ဘ၀ ..စိတ်ကူး ..

 

ငါ့အတွက် မင်းမှာ

ပြုံးပွင့်ဝေတဲ့ နေ့တွေ မရှိတော့ဘူးလား…

ငါ့အတွက် မင်းမှာ

ပျော်ရွင်ခဲ့တဲ့ အချိန်တွေ မရှိတော့ဘူးလား…

ငါ့အတွက် မင်းမှာ

ထ၀ရချစ်နေခွင့် မပေးနိုင်တော့ဘူးလား…

မင်းအတွက် ငါ့မှာတော့ မကုန်ဆုံးတဲ့ ချစ်ခြင်းတွေကို

ငါ့ဘ၀ရဲ့ မာတိကာမှာ

အစဉ်အတိုင်း ချမှတ်ထားဆဲပါ ချစ်သူရယ်…

သေသူကိုအသက်သွင်းလို့ ရခဲ့မယ်ဆိုရင်

ငါ့နှလုံးသားကိုလဲ ပြန်ရှင်သန်ခွင့်လေး ပေးခဲ့ပါကွယ်…

အချိန်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်ပါတယ်…

 

* May *

ဒီကဗျာလေးကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကရေးထားတဲ့ကဗျာလေးပါ..

ခုတော့ဟုတ်ဘူးပေါ့နော် … :P

 

may july

About may july

may july has written 8 post in this blog.