ငါတို့ ဂီတ ???
ကျုပ် သိသမျှလေး နည်းနည်းလောက် ပွားချင်လို့ဗျာ …..
နည်းနည်း …ချဉ်လို့ …. အဲ….
စည်းနဲ့ ကမ်းနဲ့ …(အကျိရဲ့) လစ်ဘရယ် ယောက်ျား ဆိုတော့လည်း…
သမိုင်းပေးတာဝန်အရ ….ကွန်ဇာဗေးတစ်ဗ်တွေကို နည်းနည်း
ရှုံ့ချရပေမပေါ့ ..အာဟိ…. နောက်တာပါ …
အတည်ပြောပါ့မယ်….
သည်သတင်းက နည်းနည်းတော့ ငုတ် နေတဲ့ သတင်းခည …
အပျက်ကြီးတွေ အများကြီးထဲက အပျက်ကလေး ဆိုတော့ …
လူတွေ သတိမပြုမိတာ လည်း ဖြစ်ချင်ဖြစ်မယ်….
ထားပါတော့ … အစဖော်ပြီး ဖွပါ့မယ် … (သဂျီး ကတော့ သူများအတင်းမချရ၀ူးတဲ့..)
ချမှာပဲအေ. … အ၀ဲယားတွေ နက် ဖို့ပါ…
သည်လိုဗျ …ကျုပ် ပြောချင်တာ ဂီတ အကြောင်း ….
ကော်ပီ အုန်းကျုံး ကိစ္စ မဟုတ်ဘူး ခင်ဗျ.. အဲ့သည့်ထက် ပိုတယ်…
ဂီတ အစည်းအရုံး ကိစ္စ..ဗျ … အများသိတော်မူတဲ့အတိုင်း …
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ပါတဲ့ … အဲ …နာမည်ဂျီးမှာကိုက ဗဟိုဆိုတော့ …
ပါရီဖရယ်လ် တွေ ဘာတွေ ရှိဦးမလား မဆိုနိုင် ..ထားပါတော့ဗျာ ..
အဲ့သည်မှာ ..အသစ်ဖွဲ့စည်းမယ့် …အဖွဲ့မှာ ..အလွှာ..၅လွှာရှိသတဲ့ဗျာ …
ဟောသလိုပါတဲ့..
မဟာဂီတ၊
ကာလပေါ်၊
စတီရီယို၊
စက်မှုနှင့်
ထုတ်လုပ် ဆိုပဲ ..
သူတို့အခေါ်တော့ အလွှာတွေပေါ့ဗျာ ….
ဟုတ်ကဲ့ … အယောက် ၅၀ရှိမယ့် ..အနှီ အဖွဲ့မှာ ..
မဟာဂီတ မှာ ရေး၊ ဆို၊ တီး ၁၀ယောက်
ကာလပေါ်မှာ ရေး၊ ဆို၊ တီး ၁၅ယောက်
စတီရီယိုမှာ ရေး၊ ဆို၊ တီး ၁၅ယောက်
စုစုပေါင်း အယောက် အစိတ် ခည …
အဲ ..စက်မှု + ထုတ်လုပ် က ၁၀ယောက်
ဆိုတော့ …နည်းနည်းထပ် ရှင်းရရင်…
မဟာဂီတ ဆိုတာ …နတ်ရှင်နောင် သီချင်း လိုဟာတွေ ဆိုတဲ့ လူကြီးတွေ
လို့ မြင်တာပဲ… .အဲ … ကာလပေါ် ဆိုတာကတော့ …ပျိုပျိုခင်ကို မချစ်ပါဘဲနဲ့
ဘလာ ဘလာ ဘလားတော့တယ် …လောက် ဆိုပါတော့ ….
ဒါဆို ..စတီရီယို အလွှာ ကရော ??????
ကျုပ် မမွေးခင်တုန်းက … သရုပ်ပျက် ဂီတ၊ လမ်းသူရဲ ဂီတလို့ အခေါ်ခံရတဲ့
အလွှာပေါ့ ….. အဟတ်… ကျုပ်စာဖတ်တတ်တဲ့အရွယ်လဲရောက်ရော …
အနှီ သရုပ်ပျက် လမ်းသူရဲ အခေါ်ခံရတဲ့ ငတိလေးတွေကို …
ရော့ခ်ဂီတရဲ့ ဧကရာဇ်တွေတဲ့ …. စာလုံးလေးတွေများ ကြောက်စရာကောင်းပုံ…
ဒါတောင် ၁၉၈၀ပြည့်လွန်နှစ်တွေ အခြေပြုတဲ့ .. ဂီတတွေနော..
အဲ့နောက်ပိုင်း ဂီတအမျိုးအစားတွေအတွက်ရော… ဘယ်လိုများ စီစဉ်ကြပါသလဲ?????
သည်နေရာမှာ …လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတဲ့ သတင်းက …
လူငယ်တွေက ခေတ်သစ်ဂီတအလွှာ ဆိုပြီး နောက်ထပ် ၁၅ယောက်စာ
အလွှာသစ် …အနေနဲ့ နေရာတောင်းဆိုလာတာပါပဲ….
ဘာတွေပါမလဲဆို …ပန့်ခ်၊ နယူးရော့ခ်၊ ဒီဂျေ၊ R&B ၊ ဟစ်ဟော့ပ် တို့ပါတဲ့….
အဆိုပြုချက်အရ မူလ အယောက် ၅၀ ကနေ ၆၅ယောက်ရှိလာမယ့် ..
ဖွဲ့စည်းပုံပေါ့ဗျာ …
သည်တော့ ..မူလလက်ဟောင်း.. စတီရီယို အလွှာမှာ ၁၉၈၀ ပြည့်လွန်နှစ်
တ၀ိုက် ကစပြီး ခေတ်စားခဲ့တဲ့ … ဒစ်စကို ရော့ခ် ပေါ့ပ် စတဲ့ ဂီတအမျိုးအစားတွေ
ကိုယ်စားပြုမယ်.. ၂၀၀၀ပြည့်လွန်နှစ်နောက်ပိုင်း ခေတ်စားတာတွေကတော့..
ခေတ်သစ် ဂီတအလွှာ ထဲ ၀င်မယ် ဆိုတဲ့ သဘောမျိုး လို့ ယူဆပါတယ်..
မဟာဂီတ နဲ့ ကာလပေါ် …ကို ..စတီရီယို + ခေတ်သစ် ဆိုပြီး …
ပြန်လှန် အားပြိုင်မယ့် သဘော လို့ မြင်မိပါတယ်…
ဘာလို့ သည်လို ဖက်ပြိုင်တဲ့ သဘော ရေးရသလဲဆိုရင် မူလ အယောက် ၅၀မှာ
အယောက် အစိတ် တိတိ ..(တ၀က်) ကို .. မဟာဂီတ နဲ့ ကာလပေါ် …
(နတ်ရှင်နောင် နဲ့ ပျိုပျိုခင်ကို ဘလာဘလာဘလား) က ယူထားတယ် …
လူကြီးတွေပေါ့ဗျာ … ခေတ် စကားနဲ့ ပြောရရင် …ရော့ခ်အန်ရိုးလ် ကိုတောင်
အန်ကယ် ခေါ်ရမယ့် ခေတ်ဆိုတော့ ..အနှီ အလွှာကိုတော့ ..အဘိုးကြီး အဘွားကြီး ဂီတ ပေါ့…
အဲ … အဲ့သည့်လူတွေ က ယူထားတယ် ဆိုပါတော့ …
သည်တော့ ..တခုခုများ မဲခွဲဆုံးဖြတ်ရင် ..လူကြီး လူငယ်များ ..ငြင်းစရာဖြစ်ရင်..
ဖွဲ့စည်းပုံအရ …မဲတ၀က်တိတိက …. သူတို့ ယူထားသပေါ့ …..ညင်းညင်း…
ဘာပဲလာလာ … လူငယ်တွေ အရှုံး ချည်း ..ပဲ ..ဆိုတာမျိုး …ပေါ့ဗျာ …
(၁၀ယောက်ပဲပါမယ့် စက်မှု + ထုတ်လုပ် က တော့ သိတဲ့အတိုင်း …
ကာလပဲပေါ်ပေါ် ရက်ဂေးပဲလာလာ …အာရ်အန်ဘီပဲ သွင်းသွင်း …
သူတို့ သက်ဆိုင်ရာ အလုပ်ကို အလုပ်လိုလုပ်မယ့် သဘောဆိုတော့ ..
လေယူရာ ရိမ်းမယ့် အနေအထားလို့ မြင်မိတယ်…)
ထားပါတော့ဗျာ … အဓိက ပြောချင်တာ ..လူငယ်တွေကို နှိမ်ထားတယ်…
လူငယ်တွေကို နေရာ မပေးဘူး မြင်မိလို့ သည်လို ရေးဖြစ်သွားတယ် ဆိုပါတော့…..
ဆက်ပြောပါမယ်..လူငယ်တွေ ခေတ်သစ်ဂီတအလွှာ ဆိုပြီး တင်တဲ့အဆိုကို
ပယ်ချပါသတဲ့ … (ဖက်ပြိုင် ပြုလာမှာ မလိုလားတဲ့သဘော….အထင်..)
နောက်တခုက မူလရှိပြီးသား … ရေး၊ ဆို၊ တီး အလွှာမှာ ..၂ယောက်စီ ပြန်လျှော့ပြီး
လူငယ်တွေ ကိုနေရာပေးမယ် ဆိုတဲ့ ကိစ္စကိုလည်း မူလရွေးချယ်ထားတာ သာ အတည်
ဆိုပီး ..ရွေးကောက်ပွဲ ကော်မရှင် ဆိုတာကြီးက ပယ်ချလိုက်ပါသတဲ့ ….
နည်းနည်းတော့ လွန်သွားပြီထင်တယ်ဗျ ..ကျုပ်သိသလောက် ပြောရရင် ..
စတီရီယို အလွှာ (၁၉၈၀ပြည့်လွန် ကနေ ယနေ့ထိ ခေတ်စား ခဲ့တဲ့ ဂီတ အမျိုးအစားပေါ့ဗျာ)
ဂျက်ဇ် ရော့ခ် ၊ ပေါ့ပ် ဒစ်စကို ဘလူးစ် တက္ကနို ကလပ် ဟောက်စ် ရက်ပ် ဟစ်ဟော့ပ်
မက်တယ်လ် အာရ်အန်ဘီ အော်တာနေးတစ်ဗ် ပန့်ခ် နယူးမက်တယ်လ် …..
