Community Answers
Leave a Comment Cancel reply
You must be logged in to post a comment.
My Points
- You need to be logged in to view your points.
In & Out
How to Write a Post
ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
1. Writing Guidelines
2. Learn-how-to-do-1
3. Learn-how-to-do-2
4. Learn-how-to-do-3
5. Learn-how-to-do-4
1. Writing Guidelines
2. Learn-how-to-do-1
3. Learn-how-to-do-2
4. Learn-how-to-do-3
5. Learn-how-to-do-4
Do & Don’t (Rules)
1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
- စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀၀ နှုတ်ပါမည်။
- မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
- တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။
12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊
- Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ....
2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
- စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀၀ နှုတ်ပါမည်။
- မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
- တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။
12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊
- Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ....
Comments By Post
- ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ - e tone
- ရွာသူ/သားများ အတွက် - ရဲစည်
- ၄ လရှည်ကြာ ရွာထဲမှာ - မင်းမင်း
- ``ရွာထဲမှာ ဆုံကြတာပေါ့´´ - ခင် ခ
- ရုပ်ရှင်ကြည့်ခြင်း - kyeemite
- အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကြမယ် ဆိုရင် ဖြင့် - kai
- သူကြီးနှင့်တကွ ရွာသူား အားလုံးသို့ ...အိတ်ဖွင့်ပေးစာ.... - kai
- Comment မှာ လူစည်ချင်ရင် (ယတြာ) - TNA
- လူစွန့်စားမြင့်ကျော်နှင့် ခေါင်းပြတ်နတ်ရုပ်တု (စ/ဆုံး) - ဦးဦးပါလေရာ
- သဂျီးနောက်ကနေ ဘယ်သူထိုး who? - Wow
- နားစွန် နားဖျား ရပ်ကွက်...။ - အရီးခင်လတ်
- မန္တလေးမြို့ကအစားအသောက်တွေ - KZ
- အထူးတလည် ကျေးဇူး တင်ရှိခြင်း - အရီးခင်လတ်
- အတိတ်က ခြေရာတွေပြန်ကြည့်ရအောင် - အရီးခင်လတ်
- သို့ ချစ်သောဖေဖေ - အရီးခင်လတ်
- မောင်ပေ ရဲ့ ပုံတိုပတ်စများ - ရဲစည်
- ``ဒေဝေါကြီး လာမှာစိုးတယ်´´ - ခင် ခ
- အိပ်မက်မင်းသမီး - Myo Thant
- နံရိုးကြံမဆိုင် မြီးရှေ easy cook - weiwei
- သူတို့ ရောက်လာကြတော့မည်၊ သတိသာ ထား - kyeemite
- ငါ ရဲ့ ငါ မဟုတ်တဲ့ ကဗျာ - သူကလေး
- တောင်းပန်အပ်ပါသည်။ - e tone
- ကိုရီးယားဇာတ်လမ်းတွဲတွေက ရတဲ့ အတွေး - သူကလေး
- kyeemite
- KZ
- kyeemite
- ခင် ခ
- အရီးခင်လတ်
- ဦးဦးပါလေရာ
- အလင်း ဆက်
- အရီးခင်လတ်
- ရာမည
- ဆူး
- Ei Kyipyar
- kai
- Foreign Resident
- ဦးကြောင်ကြီး
- Myo Thant
- မောင် ပေ
- Munetez
- သူကလေး
- Miss Crystalline
- ဦးကြောင်ကြီး
- Mobile13
- သူကလေး
- Mr. MarGa
Category
Myanmar Font
Zawgyi Myanmar font Installer for Windows XP, Vista, 7, 8 (32bit,
64bit) Free Download from the following link.
http://code.google.com/p/zawgyi-keyboard/
True Type Fonts Myanmar3.ttf(Multi-OS Edition)
http://code.google.com/p/zawgyi-keyboard/
For Cell Phone
Zawgyi_One.apk
Keyboard Layout
http://api.ning.com/files
True Type Fonts Myanmar3.ttf(Multi-OS Edition)
Top 10
- Yin Nyine Nway (77895 Kyats )
- intro (76971 Kyats )
- SP (70551 Kyats )
- naywoonni (67257 Kyats )
- zaylay (67079 Kyats )
- weiwei (66832 Kyats )
- cobra (62183 Kyats )
- fatty (61354 Kyats )
- Anzartone (59078 Kyats )
- MaMa (57881 Kyats )








































no 5 ကို ကြိုက်တယ် ဗျို့
Was this answer helpful?
