အဟောင်းဆိုတာ တစ်ခါတုန်းကအသစ်ပါပဲ
ခုတလော ဆာမိတို. ရွာကြီး တော်တော်လေးစည်ကားနေတယ်ထင်ပ ။ရွာသူသစ်တွေ ရွာသားသစ်တွေနဲ. တော်တော်လေးအောင်ပွဲခံနေတယ် …။ ၀မ်းသာသဗျ ….ဒီလိုစည်ကားတာမျိုးလေးကို ၊ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲလို.နော …….။ရောက်လာတဲ.၇ွာသူရွာသားတွေထဲမှာလဲ အတော်လေးလက်စွမ်းထက်တဲ. သူများကိုတွေ.ရတော. ကိုယ်.ကိုကိုယ်တောင်အားငယ်မိသေး ။ တကယ်ပါ ဟိုတလောက အလှူဓတ်ပုံတွေမှာ တွေ.ရတဲ.သူများဆိုရင် မထင်လောက်အောင်ငယ်နေကြတာ ။ သူတို.အရည်အချင်းနဲ. သူတို.အသက်ကိုကြည်. ပြီး ကိုယ်ညံ.တာ ကိုသတိထားမိပါရဲ. ။ ခုလဲ ရွာထဲမှာ နှုတ်ဆက်ခွင်.မကြုံသေးတဲ.ရွာသူရွာသားသစ်တွေကို အားရဖွယ်တွေ.ရပြန်သေးတော. ဒို. ရွာကြီးတော. ပိုတောင်.တင်းလာပြီလို.ထင်မှတ်မိပါတယ် ။ ဒီပို.စ်ကိုရေးရခြင်းကလည်း ရွာသူရွာသားသစ်တွေကိုအားပေးနှုတ်ဆက်ချင်လို.ပါ ။ ဆာမိ ကအသစ်မဟုတ်တော.ပေမဲ. အဟောင်းစစ်စစ်လဲမဟုတ်ပါဘူး ။ ရွာထဲသိပ်မေ၇ာက်လို. လူစုံသက်စုံ မကြုံ ရသေးတော. တစ်ခါတလေ ရွာသားသစ်မိတ်ဆက်ပွဲတွေနဲ. လွဲခဲ.ရသေးတာပေါ. ။ ခုလဲ ကိုမြတ်ကျော်သူရဲ. ရွာထဲသို.အ၀င် ပို.စ်နဲ. ကိုသုနောင်မန်းရဲ. သခင်မျိုးဟေ.ဒို.ဗမာ ပို.စ်တွေကိုဖတ်မိပြီး ရေးချင်စိတ်ပေါက်လာ လို.ပါ ။ ဒီလိုပါ ခုတလောရွာထဲမှာ မုန်တိုင်းသင်.ပြီး ဆူညံနေတဲ.အချိန်မှာ ရည်ရွယ်ချက်ကောင်းကောင်းနဲ. ရွာထဲဝင်လာတဲ.သူ များအဖို. အနည်းငယ်အခက်အခဲလေးတွေ ကြုံကြရပါတယ် ။ဘာလဲဆိုတော. ဆာမိတို. ဒီရွာကို ပွဲဆူအောင်လှန်.တဲ.လက်နက်အဖြစ် တချို.က အကောင်.သစ်များနဲ.၀င်မွှေကြတဲ.အတွက် အမာခံရွာသူရွာသားများကပြန်ပြီးဆန်.ကျင်ကြပါတယ် ……ဒီလိုနဲ. ဆဲကြ ဆိုကြ ဒေါသအလျောက် ကြိမ်း မောင်းကြဆိုတော. အတော်လေးရုပ်ဆိုးလာတဲ. အနေအထားကိုရောက်လာပါတယ် ။သဂျီးကိုယ်တိုင်ရော ကိုယ်စားပါလွှဲပြီး ပို.စ်တွေ ကွန်မန်.တွေကိုဖျက်ရတဲ.အထိပါပဲ ……ဒီတော. ကိုပေ (၀င်းတော်လ်ခါ) က ၀င်မဖတ်ဖို. ကွန်မန်.မပေးဖို. သပိတ်မှောက်ဖို.ပြောခဲ.ရပါတယ် ။ ဒီအချိန်ခါ မျိုးမှာရောက်လာတဲ. ရွာသူရွာသား သစ်များကိုလဲ ကိုယ်ချင်းစာပြီးအားနာလှပါတယ် ။ ဘယ်သူဘယ်ဝါ ဘာရည်ရွယ်ချက်ဆိုတာတွေကို မခန်.မှန်း မိသေးတော. ၀င်မဖတ်မိတာတွေ မမန်.မိတာတွေရှိခဲ.ရပါတယ် ။ဥပမာ တစ်ခုပေးရရင် သုနောင်မန်းရဲ. “သခင်မျိုးဟေ.ဒို.ဗမာ ”ဆိုရင် ဒုတိယစာမျက်နှာရောက်သည်.တိုင် ကွန်မန်.တစ်ခုမှမရသေးပါဘူး ။ အကျိုးပြုတဲ.လမ်းပြပို.စ်လေးပါ ။ အားလုံးက မျက်စိမှောက်သွားပေမဲ. ကံကောင်းချင်တော.ရွာသားကြီး နိဂိမိကသွားတွေ.ပြီး ဆက်ရေးဖို.အားပေးပြီး မန်.ခဲ.ပါတယ် ။ဒီတော.မှ ကျွန်တော်လဲတွေ.ပြီး ဖတ်မိတာပေါ.။
ဒီတော.ဦးပါလေယာတို. အန်တီမမတို. ကပါတွေ.ပြီး ကွန်မန်.၀င်ပေးခဲ.ကြပါတယ် ….။ပြောချင်တာကတော.
