***…မျှော်လင့်ခြင်းရဲ့…နက်ဖြန်…***
မျှော်လင့်ခြင်းရဲ့ နက်ဖြန်
ယုံကြည်လျက် ..ပျံသန်း
ကိုယ့်လမ်းကိုယ် ထွင်..
ခရီးနှင် ဆဲ…………..
မီးလွင်ပြင် ..ဓါးတောင်တန်း
ပန်းရိုင်းတို့ မြေ….ဖူးပွင်းဝေဖို့ 
သွေးနဲ့ ပေးဆပ်..အိပ်မက်မဟုတ်
အထ္တုပ္ပတ္တိ..သမိုင်းရှိ စွ
မှိုင်း ခေတ်မှသည်…ယနေ့ ထိအောင်
မယိုင် စိတ်ဓါတ်..လွတ်လပ်ငှက် တွေ
ပျံသန်းလေပြီ…မာန်ဟုန်ချီလျက်
ကောင်းကင် ထက်၌…ဖျတ်ဖျတ် တောင်ပံ
အမှန် ဆီသို့ ……………..
တစ်ရံ ရောခါ…နာနေ ရင်ထဲ
မေ့ခက်ခဲ စွာ…နေ့ ရက်စွဲ ကြာ
အနာ ဖေးတတ်…မဝေးတော့ ပါ
သာယာ တစ်နေ့ …အာဏာ ဓလေ့
မမွေ့ ကမ္ဘာ….တစ်နေ့ ကွယ်ပျောက်
တစ်မိုး အောက်မှာ…….
အဆိုး ပျောက်ကာ….စိုးကြောက်ဗျာပွေ
မြန်မာ ပြည်လည်း…ချမ်းမြေ့ ပါစေ
တောင်းဆု ခြွေမြဲ…မုန်တိုင်း စဲလျင်
မကြာ ခင်တော့…ကြည်လင် ကောင်းကင်
တိမ်ကင်း စင်လို့ …နေခြည် လွင်လွင်
သာမည်ထင့်……။။။။



အားပေးသွားပါတယ်ရှင်
Was this answer helpful?
LikeDislikeနက်ဖြန်ဆိုတာ ရှိနေမှတော့…
မျှော်လင့်ခြင်းတွေ မွေးဖွားခွင့်ရှိနေသေးတယ်…
အောင်မြင်ခြင်းမြို့တော်ဆီမှာ….
မိုက်လေး..အတွက်
ထက်မြတ်တဲ့ အောင်မြင်မှုဆိုတာ…
ဘာတစ်ခုမှ မရှိခဲ့….
ကံကြမ္မာကလည်း အိပ်စက်နေတော့…
စိတ်ကူးနဲ့သာပျော်မွေ့တုန်း…
လက်တွေ့ဆိုတာ မဲ့နေခဲ့တယ်….
ခုတော့…………….
နက်ဖြန်တိုင်း ရဲ့ နေ့သစ်တွေမှာ……
အောင်မြင်ခြင်း ရဲ့ မြို့တော်ဆီ…..
မိုက်လေး ရဲ့ မျှော်လင့်ခြင်းတွေ….
အစပြုလို့……………
ခုလက်တွေ့ ရထားပေါ်မှာ…….
ဦးတည်ခုတ်မောင်းနေပြီလေ……..။
Was this answer helpful?
LikeDislikeလိုရာခရီးကို….
မိုက်လေးတစ်ယောက်
ထင်တိုင်းပေါက်ပါစေသား….လို့
ကျုပ်ဆုတောင်း..ပေးလိုက်ပါရဲ့
Was this answer helpful?
LikeDislikeဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည့် ရဲဘော် သံချောင်းပါခင်ညာ့။
နောက်တာနော်။
Was this answer helpful?
LikeDislikeသံချောင်းနဲံ့….ပင်လယ်ခရီးကိုဖြတ်ရင်တော့….
မြုပ်ဖို့ကတော့..ရာခိုင်နှုန်းပြည့်ပဲခင်ဗျ…
နောက်တာနော်….
Was this answer helpful?
LikeDislikeလေးစားထိုက်တဲ့ ကဗျာ.တစ်ပုဒ်ပါ..။
ကျွန်တော်လည်း…အဲဒီလို ကဗျာ မျိုး.ရေးတတ်ချင်မိတယ်..။
Was this answer helpful?
LikeDislikeဆြာအလင်းဆက်က….
ကျုပ်ထက်အများကြီး..ပိုတတ်လိမ့်မယ်လို့..ထင်မိပါကြောင်း
Was this answer helpful?
LikeDislikeကဗျာကိုလှလှပပမရေးတက်ပေမဲ့
ခံစားတက်ပါတယ်
မနက်ဖြန်ဆိုတာရှိနေသ၍တော့
ဆက်ချစ်နေအုံးမှာပါ
Was this answer helpful?
LikeDislikeမမညာရယ်..ကျုပ်ကိုရင်ခုန်အောင်တော့…
မလုပ်ပါနဲ့ဗျာ
Was this answer helpful?
LikeDislikeကျုပ်ကတော့ ဆြာခင့်ရဲ့ ကဗျာတွေ နေ့ တိုင်းဖတ်ရဖို့ မျှော်လင့်နေတယ်ဗျို့ 
Was this answer helpful?
LikeDislikeကောင်းကင် ထက်၌…ဖျတ်ဖျတ် တောင်ပံ
အမှန် ဆီသို့ ……………..
တစ်ရံ ရောခါ…နာနေ ရင်ထဲ
Was this answer helpful?
LikeDislike“မြန်မာ ပြည်လည်း…ချမ်းမြေ့ ပါစေ” ကဗျာတစ်ပုဒ်လုံးမှာ ဒီစာသားကို သဘောကျတယ်
Was this answer helpful?
LikeDislike