ထူးထူးခြားခြား ပင့်ကူများ
ငှက်ချီးနဲ့တူတဲ့ ပင့်ကူ

ငှက်ချီးနဲ့တူတဲ့ ပင့်ကူ
တိရစ္ဆာန်တွေထဲမှာတော့ ပုံအပျက်ဆုံး ပင့်ကူလို့ ဆိုနိုင်ပါတယ်။ သူ့တစ်ကိုယ်လုံးကို အရည်စက်တွေ၊ ကြွက်နို့ပုံစံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် သူ့ပုံစံဟာ ကြည့်လိုက်ရင် ငှက်ချီးနဲ့ တူနေပါတယ်။ ပင့်ကူတစ်ကောင်လို့ ထင်စရာတောင် မရှိပါဘူး။ ဒီပင့်ကူတွေက တစ်ခါတစ်ရံမှာ အဖြူရောင် ပိုးမျည်တွေကို ထုတ်လုပ်ပြီး အဲ့ဒီ အဖြူရောင် ပိုးမျည်ပေါ်မှာ နေထိုင်လေ့ ရှိပါတယ်။ အဖြူရောင်ပေါ်မှာ မည်းမည်းလေးဆိုတော့ ငှက်တွေ သစ်ရွက်ပေါ်ကို ပါသွားတဲ့ ချီးတုံးလေးနဲ့ ပိုတူသွားပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီရှားကနေ ဂျပန်အထိ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။
တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ

တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ
တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူဆိုတာက ကျနော် ပေးထားတဲ့ နာမည်ပါ။ ကြည့်ပါလား။ ပင့်ကူက ပင့်ကူလိုမှ မဟုတ်ဘဲနဲ့။ ဒီပင့်ကူတွေကိုတော့ Australia နိုင်ငံမှာ တွေ့ရလေ့ ရှိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပိန်ရှည်ရှည်ကြီး ဖြစ်နေပြီး မြွေရဲ့ ခန္ဓာကိုယ်နဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဒီပင့်ကူမျိုးတွေကို Colubrinus လို့ အမည်ပေးထားကြပါတယ်။ Colubrinus ရဲ့ အဓိပ္ပါယ်က “Snake-Like” ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
ကင်းမြီးကောက် အမြီးနဲ့ ပင့်ကူ

ကင်းမြီးကောက် အမြီးနဲ့ ပင့်ကူ
ဒီနာမည် ဘာကြောင့် ပေးထားရသလဲဆိုတော့ ပင့်ကူအမတွေရဲ့ ထူးခြားတဲ့ ဝမ်းဗိုက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပင့်ကူအမ ဆိုတော့ အထီး မဟုတ်လို့ပေါ့။ ဟုတ်ကဲ့ .. အထီးတွေမှာ အဲ့ဒီလို ပုံစံမျိုး မပါပါဘူး။ ပင့်ကူအထီးတွေရဲ့ ပုံစံဟာ သာမန်ပုံစံမျိုး ဖြစ်ပြီး သေးငယ်တယ်လို့လည်း ဆိုပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို Australia နိုင်ငံမှာ တွေ့ရလေ့ရှိပါတယ်။ မယုံရင် သွားကြည့်ကြပါ။
ပြူးကြောင်ကြောင် ပင့်ကူ

ပြူးကြောင်ကြောင် ပင့်ကူ
ပုံမှာ တွေ့တော်မူကြတဲ့ အတိုင်းပါပဲ။ မျက်လုံးက ပြူးကြောင်ကြောင်ရှိသမို့။ ပြူးကြောင်ကြောင် ပင့်ကူဟူ၍ အမည်ပေးလိုက်ပါတယ်။ ဒီပင့်ကူတွေဟာ ခုန်ပျံကျော်လွှား ပင့်ကူအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အသားစား ပင့်ကူမျိုးတွေမဟုတ်ဘဲ အသီးအရွက်စား ပင့်ကူမျိုးတွေလို့ ဆိုပါတယ်။ သူတိုရဲ့ ခုန်ပျံခြင်း စွမ်းအင်ကို သူတို့ကို ရန်မူလာတဲ့ ပုရွတ်ဆိတ်တွေနဲ့ တွေ့တဲ့အခါမျိုးမှာ အသုံးချကြတယ်လို့လည်း သိရပါတယ်။
ပုရွက်ဆိတ်နဲ့တူတဲ့ ပင့်ကူ