တခါတရံမှာ အကြောင်း ကြောင်းတွေကြောင်. မဖတ်မိတဲ.အခါလေးတွေရှိခဲ.ရင်လဲ စိတ်ဓတ်မကျကြပါနဲ.
ဆာမိလည်း တခါကဒီလိုအချိန်မျိုးမှာပဲ ဒီရွာထဲရောက်ခဲ.တာပါ ။ ရောက်ခါစမှာ သက်တမ်းရင်.ရွာသူရွာသား
ကြီးများက တွဲခေါ်ခဲ.ပါတယ် ….. ဒီလိုနဲ.ဘဲ ရွာထဲမှာပျော်ပိုက်ပြီး မြဲနေတော.တာပါပဲ …..။
ရွာထဲမှာနေတော.လည်း ရွာမျက်နှာဖုံးလေးစွပ်ထားတာပေါ. ။ ဒီရွာထဲက ရွာသူရွာသားများကလည်းမျက်နှာဖုံး
ကိုယ်စီနဲ.ဘဲလေ ……တချို.ကချွတ်ပြီးခဲ.ပေမဲ. တချို.ကလည်း သူ.အကြောင်းနဲ.သူ စွပ်ထားနေကြသေးတာ
ပေါ. …..ဒါပေမဲ. မျက်နှာဖုံးတွေရဲ.အောက်မှာ ခင်မင်မှု ၊ ရင်းနှီးကျွမ်းဝင်မှု နဲ. စည်းလုံးညီညွတ်မှု တွေပြည်.နေ
တဲ. နှစ်သက်ဖွယ်အပြုံးကိုယ်စီနဲ.ပါ ….။ ဒီရွာသူရွာသားတွေ ခင်မင်ဖွယ်ကောင်းတယ်ဆိုတာကိုယ်တွေ.ပါပဲလေ
ဒီရွာရဲ.စည်းလုံးညီညွတ်တာတွေကိုလည်း နောက်တွေ.လာရမှာပါ ။
နောက်ပြီး ဒီရွာရဲ.အသက်က ကွန်မန်.တွေပါ ။ ပို.စ်တွေကလည်းကောင်းသလို ကွန်မန်.ပေးတဲ.သူတွေ
ကလည်း ထိထိ မိမိ ပေးတတ်ကြပါတယ် ။ ကွန်မန်.တွေက ပို.စ်ထက်ပိုကောင်းနေတာလည်းရှိခဲ.ဖူးပါတယ် ။
အသစ်ဘ၀မှာ ကွန်မန်.လေးတွေရရင် ပျော်ကြပါတယ် ။ ဒါပေမဲ. စောစောကပြောခဲ.သလို မန်ဘာများက
အကြောင်းမညီညွတ်လို. မဖတ်ဖြစ်တာတွေလည်း မပေးဖြစ်တာတွေလည်း ရှိခဲ.သေးတာပေါ. ။
ဒီတော. အသစ်တွေမိတ်ဆက်ကြတိုင်း ရွာသားကြီး ကိုပေါက် (မန္တလေး) က “ ရွာထဲ မှာကြာကြာနေပါ”
လို. အမြဲပြောတတ်ပါတယ် ။ တချို.ကလည်း လာကြည်.ပြီး ပြန်ပြေးသွားတတ်ကြတယ် ။ အချိုးမကျတဲ.
သူတွေကို ကွန်မန်.များနဲ.၀ိုင်းဝန်းထိမ်းသိမ်း ပေးကြလို. တသွေးထဲတသားထဲ ဖြစ်သွားကြတဲ.သူတွေ
ရှိသလို လုပ်ချင်တာ လုပ်မရလို. မြန်မြန်ပြေးသွားတဲ.သူများလည်းရှိခဲ.ပါတယ် ။ ဒီရွာက ဒီမိုရွာပါ
တကယ်တော.လွတ်လပ်ပါတယ် ……ဆွေးနွေးကြ ၊ ငြင်းခုံကြနဲ. တော်တော်ပညာရပြီး ပျော်စရာလဲ
ကောင်းပါတယ် …..။ ဒါပေမဲ. သဂျီးထုတ်ထားတဲ.ရွာစည်းကမ်းလေးတွေလည်း လိုက်နာရသေးတာပေါ.။
စည်းကမ်းမလိုက်နာရင် ဘာဖြစ်မလဲဆိုတော. ……..ရုပ်ဝတ္ထုအားဖြင်.တော.ဘာမှမဖြစ်ပါဘူး ။ ဒါပေမဲ.
