ကြည်နူးစေနံနက်ခင်း………………………………….

1 နံနက်ခင်း အရုဏ်တက်ရေပြင်ကို သက်ဆင်း လှပခြင်းတွေနဲ့ဖွဲ့တည်ထား တဲ့ရောင်စဉ်

2 အလင်းနိုးထ ရောင်ခြည်ဖြာကျ
ကမ္ဘာမြေလှပ…………………………………………..

3ဟိုးအဝေးမှာရှမ်းရိုးမ ၀ိုးတ၀ါး
ရေပြင်မှာလှိုင်းကြက်ခွပ် ဆော့ကစား……………………..

4 မိုင်းညို့ ဆိုင်းဆို့တဲ့မိုးတိမ်
ဝဠာတစ်ခွင်အုံ့မိုင်း လွမ်းစေခိုင်းရောသလား…………………

5 မိုင်းရာမှကြည်လင်
ပြာလွင်သော အလင်းစ
ကြက်ခွပ်ထတဲ့ရေပြင်
မြင်ရသူ လန်းစိတ်ရွှင်

6 တိမ်ပြာသောနေ့ဆိုတဲ့ ရှေးရှေးက သီချင်းလေး
ရင်ထဲမှာ သတိရမိတော့ လမ်းသွားရင်းတောင်လေချွန်မိတယ်
(တိမ်ပြာသောနေ့တွင်အသဲများဘ၀င် သာယာလန်းဆန်းကြည်ရွှင်)

7 အလင်းစက် က ရေပြင်ပေါ် ခပ်သော့သော့
လေပြေဆော့ တော့ လှိုင်းကလေးနော့
ဗေဒါပင် ကတော့ ခေါင်းလေးမော့………………….

8 နှစ်ရောင်စပ် ကန်ရေပြင် ကြည်နူးဖွဲ့ဆင် အဝေးမှာ စိမ်းလွင် တောအုပ်ကလေးအသွင်

9 လှိုင်းများကြားမှာတည်ငြိမ်စွာ………………….

10 ပိုက်မပါ ကွန်မပါ ငါးမျှားချိတ်မပါ လက်နဲ့ဘဲဖမ်းမယ့် ကိုတံငါ

11 အငြိမ်သုံး အရွှေ့ နှစ်………………….