ပုရွက်ဆိတ်နဲ့တူတဲ့ ပင့်ကူ
ဒီပင့်ကူမျိုးတွေကို Madagascar နဲ့ အာဖရိက၊ သြစတြေးလျ ရဲ့ အချို့သော နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့ လည်ပင်းတွေဟာ ရှည်လျားလွန်းတဲ့အတွက် မေးရိုးကြီးတယ်လို့ ထင်ရလေ့ရှိပါတယ်။ ဒီပင့်ကူတွေက အခြားပင့်ကူတွေကို ဖမ်းဆီး စားသောက်တတ်ပါတယ်။ ဒါကြောင့်မို့ မျိုးဖျက်တဲ့ ပင့်ကူလို့ သူတို့ကို အမည်ပေးထားကြပါတယ်။
ရေနေ ပင့်ကူ

ရေနေ ပင့်ကူ
ဒီပင့်ကူမျိုးတွေကိုတော့ ရေနေပင့်ကူတွေအဖြစ် လူသိများကြပါတယ်။ သူတို့ကို ဥရောပနဲ့ အာရှတစ်ခွင်မှာ တွေ့ရလေ့ရှိပါတယ်။ UK ကနေ Siberia အထိ တွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရေကန်ငယ်လေးတွေ၊ ရေစီးနှေးတဲ့ စမ်းချောင်းတွေထဲမှာ နေထိုင်လေ့ရှိကြပါတယ်။
ပြုံးနေတဲ့ ပင့်ကူ

ပြုံးနေတဲ့ ပင့်ကူ
ဟုတ်ကဲ့။ ဒါဟာ အမှန်တကယ် ပင့်ကူတစ်ကောင်သာ ဖြစ်ပါတယ်။ သူတို့ကို ဟာဝိုင်ရီရဲ့ RainForest တွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့ အဝါရောင် ကိုယ်ထည်ဟာ ထူးခြားလှပြီး တစ်ခါတစ်လေမှာ ပြုံးနေတဲ့ မျက်နှာရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တူနေတတ်ပါတယ်။
အထက်ပါ ထူးခြားတဲ့ ပင့်ကူတွေကို ဒီနေရာ (http://listverse.com/) ကနေ ယူပြီး တင်ပြထားခြင်း ဖြစ်ပါတယ်။ အပြည့်အစုံ ဖတ်ချင်သူများ မူရင်းလင့်ကို သွားကြည့်ကြပါ။ ကျနော်ကတော့ တတ်သလောက် မှတ်သလောက် ကိုယ်နားလည်မိသလောက်ကို ဘာသာပြန်ပြီး ကျော်၍တစ်ဖုံ ခွ၍တစ်နည်း အနည်းအပါး ဗဟုသုတ ရစေခြင်းအကျိုးငှာလည်းကောင်း၊ မသိသေးသူများ သိစေခြင်း အကျိုးငှာလည်းကောင်း တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အားလုံးသော သူအပေါင်းတို့
ကိုယ်စိတ်နှစ်ဖြာ ဝမ်းသာ၊ လန်းဖြာကြစေကုန် ………..
မေတ္တာဖြင့် …
မဟာရာဇာ မောင်အံစာ