ရွာထဲမှာ မျက်နှာဖုံးတွေစွပ်ပြီးတွေ.နေကြတာဘဲလေ …….ကိုယ်.ရာဇ၀င်ကိုယ်ရေး ကိုယ်.နာမည်ကိုယ်ဖျက်
ဆီးလိုက်သလိုဖြစ်မှာပေါ. ……။ ဒီရွာထဲမှာ တွေ.ရမှာပါ ပို.စ်(၇၀၀) ကျော် (၈၀၀) ကျော်ရေးထားပြီး
ကွန်မန်. (၇၀၀၀) ကျော် (၅၀၀၀) ကျော် တွေ ……. ကိုယ်.တစ်သက် ဘယ်တော.မှ မဖြစ်နိုင်တဲ.အရေ
အတွက်ပါ ။ ဒီလို ရေးနိုင် မန်.နိုင်သူများရှိသလို Log in တောင်မ၀င်ပဲ စာဖတ်ရုံသက်သက် မန်ဘာတွေလည်း
အများကြီးရှိပါတယ် …….။ အများအားဖြင်.တော. စာဖတ်ချင်လို.လာခဲ.ကြတာပဲလေ ……။စာဖတ်သူတွေကို
မစော်ကား မိဖို.ပဲလိုတာပါ ….. ဆာမိတို.ကတော. အမြဲတန်း လက်ခုပ်တီးအားပေးနေပါတယ် ။ အဲ ကွန်မန်.
တော. သိပ်မရေးတတ်လို. ခွင်.လွှတ်ကြပါ ။ ပို.စ်တစ်ပုဒ်ရေးဖို.ဆိုရင် (၁၅) ရက်လောက်ကြိုးစားရတာပါ ။
ရေးတတ်သူများ ရေးနိုင် သူများကိုလည်း လေးစားအားကျရပါတယ် ။ “ဘယ်လိုများ ရေးပါလိမ်.မလဲ” လို.
တွေးပြီး အံ.သြ ငေးမောရင်း နဲ. စာဖတ်ပြီးပျော်နေရတာပါပဲ …….။ အခုဝင်လာတဲ.သူများကို ကြည်.တော.
တော်တော်လေး ရေးတတ် /ရေးနိုင်ကြလို. ၀မ်းသာရပါတယ် …….။ဘယ်လိုပဲဖြစ်ဖြစ်လေ …..ဒီရွာထဲ အနေ
ကြာပါစေလို.မျှော်လင်.ရတာဘဲ ……..ကြာတော.လဲ ဟောင်းသွားကြမှာပါ …….။ ဒါကြောင်. …..
“အဟောင်းဆိုတာ တစ်ခါတုန်းက အသစ်ပါဘဲ ” လို. စကားလက်ဆောင်လေးပေးလိုက်ချင်ပါရဲ. …….။
(ကိုပေါက် ရဲ.စကားလေး ခဏငှားသုံးလိုက်ပါတယ် )



ကျေးဇူးပါကိုဆာမိရေ……….ဒီပိုစ့်လေးဖတ်ပြီး အားတက်မိပါတယ်။ ကိုယ်ကစာ
အရေးအသား သိပ်မကောင်းတော့ရေးပြီးစိတ်တိုင်းမကျတိုင်း ရွာထဲကထွက်ပြေးချင်တာအကြိမ်ကြိမ်မို့ပါ။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ကျုပ်တို.လည်း ပြေးမယ်ကြံတိုင်း နောင်တော်များ အစ်မတော်များက ဆွဲခေါ်ထားကြပါတယ် ။
ဝေဖန်ကြတာလေးတွေတော.ရှိလိမ်.မပေါ. ။ အပြုသဘော ပြောကြတာပါဗျာ …။
Was this answer helpful?
LikeDislikeပေးထားတဲ့ နာမည်လေးကြိုက်သဗျာ…..
အဟောင်းဆိုတာ တခါတုန်းကအသစ်ပါဘဲ….
ယောက္ခမဆိုတာတခါတုန်းက သမက်ပါဘဲ…ရုပ်ရှင်နာမည်ပါ
ဆရာဆိုတာတခါတုန်းက တပည့်ပါဘဲ….လွန်ခဲ့တဲ့ ၇နှစ်လောက်တုန်းက
ဆရာကန်တော့ပွဲမှာဆရာမတဦးပြောသွားတဲ့စကားလေးပါ….
ကျနော်တို့လဲစာရေးမကျွမ်းကျင်လို့ ပို့စ်တင်နည်းပြီး
ကွန်မန်းတွေလောက်ဘဲများများရေးနေမိတယ် ကိုဆာမိရေ..
မန်းလေးကဇက်ထဲရောက်မှ ကွန်ပြူတာနဲ့စာရိုက်တတ်လာတာပါ..
ဒါကြောင့်သဂျီးကိုလဲကျးဇူးတင်နေရတာပေါ့…
Was this answer helpful?
LikeDislikeကိုဆာမိ ၁း၀၀နာရီရှိနေပြီလေ တယ်ဇွဲကောင်းလှချည်လား…
Was this answer helpful?
LikeDislikeအဲဒါဘဲကိုရင်မောင်ရေ …….
ရွာထဲရောက်ရင် ပြန်မထွက်ချင်တော.ဘူး ။
ဒါနဲ.မှတ်မိသေးလား….ကျွန်တော်ရဲ.ပထမဆုံးပို.စ်မှာ ပထမဆုံး ကွန်မန်.ပေးတဲ.သူက
အစ်ကိုပဲလေ …။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ခုလိုသိရတာဝမ်းသာပါတယ်….
Was this answer helpful?
