တစ်ခါ တစ်ရံ

ကာရံ နုသစ်

ပျိုမြစ် စိတ်ကူး

ပေါင်းကူး ချိတ်ဆက်

အိပ်မက် ပန်းခင်း

အသက် သွင်းကာ

ကဗျာ တစ်စ

လှပ နရီ

သံစဉ် ညီညွတ်

လွတ်လပ် ပုံဖော်

ရုပ်လုံး ပေါ်စေ

သန္ဓွေ  လွယ်လျှက်

ခက်လက် ဝေဆာ

တန်ဆာ ဆင်မြန်း

ကဗျာ ပန်းပွင့်

ရဲရင့် စမ်းကွယ်

လွမ်းလို့  နွမ်းသူ

ကြမ်းလို့  ပမ်းသူ

အပူ သောက

လူ့ လောက ထဲ

အပမ်း လည်းပြေ

စိတ်ဖြေ ကြည်နူး

ပွင့်ဖူး မာလာ

ဥယျာဉ် သာ၌

ကဗျာ ရေးစပ်

ကျေနပ် သူ..။။။



maung khinmin

About maung khinmin

maung khinmin has written 85 post in this blog.