ကျွန်မနှင့် သမ္ဘူလ …
သမ္ဘူလဆိုဒါ ဘယ်သူမှန်းမတိပါ….
လောကတွင် နာမည်သူမရှား လူသူမရှားကြပါ
ကျွန်မ တိသော သမ္ဘူလပင် 2ယောက် 3ယောက်ခန့်ချိနေသည် …..
မြန်မာလူမျိုး ဖြစ်သည့် ကျွန်မက မြန်မာ့ရာဇ၀င်တွေကို မတိတာကိုတော့ ကျွန်မကိုယ် ကျွန်မ ယူကြုံးမရပေ….
ကျွန်မ တိသော သမ္ဘူလမှာ တော်လေးဝ ၀င်သော သမ္ဘူလပင်
အမရာ ၊ ကိန္ဒရီ၊ မဒီ ၊ သမ္ဘူလ ဟူ၍ တော်လေး၀၀င်သော အမျိုးသမီးကောင်းများ ရှိခဲ့ကြသည်….
ထို အမျိုးသမီးကောင်းများသည်… မြန်မာအမျိုးသမီးများ စံပြုအပ်သော အမျိုးသမီးများ ဖြစ်ကြပေလိမ့်မယ်..
အမရာသည် မဟော်သဓာ သတို့သာ၏ အမျိုးသမီးဖြစ်၍ ပညာအရာမှာ စံပြုလောက်သော အမျိုးသမီးဖြစ်ခဲ့၏
ကိန္ဒရီသည် ကိန္ဒရာ၏ အမျိုးသမီးဖြစ်ကာ တညနေလေး ကိန္ဒရာအားမင်းကြီးခေါ်ဆောင်သွားသည်ကိုပင် ရက်ပေါင်း 1000 မျှ ငိုနိုင်သည်ဟုဆို၏
္ကဤမျှငိုတက်သော သူ ဤခေတ်ကမ္ဘာ၌ရှိလျှင် ဘယ်လောက်ပြောခံရမည်နည်း….
တော်တော်မိုင်ပိုသော အမျိုးသမီးဟု ဆိုပေလိမ့်မည်… ယခုအခါတွင်ကား တော်လေးဝ၌ ပါဝင်နေ၏ …
မဒီသည် ဝေသံဿရာမင်းကြီး၏ မိဘုရားဖြစ်ကာ…. ဆင်ဖြူတော်လှူလိုက်သော မင်းကြီးအား နယ်နင်ဒင်္ဏပေးသည်ကို မယားဝဋ်တရားမပျက် လိုက်လံ၍ ပြုစုသော မိဘုရားဖြစ်၏
ထိုမျှသိ၍ သမ္ဘူလ၏ အမျိုးသားသည် မည်သူဖြစ်သည်ကို မသိသောအခါ အလွန်ပင် ရှက်ရ၏
ကြားဖူးသည်မှာ ဘုရားလောင်သည်… တခုသောဘ၀၌ နူနာစွဲကပ်နေ၏… ထိုနူနာစွဲကပ်နေသော ဘုရားလောင်း အိမ်ရှေ့မင်းသားအား နန်းတော်မှ စွန့်ခွါခိုငးသောအခါ ဘုရားလောင်း၏ မိဘုရား… သမ္ဘူလသည် လိုက်လံ၍ ပြုစုခဲ့၏
တခုသောညနေတွင် သမ္ဘူလအား… တောတွင်းမှ ဘီလူးကြီးမှ လိုက်လံနှောင့်ယှက်သဖြင့် အချိန်လွန်မှ ပြန်ရောက်ခဲ့၏
ယောင်္ကျားများ၏ ထုံးစံအတိုင်း နောက်ကျသော သူအား မယုံသင်္ကာဖြစ်သောအခါဝယ် သမ္ဘူလသည် သစ္စာဆိုကာ ရေဖြင့် ဘုရားလောင်း၏ကိုယ်၌ ဖြစ်ပေါ်နေသော နူနာအား ပျောက်ကင်းအောင်ကုသပေးလိုက်၏ ….
ထိုမျှသာသိ၍ ကျန်တာ မတိသော ကျွန်မသည် လွန်စွာ ရှက်စရာကောင်းနေ၏
အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ မေလ်းအကောင့်သည် ထိုနာမည် နာမကို ယူထားသောကြောင့်တည်း… ![]()
တက်လာသော လူများသည် အခါအားလျှော်စွာ မေးတက်ကြ၏
ကျန်စစ်သား၏ သမ္ဘူလလား….
မဟုတ်ပါ ….. ဘုရားလောင်း၏ မိဘုရား သမ္ဘူလ…. ထိုသို့ဆိုသော်.. ထိုဘုရားလောင်းသည် မည်သူနညး… ကျွန်မ မသိချေ…
တညတွင် စိတ်ထဲမကျေနပ်သည်ချိကာ .. အိမ်၌ရှိသော ငယ်ငယ်ကတည်းက ဇာတ်ကြီး 10ဘွဲ့ အား အိပ်ရာဝင် ပုံပြင်အဖြစ် အမြဲတစေ ပြောပြနေသော အဒေါ်ကို မေး၇ာ ထိုအဒေါ်ပင် မသိချေ…. ![]()
အိမ်၌ ချိသော မောင်နှမ 10ယောက်တွင် တယောက်တလေတောင်မသိသောအခါ လွန်စွာပင် ထပ်၍ စိတ်မကောင်းဖြစ်ရပြန်၏
အကိုတယောက်က ထ၍ ဗန္ဓုလ၏ အမျိုးသမီးဟုဆိုသည် ….
ဗန္ဓုလ ဆိုသည်မှာ ကျွန်မတို့သိသောစစ်သူကြီး မဟုတ်ဟုဆိုသည်
ကျွန်မ ပို၍ စိတ်မကောင်းး ဖြစ်၇ပြန်သည်…. မသိတာများနေဘီလေ..
ထိုစစ်သူကြီးသည် ဘုရားလောင်းခေတ်က စစ်သူကြီးဖြစ်၍ အင်အားတော်တော်ကြီးသော သူဖြစ်ကြောင်း
လှံကို ပစ်လိုက်ရာတွင် ညောင်ပင် 10ပင်ကိုပင် ထုတ်ချင်းပေါက်နိုင်ကြောင်း ပြောပြသော်လည်း ကျွန်မ မသိချေ…
မြန်မာတွင် ရာဇ၀င်ပေါင်းများစွာ ရှိ၏…. ထိုရာဇ၀င်များအား မသိသော ကျွန်မသည် လေ့လာဘို့ တော်ော်လိုအပ်နေသောသူဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် မှတ်ချက်ချမိပါသည်…
PS… ထို သမ္ဘူလ၏ အမျိုးသား အားတိသောသူချိပါက ကျွန်မသိလိုပါသည်…. ![]()
ကျေးဇူးတင်စွဖြင့် ပြောပြပေးရန် အမှာတော် ထပ်ပါးလိုက်ပါသည်….