အောင်မယ်ငီး အမျိုးအစားတောင် ၁၅မျိုး ပြည့်ပါပေါ့လား …. အဲ့ဒါတွေ အားလုံးအတွက်
၁၅နေရာကြီးများတောင် …
အဟတ်…
ဒါတွေလိုက်စားတဲ့ …အသက် ရိန့်ခ်ျ ကို ကြည့်ပြန်တော့လည်း ..၆၀တန်းကနေ
ဆယ်ကျော်သက်တန်း အထိ …မြောက်များလှစွာသော ..ပညာရှင် လူကြီးလူငယ်တွေ ….
မျှတစေချင်တာပါဗျာ ..သည်လောက် အမျိုးအစားတွေ ..လူတွေ အများကြီး ကို
ကိုယ်စားပြုရမယ့် အဖွဲ့အစည်း အချိုးအစား ဟာ သူ့ လူဦးရေ အမျိုးအစားအလိုက်
သင့်တင့်လျောက်ပတ် အောင်တော့ ရှိနေသင့်တယ် ထင်တာပဲ ..
မဟုတ်ရင်တော့ ကျရှုံးဖို့ ဘက်ပဲ ဦးတည်မယ် ယူဆမိရဲ့ …
နှစ်သက်ရာ မဂ္ဂဇင်း တစောင်စောင်က ယခုလ ရောင်းအားအကောင်းဆုံး
Top Ten အခွေ ဆိုတာမျိုးတွေ … ကြုံရင် တချက်လောက် ကြည့်ကြည့်စေချင်မိပါတယ်
အဲ့သည့်မှာ ..နတ်ရှင်နောင် မပါဘူး …ပျိုပျိုခင် ..ဘလားဘလားဘလား မပါဘူး ..
ဘာတွေ …ဘယ်သူတွေ ပါမယ် ဆိုတာ …သိကြမှာပါ ….
အစည်းအရုံးတဲ့…… အဲ့လိုလူတွေ နေရာမရတာ ရီချင်စရာကြီးနော…
သည်တိုင်းသွားလို့ကတော့ ..ပရိတ်သတ် …အသိအမှတ်မပြုသော
သောက်ညင်ကပ်သော ၆၃မကျသော ..အလုပ်မဖြစ်သော အဖွဲ့ပဲ ဖြစ်လာမယ် ထင်မိတယ်ဗျို့ ….
ဘယ့်နှယ့်ဗျာ …အာဏာရှင်ခေတ် တုန်းကလည်း အဲ့ခေတ်မို့လို့….
လုပ်ခွင့်မရ ..ကိုယ်ပိုင် အနုပညာကို အကန့်အသတ်နဲ့ အခြေအနေနဲ့ …လိုက်လျောညီထွေခဲ့ရ
အဲ..
ကိုယ်ပိုင် လုပ်ခွင့်ရတော့လည်း … ဒီဖက်တို အာဏာကို လူကြီးဆိုသူတွေ…လူဟောင်းဆိုသူတွေ
သက်ကြီးပိုင်းတွေ ဆွဲကိုင်ချင်တဲ့ စိတ်…လူငယ် လူသစ် ပညာရပ်အသစ်
တွေကို နေရာမပေးချင်တဲ့ စိတ် …အငုံ့စိတ် …ကို လှစ်ကနဲ သွားတွေ့လိုက်ရတယ် ပဲမှတ်ပါတယ်..
ဒီ … လိုချင်တယ်ဆို ….
ပေးကားပေး၏ မရ ..ဆိုတာမျိုး ဟာ ဒါမျိုးမှ အစစ် ပေါ့…
ဂီတလောကမှာ တိုက်ဖျက်စရာ အဓိက ရန်သူကြီး ၂ဦး ရှိတယ်လို့ မြင်ပါတယ်…
ပထမ တခုက ခိုးကူးပါ …ဒုတိယ တခုက ကော်ပီပါ …။ ဒါတွေ လုပ်သင့် ..
ဆွေးနွေးတိုင်ပင် အဖြေရှာရမယ့်အချိန်မှာ ဗျာ ….။
ပြောရရင် …အနှီကိစ္စ တွေ အဓိက ဖြစ်နေတာ စတီရီယိုနဲ့ (ငြင်းပယ်ခံထိ)ခေတ်ပေါ် အလွှာမှာပါ…
(နတ်ရှင်နောင် ကော်ပီ မရေးသလို ပျိုပျိုခင်လည်း ..အုန်းကျုံးမှတ်ပါတယ်…)
နောက်ထပ် ထပ်ပြောရရင် …မူပိုင်ခွင့်တွေ ထွန်းကားဖို့ ဒေတာဘေ့စ်တွေ ဆောက်ဖို့ ….
အွန်လိုင်းကနေ ရောင်းဖို့ … အလုပ်လုပ် ကြရမယ့်အချိန်ဗျာ …
(နတ်ရှင်နောင်နဲ့ ပျိုပျိုခင် မပါလို့ … ဒါတွေ စိတ်မကူးကြသလား မဆိုနိုင်..)
တိုက်ခန်းတွေ မြေကွက်တွေ ခေတ်လည်း ..ကုန်ပြီမဟုတ်လားဗျာ ..(အထင်)
ခေတ်ပညာတတ်တွေ ..ခေတ် လူငယ်တွေ ..ခေတ်ကတောင်းဆိုသူတွေကို
(တကယ်လည်း လုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေ)
ဘာလို့များ..နေရာမပေးချင်ပါလိမ့် …ထိပ်မှာ ဘယ်သူတွေများ ထိပ်ပိတ် နေပါလိမ့်…
ဖော်ထုတ်ကြစေချင်တယ်…. စာတွေ ရေးကြစေချင်တယ်…
အ.အ မုဒိန်းအကျင့်ခံရသလို ခေတ် ကုန်ပြီ ထင်တာပဲလေ..
ဘယ့်နှယ့် …ကောင်းအောင်ကြိုး ..ကြမယ့် ချာတိတ်တွေ ..ပါဝင်လာမှာ ..
နေရာရလာမှာ ..ပရိတ်သတ် ကို ခေတ်ကို ကိုယ်စားပြုသူတွေ အရေးပါ အရာရောက်လာမှာ
ကိုများ …မလိုလားကြပုံ …..
ဆိုတော့ … သည်လူတွေပြောတတ်တဲ့ …ရိုးရာတို့ ..ယဉ်ကျေးမှုတို့ …အရိုးပေါ်အရွက်ဖုံးတာတို့…ကိုလူတွေ
သံသယ ဖြစ်တာ ..(အို ..သံသယ ဆိုတာ ပျော့ပါတယ်လေ …၁၀၀% အယုံအကြည်မရှိတာ ..မဆန်း..)
ကျုပ်လည်း သရုပ်ပျက်တာ ..သရုပ်လွန်တာ ကို အားမပေး.. မနှစ်သက်ပေမယ့် …
ငါဒို့ …ဂလောက် ကွပ်ညက်နေလို့ ငါဒို့ ..ဂလောက် ထိန်းသိမ်းနေလို့ ..ငါဒို့ ဂလောက် ကာကွယ်နေလို့ ..ဆိုတဲ့အပြောမျိုးနဲ့ ….
(စိတ်ဒတ် နဲ့ လုပ်ရပ် သဘောမညီတဲ့ ..အထှာတွေနဲ့ …)
ခန့်ခန့်ကြီးနေရာယူ နေတာ.. ခေတ် ကို ကာလ ကို ကိုယ်စားမပြုတာ ..ပရိတ်သတ်နဲ့ ..ကင်းကွာနေတာ…
အပြောပဲများပြီး အလုပ် မဖြစ်တာ …ကို ပရိတ်သတ် တယောက် ရဲ့ အခွင့်အရေး အရ …ကန့်ကွက် ရှံ့ချပါကြောင်း
စကားအတင်းစပ်လို့ ..ဟောဒီ သတင်းလေး ဖတ်ကြည့်စေချင်မိကြောင်း …
http://moemaka.blogspot.jp/2012/07/j-nyi-nyi-and-car-accident.html
အဆိုပါကိစ္စ အကြောင်းလေး ပွားရမယ် ဆိုရင်ဖြင့် ..
အဆိုပါ ..အသင်းအဖွဲ့ကြီးအနေနဲ့ …အထင်ကရ ကိုယ့် လောကသား တစ်ဦး ခုလိုဖြစ်တာကို
ဘာဝင်ပြော ဘာဝင်လုပ် ..ဘာဝင် အရေးဆို ..ဘာဝင် တာဝန်ယူ ဘာဝင် တာဝန်ခံ လိမ့်မလဲ
စောင့်ကြည့်နေမိပါကြောင်း …
သည်ကိစ္စ တက်ကြွလှုပ်ရှားကြတဲ့ …
ခေတ်သစ်အလွှာ ၀င် တချို့ … လူသားချင်း စာနာထောက်ထားမှု
တွေ အင်တိုက်အားတိုက် ..ပါဝင် ဆောင်ရွက်တာ တွေ့ဖူးသလို
ထိပ်တက်ကပ်နေတဲ့ အသိုးကြီးတွေ ဖားသီချင်း မြိန်ရည်ယှက်ရည် သီကြွေးနေတာ..
လည်း တွေ့ဖူးနေတော့ ….
ဒါတွေ ချရေးချင်စိတ်ပေါက်သွားတယ်ဆိုပါတော့ဗျာ..
တော်တော်လည်း ဒေါသဂိုဏ်းသင့်နေပြီထင့်…
ပြောပါတယ် ချဉ်လို့ ရေးတဲ့ စာပါဆို …
တော်သေးဘီ..
P.S များများ ၀ိုင်းချဉ်ပေးကြပါဗျာ…
Ref:
http://first-11.com/index.php?option=com_content&view=article&id=14421:2012-07-05-04-52-09&catid=61:local&Itemid=133



ဂီတ အကြောင်းကလည်းရှုပ်ယှက်ကို ခတ်နေတာဘဲ အင်း (သက်ပြင်းချသံ ) ၀ိုင်းချဉ်ရဲတော့ပါဘူး စနိုးကအချဉ်ကြောက်လို့ ။။
Was this answer helpful?
LikeDislikeနားတောင်မလည်တော့ဘူး…
မိုက်လေး.. တို့က….
