ဒေါ်အောင်ဆန်စုကြည် ဘားမား (BURMA) ဟု ပြောရခြင်းအကြောင်း
( ယနေ့ ၂၉.၆.၂၀၁၂ ရက်နေ.၊ သတင်းစာတွင် ရွေးကောက်ပွဲကော်မရှင်က NLD အား မြန်မာနိုင်ငံကို ဘားမား “BURMA” ဟု မခေါ်ဆိုရန် အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ NLD ပါတီသည် အခြေခံဥပဒေကို လေးစား လိုက်နာပါမည်ဟု ကျမ်းကျိန်ပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် ဒီနိုင်ငံအား ပြည်ထားစု သမ္မတ မြန်မာနိုင်ငံတော် ( The Republic of the Union of Myanmar) ဟု ခေါ်ဆိုရန် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ သို.သော် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံရှိ World Economic Forum တွင် တစ်ကြိမ်၊ အနောက်နိုင်ငံ ခရီးစဉ်များတွင်လည်း မိန်.ခွန်းပြောသည့်အခါ မြန်မာနိုင်ငံအား ဘားမား (BURMA) ဟု အကြိမ်ကြိမ်ပြောခဲ့ကြောင်း၊ ထို.ကြောင့် နောင်အခါတွင် ခေါ်ခွင့်မရှိသည့် ဘားမား ဟူသော အမည်ကို မခေါ်ရန်နှင့် Republic of the Union of Myanmar (သို့) Myanmar ဟုသာ ခေါ်ဆိုပါရန် အခြေခံဥပဒေ ပုဒ်မများအရ အသိပေး မေတ္တာရပ်ခံထားကြောင်းသိရသည်။ )
ဒေါ်အောင်ဆန်စုကြည် ဘားမား (BURMA) ဟု ပြောရခြင်းအကြောင်း
“ကျမ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့မဟုတ်ပါဘူး ။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက်လိုပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတိုင်ပင်ပါပဲနဲ့ ပြည်သူ့အခွင့်အရေးတွေကိုချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့သာ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့နိုင်ငံအပေါ် ကမ္ဘာကြီးက ဘယ်လိုနာမည်နဲ့ တွဲသိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့အခွင့်အရေး ပြည်သူမှာရှိနေတာကို နဝတအစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ ။”
ပြည်သူ့ခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် (နော်ဝေငြိမ်းချမ်းရေးဖိုရမ်-၁၇-၆-၂၀၁၂)”



အဲဒါဆိုလည်း၊ ဘာဖြစ်လို. ကျမ်းကျိန်သေးလဲဗျာ။
Was this answer helpful?
LikeDislikeစကားလုံးတွေ အပေါ်မှာ သိပ်ငြင်းခုံ မနေကြပါနဲ့တော့ဗျာ… မောင်ကောင်း လို့နာမည်ပေး ပေမဲ့ လူစိတ်က တကယ်ကောင်းမှ မောင်ကောင်း ဆိုတဲ့နာမည်နဲ့ လိုက်ဖက်ပါတယ်…ယခုလည်း မြန်မာလို့ခေါ်မှ တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုရာရောက်တယ် ဆိုပြီး ဘယ်လောက်ဘဲပြောပြော တိုင်းရင်သား
တွေရဲ့ အခွင့်အရေး၊ တိုင်းသူပြည်သားတွေရဲ့ အခွင့် အရေးတွေကို ခွဲခြားဆက်ဆံနေသရွှေ့ မြန်မာလို့ခေါ်လည်း
အသွင်သဏ္ဍာန်အရ ပျားရည်လိုချိုပေမဲ့…အနှစ်သာရကတော့ ဆေးခါးလိုဘဲ ဖြစ်နေဦးမှာပါ..
Was this answer helpful?
LikeDislikeအပြစ်ကရှာစရာမရှိတော့..တွေ့တာလေးရှာပြောရတာပါ….
သနားပါတယ်..မနည်းကိုရှာထားရတာ…
Was this answer helpful?
