အမည်း တစ်စက်..ဖျက်ဖို့ ရန်ခက်

နက်ဖြန် ပျောက်ဆုံး…အမှောင် ဖုံးလွှမ်း

စုံလုံး ကန်းပေါ့….စမ်းတ၀ါး သာ

 

ဘယ်မှာ ရှာရ….နောင်တ ကိုလွယ်

အိပ်မက် ပြယ်လွင့်…စွန့် ပစ် ခြင်းဒဏ်

သိမ်ငယ် ခံခက်…အပျံ ခက်ဆဲ

ကံ ကမွဲသူ…နေပူပူ မှာ

ဖြေကူ သူမဲ့…တောင်ကျိုး ငှက်နှယ်

 

ရှင်လျက် နှင့်သေ…သောက မွှေဆဲ

ပြိုလဲ စိတ်ဓါတ်…မျှော်လင့် ပျက်ပြယ်

လောက လယ်မှာ..ဗလာနတ္ထိ

ရှက်မိ လိပ်ပြာ..စိတ်နာ အတိတ်

အရိပ် ဟပ်ထင်…ကြေးမုံ ပြင်လို

အလိုဆန္ဒ..မြိုချ ကြာရှည်

သေရာ ပါမယ့်….ဒဏ်ရာပေ

 

တွေဝေ မိုက်မှား…လောကီ သားမို့ 

အမှားတစ်ခါ…စာမျက်နှာတွင်

ပြင်ဆင် နောင်တ…နောက်မကျ လဲ

စွန်းဆဲ ပေကျံ…ဖျက်ရန် ခက်ဆဲ

အရိပ်မည်းကား…ပြည်ဖုံး ကားချ

ရ မည် မထင်….။။။။

 


 

maung khinmin

About maung khinmin

maung khinmin has written 85 post in this blog.