မပြောင်းတော့ဘူးလား
လှုပ်ရှား၊ သွားလာ၊ ပြောဆိုနေသမျှ အမှားကတော့ အနည်းလေး ပါစမြဲဖြစ်မှာပဲ။
အမြဲတစေ သွားလာ လှုပ်ရှားနေရတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့  နိုင်ငံအကြီးအကဲတွေဆို
သွားတာ လာတာ ပြော တာဆိုတာတွေမှာ အမှားနည်းအောင် အတော်လေး သတိထားနေရမှာပေါ့။
အခုလို မီဒီယာ လွတ်လပ်ခွင့် အထိုက်အလျောက်ရလာတော့ ပိုလို့ တောင် ဆိုးပါဦးမယ်။
အပြောမတတ်လို့  ပြုတ်ခဲ့ရတဲ့ဝန်ကြီးတွေ၊ ပြည်သူ့ ချဉ်ဖတ်ဖြစ်ခဲ့တဲ့လူကြီးတွေလဲ တွေ့ မြင်နေကြရတာပဲ။
ဒီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ လှည့် ၊ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ ၊
နိုဗယ်လ် ငြိမ်းချမ်းရေးဆုယူ၊ ဒေါက်တာဘွဲ့ ယူ ၊မိန့် ခွန်းပြော၊ စတာတွေနဲ့  မနားတမ်း သွားလာလှုပ်ရှားနေခဲ့တဲ့ရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာအစား ဗားမား ဆိုပြီး သုံးခဲ့တဲ့ အသံးနှုန်းအပေါ် ထောက်ပြစရာ အမှား တွေ့ ခဲ့တယ်ဆိုပါတော့ဗျာ။
တစ်ကယ်တော့ ဦးသိန်းစိန်အနေနဲ့  ဒီအမှားကို မထောက်လဲ သိပ်ပြဿာတော့ မရှိလှဘူးထင်ပါတယ်။
သို့ သော်လည်း ဒေါ်အေင်ဆန်းစုကြည်အား ထောက်ပြစရာအမှားဆိုလို့  ဒီအမှားပဲရှိလေတော့ နောင်များအခါ Burma အစား Myanmar ဟု သုံးပေးပါရန် သတိပေး မေတ္တာရပ်ခံခဲ့တယ်ပေါ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လဲ မြန်မာ ဆိုတဲ့ အသုံးအနှုံးကို သဘောကျပေမဲ့
Burma ဆိုတာ ပြည်သူ့ သဘောထားမပါပဲ ပြောင်းလဲခဲ့တဲ့ နာမည်ဆိုပြီး သိပ်သုံးချင်ပုံ မပေါ်ဘူးထင်မိတယ်။
မြန်မာလား ဗမလား၊ ဘယ်သို့ ခေါ်ကြရမလဲ ဆိုပြီး လူကြီး၊ လူငယ်ကြား အငြင်းပွား နေတာလေးတွေလဲ ရှိနေသပေါ့ဗျာ။
အဲဒီ အခြေအနေတွေကြား ပုဂ္ဂိုလ်စွဲလေး ဖယ်ပြီး ကြားနေ သဘောနဲ့  ၀င်ကြည့်မိတော့
ဥပဒေ ဘောင်ထဲ ၀င်ပြောနေတဲ့ ဦးသိန်းစိန်ဘက်က အားသာနေတယ်မြင်မိပါတယ်။
မီဒီယာနဲ့ အဆက်ရှိသူတိုင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်နေသူတိုင်း မြန်မာလို့ ဆိုတာနဲ့ 
အရင်က ဗားမားဆိုပြီး ခေါ်ခဲ့ကြတဲ့ နိုင်ငံ ၊ဗားမား တစ်ဖြစ်လဲ မြန်မာ Myanmar/Burma ဆိုပြီး တွဲသိကြပါတယ်။
ယခင်က သုံးခဲ့တဲ့ ငွေကျပ် စက္ကူများကို ပြန်ကြည့်မယ် ဆိုပါကလဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊
UNION BANK OF BURMA ဆိုပြီး မြန်မာနဲ့  ဗားမား တွဲလျက် ရိုက်နှိပ်ထုတ်ဝေခဲ့တာ မြင်ရပါလိမ့်မယ်

- Screen shot from dawnmanhon & atsnotes.com
နာမည်ကြီး Google မှာတောင် မြန်မာနိုင်ငံကို Myanmar [Burma] /မြန်မာ
ဆိုပြီး အင်္ဂလိပ်လို အပြင် မြန်မာလိုပါ ထည့်သွင်းအသိအမှတ်ပြုထားတာ Google Mail Account
သစ် တစ်ခုလုပ်ကြည့်ရင် Location နေရာမှာ တွေ့ ရပါလိ့မ်မယ်။

When Creating A Gmal Account
မြန်မာ အဖြစ်ကနေ ဗားမား ပြန်သုံးမယ်ဆိုရင်လဲ တော်တော်လေး မလွယ်တဲ့ ကိစ္စမို့ 
ရှေ့ ဆက်မဲ့ခရီးမှာပင့်သွားနိုင်သမို့  ဗားမား ပြန်ပြောင်းမည်မဟုတ်ဟုလဲ ယုံကြည် မိပါတယ်။
တစ်ကယ်တန်းမှာ မြန်မာ၊ ဗားမား စတဲ့ ဒီအသုံးအနှုံးတွေ ဝေဖန် ထောက်ပြ ငြင်းခုန်နေကြမဲ့ အစား
မည်သည့် ပဒေသရဇ်ခေတ်ကတဲက နေ့ စဉ် ရေးသား၊ ပြောဆိုနေခဲ့ကြမှန်းမသိတဲ့
“ကျွန်တော် ဘာဖြစ်ပါသည် ၊ ကျွန်မ ဘာဖြစ်ပါသည်” စတဲ့ ကျွန်တော် ၊ ကျွန်မ ဆိုတဲ့ မိမိကိုယ်ကို နိမ့်ကျမှန်းမသိ ကျနေတဲ့ အသုံးအနှုံးကိုသာ အချိန်ယူ ပြင်ဆင်ပေးဖို့  မျှော်လင့်မိပါတယ်။
ဒါမှ နောင်မျိုးဆက်တွေမှာ ကျွန်လဲမရှိ၊ ကျွန်မလဲမရှိသော စကားနောက်တရားမပါသော တန်းတူညီတဲ့ လူတန်းစားတွေ အဖြစ် ရပ်တည်နိုင်ကြမယ် ယုံကြည်မိပါတယ်။
လေးစားစွာဖြင့်
အုဗိုက်
ဘီအီး
ဂိန်…ဂိန်..



ဘာပေါရမှန်း မတိရို့ တစ်ဆယ်ယူပီး လစ်ပီနော်
Was this answer helpful?
LikeDislike((မည်သည့် ပဒေသရဇ်ခေတ်ကတဲက နေ့ စဉ် ရေးသား၊ ပြောဆိုနေခဲ့ကြမှန်းမသိတဲ့
“ကျွန်တော် ဘာဖြစ်ပါသည် ၊ ကျွန်မ ဘာဖြစ်ပါသည်” စတဲ့ …….}}
အဲဒါ ကျုပ်တို့ ရှေး မြန်မာတွေ အကြောရှည်လို့ ဖြစ်လာတာ…
ကိုယ့်ကိုယ်ကိုယ် ကျွန်တော်/ကျွန်မ လို့ မသုံးခင် ဘယ်နာမ်စားနဲ့ သုံးကြသလဲမသိဘူး
ပြန်တူးကြည့်ဖို့ကောင်းတယ်…။
ကျုပ်ထင်တာတော့ (ငါ) လို့ သုံးခဲ့ကြပုံရတယ်။
အခုမှအဲလိုသုံးရင်တော့ ရိုင်းသလိုကြီးပဲ…
နဲနဲယဉ်ကျေးအောင်
“ သများ.. ” လို့ ခပ်ချွဲချွဲလေးသုံးကြရင်ကောင်းမလား…. :D
ပြောရင်းနဲ့ ဖေါက်သွားတာပါ..။
အတည်ပြောမယ်…
ကျုပ်တို့လူမျိုးက အလွယ်ကြိုက်တယ်..
ဝေါဟာရတွေကို သူများဘာသာက မွေးစားထားတာများ သြချလောက်တယ်..
ဒီတော့ မထူးပါဘူး…
အိုင် တို့ ယူ တို့ သုံးကြည့်ရအောင်… :D
Was this answer helpful?