LikeDislikeအပနားဆိုတာ တစ်ခါတုန်းက ငရစ်
ဆာလားဆိုတာ အာလကေတောင်းတဲ့ ငဂျစ်
လာထားဆိုတာ ကဆာမိရဲ့အသစ်…….။
postများများတင်ပေးရန် အားလုံးကိုယ်စား ပြောခွင့်ပြုပါနော
Was this answer helpful?
LikeDislikeကျွန်တော.ကိုရွာထဲကမထွက်နိုင်အောင်ဆွဲထားတဲ. ထဲမှာ ကိုပေလဲပါတယ်ဗျ ။
Was this answer helpful?
LikeDislike“အရီး” ဆိုတာလဲ တစ်ခါတုန်းက “တူမ” ပါဘဲ ကဆာမိ ရယ်။ :D
ကဆာမိ ပြောသလိုပါဘဲ။
တစ်ခါတစ်ခါ တစ်ချို့နေ့ Post တွေ ပြုံကျလာချိန် ကိုယ်ကမန့်ဖို့ အချိန် မရ
တစ်ချို့ နေ့မှာမြင် ညမှာ တစ်ခြား Post အသစ်တွေ ကတက်လာ။
ဒီတော့ နေ့လည်က ဖတ်ထားတာ ကို မမန့်နိုင်တော့ ဘဲ တန်းတွေ့ တာကို မန့်လိုက် တာကြောင့်
တစ်ချို့ လွတ်ကုန် ခြင်းပါ။
တကယ်က မလွတ်တန်း အားလုံးကို မန့်ချင်ပါတယ်။
ဒီတော့ ရေးသာ ရေးကြပါ။
အားပေးတဲ့ သူတွေ ရှိပါတယ်။
အတွေး ရ တာလေး တွေပါရင် တော့ ပိုပြီး မန့်ဖို့ အားရှိတာပ။ :-)
Was this answer helpful?
LikeDislikeတူမ ဘ၀ က ဦးကြောင်တို့ မသိလိုက်တာ ကံကောင်းတာပေါ့နော် အရီးလတ် .. :grin:
Was this answer helpful?
LikeDislikeကျွန်တော့် အဟောင်းလေး ဟိုတုန်းက အသစ်ဟုတ်မှာပါနော်…
ငါဝတ်တဲ့ အ၀တ်..
တော်ကြာရင် ညစ်တာပဲ။
လွှင့်ပစ်စတမ်းဆို…
အိုမင်းတဲ့ ကမ္ဘာမှာ…
နေစရာ တောင် ရှိမှာ မဟုတ်ဘူး။
ကျင်းချိုင့်ထဲမှ ရေများ…
အပူအားနဲ့ အငွေ့ဖြစ်..
ကျစ်လစ်စုစည်း အအေးနည်းနဲ့
မိုးသီးမိုးပေါက် တခေါက်ပြန်ကျ
ခုနက ရေပဲပြန်ဖြစ်တယ် မဟုတ်လား…
Was this answer helpful?
LikeDislikeတခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖတ်ပြီး မမန့်ဖြစ်တာတွေလည်း ရှိပါတယ်။
မန့်ပြီး ကွန်မကောင်းလို့ ပျောက်သွားတာတွေကလည်း အများကြီးပေါ့။
ကိုယ့်ပိုစ့်လေးတင်ပြီးရင် ဘယ်သူက ဘယ်လိုများ မန့်လာမလဲလို့ မျှော်ရတာနဲ့ လည်ပင်းတောင် တတောင်လောက်ရှည်လာတယ်။ :D
နောက်ဆုံးတော့ ကွန်မန့် မရတောင် reading count လေးကြည့်ပြီး ရသေ့စိတ်ဖြေလုပ်ရတွေတာလည်း ရှိသေးတာပေါ့။
ဘာပဲဖြစ်ဖြစ် ဒီရွာထဲ ရောက်လာလို့ ကိုယ့်စိတ်ထဲရှိတာတွေ၊ သိချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ပြောချင်တာတွေကို ဖွင့်ချခွင့်ရလို့ ကျေနပ်နေမိတာတော့ အမှန်ပါပဲ။
Was this answer helpful?
LikeDislikeအခုတလောတော့ အချိန်တိုင်း ရွာထဲဝင်လို့မရတာနဲ့
ဖတ်ဖြစ်တဲ့ပိုစ့်တောင် တော်တော်နည်းသွားတယ်
ကွန်မင့်ကတော့ မပေးဖြစ်တာများတာမို့ ကျုပ်ကိုတောင် မေ့သွားပြီး လူသစ်လို့ထင်ကုန်မလားပဲ… :D
နောက်တခုကတော့ ဒီလပိုင်းမှာ လူဟောင်းတချို့က အကောင့်သစ်နဲ့ ပွားလာတာမျိုးလဲသတိထားမိတော့..
အသစ်ဆိုတိုင်း လှိုက်လှိုက်လှဲလှဲ မကြိုမိတာလဲ ပါပါသဗျာ…..
Was this answer helpful?
LikeDislikeဒီစာဖတ်ရတော့ ကျနော်လဲ အားတက်မိပါတယ်
တခါတလေ ကိုယ်က ပို့စ်က ရေးပီး ဘယ်သူမှ ၀င်မဖတ်ကျရင် အရမ်းအားငယ်ပါတယ်
တချို့ကျတော့လဲ ရေးချင်တာရေး ပြောချင်တာ ပြောပီး ပြန်မကြည့်တတ်ကျတော့ အဲပို့စ်တွေ ကိုယ်က လိုက်မန့်မိပြန်တော့ အားငယ်ရပြန်ရော..