သီချင်းဆို သီချင်းပဲနားထောင်တယ်…
အဲ့လောက်ရှုပ်မှန်းမသိဘူး….။
Was this answer helpful?
LikeDislikeသီချင်းက အပြင်မှာတော့ နားထောင်လို့ကောင်းတယ်နော်
အတွင်းရေးကတော့ နားမလည်တော့ ရှုပ်ရှက်ခပ်နေတာပဲ
ဘာပဲဖြစ်ဖြစ် ဗဟုသုတရတာပေါ့
Was this answer helpful?
LikeDislikeသီချင်းဆိုတာအလွယ်လေးလို့ထင်ခဲ့မိတယ် …….. ဟိုတစ်လောက အောင်ရဲလင်း အေသင်ချိုဆွေနဲ့ မဲကဗျာတို့ပါတဲ့ကားထဲမှာ အေသင်ပြောတာကိုနားထောင်ကြည့်မှ ဂီတ သီချင်းဆိုဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲဆိုတာသိလာတယ် …….. အသံတိုအသံရှည်အနိမ့်အမြင့် မဆိုခင်လေကိုဝအောင်ရူ ဆိုရင်မော့ထားရမယ် လေအကုန်ထုတ်မသုံးရဘူး အိုစုံလိုစိလို့ပေါ့ ….. ဒီလောက်ရှုပ်နေတာတောင် ပန်းဝတ်မှုံက မမစောသက်ကတော့ စီးရီးကို နှစ်ခွေတောင် အားရပါးရထုတ်လိုက်သေးတယ် ….. တို့ကတော့ သီချင်းဆိုဖို့မပြောနဲ့ ကိုယ်ကြိုက်တဲ့သီချင်း ရော့ခ် ၊ ပေါ့ပ် တောင်မသိဘူး ……. အင်းပို့စ်ပိုင်ရှင်သိရှင် ငါ့ကိုတော့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံရဦးမယ် ……
Was this answer helpful?
LikeDislikeထောက်ခံပါတယ်ဗျာ…။
ဂျေညီညီ ကားတိုက်ခံထားရတဲ့ ပုံကိုကြည့်ရတာ
မသက်မသာကြီးဗျာ။
နောက်တစ်ခုက
လူကြီးတွေက
ဟစ်ဟော့ပ် အဆိုတော်တွေဆိုရင်
မနူးမနပ် ချာတိတ်လေးတွေလို့ ထင်နေကြတုန်းလို့ ထင်မိတယ်ဗျာ…။
ဇေယျာသော် တောင် လွှတ်တော်ထဲရောက်သွားပြီဆိုတာ မေ့နေကြသလား မသိ…။
မကြာခင်တော့ အဆင်ပြေသွားမယ် ထင်ရပါတယ် ဂီဂီရေ..။
Was this answer helpful?
LikeDislikeလူက အသက်ကြီးလာလေ အတ္တပိုကြီးလာလေလားလို့။ နေရာဖယ်မပေးချင်တာ အခွင့်အရေးကျသိမ်းကျုံးယူပြီး တာဝန်ကျ မယူချင်တာ… အင်း နှစ်ပေါင်းများစွာ ဒါမြန်မာကွလို့ ပြောရမလားတောင်မသိတော့ပါဘူး….
ဒီလိုအက်ဆီးဒန့်နဲ့ကျိုးပဲ့ကမ်းကိစ္စမပြောနဲ့ ဟိုတစ်လော မြို့လယ်ခေါင် အက်ရှင်ကားဆန်ဆန်အသတ်ခံလိုက်ရတဲ့ ဒါရိုက်တာကိစ္စတောင် အခုအထိ တရားခံက အေး… ဆေး… ဟေးဟေး… မကျေနပ်တဲ့သူကို တစ်ထောင်ပေးပြီး ပါးကြီးများတောင် ရိုက်ဦးမှာဒဲ့…..
Was this answer helpful?
LikeDislikeဒါလိုက်တာကိစ္စက
မော်ကွန်းထိန်း တာဝန်ပါချင့်
ဂီတနဲ့ ဆိုင်ပါဝူးချင့်
အာဟိ
Was this answer helpful?
LikeDislikeဆိုင်ဆိုင်မဆိုင်ဆိုင် ထင်ရာပြောဒယ်အေ… ဘာဖြစ်လဲ…
:P
ရုပ်ရှင်ဂီတဆိုဒေါ့ပြောကြည့်တာ…
Was this answer helpful?
LikeDislikeအင်း မပြောတတ်တော့ပါဘူး ၊ ဂီတကိုတော့ ဘာအမျိုးအစားဖြစ်ဖြစ် ကြိုက်တာပဲ၊ နေရာရတာ မရတာတွေတော့ ထည့်မစဉ်းစားမိဘူး ၊ ဦးဂီပြောမှပဲတွေ့တော့တယ် .. ဟူးးးး မလွယ်ပါလားနော့ …
Was this answer helpful?
LikeDislikeဟစ်ဟော့ပ် မှ မဟုတ်ဘူး ..ဘဘဘလက်ရေ….
သည်ဘက် ထဲက နာမည်ဖော် ပြောရမယ် ဆိုရင်ဖြင့်….
အောက်သက်ကျေတယ် ဆိုနိုင်တဲ့ ..
မိုးမိုး လို ..လင်းလင်း လို လူငယ်မျိုး ..
တကယ်တမ်း စနစ်တကျ နားလည်တတ်ကျွမ်းတယ် ဆိုနိုင်တဲ့
အကယ်ဒမီ ဓီရာမိုရ် လိုလူမျိုး … ဂီတဆောင်းပါးတွေ ရေးတဲ့ မိုနိုလေး လိုလူမျိုး..
ခေတ်တခုနောက်ကို မလိုက်ဘဲ ခေတ်တခုကို ထူထောင်သူ ကျားပေါက်လို လူမျိုး…
စူးရှတဲ့အမြင် ပြောင်မြောက်တဲ့ အရေးအသားတွေ ပိုင်တဲ့ စာတွေလည်းရေးတဲ့ အရိုးလို လူမျိုး …
အစရှိသဖြင့်ပေါ့ဗျာ … အသစ်ပေါ်တဲ့ ဂီတ အမျိုးအစား တွေ ထဲမှာ
(သူတို့အမြင် ..ချာတိတ် ဆိုတဲ့) တကယ့် ချာတိတ်တွေ တကယ် အင်အားကောင်းကောင်း ရှိနေလျက်နဲ့ဗျာ..
ပြေလည်ပါစေပဲ ဆုတောင်းပါတယ်ဗျာ…
ဘယ့်နှယ့် ညီညွတ်ရမယ့်အချိန်ကြီးကို…
ဟိုနေ့ကတောင် ဦးညီ ကိစ္စ…ဘဘဘလက်ကို လှမ်းမေးကြည့်သေး..
ကောမန့် မမြင်လိုက်ဘူး ထင်ရဲ့ ….
တကယ် ခံရတဲ့လူက ဓါတ်ပုံနဲ့တကွ (မသက်မသာကြီး) သတင်းစာရှင်းလင်း ရတဲ့အချိန်မှာ..
တဖက် အဖွဲ့အစည်း ကို နာမည်မဖော်တာကတော့ …နည်းနည်းလေး စိတ်အချဉ်ပေါက်မိပါရဲ့…
ဘယ့်နှယ့် … စိုက်တာရိတ်ကြရပါမယ်ဆို …..
ဇွတ်..
တော်သေးဘီ ..လိမ့်ဘီ ဗျို့ …
ဟိုအန်တီလေး ဝေါင်း ပြောသလို… အနှီ ပုဂ္ဂိုလ်ကျော်ကြီးဒွေ ..ပါးဝိုင်းရိုက်မှာစိုးလို့..
အဟီး…
Was this answer helpful?
LikeDislikeလူတိုင်းကို အကောင်းမြင်တက်လိုက်တာအေ။
Was this answer helpful?
LikeDislikeမီးဒုတ် မီးဒုတ် ရှို့ ရှို့
Was this answer helpful?
LikeDislikeဒီကိစ္စကို မန့်ရမယ်ဆိုရင်ဖြင့် ဒီကိစ္စက သီချင်းနဲ့မဆိုင်ဘူးလို့မြင်တယ်ဗျ…
တကယ်တော့ ဂီတလောကကြီးတစ်ခုလုံးဖွံ့ဖြိုးဖို့အတွက် စတေးရမယ့်ဟာကို မစတေးနိုင်တာပါ…
ကိုဂီပြောထားတဲ့အတိုင်းပေါ့ဗျာ… တစ်ချိန်က လမ်းသရဲသရုပ်ပျက်ဂီတလို့ပြောခဲ့တဲ့ Rock & Roll က အခုအချိန်မှာ
Rock သူရဲကောင်းများတို့… Rock ဧကရာဇ်များတို့ ဖြစ်ကုန်ပြီလေ…
သေချာပြန်စဉ်းစားတိုင်းထွက်လာတဲ့အဖြေတစ်ခုက ဖယ်ပေးရမယ့်နေရာကို မဖယ်ပေးချင်တာပါပဲ…
အတိတ်ကဆောင်းထားတဲ့ရွှေထီးလေးတွေကို တန်းတပြီး ဂီတလောကအတွက်အကျိုးမဖြစ်မယ့်အလုပ်ကို ကိုယ်ကျိုးအတွက်လုပ်နေတယ်လို့ပြောရင် နဲနဲရင့်သီးရာကြပေမယ့်… အဲဒီလိုခပ်ရင့်ရင့်ပဲပြောရမှာပဲ…
အဆင့်အဆင့်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ မီအောင်လိုက်နိုင်ရင်လိုက်ကြပါ…
မလိုက်နိုင်တဲ့အချိန်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ့်နေရာကို ရဲရဲဝံ့ဝံ့ဖယ်ပေးလိုက်ကြပါ…
လူကြီးမို့ နေရာရရမယ်ဆိုပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ထားသလိုဖြစ်မယ်ဆိုရင်ဖြင့်…
နိုင်ငံတော်သီချင်းပဲရေးခဲ့ရေးခဲ့… မဟာဂီတပဲတီထွင်ခဲ့တီထွင်ခဲ့… တစ်ချိန်ချိန်အားပေးမယ့်လူမရှိတော့ဘူးဆိုရင်
ရဲရဲဝံ့ဝံ့ Change လုပ်ဖို့ သတ္တိရှိရမှာပါ…
ကဲ..ဂီတအစည်းအရုံးဝင်လူကြီးသူမများကို ပြောချင်တာလေးတစ်ခုတော့ရှိပါတယ်…
ခိုးကူးလို့အော်နေတာကို ဘယ်လိုရှင်းပေးမလဲ… ဘယ်လိုများကာကွယ်ပေးမလဲ အစည်းအရုံးကြီးရေ…
တကယ်လို့များ ကော်ပီရိုက်နဲ့ပတ်သက်ရင် ဂီတလောကကြီးအတွက် အစည်းအရုံးကြီးဘယ်လိုများ လမ်းစဉ်တွေဆွဲထားလဲဆိုတာ ပြောကြပါဦးလားဗျာ….