အော်… အမက ကျွန်တော့်ထက်တောင် ပိုသိတာဘဲ၊ ကျွန်တော်က ကျန်စစ်သား မိန်းမ သမ္ဘူလ ဘဲ သိတာ။
Was this answer helpful?
LikeDislikeသံဗူးလ ဆိုတာ ဇရပ်ထဲမှာ သောင်းကျန်းနေတဲ့ အရူးလေးပဲသိဒယ်
Was this answer helpful?
LikeDislikeတိဝူးးးးးးးးးးးးးတိဝူ
Was this answer helpful?
LikeDislikeနောက်တစ်ခါ ဘယ်သူ့ ရဲ့ “သမ္ဘူလ” လဲ လို့ ထပ်အမေးခံရရင် ဒီလိုဖြေပါ ။
နွေးက ကိုပေ့ ရဲ့ “သမ္ဘူလ” လေးပါရှင့် လို့ ။ နော်…
Was this answer helpful?
LikeDislikeအူးလေး အူးလေး
အူးလေးမိန်းမက ခေါ်နေတယ်
ကလေးငိုနေလို့တဲ့ ထမင်းလာခွံ့ပေးလှဲ့အုံးတဲ့…
သူချိုးဖို့ရေ ခုထိဖြည့်မထားသေးလို့တဲ့ လာရင်တုတ်ကောက်ခဲ့တဲ့..
Was this answer helpful?
LikeDislikeဟားးးးးးးးးးးးးးးးးးးးးးး
ကိုပေပြောလိုက်မှပဲ
ရှင်းသွားတော့တယ်
Was this answer helpful?
LikeDislikeကိုပေ့ရဲ့ သမ္ဘူလ ဆို ကိုပေ့ မိန်းမ လိုက်ရိုက်မှာပေါ့
Was this answer helpful?
LikeDislikeသိချင်လာပြီ။
Was this answer helpful?
LikeDislikeသံဗူးလှလှ မလှလှ ဈေးကြီးတယ် တို့ကတော့ စည်ပဲချတယ် တို့နာမည်တောင် စည်များရှင်ဖိုးထောင်တဲ့
သမ္ဘူလလေးနဲ့လိုက်မယ်ထင်တယ် အဟိ စည်များရှင်ဖိုးထောင်နဲ့ သမ္ဘူလ
Was this answer helpful?
LikeDislikeငံပြာရည်သည်ကိုမေးကြည့်ဗျို့……
အဲဒါသူ့အမျိုးသမီးတဲ့မနွေရေ…..
Was this answer helpful?
LikeDislikeငံပြာရည်က အဒူတုန်း
Was this answer helpful?
LikeDislikeသမ ၻဴလ ဆိုတာ
ကျန်စစ်သား မိန်းမ – “ကျန်စစ်သား” က “အနော်ရထာ” မင်း နဲ့ နန်းတွင်း ပြသနာဖြစ်လို့ ရှောင်ရင်း တွေ့ပြီး ပေါင်းဖော် ခဲ့ရင်း ကိုယ်ဝန်ရ။ သားလေးမွေး။
ကျန်စစ်သား မင်းဖြစ်တော့ သူ ပေး ခဲ့တဲ့ လက်စွပ် လေး ကို ပြပြီး နန်းတွင်းဝင်၊ ဘုရင့် ရဲ့ မိဖုရားဖြစ် (လေး ယောက်ထဲ မှာ တတိယ) ။ “ဦးဆောက်ပန်း” လို့ အမည်ရ။
သူ့ရဲ့ သား လေး က ကြီးလာတော့ သားကြီးဖြစ်လို့ စီနီယာ အစဉ်မှာ (၁) ဖြစ်နေပေမဲ့ သူ့ကို နန်းမပေးတဲ့ မြေး (အလောင်းစည်သူ) ကို နန်းတင် ခဲ့တဲ့ ဖခင် ကို စိတ်မကွက် ဘဲ သေကာနီး အဖေအတွက် ရှိသမျှ ရောင်းပြီး ဘုရားတည်ကာ ကျေးဇူးဆပ် သူ လို့ နာမည်တွင် ခဲ့။ ရာဇကုမာရ် မင်းသား လို့ ခေါ်။
သမီး ရင်ငြိမ်း အခွင့် ရခဲ့ ရင် ပုဂံ ကို သွား၊ မြစေတီကျောက်စာ ကို ရှာဖတ်ကြည့်။ အဲဒါ သူရေးခဲ့ တာတဲ့။ ရာဇကုမာရ် ကျောက်စာ လို့လဲ ခေါ်သတဲ့။
အတိအကျ မှန်မမှန် တော့ မသိပါ။
ကိုယ်မှတ်မိတာ နဲ့ ဂူးဂဲလ် ကြည့် ပြီး မျှပါတယ်။ :P
ဒါထက် ဆရာချစ်ဦးညို ရဲ့ “မဏိစန္ဒာ ချစ် တဲ့ သူရဲကောင်း” ဆိုတာ ဖတ်ဘူးလား။
မဏိစန္ဒာ က လဲ ကျန်စစ်သား ရဲ့ မိဖုရား ဘဲ။ (သူ က ဒုတိယမြောက် ထင် ရဲ့)။
အရီး တို့ ငယ်တုန်းက ကျောင်းမှာ အသင်း ၄ သင်း ရှိတယ်။
အဝါရောင် – ကျန်စစ်သား (လှံပစ်သမား)
အစိမ်းရောင် – ဘုရင့်နောင် (ပုလင်းထောင်)
အနီရောင် – အလောင်းဘုရား (သူတောင်စား)
အပြာရောင် – ဗန္ဓုလ (မခံဘူးကွ)
အဲ လို ရွတ်ပြီး အသင်း အချင်းချင်း နောက်ကြတာ။
ဒီတော့ ကိုယ့် အသင်း နာမည် ဟီးရိုး ရဲ့ ရာဇဝင် ကို မသိမဖြစ် သိဖို့ ကြိုးစား ခဲ့ကြတာပေါ့။
အသေးစိတ် စိတ်ဝင်စား စရာ အချက်အလက် တွေ ကို တော့ “ကိုစံလှကြီး” က ပိုပြီး ပြောနိုင်မယ်ထင်ရဲ့။ :-)
Was this answer helpful?