LikeDislikeနံပါတ် ၂၄ ကိုကြိုက်တယ် … ။ ဘယ်သူရိုက်တာလဲတော့မသိဘူး … ။
ဓါတ်ပုံပညာတော့ နားမလည်ပါဘူး .. ဒါပေမယ့် .. အဲ့ဒီပုံလေးကို ကြည့်ရတာ .. အတန်းစားခွဲခြားစိတ်မရှိတဲ့ကလေးငယ်ရဲ့ ….. ပွင့်လင်းတဲ့ အပြုံး ၊ ပျော်ရွှင်ပြီး အရောင်လဲ့နေတဲ့ မျက်လုံးလေးရယ် …. လမ်းပေါ်ကခွေးအမျိုးစားလေးကို … ကရုဏာသက်တဲ့ လက်တွေနဲ့ ဖက်ထားလို့ရယ် … အရမ်းနှစ်သက်မိပါတယ် … ။
Was this answer helpful?
LikeDislikeကောင်းပါတယ် အားလုံး ကလေးတွေကနောင်လာမယ်တိုင်းပြည်ရဲ့ အနာဂတ်လေး
Was this answer helpful?
LikeDislikeဝေး … ဒီတခါဗုဒ် ထားတဲ့ ပုံ ထိပ်ဆုံး အပြတ်ရောက်နေပါသည်… :grin:
Was this answer helpful?
LikeDislike၆
၂၇
၂၈
၃၁
၃၂
၃၁ နဲ့ ၃၂ အကြိုက်ဆုံး
Was this answer helpful?
LikeDislikeဟား ဒီတစ်ခါ ပုံတွေက မနည်းဘူးဗျို့ သေချာစဉ်းစားပြီးမှ ဗုတ်တော့မယ်
အရင်တစ်ခါ ဆုရထားတဲ့သူတွေ မစားရသေးဘူးနော်
Was this answer helpful?
LikeDislikeခုတလော မောင်ဂီပျောက်နေတယ်။နေမှကောင်းရဲ့လား။
Was this answer helpful?
LikeDislikeနေတော့ကောင်းမယ်ထင်ပါရဲ့ အစ်မ ရယ်။
တဗြဲဗြဲ နဲ့ ရင်ဘတ်ထုထုပြီး ငို ရလွန်းလို့ မော သွားတာနေမှာ။ အဟတ်။
Was this answer helpful?
LikeDislikeသဘောကျတယ်ဗျာပုံလေးတွေက ချစ်စရာကောင်းတော့
တမျိုးစီတော့ချစ်စရာကောင်းကြတယ်
၁၁၊၁၄၊၂၁ အရမ်းသဘောကျတယ်
Was this answer helpful?
LikeDislike၁) DoF ပိုမို shallow ဖြစ်လျင် ပိုကြွမည်ထင်ပါသည် f/2.8 ကိုပဲ ကျနော် မျက်စိစွဲနေလို့လား မသိပါ
၂) ထူးထူးခြားခြား မရှိလှသောပုံ တစ်ပုံပါ။ အောက်ဒိုး ဖြစ်လျင် ပို ကောင်းမလား လို့တွေးမိပါသည်။
၃) action ပါသော ပုံ ဖြစ်ပါသည်။ ဆပ္ပဂျက် အရိပ်ထဲရောက်နေတာ ကိုတော့ သိပ်မနှစ်သက်ပါ။ ဖလက်ရှ် များ ဖိုင်းယားလိုက်ရင်
ဆိုတဲ့ အတွေးဖြစ်မိပါသည်။
၎) ကြီးမားကြည်လင်သော မျက်လုံးများက သည်ပုံ၏ ဆွဲဆောင်မှုဟု ထင်ပါသည်…။ အပြစ်ကင်းသော စူးစမ်းသော ကလေးငယ်တယောက်
၏ သရုပ်ကို ပေါ်လွင်အောင် အမိ ဖမ်း ထားနိုင်ပါသည်… ဗယာကြော်ပါ။
၅) ရိုက်ချက် နှင့် ခံစားမှုပေါ်လွင်မှု .. mood ကို အမိဖမ်းမှု ကောင်းမွန်ပါသည်။ သို့သော် ဆပ္ပဂျက်၏ မျက်နှာထား ကို မနှစ်သက်ပါ။
၆) အကျအန ပိုစ့်ပေးထားသော ပုံ ဖြစ်ပါသည်။ ရိုက်ချက် ကောင်းမွန်ပါသည်။ candid ဖြစ်လျင် အတော် အသက်ဝင်မည်လို့