LikeDislikeနိုင်ငံတကာ က ဘယ်လိုနာမည်နဲ့ တွဲသိသိ အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ နိုင်ငံ ဟာ ဗမာ လူမိုး ချည်းပဲနေတာမဟုတ်ဆိုတာသိဖို့ကောင်းပါတယ်။ ပြည်ထောင်တွေကိုစု ထားလို့ပြည်ထောင်စုသမ္မတ နိုင်ငံ လို့အစိုးရကခေါ်နေတာပါ။ ဗမာ ပြည်ဆိုရင် ဗမာ လူမိုး တစ်ခုတည်းကို ရည်ညွှန်းသလို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေ ရဲ့ သဘောထားကိုလဲ ထည့်စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော့် အနေ နဲ့တော့ ဗမာ ပြည်လို့ မခေါ်စေချင်သလို ကရင်ပြည်သူ့ သမ္မတ နိင်ငံ(သို့) ရှမ်းပြည်သူ့ စော်ဘွားနီုင်ငံ လို့လည်းမခေါ်စေချင် ပါဘူး။ ဗမာ တိုင်းရင်းသားအပါအ၀င် ကျန်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားတွေ အကုန် လုံး ပါဝင်တဲ့ ညီမျှတဲ့ တန်းတူ အခွင့် အရေး ရှိတဲ့ ပြည်ထောင်တွေ အားလုံးကို ငြိမ်ချမ်းစွာ စုစည်းထားတဲ့ ‘ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ” လို့သာခေါ်ဆိုစေချင်ပါကြောင်း….
မှတ်ချက်…တိုင်းရင်းသားထဲတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နောင်တချိန်ဝယ် တိုင်းရင်းသား လူမိုးထက်ပိုများလာမဲ့ ဘာသာမတူ အယူဝါဒ မတူ ယဉ်ကျေးမှုမတူ တဲ့ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာ ခေါ် ကုလား များမပါဝင်ပါ…
Was this answer helpful?
LikeDislikeဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ဘားမား ……………….ခေါ်တော့ဘာဖြစ်လဲ…..အူကြောင်ကြောင် ရွှေးကောက်ပွဲကော်မရှင်ပဲ။ ကြီးကြီးကျယ်ကျယ်၊ အခြေခံဥပဒေနဲ့ လာချီနေသေးတယ်။ sorry ပဲရွှေးကောက်ပွဲကော်မရှင်ရေ……
Was this answer helpful?
LikeDislikeဒေါ်အောင်ဆန်းစုကြည်ကို ဗမာလို့ မသုံးဖို့
သတိပေးထားတယ်လို့တော့ ဖတ်လိုက်ရတယ် …
အခု ….
အောက်ဆုံးနားက
ဒေါ်အောင်ဆန်းစုကြည်က ဗမာလို့ ခေါ်ရခြင်းအကြောင်းကို
ဖတ်လိုက်ရတော့မှ
သြော် .. ဒါကြောင့်မို့ကိုး … လို့ …
ရှင်းသွားတယ်ဗျာ …
ကျေးဇူးပါပဲ …
Was this answer helpful?
LikeDislikeဒေါ်စုတစ်ချိန်လုံး မြန်မာပြည်အကြောင်း ကောင်းအောင်စွမ်းဆောင်နေတာ နှုတ်ဆိတ်နေသမျှ ပြောစရာမရှိ Burma ခေါ်တာကိုမှ ရွေးအပြစ်ပြောတတ်တဲ့ တော်တော် အောက်တန်းကျတဲ့ မစ်ဆရိယစိတ်ထားတွေပဲ
Was this answer helpful?