ကိုဂီပြောသလို ဆည်ဖောက်လို့သီချင်းဆို… လမ်းဖွင့်လို့ သီချင်းဆိုနေမယ့်အစား…
ဒီဂီတလောကကြီးကို တိုးတက်အောင်လုပ်မယ်လို့ မစဉ်းစားနိုင်တော့ရင်ဖြစ်ဖြစ်…
ကဲကွယ်… ဒီထိုင်ခုံက ကန်ချလိုက်ဖို့ပဲရှိတော့တယ်ဗျာ…
လစ်ဘရယ်…
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeဆိုင်ဆိုင်မဆိုင်ဆိုင်မကျေနပ်တာဝင်ပြောဦးမယ် :D
ဆည်ဖောက် တံတားဖွင့် လမ်းဖွင့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်ရင် သီချင်းဆိုကြတယ်ဘာမှန်းလည်းမသိဘူး။ တကယ်အလုပ်ဖြစ်မဖြစ်မသိဘူး စွတ်ပြီးဂုဏ်ပြုကြတော့တာပဲ။ ကြောင်ဝတုတ်ကိုထောက်ခံပါ၏၊
Was this answer helpful?
LikeDislikeကျုပ်တို့တော့ ဥာဏ်မှီပေါင် …. ဆိုလို့ပြောရင် ဆိုလိုက်တာပဲ … ရေးလို့ပြောရင်ရေးလိုက်တာပဲ … စိတ်ညစ်ရင် သီချင်းနားထောင်လိုက်တာပဲ …
Was this answer helpful?
LikeDislikeဟုတ်ကဲ့သတင်းဖတ်သွားပါတယ်ရှင့်
Was this answer helpful?
LikeDislikeဂျေညီညီ အတွက် စိတ်မကောင်းဖြစ်ရပါတယ်…
အမှန်တရားဘက်က ကူညီသူများရှိနိုင်ပါစေ…
ဆုတောင်းပေးပါတယ်…
Was this answer helpful?
LikeDislikeဂျေညီညီတော့ အတော်ခံစားရမှာပဲ။ အသက်ကလည်းကြီးပြီလေ။
အမြန်ဆုံးသက်သာပါစေ။
တိုက်တဲ့ကားရဲ့ ပိုင်ရှင် က ငွေပေး၊ ဆေးရုံလာကြည့်၊ ကျေအေးဖို့ ညှိနှိုင်းတယ်ဆိုတော့
တာဝန်သိတတ်မှုလေးတော့ရှိတယ်လို့ ပြောရမှာပေါ့။
များသောအားဖြင့် ယာဉ်မောင်းကို လွှဲချကြတာများတယ်။
နာမည်ကြီး တံဆိပ် Aircon. ကုမ္မဏီတစ်ခုဆို သူတို့ ရဲ့ ယာဉ်မောင်းကိုအလုပ်ထုတ်ပစ်တယ်။
အတိုက်ခံရတဲ့ ကားပိုင်ရှင်ကိုလည်း မဆက်သွယ်၊ ဘာမှ တာဝန်မယူဘူး၊
သူတို့ ရဲ့ကားကို ပေးကမ်းပြီးရအောင်ထုတ်သွားတယ်။
ယာဉ်မောင်းကလည်း မလျှော်နိုင် အမှုရင်ဆိုင်ရတယ်။
အတိုက်ခံရတဲ့ ကားပိုင်ရှင်ဖက်က ဘာမှမရပဲ ကိုယ်ကားကိုယ်ပြင်ရတယ်။
အကြောင်းတွေတော့ အမျိုးမျိုးရှိတာပေါ့။
အားလုံး အဆင်ပြေပါစေကွယ်။
Was this answer helpful?
LikeDislikeမောင်ဂီ
မြန်မာပြည်မှာရှေးကနေစပြီး အခုထိဖြစ်နေတာက အဖွဲ့အစည်းလို့ပြောလိုက်တာနဲ့
ဒီလူဒီလူတွေဘဲနေရာယူပြီးသားဖြစ်နေတာပါဘဲ။
အဲတော့ဆိုင်းဘုတ်အရောင်ပြောင်းမယ် စာလုံးပုံစံပြောင်းသွားမယ် အနှစ်သာရ မပြောင်းဘူး။
တစ်ခုတော့ရှိမယ် လူငယ်များဘက်ကလဲ တက်တက်ကြွကြွ လုပ်ဘို့လိုပါမယ်။
ဂီတအဟောင်းနဲ့အသစ်ကြားမှာတော့ ကွာခြားမူ့ရှိပေမယ့် အားပြိုင်မူ့တော့ ရှိမယ်မထင်ပါဘူး။
တစ်လမ်းစီသွားနေကြတာ ကြာပေါ့။
တစ်ခုတော့ရှိတယ် မောင်ဂီရေ ဂီတအဟောင်းနဲ့အသစ်ကို ရောင်းရတွင်ကျယ်တာ မတွင်ကျယ်နဲ့တော့ယှဉ်လို့မရနိုင်ပါဘူး။
ခေတ်ချင်းမှာ မတူတာလေမောင်ဂီရ။
တကယ်ဖြစ်သင့်တာကတော့ လူကြီးတွေက အထိန်းသဘောလောက်နေပြီး လူငယ်တွေကိုရှေ့တန်းတင်ရမှာ.
မြန်မာပြည်ရဲ့နေရာတကာမှာ အလုပ်လုပ်နိုင်တဲ့ အတွေးအခေါ်ပြတ်သားတဲ့လူငယ်တွေမပါဘဲ
လူအိုလူမင်းတွေဘဲရှိနေတာကြာပြီ။
ဒါကိုမပြောင်းနိုင်ရင် ဒုံရင်းဒုံရင်းဘဲပြန်ရောက်သွားမှာဘဲလေ။
နောက်တစ်ချက် ဖားသီချင်းဆိုတာနဲ့ပါတ်သက်လို့ပြောရရင် ခေတ်အဆက်ဆက်အနုပညာသည်တွေ
မဖြစ်မနေလုပ်ခဲ့ကြရတာပါဘဲ။
ကင်းလို့မှမရနိုင်တာကိုး။
အဲလိုမှဆိုမပေးရင်လဲ သူတို့ထုတ်လုပ်ခွင့်တွေပိတ်ကုန်မှာပေါ့။
အဲလိုဆိုပေးကြတဲ့သူထဲမှာ သူယုံကြည်လို့ ဆိုပေးတဲ့သူရှိနိုင်သလို
မတတ်သာလို့လုပ်ပေးခဲ့ရတဲ့သူတွေလဲအများကြီးပါ ပါတယ်။
အနုပညာသည်တွေက အလိုက်အထို်က်ကြည့်နေရတဲ့သူတွေမို့ဒီအတွက်တော့သူတို့ကိုခွင့်လွတ်ပေးသင့်ပါတယ်။
သီချင်းနဲ့ပါတ်သက်ရင် ရိုးရာယဉ်ကျေးမူ့တွေအရွက်အသီးဖုံးတာတွေဘေးခဏဖယ်ထားလိုက်။
ဖြစ်သင့်တာကိုပြောမယ်ဆိုရင်
ကိုယ်ပိုင်တေးသွား ကိုယ်ပိုင်စာသားနဲ့ ရှေးကသီချင်းတွေကို ထိန်းသိမ်းထားသင့်ပါတယ်။
(သူများနိုင်ငံတွေမှာလဲ ရှေးက သီချင်းတွေသံစဉ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်)
အခုရေးဆိုတီးနေကြတဲ့လူငယ်တွေကလဲ သူများဟာဘဲအမြဲပုံတူကူးမယ့်အစား ကိုယ်ပိုင်စာသား
ကိုယ်ပိုင်သံစဉ်တွေနဲ့ ကမ္ဘာကိုထိုးဖောက်နိုင်အောင် လှပတဲ့သံစဉ်(ကိုယ်ပိုင်ပေါ့) သေသပ်တဲ့တီးခတ်မှု့
ခန့်ငြားလှပတဲ့ စာသားအဖွဲ့အနွဲ့တွေနဲ့ သီချင်းတွေရေးစပ်သီဆိုသင့်ပါတယ်။
(ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့သတို့သမီးလို ကိုနေ၀င်းရဲ့မောင့်လပြည်ဝန်းလို့ ကိုရဲလွင်ရဲ့ ပန်းခရမ်းပြာလို)တင်ကျန်ရစ်ခဲ့မဲ့ တသသခံစားနေရမယ့်သီချင်းမျိုးးတွေဖန်တီးသင့်ပါတယ်။
ပေါါ်ပင်လိုက် ခပ်ပေါ့ပေါ့လေးရေးတဲ့ သီချင်းတွေက ဘယ်ပုံစံနဲ့လာလာ ခဏနေပျောက်သွားမှာအမှန်ပါ။
ဒါကတော့စေတနာနဲ့ပြောတဲ့စကားပါ။
လူကြီးတွေအနေနဲ့ကလဲ တစ်ခါလာ “ငါတို့ခေတ်ကနဲ့ကိုမတူပါဘူးကွာ”ဆိုပြီးလူငယ်တွေကိုအပြစ်တင်တဲ့
လေသံနဲ့ပြောမယ့်အစား သူတို့လုပ်တာလေးတွေကို ပိုလုပ်ချင်လာအောင်အားပေးသင့်ပါတယ်။
လူငယ်တွေကလဲ ကိုယ်ရှေ့ကသွားခဲ့ကြသူတွေရဲ့ချို့ယွင်းချက်ကိုအပြစ်မပြောဘဲသူတို့ဆီက ကောင်းတာတွေယူပြီး
ပိုကောင်းအောင်ဖန်တီးရပါမယ်။
ဂီတရေစီးကြောင်းဆိုတာ တစ်ပါတ်လည်တတ်ပါတယ်။
1960-70ကြားမှာ မိုနိုသီချင်း(တွံတေးသိန်းတန်တို့ လိုရေဒီယိုသီချင်း)ကိုဆိုမိရင်လူဖြစ်ရှုံးတယ် တောကျတယ် လို့ထင်ခဲ့ကြတဲ့
စတီရီယိုတေးသံရှင်တွေ 1983ခုနှစ်ပါတ်ဝန်းကျင်မှာအဲဒီတောသီချင်းတွေကို ပြန်ဆိုခဲ့ကြပါတယ်။
