အမြဲတစေလိုက်လို့နေ
ညာတို့ရွာမှာအရင်ကအထက်တန်းကျောင်းမရှိဘူးလေ
အဲတော့2မိုင်လောက်ဝေးတဲ့ရွာကို၅တန်းကနေ၁၀တန်းထိစက်ဘီးလေးဂျောက်ဂျက်ဂျောက်ဂျက်နှင့် ကျောင်းတက်ခဲ့ရတဲ့ဘဝပေါ့
(ခုတော့ညာတို့ရွာကအထက်တန်းကျောင်းတွေဆေးရုံတွေမီးတွေနှင့်စည်ကားလို့နေခဲ့ပါပြီ)
ညာမှတ်မှတ်ရရ၈တန်းနှစ်ကပေါ့
ကျောင်းမှာသူငယ်ချင်းတွေနှင့်ထုပ်ဆီးတိုးတန်းစကားကျတယ်လေ
အရမ်းကိုပျော်စရာကောင်းတဲ့ကလေးဘဝလေးပါ
ညာတို.ဆော့နေတဲ့အဖွဲ့ထဲမှာအောင်အောင်(အမည်မှန်မဟုတ်ပါ)လဲပါတာပေါ့
သူလဲညာတို့လိုပဲအရမ်းပဲပျော်နေတယ်လေ
ညာတို့သူငယ်ချင်းတွေအားလုံးမသိခဲ့ကျပါဘူး
သူနောက်2ရက်ရှိရင်လောကကြီးထဲကအပြီးအပိုင်ထွက်သွားမယ်ဆိုတာကိုပေါ့
သူသေရတော့မယ်ဆိုတာသိရင်သူခုလိုမျိုးရောပျော်နေနိုင်မယ်တဲ့လား
ဘယ်အချိန်ဘယ်နေရာဘယ်အရွယ်မှာဘာရောဂါနှင့်သေမယ်ဆိုတာ သိမှမသိနိုင်ပဲကိုး
တကယ်တော့လေသေချင်တရားကြီးကသက်ရှိလူသားတွေအားလုံးရဲ့နောက်ကိုအရိတ်မဲကြီးတစ်ခုလို
ထက်ကြပ်မကွာလိုက်နေတယ်လေ
ညာအပါအဝင်လူသားတိုင်းဟာသေရမှာကိုသိသိကြီးနှင့်သေချင်းတရားကိုမေ့လျော့နေခဲ့ကျတယ်လေ
သေရင်လဲဘာမှပါမလာနိုင်တော့ဘူးလေ ကုသိုလ်ကောင်းမှုတွေကလွဲရင်ပေါ့
အောင်အောင်လဲနောက်ရက်ကျနေမကောင်းလို.ကျောင်းကိုမလာတော့ဘူးလေ
မကြာပါဘူးနောက်ရက်သူရဲ့သတင်းကိုစိတ်မကောင်းစွာကြားလိုက်ရပါတယ်………
ညာတို့သူငယ်ချင်းတွေအားလုံးတကယ်ပဲဝမ်းနည်းကျေကွဲခဲ့ရပါတယ်……
သူ့ရဲ့အသုဘအခန်းအနားကိုဆရာမတွေရောညာတို့တွေရောလိုက်ပို့ခဲ့ကျတယ်
သံသရာကြီးကတကယ်ပဲရှည်လျားလှပါတယ်
ညာတို.တစ်တွေလဲဘယ်တော့များမှ မွေးဖွားခြင်းတွေသေဆုံးခြင်းတွေကင်းမလဲမသိပါဘူးနော်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းနှင့်ပြည့်စုံနိုင်ကျပါစေ
လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ဖတ်ပေးကျပါရှင်
ခင်တဲ့ညာ



ဂေဇက်ရွာကစာပေပညာရှင်တွေပဲများကျတယ်လေ
ညာစာအရေးအသားမကောင်းပေမဲ့အသက်နိုင်ဆုံးကြိုးစားပြီတော့ရေထားပါတယ်ရှင်
အမှန်တော့ကိုယ်ကိုကိုအားငယ်မိပါတယ်
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
သေရင်လဲဘာမှပါမလာနိုင်တော့ဘူးလေ
ကုသိုလ်ကောင်းမှုတွေကလွဲရင်ပေါ့
…………အားပေးသွားပါတယ်
Was this answer helpful?
LikeDislikeညာ့ပိုစ့်လေး ဖတ်ပြီးသီလရှင် ၀တ်ရင်ကောင်းမလားတောင် စဉ်းစားနေတာ………………..။
ခုဟုတ်ဘူးနော်………..အသက်၇၀ လောက်ကျမှပါ………ဟိ။
Was this answer helpful?
LikeDislikeဝတ်နိုင်ရင်တော့အကောင်းဆုံးပေါ့မေဖလားရယ်
ညာလဲမေဖဖလားလိုပဲမဝတ်နိုင်ဘူးလေ ပါရမီးနည်းတယ်ထင်ပါတယ်
လူဝတ်နှင့်ပဲကောင်းအောင်နေတာပေါ့နော်
Was this answer helpful?