ခုတော့ ရွာထဲက ဟိုအူးလေး ပြောသလို
” မသေခင် ရေးချင်တာတွေ ရေးတော့မည် ”
မှတ်ချက်။ ။ ဟိုကူး ဒီဖြတ် Copy/Cut များမပါ…….
Was this answer helpful?
LikeDislikeရေးတဲ့ပိုစ်ရဲ့ခေါင်းစဉ်ဟာ ကိုယ်ရေးမဲ့ပိုစ်ကိုအကျဉ်းချုပ်ဖော်ပြပေးတာမျိုးဆိုရင်ပိုကောင်းပါတယ်။ တခါတရံကွန်နက်ရှင်မကောင်း အချိန်မရတာနဲ့ခေါင်းစဉ်လေးဖတ်ပြီးတော့ မန့်ဖြစ်တာများပါတယ်။ အီတုန်းရဲ့ အမှိုက်ပုံးပျောက်တဲ့ပိုစ်လိုမျိုး တခါတလေလည်းရေးထားတဲ့ကွန်မန့်တွေက ကိုယ့်စိတ်ကူးထက်ပိုကောင်းနေလို့မမန့်ဖြစ်တာတွေလည်းရှိပါတယ်။
Was this answer helpful?
LikeDislikeကောင်းလိုက်တဲ့ခေါင်းစဉ် ကောင်းလိုက်တဲ့ပိုစ့် အားပေးသွားပါတယ်။ မန့်ဖို့မလိုလောက်အောင်ကို သဘောတူမျှပါ၏။
Was this answer helpful?
LikeDislikeကိုဆာမိ ရေ..ကျေးဇူးပါ..မိုနာ ကလေ မန်းGazette ကို ၀င်ဖက်မိတာ ရိုဟင်ဂျာ အရေးအခင်(ရခိုင် နဲ့)တုန်းက အဘဖေား ရေးတဲ့ စာလေး ကို သဘေားကျ လို့ မိုနာ့ အမြင် နဲ့ တ ထပ် တည်း ကျ လို့ သဘေားကျသွားတာ..ဒီလိုနဲ့ နေ့တိုင်းဝင်ဖက်နေရင်း..ကိုကိုတို့ မမ တို့ရေးတာလေးတွေ နောက်တာလေးတွေ သဘေား ကျလို့ မနေ့ က ၀င်ပီးမိတ်ဆက် မိ လိုက်တယ်..မိုနာ နောက်တာ လွန်သွားတယ် ထင်တယ်..မိုနာ့ ကို စိတ်ဆိုးသွားတယ်..မနေ့ က စိတ်မကောင်းပါဘူး..မနေ့ က ပြန်တောင်းပန် ပြီး..စိတ်ထဲးမှာ တော်ပီ ..ငါ မဖက်တော့ဘူး လို့ ဆုံးဖြတ် လိုက်တာ….မရပါဘူးးးcom ရှေရောက်က်ရင်FB ကြည် ပြီး မန်းGazette ကို ၀င် မိရော..ကိုဆာမိ ရဲ့ post ကို ဖက် လိုက် လို့ အားတက် သွားတယ်..ကျေးဇူးပါ(စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါနော်)…..
Was this answer helpful?
LikeDislikeကြီးမိုက်ဆိုတာ…တခါတုံးက လူလိမ္မာပါ..ကိုဆာမိရေ..
ဘ၀ရေစီးမှာ ယက်ကန်ယက်ကန် ဆန်တက်ရင်း
မိုက်မိသွားတာပါ…
ပို့များများရေးနိုင်ဘို့ထက် အခုကိုဆာမိရေးသလို
အကျိုးပြုပို့ လေးတွေ မကြာမကြာတွေ့ရရင်ကို
ကျေနပ်ပါတယ်ဗျာ…
ကိုဘလက်ဆီက လက်မအကြီးကြီး ငှားပီးထောင်သွားပါဂျောင်း..
ခင်တဲ့..
ကြီးမိုက်။
Was this answer helpful?
LikeDislikeကျနော်2010 အေပရယ်လမှာ ဒီစာထဲစရောက်ပါတယ်.
