12
ကပ္ပိယဆွမ်းခံကြွလာပြီ
တစ်ရွာလုံးကလူတွေ ကျုပ်တို့ကျောင်းကိုသတိမရကြဘူးဆိုတော့ ကျုပ်ကိုယ်တိုင်ပဲရွာထဲကိုဆွမ်းခံကြွခဲ့ရတယ်။ဘယ်နှယ့်လဲ လောင်းကြမယ်မို့လားဒကာတို.။အဲ ဟုတ်ပေါင် ကြိုဆိုကြမယ်မဟုတ်လား။
ရွာထဲကို ဝင်မယ်လုပ်တော့ ကျုပ်ကို ကိုရင်ကြီးက အရေးကြီးတဲ့အချက်တွေမှာလိုက်တယ်ဗျ၊ အဲဒါကတော့ အရက်အရမ်းသောက်တဲ့ဦးပေ၊ဦးဗိုက်၊ဖွံဘုရင်ငကြောင် အဲပြီးတော့ မိန်းကလေးဆိုရင်လည်း အပျိုမဟုတ်တဲ့အိမ်ကိုဆွမ်း မခံနဲ့တဲ့။ ဩော် အရေးကြီးတဲ့သူကို မိတ်ဆက်ပေးဖို့ မေ့နေတယ်၊ ကိုရင်ကြီးရဲ့နာမည်(အဲ ဘွဲ့ပြောတာ) ကရှောင်နိုင်မှလွတ်မဲ့အသေဝနာစ ဇောက်ထိုး တဲ့။ တာ့တာ…..။



အစောကြီးထ တီး(အဲယောင်လို့)ဆောရီးဗျို့။ အရင်ရေးထားတဲ့မိတ်လိုက်စာ အမ် မှားသွားဘီ..မိတ်ဆက်စာမပေါ်ဘူးဆိုပြီးရေးတင်လိုက်တာ အခုမှအရင်စာကိုပြန်တွေ့လို့ သာဂိကို ခွေးကော၊ဘာကောညာကော အကုန်လွှတ်ကြပါကုန်.။
ဒီလိုပါ၊ သာဂိနောက်ရေးမယ့်ပိုစ့်တွေကြတော့ သာဂိရဲ့0KBမျှသာရှိတဲ့မယ်မိုရီထဲကနေပြီးတော့ဗလာဟာသလေးတွေကိုနတ္ထိရီရအောင်လို့တတ်ယောင်ကားဖျစ်ညှစ်ပြီးတော့ရေပေးပါ့မယ်။ သာဂိရွာမှာကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတွေကိုဟာသမဆန့်တဆန်နဲ့ သာဂိနှင့်၎င်း၏အပိုင်းအစများပေါ့။ ဇာတ်ကောင်တွေက တော့ရွာသားတွေကိုပဲသုံးပေးလိုက်မယ်။ပထမဆုံးစောင့်ဖက်ရမှာကတော့“သာဂိနှင့်ကြက်သရဲမောင်ပေ” တဲ့ စောင့်မျှော်အားပေးကြနော်။
Was this answer helpful?
LikeDislikeဩော်မေ့နေလို့ဗျ။ ဒီမိတ်လိုက်စာမှာကိုရင်ကြီးကဘွဲ့ပြောင်းထားတယ်ဗျ။ဘာလို့လည်းဆိုတော့နောက်ရေးမယ့်“ဖြစ်ရလေ ရှင်းသန့်နွယ်ရယ်” ပို့မှာအုကြောင်နဲ့သာဂိနဲ့အားပြိုင်ရဦးမှာမိုပါ။
Was this answer helpful?
LikeDislikeကပ္ပိယ ဆိုတော့ ခပ်မိုက်မိုက်ကောင်မလေး လည်း မဟုတ် ခပ်ကဲကဲကန်လေးလည်း မဟုတ်တော့ ဘယ်သူမှ ဆွမ်းထွက်မလောင်းလိုက်ဘူးထင်ပ ။
ဒုတိယအကြိမ် တစ်ပါတ်ပြန်အော်ရတယ် ဆိုတော့…
Was this answer helpful?