LikeDislikeအင်း အမတော်ကြီး မခင်လတ်ရေ
ကျနော် Home page မှာဒီပို့စ်လေးကို တွေ့လို့ဝင်ဖတ်ကြည့်ရာက ပြောသင့် မပြောသင့် စဉ်းစားနေတုန်း အမတော်ကြီး မခင်လတ်က ကျနော့်နာမည်ပြောတာတွေ့လို့ ဝင်ပြောကြည့်ချင်တာနဲ့ မေးထားတာလည်း ဖြစ်လို့ ဝင်ပြီးကွန်မန့်ပေးလိုက်ပါတယ်။ မ Yin Nyine Nway ပြောတာ ဟုတ်ပါတယ်။ တကယ်တော့ တော်လေးဝဝင် သမ္ဘူလက ကျန်စစ်သားမင်းရဲ့ သမ္ဘူလမဟုတ်ပါဘူး။ နာမည်တူနေတာပါ။ အခုပြောတဲ့ သမ္ဘူလက ပသေနဒီကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားကြီးတို့ရဲ့ အတိတ်ဘဝဇတ်လမ်း ဖြစ်ပါတယ်။ ပသေနဒီကောသလမင်းကြီး ကိုယ်တိုင်ကလည်း ဘုရားအလောင်းပါ။ အဲဒီဘဝတုန်းက ကျနော်တို့ရဲ့ ဂေါတမဘုရားရှင်က ဗြဟ္မဒတ်မင်းကြီးဖြစ်ပြီး အခုပြောတဲ့မင်းသား(ပသေနဒီကောသလမင်းကြီး)က သူ့သားတော် အိမ်ရှေ့မင်းသားပါ။ လင်ယောကျာင်္းမှာ နူနာစွဲကပ်လို့ မင်းသမီးလည်း ဖဝါးခြေထပ် တောထဲကို လိုက်သွားပါတယ်။ တောထဲရောက်တော့ လင်သည်ကို ဝတ္တရားမပျက် ပြုစုတုန်း သစ်သီးအရှာထွက်ရာမှာ စမ်းချောင်းတခုတွေ့လို့ ရေဆင်းချိုးပါတယ်။ ရေချိုးပြီး ပြန်အတတ်မှာ အလွန်ဝါဝင်းတဲ့အဆင်းရှိတဲ့ မင်းသမီးကို မြင်တဲ့ ဘီလူးက တပ်မက်ပြီး သူ့ကိုလက်ထပ်ဖို့ ပြောပါတယ်။ အဲဒါ မင်းသမီးက မဖြစ်နိုင်ကြောင်း သူ့မှာလင်ယောကျာင်္း ရှိကြောင်း ဒုက္ခိတလင်သည်ကို ပြုစုနေရကြောင်း ပြောပါတယ်။ အဲဒီမှာ ဘီလူးက မင်းသမီးကို သူ့ကိုလက်ထပ်ဖို့နဲ့ သူက ချမ်းချမ်းသာသာ ထားနိုင်ကြောင်း လက်မခံရင် မင်းသမီးကို ကိုက်စားမှာဖြစ်ကြောင်းနဲ့ မင်းသမီးကိုယ်ဟာ သူ့တလုပ်စာလောက်သာ ရှိကြောင်း ပြောပါသတဲ့။(ဆန်းတဲ့အချစ် ဖြစ်ပါတယ်။ မချစ်ရင် ကိုက်စားမယ်ပေါ့။)
အဲဒီမှာ မင်းသမီးက သစ္စာဆိုတော့ သူ့ရဲ့သီလနဲ့ သစ္စာကြောင့် သိကြားမင်းမနေနိုင်ပဲ ဆင်းလာပြီး ဘီလူးကိုလည်း အပြစ်ပေးတဲ့ အနေနဲ့ သံခြေကျဉ်းခတ်ပြီး ချုပ်ထားလိုက်ပါသတဲ့။ အဲဒီနောက်တော့ အခုစာရေးသူ ပြောသလို သူ့အပေါ်သံသယဝင်တဲ့ လင်ယောကျာင်္းရှေ့မှာ သစ္စာဆိုပြီး သူ့ရဲ့နူနာကို ပျောက်စေပါသတဲ့။ နောက်တော့ ဇနီးမောင်နှံ ၂ယောက် နေပြည်တော်ပြန်ပြီး ဖခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံကြပါတယ်။ ဗန္ဓုလစစ်သူကြီးရဲ့ ဇနီးနာမည်ကလည်း မလ္လိကာပါပဲ။ ဘုရားရှင်လက်ထက်ကပါ။ ပသေနဒီကောသလမင်းကြီးရဲ့ သူငယ်ချင်းဖြစ်ပြီး အလွန်ခွန်အားကြီးပါတယ်။ မြန်မာတွေရဲ့ ဗန္ဓုလစစ်သူကြီးကလည်း အဲဒီစစ်သူကြီးနာမည်ကို ယူပြီးမှည့်ထားတာပါ။ သူဟာ ဘယ်လောက် ခွန်အားကြီးသလဲဆိုတော့ ဝါးပိုးဝါး အလုံး၄၀ ထဲကိုသံချောင်းတွေ ထည့်ပြီး သံလျက်နဲ့ ခုတ်ဖြတ်တာ တချက်တည်း ပြတ်သတဲ့။ ဒီထက်ပို ရှည်ရှည်ပြောချင်ပေမယ့် လောလောဆယ် စာအုပ်မရှိသေးလို့ သိသမျှ ပြောပြတာပါ။ ကျေနပ်မယ် ထင်ပါတယ်။
Was this answer helpful?
LikeDislikeကျွန်တော်တို့ကျောင်းတုံးက အပြောင်အပျက်လေးပါ။ အရီး ခင်လတ် ဗားရှင်းနဲ့ နဲနဲကွာတယ်။
အဝါရောင် – ကျန်စစ်သား (လှံပစ်သမား)
အစိမ်းရောင် – ဘုရင့်နောင် (ပုလင်းထောင်)
အနီရောင် – အလောင်းဘုရား (သူတောင်စား)
အပြာရောင် – ဗန္ဓုလ (လန်ဒူးပြ)
Was this answer helpful?
LikeDislikeကို San Hla Gyiေ၇…. ကျေးဇူးပါနော်
နွေးသီး တိချင်တာ ဒါဗျ….
