” တရားစစ်ပွဲ အရေးကြီးပြီ “
မိတ်ဆွေတို့……………..
ခေါင်းစဉ်ကြည့်ပြီးတော့ တလွဲမတွေးကြပါနဲ့။ “တရား” ဆိုတာက ကိုယ်မှန်တယ်ထင်လို့ခံယူကျင့်သုံးတဲ့
ပညာရှင်တွေရဲ့ အဆုံးအမကိုပြောတာပါ။
“စစ်” ဆိုတာက ရွှေမှန်ရင် မှတ်ကျောက်တင်ခံနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာမို့ ရွှေမှန်တယ်၊ မမှန်ဘူးသိရအောင်
စစ်ဆေးတာမျိုးကိုပြောတာပါ။
ဆိုတော့……………..
ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးလည်း ကိုယ်ကမှန်တယ်ထင်လို့ ဆောင်ခိုင်းသမျှ၊ ရှောင်ခိုင်းသမျှတွေကို
ဆောင်ကြ၊ ရှောင်ကြ၊ လိုက်နာကျင့်သုံးနေကြပေမယ့် တကယ်တမ်းကိုယ်ယုံကြည်ထားတဲ့ တရားတွေဟာမှန်တယ်၊ မမှန်ဘူးလို့
စစ်ဆေးတဲ့သူအတော်ရှားပါးနေတာကို တွေ့ကြရပါတယ်…ပေါ့…။
ဗုဒ္ဓကတော့ပြောသွားလေရဲ့ ……..
သူ့တရားစစ်တယ်၊ မစစ်ဘူးဆိုတာကိုသိဖို့တော့ သူ့တရားတွေမှာအရည်အချင်းရှိပါတယ်….တဲ့။
အဲဒါကို တရားဂုဏ်လို့လည်းခေါ်ပါတယ်……တဲ့။
အဲဒီတရားဂုဏ်ဆိုတာလည်း(၆)ပါးရှိပါတယ်…..တဲ့။
အဲဒါကိုမှမသိရင်တော့၊ စစ်မှန်းလည်းမသိသလို၊ မစစ်မှန်းလည်းသိမှာမဟုတ်ပါဘူး…တဲ့…လို့…
ယူဆလိုပါတယ်။
ဒါကြောင့် တရားစစ်မစစ်သိလိုလျှင် တရားဂုဏ်တော်(၆)ပါးကို အထူးတလည်
လေ့လာကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါကြောင်း……..



သူကြီးရေ လိုင်းပြုတ်သွားလို့..ထပ်တင်မိသွားတယ်။ နှစ်မျိုးထပ်နေတာကြောင့် တစ်ခုကိုဖြုတ်လိုက်ပေးဖို့ မေတ္တာရပ်ခံပါကြောင်း…။
Was this answer helpful?
LikeDislikeကျနော့်ကို အတွေးပါးပါးလေး(ခရက်ဒစ်တူ လေးပေါက်) ရစေတဲ့
စာလေးမို့ တလေးတစား အေးပါး(ကာရံညီအောင်လို့)………….
အားပေးသွားပါကြောင်း..
Was this answer helpful?
LikeDislikeဖတ် ရှု လေ့ လာ သွားပါသည်
Was this answer helpful?
LikeDislikeမိုးချမ်းမြေ့ရေ…
တရားဂုဏ်တော် (၆)ပါးဟာ တရားဟုတ်မဟုတ် စစ်ဆေးဖို့ပေတံတွေဘဲ..ဒါပေမဲ့ ဒို့မြန်မာနိုင်ငံမှာတော့
ရွှတ်ဖတ်တာလောက်နဲ့ဘဲ လမ်းဆုံးနေကြတယ်…ဓမ္မစကြာလည်း ရွှတ်ဖတ်တာလောက်နဲ့ဘဲ လုပ်နေကြတော့တယ်.. တကယ်တော့ တရားသိနိုင်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မသိကြတော့ဘူး…
တရားဂုဏ်တော် (၆)ပါးဆိုရင်.. ဘယ်နှစ်ခေါက်ရွှတ်ရင်..ဘာဖြစ်တယ်. တချို့များဆိုရင်ပြောင်းပြန် ဘယ်နှစ်ခေါက်ရွှတ်ရင် အန္တရာယ်ကင်းတယ်..လို့တောင်လုပ်တာတွေကရှိသေးတယ်…အတည့်တောင်မှ အဓိပါယ် အကုန်မသိတာ… ဘုရားတရားဟာ ဒို့မြန်မာလက်ထဲ ရောက်မှ ကပြောင်းကပြန်တွေ ဖြစ်ကုန်ပြီ…မိုးချမ်းမြေ့ရေ..လုပ်ပါဦး???…….