LikeDislikeဦးပါ သုံးပီးနေပီလေ…..
“ကျုပ်” တဲ့ အရှည်ကြီးတော့ မမန့်တော့ဘူး စိန်ဗိုက်ဗိုက် ပြောသလိုဘဲ ရှေးခေတ်က အင်း ပဒေသရာဇ် အလယ်ခေတ်လောက်က စမယ်ထင်တယ် ကျွှန်ုပ် ( စာအရေးအသား) ကျုပ် ( စကားပြော) ပေါ့……..
ခုခေတ်မှာ လူတန်းစားခွဲခြားတဲ့ အသုံးအနှံး အဘ၊ ဘော့စ်၊ အာစရိ စတာတွေ ရှိပီးနေပီသားဆိုတော့….
ဒီနေကစ ကျုပ် လို့ပဲ ခေါ်ဝေါ်သုံးစွဲာကဖို့ ထင်သာမြင်သာကြောင်း ၀င်လျှာရှည်အပ်ပါတယ်… ဒန့် တန့် တန့်
စကားမစပ် နင်၊ ငါ ဆိုတာကတော့ အီကြာကွေးကဲ့သို့ ကွမ်တုန်းများ နီ၊ ငေါ်(ခ)ဝေါ်က ဆင်းသက်လာကြောင်း…
Was this answer helpful?
LikeDislikeပခုက္ကူက ဆရာတော်ကြီးတစ်ပါးက ပြောဖူးပါတယ်။ “ကျုပ်” ဆိုတာ “ကျွန်ုပ်” ဆိုတဲ့စကားက ပြောင်းထားတာတဲ့…. ကျွန်ုပ်ရဲ့ အတိုချုပ် ကျုပ်ဖြစ်တာတဲ့။
ကျုပ်ဆိုတာ ကျွန်ုပ်ဆိုတော့ ကျွန်ထဲမှာတောင် အတော်မဟုတ်ပဲ အနုပ်ဖြစ်တယ်လို့ ကြားနာဖူးပါတယ်ခင်ဗျာ…
ကျွန်တော်ကြားဖူးတာကို တင်ပြတာပါ။
Was this answer helpful?
LikeDislikeပြီးတော့ … ဗိုလ်ချုပ်ဈေးက ငှားလာတဲ့ စူဗီးနီးယား ပိုက်ဆံလေးလဲ မြန်မြန် ပြန်ပေးလိုက်ဦးနော်…
ဘီအီးနဲ့ လဲသောက်မိလို့ လျော်ရခက်နေမယ်…. :D
Was this answer helpful?
LikeDislikeကိုစိန်ဗိုက်တောင် ဆံပင်တော်တော်ရှည်လာပြီ မညှပ်သေးဘူးလား
Was this answer helpful?
LikeDislikeဟုတ်ဂဲ့
ဒီပို့ စ်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ရေးမိတာဘာ..
ဒိတ်ဒိတ်ကျဲ ဦးပြောင်စိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ပြီး ရှရာရိး ၀င်လုပ်တလိုလိုနဲ့ 
မြန်မာ၊ ဗားမား ကနေ ကျွန်တော်၊ ကျွန်မဘက် လှည့်ခေါ်မိတယ်ရှိုလဲ မှားပါဘူး
ရွာထဲက ဒိတ်ဒိတ်ကျဲများ လာရောက် ဦးနှောက်ရှားပေးတာ ကျေးရှူးတင်ပါတယ်..
အလျင်းသင့်ရင် ပြန်လာပါဦးမယ်..
ကျလိ..ကျလိ..
ပုံ၊
ကျော်
ဂိန်..ဂိန်..
Was this answer helpful?
LikeDislikeသူ့ အတွေးနဲ့ သူခေါ်
ကိုယ့်အတွေးနဲ့ ကိုယ်ခေါ်။
သူပြောချင်သလိုပြော
ကိုယ်ပြောချင်သလိုပြော။
ဒီအတိုင်းဆိုရင် ဘယ်လိုရှေ့ ဆက်ကြမလဲ။
Was this answer helpful?
LikeDislikeဗမာ…ဆိုဆို
မြန်မာ…ဆိုဆို…
ပညတ်တွေကို…ဇာမချဲ့ကြစေလိုပါ..ခင်ဗျာ
လိုရာခရီး…မပြီးမမြောက်နဲ့…..