ကျေးဇူး..ရှဲရှဲ …. အရိကတို့ ဂေါ်ဆိုင်းမတ်စု …. ဂေးဂျူးတားနာအော…. ဂေးကျူးတန်ခ…ပါချင့်
ကူးယူပြီး ပရင့်ထုတ်ဒွားဒယ်ချင့် အိမ်ကလူတွေပါ ဖတ်၇အောင်လို့ … ကျေးဇူးပါ
Was this answer helpful?
LikeDislikeကိုစံလှကြီး ကြုံ ရင် ဒါလေးကို ထပ်ချဲ့ပေးပါဦး။
အတော်လေး စိတ်ဝင်စားစရာ ကောင်းလို့ပါ။
“သမ္ဘူလ ရန်သူမ ” ဆိုပြီး နောက်သလို ပြောတာ လဲ ကြားဘူးပါတယ်။
အဲဒါကို ရော သိလားရှင့်။
Was this answer helpful?
LikeDislikeမခင်လတ်ရေ
အဲဒီမေးခွန်းကတော့ မှားနေတယ်လို့ ထင်တယ်။ တကယ်လည်း မဟုတ်ပါဘူး။ ကျနော့်စိတ်ထင် လူရွှင်တော် တယောက်ယောက်က အပြောင်အပျက်ပြောရာက ပေါ်လာတာ ဖြစ်လိမ့်မယ်။ အထူးသဖြင့် ဟိုတုန်းက ဓတ်ဆီ ဓတ်စံပြက်လုံးတွေမှာ အဲဒါမျိုးတွေ ပါတတ်တယ်။ ကျနော်လည်း အဲဒါမျိုး အမေးခံရဖူးတယ်။ ပထမမေးခံရတုန်းက ကြောင်သွားတယ်။ မဟုတ်နိုင် မှန်းတော့သိတယ်။ ဒါပေမယ့် ဖြေတဲ့အခါကျတော့ အကိုးအကားနဲ့ ဖြေရတာကိုး။ ကျနော် နောက်တော့မှ သေသေချာချာ လိုက်ကြည့်တော့ ဟိုတုန်းက လူပြက်ပြက်လုံး ဖြစ်နေတာကိုး။ အဲဒါကြောင့်လည်း လူရွှင်တော်တွေ သဘင်ပညာရှင်တွေကို မြန်မာဘုရင်လက်ထက်က သဘင်ဝန် ဆိုပြီး သီးသန့်ထားပြီး စောင့်ကြည့်ရတဲ့ သဘောပဲ။ နောက်ပြီး ကျနော်စာရေးဖြစ်သွားတာလည်း ကိုဘုန်းကျော်ကြောင့်ပဲ။ သူက ပျော်တတ်ပုံ ရပါတယ်။ ဦးအောင်ဇေယျနဲ့ အနော်ရထာ အကြောင်းကို ရယ်စရာလုပ်နေတာ တွေ့တယ်။ ကျနော်လည်း ကြည့်နေတာပဲ။ တယောက်ယောက်များ ဟန့်မလားပေါ့။ကျန်သူတွေကလည်း ခင်လို့ မဟန့်တဲ့အပြင် ဘုရင့်နောင် အကြောင်း ရေးပါအုံးပြောလို့ သူကလည်း ဘုရင့်နောင်ပြီးရင် ဘယ်သူ့အကြောင်း ရေးရမလဲလို့ မေးလို့ တော်တော်စိုးရိမ်သွားတယ်။ နောက်ပြီး သူနောက်တာတွေကလည်း အလောင်းဘုရားနဲ့ အနော်ရထာကို တော်တော် ညစ်တီးညစ်ပတ်တွေလည်းပါတယ်။ ကန်တော့ အမကြီးရာ ဥပမာ ဦးအောင်ဇေယျက ယိုးဒယားတွေကို ပုဆိုးလှန်ပြတာတို့ အနော်ရထာက ထိုင်းမတွေကို ကလေးထွက်အောင် မွေးခိုင်းတယ်တို့ပေါ့။ သူ့ကို ခင်ပေမယ့် ဒီလို ပျော်စရာလုပ်တာကတော့ မကောင်းဘူးထင်လို့ပါ။ မဟုတ်ပဲနဲ့ ရှေးလူကြီးတွေ နာမည်ပျက်မယ့်အပြင် တခါတလေ စာလာဖတ်တဲ့ အသက်ငယ်သူတွေ ဖတ်မိရင်လည်း အော် တို့ဘိုးဘွားတွေက ဒီလိုလားဆိုပြီး သိမ်ငယ်သွားနိုင်တယ်။
အဲဒါကြောင့် ရေးဖြစ်သွားတာပါ။ ကောင်းတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပုံအတိုင်း ဆက်ရေးရင် ကျနော့်စိတ်ထင် မြန့်မာ့သူရဲကောင်းတွေ အကုန်လုံး လက်ရုံးရည်သမားတွေရော နှလုံးရည်သမားတွေရော နာမည်ပျက်သွားနိုင်တယ်။ မွန်သူရဲကောင်း သမိန်ဗရမ်းတို့ ဘာတို့တောင် လွတ်မယ်မထင်ဘူး။ အမကြီး ပြောတဲ့စကားကတော့ အပြောင်အပျက်ပြောတာပဲ ဖြစ်လိမ့်မယ်ထင်တယ်။
Was this answer helpful?
LikeDislikeကိုစံလှကြီး
ကျွန်မ နောက်တာ မဟုတ်ပါဘူး။
အဲဒီ သမ္ဘူလ ရန်သူမ ဆိုတာကို တော်လေးဝ ထဲ က သမ္ဘူလ လို့တော့ မထင်ခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်မ ထင်ခဲ့တာက အဲဒီ ကျန်စစ်သား ရဲ့ မိဖုရား သမ္ဘူလ ကများ သူ့သား ကို နန်းမပေးလို့ ဘုရင်ကို စိတ်တိုပြီး ရန်သူလို ဖြစ်သွားသလား ထင်မိတာ မို့
အဲဒီလို များလား လို့ မေးကြည့်တာပါ။
ဒီစကားကို ဘယ်က ကြားဘူး တယ်တော့ မသိဘူး။
လူရွှင်တော် တွေပျက်တဲ့ ဆီက ကြားဘူးတာတော့ မဟုတ်ဘူး ထင်ရဲ့။
အခုမှ သတိထားမိတာက “ကျန်စစ်သား လှံပစ် သမား”၊ ဘုရင့်နောင် “ပုလင်းထောင်” ဆိုပြီး ကာရန် ညီ အောင် ဆိုသလိုမျိုး သမ္ဘူလ “ရန်သူမ” လို့ ကာရန်လုပ် လိုက်တာလဲ ဖြစ်မှာ။
ဒါကို ကျွန်မ က ထင်တာဆွဲတွေး ပြီး သမိုင်း မှား လုပ်မိနေတာ ထင်ရဲ့။
ကဲ ကျွန်မ ရဲ့ သမိုင်း မှာ စာကျေပုံများ။ တွေ့ပြီမဟုတ်လား။ :D
ဒီလို ရှင်းပြပေးတာ ကျွန်မ မှာ အသိတိုး ပါတယ်။
ကိုယ်မသိခဲ့တဲ့ သမိုင်းကြောင်း တွေ ကို ဖတ်ဖို့ မျှော်နေပါတယ်။
ကျေးဇူးပါရှင်။ :-)
Was this answer helpful?