ထင်ပါသည်။
၇) ပုံဟောင်းပေမယ့် ပုံကောင်းလေး တစ်ပုံပါ…မကြာခင်ပြန်မြင်ရဖို့ ရှိသော ပက်ပစီ ကို မြင်ဖြစ်ပါ၏ ။ ဒေတာမရတာတော့
စိတ်ကျေနပ်စရာမကောင်း…
၈) ထူးခြားမှုမရှိပါ…။ ဘယ်ဘက်ခြမ်း နည်းနည်းထပ်ကပ်လိုက်ရင် ခြံစည်းရိုး တူရူ ရနိုင်တဲ့ပုံပါ …။ လိုကေးရှင်း အသားပေးသင့်တယ်
ထင်မိပါတယ်… f/2.8 1/1300s ကသိပ်လုံလောက်တယ် မထင်မိပါ။
၉) အလုပ်စားပွဲ ထင်ပါတယ်… အပေါ်စီးက မို့ မြင်ကွင်း အနည်းငယ် ဆန်းပါတယ်။ ကလေးလက်ထဲက ဓားကတော့ အသည်းယားစရာပါ။
၁၀) ဒီပုံကတော့ …. အင်း … မကြိုက်ဆုံးပုံပါပဲ …။ Street Photography ဆြာ့ဆြာကြီး တယောက် ပြောဖူးတာပါ…။ သူက ၅၀မမ နဲ့ ကို ပါးဖြဲနားဖြဲ
ဆော်တာပါတဲ့ … ထိုဆြာ့ဆြာကြီးရဲ့ စကားကို လက်ဆင့်ကမ်းတဲ့ ဆြာ ကတော့ ၁၀၀မမ ပါတဲ့ …။ ကျနော်က ၂၀၀၀န်းကျင် ကို သဘောကျသူ ပါ…။
ဖလစ်ပ်အောက် လုပ်လို့ရတဲ့ မော်နီတာပါတဲ့ ဒီ- ကိုင်ထားပြီး သည်လောက်ပဲ ရခဲ့တာ … ရင်ထဲမကောင်းလှပါ…။
၁၁) နောက်ထပ် ပုံဟောင်း ၁ပုံပါ … သာမန် မှတ်တမ်းပုံ ၁ပုံဆိုတာထက် ဘာမှမပိုပါ
၁၂) မထူးခြားတဲ့ပုံ ၁ပုံပါ …ဆပ္ပဂျက် ၂ခုထက် ၁ခုတည်း သုံးရင် ပို အားကောင်းမလားပဲ …။ ဒါမှမဟုတ်လည်း ဆပ္ပဂျက်၂ခုကြားက
ဆက်နွယ်မှုကို ပိုမို ဖော်ပြနိုင်ရင် ပိုကောင်းမှာပါ…။
၁၃) သနပ်ခါး ကသဘောကျစရာပါ.. ဆပ္ပဂျက် ဆံပင်ရှည်ရင် မြန်မာအင်္ကျီ နဲ့ ဆိုရင် ပိုကောင်းသွားမလားပဲ ။
၁၄) ဖွဲ့စည်းတည်ဆောက်မှု ပိုင်း လိုအပ်ချက်ရှိတယ် လို့ မြင်ပါတယ်။ ပုံရိပ်ပြတ်သားမှုလည်း လိုအပ်ချက် ရှိနေပါတယ်။ shutter speed
သည့်ထက်ပိုမြန်သင့်တယ် ထင်ပါတယ်။
၁၅) လမ်း တူရူ ပြထားပုံလေး နှစ်သက်စရာကောင်းပေမယ့် ဆပ္ပဂျက် များနေတာ စူးစိုက် စိတ်ဝင်စားမှုဂုဏ်ကို လျော့ကျစေပါတယ်
သာမန်ထက်မပိုဘူး လို့ပဲ မှတ်ချက်ချမိပါတယ်။
၁၆) နောက်ထပ် အက်ရှင် ပါတဲ့ ပုံတစ်ပုံပါပဲ … ။ အရိပ်ထဲရောက်နေတာ နည်းနည်း အားမရဖြစ်မိတယ်… ရှေ့၁လှမ်းထွက်လိုက်ရင်
နေရောင်ထဲ ရောက်မလို ခံစားချက်ကိုလည်း ပေးပါတယ်။ (ကျနော်ကတော့ ရောက်လိုက်စေချင်မိပါတယ်)
၁၇) ကိုရင်လေးတွေ ကို နောက်က အရုပ်အတိုင်း ပိုစ့်ပေးခိုင်းပြီး ရိုက်ထားတဲ့ အိုင်ဒီယာလေး တခုကလွဲရင်
ကျန်တာ ဘာမှ အထွေအထူး ပြောစရာမရှိပါ ။ မဆိုးဘူး ဆိုတာထက် မပိုပါ..
၁၈) လက်ရာကောင်းလေးပါ..။ အက်ရှင် အမိအရ ဖမ်းယူထားနိုင်ပါတယ်.. ရုပ်လုံးကြွမှု မှာလည်း f/2.8 မို့..