ကျနော်ဒီရောက်တော့ဒီပြင်ဆိုက်တွေမှာ အပုဒ်လေးငါးဆယ်လောက်ရေးပြီးနေပါပြီ။
အဲဒီကာလမှာ မြန်မာ့အင်တာနက်ကော်နက်ရှင်က အခုထက်အပုံကြီးဆိုးဝါးပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီရွာထဲဝင်ခါစမှာ ကော်နက်ရှင်ကောင်းတဲ့ ဒေသကိုအလုပ်နဲ့ရောက်သွားတော့
ရေးပြီးသမျှကို တပါတ်အတွင်းမှာအကုန်တင်လိုက်ပါတယ်။
အခုလို တစ်ရက်2ပုဒ်ကန့်သတ်ချက်လဲမရှိပါ။
ဒီပြင်ဆိုက်တွေမှာ ကိုပေါက် ကိုလူစသိလို့ကော်မင့်တွေရပေမယ့် ဒီဂေဇက်မှာကော်မင်းမရခဲ့တဲ့
ပိုစ်တွေရှိပါတယ်။
တစ်ခုတော့ရှိပြန်ပါတယ် ကော်မင်းပေးရင်လဲ ထိထိမိမိ အချက်အလက်ကျကျ ကြိုက်တာ မကြိုက်တာ
ပြောတတ်ပါတယ်။
ကျန်ာကို ကိုဖော ကော်မင်းပေးရင်း စိတ်ထဲမှာ မှတ်မိသွားကြတာပါ။
ဟိုနေ့ကတော့ ၀င်ကြည့်သူအများကြီးရှိပေမယ့် ကော်မင့်တစ်ခုလောက်ဘဲရတဲ့ ပိုစ်လေးတောင်
ပြန်မန်းဖြစ်ပါသေးတယ်။
ကော်မင်းမရလဲအားမငယ်ပါနဲ့။
အပေါ်က ၀င်ကြည့်သွားတယ်ဆိုတယ် hits ကို သာဂရုစိုက်ပါ။
အခုအသစ်ကလေးတွေဆို အားရပါးကြိုဆိုလိုက်ကြတာ ကျနော်တို့တုံးက ဒီလို မကြိုဆိုခံရသလို လုပ်လေ့လုပ်ထလဲမရှိပါ။
ကော်မင်းနဲ့ပါတ်သက်ရင် “ဆူး” ကို အသိအမှတ်မပြုလို့မရပါဘူး။
ရွာထဲတင်သမျှဖတ် ရီစရာကောင်မင်းတွေလိုက်ပေးလို့ စည်ကားအောင် ဖန်တီးခဲ့သူတစ်ဦးပါ။
သူ့လို အခုရွာစည်အောင်လုပ်သူတွေထဲမှာ မိုက်ကယ်ပု ကြောင်ကြီး စိန်ပေါက်ပေါက် ဖရဲမ တို့ကို
ထည့်မပြောပြန်ရင် မပြည့်စုံပါဘူး။
ရွာထဲကို ၀င်ပါ လာပါ ကြိုက်တာရေးပါ။
မကျေနပ်ရင် မကြိုက်ရင် ငြင်းခုန်လို့ရပါတယ်။
ဘာလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ယူ ကိုယ်သမိုင်းကိုယ်ရေးပါဘဲ။
ရွာထဲမှာပျော်အောင်နေပါ ကြာကြာနေပါ။
ရွာစည်အောင် ကြည့်သူနည်းနည်းများများ တစ်နေ့တပုဒ် မဖြစ်ဖြစ်အောင် တင်ပေးနေပါတယ်
ရွာသားကိုပေါက်
Was this answer helpful?
LikeDislikeပြောရင်းဆိုရင်းနဲ့  ဒီပို့ စ်ထက်ပိုကောင်းတဲ့ ကွန်မန့် တွေရောက်လာပါပြီဗျာ
ရွာသူရွာသားကြီးများရဲ့  စေတနာနဲ့  ကြိုဆိုပုံလေးတွေ မြင်ရမှာပါနော
သင့် တော်ရာလေးများလည်း အကြံပေးကြပါဦး ။
Was this answer helpful?
LikeDislike“အဟောင်းဆိုတာ တစ်ခါတုန်းက အသစ်ပါဘဲ ”
Was this answer helpful?
LikeDislikeရေသည်ကြီး ဦး ဆာမိရေ
ကျမ ကတော့ ရွာ ထဲမှာအသစ် လည်းမဟုတ် အဟောင်း လို့လည်းပြောမရတဲ့ ရွာထဲ ၀င်တော့မှ မြန်မာလို စရိုက် ဖြစ်တဲ့ သူပါ။ နေ့တိုင်းအသစ် အဟောင်း တပုဒ်မှ မကျန်အောင် ဖတ်ဖြစ်ပေမယ့် ကွန်မန့် တော့ သိပ် မပေးဖြစ် ပြန်ဘူး။ အမှန် တကယ် ကိုယ့် စိတ်ထဲ မှာ တခုခု ပြောချင်မှပေးဖြစ်တယ်။ တချို့ ပိုစ့် တွေ ဆို ပိုစ့် ကိုယ် တိုင် က အရမ်း ကောင်း သလို ကွန်မန့် တွေ ဖတ်ရ တာကလည်း ပြည့် စုံ လွန်းတော့ ဖတ်ရတာ နဲ့တင် သဘော ကျလို့ မမန့် ဖြစ်ဘူး။ အဲဒီတော့ တခါတလေ အသံတိတ် ဖတ်လိုက် တခါတလေ အသံထွက် ဖတ် လိုက် နဲ့ ပျောက်ချည်၊ ပေါ်ချည် ရွာသူ တယောက်ပေါ့ လေ။
Was this answer helpful?
LikeDislikeဆာမိရေတကယ်ကောင်းပါတယ်နော်
အဟောင်းလေးတွေကတစ်ချိန်ကတော့အသစ်ပေါ့
ခုအသစ်တွေကလဲအချိန်တစ်ခုရောက်ရင်အဟောင်းလေးတွေဖြစ်ရအုံးမယ်လေ
အားပေးလျက်ပါ
Was this answer helpful?
