖက်မိဘတွေတရားဝင်အတိအလင်း(လူသိထင်ရှား)
လက်ထပ်ပေါင်းသင်းယူမှာကိုဖော်ပြပါတယ်။
အိမ်ထောင်ရေးပင်မလမ်းကြောင်းကြီးပေါ်မှာမှ..
ထပ်မံမှေးမှေးမှိန်မှိန်လမ်းကြောင်းကပ်ပြီး(ထပ်ပြီး)ပါရှိနေပါသေးတယ်..
ဒါဟာမိမိချစ်နှစ်သက်သူနဲ့ အမှန်တကယ်လက်ထပ်ခွင့်မရှိခဲ့ရင်လည်း..
အိမ်ထောင်ပြုလိုချင်တဲ့သွေးသားတောင်းဆိုမှုကြောင့်…..
နောက်ထပ်(ဆေးပေးမီးယူ)ဆိုတဲ့စိတ်လေးကြောင့်
ဘ၀လက်တွဲဖော်ရှာသွားနိုင်တဲ့သဘောမျိုးပါဘဲ။။
Was this answer helpful?
LikeDislikeသြော်…အဲဒီလိုဆိုရင် ဦးက ပွေတဲ့ရှုပ်တဲ့သူ မဟုတ်ဘူးပေါ့နော်…
ဦးအနေနဲ့ဆိုရင် “ဦး” က မိဘဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာ ကုသိုလ်ရပေမယ့်
သနားချစ်ကြောင့် အလျင်စလို ထူထောင်ဖြစ်ခဲ့တဲ့ အိမ်ထောင်ရေးကတော့ ကိုယ့်အတွက် မကောင်းဘူး ထင်တယ်…တကယ်ချစ်ကြပါတယ်ဆိုတဲ့သူတွေတောင် အကြာကြီးပေါင်းလာကြပြီး အခန့်မသင့်ရင် ကွဲတတ်ကြတယ်ဆိုတော့ သနားချစ်-အိမ်ထောင်ရေးက သံယောဇဉ်လောက်သာရှိတာမို့ ကွဲဖို့ ပိုလွယ်တယ်လို့
နှင်းနှင်းတော့ မြင်မိတယ်..
”ဦး” အနေနဲ့ ”ဦးကျန်ရစ်” ဇာတာရှင်များလားနော်…
သူ့ကို ထားသွားကြတဲ့သူတွေချည်းပဲမို့….ဂရုဏာသက်မိပါတယ်..
ဆင်ခြင်တုံတရားနဲ့ စိတ်တွေကို တွန်းလှန်နေခဲ့ရမယ့် ”သမီး” ကိုလည်း စာနာနေမိပါတယ်…
တကယ့်ကို Heart ထိတဲ့ True Story လေးပါပဲ..!!!!!!!!!!!!!!!!!!
နောက်ထပ်လည်း စာဖတ်သူကို ဒီလို ရင်ထဲထိရောက်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်း
လေးတွေကို စောင့်မျှော်နေပါရစေ…Thank you indeed.
Was this answer helpful?
LikeDislikeစိတ်ကူးတစ်ခုပေါ်လာလို့
ကိုယ့်လိုပဲ Happy Ending ကြိုက်တဲ့လူတွေ များသလားလို့။
ဇာတ်လမ်းကို ကိုယ်လိုသလို ရေးပေးလိုက်မယ်။
ဦးကလည်း သင်္ဘောပြန်လိုက်ရင်း နိုင်ငံခြားမှာ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်မွေး။
သမီးကလည်း သူ့ရဲ့ ဒိုင်ယာရီ ချစ်သူနဲ့ ရွှေလက်တွဲပြီး သားလေးတစ်ယောက်မွေး။
သားလေးက ကျောင်းပြီးတော့ နိုင်ငံခြားမှာ ပညာသွားသင်ရင်း အလုပ်လည်း လုပ်ရင်း ချစ်သူတွေ့။
နှစ်ဖက်မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အခါကျတော့မှ သမီး နဲ့ ဦး တို့ ပြန်တွေ့ကြရပြီး
ပျော်ရွှင်စွာ ဇာတ်သိမ်း။ :D
(မအေးရေ-စိတ်မဆိုးနဲ့နော်)
Was this answer helpful?
LikeDislikeမမ…
စိတ်ကူးလေးကအရမ်းကောင်းပါတယ်..
ဖြစ်စေချင်သလိုမဖြစ်လာတာကံအကျိုးပေးနည်းတယ်ဆိုရမလား..။
ဦးကတော့…
မိဘစိတ်ချမ်းသာမှုကိုလိုလားတဲ့ဆန္ဒအရ…
လက်ထပ်တာကိုမြင်ချင်ပါတယ်လို့ ကျမရဲ့ တောင်းဆိုမှုအရ..