တိုက်ကိုခဲ့နဲ့ပေါက်ရင်အဘိုးကြီးထွက်လို့ကြည့်လို့ဟစ်ခဲ့တဲ့ပလေးဘွိုင်သန်းနိုင်တို့လဲ
မင်းသားကြီးတစ်ပင်တိုင်ပါခင်ဗျ လို့ဆိုခဲ့ရသလို့ အခုတစ်ကျော့ပြန်နာမယ်ကြီးလာတဲ့ သိန်းတန်(မြန်မာပြည်)တို့လဲ စုံတောမြိုင်ခဲ့ရတာပါဘဲ။
စီးပွားရေးဈေးကွက်အရလဲပါတာပေါ့နော်။
နောက်ခိုးကူးခွေကိစ္စကတော့ ရှင်းဘို့ခက်ပါတယ်။
နည်းပညာတိုးတက်မှု့ကြောင့်ဖြစ်လာတဲ့ ပြဿာနာတစ်ရပ်ပါ။
တိတ်ခွေခေတ်က ထပ်ခါထပ်ခါကူးရင်ကွာလတီကျသွားတယ်။
မူရင်းခွေမဟုတ်ရင် ကွာလတီမကောင်းတော့။
နောက်ကက်ဆက်ခွေ ရကော်ဒါခွေ အားလုံးက သံလိုက်စွမ်းအားကိုအခြေခံလုပ်တော့
အသံဆူ့ညံမှု့(နွိုက်စ်)တွေကို မထိန်းနိုင်။
နောက်တိပ်ကြိုးခွေနဲ့ အသံထွက်အောာင်လုပ်တဲ့ ဟက် ရဲ့ပွတ်တိုက်မှု့ကြောင့်ထွက်လာတဲ့နွိုက်စ်ကိုမထိန်းနိုင်ဘူး။
အဲတော့ခိုးကူးထားတဲ့အခွေအသံမကောင်းဘူး။
အခုခေတ် ကွန်ပြူတာနဲ့ကူးတာ မူရင်းထက်တစ်ပြားသားမှရော့မသွားဘူး။
အဲမူရင်းခွေကို ဈေးကြီးပေးဝယ်တာနဲ့လမ်းဘေးက တစ်ခွေ250ပေးဝယ်ရတဲ့ခွေ
အသံထွက်ကောင်းတာရော အသုံးမခံတာရော ဈေးပေါတဲ့တရုပ်ခွေဖြစ်တာခြင်းကအတူတူဘဲ။
ခိုးကူးခွေပျောက်ချင်ရင် သီချင်းခွေတစ်ခွေ ထုတ်လုပ်တဲ့စာရိတ်ကိုတတ်နိုင်သလောက်လျော့ချ။
ဈေးပေါပေါရောင်းပြီးအရေအတွက်များများရအောင်လုပ်။
ခိုးကူးခွေရောင်းသလောက်ဈေးနဲ့ အများကြီးမကွာတဲ့ဈေးနဲ့ ရောင်းနိုင်အောင်ကြိုးစား။
အစပိုင်းတော့နစ်နာမယ်။
ရေရှည်ကောင်းလာမယ်။
ပြောသာပြောရတယ် အဆိုတော်တွေက တပုဒ်နှစ်ပုဒ်လောက်ပေါက်သွားရင်
မင်္ဂလာဆောင်သီချင်းလိုက်ဆိုရင် စတိတ်ရှိုးလိုက်ဆိုရင်ဝင်ငွေကောင်းနိုင်ပါတယ်။
မောင်ဂီရေ
ဒါကလဲငါစိတ်ဝင်စားတဲ့ ကိုယ်ထဲထဲဝင်ဝင်ကျင်လည်ခဲ့ဘူးတာ့ အပိုင်းမို့ကိုမြင်တာလေးဝင်ပွားကြည့်တာပါ။
အပြောချင်ဆုံးတစ်ခုထပ်ပြောမယ်ဆိုရင်မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ပြီးသွားကတည်းကအခုအချိန်အထိ
လူငယ်ခေါင်းဆောင်မရှိသေးပါဘူး။
ဘိုးတော်တွေဘဲနေရာယူနေတယ်လို့ပြောနေလို့မပြီးပါဘူး။
လူငယ်တွေကိုယ်တိုင်က ခေါင်းဆောင်ဖြစ်အောင်ကြိုးစားကြဘို့ အမှန်တကယ်လိုနေတယ်ဆိုတာကတော့
အတိအကျအသေအချာပါဘဲ။
Was this answer helpful?
LikeDislikeလေးပေါက်ရေ-
မတူသောအမြင်တစ်ခုပေါ့ဗျာ… ငြင်းမယ်နော်…
အစပြုထားတဲ့ဂီတအစည်းအရုံးကိစ္စလေးပြောချင်သဗျ…
လေးပေါက်ပြောသလို လူငယ်တွေ တက်တက်ကြွကြွလုပ်ကြရာမှာ လူငယ်ဆိုတဲ့သကောင့်သားတွေအဖို့ ရှေးသီချင်းတွေကို Development လုပ်ဖို့ထက်…
ခေတ်စားတဲ့ဂီတလမ်းကြောင်းကိုပဲသွားဖို့ အားသန်ကြမှာပါ… သူတို့တက်တက်ကြွကြွလုပ်သလား မလုပ်ဘူးလားလို့မေးရင်… လုပ်နေတယ်လို့ပဲဖြေရမယ်ဗျာ… လမ်းထောင့်တွေမှာကြော်ငြာနေတဲ့ Live Show အခွေတွေ၊ စုပေါင်းလူငယ်သီချင်းခွေတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့တက်ကြွစွာ လှုပ်ရှားမှုကို မြင်နေရတယ်လို့ပြောလို့ရနိုင်သလို…
အစည်းရုံးဝင်လူကြီးများက မဟာဂီတလိုမျိုးကို ထိန်းသိမ်းကြရမယ်ဆိုတဲ့ကိစ္စမှာ ဘာတွေလုပ်ပြခဲ့ဖူးလဲဆိုတာမျိုးကို ချပြတာကိုမတွေ့ရတာ ၀မ်းနည်းစရာပါ…
ကျွန်တော်ခေတ်ဟောင်းသီချင်းတချို့ကို ကြိုက်တတ်တဲ့လူလတ်ပိုင်းတစ်ယောက်ဆိုတာ
လေးပေါက်လဲသိမယ်ထင်ပါ့နော်… လေးပေါက်ဆီကတောင် သီချင်းတချို့တောင်းပြီး နားထောင်ဖူးတာလေးပေါက်သိပါတယ်…
အဲဒီမှာ မဟာဂီတကို International Note အဖြစ်လုပ်ဖို့ အစည်းအရုံးကလူကြီးများ ကြိုးစားပါသလားလို့မေးချင်ပါသေးဗျာ…
မြန်မာ့ဂီတအဆင့်အတန်း (ကော်ပီမဟုတ်တဲ့ မြန်မာ့သီချင်းကြီးစစ်စစ်)ကို ကမ္ဘာသိအောင်များ ချပြဖို့ အဲဒီအဖွဲ့ဝင်လူကြီးများကြိုးစားဖူးသလားလို့မေးချင်သေး…
တကယ်ဆိုရင် ကြိုးစားခဲ့ဖူးတယ်လို့ဖြေရမှာပဲ… ကျွန်တော်လေးစားခဲ့ဖူးတဲ့ စန္ဒယားလှထွဋ်ကြီး မကွယ်လွန်ခင်က မဟာဂီတကို International Note နဲ့ရေးပြီး ကမ္ဘာမှာမြန်မာ့ဂန္ဓ၀င်ဂီတ အဖြစ်ချပြဖို့ သူကြိုးစားခဲ့ဖူးပါတယ်… သူကွယ်လွန်တာနဲ့အတူ အဲဒီသူ့အိပ်မက်ကြီးကလဲ ပျောက်သွားသလိုလိုဖြစ်သွားတယ်ဗျာ… အဲဒီတော့ အစည်းအရုံးက လူကြီးတွေကဆက်ပြီးတော့ အိပ်မက်ကောင်းတစ်ခုကို အကောင်အထည်မဖော်တာကိုတော့ ကျွန်တော် အပြစ်တင်ချင်ပါတယ်ပေါ့နော်…
နီးရာဓားကြောက်ရလို့ ပေါ်လစီသီချင်းရေးတာကိုလက်ခံပေမယ့်…
ပေါ်လစီသီချင်းချည်းပဲကိုယ့်အခွင့်အရေးအတွက်ရေးနေပြီး တကယ်ဂီတလောကအတွက်ဘာအကျိုးမှမဆောင်ရွက်ဘူးဆိုရင် အစည်းအရုံးဝင်အနေနဲ့ ၀င်ပြီးဂီတလောကအတွက်သယ်ပိုးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး အသံကောင်းဟစ် မယ့်လူမို့ ထိုထိုင်ခုံနှင့်မထိုက်တန်သောသူဟုပင်ဆိုရပေလိမ့်မည်…
နောက်တစ်ခုက လေးပေါက်ပြောတဲ့ကွာလတီနဲ့ ခိုးကူးကိစ္စပေါ့ဗျာ… ကျွန်တော့်အမြင်ပါ…
Right Copy အနေအထားကနေ Copy Right ဖြစ်လာဖို့အနေအထားရောက်အောင် ဥပဒေပြဌာန်းပြီး တိတိကျကျအရေးယူမှပဲဖြစ်မယ့်ကိစ္စပေါ့…
အခုအချိန်မှာ Copy Right Law ကိုပြဌာန်းဖို့ကျပြန်တော့ နိုင်ငံကဆင်းရဲရတဲ့ကြားထဲ…
ဝါးကူထိုးသလိုဖြစ်မှာမို့ လွှတ်ထားရတယ်လို့ထင်သကိုး…
Copy Right ကိုသေချာလုပ်နိုင်ရင်ဖြင့် နိုင်ငံတော်လဲခိုးကူးဝေးပြီးတော့ အခုထက်ပိုကောင်းလာတဲ့ အရည်အသွေးတက်လာတဲ့ သီချင်းတွေဖြစ်လာမှာပါ့…
