ကြွေး ယူ ပြုံး ပြုံး…မ မုန်း ရ အောင်
ယ ခင် ကျ မ တို့  မိ ဘ လက် ထက် ဈေး ရောင်း စဉ် အ ခါ က ၊ ဖောက် သည် လက် လီ လက် ကား အ ကြွေး ပေး ရ ၏ ။
အ ချို့ က သ စ္စာ ရှိ ပြီး ၊ အ ဟောင်း ကို ဆပ် ပြီး မှ သာ အ သစ် ထပ် ယူ ၏ ။ တ ချို့ က အ ဟောင်း ကို တ ၀က် ဆပ် ခါ ၊ အ သစ် လည်း ထပ် ယူ ချင် သ ဖြင့် တောင်း ဆို သော အ ခါ ၊ မိတ် ဟောင်း မိတ် သစ် ၊ ဖောက် သည် မ ပျက် ချင် သော ကြောင့် နောက် ထပ် အ ကြွေး ထပ် မံ ပေး လိုက် ရ ပြန် သည် ။
ကာ လ အ တန် ငယ် ကြာ လာ သော အ ခါ တွင် ၊ စာ ရင်း တွေ ထပ် ခါ ထပ် ခါ ရေး ရ သ ဖြင့် ဇတ် လမ်း က ရှုတ် လာ ပါ တော့ သည် ။ ထို အ ခါ အ ကြွေး အ ပြည့် အ ၀ ပြန် မ ဆပ် ချင် သည့် စိတ် ကြောင့် ၊ အ ခြား ရောင်း သူ တစ် ဦး ထံ သို့  ပြောင်း ၀ယ် တော့ တာ မျိုး ကြုံ ကြ ရ ပါ သည် ။ စာ ရင်း ချုပ် လျှင် အ ကြွေး မ ပေး သူ ၏ လက် ကျန် စာ ရင်း က ပေါ် နေ ၏ ။
အ ဟောင်း ပေး အ သစ် လည်း ထပ် မံ မ ယူ တော့ သော သူ ၏ လိပ် စာ ပါ အ တိုင်း အိမ် တိုင် ယာ ရောက် လိုက် လံ တောင်း ယူ ရ ခြင်း ပင် ဖြစ် ပါ သည် ။
ထို အ ခါ မျိုး တွင် အ ဖေ မှာ နေ ကြ ၊ ပြော ဆို ဆုံး မ နေ ကြ စ ကား များ ရှိ ပါ သည် ။ ထို သူ က မ ပေး ချင် သည့် စိတ် ကြောင့် ၊ တောင်း သော အ ခါ ရန် အ တွေ့  ခံ ရ နိုင် သည် ။ အ ကျိုး ကြောင်း ခိုင် လုံ ပြေ ပြစ် စွာ ပြော ဆို ပြ ပြီး မှ သာ တောင်း ဆို ရန် မှာ ပါ သည် ။
အ ဖေ က….
