အိမ်
“အိမ်” ဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတာနဲ့ အဝေးရောက်နေသူများအဖို့ လွမ်းဆွတ်မှု၊ နွေးထွေးသလို ခံစားမှုနဲ့ အိမ်မှာရှိတဲ့ အိမ်သားအားလုံးကို သတိရမှုတွေအကြောင်း မိမိ မျက်နှာနဲ့မျက်ဝန်းတွေက အလိုလို ဖော်ဖော်ပြနေကြတယ်။ အိမ်မှာရှိနေတုန်းက တန်ဖိုးမထားခဲ့မိ။ အဝေးရောက်သွားမှ အိမ်ဆိုတဲ့ နေရာလေးတစ်ခုမှ ရှိနေကြတဲ့ အမေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ ညီအစ်ကို မောင်နှမများရဲ့ ပွင့်လင်းနွေးထွေးတဲ့ မေတ္တာတွေကို နားလည်တတ်ခဲ့ပြီ။
“ဘဝ” ဆိုတဲ့ ဘတ်စကားကြီးကို စီးနေကြချိန်မှာ ခရီးဖော် မိတ်ဆွေ၊သူငယ်ချင်း များနဲ့ ဆုံကြချိန်မှာတော့ အိမ်ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို အခါအလျှောက် မေ့လျှော့ခဲ့ဖူးကြပေလိမ့်မည်။ ဘဝ ဆိုသည့် ဘတ်စကားကြီးပေါ် စီးလာတာချင်း တူပေမယ့် တစ်ဦးနှင့်တစ်ဦး အဆင်းမှတ်တိုင်ချင်း မတူကွဲပြာကြသဖြင့် တစ်နေ့နေ့ ဆိုသည့်အချိန်မှာတော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခွဲခွာကြရသည်မဟုတ်ပါလား။ လမ်းခရီးတစ်လျှောက် ကြုံတွေ့လာရတဲ့အခက်အခဲများကို တတ်နိုင်သမျှ ကျော်လွှားရင်း ခံနိုင်ရည်မရှိတော့ချိန်မှာတော့ အိမ်ဆိုသည့် မိမိအတွက် တန်ခိုးရှင် ကြီးကိုတော့ ချန်လှပ်၍ထားလို့ ရမည်မဟုတ်ပေ။
ကျွန်ုပ် အတွက် မေတ္တာ၊ စေတနာ၊နားလည်မှု၊ နွေးထွေးမှုတွေ ပေးတဲ့နေရာ။
ကျွန်ုပ် အတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်တဲ့ နေရာ။
ကျွန်ုပ် အားငယ်တဲ့အခါ နှစ်သိမ့်မှုတွေနဲ့ နွေးထွေးမှုတွေ ပေးတဲ့နေရာ။
အိမ်အကြောင်းပြောလျှင် ကုန်နိုင်လိမ့်မည်မဟုတ်။
ဘာရယ်လို့မဟုတ်ပါရှင် အိမ်ကိုလွမ်းလို့ ရေးချမိတာလေးပါ၊ လူတိုင်းလဲ အိမ်ကို ချစ်မြတ်နိုးလိမ့်မယ်လို့ ထင်ပါတယ်ရှင်။ အိမ်နဲ့ ဝေးနေကြသူများလဲ အိမ်ဆိုတဲ့ နေရာလေးကို ပျော်ရွှင်ချမ်းမြေ့စွာ ပျံသန်းနိုင်ကြပါစေရှင်။။။။။။။။



mamanoyar ရေ…
အိမ် နဲ့ ဝေးတဲ့အချိန်ကျမှ အိမ်ရဲ့ တန်ဖိုးကို နားလည်ခဲ့ရပါတယ်။
အိမ် နဲ့ ဝေးကွာနေသူအားလုံး အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ကြပါစေ…
Was this answer helpful?
LikeDislikeအဓိက ကတော့ home sweet home ဖြစ်ဖို့ အရေးကြီးပါတယ်
Was this answer helpful?
LikeDislikeအမေ့အိမ် ဆိုရင် ပိုပြီး ခံစားရမယ်
သာယာမယ်ထင်တယ်။
Was this answer helpful?
LikeDislikeအခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်ရှင်
Was this answer helpful?
LikeDislikeမမနိုရာရဲ့စာကိုဖတ်ရမှ
အိမ်ကိုပိုလို့တောင်သတိရမိပါတယ်
Was this answer helpful?
LikeDislikeအဟမ်း…အဟမ်း
ဒို့တော့ အိမ်ကို ပိုက်ပိုက်ကုန်မှပဲမှတ် ရတယ်….P
Was this answer helpful?