အဓိက..ကိုအပျောက်မခံကြစေလိုပါ…
အားပေး..အားမြှောက်ပင့်ကော်မှုတွေ
ရှောင်ကြစေလိုပါတယ်….
အကြံပြုခြင်းသာ
Was this answer helpful?
LikeDislikeအမိန့်ကြော်ငြာစာ အမှတ် ၁/က
စာအမှတ် ၁၂၃၄၅၆ ၊ ၂၀၁၂ခုနှစ် ဇွန်လ ၃၀ရက်နေ့
” အမည်သုံးစွဲမှု ပြောင်းလဲ ခေါ်ဝေါ်ခြင်း”
အပိုဒ်(၁) ပြည်ထောင်စု မြန်ဗာနိုင်ငံဟု ပြောင်းလဲခေါ်ဆိုရမည်။
အပိုဒ်(၂) မြန်မာ/ဗမာ ၊ Myanmar/Burma အစား မြန်ဗာ ၊ Myanbarဟု ပြောင်းလဲ ခေါ်ဆိုရမည်။
ပုံ/
ဗြဟ္မာကြီးရဲစည် ( စကြာဝဠာ သမ္မတ )
အမိန့်ကြော်ငြာစာ အမှတ် ၂/ခ
စာအမှတ် ၁၂၃၄၅၇ ၊ ၂၀၁၂ခုနှစ် ဇွန်လ ၃၀ရက်နေ့
” အမည် နာမ်စားသုံးစွဲမှု ပြောင်းလဲ ခေါ်ဝေါ်ခြင်း”
အပိုဒ်(၁) ကျွန်တော် အစား ကျော် ဟုပြောင်းလဲ ခေါ်ဆိုရမည်။
အပိုဒ်(၂) ကျွန်မ အစား ကျ ဟုပြောင်းလဲ ခေါ်ဆိုရမည်။
ပုံ/
ယမကြီးစိန်ဗိုက် ( ငရဲပြည် သမ္မတ )
Was this answer helpful?
LikeDislikeအစိပြောဒါကို ကျော် ထပ်ပြီးထောက်ခံပါတယ်..
Was this answer helpful?
LikeDislikeမပြောင်တော့ပါဘူး အူးဖော်ရယ်
နော်… နော်လို့ ဆို
Was this answer helpful?
LikeDislikeသူများလို ၀င်ပြီးမဆွေးနွေးတတ်လို့တဆယ်ယူပြီးပြန်ထွက်သွားပြီ။
Was this answer helpful?
LikeDislikeBurma နဲ့ Myanmar ကိုတော့ မပြောတတ်ဘူး။
နိုင်ငံခြားက ထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်မိတာ-
မြန်မာတွေ ကျွန်တော်၊ ကျွန်မဆိုတဲ့ အသုံးအနှုန်းတွေကြောင့် ပညတ်သွားရာ ဓာတ်သက်ပါပြီးကျွန်သက်ရှည်တာ။
ဒါ့ကြောင့် သူ့ဂျာနယ်မှာ ခုအပတ်မှစ၍ ကျနော် ကျမ လို့ပဲ ရေး/သုံးမယ် လို့ ကြေငြာခဲ့တယ်။
ကိုယ့်အတွေးနဲ့ကိုယ် ပြောရရင်တော့ ကျ ဆိုတဲ့ စကားလုံးကိုလည်း မကြိုက်ဘူး။
ကိုယ့်ကို လက်အုပ်ချီတာ၊ ရှိခိုးတာ၊ အလေးအမြတ်ပြုတာကို မကြိုက်လို့ သခင်/မ လို့ သုံးတာကိုလည်း မကြိုက်ဘူး။
ကိုယ့်ထက်ငယ်တဲ့သူနဲ့ သက်တူရွယ်တူဆိုရင်တော့ နင်၊ သူ၊ ငါ ဆိုတဲ့ နာမ်စားတွေကပဲ အဆင်ပြေမယ်ထင်တယ်။
ကိုယ့်ထက်ကြီးသူနဲ့ကျတော့ ဘယ်လို သုံးနှုန်းရမယ် မသိ :roll eyes:
Was this answer helpful?