LikeDislikeအမကြီး မခင်လတ်ရေ
ကျနော်က အမကို ပြောတာမဟုတ်ပါဘူး အမရဲ့။ တော်ကြာ စိတ်ဆိုးသွားအုံးမယ်။ ကျနော် ပြောတာက ဒီစကားကို ပြောတဲ့လူဟာ လူနောက်တယောက်ကနေ စပြောတာ ဖြစ်ရမယ်လို့ မှန်းကြည့်တာပါ။ ကျန်စစ်သားမင်းကြီးကလည်း သူ့မိဖုရားကို ပယ်မယား(ချစ်ခင်အပ်သောမယား) လို့တောင် ကျောက်စာမှာ ရေးထားတာပါ။ ကျနော်လည်း အစက အဲဒီ သမ္ဘူလ ၂ ယောက်ကို ရောဖူးတယ်။ လူနောက် တယောက်က ပြောတာကို ကျနော့်အမျိုးတယောက်က အဟုတ်မှတ်လို့ ကျနော့်ကို လာမေးတာ တော်တော်ခေါင်းစားဖူးကြောင်း နောက်ကြုံမှ ပြောပြပါ့မယ်။
Was this answer helpful?
LikeDislikeအရီးလတ်…. ကျေးဇူးပါ …….
ဆရာချစ်ဦးညိုရဲ မဏိစန္ဒာတော့သိတယ် အရီးရဲ့
နွေးသီး သိချင်တာ ကျန်စစ်သား အမျိုးသမီးထက်…. ဘုရားလောင်း အမည်ကို သိချင်တာ ချင့်
တော်လေးဝ ၀င်တဲ့ သမ္ဘူလ အကြောင်းလေး သိရင်ပြောပြပေးပါနော်..
ကျေးဇူးတင်လျှက်….
နွေးသီး…
Was this answer helpful?
LikeDislikeSource From – http://www.pannaparami.com/2010/06/blog-post_9932.html
ကြောင်ဖြူအရပ်ရှိ မထီးတူမ သမ္ဘူလသည် ကျန်စစ်သားနှင့် ပေါင်းဖော်ခဲ့ရာမှ သားယောက်ျား မွေးဖွားသည်။ ကျန်စစ်သား မင်းပြု၍ မကြာမီပင် ကျန်စစ်သားပေးခဲ့သော လက်စွပ်ကိုယူ၍ သားငယ်ကို လက်ဆွဲလျက် ရောက်လာသည်။
ပုဂံသို့ရောက်လျှင် ကျန်စစ်သားမင်းကြီး ဗိုလ်ရှုသဘင် ခံနေခိုက်ဖြစ်သဖြင့် နန်းတော်သို့ မတက်ဝံ့။ သားငယ်၏လက်ကို ကိုင်လျက် နန်းရင်ပြင်၌ ခေါက်တုံ့ခေါက်ပြန် သွားလာနေ၏။
မင်းချင်းတို့ မြင်လျှင် နှင်ထုတ်ကြ၏။
ဟယ် မိန်းမ၊ ငါတို့အရှင်မင်းကြီး ထွက်တော်မူလာလိမ့်မယ်။ သည်တွင် မနေနှင့်။
မင်းကြီးကိုလျှောက်ရန် ရှိပါသည်။ ထွက်ခွာ မသွားနိုင်ပါ။
ထိုအကြောင်းအရာကို မင်းချင်းတို့လည်း မင်းကြီးအားလျှောက်ရာ ချက်ချင်းခေါ်စေ၏။
မိန်းမငယ်ကို ငါ့ထံ ခေါ်လာလော့။
သမ္ဘူလကိုမြင်လျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆို၏။
အို အမတ်တို့၊ သည်မိန်းမ ကျေးဇူးကား ကြီးလှပေသည်။ ခမည်းတော် အနော်ရထာမင်းကြီး မျက်သဖြင့် ငါ ထွက်ပြေးပုန်းရှောင်စဉ် သည်မိန်းမကပင် ငါ့ကို ပြုစုစောင့်ရှောက်ခဲ့သည်။
ဤသို့ဆိုပြီးလျှင် သားတော်ကို ကြင်နာယုယစွာခေါ်၍ ရင်ခွင်၌ ထားတော်မူလျက်-
ငါသည် နိုင်ငံအရေးကိုရှေးရှုလျက် မြေးတော်အလောင်းစည်သူကို ဘိသိက်သွန်း၍ အိမ်ရှေ့အရာနှင်းအပ်ပြီးပြီ။ ယခု ငါ့သားတော်သည် ဘုရင်မဖြစ်နိုင်တော့ပြီ။ မြို့စားရွာစားအဖြစ်ဖြင့်သာ နေရတော့မည်။ မြေးကား အရင်း၊ သားကား အဖျား ဖြစ်လေပြီတကား။
ကျန်စစ်သားမင်းသည် သမ္ဘူလကို ဦးဆောက်ပန်း-ဘွဲ့အမည် ပေး၍ မိဖုရားမြှောက်သည်။
သားတော်ကိုလည်း ရာဇကုမာရ်-အမည်ပေး၍ ပတိန်း၊ ငဖဲ စသော ရခိုင်တောင်ရိုးအစပ်တ၀ိုက်ရှိ တောင်စဉ်ခုနစ်ခရိုင်ကို အပိုင်အစား ပေးလေသည်။
ကျန်စစ်သားမင်းတွင် မိဖုရား ၄-ပါးရှိ၏။ သူတို့ကား-
(၁) အပယ်ရတနာ
(၂) ဥဿာမင်းသမီး မဏိစန္ဒာ (ခေါ်) ခင်ဦး
(၃) သမ္ဘူလ ခေါ် ဦးဆောက်ပန်း
(၄) ထီးလှိုင်ရှင်၏သမီး ခင်တန်-တို့ြုဖစ်ကြသည်။
ဤမိဖုရား လေးပါးလုံးပင် မေတ္တာ၊ ကျေးဇူး၊ သစ္စာ တို့ကို စောင့်သိစွာဖြင့် တင်မြှောက်ထားသော မိဖုရားဖြစ်ကြ၏။
အပယ်ရတနာသည် ကျန်စစ်သားကို မွေးဖွားရာ ပရိမ္မအရပ်မှ သူကြီးသမီး ဖြစ်၏။ ကျန်စစ်သား၏ အချစ်ဦးတည်း။
ကျန်စစ်သားသည် မင်းမဖြစ်မီက စောလူးမင်းမျက်သဖြင့် ထွက်ပြေးတိမ်းရှောင်ရပြန်သည်။ ထိုအခါ ကျန်စစ်သား ခိုလှုံရာ အရပ်သို့ အပယ်ရတနာသည် မကြာခဏ လျှို့ဝှက်စွာလာရောက်တွေ့ဆုံသည်။
ချင်ခင်ကြင်နာစွာဖြင့် အစားအစာများယူလာ၍ ကျွေးမွေးတတ်သည်။
ကျန်စစ်သားသည် ယခုမင်းဖြစ်လာသောအခါ မိမိပုန်းအောင်းခဲ့ရာ နေရာကိုလည်း မမေ့နိုင်။
အပယ်ရတနာ၏ မေတ္တာနှင့် ကျေးဇူးကိုလည်း မမေ့နိုင်။ ထိုအဖြစ်ကို သတိရသောအားဖြင့် ထိုနေရာတွင် ဘုရားတဆူ တည်ခဲ့သည်။
ထိုဘုရားသည် အပယ်ရတနာဘုရား-ဟု အမည်တွင်သည်။
(ရှေ့လဆက်ရန်)
မင်းယုဝေ
(မင်္ဂလာမောင်မယ် ၂၀၀၉-ခု စက်တင်ဘာလ)
Was this answer helpful?
