“လူ ကြားလို့တောင် မကောင်းတဲ့ အဖြစ်”
မနေ့က အိတုံ ပို့စ်ကို သေချာဖတ်ဖြစ်တယ်။
သူတွေးနိုင် ရေးနိုင်တာလေးကို သဘောကျမိပါတယ်။ ဘယ်လိုဘဲ ဖြစ်နေပါစေ ကျနော်တို့ ပတ်ဝင်းကျင်ကို ကျနော်တို့ တည်ဆောက်ရပါတော့မယ်။ သူ့ပို့စ်မှာ ကွန်းမင့်ရေးကာနီး ဦးနေးချား ပို့စ်လဲတွေ့မိတော့ ဆက်စပ်မှုရှိလို့ ထပ်ပီးဖတ်ဖြစ်ပါတယ်။
တိုက်ဆိုင်ချင်တော့ အလုပ်သွားကာနီး ထုံးစံအတိုင်း အခန်းကထွက်ရင် အမှိုက်ထုပ်က ပါစမြဲမို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။ ဒီနေရာမျာ စနစ်တွေ မူတွေ လူတွေ ဘာကိုဦးတည်ရမလဲ ကွဲပြားစေချင်ပါတယ်။ ခက်တာက လွယ်လွယ်လေးကို ကျနော်
တို့ဆီက လူတွေ မလိုက်နာကြခြင်းပါဘဲ။ အလွန် စိတ်ကုန်စရာ ကောင်းပါတယ်…. မှတ်မှတ်ရရ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်ရောက်တော့ ကျောက်မြောင်းထဲက ကျနော့် သူငယ်ချင်းအိမ် သွားလည်ပါတယ်။ စကားပြောနေရင်း ချောင်းဆိုးလို့ ချွဲဟပ်မိတော့
တံတွေး ထွေးချင်လာပါတယ်။ ခက်တာက သူတို့ ဘေစင်မှာက ပန်းကန်တွေ ပုံထားတော့ နောက်ဖက်ဝရံတာက အမှိုက်ပုံးထဲ ထွေးမိပါတယ်။ သူငယ်ချင်း အမျိုးသမီးက မနှစ်မြို့ဟန်နဲ့ ၀ရံတာက ထွေးလိုက်ပီးတာဘဲ အမှိုက်ပုံးထဲ ရွံစရာကြီးတဲ့ တိုးတိုး
ပေမဲ့ ကျနော်ကြားပါတယ် အရမ်းလည်း စိတ်ထဲနေရခက်သွားတယ်။ ထားပါတော့…..ဒီကိစ္စ
စကားကောင်းနေတုန်း မိုးက သဲကြီးမဲကြီးရွာပါလေရော အဲဒါနဲ့ ဆက်နေ မိုးတိတ်တော့ ပြန်မယ်ကြံတော့ အောက်မှာ ရေကြီးနေပါပီ..အတော်ကို ကြည့်မကောင်းတဲ့ မြင်ကွင်းပါ။ဆိုတော့ စကားထပ်ဆက်နေရင် အရှည်ကြီးပြော စရာမို့ နေ့စဉ်ကိစ္စလေးကို
အားလုံး တညီတညွတ်ထဲ ဆောင်ရွက်လိုက်ရင် ကောင်းသွားမဲ့ အခြေအနေမျိုးပါဘဲ……..
ထပ်ပြောချင်တာက
မြန်မာပြည်မှာ အမှိုက်ဥပဒေပြဌာန်းရတာ
စည်းကမ်းမဲ့ အမှိုက်ပစ်လို့ အရေးယူရတာ လူကြားလို့တောင် မကောင်းပါဘူး……. အဲတော့ စည်ပင်ကို လူတွေက လက်ညှိုးထိုး စည်ပင်က ဘက်ဂျက်ကြောင့်ဆိုပီး အထက်ကိုထိုး အထက်က ပြည်သူ စည်းကမ်းမဲ့တာ ဆိုပီး လက်ညှိုးပြန်ထိုးနဲ့ ဂျာအေး သူ့အမေရိုက် ဇာတ်လမ်းက ကမ္ဘာကြီးသာ ပျက်သွားမယ် မြန်မာပြည်မှာ ဖြစ်ကောင်းတုန်းဆိုတဲ့ အနေအထားမျိုးပါ……။ ဒီပို့စ် ၂ခုဖတ်ရတော့ ကျနော်တော်တော် ရှက်မိပါတယ် ဒါတောင် မြန်မာစာနဲ့ရေးထားတာမို့ပါ အင်္ဂလိပ်လိုတာ ရေးပီးတင်လိုက်ရင် တစ်ကမ္ဘာလုံးက ဖတ်ပီး…
အင်း…ပြောတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ပြောင်းလဲမှုတွေ…… အဲ အမှိုက်ပြဿနာတောင် မရှင်းနိုင်ဘူးဆိုတော့ လူပြောစရာ ဖြစ်မယ်ထင်ပါတယ်….