LikeDislikeပြသနာ က နိုင်ငံ့ အပြင်မှာ တစ်ချို့ က မြန်မာ လို့ ပြောရင် မသိ လို့ ဘားမား လို့ ပြောမှ သိကြပါတယ်။
တစ်ချို့ကျ ဘားမား လို့ ပြောတာ မသိ မြန်မာ လို့ ပြောမှ သိပါတယ်။
ဒီတော့ နားလည် ဖို့၊ သိဖို့ လို ရင်း ဆိုရင်တော့ ဘယ် နာမည် ဘဲ ပြောပြော ပြသနာ လုပ်လို့ မရပါ။
နဂိုထဲ က လူတွေ ကို ဝိဝါဒ မပွါး စေချင်ရင် တစ်နာမည် ထဲ တည်အောင် ထားပါ။
မဟုတ် ဘဲ နာမည်ပြောင်း ဆိုရင်တော့ (သို့မဟုတ်) ဆိုတာ ခံသုံး သင့်ပါတယ်။
သမိုင်းကြောင်း ဆိုတာ ပြင်ပစ်ချင်တိုင်း အတင်း ပြင်လို့ မရပါဘူး။
တကယ် တော့ အမည်နာမ ဆိုတာ အမည်နာမ ပါဘဲ။
အဲဒီမှာ ဘာသက်ရောက်မှု မှမရှိပါဘူး။
သက်ဆိုင်သူများ သိသင့်တာက အဲဒီ နာမည်ရှိတဲ့ တိုင်းပြည်ရဲ့ လူမျိုး ရဲ့ စိတ်ဓာတ် က ဘယ်လိုလဲ ဆိုတာ ပိုပြီး အရေးကြီးပါတယ်။
ကိုယ့်တိုင်းပြည် ရဲ့ လူတွေ စားဝတ် နေရေး ဖူလုံ တိုးတက်အောင် တော့ မလုပ်ဘဲ လွယ်ကူရာ ပြောင်းလို့ ရတဲ့ အမည် မှာ လာပြီး ပြသနာ လုပ်နေဖို့ မသင့်ပါဘူး။
စိန်ဗိုက်ဗိုက် ဘဲ ဖြစ်ဖြစ်၊ ပေါက်ဖော် ဘဲ ဖြစ်ဖြစ် ချစ်ဖို့ ကောင်း ရင် ချစ်မှာဘဲ။ :D
Was this answer helpful?
LikeDislikeMyanmar(Burma)ဆိုတာ အလုပ်ဖြစ်နေပါပြီ။
တစ်မျိုးပြောပြလို့နားမလည်ရင် နောက်တစ်နာမည်ပြောပေါ့နော်။နားလည်ရင်ပြီးတာပဲ။
ကိုယ်တစ်ယောက်ထဲရဲ့အကြိုက်ပြောရရင်တော့ မြန်မာဆိုတာကြိုက်ပါတယ်။
ပညာလည်းရှိအမြင်လည်းကျယ်တဲ့ ဒေါ်စုအနေနဲ့လည်း (သမီးကိုခိုးပြေးပြီးသွားလို့ စိတ်ဆိုးပေမယ့် အရည်အချင်းသိပ်မဆိုးတဲ့သားမက်ကို ခွင့်လွှတ်ပြီးလက်ခံရသလို)သုံးနှုံးနေတာ သက်တမ်းအတော်ရနေပြီဖြစ်တဲ့ မြန်မာကို လက်ခံပေးလိုက်ရင် အားလုံးပြေလည်သွားမှာပါ။
နောက်ကြောင်းပြန်မလှည့်ကြပါနဲ့တော့။
နောင်ကိုသာ ပြည်သူအများသဘောမညီတဲ့ကိစ္စတွေကို အစိုးရက အဓမ္မမလုပ်အောင်တားကြရမယ်လို့မြင်ပါတယ်။
…………
ကျွန်မ နဲ့ကျမမှာ ရိုက်ရတာပိုသက်သာတာကြောင့် ကျမတော့ ကျမလို့ပြောင်းသုံးနေပါပြီ
Was this answer helpful?
LikeDislikeကျနော်လည်းထောက်ခံပါတယ်
အခုကစပြီး ကျနော်လို့ ဘဲသုံးပါတော့ မယ်ဗျို့ 
Was this answer helpful?
LikeDislikeအစအဆုံးရေးလာတာ အကောင်းတွေချည်းမှဘဲ နောက်ဆုံးအဆုံးသတ်မှာ
ဘယ်လို အဆုံးသတ်လိုက်ပါလိမ့်ဗျာ။
Was this answer helpful?