LikeDislikeဟုတ်ပါတယ် နိုရာရေ…
တစ်ခါတစ်လေ အရမ်းမွန်းကျပ်လာရင် အိမ်ကို သတိရတယ်။ ဒါပေမယ့် ပျော်ရာမှာမနေ၊ တော်ရာမှာနေ ဆိုသလိုပဲလေ..
Was this answer helpful?
LikeDislikeွှအိမ်ဆိုတဲ့ အရိပ်နဲ့ ကင်းကွာတဲ့ အချိန်လေး ခဏတော့ ရှိခဲ့ဖူးတယ် ။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မဖြစ်ဘူးတဲ့ တမ်းတစိတ်မျိုးလည်း ရှိခဲ့ဖူးတယ် ။ အိမ်မှာနေစဉ်မသိရဘူး အဝေးရောက်မှ သိရတာမျိုးလေ ။
လူအများစုမှာ အိမ်ရှိကြပါတယ် … အိမ်ဆိုပေမယ့် .. နွေးနွေးထွေးထွေးရှိမှ ဆွဲမက်ဖွယ်ကောင်းတာမျိုးလေ … ။
တစ်ချို့ကျတော့လည်း အိမ်တော့ရှိပါရဲ့ အိမ်ထဲက မိသားစုချင်း ပြသနာပေါင်းသောင်းခြောက်ထောင်ဆိုလျှင် အရမ်းကို စိတ်ညစ်စရာကောင်းမှာ … ။ ရွေးချယ်ခွင့်မရှိပဲ တော်စပ်ရတဲ့ မောင်နှမသားချင်း မတည့်လျှင်လည်း ခေါင်းကိုက်စရာကြီးလေ …. ။ ဒါပေမယ့် တမိုးအောက်မှ နေရတာမျိုးပေါ့ ။
မိသားစုကံကောင်းလား .. ဆိုးလား လည်း ကြိုမသိတော့ … အိမ်ချင်းတူပေမယ့် … သာယာနိုင်မလား ၊ မသာယာဘူးလားဆိုတာ ကြိုတွေးရခက်တယ်လေ … ။
ကိုယ်တိုင်တည်ထောင်ရမယ့် မိသားစုနဲ့ အိမ်လေးဆိုလျှင်တော့ …. ကိုယ့်စိတ်တိုင်းကျ ပုံဖော်ထုဆစ်ခွင့်ရလို့ .. နွေးထွေးတဲ့ အိမ်လေးဖြစ်မယ် ထင်မိတာပါပဲ ။
Was this answer helpful?
LikeDislikeဟိုအရင် အချိန်တွေ…
တမ်းတလို့……
ပျော်ရွှင်စရာ မိသားစုအိမ်လေး….
လွမ်းမိပြန်တယ်….
တမ်းတမ်းတတ နဲ့…….
ပြန်လိုချင်တယ်….
ဟိုအရင်အချိန် က……
မိသားစုအိမ်လေး…..။။။။
Was this answer helpful?
LikeDislikeအိမ်………… အမေ့ရဲ့ နွေးထွေးမှုတွေ ပေးစွမ်းနိုင်နေတဲ့နေရာ
အိမ်……….. မောင်နှမတွေနဲ့ ပျော်ရွှင်စွာ စနောက်နေတဲ့နေရာ
အိမ်……….. အကြင်နာ၊ မေတ္တာတွေနဲ့ သည်းခံမှုတွေ ပေးစွမ်းနေတဲ့နေရာ
လို့ မြင်မိပါတယ်။
Was this answer helpful?
LikeDislikeနိုရာ့ ပိုစ့်လေးကို ဖတ်ပြီး comment
ပေးကြတဲ့ ကိုရန်ကုန်သား
ho leo/
p chogyi
မမညာသူ၊
ဂွက်ဂွက်
မွန်မွန်
e tone
မိုက်မိုက်နဲ့ မမမနောတို့ကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်
Was this answer helpful?
LikeDislikeအိမ်ဆိုတာ…လုံခြုံမှုထက် နွေးထွေးမှုကိုမျှဝေတဲ့နေရာပါ
Was this answer helpful?
LikeDislikeကျွန်ုပ်အားငယ်တဲ့ အခါနွေးထွေးမှုနဲ့ အားပေးတဲ့ နေရာ….တဲ့ လား…
ကောင်းလိုက်တဲ့ စာသားလေးပါ…မမနိုရာ…..
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Was this answer helpful?
LikeDislikeနိုရာ့ ရဲ့ ပို့ စ်ကို ဖတ်အပြီးမှာ
ချက်ချင်းအိမ်ပြန်ချင်စိတ်တွေ ပေါက်တဲ့အထိအောင် ခံစားရပါတယ် နိုရာလေးရယ်
Was this answer helpful?
LikeDislikeကိုခိုင်မင်း၊ ကိုမိုးမင်းသား နဲ့ ဦးပေ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
Was this answer helpful?
LikeDislike