ချစ် သူ မုန်း ဆေး အ ကြွေး ပေး ၊ ဆို သ လို ချစ် ခင် မှု ကြောင့် အား နာ ပြီး ၊ မျက် နှာ ရင်း နေ သ ဖြင့် အ ကြွေး ပေး လိုက် မိ ပါ က ၊ သူ က ပြန် မ ပေး ချင် တော့ လျှင် ၊ တ ဦး ကို တ ဦး မုန်း ရ သည့် အ ဖြစ် မျိုး သို့  ရောက် ရှိ ကြ ရ သည် ။
ဒါ ကြောင့် သာ ရှေး လူ ကြီး များ စ ကား ဆို ရိုး ထား ရှိ လာ ခဲ့ ကြ ခြင်း ကား ….၊ ချစ် သူ မုံး ဆေး အ ကြွေး ပေး ဟု ဆို ကြ ရ သည့် အ ပြင် ၊ နောက် ဆက် တွဲ စ ကား ချပ် အ နေ ဖြင့် ထပ် မံ ဖြည့် တင်း ပြီး မွဲ ဆေး ဖော် သူ နာ လံ မ ထူ ဟူ ၍ ပြော ဆို ကြ ခြင်း ဖြစ် သည် ဟု အ ဖေ မှ ပြော ပြ ခဲ့ ပါ သည် ။
ဆုံး မ စ ကား လေး လည်း ဖြစ် ၍ ၊ မှတ် သား နာ ယူ သင့် ကြောင်း အား……ဆုံး မ ပြော ဆို သွန် သင် ပေး ထား ဘူး ပါ သည် ။
သို့ ရာ တွင် ဈေး ရောင်း ၀ယ် ရာ တွင် ကား………မ တူ ပါ ။ အ ကြွေး နှင့် ကင်း လို ၍ ကား မ ရ ဟု အ ဖေ မှ ထပ် မံ ရှင်း ပြ ပြန် ပါ သည် ။
အ ရောင်း အ ၀ယ် လုပ် ငန်း ကြီး များ လုပ် ကိုင် လာ ပါ က လည်း ၊ ဈေး ရောင်း ၀ယ် မှု စံ နစ် အ ရ ၊ကြွေး မြီ ကြွေး ရှင် ကိ စ္စ များ က အ မြဲ တန်း ရှိ နေ နိုင် သည် ။ ဒါ က လည်း အ ရောင်း အ ၀ယ် သ ဘော တ ရား များ ဖြစ် ကြောင်း ၊ ခွဲ ခြား ကွဲ ပြား နား လည် ထား ရှိ ဘို့ သ ဘော ပေါက် ရန် လို အပ် ကြောင်း ။
ထို သို့  အ ရောင်း အ ၀ယ် ပြု လုပ် ကြ ရာ တွင် လည်း သ စ္စာ ရှိ ရန် လို အပ် လှ ကြောင်း ။ တစ် ခါ ဆက် ဆံ ဆယ် ခါ လံ ၊ အ ဖြစ် မျိုး မ ရောက် အောင် ၊ တည် ကြည် သော စိတ် ၊ သစ္စာ ထား ရှိ သော စိတ် က အ ဓိ က ကြ လျှက် ရှိ နေ သည့် အ ပြင် ၊ မိတ် ပျက် အောင် ဆက် ဆံ မှု မျိုး ကား ရေ ရှည် တွင် မ တည် တံ့ ။ မ ခိုင် မြဲ ပါ ။ မ ယုံ ကြည် ရ ပါ က ၊ နောင် တွင် လုပ် ကိုင် စား သောက် ရာ ၌ လည်း ခက် ခဲ သည့် အ ခြေ အ နေ အား ရင် ဆိုင် တွေ့ ကြုံ နိုင် ရ မည့် အ ပြင် ၊ ဂုဏ် သိက္ခာ လည်း ကျ ဆင်း ရ မည် သာ ဖြစ် သည် ဟု အ ဖေ က ပြော ပြ ပါ သည် ။
အ ကြွေး သွား တောင်း ရာ တွင် လည်း ၊ ချို ချို သာ သာ ဖြင့် အ ကျိုး ကြောင်း ပြ ပြော ဆို ပြီး တောင်း ရန် ၊ စ ကား ကြီး ဆယ် ခွန်း ထဲ မှ ကိုယ် ပြော လို သည့် စ ကား အား ၊ ကောက် ပင် ရိတ် လှီး ကဲ့ သို့  ပိုင် ပိုင် နိုင် နိုင် ပြော ဆို ပြ နိုင် ခဲ့ ရန် ၊ သွန် သင် ပြော ဆို ဆုံး မ ပြီး ၊ ကျ မ အား အ ကြွေး တောင်း ခိုင်း ခဲ့ ပါ သည် ။