12 မြေကမ္ဘာမစောင်း ထန်းပင်လဲမစောင်း
ဒါဆို ကျနော်အမြင်စောင်းတာဘဲဖြစ်မယ်
“ကြည်နူးစေနံနက်ခင်း”
ရွှေလီကပြန်လာကတည်းက ကျနော်အပျင်းထူပြီးလမ်းမလျောက်ဖြစ်ပါဘူး။
လမ်းမလျောက်တာရက်20လောက်လဲရောက်ရောလူလဲထိုင်းမိုင်းလို့လာပါလေရေ၊
မနက်မနက်နိုးစက်ပေးထားပြီး အအသံမည်ပေမယ့် အိပ်ယာက မထ။
ကျန်ာက ဆက်အိပ်လို့ရပေမယ့်မဒမ်ပေါက်က ဆက်အိမ်မရတော့
“အိပ်ယာက မထင်ချင်ရင် နှိုးစက်မပေးနဲ့” ဆိုပြီး ၀ါဒသဘောထားကြေညာချက်တွေထုတ်ပါတယ်။
ဒီလိုဘဲထမယ်လုပ်လိုက် မထဘဲပြန်အိပ်လုပ်လိုက်တာ ရက်20ကျော်သွားပါတယ်။
အဲဒါနဲ့မဖြစ်ချေဘူးဆိုပြီး တစ်ည စောစောအိပ်။
(ည12နာရီမှာအိပ်တာပါ)
မနက်နှိုးစက်မည်တာနဲ့လူးလဲထလို့လမ်းလျောက်ရပါတော့တယ်။
လမ်းစလျှောက်တဲ့အချိန်မှာ လေအတော်ကလေးတိုက်ပါတယ်။
အဲတော့လဲ ကျန်ာသိပ်အားမစိုက်ရဘဲ မြန်မြန်လျှောက်ဖြစ်သွားပါတယ်။
စလျောက်စမှာ နေကိုကျောပေးပြီးလျှောက်နေတဲ့အတွက်ကောင်းကင်ကြီးဘယ်လောက်လှတယ်ဆိုတာမသိလိုက်ပါဘူး၊
နေထွက်ရာဘက်နဲ့အလျားလိုက်လျှောက်ရတဲ့ နေရာလဲရောက်ရော အာရုံတက်အလင်းရောင်တွေက
လှပစွာ ရေပြင်ပေါ်ကို ကျ။
လေဆော့ တော့လှိုင်းကြက်ခွပ်လေးတွေ ထနေပုံက တကယ်ကိုလှပ ပါတယ်။
ထုံးစံအတိုင်း ပြည်ကြီးမွန်ထိလမ်းလျောက်။
ပြန်လာတော့လဲ ကောင်းကင်ကြီးကလှပမြဲပါဘဲ.။
အရှေ့ဘက်ကရှမ်းရိုးမကိုမြင်ရတာဝိုးတ၀ါး။
လေဆော့တော့ ကန်ရေပြင်က လှိုင်းတွန့်လေးတွေဖြစ်လို့အတန်းလိုက်ကြီးကမ်းစပ်ကိုအပြေးလာ။
ဗေဒါဒိုက်ပင်တွေကလည်း လှိုင်းပုတ်တော့ တအိအိ။
တကယ်ကြည့်လို့လှတဲ့မြင်ကွင်းဖြစ်ပါတယ်။
ကျနော်အကြာကြီး ဓါတ်ပုံရိုက်ခဲ့တဲ့နေရာက တော့ အနောက်မြောက်ဘက်ကန်စပ် ချိုချိုကဖေးနားမှာပါ။
ကန်ထဲမှာရှိနေတဲ့ ရှင်ဥပဂုတ်ကျောင်းဆောင်လေးက လည်းအထီးတည်း။
ဟိုး အရှေ့ဘက်က ကန်စပ်မှာ ငါးမျှားချိတ်မပါ၊ပိုက်ကွန်မပါ အုပ်ဆောင်းမပါတဲ့ တံငါသည်လေးကလည်း
ငါးရိုက်ဘို့ထွက်လာပါတယ်။
ဟိုးအဝေးက ပြည်ကြီးမွန်ရော ဆောက်လက်စသစ်သားစင်ကြီးရော ရေလည်ခေါင်က ကျောင်းဆောင်လေးက ငြိမ်သက်။
လှုပ်နေသူကတော့ လှိုင်းထတဲ့ရေပြင်ရယ် ငါးရှာနေတဲ့ ကိုတံငါရယ် လက်ဆော့တဲ့ကျနော်ရယ်ပေါ့။
ဘယ်လိုဘဲပြောပြော ကျနော်နဲ့ အတော်ကြာဝေးကွာနေတဲ့ ကန်ရေပြင်နံနက်ခင်းလေးက တော့လှပလျှက်ပါဘဲ။
မောင်ပုအကြိုက်ထန်းပင်စောင်းစောင်းလေးတွေကလဲလှပ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(28-6-2012)