ကျွန်တော်တို့ မတတ်နိုင်တဲ့အခြေအနေမို့ နိုင်ငံတော်ကလူကြီးများ ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာဖြေရှင်းရမယ်ထင်ပါတယ်…
နောက်တစ်ခုက နိုင်ငံ့ခေါင်းဆောင်ကိစ္စပါ…
ခေါင်းဆောင်ဆိုတာ အချိန်အခါပေါ်မှာမူတည်ရပါတယ်…
အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်တုန်းက လူငယ်ခေါင်းဆောင်တွေပျောက်တဲ့အထိ မနှိပ်ကွက်ခဲ့ဘူး…
နိုင်ငံရေးအရနှိမ်နင်းခဲ့တာရှိပေမယ့် မျိုးဆက်သစ်နိုင်ငံရေးသမားလူငယ်တွေကို မပေါ်ထွန်းအောင် ငါနေရာရရေးတစ်ခုထည်းနဲ့ မျိုးမဖြုတ်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာတယ်…
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးဆိုတာကို ကြောက်စရာတစ်ခုအဖြစ်ဖန်တီးခဲ့တာကြောင့် လူငယ်ခေါင်းဆောင်တွေထပ်မပေါ်တာလို့ပြောရမယ်ပေါ့ဗျာ…
နောက်တစ်ခုက ၈၈မျိုးဆက်တွေက တစ်ချိန်တုန်းကတော့ လူငယ်ခေါင်းဆောင်တွေပဲနော်…
သူတို့ဘ၀က ထောင်ထဲမှာ မတရားအကျဉ်းချခံထားရတော့ သူတို့ဟာအခုအချိန်မှာ လူငယ်မဟုတ်တော့သောခေါင်းဆောင်တွေဖြစ်သွားပါပြီ…
အခြေအနေတစ်ခုကြောင့် လူငယ်ခေါင်းဆောင်တွေမရှိလောက်အောင်ရှားသွားပေမယ့်
အခုအချိန်မှာ လွှတ်တော်ထဲမှာတောင် လူငယ်ခေါင်းဆောင်တွေ ရှိနေပါပြီ…
ကျွန်တော်တို့လူငယ်တွေရပ်မနေဘူး ကြိုးစားနေပါတယ်ဆိုတာကိုတော့ မငြင်းပါနဲ့…
လူငယ်ဆိုတာ အတွေးတွေ… ခံစားမှုတွေလပ်ဆတ်နေပြီး ရပ်မနေတတ်ပါဘူးဗျာ…
အတွေးတစ်မျိုးဖြင့်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeညီလေးဖက်တီးကက်
မြန်မာသံစဉ်နဲ့ပါတ်သက်လို့သူတို့ဂီတကောင်စီကလူကြီးတွေထိန်းတာမထိန်းတာကိုထည့်မတွက်ဘဲကိုယ်အလုပ်ကိုယ်လုပ်နေသူတွေရှိပါတယ်။
သူတို့လုပ်လုပ် မလုပ်လုပ်ပျောက်ပျက်မသွားအောင်ကိုယ်ဘာသာကိုယ်လုပ်တဲ့အဖွဲ့ပေါ့။
အများအားဖြင့် မမြင်ဘူးကြတဲ့သူတွေ အင်တာနက်ကိုအားကိးပြီးလုပ်တာပေါ့။
ဖေစ်ဘုတ်မှဝင်ကြည့်ရင်တွေ့နိုင်ပါမယ်။
မြန်မာသံလေးတွေနားထောင်ကြမယ်အဖွဲ့ရယ်
မြန်မာဂန္ထ၀င်တေးများဆိုတဲ့အဖွဲရယ်။
လိုချင်တဲ့သီချင်းသတင်းပေးပြီးတောင်းတယ်။
ရှိတဲ့လူ သိတဲ့လူကရှာတင်ပေးမယ်။
ညီလေးဆီ သီချင်းပို့ပေးနေတာအဲဒီအဖွဲ့အတွက်ပို့ရင်းညီလေးဆီပိုတာပေါ့.
လူငယ်တွေကိုရပ်နေတယ်လို့မဆိုလိုပါဘူး။.
ရပ်မနေဘို့တိုက်တွန်းတာပါ။
အခုအချိန်မှာ သူများလုပ်ခဲ့တဲ့အမှားကိုကြည့်ပြီး ကိုယ်မမှားအောင်လုပ်ရမယ့်အချိန်ရောက်နေပြီလေ။
အဲတော့သူတို့က စားဝါးပြီး မလုပ်ချင်မလုပ်ဘဲနေ
ကျနော်တို့က ကျနော်တို့လုပ်စရာရှိတာဆက်လုပ်သွားမှာပါ။
သီချင်းဝါသနာပါရင် အဲဒီထဲကိုဝင်ကြည့်လိုက်ပါ.
ဘယ်အစည်းအရုံးဝင်လူကြီးမှမလုပ်တဲ့အလုပ်ကို ၀ါသနရှင်တွေစုပြီးလုပ်ထားကြတာတွေ့ပါလိမ့်မယ်။
ကော်ပီရိုက်ကိစ္စကတော့ လွှတ်တော်မှာတောင်တင်ဆွေးနွေးသင့်တဲ့ကိစ္စဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeကျန်နေခဲ့လို့ ထပ်ပြောဘို့။
အခုအချိန်မှာ ဖားလား ငါးလား တကယ်ကွဲပြားတဲ့အချိန်ဖြစ်နေပါပြီ။.
ဖားတွေကနေခဲ့ပြီး ငါလေးတွေက ဆက်ကူးခတ်နေတယ်ဆိုတာလေးပြောဘို့ကျန်နေခဲ့လို့။.
Was this answer helpful?
LikeDislikeအိမ်ပြန်ရောက်မှ …အေးဆေးမန့်မယ် လုပ်ထားတာ …
ဆွေးနွေးတာတွေ အတော်ကြီး အားရစရာကောင်းတာမို့
မန့်လိုက်ပါဘီဗျာ …(ကျနော် ရေးဖို့အဆင်မပြေလွန်းလို့ ….
သည်ရက်ပိုင်း …ပျက်ကွက်ခဲ့မိပါကြောင်း…. ဦးစွာတောင်းပန်လိုပါတယ်…)
(နှလုံးသားရှိတဲ့အရပ် … မသွားဖြစ်တော့ရင်…
ပြန်လာခဲ့ပါဦးမယ်လေ..)
တကယ်တန်း ..လူငယ်တွေ ..ပါချင်လို့ (လုပ်ချင်စိတ်ရှိလို့)နေရာတောင်းတယ်….
မပေးဘူး … ပရိတ်သတ်လုပ်တဲ့ ကျနော်က ..မနေနိုင်မထိုင်နိုင် ၀င်ချဉ်တယ်…
(ဒါကပိုစ့်ပါ ပြဿနာရဲ့ အကျဉ်းချုပ်ပါပဲ)
လေးပေါက်နဲ့ ..ကိုကြောင်ဝတုတ် ..မန့်တဲ့အချက်တွေထဲက နေ ဆွဲပြီးပြောပါမယ်..
ထိပ်ဆုံး ရောင်းရတွင်ကျယ်တာ မကျယ်တာ ဆိုတဲ့ကိစ္စ ….
ကျနော်ရေးတဲ့အထဲလဲ ပါပါတယ်… နီးစပ်ရာ Top Ten list ကိုကြည့်ပါ ဆိုတာ…
ဂီတ ဟာ Music as a Service (MaaS) မဟုတ်ပါဘူး ..စီးပွားရေးပါ..
လက်ရှိ ဂီတလောက တခုလုံး၇ဲ့ ၈၀% နှင့် အထက်သော စီးဆင်းလှည့်ပတ်ငွေကို
ဖန်တီးတဲ့ နောက်ကွယ်က အနုပညာရှင် တွေထဲက (သူတို့အခေါ် စတီရီယို နဲ့ ခေတ်သစ်)
ကလာတာပါ …အဲ့ဒါ စတီရီယို ကို ထည့်ပြီး ခေတ်သစ်ကို ထုတ်ထားတော့…
အတော်လေး စိတ်ပျက်စရာကောင်းတယ်…
R n B, Hip Hop, Punk တွေကို ကျနော် က ဆေးလိပ်စကားနဲ့ ပြောရရင်
side-stream smoker လောက်သာ နားထောင်သူပါ …
ဆိုပါတော့ ..သည်လ ရောင်းအားအကောင်းဆုံး အဆိုရှင်ဟာ .. ဘန်နီဖြိုးဖြစ်ရင်ဖြစ်မယ်
ဆိုတေးဖြစ်ရင်ဖြစ်မယ် … ဂျောက်ဂျက်ဖြစ်ရင်ဖြစ်မယ်…
ဂီတ အဖွဲ့ကြီးရဲ့ …အလွှာစာရင်းမှာတော့ …သူတို့ အဆင့်ကို ၀ါသနာရှင်တဲ့ ……
ကဲ ..မခက်ဘူးလား …ကိုယ့်ဖန်တီးမှု နဲ့ ဖြစ်လာတဲ့ စီးပွား ..အကျိုးခံစားခွင့်
မူပိုင်ခွင့် .စတာတွေကို သူများက စီမံခန့်ခွဲမယ် ဆိုတာကြီးက …
နောက်တခုက ခေတ်မတူဘူး ဆိုတဲ့ ကိစ္စပါ ..
ဟုတ်တယ် ခေတ်မတူပါ… လက်ရှိခေတ် အတွက် လက်ရှိခေတ် က လူတွေကို
ပါဝင်ပတ်သတ်ခွင့်ပေးပေးပါ … ဒါပါပဲ …
ဂီတဆိုတာ တပတ်လည်တဲ့ ကိစ္စ ကတော့ …ဟုတ်ပါတယ်..
နိုင်ငံတကာမှာလည်း …ထရီဗျု ပြန်ဆိုတာတွေ ရှိပါတယ်…
ဘရစ်တနီစပီးယားလည်း I Love Rock N Roll ပြန်ဆိုသလို
အေဗရာ လာဗင်းဂ် လည်း Knocking on the Heaven Door လုပ်ပါသေးတယ်..