အ ဖေ မှာ သည့် စ ကား အ ပြင် ၊ ကျ မ အ နေ ဖြင့် ဗ ဟု သု တ အ ဖြစ် မှတ် သား ထား မှု များ အား လည်း ထုတ် သုံး နိုင် ရန် ကြံ စည် စိတ် ကူး ရ မိ ပါ သည် ။ အ ကြွေး သွား တောင်း ရ မည့် သူ မှာ ဒေါ် သိန်း အေး ၊ အ သက် က လေး ဆယ့် ငါး နှစ် ခန့်  ရှိ သည် ဟု သိ ရ ပါ သည် ။
သူ့  ရောက် ရှိ နေ သည့် အ သက် မွေး နံ ၊ မ ဟာ ဘုတ် ကို မှန်း ဆ ၍ ကြည့် ရာ ၊ ငွေ နံ မှာ အ ထွန်း တွင် ရှိ နေ ပါ သည် ။ ထို နေ့ က အ င်္ဂ ၀ိ ဇ္ဇာ အ ခါ တိုင် အ လို အ ရ ၊ ခင် ကြီး ဖျော် စီ ရင် ရေး သား တော် မူ ခဲ့ သည့် ၊ မု ဆိုး ရွှေ အိုး ရ ကိန်း ဖြစ် သော အ ခါ ၊ အ ချိန် နှင့် တိုက် ဆိုင် ၍ ၊ ၎င်း အ ချိန် အ ခါ တွင် ၊ သူ့  အိမ် သို့ သွား ရောက် ခဲ့ ပါ သည် ။
ဒေါ် သိန်း အေး ၏ နာ မည် ကက် ကင်း ဖြစ် သော အုန်း သီး အ သား အား လက် ထဲ ကိုင် ဆောင် ထား ပြီး ၊ အုန်း သီး အ သား ဖတ် လေး အား စား ရင်း ၊ ဒေါ် သိန်း အေး အား အ ကြွေး ဆပ် ရန် ကိ စ္စ အား အ ဖေ ပြော ခဲ့ သည့် ၊ စ ကား ကြီး ဆယ် ခွန်း ထဲ မှ မိ မိ ဘက် မှ ပြော လို သည့် စ ကား အား ၊ ကောက် ပင် ရိတ် လှီး ဆို သ ကဲ့ သို့  တ ခွန်း မျှ မ ကျန် မ ရှိ စေ ပဲ ၊ ပိုင် ပိုင် နိုင် နိုင် ပြော ဆို ခဲ့ ပါ လျှင်……
ဒေါ် သိန်း အေး မှ မ ရှိ ရှိ သည့် ပိုက် ဆံ လေး အား ၊ သူ့  ၏ အိမ် တွင် အိပ် သွန် ဖာ မှောက် ရှာ ကြံ ခါ ထုတ် ယူ လာ ပြီး ၊ အ ကြွေး အား ပြန် ဆပ် ပေး ခဲ့ ပါ တော့ သည် ။
ဒေါ် သိန်း အေး တ ယောက်……
အ ဖေ့ ထံ က အ ကြွေး ယူ စဉ် ၊ ပြုံး ပြုံး လေး နှင့် ပြော ဆို ပြီး ၊ ယူ ခဲ့ သည် ကို ကျ မ မှ အ မှတ် ရ နေ မိ ပါ သည် ။
အ ကြွေး သွား တောင်း သည့် အ ခါ တွင် ၊ အ ချိန် နှင့် အ ခြေ အ နေ အား တွက် ချက် ကြည့် ပြီး ၊ ယ တြာ လေး ဖြင့် တောင်း ယူ ခဲ့ မိ ခြင်း လည်း ဖြစ် ၍ ၊ အ ဖေ့ ထံ မှ ယူ ထား သော အ ကြွေး အား ၊ ဒေါ် သိန်း အေး မှ ပြန် ဆပ် ပေး လိုက် ၍ ၊ ကြွေး ယူ ပြုံး ပြုံး ၊ မ မုံး ရ အောင် တောင်း နိုင် ခဲ့ ခြင်း အ ပေါ် တွင်…..ပီ တိ ဖြစ် မိ သွား ခဲ့ ရ ပါ သည် ။
ကျ မ မှ အ ကြွေး ဆပ် လိုက် သော ပိုက် ဆံ လေး အား လက် ထဲ တွင် ကိုင် လျှက်…..