သူငယ်ချင်းမုဆိုးမကိုသနားတဲ့စိတ်ဆန္ဒအရ…
သွေးသားတောင်းဆိုမှုများအရ…
မချစ်မနှစ်သက်ပဲသူငယ်ချင်းမုဆိုးမကိုလက်ထပ်သွားခဲ့ပါတယ်။
လက်ထပ်ပြီးနောက်ပိုင်းမိဘဆုံးပါးသွားပြီးတဲ့အခါကွဲသွားပါတယ်။
သားသမီးအနှောင်အဖွဲ့ တောင်မရလိုက်ပါဘူး။
အင်မတန်ကံဆိုးရှာပါသည်။။
Was this answer helpful?
LikeDislikeအစ်မအေး
အင်တာဗျူးချင်တယ်။
အဲဒီ တုန်းက ခံစားရတဲ့ ဝေဒနာ တွေ က အခု မှာ ရီစရာ ဖြစ်နေခဲ့ပြီလား။
ဒီအတိုင်းဘဲ ရှိနေသေးလားဟင်။
ဒါမှ မဟုတ် လွမ်းဆဲလဲ မဟုတ်၊ ရီစရာလဲ မဟုတ်၊ ကြားနေ neutral ဖြစ်သွားပြီလား။
စပ်စုတာ စိတ်မရှိပါနဲ့နော်။
Research လုပ်ကြည့်ချင်လို့။ :-)
Was this answer helpful?
LikeDislikeအရီး…
ခရီးထွက်သွားလို့ ..
အကြောင်းပြန်တာနောက်ကျသွားပါတယ်..
သောကြာခါးစီးပါရှိလာတဲ့အတွက်…
အလွမ်းတွေကိုအသက်ရှင်သန်နေထိုင်တဲ့..
ကာလပါတ်လုံးစိတ်ခံစားမှုဖြစ်ပေါ်စေခဲ့ရပါတယ်။
အလွမ်းတွေကိုကာလရှည်လျှားစွာ…
သယ်ဆောင်ပေးသွားတာက…
ဗီးနပ်စ်ဆိုတဲ့သောကြာခါးစီးလေးပါရှိနေလို့ ပါပဲ။
မလတ်သိအောင်ရှင်းပြလိုက်ပါရစေ…။။။
Was this answer helpful?
LikeDislikeအန်တီအေး ရေ အလွမ်းဇာတ်သိမ်းလေးပေါ့။
ဘ၀ရေစက်တွေ နည်းခဲ့လို့ ထင်ပါရဲ့။
Was this answer helpful?
LikeDislikeစောင့်ရကျိုးမနပ်ဘူးလို့ပဲ ပြောရမယ်နော် … သူ့အတွက်တော့ ….
တစ်ခါအသည်းကွဲပြီး …နောက်တစ်ခါ ထပ်ကွဲတာ …. သူ့အတွက်ပိုခံရခက်မှာပါပဲ …
ဇာတ်လမ်းတပုဒ်လုံးမှာ အဲ့ဒီဦးဆိုတဲ့ လူကို …မကျေမနပ်ဖြစ်လာတာ …. နောက်ဆုံးပိုင်းကျမှပဲ စာနာစိတ်ဖြစ်မိတော့တယ် …။
နောက်ဆုံးအခန်းလေးမှာ သူလှည့်မထွက်သွားပဲ ..ကောင်မလေးကို ချုပ်ပြီး လက်ထပ်ခွင့်တောင်းလျှင် စိတ်လှုပ်ရှားစရာအဖြေမျိုး တမျိုးထွက်လာနိုင်သေးတယ် …. သူက လက်နက်ချပြီး လှည့်ထွက်သွားတော့ …. ကြေကွဲစရာနဲ့ အဆုံးသတ်သွားရပြီပေါ့ …
Was this answer helpful?
LikeDislikeအန်တီအေးရေ………ဒီနေ့မှပဲ ဇာတ်သိမ်းလေးကို ဖတ်ဖြစ်တော့တယ်။ ဟိုနေ့က ဆိုဒ်ကိုဖွင့်လို့မရလို့။ ဖတ်ပြီးတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ရင်ထဲမှာတစ်မျိုးကြီးပဲ။ ဦးကိုလည်း စာနာစိတ်ဖြစ်မိတယ်။ သမီးကိုလည်း သနားတယ်။ အပေါ်က မန့်ထဲမှာပြောထားတဲ့အတိုင်းဆိုရင် ဦးက အချစ်ရေးရော၊ အိမ်ထောင်ရေးမှာပါ အဆင်မပြေဘူးပေါ့နော်။ ကံဆိုးတာပေါ့နော်။
Was this answer helpful?
LikeDislike