ပြောစရာ မလိုတဲ့ ပုံပါ…။ တခုလေး ဝေဖန်ချင်တာတော့ cropping ပါပဲ .. ။
၁၉) ဒီပုံရဲ့ ဖွဲ့စည်းမှု ကို သဘောကျပါတယ်..။ဘယ်ဘက် အပေါ်ထောင့်ကနေ ညီမ(အထင်) ကို ငုံ့ကြည့်နေပုံ ..က
အသက်ဝင်ပြီး ..ညီမလုပ်သူ က ညာဘက်အောက်ထောင့်ကနေ ပိုစ့်ပေးနေပုံလေးက နှစ်သက်စရာပါ …တိုင်းရင်းသား
ဝတ်စုံနဲ့မို့လည်း တမျိုး စွဲဆောင်မှု ရှိနေပြန်ပါတယ်။ ဘယာကြော်ပါ…။ ကျနော်ကပဲ tight crop ကြိုက်သူမို့..လား မသိပါ…
ကျစ်လစ်တယ် လို့ ခံစားရပါတယ်။
၂၀) ဒါလည်း နောက်ထပ် ပုံကောင်းလေး တစ်ပုံဖြစ်ပါတယ်။ ဆံပင်တွေ အပြည့်ပါရင် ပိုကောင်းမလား ပဲ ….။ နောက် နည်းနည်း
red-eye ၀င်ချင်နေသလို လို … ခြုံကြည့်ရင်တော့ လက်မောင်း ရင်းက မွေးညင်းလေးတွေပါ ပေါ်အောင်ရိုက်ထားနိုင်တဲ့
ပုံကောင်းလေးတစ်ပုံ ဖြစ်ပါတယ်။
၂၁) သည်ပုံလေးလည်း ကောင်းပါတယ်..။ ရုတ်ချည်း ဖြစ်လာတဲ့ အပြစ်ကင်းစွာ ပျော်ရွှင်တဲ့ ပုံရိပ်ကို အမိဖမ်းထားနိုင်တာ
နှစ်သက်စရာပါ ..။ cropping ပိုင်းကတော့ (ဖြတ်ထားတယ် မထင်ပါ) အားနည်းချက်ရှိနေပါတယ်။
၂၂) သာမန်ထက်မပို ဘူး လို့ ခံစားရပါတယ်။ ရိုးရှင်းတဲ့ မှတ်တမ်းပုံတစ်ပုံပါ…။
၂၃) အပူအပင်ကင်းကင်း အိပ်ပျော်နေတဲ့ ကလေးငယ် ပုံ မို့ နှစ်သက်မိပါတယ်။ croppingလေး ကောင်းပါတယ်… အိပ်နေတဲ့ကလေးနဲ့
အပြိုင် နောက်ကွယ်က ဖက်လုံး ပါအောင်ရိုက်ထားတာလည်း နှစ်သက်စရာပါ..။
၂၄) သည်တလ အကောင်းဆုံး တွေထဲက ၁ပုံလို့ ထင်ပါတယ်.. တပိုင်းတစ ပျက်ပြယ်နေတဲ့ သနပ်ခါး တွေက .. သဘာဝ ကျမှု ကို
သက်သေခံနေပါတယ်… ။ ဘယာကြော်ပါ…။ ဘယ်လောက် ဝေးဝေးကနေ ဆွဲရိုက်ထားတယ်ဆိုတာလေး ပါ သိရရင် သိချင်သား…။
(သိပ်ကပ်မယ်ဆို ရင် သည်လို သဘာဝကျတဲ့ mood ရမယ် မထင်လို့ပါ)
၂၅) ဒါလည်း အကောင်းဆုံး တွေထဲက ၁ပုံ ပါ ။ ဟုတ်ပါတယ် ဓာတ်ပုံဟာ ..အမြဲတစေ .. ရေပြင်ညီအတိုင်း ရိုက်ရမယ် လို့ မဆိုလိုထားပါဘူး။
ကွဲပြားတဲ့ ချဉ်းကပ်ဟန် အတွက်ရော ..အလင်းအမှောင် အယူအဆအတွက်ပါ.. ဘယာကြော်ပါ။
၂၆) ကလေး ပိုစတာ တွေထဲမြင်ရလေ့ ရှိတဲ့အတိုင်း ရိုက်ထားတယ် ထင်ပါတယ်… red eye ၀င်နေပါတယ်…. flash ပစ်ထားပုံလည်းရပါတယ်..။
ကောင်းလား မေးရင်တော့ မဆိုးဘူး နဲ့ ကောင်းတယ်ဆိုတဲ့ ကြား လို့ ပြောချင်ပါတယ်…။
၂၇) vignetting ကို ပြေပြေလေး ထည့်ထားတာ တွေ့ရပါတယ်.. အဲ့ဒါကို က စွဲဆောင်မှု ရယ်..။ ချစ်စရာ့ အရွယ် ဆိုတဲ့ ခေါင်းစီးဟာ ..ပျော်နေတာ
ရယ်နေတာ ဆော့ကစားနေတာကိုမှ ရိုက်ရမယ် မဆိုလိုထားလို့ ..ချစ်စရာ့အရွယ်ရဲ့ စိတ်ကျဉ်းကျပ်မှု ကိုဖော်ပြထားတဲ့ ပုံမို့ ကွဲပြားစွာ
နှစ်သက်ရပါတယ်…။ ပုခက်ခြင်းခေါ်မလား ..အဲ့သည့်ထဲကနေ ကိုယ့်ခြေထောက်ကိုယ် ကိုင်ပြီး ငေးငူနေတဲ့ ကလေးငယ်ဟာ ဂရုဏာရသ ကို