အိမ် သို့ စိတ် ချမ်း သာ ၊ ကျေ နပ် ပျော် ရွှင် စွာ ဖြင့် ပြန် လာ နိုင် ခဲ့ ရ ပါ သည် ။။



အန်တီအေးရေ ကတ်ကင်းလုပ်တာနဲ့ပတ်သက်ပြီး အသိတိုးရပါတယ်။ ကျုပ်လဲအကြောင်းရှိရင် အဲဒီနည်းကို မေးပါဦးမယ်။
အခုခေတ် စီးပွားရေးကတော့ အကြွေးပဲ
ရောင်းပြီးငွေချေ အဟောင်းပေးအသစ်ယူ နဲ့လည်ပတ်နေကြရတာကလား
အကြွေးမရောင်းနိုင်တဲ့သူ ငုတ်တုတ်မေ့ပဲ
ငွေရင်းနှီးတတ်နိုင်တဲ့လူ ကောင်းစားတဲ့ခေတ်
Was this answer helpful?
LikeDislikeမမအေးရေ …… ကြွေးယူတုန်းကတော့ ဘယ်နေ့ဘယ်အချိန်ပြန်ပေးပါ့မယ် ဘယ်လိုဘာဖြစ်လို့လိုအပ်နေလို့ ပါ …… ငိုမတပ် ခြေသလုံးဖက်မတတ်ယူတတ်ကြပါလေရဲ့ ….. တကယ်ပြန်တောင်းတော့ ရန်စွာတာတောင်ခံလိုက်ရသေးတယ် …… ညီမပိုက်ဆံကိုချေးထားတာ ပထမတော့ ဖဲ့ဖဲ့ဆပ်နေတယ် ပါတယ် နောက်တော့ နည်းနည်းကျန်တာကို လုံးဝမပေးတော့ပဲ အတိုးရောအရင်းရောမလာပျောက်နေလေ ရဲ့ …… ကိုယ်ကသွားတောင်းတော့သူကမရှိ သူ့အိမ်သူအိမ်သားတွေကိုပြောခဲ့ တယ် ပြောခဲ့ရမလားဆိုပီ ငွေချေးသူရဲ့အမေက ညီမအမေကိုလာတိုင်လေရဲ့ ……. ပူပူနွေးနွေးမနေ့ကမှ အဆူခံရတယ် အမေကပြောတယ် “သမီးက သူ့ညီမရှေ့မှာအကြွေးသွားတောင်းတယ်ဆိုတဲ့” သူကအတိုးမလာ အရင်းမဆပ်တာ ၃ လလောက်ရှိပီ သူများအကြွေးကျတော့မပေး ကိုယ်ကျတော့ ဟိုဟာဝယ် ဒီဟာဝယ်ဝတ် ဒါကို ညီမကိုလာကြွားသေးတယ် ……. တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မမအေးက ဒီပို့စ်ကို ဒီနေ့တင်တယ် ရင်ထဲခံစားချက်ကို ဖော်ပြခွင့်ရတာပေါ့ ………..
Was this answer helpful?
LikeDislikeခိုင်ခိုင်ညီမလေးရေ…
နောင်ကိုဆင်ခြင်စရာလေးတခုဖြစ်သွားတာပေါ့ကွယ်။
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်အမုံးခံရတဲ့ကိစ္စ…
ဖြစ်လာတာက၊ကိုယ်ရဲ့ ပိုက်ဆံကိုချေးလိုက်မိတဲ့ဒုက္ခပါဘဲကွယ်။။
Was this answer helpful?
LikeDislikeကြွေးယူပြုံးပြုံး တောင်းတော့မုန်း
အဆုံးရန်ကြွင်း၏ ဆိုတဲ့စကားက တကယ်မှန်တယ်နော်
ဒါဆို နောက်တစ်ခါအကြွေးတောင်းချင်ရင် ဓါတ်ကင် ဓါတ်ထောင်း
အဲလေ ဗေဒင်နတ်က္ခတ် လိုလားဟင်
Was this answer helpful?
