ပန်းနဲ့ပန်းချင်းတူသော်လည်းကွယ်…
ဆယ်ကျော်သက်မြေးမလေးကအပြင်မှာ ချိန်းတွေ့ဖို့ အလွန်တရာ သေးငယ်ပါးလျားသည့် လက်ပြတ်အင်္ကျီနှင့် အတွင်းခံမပါထွက်လာသည်ကိုတွေ့တော့ သူ့အဖွားက သည်လိုအပြင်အဆင်နှင့် အပြင်မထွက်သင့်ကြောင်းပြောသည်။ ဆယ်ကျော်သက်လေးက
“တော်ပါတော့အဖွားရာ။ ခေတ်ကြီးက ပြောင်းလဲနေပါပြီ။ ကိုယ့်မှာရှိတဲ့ နှင်းဆီဖူးလေးတွေ ကိုယ်တိုင်ပွဲထုတ်သင့်တာပေါ့”။ ပြောပြီးထွက်သွားတော့သည်။
နောက်နေ့တွင် ဆယ်ကျော်သက်လေးအပြင်ထွက်လာသောအခါ သူမအဖွားကို အပေါ်ပိုင်းဗလာကျင်းလျှက်တွေ့ရသည်။ ဆယ်ကျော်သက်လေးမှာ သေချင်စော်နံသွားသည်။ သူ့အဖွားကို သူ့အပေါင်းအသင်းတွေ လာနေကြောင်းနှင့် ဒီလိုနေတာ မသင့်တော်ကြောင်း ရှင်းပြရသည်…
အဖွားက ပြန်ပြောသည်မှာ “တော်စမ်းပါငါ့မြေးရာ။ မင်းနှင်းဆီဖူးလေးတွေ မင်းပွဲထုတ်လို့ရရင် အဖွားပန်းဆွဲကြီးတွေလည်း အဖွားချိတ်ပြလို့ရမှာပေါ့”
သံသယကြီးသူ…
သောကြာတစ်ည၏ညဥ့်နက်ပိုင်းတွင် ရဲအရာရှိတစ်ယောက်သည် လမ်းပေါ်တွင် ကားကိုယိမ်းထိုးမောင်းနှင်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ရဲသားက ထိုလူမောင်းလာသည့်ကားကို ရပ်တန့်စေပြီး ယနေ့ညနေပိုင်းတွင် အရက်သောက်ထားခြင်းရှိ၊မရှိ မေးမြန်းလေသည်။
“အာ..သောက်ဖြစ်တာပေါ့။ ဒီနေ့သောကြာနေ့ပဲဟာ။ ကျွန်တော်နဲ့အပေါင်းအသင်းတစ်ယောက် ဆိုင်မှာဝင်ပြီး ခြောက်ခွက်၊ခုနစ်ခွက်လောက်တော့ သောက်ဖြစ်လိုက်တယ်။ အဲဒီနောက် ဆိုင်က အထူးအစီအစဉ်လေးလုပ်ပေးလို့ လေး၊ ငါးခွက်လောက်ထပ်ချဖြစ်လိုက်သေးတယ်။ အဲ..နောက်တော့ ကျွန်တော့်သူငယ်ချင်းကို အိမ်လိုက်ပို့ပြီး နည်းနည်းထပ်တင်လိုက်ရသေးတယ်။ ပြီးမှ အိမ်ပြန်လာရင်း လိုလိုမယ်မယ် တစ်လုံးဆွဲလာခဲ့တယ်ဗျ…” ပြောပြီးသူက ကုတ်အင်္ကျီထဲ ဟိုစမ်းသည်စမ်းလုပ်၍ ၀ီစကီတစ်ပုလင်းကိုဆွဲထုတ်လိုက်ကာ ထောင်ကြည့်နေသည်။
ရဲအရာရှိက သက်ပြင်းချလိုက်ပြီး “ဆရာ…စိတ်မကောင်းပါဘူး။ ကားထဲကထွက်ပြီး အယ်လ်ကိုဟောစစ်တဲ့ကရိယာနဲ့ အစစ်ဆေးခံရပါမယ်ခင်ဗျာ”
ထိုအခါ စိတ်ဆိုးမာန်ဆိုးဖြင့် သူပြန်မေးလိုက်သည်မှာ “ ဘာဗျ…ခင်ဗျားကကျုပ်သောက်ထားတယ်ဆိုတာ မယုံဘူးပေါ့…ဟုတ်လား”
မင်္ဂလာသတို့သား…
ဘီလ်ဂိတ်၏ မင်္ဂလာဦးညတွင် သူ့ဇနီးသည်က သူ့ကို ဘာပြောသလဲ သင်သိပါသလား…
“ရှင့် ကုမ္ပဏီကို မိုက်ခရိုဆော့ဖ် လို့ ဘာလို့နာမယ်ပေးထားလဲ ကျွန်မသိသွားပြီ!!!”
(မှတ်ချက်။      ။ Microsoft မှာ အလွန်တရာ ပျော့စိအိတွဲနေသည်ဟု တိုက်ရိုက်အဓိပ္ပါယ် သက်ရောက်ပါသည်)
(ref:www.jokeindex.com)

About yannaingech

yan naing aung has written 23 post in this blog.

Residence of Myanmar, living in Mandalay, working in an internet cafe.

Related posts:

  1. အတိုအထွာများ (၃)…
  2. အတိုအထွာများ…
  3. အတိုအထွာများ (၂)…
  4. Face Book Account မလုပ်ထားပါဟု Melody ဆို…
  5. About Blog