ပေးတယ်လို့ မြင်မိလို့ပါ …။ ပုံကောင်းလေးပါ. .ဗယာကြော်…
၂၈) သိပ် ထူးခြားမှု မရှိတဲ့ ပုံ တစ်ပုံပါ .. ပန်းနဲ့ အင်္ကျီ အရောင် ဟပ်သွားတာကတော့ နှစ်သက်စရာပါ။
၂၉) ပုံဟောင်း တစ်ပုံပါ …။ Meta Data ရထားတာလေးတော့ ..သဘောကျမိပါတယ်… မွေးနေ့လက်ဆောင် ပါဆယ်ထုပ်တွေ
ဖောက်ရင်း အဲ့သည့်ကြား ၀င်ရိုက်တယ် ထင်ပါတယ်…။ ပြေပြစ်တဲ့ ပုံ မပေါက်ဘဲ အမှိုက်ပွနေတယ် ခံစားမိပါတယ်။
၃၀) ထီးတစောင်းလေးမို့ … ကြည့်လို့ကောင်းတဲ့ ပုံပါ …. နှစ်သက်စရာ ကောင်းပါတယ်… ။ crop လည်းကောင်းမွန်ပါတယ်။
ဗယာကြော် ပါတယ်….ဗျ…
၃၁) လက်ရာပိုင်း အရ အကောင်းဆုံး ပုံ လို့ထင်ပါတယ်… ကျနော်အလွန် နှစ်သက်တဲ့ ပုံပါ ..။
စာဖတ်သူ အတော်များများလည်း ထပ်တူကျ လိမ့်မယ် မှတ်ပါတယ်…။ ဝေဖန်ရရင်ဖြင့် ..သည်ပုံဟာ
ကလေးကိုဇောင်းပေးပြတာမျိုးတော့ မဟုတ်ဘူး … travel ပိုင်းဘက် ပိုရောက် သွားသလို ခံစားရပါတယ်….။
အတတ်ပညာပိုင်း ကောင်း ..(အလွန်ကောင်း) လို့ သတ်မှတ်ချင်ပီး ခေါင်းစဉ်နဲ့ လိုက်လျောညီထွေ ဖြစ်မှုပိုင်းမှာတော့
သင့် … လို့ သတ်မှတ်ချင်ပါတယ်….ရွာထဲမှာ သည်လိုလက်ရာရှင်မျိုး ရှိတာ သိရလို့ ၀မ်းသာ ဂုဏ်ယူမိပါကြောင်း…။
၃၂) သည်ပုံက မူလတုန်းက အောက်ခြေမှာ ကဗျာကလေး တစ်ပုဒ်ပါပါတယ်..။ မူနဲ့ မညီလို့ ဖြတ်ထုတ်ပြီး
တင်လိုက်ရတာပါ…မှတ်မိသလောက် ပြောရရင်(စာသား မတူ) အနိမ့်အမြင့် အသားအရောင် မတူဘဲ ကွဲပြားတဲ့
ချစ်စရာ့အရွယ် ၂ခု ကို ဖော်ကျူးတယ်လို့ ဆိုထားပါတယ်.. ဖိုတိုအက်ဆေး အတွက် သုံးတတ်တဲ့ ပုံမျိုးပါ…။
၃၃) ပိုစတာ ရှေ့ မှာရိုက်ထားတာ မို့ တမျိုး အမြင်ဆန်းပါသည်။ ဆပ္ပဂျက် သည်ဘက်လှည့်ကြည့်နေပါက ပိုမို ကောင်းမည်ထင်ပါသည်..။
၃၄) တစောင်း ဖြတ်ထားတာလေးနဲ့ အနီးကပ်ဆွဲထားတာလေးက သဘောကျစရာပါ..
၃၅) အလင်းအမှောင် သည့်ထက် ပိုအားကောင်းလျင် ပုံပိုကောင်း မည် ထင်ပါသည်…။
၃၆) သည်ဆြာ့ လက်ရာကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်… ပစ်ဇယ်လ် တအားကျနေတာ ..ကျနော် လည်း နားမလည်ဘူးဗျာ..
မူရင်းပုံတုန်းက ဆိုက်ဇ် မဟုတ်တာပါ … ကျနော် အကောင်းဆုံးလို့ ထင်တဲ့ ပုံတချို့ထဲက ၁ပုံလို့ ဆိုပါရစေဗျ….။ ဓါတ်ပုံပညာ လေ့လာသူတွေ
အတွက်တော့ သည်မှာ shutter speed အမြန်သုံးထားတာ ..ဆပ်ပြာပူပေါင်းတွေကို freeze လုပ်ဖို့ ဖြစ်ကြောင်း …လက်တို့ချင်ပါတယ်..။
၃၇) ကျနော် မေ့ကျန်ခဲ့လို့ နောက်မှ ပြန်တပ်ရတဲ့ပုံပါ … ကလေးတွေ မြန်မာဝတ်စုံနဲ့ ဘုရားပေါ် မှာ ရိုက်ထားတဲ့ ပုံဆိုတော့ ..ရှင်ပြု အလှူ
မှတ်တမ်းပုံကောင်းလေး ပါလို့ ပဲ မှတ်ချက်ပေးချင်ပါတယ်…။ တူရူ ချဉ်းကပ် မှု လေး သဘောကျပါတယ်။
မောဘီအေ …. ကိုယ့်ဆြာတွေကလည်း ဘယ်ပျောက်နေတယ်မသိ…
သများ မောဘီ ..