LikeDislikeအမေစုကိုလည်း မြန်မာလို့ပဲ သုံးပေးစေချင်ပါတယ်။နေရာ တော်တော်များများ မြန်မာလို့ သုံးနေပြီ ထင်လို့ပါ။
မြန်မာလို့ ပြောလို့ မသိတော့လည်း ဗားမားလို့ ခေါ်သေးတယ်လို့ ထပ်ပြောလိုက်မှာပေါ့။ ဘာပဲ ဖြစ်ဖြစ်လိုရင်းက သိဖို့ပဲလေ။
ကျမလို့ပဲ သုံးနေတာ ကြာပေါ့။
Was this answer helpful?
LikeDislikeသက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်က…
ကျွန်သဘောက် အမည်တပ်ခံထားရသူ… ကျေးတော်မျိုးကျွန်တော်မျိုးတွေက.. ကျွန်တော်မျိုးလို့.. သုံးနှုန်းပြီး..ခေါ်ဝေါ်ပြောဆိုကြရချိန်မှာ…
မူးကြီးမတ်ရာနန်းတွင်းသားတွေက.. ကျုပ် ..ကျန်ုပ်လို့သုံးကြတယ်မှတ်ခဲ့ဖူးတယ်..
ဘုရင်ကိုယ်တိုင်က.. နင်..ငါ သုံးတာလည်းရှိတယ်.. ကျုပ်သုံးတာလည်းရှိတယ်လို့.. မှတ်ဖူးတယ်..။
ကျုပ်က.. (ကျွန်နုပ်ကလာတာဖြစ်နိုင်ပေမဲ့..) ကျွန်တော်ထက်.. နည်းနည်းများသာသလားလို့..
.. မြန်မာလူမျိုးထဲ..ပထမဆုံးပါမောက္ခ ဦးဖေမောင်တင်က..နင်..ငါနဲ့…. သခင်ဘသောင်းသုံးတော့.. ကြိုက်နှစ်သက်တယ်ပြောဖူးတာပဲ..
(ဦးဖေမောင်တင် က.. သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ ဇော်ဂျီတို့ရဲ့ ဆရာပါ)
(သိသလောက်တော့.. သခင်ဘသောင်းက.. မြန်မာတွေ သခင်စိတ်မာန်တွေရှိစေချင်လွန်းလို့.. ကျွန်တော်..ကျွန်မမသုံးရအောင်.. အရင်ဆုံးလုပ်ခဲ့သူပါပဲ..
သူသာ သေသွားတယ်.. မအောင်မြင်ခဲ့ဘူး..။)
ဒေါ်စုကတော့.. အချုပ်ကလွတ်လွတ်ချင်း.. ဒီလိုလေး..ရေးဖူးတယ်..။(ဒါမှမဟုတ်) ရေးထားတာကို.. အမှတ်ကလေးခြစ်ပြီး.. အသိအမှတ်ပြုဖူးတယ်..။

ကျမတဲ့…။အဲလိုရေးလို့.. အဲဒီတုံးကစစ်အစိုးရဘက်တော်သားတွေများ.. မြန်မာစာမတတ်ဘူး..ဘာဘူးနဲ့.. ရေးလိုက်တာမှ.. ပလူကိုပျံခဲ့တာပေါ့…။
Was this answer helpful?
LikeDislikeယနေ့မှစ၍ ရွာဦးသျှောင်အဓိပတိအား ဒဂျီးဟု မှန်ကန်စွာခေါ်ဆိုကြရန်နှင့် မမှန်မကန်စာလုံးပေါင်းခေါ်ဆိုပါက ပွိုင့် ၁၀၀ စီနှုတ်မည်ဖြစ်ကြောင်း အရည်မရအဖက်မရ စာလုံးပေါင်းစိစစ်ရွေးချယ်ရေးကော်မရှင် (ကိုယ့်ဘာသာဖွဲ့၊ ကိုယ့်ဘာသာခန့်) မှ သတိပေးခြိမ်းချောက်ထုတ်ပြန်လိုက်သည်….။ :D
Was this answer helpful?