LikeDislike“ကျွှေးယူစဉ်ကကျေးဇူးရှင်
ကျွှေးပြန်တောင်းတော့
ရန်သူထင် ”
စကားပုံလေးလိုပေါ့နော်
မဂွက်လဲ အလိုမျိုးတွေ
ကြုံရဘူးပါတယ်
Was this answer helpful?
LikeDislikeနိုရာလေးရေ….
ကြွေးယူပြုံးပြုံးတောင်းတော့မုန်း…
မမုံးရအောင်ကိုယ်သိထားတဲ့အတိုင်းယတြာလေးကူပြီး..
တောင်းမိခဲ့တာပါ။တောင်းလို့ ရလာခဲ့တော့လည်းပီတိလေးဖြစ်မိခဲ့ရတာပေါ့နော်။။
———————————————————————————————–
ဂွက်ထော်ရေ…
စကားပုံလေးတွေကမှတ်သားစရာ၊ဆုံးမစကားလေးတွေပါဘဲကွယ်။။
Was this answer helpful?
LikeDislikeကျြွေးလာယူတုန်းက ကိုယ်ကသခင်
ကျြွေးပြန်တောင်းတော့ သူကသခင်
Was this answer helpful?
LikeDislikeလူတွေက ဒီလိုပါဘဲဗျာ
Was this answer helpful?
LikeDislikeအန်တီအေးရေ …
သူများကို အကြွေးလည်း မပေးရဲဘူး ။
ကိုယ်လည်း အကြွေးမယူဘူးလို့ နေခဲ့ပေမယ့် .. သနားစိတ်နဲ့
အကြွေးပေးခဲ့ဖူးတယ် …. ။ ထင်တဲ့အတိုင်း ပြန်မဆပ်လို့ … တစ်ခါဆက်ဆံ ဆယ်ခါလန်တောင်ဖြစ်ခဲ့ပါတယ် .. ။
အခုလို သူ့နေ့နဲ့ သူ တွက်ချက်ပြီးမှ အကြွေးသွားတောင်းရတယ်ဆိုတာ .. တကယ်မသိဘူးပဲ …. ။
ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပြီး .. သွားတောင်းရင် တကယ်ရသလား … စမ်းလုပ်ချင်လိုက်တာ .
Was this answer helpful?
LikeDislikeအိတုံရေ….
ဓတ်ရိုက်ဓတ်ဆင်ကတော့….
ကိုယ်တိုင်လုပ်ကြည့်မှပဲသိမှာပါ…
တိုက်ဆိုင်မှုရှိတော့လည်းမှန်တယ်ပြောရမလားပဲ။။
Was this answer helpful?
LikeDislikeဗဟုသုတရစရာလေးမို့ မှတ်သားသွားပါတယ် ရှင့်။
Was this answer helpful?
LikeDislikeအနော်တို့ကတော့ မချေးဘူး …. ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရတယ် ….
Was this answer helpful?
LikeDislikeမှတ်သားသွားတယ် ဖတ်လည်းဖတ်သွားပါတယ် အကြွေးကယူလည်းမကောင်းဘူး ပေးလည်းမကောင်း ဘူးကင်းနိုင်သလောက်ကင်းအောင်နေနိုင်ကျပါစေ။။
Was this answer helpful?
LikeDislike“ကြွေးယူပြုံးပြုံးတောင်းလျှင်မုန်း မဆုံးသော်လည်းမိတ်ပျက်၏ ” ဆိုတဲ့စကားပုံလေးတော့ကြားဖူးပါတယ် ။ အကြွေးပေးလိုက်လို့လည်ပတ်ငွေများလာပြီး လုပ်ငန်းတွေတိုးတက်လာပြီး ကိုယ်အတွက်ဖောက်သည်ကောင်းတွေတိုးတတ်သလို ရလာတဲ့ကြွေးကိုတန်ဖိုးမထားတတ်ပဲ ချဲ ၂လုံးထိုးပြီး သုံးဖြုံးပြီး မွဲသွားကြလို့ ကြွေးဆုံးတတ်တာမျိုးလည်းရှိပါတယ်။
တချို့ကတော့ယူစဉ်ကတည်းကပြန်ပေးဖို့ရည်ရွယ်ချက်မရှိတဲ့သူတွေလည်းရှိတတ်ပါတယ်။
ဒါပေမဲ့ အရောင်းအ၀ယ်သမားတော်တ်ာများများဟာကြွေးနဲ့မကင်းနိုင်ကြပါဘူး။
Was this answer helpful?