ဗျို့ ..ခရထ-၂
ဘယ်သူဘယ်ပုံ ဘာညာ ..ရေးဦး..
ညည်းကို အကောင့် ပါ့စ်ဝါ့ဒ် ပေးထားတာပဲ..
ဗျို့ .. ကလုလင်
လက်ချောင် ကိစ္စလေး …လုပ်ပါဦးဗျာ.
ဗျို့ ..ကမှော်နဲ့ တကွ ..အခြား ဆြာတွေ..
မှတ်ချက် လေးတွေ သုံးသပ်ချဉ်းကပ်တာလေးဒွေ လုပ်ကြပါဦး
ဗျို့ …သဂျီး…
ဒါကြီး ညန်ညန် ဖြုတ်မယ်လေဂျာ …
နောက်တပါတ် …နှလုံးသားရှိတဲ့အရပ် ကို အာဂန္တုကြွမယ်ဗျို့…
ခုခိခုခိ…
:D
Was this answer helpful?
LikeDislikeဆရာတော်ဘုရား-
အာဂန္တုကြွမယ်ဆိုရင် နှလုံးသား မရှိတဲ့ ဆန့်ကျင်ဖက် အရပ်ကို ကြွရမှာ မှားနေမှာစိုးလို့
Was this answer helpful?
LikeDislikeမွန်ကစ် ပုံလေးကို ဗုတ်ပေးထားသူ လေးဦးကို ကျေးဇူးအထူးတင်ပါတယ်ရှင်..
ပထမ ပြပွဲဓါတ်ပုံ တုန်းက သာမန် လက်ရာအဖြစ် သုံးသပ်ခံခဲ့ရပေမဲ့ ယခု ပြပွဲဓါတ်ပုံမှာတော့ ဦးဂီရဲ့ ဗယာကြော် အဆင့် တိုးမြှင့် ချီးကျူးခံရလို့ ဆုရသလိုဘဲ ၀မ်းသာကျေနပ်မိပါတယ်ရှင်.. ရုံးပိတ်ရက် အိမ်မှာ အားနေရင် တူမလေးနဲ့ အလှဓါတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်.. ပုသိမ်ထီးလေးနဲ့က မွန်ကစ် တူမလေးပါ… ပြပွဲ နဲ့ အကျုံးဝင်သွားလို့ ၀င်ပြဖြစ်သွားတာပါရှင်…
နောက်ပြပွဲ “ဘ၀” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြပွဲ ၀င်နိုင်အောင် ဆက်လက်ကြိုးစားပါ့မယ်လို့…
Was this answer helpful?
LikeDislikeပုံကြည့်လိုက်ရ စာဖတ်လိုက်ရနဲ့
မျက်လုံးကို တော်တော်ကိုက်သွားတာပဲ
လက်ကလည်း အထက်ကပုံကိုဆွဲလိုက် အောက်ကစာကိုအပေါ်တင်လိုက်နဲ့
ကျေးဇူးပါ ရှင်းလင်းနားလည်အောင်ရေးပြတဲ့အတွက်
Was this answer helpful?
LikeDislikeသဘောကျတာတွေများနေတယ်။ ဆြာဂီလိုတော့ တက်ကနစ်တွေ မသိဝူး။ အမြင်အရကြိုက်တာက
၁၅
၁၆
၁၈
၂၀
၂၄
၂၅
၃၁
၃၂
ဒါ့ပုံတင်သူများအားလုံးကိုတော့ ဘရာကြော်ပါခင်ဗျာ
Was this answer helpful?
LikeDislikeပုံလေးတွေအကုန်လုံးက ချစ်စရာလေးတွေကြီးပဲ ချစဖို့ကောင်းတယ်နော်
Was this answer helpful?
LikeDislikeHi, Guys.. I like No.17 photo. Everything OK my lovely villagers?
Sometime i miss u all. Take care
I can’t type Myanmar font in my computer.
I will be come back soon. See u. :D :D
Best Regards,
Koyin Sithu (In Red Sea)
Was this answer helpful?
LikeDislikeဒီပြပွဲက မပိတ်သေးဘူးလားဟင်။ July လ၀က်တောင်ကျိုးတော့မယ်။ နောက်လအတွက် ခေါင်းစဉ်ပေးပြီးသွားပြီလား။
Was this answer helpful?