တော်ပါပီဗျာ ပိုက်ဆံလေးစုပီး အမှိုက်ဖောင်ဒေးရှင်းတောင် ထောင်ရမလိုဖြစ်နေပီ…..








လက်ငင်း လတ်တလောအတွက်တော့ စံနစ်ကို ပြင်ရမှာပဲ..
ရေရှည် နောင်ရေးအတွက်တော့ ကျုပ်တို့နိုင်ငံသားတွေရဲ့ အကျင့်စရိုက်ကို ပြင်ရမှာပါ…။
ဒီအတွင်းမှာ လူညီရင် နေရာလေးတွေ ကွက်ပြီး စတင်ပြုပြင်နိုင်ပါတယ်..။
ကျုပ်စိတ်ကူးယဉ်ဘူးတာရှိတယ်..
ဥပမာ- အမှိုက်မပစ်တဲ့လမ်း…….. ဆိုတာမျိုး
အမှိုက်မပစ်တဲ့ ဈေး ဆိုတာမျိုး ……. စသည်ဖြင့်ပေါ့…
Was this answer helpful?
LikeDislikeအရိုးရှင်းဆုံးနဲ့ အဓိကအကျဆုံး ပြောရရင်
“လူတွေ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် နေ့စဉ် မိမိတို့ရဲ့ သတ်မှတ်နေရာမှာ ညနေတိုင်း အမှိုက်ပစ်ရမယ်”
“တာဝန်ရှိသူတွေ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် နေ့စဉ် အဲဒိသတ်မှတ် နေရာတွေက အမှိုက်တွေကို နံနက်လူတွေ သွားလာလှုပ်ရှားမှု မစတင်ခင် အပြီးသိမ်းရမယ် ”
အဲလိုလေး စည်းချက်ညီသွားရင် သိပ်ကောင်းမယ်လို့ ထင်တယ်
အပေါ်မျာ ကျနော် တင်ထားတဲ့ ပုံတွေက ညဦးပိုင်းကတည်းက ပုံထားတာ မနက် ၇နာရီ မထိုးခင် ပြောင်သွားပီ
မရှိတော့ဘူး အဲနေရာကို ရေပါ တခါတည်း ဆေးချသွားတယ်။
Was this answer helpful?
LikeDislikeအင်း………..တို့နိုင်ငံလည်း အခြေခံစိတ်ဓါတ်တွေကအစ ပြုပြင်ဖို့အများကြီးလိုသေးတာနော်။
Was this answer helpful?
LikeDislikeအင်း အမှိုက်နှင့်မြန်မာ မြန်မာနှင့်အမှိုက် ခွဲမရပါတကား။
Was this answer helpful?
LikeDislikeအင်း အမှိုက်နှင့်မြန်မာ မြန်မာနှင့်အမှိုက် ခွဲမရပါတကား။ ဆိုတော့ကာ
အမှိုက်=မြန်မာ မြန်မာ =အမှိုက် ဟီးးးးးးး :P ကော်မန့် ရေးတဲ့ နေ၀န်းနီလည်းအမှိုက် ……………… လည်းအမှိုက်..။ …………လည်း အမှိုက်….။
Was this answer helpful?
LikeDislikeကိုရဲစည်ရေ..အကျိုးပြုပို့စ်လေးအတွက်
လက်မတစ်ချောင်းထောင်ခဲ့ပါကြောင်း…
ကျုပ်က ၆လွှာရှိတဲ့ တိုက်ရဲ့ အောက်ဆုံးထပ်နေတာ..
နေ၀င်ပီဆိုတာနဲ့ နောက်ဖေးဘက်က တဖုန်းဖုန်းနဲ့
ဗုံးထုသံတွေ ကြားရတော့တာဘဲ..အမှိုက်ထုတ်တွေပစ်ချတာလေ..
နေ့စဉ်လည်း အမှိုက်သိမ်းလှည်းလာနေရက်နဲ့ဗျာ….
Was this answer helpful?
LikeDislikeဒီကနေ့ပစ်မယ်ဆိုတဲ့ အမှိုက်အတွက် တာဝန်ယူပေးချင်လို့….
Was this answer helpful?