ဆိုတော့ သည်နေရာမှာ ..လည်း ခေတ် ရဲ့ လက်ရှိစတားတွေ ပြန်ဆို ပြန်တီး
လုပ်ကြတာမို့… သူတို့ နေရာ ရကိုရသင့်ပါတယ်…ဒါမှသာ ကြယ်အိုကြီးတွေရော
ကြယ်သစ်လေးတွေပါ ..အကျိုးအမြတ် ခံစားနိုင်မှာပါ …..
ခိုးကူးခွေ ကိစ္စက တော့ နည်းနည်း အကျယ်ပြောကြည့်ပါမယ်…
(ဒါလူငယ်တွေကို နေရာမပေးတာနဲ့ အများကြီး ဆိုင်ပါတယ်…)
နည်းပညာတိုးတက်လို့ သက်သက်တော့ မဟုတ်ဘူး ..
ခိုးကူးက ကျနော်မီသလောက် ပြောရရင် (ပရီ စနစ် နဲ့အတူတူလောက်ကို မွေးလာတယ်ထင်တာပဲ)
ဟုတ်ပါတယ်.. တေးသံသွင်းဆိုင်တွေပါ… အခွေ တခွေကို ပုံတူကူး တယ်ဆိုတာထက်
လက်ရွေးစဉ် ကူး တာကိုပြောတာပါ …ဒါဟာ မူပိုင်ခွင့်နဲ့ ငြိစွန်းတယ်ဆိုတာ…
အဲ့သည့်ကာလက ကျယ်ကျယ်လောင်လောင် ဘယ်သူမှ ပြောတယ် ဆိုတယ်
မကြားဖူးပါဘူး …စီးပွားဖြစ်တွင်တွင်ကျယ်ကျယ် မဟုတ်ခဲ့လို့လည်း ပါမှာပေါ့လေ…
အဲ့ဒါကြောင့် ..မှတ်တမ်းတခုမှာ …အက်ဆစ် ၇သောင်း မြို့အ၀င်ည ၁သိန်း ရောင်းအား
ရှိဖူးတယ် ဖတ်ဖူးတာပေါ့ (အဲ့ဒါ ကတ်ဆက်ခွေ ရွှေအိုရောင်နေ့တွေ …)
ဆက်ရရင် ..စီဒီခေတ်မှာ ကွန်ပျူတာနဲ့အတူ ..CD Writer တွေ အိမ်သုံးဖြစ်လာတယ်…
လွယ်ရင် မနေတဲ့ ကျုပ်တို့ လူမျိုး … ခေတ်နောက်ကျလို့ …intellectual property
ဘာမှန်းမသိ တဲ့ ကျုပ်တို့ လူမျိုး …ဥပဒေအရ Copyright မရှိတဲ့ ကျုပ်တို့လူမျိုး …
ဒါမျိုး ဖြစ်လာ လုပ်လာတာ မဆန်းဘူး …သည်လောက်ဆို နည်းပညာသက်သက်ကြောင့်
မဟုတ်ဘူး ဆိုတာ ရှင်းမယ်ထင်ပါတယ်…
ကိုယ်တိုင်လည်း ..စီးပွားရေး လုပ်ငန်းရှင် စီးပွားရေးပညာရှင် လူငယ်တယောက်
(နာမည်ကျော် တေးသံသွင်းတခု ပိုင်ရှင်က) အနှီခိုးကူး ကို တဖက်တလမ်းက တိုက်ဖျက်ဖို့အတွက်
ထွက်ပီးသားသီချင်းတွေ ..၁ပုဒ်ချင်းရောင်းဖို့ … အကျိုးအမြတ်ခွဲဝေဖို့ …ကိစ္စ
ဆွေးနွေးဖူးတယ်… အနှီ အဖွဲ့ကြီးက ပယ်ချလိုက်ပြီး …လူအတော်များများက ခိုးချင်လို့
လမ်းကြောင်းရှာ တယ် ဆိုတာမျိုး ၀ိုင်းဆဲ ကြတယ်… တကယ်က မိုနိုကြိုက်သူ မိုနိုဝယ်
စတီရီယိုကြိုက်သူ စတီရီယို ၀ယ်… ကတ်ဆက်တိပ်ခေတ်က ဖန်တီးသူ အကျိုးအမြတ် မရတဲ့
လက်ရွေးစဉ် ရွေးကူးတာမျိုး ကို အားလုံး အကျိုးအမြတ်ခံစားရမယ့် business model ချပြခဲ့ဖူးသူပါ
(iTunes ကို offline ပုံစံကွဲ တင်သူဆိုပါတော့ …)
လက်ရှိ အစည်းအရုံး အလုပ်မဖြစ်ဘူး ဝေဖန်တာ ..လူငယ်တွေ ပါသင့်တယ် ပြောတာ
အဲ့ဒါကြောင့်ပါ…. ဒါက စီးပွားရေးပိုင်း…
အနုပညာပိုင်း အရ ပြောရရင်တော့ ….ဟိုတယောဆြာကြီး တယောက် မြန်မာသံတွေကို
တယောနဲ့ ပြန်လုပ်ပြခဲ့ဖူးတာရှိတယ်… ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ ..ပုံစံပါ… (အထူးသဖြင့် တယောနဲ့)
ထိပ်ဆုံးစလုပ်တာမို့ …အမှားအယွင်း အကျအပေါက် ပါချင်ပါခဲ့မယ်…. ဒါကို ထောက်ကြတယ်…
နောက် … တချို့တွေ နတ်ကတော် လို့ ခေါ်တဲ့ လူငယ်တယောက် …. အသစ်တွေ ယူလာတယ်..
သူ့ကို ကြိုက်တာ မကြိုက် တာ တပိုင်း … ကျုပ်တို့ဆီ (တွင်ကျယ်စွာ)မရှိသေးတာကို ယူလာပြတာ တပိုင်း
ဆိုတော့ ..တယောပိုင်ရှင်ရော …အရောပိုင်ရှင်ပါ…. အဆဲခံရတယ်… အခု သည်လူတွေ ဆက်မလုပ်(သေး)တော့ဘူး
အမြင်ကျဉ်းသူတွေ ဦးစီးတဲ့ အဖွဲ့တခုကြောင့် ..ကျုပ်တို့ ကြားရမယ့် အသံအသစ်တွေ မကြားရတော့ဘူး…
နည်းပညာပိုင်း အရပြောရရင်တော့ …
နောက်ဆုံးပေါ်တဲ့ နည်းပညာတွေကို နားလည်တတ်ကျွမ်းသူတွေ
မပါရင် နည်းပညာခေတ်ကြီးမှာ နားကား ဖို့ရှိကြောင်းပြောချင်ပါတယ်…
8 track ခေတ်ကလူတွေ ၅ပေါက် ခေတ်ကလူတွေ …ProTools, Cutebase, Sound Forge, Acid,
Fruity ကို အသာထားလို့ … Lady GaGa အစ Bon Jovi အလယ် Aerosmith အဆုံး Fanpage
ဆောက်ရတဲ့ ခေတ်ကြီးမှာ ..အဲ့ဒါတွေ ကျွမ်းကျင်တဲ့ …နားလည်တတ်ကျွမ်းတဲ့ လူတွေ (တကယ်လည်းရောင်းနေရတဲ့လူတွေကို)
ဘေးထုတ် ထားမယ် ဆိုတာ က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ရှေးရိုးစွဲလွန်း ထိုင်ခုံမက်လွန်းတဲ့
အပြုအမူ လို့ ပြောချင်ပါတယ်….
ဈေးလျှော့ရောင်းတဲ့ ကိစ္စ …အင်း .. ပြောရရင် …case study ရှိဖူးရဲ့…
အခုဆောင်းပါးထဲမှာ ပါတဲ့ ဦးညီ လား ..သူ့အစ်ကို ဦးမောင် လားတော့ မသိ
(သူတို့၂ယောက်ထဲက၁ယောက်) ခိုးကူးကို ခိုးကူးဈေးနဲ့ ဖိုက်မယ်ဆိုပီး
liveshow အခွေ ထင်ရဲ့ ..၇၀၀ကျပ်နဲ့ ရောင်းဖူးတယ်…
အောင်မြင်မှု မရလိုက်ဘူး … (စီးပွားရေးအရ ငွေကြေးအရ …ပျံ့နှံ့မှုအရ)
ဒါပေမယ့် အခွေက တောရောမြို့ပါရောက် တယ်လေ ….
အနှီ အဆိုရှင် နဲ့ ဗျူးထားတာလေး ဖတ်ဖြစ်တာပါ …တောကိုရောက်တော့
အဲ့မှာ ပြောဖြစ်တယ်တဲ့ …ခင်ဗျားအခွေကို ကျုပ်တို့ အားပေးချင်ပါတယ်…
ဒါပေမယ့် မြို့တက်မှ ၀ယ်လို့ရမှာလေ တဲ့ စက်ဘီးနဲ့ရွာစဉ်လှည့်တဲ့
ခိုးကူး သမားတွေ အိတ်ထဲမှာ တွံတေးသိန်းတန် အစ ဂျောက်ဂျက် အဆုံး
ပါတယ်ဆိုတော့ …ကိုယ်နှစ်သက်တဲ့အနုပညာရှင်လည်းဖြစ် တကူးတက
မြို့လည်း မသွားနိုင် မို့ …သည်လိုပဲ အားပေးလိုက်ရပါတယ် လို့ ပြောတယ်လို့
ရင်ဖွင့်သွားရဲ့ဗျာ …
ဆိုလိုချင်တာ …သည်လိုပါ …နည်းပညာသက်သက်ကြောင့် မဟုတ်သလို
ဈေးသက်သက်ကြောင့်လည်းမဟုတ်ဘူး …ဈေးလျှော့ရောင်းဖို့ ဆိုတာက
ဂွမ်းခဲ့ဖူးတဲ့ သာဓက သည်လိုရှိဖူးတာမို့ ….လုံးဝ မထောက်ခံပါကြောင်း …
(နာမည်ကျော် ပရိုဂျူဆာ တယောက် ပြောဖူးတာလေး ပါ .. ကြေးအိုး၁ပွဲ ဘယ်လောက်လဲတဲ့..)