Was this answer helpful?
LikeDislikeတရားဂုဏ်တော်ဆိုတာက…ကိုယ်လေ့လာနေတဲ့တရားက တရားစစ်တယ်..မစစ်ဘူး၊ ကိုယ်ရရှိနေတဲ့ တရားကမှန်တယ်..မမှန်ဘူးဆိုတာကို စစ်ဆေးတိုင်းတာရမယ့်..အရာတခုကလွဲပြီး တစ်ခြားနေရာတွေမှာ..အသုံးပြုရတာမဟုတ်ဘူးပေါ့..က ko out of ရာ..။
ခုဟာက…ကျမ်းမာရေးချူခြာလည်း..ဂုဏ်တော်၊ စီးပွားပျက်လို့ ပြန်တက်ချင်လည်း..ဂုဏ်တော်၊ ဈေးရောင်းကောင်းချင်သူတွေကလည်း
ဂုဏ်တော်….ကားသမား…. မြင်းလှည်းသမား..အရက်ရောင်းသူ…ဟိုဟာထောင်စားသူ..
အဲသလို….ကိုယ်ယုံကြည်ရာကို ကိုယ်မြင်ရာကို လုပ်ကြချိန်မှာလည်း..ဂုဏ်တော်ကို…
သက်စေ့ရွတ်…အခေါက်တစ်ထောင်ရွတ်…ပြောင်းပြန်ရွတ်..အတည့်ရွတ်တွေလုပ်နေတာဟာ “အနှစ်” ဆိုပြီး အော်နေတဲ့ဗုဒ္ဓရဲ့သာသနာကို “အရွတ်” သာသနာဖြစ်အောင်လုပ်လိုက် တာဖြစ်သလို တရားမှန်တယ်၊ မမှန်ဘူးဆိုတာကို စစ်ဆေးရမယ့်… တရားရဲ့ တကယ့်ဂုဏ်ရည်ဂုဏ်သွေးကိုလည်း…မှိန်အောင်လုပ်သလို..ဖြစ်ရတယ်ပေါ့ဗျာ..။
Was this answer helpful?
LikeDislikeတရားစစ်ပွဲကြီးမှာ ဗုဒ္ဓရဲ့တရား စစ်မစစ်ကို မှတ်ကျောက်တင်ဖို့အတွက်
http://www.ariyathitsa.org/html/mp-3.html စာမျက်နှာမှာရှိတဲ့
“တရားဂုဏ်တော် (၆) ပါး”
http://www.mediafire.com/?mn1d98unczx8ho6#2 ဆိုတဲ့ မှတ်ကျောက်တစ်ခု လမ်းညွှန်လိုက်ပါတယ်။
Was this answer helpful?
LikeDislikeကျေးဇူးပဲ eralman ရေ…။ တရားဂုဏ်တော်ဆိုတဲ့ တရားအရည်အချင်းအစစ်မှန်ကို လေ့လာနိုင်ဘို့အတွက် အခုလို ညွှန်ပေးလိုက်တာကို special thank ပါ။
Was this answer helpful?
LikeDislikeကျွန်တော်လည်း ဖတ်ရှုသွားပါတယ် ခင်ဗျာ…။
ဆိုတာလေးလည်း မှတ်သားသွားပါကြောင်း…။
Was this answer helpful?
LikeDislike