LikeDislikeမမညာသူ သေခြင်းတရားကိုမမေ့ခဲ့ပါဘူး ညစဉ်ညတိုင်းအိပ်ယာဝင်ရင် တစ်နေ့တစ်နေ့ ငါဘယ်သူနဲ့ဘာတွေ ဖြစ်တယ် ဘာဖြစ်လုပ်ခဲ့တယ်စဉ်းစားမိတိုင်း ကိုယ့်လုပ်ခဲ့တာကောင်း၏ဆိုး၏ဆိုတာ တစ်ရေးရေးပေါ်လာခဲ့ တယ် လူတစ်ယောက်ကိုစိတ်ဆိုးမိ ဒေါသထွက်မိရင်တောင် ငါတစ်နေ့သေရမှာပဲ ဒါတွေက မသေခင်ဖြစ်နေ ရင် ငါပဲပူလောင်ခံစားရမှာဆိုတဲ့အသိနဲ့ အားလုံးကိုခ၀ါချနိုင်ခဲ့တယ် ပျော်ပျော်နေတတ်လာတယ် …. ဒေါသ ကလည်း ကြာရှည်မထားတတ်တော့ဘူး ……… လောဘ ဒေါသ မောဟ တွေ သုံးမျိုးထဲက လောဘကလွဲ ရင်ကျန်တာကို ဖြေဖျောက်နိုင်ခဲ့တယ် လောဘကတော့ အရွယ်ငယ်သေးတော့ အတန်အသင့်ထားရှိရသေး တယ်လေ …..
Was this answer helpful?
LikeDislikeအဲဒါကိုလဲ သိသိကြီးနဲ့ကင်းအောင်နေကြတာပါပဲ။
Was this answer helpful?
LikeDislikeညာရေ….
မိုက်လေး…ဖတ်သွားပါတယ်…
ဒီလိုပါပဲ……….
ဘဝခရီး အချိန်တိုတိုလေးမှာ…..
ကောင်းမှုကုသိုလ် များများပြုနိုင်တဲ့….
သူများဖြစ်နိုင်ကြပါစေနော်……..။
Was this answer helpful?
LikeDislikeအိုးတစ်လုံးဟာ ကွဲတတ်တဲ့ သဘာဝကြောင့် အခန့်မသင့်တဲ့အချိန်ကွဲမှာပဲ။
အိုးလုပ်ပြီးလို့ မီးမဖုတ်ရသေးခင်ကွဲချင်လဲ ကွဲမှာပဲ။
မီးဖုတ်ပြီးလို့ အိုးကျက်သွားပြီးတဲ့နောက် ကွဲချင်လဲ ကွာမှာပဲ။
ဒါဟာ အိုးရဲ့သဘာဝပဲ။
ဒါပေမယ့် သိထားရမှာက အဲဒီအိုးဟာ အိုးဖြစ်ပြီး လူတွေကို ဘယ်လောက် ရေထည့်ပြီးတိုက်သွားနိုင်သလဲ.. ဒါအိုးရဲ့တန်ဖိုးပဲ။
တလကြာမှကွဲကွဲ.. တနှစ်ကြာမှ ကွဲကွဲ.. ၁၀ နှစ်ကြာမှကွဲကွဲ.. အမှိုက်ထဲ လူတွေဘာမှသုံးမရတဲ့အိုးဖြစ်နေမှာတဲ့စာရင်….
ဒီနေ့တရက်ထဲပဲ လူတွေက အိုးထဲရေထည့်သောက်လို့ ညနေရောက်ကွဲချင်ကွဲသွားပါစေ…
ကွဲမှာက ကြောက်စရာ မဟုတ်ဘူး။
မကွဲခင် ရေအထည့်မခံလိုက်ရမှာက မကောင်းတာ။
အရေးကောင်း…..
ညာတို့သူငယ်ချင်းတွေအားလုံးမသိခဲ့ကျပါဘူး
သူနောက်2ရက်ရှိရင်လောကကြီးထဲကအပြီးအပိုင်ထွက်သွားမယ်ဆိုတာကိုပေါ့
အဲဒီစာကြောင်းလေးကို အထက်အောက်ပြောင်းပေးရင် ပိုပြီးအဆင်ပြေပေါ့ဗျာ….
စာအရေးအသားက လူထက်တောင် ချောနေသေး….
မိုးဟေကိုပုံလေးကိုကြည့်ပြီးပြောတာနော်……..ဟီးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeအင်း စိတ်မကောင်းစရာပဲနော်
ဒါပေမယ့် လူတိုင်းသွားရမယ့်နေရာဆိုတာ
သိတော့သိနေကြတာပါပဲ
Was this answer helpful?
LikeDislikeအန်ကယ်ဇောက်ရေ
ခုလိုညာ့ကိုအကြံပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်နော်
Was this answer helpful?