LikeDislikeခေါင်းစဉ်က “ဘဝ” တဲ့။ :-)
Was this answer helpful?
LikeDislike“ဘဝ” ဆိုတဲ့ ခေါင်းစီး က အရမ်းကျယ်ပြန့်နေတယ်ေ်နာ် .. ဘာဘ၀ကိုရိုက်ရမှာ.. ကလေးဘ၀လား.. ဆိုက်ကားဆ၇ာဘ၀လား.. မြင်းလှည်းဆရာဘ၀လား.. သုဌေးဘ၀လား.. ဆင်းရဲသား လက်လုပ်လက်စားဘ၀လား.. ကြွက်ဘ၀လား.. နွားဘ၀လား.. အရမ်းကျယ်နေတယ်နော်..နဲနဲ ချုံ့လိုက်ရင်ကောင်းမယ်ထင်ပါတယ်..
Was this answer helpful?
LikeDislikeကဲကဲ .. ကြေညာ ပါဗျို့  .. လက်ဆောင် ပေးဖို့ .. အဆင်သင့် ဖြစ်နေပြီ ဆိုတာလေး …….. ….. ဒီလ အတွက် လူကြိုက်အများဆုံး ပုံ ၃ ပုံအတွက် memory stick ၃ ချောင်းပါ။ price များများ မပေးနိုင်ပေမယ့် …. value ကောင်းကောင်း နဲ့ အမှတ်တရ ဖြစ်နေစေဖို့ ….. ပါ။
ကျေးဇူးတင်ပါတယ်ဗျို့  …….
Mလုလင်
Was this answer helpful?
LikeDislike၀ုတ်ပါဒယ်..၀ုတ်ပါဒယ်
Was this answer helpful?
LikeDislikeဟုတ်ပါတယ်ဗျို့ …… ဘယ်နေ့နောက်ဆုံးဗုတ်ပိတ်တယ်ဆိုတာလည်းမပြောမကြေငြာပါလားဗျို့ .. ဦးသွားချီးလည်း ဘယ်ပျောက်နေလဲဗျို့ ……. ကလေးပုံလေးတွေတင်ထားတာတော့ ကောင်း ပါတယ် …. ဒါပေမယ့် ပြပွဲအဆုံးအဖြတ်လေးတော့ လူတွေကသိချင်နေမှာပေါ့နော် ……
Was this answer helpful?
LikeDislikeတစ်ခုအကျန်ပေးဘာရဇေဂျို့
ဓာတ်ပုံအတွက် ဆုပေးတာချိုဒေါ့ memory stick ထက် memory card ဆိုရင် ပိုမကောင်းလား ဓာတ်ပုံသမားဆိုတော့ card ကိုပိုလိုမှာ ပေါ့နော်..
Was this answer helpful?
LikeDislikeဟေ့လူ ၀ယ် ပြီး နေပြီ ….. ခုမှ လာပြီး …. နေ ကို သူ့ ဘာသာ သူမနေ ခိုင်း ဘဲ လိုက် အုပ် နေ .. လိုက် ကာ မနေ နဲ့ တော့ ….
Was this answer helpful?
LikeDislikeလုပ်လိုက်ဟ.. တော်ပါပေ့ အရေးအသား
Was this answer helpful?
LikeDislikeအားလုံးတစ်မျိုးစီပါပဲ…
ကလေးလေးတွေရဲ့ ဖြူဖြူစင်စင် ပုံလေးတွေပါ…
20 ကပုံလေးကိုသဘောကျတယ်…။
Was this answer helpful?
LikeDislikeကလေးတွေကတော့ ချစ်စရာလေးတွေချည်းပါဘဲ။အဖြေကမှန်းလို့ရနေပြီ။
ကိုယ်ချင်းစာနာမှုရှေ့ထားပြီး မဲမရသေးတဲ့ ၆ က ပို့စ်ပေးနေတဲ့ သားလေးကို Vote လိုက်ပါတယ်။
Was this answer helpful?
LikeDislikeပထမဆုရသူကို ဘီယာတိုက်ဖို့စည်းရုံးပီးဖြစ်ပါသောကြောင့်..
ပူးလ်မြန်မြန်ပိတ်ဖို့ မျှော်လင့်နေပါကြောင်း :P
Was this answer helpful?
LikeDislikeမမဂီရေ
ပုံ ၂၄ ကို အကြိုက်ဆုံးပါနော်။ အသက်ဝင်လွန်းလို့။
Was this answer helpful?
LikeDislikepoll ပိတ်ရက်ကြေငြာပါဗျို့…
ဆရာတွေဘယ်ရောက်ကုန်ကြပါလိမ့်…
Was this answer helpful?