LikeDislikeကျုပ်မောင်ပေ မန်းဂေဇက်မှာ စာရေးနေတာ ၁နှစ်နဲ့၂လ ကျော်ရှိပါပြီ။ ဖြတ်သန်းခဲ့တဲ့အချိန်များအတွင်းမှာ ကျုပ် ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ကျုပ်နာမည် မောင်ပေဆိုတာနဲ့ မရေးခဲ့ကြပါဘူး။
ကပ္ပိယသာဂိ ဆိုတာ ဂေဇက်ကရှိပြီးသားတစ်ယောက်ယောက်ရဲ့ အကောင့်နောက်တစ်ခုဖြစ်နိုင်တယ် လို့ ကျုပ်ယူဆပါတယ်။
ဆိုတော့က
ကပ္ပယိ သာဂိ ကို မောင်ပေ ဆိုတဲ့နာမည်ကို မသုံးဖို့ ဒီကွန်မင့်ကနေ ကန့်ကွက်တားမြစ်ပါတယ်။
သာဂိဆိုတာ ရှိနေပြီးသားမန်ဘာဆိုရင်တော့ အရင်အကောင့်နဲ့ ကျုပ်နာမည် ကို ရေးပါ။
Was this answer helpful?
LikeDislikeအန်ကယ်ဇောက်ကတော့အလိုလိုနေရင်
ဘွဲ့တွေရနေပါလားနော်
Was this answer helpful?
LikeDislikeအာရတီ ၀ိရတီ ဘွဲ့ရ ကပ္ပိယကြီး ဦးသာဂိရေ…
ကျွန်တော် ရထားတဲ့စာလေးပြန်ပြချင်ပါတယ်။
မှန်..မမှန်.. စာနားထောင်ပေးပါနော်ကပ္ပိယကြီး….
ဒွိသန္တကံ.. ကပ္ပိယဉ္စ။
မယ်သီလဉ္စေ၀ ဖိုးသူတော်။
နိကၡမံ ပရိ၀ေဇၨယ်..
သုခ ကာမႆ ဘိကၡဳေနာ။
မှန်ရဲ့လား ကပ္ပိချကြီး…
အနက်လေးပြန်ပြဦးမယ်နော်.. နားထောင်ပေးပါဦး…
သုခကာမဿ ဘိက္ခုနော… ချမ်းချမ်းသာသာနေချင်တဲ့ ရဟန်းတွေဟာ.
ဒွိသန္တကံ…. နှစ်ပါးဆိုင် ကျောင်းမထိုင်ရဘူး…(ကျောင်းလုနေလို့ စိတ်ဆင်းရဲရတတ်တယ်။)
ကပ္ပိယဉ္စ….. ကပ္ပိယ ဆိုတာလဲ ဆရာလုပ်တတ်လို့..ဘုန်းကြီးမကောင်းကြောင်းရှောက်ပြောတတ်လို့ စိတ်ဆင်းရဲရတတ်တယ်။ ကျောင်းကဟာစားနေပေမယ့် ကိုရင်ကျောင်းသားတွေကိုလဲ အနိုင်ကျင့်တတ်တယ်။ ကိုရင်ကျောင်းသားမမြဲဘူး။ ဒါကြောင့် ကျောင်းမှာ ကပ္ပိချကို မမွေးရဘူး။
မယ်သီလဉ္စေ၀… မယ်သီလတွေကလဲ စကားများပြီး ရန်ဖြစ်ကြလို့ စိတ်မချမ်းသာရဘူး။
ဖိုးသူတော်စ…. ဖိုးသူတော်တွေကလဲ ကိုရင်ကျောင်းသားတွေနဲ့မတည့်လို့ စိတ်ညစ်ရတတ်တယ်။
နိက္ခမံစ…. ကြီးမှဝတ်တဲ့ တောထွက်တွေကလဲ မနေတတ်မထိုင်တတ်မို့ စိတ်ဆင်းရဲရတတ်တယ်။
ပရိဝဇ္ဇေယျ… ဒါကြောင့် အဲဒါတွေကို ဝေးဝေးရှောင်ကြပါတဲ့ဗျာ….
Was this answer helpful?
LikeDislikeကိုဇောက်ထိုးနဲ့ ဘာတော်စပ်ပါလိမ့်။
Was this answer helpful?
LikeDislikeမဆိုးပါဘူး
Was this answer helpful?
LikeDislikeစနိုးအိမ်ဆွမ်းခံကြွလို့ကတော့ နေ့တိုင်းကြက်ဥကြော်ကန်စွန်းရွက်ကြော် ကြက်ဥကြော် အဲ့၃မျိုးဘဲဆွမ်း စားရမယ် စနိုးဘာမှမချက်တက်လို့ ။
Was this answer helpful?
LikeDislikeဆွမ်းခံကြွလာတာကြားတော့
ရွာတောင်သတိရတယ်
ဆွမ်းလောင်းချင်လိုက်တာ
ရွာပြန်ချင်လိုက်တာ
Was this answer helpful?
LikeDislikeဦးပေက မူပိုင်ခွင့်တင်သွားပြီဗျ ဟုတ်ပဟုတ်ပ
Was this answer helpful?
LikeDislikeသာဂိ
အဝှာမရှိ
နာဘိ
ကွာစိ..
Was this answer helpful?
LikeDislike