မကျေနပ်ဘူး
မောင်ပု အကြိုက်ကြ ထည့်ပေးတယ်
မောင်ပေ့ အကြိုက်ကြ မပါဘူး
Was this answer helpful?
LikeDislikeခုလိုလှပတဲ့နံက်ခင်းမျိုးမတွေ့ရတာကြာပါပေါ့……
ဆရာပေါက်ရယ်…..
Was this answer helpful?
LikeDislikeရိုက်ချက်ကတော့
တကယ်ကောင်းပါတယ်
Was this answer helpful?
LikeDislikeဓါတ်ပုံတွေကြည့်ရတာ
စိတ်ချမ်းသာဖို့ တကယ်ကောင်းပါတယ်
ဘယ်ကိုလွမ်းလို့ လွမ်းရမှန်းတောင် မသိတော့ဘူးးးးးးးးး
Was this answer helpful?
LikeDislikeနံပါတ် ၁ ကိုကြည့် ရတာ အရောင် တွေ စုံ တဲ့ သက်ငြိမ် ပန်းချီ ကားတစ်ချပ် ကို ကြည့် ရ သလို ပါပဲလား ။မနက် ခင်း ရဲ့ သဘာဝ အလှ တွေ ကို မခံ စားရတာ အတော် ကြာပါပြီ။ကျမလည်း လေး ပေါက် နဲ့ အတူတူပဲ … မနက် ၊မနက် လမ်းထ လျှောက်မယ် ဆိုပြီး နှိုးစက် ပေးပြီး မထလို့ အဲလို အပြောခံရတယ်။
Was this answer helpful?
LikeDislikeမောနင်း….
နံနက်ခင်း ရဲ့ အလှတရားတွေနဲ့….
ပြည့်စုံနေတဲ့………….
ပင်လယ်ပြင် နှင့် ထွန်းသစ်ရောင်ခြည်..
အရမ်းလိုက်ဖက်ပြီး….
ရိုက်ချက်တွေက အလန်းပဲနော်….
လက်ရာ ကောင်းပါတယ်….
ခုလို ပုံလေးတွေတင်ပြပေးထားတဲ့…
ကိုပေါက်ကို ကျေးဇူးတင်ပါတယ်နော်….။
Was this answer helpful?
LikeDislikeကြည်ဆောင်းလဲ တူမ(10) တန်းတနှစ်လုံး နှိုးစက်အစောကြီးပေးထား၊ သူကမထ ၊ ကိုယ်ကအိပ်မရနဲ့ တနှစ်လုံးလုံး ဒုက္ခခံခဲ့ရတာ သတိရမိပြီး မဒမ်ပေါက်ကို စာနာမိပါရဲ့ လေးပေါက်ရေ …
နှစ်ရောင်စပ်ကန်ရေပြင်လေးကို ကြည်နူးနှစ်သက် အားပေးသွားပါကြောင်း ။
Was this answer helpful?
LikeDislikeပန်းချီဆန်ဆန် ပုံလေးတွေလည်းကြိုက်တယ်။ ပုံအောက်က ကဗျာဆန်ဆန်စာလေးတွေလည်းကြိုက်တယ်။
လေးပေါက်ရေ…….. ဓာတ်ပုံလေးတွေကူးသွားတယ်နော်။ ကူးခွင့်ပြုပါ။
Was this answer helpful?
LikeDislikeအရမ်းလှတယ် ပုံလေးတွေကြည့်ရတာကြည်းနူးစရာပဲ
ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeလေးပေါက်ရေ အားပေးသွားပါတယ်……..ပုံ-၆ နဲ့နောက်ဆုံးပုံ -၁၂ ထန်းပင်လေးတွေကိုသဘောကျတယ်။
Was this answer helpful?
LikeDislikeအူးပေါက် မရောင်းချင်ချင် ရောင်းချင်ချင် အဲဒီပုံတွေအကုန်လုံး ကျနော့်ရောင်း ရော့ဓါတ်ပုံဖိုး ၂ ကျပ် ပေး ၁၀ ပြန်အမ်း သွားတော့မယ် ကစ်လိုက်ဦးမယ်
Was this answer helpful?
LikeDislikeကိုဖိုးထောင်ရေကျေးဇူး
မပေးဘဲယူသွားတာထက်စာရင် 2ကျပ်ထားခဲ့တာတော်သေးတာပေါ့
Was this answer helpful?
LikeDislikeနေသာသာနေ့ တစ်နေ့ ဆန်းဒေးမှာကွယ်
တူများတွေ လက်ဆက်ကျတယ် ရှစ်တလေးရယ်
ဒူ တန် ဒူ တန်
အူးသေးချင့်
များလေ အူးသေးကို အရမ်းအားကျတာဘဲ
ဒတ်ပုံတွေက အရမ်းလန်သယ်ဂျာ
ဖင်တဲ့ ဘယဲမ
Was this answer helpful?
LikeDislikeအိမ်စောင့်နတ်က နှင်တော့ အိမ်ကို အိပ်ချိန်ကလွဲရင်မကပ်နိုင်
ဆိုင်စောင့်နတ်က နှင်တော့ အလုပ်ထဲမှာဖင်မမြဲ
မြို့စောင့်နတ်က နှင်တော့ သူများမြို့ရွာရောက်
အင်း ဂေဇက်စောင့်နတ်က ဘယ်ချိန်များနှင်မလဲလို့ တွေးပြီး ပူနေရတာနော်
Was this answer helpful?
LikeDislikeအိုး……လှလိုက်တဲ့  ပုံတွေ…။
ကောင်းလိုက်တဲ့ ရိုက်ချက်တွေ….
အား..ကျ လိုက်တာ ဗျို့ .။
Was this answer helpful?
LikeDislikeမင်္ဂလာနံနက်ခင်းမင်းသတိရရင် တစ်ခေါက်သာလှမ်းလာခဲ့စေချင် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါသော နံနက်ခင်းလေးပါ..
Was this answer helpful?
LikeDislikeဟုတ်ပါဘူးအေ
ဒီဇင်ဘာနံနက်ခင်း မင်းသတိရ ရင် အမှတ်တရနေရာဟောင်းမင်းအရောက်သာလာစေ့ချင်
(ဗစ်တာခင်ညို)
Was this answer helpful?
LikeDislikeနံပါတ် ၁ ပုံ အတွက် လက်မ တစ်ချောင်း ပါဗျို့  ………။
Was this answer helpful?
LikeDislikeကောင်းဆို မင်းပြောသလို ကွက်လပ်မကျန်အောင် ဂရုစိုက်ရိုက်တာလေ လုလင်ရဲ့
Was this answer helpful?
LikeDislike