LikeDislikeပိတ်မယ့် ပိတ်တော့ … အမြန်ဆုံး ပိတ်ချင်တယ်ဗျို့  ….လက်ဆောင် က လဲ အဆင်သင့် … ဖြစ်နေပြီ။
ဒီနေ့ က 16 ရက်ဆိုတော့ 17 – July – 2012 အင်္ဂါနေ့ ပိတ်လိုက်မယ်ဗျို့ ။
သူကြီး ပိတ်မယ် ထင်လို့ ပါဗျာ …..။
Was this answer helpful?
LikeDislikeအော် ကျနော်က သူကြီးမပိတ်သေးတာမှတ်တာ.
နောက်ပြိုင်ပွဲတောင်နီးနေပြီ
ကျနော်ကတော့ ကင်မရာကို မကြည့်တဲ့ပုံလေးကို ဗုတ်တယ်ဗျာ
Was this answer helpful?
LikeDislikeဘယ်နံပါတ်မှရယ်လို့တော့မရွေးချင်ပါဘူး။ကလေးဆိုတာကတော့ကလေးအရွယ်မှာအကုန်လုံးကအပြစ်ကင်းစင်တဲ့သူတွေပါပဲ…အကုန်လုံးကိုချစ်ပါတယ်….သူတို့ကိုကလေးအတိုင်းပဲရှိစေချင်တယ်…..
Was this answer helpful?
LikeDislikepollပိတ်လိုက်ပြီဖြစ်ပါကြောင်း..
တာဝန်ရှိသူများ.. ကြေငြာစေလိုကြောင်း…
Was this answer helpful?
LikeDislikeပုံလေးတွေ အရမ်းလှလို့ နောက်ပြိုင်ပွဲတွေ ရှိရင် တစ္ဆေလေးကို ပါဝင်ခွင့်ပြုကြပါနော်
Was this answer helpful?
LikeDislikeလူကြိုက်အများဆုံး ပုံတွေ အတွက် ဂုဏ်ယူပါတယ်ဗျာ။ ဒီလ မှာ တတိယ က နှစ်ခု ဖြစ်နေလေတော့ … တစ်ပုံ ရွေးလိုက်ရတယ်ဗျာ .. အဲဒါလေး နားလည် ပေးပါနော်။
လူကြိုက်အများဆုံး တွေကတော့
၁ ။ ဂန္ဓာရီ ဆြာအုပ် ပုံ နံပါတ် (၃၁) ပါ။ အင်းလေး မှာ လို့ ခန့်မှန်း ရပါတယ်။
၂။ ဘာဘီကျု တဲ့ .. ရွာသားမဟုတ်ဘူး လို့ခန့်မှန်း ရပါတယ်။ ပုံနံပါတ် (24) ပါ။ နဲနဲ တော့ ပြောလိုက်မယ်…။ သိနေတယ် လို့ .. အဲဒါလေးပါ။
၃။ ရဲစည် ပါ။ ပုံ နံပါတ် (၄)ပါ။ …
အဲဒါ .. ကျေးဇူးပြုပြီး အဆက်အသွယ် လုပ်ကြပါဦးလို့ ..
ဒုတိယ အကြိမ် တော့ ပြီးဆုံး သွားပါပြီ …။
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeအဆက်အသွယ် လုပ်ကြပါဦးချိုတော့ ဘယ်ရို အဆက်အသွယ် လုပ်ရမှာရဲ..
Was this answer helpful?
LikeDislikeတပါတ်ပြည့်ကတည်းက ဖြုတ်ပါ ဖြုတ်ပါဆို..မဖြုတ်ဝူး ….
ပီး ..ခပ်တည်တည်နဲ့ လာမေးနေတယ်…
သများ ခရီးသွားနေတာပါရှို ….
နောက်လ ဘာဆက်လုပ်မှာတုန်း ဆြာတို့ …
(ကမှော်ရီး ကလည်း …တင်မယ် ဆိုပီး မတင်သေးဝူး)
ခေါင်းစဉ်ရော အစီအစဉ်ရော … ဘာမှန်းသာ …မသိသေးတာ
ပို့သူက ပို့ကုန်ဘီ ….
:’(
ဟင့်
Was this answer helpful?
LikeDislikeနောက်ခေါင်းစဉ်ကို အားမာန် လို့ ပေးလိုက်ပါတယ်ဗျာ
ကြိုးစားမယ့်သူတွေ ကြိုးစားလို့ ရပါပြီ…
ကျွန်တော် မှော်ဆရာမှ မန်မိုရီစတစ်တစ်ချောင်း လက်ဆောင်ပေးအပ်သွားပါမယ်လို့..
Was this answer helpful?
LikeDislikeနောက်ခေါင်းစဉ်ကို အားမာန် လို့ ပေးလိုက်ပါတယ်ဗျာ
ကြိုးစားမယ့်သူတွေ ကြိုးစားလို့ ရပါပြီ…
ပထမဆုအတွက် ကျွန်တော် မှော်ဆရာမှ မန်မိုရီစတစ်တစ်ချောင်း လက်ဆောင်ပေးအပ်သွားပါမယ်လို့..
Was this answer helpful?
LikeDislike