LikeDislikeလူတွေကလည်း စည်းကမ်းမလိုက်နာ၊ တာဝန်ရှိသူတွေကလည်း ပေါ့လျော့ဆိုတော့ ဒီပြဿနာက မပြီးနိုင်ဖြစ်နေတာပါ။ ငြိမ်းတို့နားက ဈေးမှာဆိုရင် အမှိုက်ကန်ရှိပါတယ်။ စည်ပင်ကလည်း ညဆိုလာသိမ်းပါတယ်။ ဒါပေမဲ့ အမှိုက်မပစ်ရဆိုတဲ့နေရာမှာ လူတွေအမှိုက်ပစ်ကြတယ်။ အမှိုက်တွေလာရှင်းတော့မှ ” အမှိုက်မပစ်ရ ” ဆိုတဲ့ ဆိုင်းပုဒ်လေးပေါ်လာတယ်။ နောက်ပြီး ကွမ်းစားပြီးနေရာတကာ လျှောက်ထွေးတဲ့ ကိစ္စလည်းရှိပါသေးတယ်။ ကွမ်းမထွေးရဆိုတဲ့ ဆိုင်းပုဒ်ပေါ်မှာ ကွမ်းတံထွေးတွေချည်းပဲ။ အမှန်ဆို နည်းနည်းလေးတွေးကြည့်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူဖြစ်အောင် လုပ်သင့်တယ်။ ကိုရဲစည်ပြောသလို စည်းချက်ညီညီနဲ့လုပ်ကြရင် အဲဒီ့ပြဿနာတွေက အမြန်ဆုံးပြေလည်နိုင်ဖွယ်ရှိပါတယ်။
Was this answer helpful?
LikeDislikeသူ့အခန်းက အမှိုက်တောင် ကြုံကြွားလုပ်လိုက်သေးတယ်
ဟီးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeရန်ကုန်ကလူတွေက တိုက်ခန်းနဲ့နေရတာ အများစုလေ၊ အမှိုက်လှည်းလာမှပြစ်ရတာများပါတယ်၊ အမှိုက်လှည်းကလဲ ပုံမှန်မလာ ၊ လာရင်လဲ ထွက်ခါနီးမှ ခေါင်းလောင်းတီး ၊ ခြောက်လွှာပေါ်က ပြေးဆင်း ( ဒါတောင်အမှိုက်ထုပ်ကိုသေချာထုတ်ပြီးလူရှိအကုန် အမှိုက်လှည်းလာမှာကို ရည်းစားမျှော်တာထက် လွန်အောင်မျှော်) ထွက်သွားတဲ့ လှည်းနောက်ကပြေးလိုက်၊ တစ်ခါတစ်လေ အမှိုက်ပစ်ရတာ ရပ်ကွက်တောင် တစ်ပါတ်လောက်ပါတ်မိ။ လူလား. …. ၊စနစ်လား …… ၊ ခြောက်လွှာက တိုက်ခန်းမှာ နေမိတဲ့ ကိုယ့်အပြစ်လား…..။
Was this answer helpful?
LikeDislikeတရုပ်ပြည်မှာတောင် အမိုက်ပုံးလုံလောက်အောင်မရှိဘူး
ဒါပေမဲ့ စည်ပင်ကအမိုက်ကိုမှန်မှန်သိမ်းတော့ သန့်ရှင်းတာပေါ့
သူတို့ကတကယ်အလုပ်လုပ်တယ်လေ။
Was this answer helpful?
LikeDislikeလူတွေ တန်ဖိုးမရှိ လို့ ဒီလို စည်းကမ်းမရှိတာလား..
လူတွေ ကို တန်ဖိုးမထားလို့ လူတွေက တန်ဖိုးမရှိတော့တာလား..
လူတွေကဘဲ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိအောင် လုပ်နေတာလား..
လူတွေကဘဲ ကိုယ့်ကိုယ်ကို တန်ဖိုး မထားတာလား..
ပြောတော့ မြန်မာတွေဟာ နိုင်ငံတကာက လူတွေထက် ..
ဘယ်လိုသာတယ် ဘာတွေကောင်းတယ် ဆိုပြီး..
အခု ဒီလိုတွေ ကြားရ တွေ့ရတော့ ကမ္ဘာ့အလယ်မှာ .မျက်နှာ ဘယ်လို ပြရမလဲ..
Was this answer helpful?
LikeDislikeကိုရဲစည် အခန်းထဲကအမှိုက်ပုံက ဒါ့ပုံရိုက်ခါနီး သပ်သပ်ရပ်ရပ်လေးစီထားတာလား ……
Was this answer helpful?