LikeDislikeခုခေတ်ကြီးမှာ အော်နေကြတဲ့ ဆင်းရဲ မွဲတေမှု ပပျောက်ရေးဆိုတာကို အလွယ်ဆုံးနည်းနဲ့ ဖြေရှင်းနိုင်တာ ကြွေးစနစ်ပဲ။
လုပ်ငန်းရှင်ကလည်း ကိုယ့်ကုန်ပစ္စည်းကို မဆုံးဘူးဆိုရင် ကြွေးပေးဖို့ လက်မနှေးဘူး။
ဒါပေမယ့် ဆုံးမယ့်လူ၊ ကတိမတည်တဲ့လူ၊ ပြန်မရနိုင်မယ့်လူ တွေကိုတော့ တပြားဖိုးမှ ကြွေးပေးချင်မှာ မဟုတ်ပါဘူး။
ကြွေးယူတဲ့လူအနေနဲ့ ကိုယ့်လုပ်ငန်းကို ကြိုးကြိုးစားစားလုပ်မယ်။
ကုန်ကြွေးကို ကတိတည်အောင် ပြန်ပေးမယ်ဆိုရင် နောင်ရေရှည်မှာ အရင်းအနှီးမလိုပဲ (သို့) ကိုယ်တတ်နိုင်တာထက်ပိုတဲ့ ပမာဏနဲ့ ရင်းနှီးနိုင်လို့ အမြတ်အစွန်း ပိုမိုရနိုင်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ဖို့ မခဲယဉ်းပါဘူး။
အဓိက က တော့ ကြွေးယူပြီးရင် ပြန်ဆပ်ချင်တဲ့စိတ်ရှိဖို့၊ ဆပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
ကြွေးတောင်းနည်းလေး သိရလို့လည်း ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeအတည်ပြုပါတယ်။
အကြွေးဖြင့် လည်ပတ်နေသူ..။
Mလုလင်
Was this answer helpful?
LikeDislikeတစ်ချို့ များဗျာ မျက်နှာပြောင်တိုက်ပြီး ပြန်ရန်တောင်ရှာတယ်ဗျာ။
အံ့သြဖွယ်ပါဗျာ။
Was this answer helpful?
LikeDislikeအကြွေးမရောင်းနိုင်တဲ့သူ ငုတ်တုတ်မေ့ပဲ ၊ငွေရင်းနှီးတတ်နိုင်တဲ့လူ ကောင်းစားတဲ့ခေတ်(ကိုပေ)
ဒါပေမဲ့ အရောင်းအ၀ယ်သမားတော်တ်ာများများဟာကြွေးနဲ့မကင်းနိုင်ကြပါဘူး။(ဦးနေးချား)
ရန်ကုန်က ဆိုင်ကြီးတစ်ခုဈေးကွက်ချဲ့ထွင်ပုံလေး၊ ဆိုင်ဖုန်းနံပါတ်စုံစမ်းဆက်သွယ်ပြီး (တစ်ခါမှ မဆက်ဆံဖူး၊မသိဖူးပဲ) ငွေဆယ်သိန်းဖိုးလောက်အကြွေးချပေးတာကြုံဖူးတယ်၊ ငွေကိုနောက်မှ အေးဆေးလွှဲပါဆိုပဲ။ ကျဈေးဖြစ်နေတဲ့ရောင်းကုန်တွေကို ဈေးကွက်မြန်မြန်ပို့တဲ့စံနစ်လားမဆိုနိုင်၊
Was this answer helpful?
LikeDislikeအော်… အကြွေး… အကြွေး…
ရရန်ပဲဖြစ်ဖြစ် … ပေးရန်ပဲဖြစ်ဖြစ် ..