LikeDislikeနေကြပါဦးဗျာ .. အဲဒါတွေထက် ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်လွပ်လပ်ခွင့် လေးတွေကို အရင် လုပ်ပေးမယ် ဆိုရင် ပိုမကောင်းဘူးလား .. ခုတော့ မီးကမလာ ၊ ကော်နရှင်ကမကောင်း ၊ လမ်းတွေက ရေကျော်၊ ဥက္ကဋ္ဌနဲ့ ပေါင်းပြီး မကောင်းမှုလုပ်တဲ့လူက လုပ် .. .. ခေါ်ချင်သလိုခေါ်ဗျာ .. အဲဒါလေးတွေ ကောင်းနေရင် ပြီးရော .. ခုတော့ ဘာလဲဗျ .. ဘာမဟုတ်တာလေးနဲ့ အချိန်ကုန်ခံလို့ ဒေါ်စု အသက်ဘယ်လောက်ရှိနေပြီလဲ .. ဘာမဟုတ်တာလေးနဲ့ အချိန်ကုန် မခံစေချင်ဘူး ၊ မကြိုက်ရင် ဒေါ်စု သမ္မတ ဖြစ်တဲ့အခါ အသစ်ပြန်ရေးလိုက်ပေါ့ .. ခုတော့ သူ့ကို မဆန့်ကျင်နဲ့ နောက်ထပ် အထဲ ပြန်ရောက်သွားလိပ့်မယ် …
Was this answer helpful?
LikeDislikeဟိုအရင်ကတည်းက BURMA ဆိုတာနဲ့ ကျနော်တို့ညီနောင်သွေးချင်းတွေအားလုံးပါတဲ့ ပြည်ထောင်စုနိုင်ငံ တော်ကြီး ဆိုတာအားလုံးသိပြီးသားပါ ဘယ်လိုခေါ်သင့်တယ်ဆိုတာထက် လောလောဆယ်မှာ ဘယ်လိုတိုင်းပြည်ကို ကောင်းအောင်လုပ်မလဲ ဆိုတာပိုပြီး အရေးကြီးမယ်ထင်ပါတယ် ဒါနဲ့စကားမစပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုတာ ပြည်သူတွေကခန့်ထားတာလား မသိလို့နော်
Was this answer helpful?
LikeDislikeဒီကိစ္စက မလွယ်ဘူး။
စကားလုံး (၂) လုံးထဲနဲ့  တိုင်းပြည်ပျက်သွားနိုင်တယ်။
Was this answer helpful?
LikeDislikeဒေါ်အောင်ဆန်းစုကြည်က… ဥပဒေပြုအမတ်ဖြစ်နေပြီမို့.. ဥပဒေအတိုင်း Burma မခေါ်ပဲ.. Myanmar ခေါ်ပေးရမယ်ထင်မိပါတယ်..
အခြေခံဥပဒေကို… ပြင်တာ/မပြင်တာက.. တခြားကိစ္စပါ..။ တကန့်စီလို့ ယူဆရမှာပါ..
ကျုပ်အနေနဲ့ကတော့.. အဲဒါတွေကြိုမြင်လို့ (
).
Myanmar ဆိုတာမှာ.. ကမ္ဘာမှာမရှိ.. တိုင်းပြည်/လူမျိုး.. အဂ်လိပ်အခေါ်အဝေါ်မှာ.. အဓိကလိုအပ်ချက်ဖြစ်နေတဲ့..
တိုင်းပြည် Myanmar လူမျိုး Myanmar အစား..
တိုင်းပြည် Burma လူမျိုး Burman/Burmese အစား..
ကြားချပြီး..
တိုင်းပြည် Myanmar လူမျိုး ..Myanmartian, Myanmarian စသဖြင့်ရွေ့ချယ်လို့သုံးပေးဖို့ အကြံပေးတာပါ…
အင်မတန်အရေးကြီးတယ်ထင်ပါကြောင်း…
( လူမျိုးတခုကို.. -ese အဆုံးသတ်၍ အင်္ဂလိပ်လိုခေါ်ဆိုခြင်းသည် ကိုလိုနီစော်နံကာ.. နှိမ်ချသောသဘောပါသည်ဟု ယူဆပါသည်။)
Was this answer helpful?
LikeDislikeဟိုဘက်မှာ “ကျွန်စော်နံ” က နေ ဒီဘက်မှာ “ကိုလိုနီစော်နံ” ဖစ်တွားဘီ။
သူကြီးက Flexible ဖြစ်သားဟဲ့။ :P
Was this answer helpful?