LikeDislikeရှေးဘုရင်တွေများ ကျေးဇူးဆပ်နည်းက တော်တော်လေးအတုယူဖို့ကောင်းသားနော်…
မိန်းကလေးတစ်ယောက်များ ဘုရင့်အပေါ်ကျေးဇူးပြုမိလို့ကတော့… ဟင်းဟင်း
တစ်နေ့နေ့ မိဘုရားဖြစ်လိမ့်မပေါ့…
အဲလိုကျေးဇူးဆပ်ရမယ်ဆိုရင်ဖြင့်… အော်… စဉ်းစားစရာပါတကား…
ကျေးဇူးဆပ်ရန်စဉ်းစားနေသူ
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeကိုကြောင်ဝတုတ်ရေ… ကြည့်ကျပ်ပြီးလဲ ကျေးဇူးဆပ်အုန်းနော်
တော်ကြာ မိဘုရားဖြစ်နေအုန်းမယ်
Was this answer helpful?
LikeDislikeဟိဟိ
ရမ်းတီးတာ လွဲတွားတယ်၊ ;-)
ဒါကြောင့် ပြောတာ။
ကိုယ့် မှာ မသိတာတွေ အများကြီးပါလို့။ :D
ကိုယ်သိတဲ့ သူ အကြောင်းဘဲ စွပ်တင်နေတာ။
အဲဒီ ဘုရားအလောင်း ရဲ့ တော်လေးဝ ၀င်တဲ့ သမ္ဘူလ ကို မေ့နေတော့တာ။
တနည်း ရာဇဝင်တွေ၊ ဘုရား ဇာတ်တော်တွေ ကို မကျေ ခဲ့တာ။
နောက် ဗန္ဓုလ ပါ ပါလာပြီး ကျန်စစ်သား နဲ့ ရောကုန်တာ။
အခု ရင်ငြိမ်း စလိုက်ပြီး ကိုစံလှကြီး က ရှင်း လိုက်တော့ အရီး တို့ မသိခဲ့ တာတွေ ပါ သိသွား၊ ရှင်းသွားပါပြီ။
ရင်ငြိမ်း ကမှ ဒီအရွယ်လေး နဲ့ အရီးထက် ဗဟုသုပိုပြီး ရှိနေတာ ချီးကျူးပါတယ်။
မရှင်းတာ တွေ ကို ရှင်းပေးတဲ့ ကိုစံလှကြီး ကို လဲ အထူးကျေးဇူးတင်ပါတယ်။
ဒါကြောင့် ပြောတာ ကျွန်မ တို့ရွာမှာ စည်းလုံးခြင်းရဲ့ အင်အား ပြလို့ ရတယ်။
ရွာကလူတွေ မှာ တစ်ယောက် လို ရင် တတ်ယောက် အမှန်ရောက်အောင် ဝင်ဖြည့်ပေးနိုင်ကြတာ ဂုဏ်ယူစရာပါဘဲ။ :-)
Was this answer helpful?
LikeDislikeဟုတ်တ်ယ… အခုဆို သိချင်တာဒွေ သိခွင့်၇ပီ…
တခါတခါ ပါ… မြန်မာဖြစ်ရက်နဲ့ မြန်မာ ရာဇ၀င်မသိ၇င် ရှက်စရာကောင်းတယ်
ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်း တရုတ်မလေးကတောင်
ဒီအကြောင်းဒွေ ရှင်းပြလို့ ကိုယ့်ကိုကိုယ်တောင်ရှက်မိဒယ်
အခုလို ရှင်းပြပေးတဲ့ အရီးလတ်နဲ့ ကိုစံလှကြီးကိုလဲ ရှဲ ရှဲပါချင့်
တောင်ကြီးလာခဲ့ ထမင်းကျွေးမယ် …. ဒကာခံမယ်ချင့် တန်ဆောင်တိုင်လာခဲ့ပါ …
Was this answer helpful?
LikeDislikeမ Yin Nyine Nway ရေ
ကျေနပ်တယ်ဆိုလို့ ဝမ်းသာပါတယ်။ အမှန်တော့ ကျနော်ကတောင် အားနာနေတာပါ။ ဘာလို့လဲဆိုတော့ ကျနော်က ပို့စ်တိုင်းကို သွားလေ့မရှိပါဘူး။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ စိတ်ချင်းသိပ် မနီးစပ်ဘူးထင်ရင် ဆွေးနွေးချင်မှလည်း ဆွေးနွေးပါတယ်။ တကယ်တော့ ကျနော့် စေတနာကလည်း ပေါက္ခရဝဿမိုး ဖြစ်ပါတယ်။ နောက်ပြီး ကျနော့်ကို လူတတ်ကြီးလုပ်တယ် ထင်မှာလည်း စိုးလို့ပါ။ အမှန်တော့ အမတော်ကြီး မခင်လတ်သာ ကျနော့်နာမည်ကို မရွတ်ရင် ကျနော် ဒီကွန်မန့်တောင် ပေးဖြစ်ပါ့မလား မသိပါ။ မသေချာပါဘူး။
တောင်ကြီးတန်ဆောင်တိုင် ကသိပ်စည်တယ်ဆိုတာ ကြားဖူးပါတယ်။ အဆင်ပြေရင်တော့ လာပါ့မယ်။ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါ။ အမှန်တော့ ကျနော်က ရှမ်းမြောက်ကို ကောင်းကောင်း ရောက်ဖူးပါတယ်။ အချိန် အနည်းငယ်တောင် နေဖူးပါတယ်။ ရှမ်းတောင်ပိုင်းကို မရောက်ဖူးသေးပါဘူး။
Was this answer helpful?