အကုသိုလ် အတုံးလိုက် အတစ်လိုက် ဝင်လာသလိုမျိုး….။
Was this answer helpful?
LikeDislikeအန်တီအေးရေ သမီးကတော့ အကြွေးကို မယူမိခဲ့သလို ပေးလည်း မပေးမိသေးဘူး။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဆင်းရဲမခံနိုင်လို့ပါ။
ဒါပေမဲ့ အသက်တရာမနေရ အမှုတရာပွေရတဲ့ လောကကြီးမှာ ဘ၀ဆိုတာလည်း နိမ့်မြင့်တက်ကျရှိနေသေးတော့ တနေ့ မကြုံဖူးလို့တော့ မပြောနိုင်သေးဘူးပေါ့ အန်တီအေးရယ်။
ဆင်ခြင်နိုင်အောင်ပဲ ကြိုးစားရမှာပါ။
Was this answer helpful?
LikeDislikeသေချာမှပြောပါနော
လူပြိုတစ်ယောက်ကတော့ ဆိုင်မော သီချင်းကို ညည်းနေတယ်
မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ဘာ….တဲ့
Was this answer helpful?
LikeDislikeကိုပေ..
မသေချာရင်မပြော…
စာအုပ်တောထဲမွေ့ တဲ့သူ။။။
Was this answer helpful?
LikeDislikeကြူံဖူးတယ်ဗျ ကြွေးတောင်းလို့မိတ်ပျက်ရတာတင်မဟုတ်ဘူး
သူငယ်ချင်း ၁ယောက်က ကျုပ်ဆီ ပိုက်ဆံလှမ်းချေးတာ မပေးလို့ (တကယ်လဲပေးစရာမရှိ) လမ်းတွေ့တောင်မခေါ်တော့ဘူးဗျာ…နောက်တော့ ပြန်ကြားလိုက်ရတာ ရင်နာလို့ သေတောင်အပေါင်းအသင်းမလုပ်တော့ဘူးပြောတယ်တဲ့ …ခက်ရောဘဲ
ငွေချေးလိုက်ပြန်ရင်ကော..ပြန်တောင်းတဲ့အခါ အဆင်ပြေမယ်ထင်လို့လား …မထင် ရေးချ မထင်…
ခက်တော့ခက်နေပြီ….ခံစားရတယ်
Was this answer helpful?
LikeDislikeစီးပွားရေးလုပ်တာတော့ သဘောကောင်း အားနာနေလို့ အချိန်တိုင်းအဆင်မပြေနိုင်ပါဘူး။ အန်တီအေးပြောပြသွားတဲ့ ကြွေးတောင်းနည်းကတော့ ကြွေးပြန်မရမှာစိုးရိမ်တဲ့စိတ် ရန်တွေ့ခံရမှာစိုးတဲ့စိတ်တွေကို ပြေစေနိုင်မှာတော့အမှန်ဘဲ။ စီးပွားရေးနဲ့ လူမှုရေး မရောထွေးစေဘဲအလုပ်လုပ်နိုင်ကြရင် ကြီးပွားဖို့အခွင့်အလမ်းပိုများမယ်လို့ မြင်မိပါကြောင်း
Was this answer helpful?
LikeDislikeငြိမ်းတို့ ဆယ်တန်းတုန်းက ဆရာတစ်ယောက်က ပြောဖူးတယ်။ ပိုက်ဆံလာချေးရင် သူမချေးဘူးတဲ့။ သူတတ်နိုင်သလောက်ပဲပေးလိုက်တယ်တဲ့လေ။ ပြန်ဆပ်ဆပ်၊ မဆပ်ဆပ် စိတ်ထဲမထားတော့ဘူးတဲ့။ လှူတယ်လို့ပဲသဘောထားလိုက်ပါတယ်တဲ့လေ။ အကြွေးပေးပြီး လာပြန်ဆပ်မှာကိုမျှော်ရတာ စိတ်ဆင်းရဲဖို့အကောင်းဆုံးပဲမို့ လာချေးရင် မချေးဘဲနဲ့ တတ်နိုင်သလောက်ကိုပဲ ပေးလိုက်တာ စိတ်ချမ်းသာတယ် ဆိုတဲ့ ဆရာ့စကားလေးကို ပြန်သတိရမိပါတယ် အန်တီအေးရေ…..။
Was this answer helpful?