ရခိုင် ဘက်မှာနေ တုန်း က အကိုက် ခံရင် ၊ အခန့် မသင့် ရင် သေ နိုင်တဲ့ ၊ မသေတောင် အကိုက် ခံရတဲ့ နေရာ က အသားတွေ ပဲ့ ကျ သွားအောင် အဆိပ်ပြင်းတဲ့ ကြွေ ပင့် ကူ လို့ ခေါ်တဲ့ တောကြီး ပင့် ကူ တွေ တွေ့ ဖူးသလို၊အကိုက် ခံရတဲ့ လူနာတွေ လည်း တွေ့ ဖူးတယ်။ တချို့ဆို အချို ပန်းကန် ပြား အရွယ် လာက် ရှိတယ်။ အခု အကောင်လေးတွေ က ကြည့် ရတာ ကြောက် စရာမကောင်း ဘူး၊ အဆိပ်တော့ ရှိ မှာပဲ ထင်တယ်။
Was this answer helpful?
LikeDislikeအသဲယားတာဗျာ ။
ဘာဘဲဖြစ်ဖြစ် မမြင်ဖူးတာလေးတွေ ကြည့်ရလို့ ရှဲရှဲ
Was this answer helpful?
LikeDislikeSpiderman ဖြစ်စေတဲ့ ပင့်ကူမရှိဘူးလားဟင်
အကိုက်ခံချင်လို့ပါ
နာ့ဟဲ့ စဗတ်တာမန်း ဖရဲကွ
ရှီး ရှီး……
Was this answer helpful?
LikeDislikeရှိဒယ် …
ရှိဒယ် ….
အရောင်လေးက အနက်ရောင်လေး ..
အဲ့ပင့်ကူ ကိုက်ရင်
တစ်ခါတည်း သေ .. အဲလေ ..
တစ်ခါတည်း စဗက်တာမန်း ဖစ်တွားရောဒဲ့ …
Was this answer helpful?
LikeDislikeဟမလေးးး
အတဲယားလိုက်ဒါနော်…
အပေါ်ဆုံးအကောင်ကို ကြည့်ဘူးနော်…
ကြောက်ဒယ် .. :P
Was this answer helpful?
LikeDislikeပြုံးနေတာ…နာလားလို…လန့်သွားတာ…ဂဲ….
Was this answer helpful?
LikeDislikeအိမ်း အိမ်း ကောင်းပေစွ ကောင်းပေစွ
ဗဟုသုတ ရပေတာပေါ့ကွယ် :grin:
Was this answer helpful?
LikeDislikeယူထားတဲ့ မေဂျာကတော့ ဇူးမေဂျာပါပဲ။ ကျောင်းပြီးထဲက ဘာမှမသိတော့တာ။ ခုမှပဲ သေချာသိတော့တယ်။ ပင့်ကူတွေက ကျိုက်ထီးရိုးမှာဆိုရင် ဆေးမြစ်တွေနဲ့ ဒဏ်ကြေလိမ်းဆေးတောင် ထုတ်တယ်နော်။ ဒီကောင်တွေလည်း လိမ်းဆေးဖော်လို့ရတယ်မလား။
Was this answer helpful?
LikeDislikeကြည့်ရတာ အသဲယားလိုက်တာအေ
Was this answer helpful?
LikeDislikeမမြင်ဖူးတာတွေ မြင်ရတာ ကျေးဇူးတင်ပါတယ်ရှင်
Was this answer helpful?
LikeDislikeထူးထူးခြားခြားပင့်ကူများမို့ ဗဟုသုတအဖြစ်လေ့လာကြည့်ရှုသွားပါတယ်………ကိုအံဇာတုံးရေ။
Was this answer helpful?
LikeDislikeထူးဆန်းပါတယ်နော်…
နောက်ပြီး…
ကြောက်စရာကြီး….
ကျေးဇူးပါ…
ခုလိုတင်ပြထားတော့…
မြင်ဖူးသွားပြီပေါ့နော်..။
Was this answer helpful?
LikeDislikeအပင်မှာသစ်ကိုင်းခြောက်လေး မှတ်လို့ချိုးမလို့ ကိုင်မိတော့မှ
အကောင်လေးဖြစ်နေတဲ့ တုတ်ချောင်းကောင်လေး တွေ့ဖူးတယ်…
ပင့်ကူနဲ့တော့ မတူဘူး…
Was this answer helpful?
LikeDislikeမဟာရာဇာရေ…….ပြူးကြောင်ကြောင်ပင့် ကူနဲ့ ပြုးံနေတဲ့ ပင့် ကူကို
အကြိုက်ဆံုးပဲဗျာ……
မမြင်ဘူးတာတွေမြင်ရတော့ …..မဟာရာဇာကို….
ကျေးဇူးတင်မဆုံးပဲဗို့ …….ကျေးကျေးပါခင်ဗျာ
Was this answer helpful?
LikeDislikeဟဲ့
နာ့လို နမူး ပင့်ကူတွေ့ ရင် သတင်းပို့ ပါ
ဒါဗျဲ
Was this answer helpful?
LikeDislikeဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတဲ့သူအတွက် အကျိုးမယုတ်ပါဘူး။
