ရုရှားနိုင်ငံအတွက် သူလျှို ပြုလုပ်ပေးသူ ၁၀ ဦးအား ဖမ်းဆီး
|680- Hits|ရုရှားနိုင်ငံ ထောက်လှမ်းရေး ဌာနအတွက် သူလျှိုလုပ်ငန်း လုပ်ကိုင်ပေးနေသော အမေရိကန် နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများက ထုတ်ဖော်ပြောဆိုသည်။ ကျန်တစ်ဦးမှာမူ ယခုထက်တိုင် လွတ်မြောက်နေဆဲ ဖြစ်သည်။ အဆိုပါ သူလျှိုများအား နယူးယောက်၊ နယူဂျာစီ၊ မက်ဆာချူဆက်နှင့် ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းတို့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သူလျှိုများအား တရားရေးဌာနနှင့် အက်ဖ်ဘီအိုင် အဖွဲ့တို့မှ နှစ်ပေါင်းများစွာ စုံစမ်းထောက်လှမ်း ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လူ ၉ ဦးအား ငွေကြေး ခ၀ါချမှု၊ လုပ်ငန်းတွင် ပူးပေါင်း ပါဝင်မှုဖြင့် ဖမ်းဆီး နိုင်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမူ အမေရိကန်နှင့် ရုရှားသမ္မတတို့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေး၍ စစ်ရေးကာလအတွင်း တည်ဆောက်ထားခဲ့သော အရေးပေါ်တယ် လီဖုန်းလိုင်းများကိုပင် ဖြတ်တောက် ရပ်ဆိုင်းရန် သဘောတူညီခဲ့ကြသည်။ (အေအက်ဖ်ပီ)
Related posts:
- ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်ကာ ကျပ်သိန်း ၅၀၀ တောင်းသူ လူငယ် တစ်ဦးအား ဖမ်းဆီး
- ကဲ မှတ်ကရော ဟ
- ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့ ဘာသာရေးအယူသီးမှု
- အီရန် နျူကလီးယား သိပ္ပံပညာရှင် အမေရိကန်သို့ တိမ်းရှောင် ခဲ့
- ကမ္ဘာ့မြို့တော်များ ထိပ်သီး အစည်းအဝေးပွဲ ကျင်းပ


ဒီသတင်းအရ သူလျှိုလုပ်သူတွေဆိုတာသိရင် ဖယ်ဒ၇ယ်အစိုးရက ၅နှစ်အထိထောင်ချနိုင်တယ်ဆိုပါတယ်။
ဒါပေမဲ့ ငွေကြေးခ၀ါချတာကတော့ အနှစ်၂၀ ဆွဲစေ့နိုင်ပါသတဲ့။
၂ခုပေါင်းဆိုရင်တော့ သိပ်ချောင်မဲ့ပုံ မပေါ်ပေမဲ့.. ရုရှားနဲ့ ချစ်ကြည်ေ၇း ဘာဘာညာညာတွေနဲ့ရောပြီး ကွင်းလုံးကျွတ်လွတ်ချင်လွတ်လိုက်မှာပါပဲ။
ဒါမှမဟုတ် ရုရှားမှာမိထားမဲ့ အမေရိကန်သူလျှိုနဲ့လူချင်းလဲချင်လဲမယ်ပေါ့။
စစ်အေးခေတ်က သူလျှိုလုပ်တာမျိုးဒီခေတ်မှာအထိရှိနေသေးတာ အံ့သြစရာပါ။
Was this answer helpful?
LikeDislikeသူလျှိုဆိုတာနိုင်ငံတစ်နိုင်ငံရဲ့အတွင်းရေးတွေကိုသိအောင်လုပ်တာပါကျနော်တိုမြန်မာစကားပုံမှာမသိရင်မသာဖြစ်တယ်သိရင်သာတယ်ဆိုတာပြောတာပါ
Was this answer helpful?
LikeDislikeသူလျှိုမရှိလို့ဘယ်ဖြစ်မလဲ ၉ယောက်မိရင် နောက် ၁၈ ယောက်လာပါလိမ့်မယ်ကွာ။အေးဆေးပေါ့။ပူပန်မနေတော့နဲ့။
Was this answer helpful?
LikeDislikeအကုန်လုံးရောဖတ်လိုက်တာ………..
မြန်မာပြည်ကအမှတ်၂ ရပ်ကွက်မှာမိတာမှတ်လို့ ဟီးဟီး…
Was this answer helpful?
LikeDislike