LikeDislikeငပွကြီး…
ပေးလိုက်မှသာ…
မုံးလည်းမုံးဆုံးလည်းဆုံး…မိအေးနှစ်ခါနာဖြစ်နေပါဦးမယ်။
အခုတော့စိတ်မကောင်းဖြစ်ရယုံပဲ၊စိတ်ထဲမထားပါနဲ့ လို့ ဘဲပြောလိုက်ပါရစေကွယ်။
—————————————————————————————-
ရွှေအိရေ…
အန်တီကိုအကြွေးပေးတော့လေ..
သ္မီးပြောတဲ့စကားကြောင့်သာမနေနိုင်တော့ဘဲ
ပေးလိုက်တာလို့ တော့ထဲ့ပြောသေးတယ်။
—————————————————————————————–
Nyein Nyein,ရေ…
ကျေးဇူးပါကွယ်။
ငြိမ်းဆရာပြောတဲ့အတိုင်းလေးကစိတ်ချမ်းသာရပါတယ်ကွယ်။
—————————————————————————————–
ိ
ှ်
Was this answer helpful?
LikeDislikeသဂျီးကို ကက်ကင်းရိုက်ချင်လို့ ဘယ်နှယ်လုပ်ရဗာ့…။ သမီးဒေါ်ဂလေးနဲ့ စကားခွင့်ရတဲ့အခါ သူ့မျက်နှာဂျီး မြင်ဂျင်ဘူး..အဲဒါ ကူညီပါ အန်တီအေး…။
Was this answer helpful?
LikeDislikeကြောင်ကြီး…
ကွန်မန်းလေးဖတ်ပြီးပျော်ရတယ်…
ကျေးဇူးပါဘဲ…
သူ့ မျက်နှာဂျီး မြင်ဂျင်ဘူး…လားကွယ်။
မျက်မှန်ကြီးတတ်ပြီး၊ကက်ကင်းရိုက်လိုက်ပါကွယ်နော်။(ခင်လို့ ….စတာ)
Was this answer helpful?
LikeDislikeမမအေး
ကျနော်လဲ အမြဲအကြွေးနဲ့နပန်းလုံးနေရတဲ့သူဗျာ။
ယူတုန်းကတော့ချောလိုပါဗျာ။
ပေးမရမယ်လဲဆိုရော များလိုက်တဲ့အကြောင်းပြချက် အကြွေးသွားတောင်းတာမရဘဲ
လက်ဖက်၇ည်တောင်ပြန်တိုက်ခဲ့ရသေးတယ်
တွန်………………………..
Was this answer helpful?
LikeDislikeအန်တီအေးရေ
အကြွေးတောင်းနည်းက သူ့နေ့နံနဲ့ လုပ်ရတာလား ။
အကြွေးတောင်းစရာတွေ ကြုံလာလျှင် ဘာလေးလုပ်ပြီး ဘယ်လိုတောင်းရလဲဆိုတာမျိုးနေ့နံ့ အလိုက်ရေးပေးဖို့ တောင်းဆိုပါတယ် ။
အချိန်ရမှ အားမှပါ ။ ကျေးဇူးတင်ပါတယ် ။
Was this answer helpful?
LikeDislikeကိုပေါက်ရေ…
အချို့ ကအရမ်းလက်ခက်တယ်..။
ရှိလည်းဘဲအလွယ်ပြန်မပေးချင်တာမျိုးကြုံရတယ်..။
——————————————————————-
AKKO,ရေ..
သိသမျှပေါ့နော်..
အချိန်ရတဲ့ခါ၊အားတဲ့ခါတင်ပေးသွားပါ့မယ်။။
Was this answer helpful?
LikeDislike