LikeDislikeငါ သည် သေရတော့မည် အချိန်မဦးခင်ဥာဏ်ဦးရမည် ၀ိပသနာတရားကို ကောင်းစွာအားထုတ်ကျင့်ကြံပါမည် ဆရာတော်တစ်ပါးဟောဖူးတယ် ဆရာတော် ရဲ့ ဘွဲ့နာမည်တော့စနိုးမမှတ်မိတော့ဘူး ဆရာတော်ကဘာပြောလည်းဆိုတော့ တရားလုပ်မှတရားရတာမ ဟုတ်ဘူး တရားမလုပ်ဘဲစားတယ်စားတယ် စာရေးတယ်ရေးတယ် ဒါလဲတရားဘဲတဲ့ ဘုရားသွားမှကုသိုလ်ရတာ မဟုတ်ဘူးတဲ့အိမ်မှာ နေ့တိုင်း ဆွမ်းတော်ကပ်တယ် သောက်တော်ရေလေးလဲတယ် ဘုရားပန်းလေးကပ်တယ်ဆိုရင် လည်းကုသိုလ်ရတယ်တဲ့ ညတိုင်းဘုရားရှိခိုးတိုင်း” ငါ သည် သေရတော့မည် အချိန်မဦးခင်ဥာဏ်ဦးရမည် ၀ိပသနာတရားကို ကောင်းစွာအားထုတ်ကျင့်ကြံပါမည်” ဟုအဲ့ဒါလေးကိုထည့်ဆိုချင်းဖြစ် သေရတော့ မှာလားဆိုတာ မမေ့တော့ဘူးတဲ့ ။
Was this answer helpful?
LikeDislikeအင်း ညာလေး ညာလေး ————————————————
Was this answer helpful?
LikeDislikeတားမရ စီးမရ ရောက်ချင်တဲ့အချိန်ရောက်လာနိုင်တာ သေခြင်းတရားပါ။
ဒါကိုသိကြလားဆိုတော့ သိကြမှာပါ။
ဒါပေမဲ့ မသိချင်ကြတာလဲ ဒီသေခြင်းတရားဘဲ။
ဘာလို့လဲဆိုတော့ လူရဲ့သဘောသဘာဝက ခွဲခွါကြရမှာကို မလိုလားတတ်ကြလို့ပါဘဲ။
ဒါကြောင့် သေခြင်းကို မေ့လို့များရနိုင်မယ်ဆိုရင် မေ့ထားချင်ပါရဲ့။
Was this answer helpful?
LikeDislikeလူတိုင်းမှာ အရိပ်ဆိုတာ ရှိသလို သေမင်းဆိုတာ လူတွေရဲ့ အရိပ်တစ်ခုပါပဲ… မသေခင် ဘာလုပ်ကြမည်လဲဆိုတာ စဉ်းစားသင့်ကြပါတယ်လေ။
Was this answer helpful?
LikeDislikeစနှိုးဝှိုက်ရေ….“ အသေမဦးခင်၊ ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါတော့မည်” ဖြစ်ပါတယ်။ အောင်ဆန်း ဆရာတော်ပါ။
Was this answer helpful?
LikeDislike(၁)ဇာတိ
(၂)ဇရာ
(၃)ဗျာတိ
(၄)မရဏ
Was this answer helpful?
LikeDislikeရှေ့ မှာ သေခြင်းရဲ့ တံခါးများ…
ဘေးမှာ သေခြင်းရဲ့ တံခါးများ…
အနောက်မှာ သေခြင်းရဲ့ တံခါးများ…
(ကိုလေးဖြူ လို ဆိုပစ်လိုက်သည်)
Was this answer helpful?
LikeDislikeမမညာပြောမှပဲသေခြင်းတရားကို သတိရမိတယ် ကျနော်ကတော့ သေ ခြင်းတရားကို သတိမရဘူး
မမညာလည်း ကုသိုလ်ကောင်းမှုတွေရောလုပ်ဦးနော် ဆရာလုပ်တယ်လို့မထင်နဲ့ ပြောမဲ့သာပြောတာ
ကျနော်လည်းဘာကုသိုလ်မှမလုပ်ရသေးဘူး မဂွက်ထော်ကိုလည်းပြောလိုက်ပါဦး သေရင်ဘာမှပါမလား ဘူးဆိုရင် ဘာမှမလုပ်ပဲ ကုသိုလ်ကောင်းမှုပဲလုပ်နေလို့ ဖြစ်နိုင်ရင် သီလရှင်ဝတ်ပါလားလို့ ဟဲဟဲ
မဂွက်ထော် စိတ်မဆိုးရဘူးနော် စိတ်ဆိုးရင်ကုသိုလ်ရဘူး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeမမ..သတ္တ၀ါ တခု ကံ တခု တဂျီး နှစ်ခု ပေါ့ ..မမ ၇ယ်..တရားနဲ့ဖြေ ရမှာပေါ့..(တဂျီ နှစ်လုံးပူးလဲး ကြောက်တယ်..တဂျီး တား လည်း ကြောက် ရပါရွေ့)
Was this answer helpful?
LikeDislike