LikeDislikeကျနော်အမြင်လဲ ပြောင်းလဲပေးသင့်တယ် ယူဆပါတယ်။သို့ သော် အမေစုပြောသလို..
ဒေါ်အောင်ဆန်စုကြည် ဘားမား (BURMA) ဟု ပြောရခြင်းအကြောင်း
“ကျမ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့မဟုတ်ပါဘူး ။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက်လိုပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတိုင်ပင်ပါပဲနဲ့ ပြည်သူ့အခွင့်အရေးတွေကိုချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့သာ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့နိုင်ငံအပေါ် ကမ္ဘာကြီးက ဘယ်လိုနာမည်နဲ့ တွဲသိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့အခွင့်အရေး ပြည်သူမှာရှိနေတာကို နဝတအစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ ။”
Was this answer helpful?
LikeDislikeကျနုတ်လဲ သဂျီးကို “ဂျီးဂျီး”ဟု ယနေ့မှစ ခေါ်ဆိုတော့မည်ဖြစ်ကြောင်း
အလံပြောင်းတဲ့ ကိစ္စများ မကျေနပ်ကျတာလားမသိ
Was this answer helpful?
LikeDislikeဒေါ်စုက ပြောင်းခေါ်သင့်တာ မှန်ပေမယ့်
ရွေးကောက်ပွဲ ကော်မရှင်ကလဲ ဒီအချိန်မျိုးမှာ ရေးကြီးခွင်ကျယ်လုပ်မနေသင့်ဘူးလို့ ထင်မိတယ်။
တခါတလေမှာ အလုပ်ဖြစ်အောင်
မသိချင်ယောင်ဆောင်ရတာတွေ
မေ့ချင်ယောင်ဆောင်ရတာတွေ ရှိပါတယ်။
ဒေါ်စုကိုယ်တိုင် မေ့ချင်ယောင်ဆောင်ထားရတာတွေကိုလဲ ထောက်ထားပါဦးတော့…..
Was this answer helpful?
LikeDislikeအပေးအယူလုပ်မယ်ဗျာ..ဒီတိုင်းတော့ပြောင်းမခေါ်နိုင်ဘူး..
ပိုက်ဆံတွေကို..ဗိုလ်ချုပ်ပုံနဲ့ ပြန်ထုတ်ပေးမယ်ဆိုရင်
ဒေါ်စုရော ကျုပ်တို့ပါ မြန်မာလို့ခေါ်ကြမယ်…မကောင်းဘူးလား..
မျှမျှတတပေါ့ဗျာ…တဘက်သတ်တော့ဘယ်ရမလဲ..နော့
Was this answer helpful?
LikeDislikeထောက်ခံပါတယ်ဗျို…. ဦးမိုက်ကြီးကို
Was this answer helpful?
LikeDislikeBurma လား မြန်မာလားဆိုတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး မောင်မိုးညို တို့ တက္ကသိုလ် alumni google အုပ်စုမှာတလောက အခြေအတင်ဖြစ်ခဲ့ရပါတယ်။ တိုတိုပြောရရင်တော့ ဟာသနဲ့ပျက်လုံးတွေအပြင် အတင်းအဖျင်းတွေကိုသာ ဥိးစားပေးပြီး ပေါ်ပင်ကိစ္စတွေကိုသာ ဦးစားပေးလေ့ရှိကြပြီးလူဂုဏ်တန်များသာ ကြီးစိုးတဲ့ အဲ့ဒီလို group တွေမှာ ဒီလိုကိစ္စဆွေးနွေးတာကိုမလိုလားတဲ့ သဘောလေးတွေ ကြုံလာရပါတယ်။ အရေးကြီးတာက ဒီလိုကိစ္စ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ ဆွေးနွေးရင် sensitive သိမ်မွေ့နူးညံ့တာမို့. အထူးသတိထားကြဘို့တော့လိုပါတယ်။ မောင်မိုးညိုရဲ့ comment လေးကိုလေ့လာကြည့်ကြပါ-
Dear friends
It is not about how we prefer. It is all about legitimacy of the constitutions and regulations stipulated by the past and present governments. People of Burma/Myanmar have been deprived of accessibility to the constitutional rights to their motherlands. They have been barred to express their concerns for almost a century to the most part of the nation building process. We have three constitutions written in 1947, 1974 & the latest 2008. 1947 constitution was written by the late Gen Aung San which reflected the will of all ethnics on common ground. The chairman of the 1974 Constitution drafting Committee U Deng Ratang admitted in 1989 that the constitution of 1974 it is deeply flawed. As we all know the fact that current constitution stipulated by former military government is overwhelmingly rejected by both inside and outside of Burma along with world leading democratic nations, due to aberrations from international norms and deeply tainted with vote rigging in the plebiscite (which took place during the time of Nargis disaster).