LikeDislikeမဟုတ်ရပါဘူး မခိုင်ရယ်
အဲဒါတွေသာ အကုန်ဖွထားရင်တော့ ပြောမနေတော့ပါဘူး…တလက်စတည်း အထက်မြင့် ကိစ္စလေးပြောမလို့ ကျနော်တို့ဆို တော်တော်မှ တော်တော်မြင့်ပါတယ် ဓာတ်လှေကား သုံးလို့ရတယ် ဆိုပေမဲ့ အမှိုက်ထုပ်မလုံတာတို့ အရမ်းညစ်ပတ်တာတို့ကျ လုံခြုံရေးက ပေးမသယ်ဘူး။ သူ့ကင်မရာထဲ မြင်တာနဲ့ အော်ဆဲတော့တာဘဲ။ နောက်ဖေးက အရိအရွဲတွေ ပစ်တဲ့ အမှိုက်ပြွန်ကျတော့ အခန်းမှာ စနေကတည်းက လစဉ်ကျေးပေးရတယ် နောက်ပစ်ရင်လဲ ကိုယ်ပစ်ချင်သလို ပစ်မရဘူး သူတို့ပေးတဲ့အိတ်နဲ့ ပစ်ခိုင်းတဲ့ အချိန်ကျမှ သုံးရတယ်။ အဓိကက ရည်ရှေအတွက် စည်းကမ်းလုပ်ထားတာပေါ့ ။ ကျနော်တို့လဲ အစကပစ်ရမှာ ပျင်းတာပါဘဲ နောက်တော့လဲ ကိုမှမလုပ်ရင် ဘယ်သူမှ လာလုပ်ပေးတာ မဟုတ်လို့ ပုံမှန်အကျင့်
တစ်ခု ဖြစ်သွားပါတယ်။
အဓိကက ကိုယ်တိုင် နည်းစနစ်တကျလေး နေဖြစ်သွားရင် ဘာမှ အခက်အခဲရှိမယ် မထင်ပါဘူး
Was this answer helpful?
LikeDislikeအမိုက်တွေကိုစည်းကမ်းမဲ့ပစ်တာတကယ်ကိုမကောင်းတဲ့အကျင့်ပါ
Was this answer helpful?
LikeDislikeအထပ်မြင့်မှာနေတဲ့သူတွေက အမှိုက်ဆင်းမပစ်ချင်ကြတာလည်း ပါတာပေါ့လေ…။ မွန်မွန်တို့ဆို တစ်ရက်ခြားတစ်ခါ အလှည့်နဲ့ ဆင်းကြတာတောင် အပျင်းထူချင်သား..ဒါတောင် အိမ်ရှေ့တင် ပုံထားလိုက်လို့ရတာကို…
ဆယ်နာရီလောက် ဆင်းပစ်လိုက်ရင် ဆယ့်တစ်နာရီလောက်ဆို လာသိမ်းပြီ…
ပြီးတော့ အများလုပ်လို့ လုပ်တယ်ဆိုတဲ့ သဘောမျိုးလည်း ရှိကြတယ်။ ကိုယ်တွေလည်း အဲဒီလိုပဲ မို့လို့လေ။ လမ်းသွားရင်း မုန့်စားတယ်။ အမှိုက်ကိုတွေ့ရာနေရာတော့ မချပါဘူး။ ကိုင်ထားတယ်။ အမှိုက်ပုံးလိုက်ရှာတယ်။ မတွေ့ဘူး။ အဲ..ဓာတ်တိုင်ထောင့်မှာပဲ ဖြစ်ဖြစ် သူများပစ်ထားတဲ့ အမှိုက်စုစုလေးကို တွေ့တယ်….ဘယ်နေလိမ့်မလဲ…အဲဒီကိုပဲ ပစ်လိုက်မိတော့တာပဲ…
ဆိုတော့ကာ…မူရော..လူရော..အကုန်လုံးပြင်ရမှာပါပဲ… :P
Was this answer helpful?
LikeDislikeစနိုးတို့တိုက်မှာ ရှေ့လက စပြောထားတယ်တိုက်ပေါ်မှအမှိုက်ပစ်ရင် ဒဏ်ငွေ10000တဲ့မိလားဆိုတော့လည်း တိုက်အောက်မှာသာအမှိုက်ပုံဖြစ်သွားတယ် မည်သည့်တိုက်ခန်းမှ ဒဏ်ငွေ10000ဆောင်လိုက်ရတယ်ဆိုတာမကြားမိလိုက်ပါဘူး။
Was this answer helpful?
LikeDislike