LikeDislikeစိတ်ရင်းအမှန်နဲ့ရွာထဲကိုရောက်လာတဲ့ ရွာသူား အသစ်တွေ အတွက်တော့ ကောက်ရိုးတစ်မျှင် Post လေးပါ။ ဒီလို အားပေးသူတွေ ၊ လက်တွဲခေါ်သူတွေရှိလို့လဲ MG မှာ စာဘဲဖတ်ပါတော့မယ်လို့ တွေးမိလိုက်၊မနေနိုင်ဘဲ Comment လေးတော့ ၀င်ပေးလိုက်နဲ့…..
Was this answer helpful?
LikeDislikeဟုတ်တယ်ကိုဆာမိရ
ပန်ပန်စာစရေးတော့ ဘယ်ကစလို့စရမှန်းတောင်မသိဘူး
အားလုံးကလည်း ကိုယ့်ထက်တတ်တဲ့လူချည်းပဲ
ရေးတာ တစ်ခုခုမှားသွားမှာ သိပ်စိုးရိမ်တာပဲ
အဲဒီတုန်းကဆို စိတ်ဓါတ်တောင်ကျတယ်
ဒါပေမယ့် ရွာကိုလည်း မစွန့်နိုင်ခဲ့ဘူးလေ
Was this answer helpful?
LikeDislikeကောင်းလိုက်တဲ့အေ၇းအသား။အားပေးသွားပါတယ်။ဒီရွာကိုနေ့ တိုင်းအနည်းဆုံးမနက်ညနေ ၂ခါ ၀င်ဖြစ်ပါတယ်။အားလုံးကောင်းကြပါတယ်။ရန်ဖြစ်တာလည်းဖတ်လို့ပိုတောင်ကောင်းတယ် လို့ထင်မိပါတယ်။
Was this answer helpful?
LikeDislikeအဟောင်းဆိုတာ……
တစ်ခါတုန်းက အသစ်ပါ……တဲ့
မှန်တာပေါ့နော်………
အသစ်ဆိုတာလည်း တစ်ချိန်ကျရင်……
အဟောင်းဖြစ်ရဦးမှာပေါ့လေ………
ဒီလိုပါပဲ……….
မန်းဂေဇက်..ကရွာသူ/သားအားလုံး…
အနေကြာလို့..တည်မြဲပါစေလို့…
မိုက်လေး…ကလည်းပြောချင်ပါတယ်..။
ဖတ်ကြည့်သွားပါတယ်နော်….။
Was this answer helpful?
LikeDislikeဒီပို့စ်လေးကို ဖတ်လိုက်ရလို့ အားတက်သွားပါတယ်။ ရေးစရာအကြောင်းလေးတွေရှိပေမယ့် ဘယ်လိုရေးရမှန်းမသိတာကြောင့် ပို့စ်မရေးဖြစ်ဘဲ ဖြစ်နေတာပါ။ comment ကတော့ ၀င်ရေးတတ်ပါတယ်။ သူများရေးတာတွေကြည့်ပြီး အားကျလို့ပါ။ အခုလိုအားပေးတဲ့ ကိုဆာမိကိုလည်းကျေးဇူးတင်ပါတယ်။ အားပေးထားတဲ့ အပေါ်က အရီးလတ်တို့၊ လေးပေါက်တို့၊နဲ့ ကျန်တဲ့သူအားလုံးကိုလည်း ကျေးဇူးပါနော်………..
Was this answer helpful?
LikeDislikeကော်မန့်တွေကိုတစ်ခါတစ်လေ ထိရောက်တာလေးတွေပြောချင်မန့်ချင်ပါတယ် ……. ပို့စ်တွေကအစပေါ့ ဖတ်တဲ့သူတွေကို အားနာတာလည်းပါတယ် တစ်ချို့ကအချိန်ပေးဖတ်နိုင်သလို အချိန်မပေးနိုင်သူတွေပါ ဖတ်လို့ရအောင် အတိုချုပ်ရေးခဲ့တာလေးတွေရှိခဲ့ပါတယ် ပို့စ်မှာအစုံမရေးပေမယ့် ကော်မန့်ပေးသူတွေကို ပြန်ပြီးဖြေပေးရင်လိုနေတဲ့အချက်တွေက ကော်မန့်ထဲမှာပါသွားတတ်ပါတယ် ……… ကိုစာမိတစ်ခါတင်ဖူး တဲ့ ဂျန်းရှင်းစကွဲယားပို့စ်လေးဆို ညီမလိုတာလေးတွေဖတ်သွားခဲ့ပေမယ့် ကော်မန့်တော့မချန်ခဲ့မိဘူး ……
Was this answer helpful?
LikeDislikeအဟမ်း .. အဟမ်း …
ကျနော်လည်း အသစ်ပါပဲ ..
ဒီရွာထဲ ရောက်လာတာ တစ်ရက်တစ်ပိုင်းပဲ ရှိပါသေးတယ် ..
အဲ .. တစ်ပိုင်းဆိုမှ သတိရမိတွားဒယ် ..
ဂနေ့အဖို့ ရေချိန်မကိုက်သေးဘူး ..
တစ်ပိုင်းလောက် သွားကစ်လိုက်ဦးမယ်
လိုက်ဦးမလား … :D
Was this answer helpful?