LikeDislikeလာခဲ့ဖို့ ဖိတ်ပါဒယ်ချင့်
Was this answer helpful?
LikeDislikeကိုစံလှကြီးရေ
ဒီနေရာကဘဲတောင်းဆိုချင်ပါတယ်။
ကျနော်တို့မြန်မာ့သမိုင်း ငယ်ငယ်က အဖြစ်တော့သင်ခဲ့ရပါတယ်။
ဒါ တကယ်ပြောတာပါ။
ရှစ်တန်းကိုသိပ္ပံလိုင်းရောက်ကတည်းက မြန်မာ့သမိုင်းနဲ့ဝေးသွားတာ။
လက်လှမ်းမှီရာလေး ဖတ်မိတာကလွဲလို အသိတွေက ဝေတေ၀ါးတား။
ကျနော်သိချင်တာလေးက တော့ သေလည်ကြောင်တို့ ကြောင်သေလည်တို့လို့
နာမယ်ကိုစနစ်တကျနဲ့ယူခဲ့ကြတဲ့ အုပ်ချုပ်သူမင်းများရဲ့ ခေတ်ကို သိချင်လို့ပါ။
ကျနော်သူငယ်ချင်းတွေနဲ့စကားပြောတော့ နာမယ်မှည့်ရာမှာ ကျနော်တို့မြန်မာတွေက စနစ်မကျ။
နေ့နံအလိုက်မှည့်တော့ မျိုးရိုးပျောက်။
သူတို့ စိနလူမျိုးဆိုရင် နာမယ် ကိုကြည့်တာနဲ့ မျိုးရိုးအမည် ဆွေမျိုးအဆင့်ဝါစဉ်ပါသိရတယ်လို့ဆိုပါတယ်။
သူတို့ ပထမ စာလုံးထိပ်စည်း နာမယ်က မျိုးရိုးနာမယ်နဲ့စပါသတဲ့
( ချောင်။ကျင်း။ ကောင်း၊ လီ )စသဖြင့်ပေါ့။
ဒုတိယ စာလုံးက သူ့ရဲ့ ၀ါစဉ်ပါတဲ့။(ကျနော်တို့မြန်မာလိုဆိုရင် ဘိုး-ဘေး-ဘီ-ဘင်-တီ-ကျွတ်-မျှော့ပေါ့)
သူတို့ကတော့ (ရွှေ။သစ်ပင်၊ရေ။။မြစ်။မီး။မြေကြီး)ဆိုပြီးသတ်မှတ်တယ်လိုပြောပါတယ်။
နောက်ဆုံးစာလုံးက မှ သူ့နာမယ်ပေါ့
ဥပမာ လီကျင့်ဟုန် ဆိုရင်
လီ=မျိုးရိုး
ကျင့်=ပထမမျိုးဆက်
ဟုန်= သူ့နာမယ် ပေါ့။။
အဲတော့ကျန်ာတို့မြန်မာ နာမည်ယူပုံကို သမိုင်းနဲ့ဆက်စပ်ပြီးသိလိုပါတယ်။
ကျေးဇူးပြုပြီး ပိုစ်လေးရေးပေးပါလို့တိုက်တွန်းချင်ပါတ်ယ်။
Was this answer helpful?
LikeDislikeကိုပေါက်ရေ
လောလောဆယ် အကိုတောင်းဆိုတဲ့အတွက် သိသမျှ အကို အပြင်းပြေ ဖတ်ရအောင် ရေးပေးလိုက်ပါတယ်။ နောက်ကျတော့လည်း သီးသန့်တပုဒ် ရေးဖြစ်နိုင်ပါတယ်။ အကိုပြောတဲ့မင်းတွေဟာ ပုဂံခေတ်ဦးက မင်းတွေပါ။ ဖခင်နာမည်ရဲ့ နောက်ဆုံးအလုံးဟာ သားနာမည်ရဲ့ ပထမဆုံးစာလုံး ဖြစ်လာပါတယ်။ ကျနော်သိသလောက် ပျူစောထီး သူ့ရဲ့သား ထီးမင်းယာဉ် သူ့ရဲ့သား ယာဉ်မင်းပိုက် နောက်ပိုက်သေလည် နောက်သေလည်ကြောင် နောက်ကြောင်ဒူရစ် ကြောင်ဒူရစ်ရဲ့ သားကျတော့ သည်ထန်ဖြစ်သွားပါတယ်။ အဲဒီကစပြီး ပျောက်သွားပါတယ်။
အကိုရေ နောက်ပြီး တရုတ်လူမျိုးတွေ အနေနဲ့တော့ မျိုးရိုးနာမည်နဲ့ ပုံသေမှည့်ပါတယ်။ ကျနော်တို့ မြန်မာတွေကျတော့ မျိုးရိုးနာမည် မထားပဲ တကယ်လို့ မိဘပေးထားတဲ့ နာမည်ကို မကြိုက်ရင်တောင် လွတ်လပ်စွာ ပြောင်းပိုင်ခွင့်ရှိပါတယ်။ နောက်ပြီး မြန်မာအမျိုးသမီး တဦးဟာ အိမ်ထောင်ကျရင်လဲ လင်ယောကျာင်္းရဲ့ မျိုးရိုးနာမည်ကို ယူစရာမလိုပဲ မိဘပေးတဲ့ အမည်နဲ့ လွတ်လပ်စွာ နေနိုင်ပါတယ်။ အဲဒါကိုက မြန်မာတွေဟာ အလွန်စောတဲ့ အချိန်ကတည်းက လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်သူတွေ ဖြစ်တယ်လို့ နိုင်ငံခြားပညာရှင် တယောက်ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။ ဖတ်ဖူးတာ သေချာပါတယ်။ စာအုပ်နာမည် လောလောဆယ် မေ့နေပါတယ်။ အဲဒီတော့ အဲဒါက မြန်မာတွေက ဂုဏ်ယူလို့လည်း ရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက အဲဒီလို လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်သူတွေမှပဲ အာဏာရှင်စနစ်ကြီး အောက်မှာ အကြာကြီးနေခဲ့ရတာပါ။ သဘာဝတရားရဲ့ လှောင်ပြောင်မှုပေါ့ အကိုရာ။
နောက်ပြီး မြန်မာတွေနေ့နံအလိုက် မှည့်တာကလဲ ဗေဒင်ပညာကို ယုံသူမှ ဖြစ်ပြီး ဒါကလည်း မလုပ်မနေရ စည်းကမ်းမဟုတ်ပါဘူး။
Was this answer helpful?