Trust me we all Burmese have the concept of meaningful and beautiful work of ‘Myanmar’ deep down in our hearts and souls.
The fact is the people cannot be forced to shape their lives and dictated the future. Probably the military’s ‘might’ will work for numbered years if not months!
WE all know that the most Burmese (inside Myanmar) are now well customized to ‘Myanmar’: it is not because they all like it but because they have to (or) they have no choice since their daily living is tied to the government agenda in one way or another.
The very handful of scholars (like Maung Ant) voice that “Myanmar” is the most appropriate. But people of Burma needs a clearer explanation from a leader they trust the most.
President U Thein Sein is a person with vision who is willing to transform into the nation filled with democratic norms. Daw Aung San Su Kyi, the only beacon of hopes for all sixty-million Burmese, expressed his thanks and acknowledgement of President U Thein Sein’s leadership from the stage of the world oldest democratic Westminster Abbey. This is historical! Her speech was filled with “Myanmar”.
I can see the history of Myanmar is starting to align to what we all want. I hope the word of “Myanmar” will be inclusive in this transformation. I wish the terminology of “Myanmar” will be official. Burma is once again regained her political appearance in the western bloc which has long been overdued.
The leadership of president U Thein Sein (wish the rest of his government join hands in hands with him) and Daw Aung San Su Kyi’s brilliant vision and excellent expertise of future Burma will once again shine upon our countrymen.
That’s the time the term “Myanmar” will gain what it deserves. That’s when the word “Myanmar” will dwell in all our hearts.
with metta
Was this answer helpful?
LikeDislikeကျုပ်ကတော့ အဲ့သည်ကိစ္စနဲ့ပတ်သက်ပြီး
ဒီအချိန်မှာ မေမေကြီးကိုအကြံပေးခြင်ဒါဂဒေါ့
လိမ္မာဇမ်းဘာသမီးရေ
လိမ္မာဇမ်းဘာသမီးရေ
Was this answer helpful?
LikeDislikeအန်းဒိတ် ဘိုးဒေါ်ကြီးတွေကလွဲလို့  ခုနောက်ပိုင်း မြန်မာဆိုတာ အတော်များများသိကြပါတယ်..
မြန်မာဆိုတာမသိရင် ပတ်ဝန်းကျင် လေ့လာမှုနည်းတယ်လို့  တောင် ပြောလို့ ရပါတယ်ဂျ
အတော်များများ မြန်မာဆိုတာ တစ်ချိန်က ဗားမားကိုပြောတယ်ဆိုတာ တွဲလျက် သိထားကြပြီးလဲ ဖြစ်ပါတယ်..
Google Account တစ်ခုလုပ်ရင် အရင်က Country နေရာမှာ ဗားမား လောက်ကနေ အခု ဆို

Myanmar [Burma] / မြန်မာ ဆိုပြီးတောင် မြန်မာလို မြန်မာဆိုပြီး ထပ်ဖြည့်ပေးထားသေးရဲ့
ဆိုတော့..
ဒီနေရာမှာ..ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးပြောင်စိန်နဲ့ အကျယ် ငြန်းခုန်မနေစေသင့်တော့ပါဘူး..