LikeDislikeမရေးတော့လည်း .. မရေးလို့ … ရေးလိုက်လျှင်လည်း တပုဒ်ဆိုသလောက် …ထိရောက်တဲ့ပို့စ်မျိုးပါပဲ…
လက်မထောင်အားပေးသွားပါတယ် ကိုဆာမိရေ … ။
ရွာကိုက ဆွဲဆောင်မှုရှိပါတယ် .. တခြား ဆိုဒ်တွေနဲ့ မတူတာက … ပို့စ်တပုဒ်တင်လိုက်လျှင် ပြန်ပြီးဆွေးနွေးတဲ့ ကော့မန့်တွေပေါ့ … ။ သူများ ဆိုဒ်တွေလို ကောင်းပါတယ် ။ ကျေးဇူးတင်ပါတယ် ။ ဟုတ်ကဲ့ … လာလည်သွားတယ် ဒါမျိုးတွေချည်းမဟုတ်ပဲ …. တစ်ချို့သောကော့မန့်တွေ .. မတူတဲ့ အမြင်ကိုတောင် … တဖက်လှည့်နဲ့ တွေးဖြစ်အောင် ရေးနိုင်စွမ်းရှိကြတယ် … ။ ဒီလိုပါပဲ.. ပို့စ်တွေအများစုက … အတွေ့ကြုံနဲ့ အမြင်ပေါ်မူတည်ပြီးရေးတာမို့ ….. ကိုယ်တိုင်ရေးတွေ ဖြစ်တာကလည်း … ဒီရွာရဲ့ .. ဆွဲဆောင်မှုတစ်ခုလို့ပြောရမယ် … ။
လူများလာတာ .. ပျော်စရာပါ … ။ အမြင်တွေ ဗဟုသုတ ခံစားမှုတွေ ဖလှယ်ရလို့ ..ပိုလို့တောင်ကောင်းပါသေးတယ် … ရွာသက်ကြာလာတာနဲ့ အမျှ .. အသစ်လည်း အဟောင်းဖြစ်ကုန်မှာပါပဲ .. ဒါပေမယ့်ပေါ့လေ .. တချို့ .. တချို့သော .. အသစ်တွေက… ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ …၀င်လာတာ ၊ လှုံ့ဆော်ဖို့ဝင်လာတာတွေရှိတယ် … ။ ဒီလိုလူမျိုးတွေကတော့ ရေတတ်ငါးဇင်ရိုင်းလို၊ ဖွဲမီးလိုပါပဲ .. ခဏလေးပဲ .. ရွာလည်နိုင်ကြရှာတယ် … ။
Was this answer helpful?
LikeDislikeကျွန်မက ၂၀၁၀ အောက်တိုဘာလကစပြီး ဒီနေ့အထိ နေ့တိုင်းနီးပါး ၀င်ဖတ်ခဲ့ပါတယ် … ကျွန်မတစ်ယောက်ထဲနေရတဲ့အချိန်တွေမှာဆိုရင် ဒီရွာထဲမှာပဲနေပြီး ကိုယ်သိတာတွေရေး၊ သူများရေးတာတွေဖတ်ပြီး နေခဲ့တယ် … တွေးလိုက် ငေးလိုက် ရေးလိုက်နဲ့ …
အခုတလော လူများများနဲ့အတူနေဖြစ်နေတော့ တွေးချိန် ငေးချိန်တွေနဲလို့ ပို့စ်တွေ မရေးဖြစ်ပေမယ့် ပုံမှန်တော့ ၀င်ဖတ်နေပါသေးတယ် …
ဘယ်သူပဲရေးရေး အမြဲတမ်းအားပေးနေပါတယ် ….
Was this answer helpful?
LikeDislikeသဂျီးရှိုဒါလဲ တစ်ချိန်တုန်းက ရွာသားပါပဲ
ဗိုက်ခလေးရှိုဒါလဲ အရင်ဒုန်းက ဗိုက်ပူဂျီးပါဘဲ.. ( ဘီအီးသောက်ပြီး ဖောနေဒါ )
ဂိန်…..
ကျနော်လဲ ခါဆို ခါမှ မိတ်မရှက်ဖူးဝူး..
အထု…မှ တိုရှာမိနဲ့ လျောပြီး မိတ်ရှက်ပါတယ်ဂျား..
အားရုံးဘဲ မင်ဂါဘား..
ရှော်ကြည်ထီပေါက် နိတ်ဗန်ရောက်ကြပါရှေ ခင်ဂျား..
Was this answer helpful?
LikeDislikeလူသစ်တွေထဲ ကိုမြတ်ကျော်သူကိုတော့ သတိထားမိပါတယ်။ စရေးကထဲက ဖတ်မိပါတယ်။ ကိုသုနောင်မန်းကိုတော့ ကျမမမြင်မိလိုက်ဖူးထင်တာပဲ။ ပြန်ရှာကြည့်လိုက်ပါအုန်းမယ်။
ကျမလည်း တချိန်တုန်းက အသစ်ပါပဲ။ ခုလည်း မဟောင်းတဟောင်းဘ၀ပဲ ရှိပါသေးတယ်။
ဝင်တိုင်း အကုန်ဖတ်နိုင်အောင် ကြိုးစားပါတယ်။
Was this answer helpful?
LikeDislikeအကိုဆာမိစာလေးဖတ်မိပြီးစနိုးအားတက်တယ် နောက်လည်းရွာထဲ မှာ စာလေးတွေ ကိုယ်တွေးထားတာ ကိုရေးချင်တာလေးတွေကို ရေးပါမယ်လို့ကတိပေးပါတယ် အားပေးမှုအတွက်ကျေးဇူးပါနော် ။
Was this answer helpful?
LikeDislike