အားပေးရမှာပါပဲ။ ကျေးဇူးပါ ကိုရာဇာ။
Was this answer helpful?
LikeDislikeပနားမားမှာ ပင့်ကူဂဏာန်းနဲ့ ဂဏန်းပင့်ကူ မတူဘူးတဲ့
(က) ပင့်ကူ_ဂဏန်းက ဂဏန်းပုံစံ အကောင်က ၈” လက်မပတ်လည်လောက် ရှိတယ်
( ခ) ဂဏန်း_ပင့်ကူက ပင့်ကူပုံစံ ခြေချောင်း ၁ချောင်းစီကို ၂မီတာကနေ ၃မီတာလောက်ရှိတယ်တဲ့ တကောင်လုံး ပတ်လည်ဆို
၎.၅မီတာ ၁၃ပေကျော်လောက် ရှိတယ်ဆိုဘဲ ….
ပင့်ကူဂဏန်းကတော့ မြင်ဖူးတယ် ချစ်စရာလေး လူကိုလဲ အန္တရာယ်မပေးတတ်ဘူး စစကိုင်ခြင်း ညှပ်မှာကြောက်နေရသေးတယ်
Was this answer helpful?
LikeDislikeအဲပင့်ကူတွေကို
အရက်နဲ့စိမ်ပြီး ကစ်လို့ကတော့
နှစ်ခြောက်ဆယ် အတွင်းတောင်
ရသွားမယ် ခြောက်ဖက်
ဘယ်လိုလဲစမ်းရဲလား …..
Was this answer helpful?
LikeDislikeဗဟုသုတတိုးပါတယ်
Was this answer helpful?
LikeDislikeမောင်အံဇာတုံး ပုံလေးတွေ
ကြည့်သွားသဗျို့…
Was this answer helpful?
LikeDislikeကြည့်ရအောင် ပြထားတာကို
ခင်ဗျားဂျီးက မကြည့်တော့
ဘာလုပ်ချင်လို့တုံး .. :D
(နောက်ဒါ …)
Was this answer helpful?
LikeDislikeပင့်ကူတွေကို စိတ်ဝင်စားတယ်..
ဒါပေမယ့် အသည်းယားပြီး ကြောက်တယ်..
ကြည့်ရှုအားပေးသွားပါတယ်
Was this answer helpful?
LikeDislikeဦးလေးပင့်ကူတွေတော်တော်ဘောတော်ခွေ့ပုံပေါ်တယ်……
အေဗာတာထဲကမျက်နှာကြီးတောင်ပင်ကူနဲ့တော်တော်တူလာပြီ…
မိုက်ပါတယ်ဗျို့…..တော်တော်တော့အစုအဆောင်းကောင်းတာပဲနော်…..
Was this answer helpful?
LikeDislikeကိုအံစာတုံးရေ ငှက်ချီးနဲ့ တူတဲ့ကောင်က ကြောက်စရာဗျာ။
Was this answer helpful?
LikeDislikeကိုတောက်တဲ့ ဟိုနေ့ကပို့စ်ကိုတွေ့တယ် မအားတော့မမန့်ဖြစ်ဘူး ……. အခုတော့ ကိုတောက်တဲ့ပို့စ်ကို မနည်းရှာပီး မန့်လိုက်တယ် ဒါက ကိုတောက်တဲ့ကိုသတိရနေသေးတယ်ဆိုတဲ့အထိန်းအမှတ်ပေါ့ ……… ပင့်ကူတွေ မွေတွေဆိုစိတ်မ၀င်စားဘူး …… ဗဟုအနေနဲ့တော့ကြည့်သွားပါတယ် ……
Was this answer helpful?
LikeDislikeသတိရသေးတယ်ဆိုလို့
သန်းနဲခရုပါနော့ ..
ကျုပ်ကလည်း သတိရမိကြောင်းရယ်ပါလို့
ပြန်လည် ပြောပါရစေ ..
ခင်မင်စွာဖြင့် ..
မစ္စတာ တောက်တဲ့
Was this answer helpful?
LikeDislikeထူးဆန်းပါပေ့ ဆရာတောက်ရေ
ဗဟုသုတအဖြစ်လေ့လာကြည့်ရှုသွားပါတယ်…
Was this answer helpful?
LikeDislikeပင့်ကူတွေကိုစုံနေတာပဲ။ တခါမှမမြင်ဘူးဖူး။ အောက်ဆုံးက ပြုံးနေတဲ့ပင့်ကူလေးကို အကြိုက်ဆုံးပဲ…။ ဂျယ်လီ လေးကြနေတာပဲ။ စားတောင်စားချင်တယ်…. အဟိ။
Was this answer helpful?
LikeDislikeပင့်ကူထက်တောက်တဲ့ကပိုစိတ်ဝင်စားဖို့ကောင်းတယ်
ပြီတီတီပြူးတူးတူးမျက်လုံးဂျီးတွေနဲ့အပေါ်ကိုမော့ကြည့်နေတာများ…
ဘေးမှာဝိုင်းစုခိုင်သိန်းများရပ်နေသလားတောင်ထင်ရတယ် :D
Was this answer helpful?
LikeDislikeမမြင်ဘူးတာမြင် ရတာပေါ့ဗျာ
ခုလိုတင်ပေးတာ
Was this answer helpful?
LikeDislike