ပြဿနာ အပိုရှုပ်စေမယ်လို့ ထင်ပါတယ်
ပြီးတော့ ကျမ်းကလဲ ကျိန်ခဲ့ပြီးပြီကိုးဗျာ..
ကျနော့် အမြင်သတ်သတ်ပါ..
Was this answer helpful?
LikeDislikeကျုပ်ကတော့ အမေစု အနေနဲ့ ရှေ့ လျှောက် နိုင်ငံသူနိုင်ငံသားများရဲ့ မျှော်လင့်ချက်အပေါ် ဘယ်လို ဖြည့်ဆည်းပေးမလဲ ။ ဦးသိန်းစိန်အစိုးရ နိုင်ငံသူနိုင်ငံသားတွေ ရဲ့ လိုအပ်ချက် မျှော်လင့်ချက် တိုးတက်အောင် ဘယ်လို ဆက်လုပ်မလဲ… ဆိုတာကိုဘဲ စိတ်ဝင်စားတယ်ဗျား။
Was this answer helpful?
LikeDislikeထောက်ခံတယ် ဒေါ်စုဘက်ကမှန်တယ်ထင်တယ်ဗျာ ။လောကမှာအသေးအဖွဲဆိုတာမှမရှိတာ။
Was this answer helpful?
LikeDislikeဒါကိုတော့ ဘယ်လိုပြောရမှန်းမသိဘူး… အမေစုရဲ့သဘောထားကိုလည်း မပြောသာပါဘူး။
သို့ပေသည့်…မိမိကိုယ်တိုင်တော့ အလံကိစ္စကိုတော့ လုံးဝမကျေနပ်ပေမယ့် မြန်မာဆိုတာကိုတော့ ဘားမား ထက်ပိုသဘောကျပါတယ်…
မြန်မာ နဲ့ ဘားမား သဘောကျသူတွေကို အချိုးကျကြည့်ပြီး “မြန်မာ”ဆိုတာကြိုက်တဲ့သူများရင် အမေစု အနေနဲ့လျှော့သင့်တယ်ထင်ပါကြောင်း………………..
Was this answer helpful?
LikeDislikeဒီတော့ ဘာမှ အငြင်းပွားမနေနဲ့တော့ ဒီကဘဲ ကြားချပေးလိုက်မယ်…
ဒီဂနေ့ကစလို့ ” မြန်ဗာ” ” Myanbar” လို့ ခေါ်စေသတည်း………..ဒန့် တန့် တန့်
ကိုကိုသိန်းလဲ ကျေနပ်တော့
မီးမီးစုလဲ မငိုနဲ့တော့ တိတ်… တိတ် :D
Was this answer helpful?
LikeDislikehttp://moemaka.blogspot.com.au/2012/06/tu-maung-nyo-here-come-again-burma-or.html?spref=fb
Was this answer helpful?
LikeDislikeဘားမာ၊ မြန်မာ သတ်မှတ်ချက်သည် ဒေါ်အောင်ဆန်ကြည်ပြောသလို ” စိတ်တိုင်းကျ ရွေးချယ်ဖို့အခွင့်အရေး ပြည်သူမှာရှိနေတာ” မို့ ဒီမိုကရေစီနည်းလမ်းမှန်ဖြင့် ပြည်သူဆန္ဒ ခံယူသင့်ပါတယ်လို့ . . . ထင်မိပါတယ်။
Was this answer helpful?
LikeDislikeကျုပ်ကတော့
http://mandalaygazette.com/134892/creative-writing ဒီနေရာမှာပါတဲ့
( တစ်ခါတစ်ခါ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး စင်ပေါ်မှာ မင်းသားကြီး အတင်း လုပ်ပြနေ တာ ဟာ
အများအမြင်မှာ မလှတာ ကို လဲ သတိပြု သင့်ကြပါတယ်။ )
ဆိုတာနဲ့ ချိန်ထိုးကြည့်ကြစေလိုပါတယ်
Was this answer helpful?