LikeDislikeမြန်မာ ဖြစ်ဖြစ်၊ ဗမာ ဖြစ်ဖြစ်
ကျွန်တော် ဖြစ်ဖြစ်၊ ကျွန်မ ဖြစ်ဖြစ်
နာ သိဘူး …
(ဘာသိမတုန်း နာဂ ငကြောင်ကိုး)
နာ သိဒါက ကစ်ဖို့ပဲ …
လိုက်ဦးမလား ..
မလိုက်ရင်လည်း နေပေါ့ ..
နာဂဒေါ့ ဒါဗြဲ ……. :D
Was this answer helpful?
LikeDislikeကျော် လည်းတင်သွင်းပါ့မယ်
Was this answer helpful?
LikeDislikeအဆင်ပြေသလို ရေးကြပြောကြတာ ကောင်းပါတယ် ဗိုက်ဗိုက်စိန်ရယ်။
ကျတိလို့ ပြောတဲ့လူတစ်ယောက်တောင် ဒီဆိုက်ထဲ မြင်ခဲ့ဘူးသဗျ…။
အဲဒီတော့
ကျွန်တော်ကတော့ ကျွန်တော်ပဲဗျာ။
ပြောင်းချင်တော့ဝူးရယ်…။
:D
Was this answer helpful?
LikeDislikeဘယ်သူတွေ ပြောင်ပြောင် မပြောင်ပြောင်
ကျော်ကတော့ ကျော်ရှိုပီး ပြောင်လိုက်ဘီ..ဂိန်..
တိုရီးတို့  မရီးတို့  ဆွေးနွေးမှုများအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျား။
Was this answer helpful?
LikeDislikeဗိုက်ဗိုက်ရေ့။
နင့်ဆီမှာ ကွန်းမန့်ပေးလိုက်တာ ၁၅ ပွိုင့်တောင် တက်သွားတယ်ဟ။
ငါ ဟိုနေ့က ဇွန်လရဲ့ မိုးရေစက်များ တင်တာ ၃၀ ပဲရတယ်။
အဲဒါကြောင့် ၃၀ ပြည့်အောင် နောက်တစ်ခါ ထပ်မန့်သွားတယ်။
နင်လည်း ၂ ပွိုင့်ယူပေါ့ နော့။
:D
Was this answer helpful?
LikeDislikeဒေါ်စုက ဘားမားလို့ မပြောင်းမလဲ ခေါ်ရဂျင်း အကြောင်းအရင်းဂ စစ်ဗိုလ်တွေ တိုင်းပြည်အမည်ကို ပြည်သူ့ဆန္ဒမခံယူဗဲ ကိုယ်ပိုင်ပစ္စည်းတခုလို ပြောင်းဂျင်တိုင်းပြောင်းခဲ့ အသုံးချခဲ့တာကို ကန့်ကွက်တဲ့သဘော ဖြစ်ပါတယ်။ စစ်တပိုင်းအစိုးမရအနေနဲ့ တကယ်ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ပြည်သူ့ဆန္ဒခံယူကြည့်လိုက်ပါလား။ နအဖလက်ထက်မှာ ပြောင်းလဲခဲ့တဲ့ နိုင်ငံအလံလည်း တရားမဝင်ဘူး။
မီးတုတ် မီးတုတ် ရှို့ရှို့…
Was this answer helpful?
LikeDislikeမနေ့ကတော့ဝင်မန့်ခဲ့သေးတာပ ကိုရွှေကဝန်နရှင်ဒွက်ခပေးလိုမတတ်သွားဘုးဗျ၊ အချိန်သိပ်မရလို့မမန့်နိုင်တော့ဘူးဗျာ မကွေးတိုင်းဒေသကြီးဆိုတာတောင်စာရေးရတာလည်း စာလုံးရေများသလိုခေါ်ရတာလည်းမောသဗျ။ အခေါ်ဝေါတွေကြောင့်တိုင်းပြည်ကတိုးတက်မလာပါဘူးဗျာ အားလုံးတတ်နိုင်သမျှဝိုင်းကြိုးစားမှတိုးတတ်မှာပါဗျာ။
Was this answer helpful?
LikeDislikeအူးဗိုက်ရေ..
အယူအဆလေးတွေ..ဆက်လက် တင်ပြပါဦး..ဂျ
Was this answer helpful?
LikeDislikeကျနော်ကတော့…မြန်မာလို့သာ တသမတ်တည်းခေါ်စေချင်တာဘဲ..