LikeDislikeကြားဖူးခဲ့တာကြာပြီး မေ့နေတဲ့အကြောင်းအရာတွေကို ပြန်ပြောပြပေးလို့
ကျေးဇူးအထူးတင်ပါတယ်ရှင့် … အဲဒီသဘာဝတရားရဲ့လှောင်ပြောင်မှုက အဆုံးသတ်ကာနီးပြီလို့ယူဆပါတယ် …
ကိုစံလှကြီးရေ .. ကြုံလို့တစ်ခါတည်းပြောရရင် သမိုင်းနဲ့ပတ်သက်တဲ့ပို့စ်တွေအားလုံးကို တိတ်တိတ်လေးပဲဖတ်နေခဲ့ပါတယ်လို့…
မမရင်ငြိမ်းရေ အစဖော်ပေးတာကျေးဇူးပါနော်..
Was this answer helpful?
LikeDislikeကိုစံလှရေ
ကျေးဇူးပါ။
အပျင်းပြေမဟုတ်ဘူးရယ် အတည် အတည်။
ကျနော်သိသလိုမသလိုဖြစ်နေတာကို ရှာရင်ကြာပါတယ်။
ခင်ဗျားလို့သိတဲ့လူတန်းမေးလိုက်တော့ ကျနော် လိုချင်တာ အချိန်မကုန်ဘဲ တန်းရသွားတာပေါ့။
ကျနော်တို့ သမိုင်းမှာ ခဏလေးနဲ့ မှေးမှိန်သွားခဲ့တဲ့ ပင်းယ အကြောင်းလဲရေးစေချင်ပါတယ်။
ဘာလို့မြန်မြန်ကျဆုံးသွားရသလဲဆိုတာလေးကို အတုယူုနိုင်အောင်လို့ပါ။
တကယ်ကျေးဇူးပါ။
Was this answer helpful?
LikeDislikeသမ္ဘူလတော့သိဝူး၊ သံဗူးဖျော်ရည်သောက်လို့ ကောင်းတာတော့သိဒယ်..
Was this answer helpful?
LikeDislikeဒီလောက်ပဲတိဒါလား ကိုကိုကြောင်
အဲဒါကြောင့် ဖတ်ပါမှတ်ပါဆိုတော့ ဖတ်ပါဒယ် တွတ်ပီ
ဟွင်း… လေ့လာလိုက်အုန်း ကိုကိုကြောင်
ဖတ်ကြားလား အပေါ်က ကော်မန်းဒွေ မိုက်ဒယ်…
Was this answer helpful?
LikeDislikeမ Yin Nyine Nway ကိုပေါက် ကိုမိုးဇက်နဲ့ ကိုကြောင်ကြီးရေ
စကားပြောရတဲ့အတွက် ဝမ်းသာပါတယ်။ ကိုမိုးဇက်က အားပေးနေကျဆိုလို့ ကျေးဇူးပါ။ ပထမဆုံး ပြောချင်တာက မ yin nyine nway ကိုတောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကျနော်ပို့စ်မဟုတ်ပဲ အများကြီး ပြောလိုက်လို့ပါ။ ဒါကလဲ ကျနော်ရဲ့ စာပေမိတ်ဆွေတွေ မောင်နှမတွေက ဆွေးနွေးချင်ရင် စကားပြောချင်ရင် သူတို့ကို လေးစားလို့ ပြန်ဆွေးနွေးပေးရပါတယ်။ ဒါကြောင့် ကျနော့်ပို့စ်မှာ အပြန်အလှန် ပြောတာတွေ အများကြီး ဖြစ်နေတာပါ။ ကျနော်က ပို့စ်တိုင်းကို မသွားတာက ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ မသွားချင်တာတကြောင်း နောက်ပြီး ဆွေးနွေးလို့ အဆင်မပြေသေးဘူး ထင်ရင်လည်း ကွန်မန့်မပေးတတ်လို့ပါ။ နောက်တခုက ကျနော်နဲ့ သိပ်ဆွေးနွေးရင် အဲဒီလူရဲ့ ပို့စ်တွေ ကွန်မန့်တွေ အကြောင်းမဲ့နီတတ်ပါတယ်။ ဟိုတလောက မခိုင်ခိုင်တို့ ကိုအံစာတုံးတို့ ပို့စ်တွေ ကွန်မန့်တွေနီကုန်လို့ ဆောင်းပါးတောင် ရေးယူရတယ် ထင်ပါတယ်။
ကိုပေါက်ပြောတဲ့ အကြောင်းကို နောက်ရေးပါ့မယ်။ ဒါပေမယ့် တခေတ်လုံးဆိုရင် ရှည်နိုင်တာမို့ အချိန်ယူပါအုံးမယ်။
ကိုကြောင်ကြီး အခုရက်ပိုင်း ပျောက်နေလို့ ကျနော်တောင် စဉ်းစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကိုကြောင်ကြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်သီးကေဒါတယောက်နဲ့ ရန်ငြိုးရှိကြောင်း ပြောဖူးလို့ပါ။ ဒါကြောင့် တရုတ်လျှို့ဝှက်အေးဂျင့်မ ချောချောလေးတွေရဲ့ လက်ချက်မိသွားပြီလား ဒါမှမဟုတ် ဟိုတလောက ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတခုကို ဂရုမစိုက်ကြောင်း ပြောပြီး အိမ်လိပ်စာပါ ပြောလိုက်လို့ အဲဒီဂိုဏ်းခေါင်းဆောင် မိုဟာမက် အယာတိုလာ ခိုမေနီ ဒစ္စကိုဒန်းဆားရဲ့ လက်ချက်များ မိသွားပြီလားလို့ပါ။ အခုလို ကျန်းကျန်းမာမာ တွေ့ရလို့ ဝမ်းသာပါကြောင်း။
Was this answer helpful?
LikeDislike