LikeDislikeအကြောင်းရှာနေတာ အဲ့ဒီ ခြေထိုးချင်လို့ အကြောင်းရှာနေတဲ့သူတွေ သတိထားရမယ်
အန်တီစုကိုတော့ ဒီ ဘားမား/မြန်မာ ကိစ္စလောက်နဲ့ အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်အောင် လုပ်စေချင်တယ်
ဟိုဘက်ကလည်း လူထုရွေးကောက်ပွဲတွေလုပ်ပြီးသား၊ ဒီချုပ်ကလည်း လွှတ်တော်မှာ ကျမ်းကျိန်ပြီးသားဆိုတာတွေ ပြောမှာပဲ…
တော်ကြာ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဖွဟဲ့ မပြောရဲဘူး
မြန်မာလို့ ဥပဒေမှာပြဒါန်းပြီးသား ကိုယ်တွေကလည်း လိုက်နာမယ်ပြောပြီးသားလို ဖြစ်နေတော့ ဒီမျှနဲ့ ရပ်ပြီး တခြား အရေးကြီးတဲ့ ချပ်ပတာလေးတွေ စဖွင့်ကြပါအုံးလို့ သာပဲ..
Was this answer helpful?
LikeDislikeဒေါ်စုက ဘားမား (BURMA)၊ မြန်မာ (MYANMAR)ဆိုတဲ့ ဝေါဟာရ အခေါ်အဝေါ်တွေထက် စစ်အာဏာရှင်အစိုးရရဲ့ ပြည်သူတွေအပေါ် လူမထင်ခဲ့တဲ့ လုပ်တွေကို ပြုပြင်စေချင်လို့ ပြောလိုက်တာလို့ ထင်မိပါတယ်။
ပြည်သူဆန္ဒနဲ့ သဘောတူ သတ်မှတ်လိုက်ရင် ဘားမားပဲခေါ်ခေါ်၊ မြန်းမားပဲ ခေါ်ခေါ် ပြည်သူ့အများဆန္ဒဟာ ဒီမိုကရေစီပါ။
ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အပြုအမှုတွေကို ထောက်ပြဖို့ဟာ သူ့ (ဒေါ်စု)တာဝန်ပါပဲ။
Was this answer helpful?
LikeDislikeှုဥပမာလေး ၁ ခုလောက်ပြောပြမယ်ဗျာ….
ကိုက်တတ်တဲ့ ခွေး ၁ ကောင်ရဲ့ ရှေ့မှာ အင်မတန်ကောင်းလှပါတယ်ဆိုတဲ့ သီချင်း ၁ ပုဒ်ကို ဘယ်လောက်ကောင်းအောင်ဆိုနေပေမယ့် အဲဒီခွေးက သီချင်းကောင်းကြောင်း အသံကောင်းကြောင်း နားလည်မှာတော့မဟုတ်ဘူး နားလည်ခဲ့လည်း ဘယ်တော့မှ ချီးကြူးမှာမဟုတ်ဘူး
သူသိတာက သီချင်းဆိုတဲ့သူရဲ့ လူပ်နေတဲ့ခြေထောက်ကို မျက်စိနောက်ပြီး ကိုက်ချင်တာဘဲရှိတယ်…
သူ့တာဝန်က ကိုက်ဖို့ဘဲလေ….
အဲဒီတော့ ခွေးကိုက်မခံရအောင် မျက်စိနောက်စေတဲ့ ခြေထောက်ကို မလူပ်ပါနဲ့…ဒါမှမဟုတ် အဲဒီခွေးကို မောင်းထုတ် ရိုက်ထုတ် သတ်ပစ်လိုက်……
Was this answer helpful?
LikeDislikeပြစ်မရှိ ပြစ်ရှာ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ
မြရွှေဂူ ပတတ္တမြားကိုလ
ဝက်များကငြူစူစွာ
ညွှန်လူးကာတိုက်နဲ–
တိုက်လေလေ
ဂူရွှေမှာ အရောင်တတ်တယ်
ရှေးကထက်ကဲ။ ။
မန်လည်ဆရာတော်
Was this answer helpful?
LikeDislike