“ကျနော်” စသုံးပါဂျောင်း…
Was this answer helpful?
LikeDislikeမြန်မာလို့ ခေါ်တာပဲ ကြိုက်ပါတယ်…ဦးကြောင် ပြောသလိုပဲ မြန်မာလို့ ပြောင်းတာကို မကြိုက်ရင် အလံသစ်ပြောင်းထားတာကိုပါ ဆန္ဒပြပေးပါ…လူတစ်ရာကို သွားမေးကြည့် အနည်းဆုံး ၉၉ ယောက်၊ အများဆုံး ၁၀၀ လုံးက အလံဟောင်းကိုပဲ ကြိုက်ပါတယ်လို့ ပြောလိမ့်မယ်…
ဒါမှမဟုတ်ရင် ဗမာ နဲ့ မြန်မာ ကို မဲပြန်ပေးခိုင်း..နိုင်တဲ့ အတိုင်းခေါ်မယ်…
မွန်မွန်ကတော့ မြန်မာပဲ သဘောကျတယ်..မြန်မာလို့ပဲခေါ်မယ်…
အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဟာသတစ်ခုပြောလိုက်ဦးမယ်…
ပထမနှစ်ကျောင်းတက်တော့ အဆောင်နေတုန်းက အဆောင်ပိုင်ရှင်က အသက် ၇၀ ကျော် အပျိုကြီး၊ ကျောင်းဆရာမဟောင်း..အရမ်းလည်း ပစိပစပ်များတယ်… မွန်မွန်တို့ အဆောင်သူ သူငယ်ချင်းတွေ နင်..ငါ..နဲ့ စကားပြောတော့ သူက ပြောတယ်…နင်တွေငါတွေနဲ့ အခုခေတ်ကလေးတွေ အရမ်းရိုင်းတယ်တဲ့..ကြီးကြီးတို့တုန်းကဆို အဲဒီလိုမပြောဘူး…ယူနဲ့ အိုင်နဲ့ပဲ ပြောတာတဲ့….
ဆိုတော့ကာ…လောလောဆယ်တော့ စကားပြောရင် နာမည်ပဲ ထည့်ပြောတာကောင်းမလား…ကျနော် ကျမ ဆိုတာကတော့ သတ်ပုံကျမ်းထဲမှာ မပါသေးသောကြောင့် သတ်ပုံမှားသည်ဟု သတ်မှတ်ပါကြောင်း…
Was this answer helpful?
LikeDislikeသတ်ပုံအတွင်းရေးမှုး အစိုကို ကျော် ထပ်ပြီး ထောက်ခံပါတယ်..။
Was this answer helpful?
LikeDislikeဗိုက်ဗိုက်က ဒီလိုလည်းတော်တာပဲ
Was this answer helpful?
LikeDislikeရှေး ခေတ်ထဲက ကျမကို ကျွန်မလို့သုံးတာ ဒီနေ့ထိတောင်တွေ့နေပါသေးတယ် ဒါပေမယ့်တက်နိုင်သလောက် အမေစုပေါင်းပြနေပါတယ် ကျမ လို့ရေးသား ပြထားပါတယ်
Was this answer helpful?
LikeDislikeဟုတ်ပါဒယ်..ဟုတ်ပါဒယ်..
ပြောင်းသင့်ကြပါဘီ..ပြောင်းကြပါတော့..
Was this answer helpful?
LikeDislikeကျနော်ကတော့ အရင်တုန်းက ကျွန်တော်လို့ရေးနေရာကနေအခုတော့ ကျွန်တော်ကနေ ကျနော်လို့ပြောင်းရေးလိုက်ပြီ။
ကျွန်တော်ကနေ ကျနော်လို့ပြောင်းရေးပြီးတစ်ခါ ကျနော်ဆိုတာကို ကျနော်လို့မရေးပဲ
ကျနော်ကနေ(အော် နှစ်လုံးထဲနဲ့ဘောင်းဘီကျပ်လိုက်တာ) ကျော်လို့ပြောင်းမရေးတော့ပါဘူး။
ကျနော်ကတော့်ကျွန်တော်ဆိုတာကို ကျနော်လို့ရေးခဲ့တဲ့အတိုင်း ကျနော်လို့ပဲဆက်ရေးပါတော့မယ်….
မောလိုက်တာ……..
Was this answer helpful?
LikeDislike