၂၀၀၀ကျပ်(အောက်) ဆိုတာ များတယ်လို့ မမြင်မိပါဘူး … (သည်အကြောင်းလည်း အကျယ်ရေးဖူးပါတယ်)
ဆိုတော့ …အပေါ်က အဆိုတော်ကြီး ကိစ္စက နေ မြင်မိတာက
၁။ Distribution Channel မှာ အားနည်းချက်ကြီးကြီးမားမားကို ရှိနေတယ်…
ဒါကို ပြင်ဖို့လိုတယ်…မပြင်နိုင်ခဲ့ပဲ ခုနောက်ပိုင်း တေးသံသွင်းတွေ …
ပိတ်ရတာ လျှော့ရတာ ပိုများများလာ ..ခိုးကူးပိုအားကောင်းလာ … ဂျာအေး သူ့အမေရိုက်နေတာ…။
၂။ ခိုးကူး ဆိုတာ တောရောမြို့ပါ …စိမ့်ဝင် ပျံ့နှံ့နေပြီ ဆိုတဲ့ ကိစ္စပါ….
သည်အတွက် ဘာလို သလဲ ..ဘာနဲ့ တားမလဲ ဆိုတာ လေး… တွေးကြဖို့ လိုပြီ ထင်ပါတယ်…
နောက်ထပ် မူပိုင်ခွင့် ကိစ္စ အရပြောရရင်…ဆရာမ(ငွေသော်တာရောင်ချည်)လည်း ငြင်းသလို ညမွှေးပန်း လည်း ငြင်းကြတာပဲ ..
နောက်ဆုံး မျက်နှာ ရယ် … ဟိုတလောက ပုသိမ်ဘက်က သီချင်းတပုဒ်ရယ် ထိ …
ပြောချင်တာက အဲ့ဒါတွေ ကိုင်တွယ်ဖြေရှင်းခဲ့ပုံလည်း … အားရစရာမကောင်း ပြတ်သားမှုမရှိ …
နောက်ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ဆိုတာ မရေရာသေး …..
တကယ့်ကို လိုအပ်နေတဲ့ကိစ္စ ပါ…
ဆိုပါစို့ ..ချာတိတ်တယောက် သီချင်း၁ပုဒ်ရေးတယ်… အခွေကြမ်းသွင်းတယ်…
အဲ့ဒါယူလာပြီး အစည်းအရုံးမှာ မှတ်ပုံတင်တယ်… ဒါကို သူ လမ်းဘေးမှာတီးချင်တီးမယ်
အဆောင်ရှေ့မှာတီးချင်တီးမယ်. …ကျောင်းပွဲမှာ တီးချင်တီးမယ်.. မြို့ ရှိုးမှာတီးချင်တီးမယ်…
ဝရံတာထွက် တီးချင်တီးမယ် …ဆိုပါစို့ ..တယောက်ယောက်ကများ …ဒါကို တုပရင်
ကူးချရင် …သူ တင်ထားတဲ့ မှတ်ပုံတင်အရ ဘယ်လို ဘယ်လောက် လျော်ကြေးတောင်းနိုင်မယ်
ဆိုတာမျိုး ရှိသင့် ဖြစ်သင့်ပါတယ်…မှတ်ပုံတင်တုန်း မှာလည်း …သည် Dataကို ထိန်းသိမ်းစောင့်ရှောက်ခ ကုန်ကျမှာဖြစ်လို့
မှတ်ပုံတင်ကြေး ဆိုတာလည်း ထားရမှာ ဖြစ်သလို ဘယ်လို မှတ်ပုံတင်ရမယ်ဆိုတဲ့ Format လည်း ရှိကို ရှိရမှာပါ..
Beatbox လား Guitar Pro လား ..Loops file လား ..တခုခုပေါ့…. ဒါတွေ သွားရမယ့်ခေတ် အခြေအနေမျိုးမှာ
ဒါတွေ သိတဲ့ တတ်ကျွမ်းတဲ့သူမျိုးကို… ဘေးထုတ်ထားချင်တာကတော့ …အင်း …
လွှတ်တော် ထဲထည့် ဆွေးနွေးရမယ့် intellectual property ကိစ္စ ဆိုတာ ..တကယ်က
ဂီတ ဆိုတာ …အနှီခေါင်းစဉ်အောက်က ခေါင်းစဉ်ခွဲလေး တခု သက်သက်ပါ …
အနည်းဆုံး စာပေ ပါမယ် ..ရုပ်ရှင် နဲ့ ဂီတ ပါမယ်ပေါ့ဗျာ ….
(ခပ်ကီးမြင့်မြင့်ပြောရရင် … idea တွေ Brands တွေ business plan တွေဘာတွေတောင် အကျုံးဝင်သေးရဲ့)
ခက်တာက …ဂီတ ဆိုတာ ဇိမ်ခံပစ္စည်းနွယ်လေတော့ (emotional needs ထဲကဖြစ်လေတော့) စား-၀တ်-နေ ရေး
ကိစ္စ .. safty needs, fundamental needs တွေတောင် ပြေစရာ ဆွေးနွေးစရာ အလွန်များပြားစွာကျန်နေသေးတဲ့
လွှတ်တော် တို့ အမတ်တို့ကို ..အားကိုးမယ်ဆိုတာ ..သိပ် မဟုတ်သေးဘူးဗျာ …
ပြောရရင် အဲ့သည့်မှာ ဥပဒေပညာရှင်ပါမယ်.. နိုင်ငံရေးပညာရှင်ပါမယ် အုပ်ချုပ်ရေးပညာရှင်ပါမယ်..စီးပွားရေးပညာရှင်ပါမယ်
အနုပညာရှင် မပါဘူး ဆိုသလောက် နည်းမယ် ဗျ… ဆိုတော့ ..ပြောချင်တာက အနုပညာရှင် ဥစ္စာပစ္စည်း ရဲ့ တန်ဖိုးသည်
အနုပညာရှင် သာ တန်ဖိုး အသိဆုံး ဖြစ်ရဲ့ … သည်တော့ အနုပညာရှင်သည်သာ မူကြမ်း ကို ချမှတ်ပီး …လွှတ်တော်လက်ကို
ဥပဒေပြုနိုင်ဖို့ ..အပ်ရမယ်…. (ဖြစ်သင့်တာပြောပါတယ်..)
လက်ရှိ ရောင်းနေ လည်ပါတ်နေ တဲ့ စီးပွားရေးအရ ပေါ်ပြူလာ ဖြစ်မှုအရ ခေတ် ရဲ့ ..လိုလားတောင့်တမှု အရ
ထိပ်ရောက်နေတဲ့ လူငယ်တချို့ ကို နေရာမပေးဘဲ …အနုပညာ အရ သော်လည်းကောင်း နည်းပညာအရသော်လည်းကောင်း
စီးပွားရေး အရ သော်လည်းကောင်း အထက်က Case studies တွေ မှာ ရေးထားတဲ့အတိုင်း ဂွမ်းခဲ့သူတွေချည်း ဦးဆောင်ချင်တယ်
ဆိုရင်ဖြင့် …..
ပိုက်ဆံ ရှိရင် …စစ်တပ် အစ ဆြာဝန် အလည် နည်းပညာ ပညာရှင်တွေ အဆုံး …နိုင်ငံခြားက အင်ပို့ လုပ်လို့ရပါတယ်ဗျာ ..
အနုပညာရှင် ကိုတော့ အင်ပိုထ့် မလုပ်နိုင် စကောင်းဘူး မဟုတ်ာလး …
နောက်ဆုံး တခုလေးပါ …
လူငယ်ခေါင်းဆောင် ဆိုလို့ …
ရှစ်လေးလုံး မှာ ပေါ်ထွန်းလာတဲ့ …. ယနေ့ ကြီးမေ ခေါ်ရတဲ့ …အမျိုးသမီးကြီးက
အဲ့သည့်တုန်းက …လူငယ် ခေါင်းဆောင် မဟုတ်ခဲ့ဘူးလား ဟင်င်င်င်င်
အဲ့သည့်အချိန်တုန်းက ငယ်ရွယ် နုပျိုတဲ့ …လူငယ်ခေါင်းဆောင် မဟုတ်ခဲ့ဝူးလားဟင်င်င်င်
အသက်လေးဆယ် စွန်းစွန်း က အဲ့ကာလ ကီးမြင့်နေတဲ့ ဘိုးတော်တွေထက် plus or minus အနှစ် 20 လောက်
ကွာတယ် မဟုတ်လားဗျာ …..
ကြီးမေက အဲ့တုန်းက ၄၀ကျော်မို့ လူငယ်မဟုတ်ဝူး ဆိုရင်တောင် …ခေတ်အဆက်ဆက် … သေခဲ့ ထောင်ထဲဝင်ခဲ့ … ဘ၀ပျက်ခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တွေ …ဘယ်နေရာမှာ ထားမတုန်း …. သူ့သမီးတောင် အသိအမှတ်မပြုမှတော့
ချာတိတ်တွေ ပမွှားတွေ …. အသက်ပေး …ဘ၀ပေး …တာ ..အသိအမှတ်မပြုတာ ..မဆန်းဘူးပေါ့နော့် …
ပြောချင်တာသည်လိုပါ…
လူငယ်ခေါင်းဆောင်တွေ ခေတ်တိုင်း စနစ်တိုင်းမှာ ပေါ်လေ့ရှိရဲ့ဗျာ …
ဘောစကား နဲ့ ပြောရရင် …ဘောအကန်ကောင်းတိုင်း … ပီလီနဲ့ မာရာဒိုနာနဲ့တော့ ယှဉ်ထိုး မကြည့်စေချင်ဘူး..
သူ့ခေတ် သူ့စနစ်မှာ သူဖြတ်သန်းခဲ့တဲ့ အနေအထားကို reflect လုပ်တဲ့ လူငယ်ခေါင်းဆောင်ကတော့
နေရာတိုင်း စနစ်တိုင်းမှာ ပေါ်စမြဲပဲဗျ ….သည်လူတွေကို အသိအမှတ်ပြုတာ နေရာပေးတာ ကပဲ
နောက်ဆုံး ရလာဒ်အဖြစ် ကွာခြားသွားတယ် မှတ်မိပါတော့တယ်ဗျာ …
တော်သေးဘီ
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeမောင်ဂီရေ
ငါတို့ကြီးမေက တကယ်ပြောရရင် ပင်ပင်ပန်းပန်းနဲ့လုပ်နေရရှာတာ။
သူ့နောက်ကနေလိုက်ပြီးလုပ်မယ့်လူငယ်တွေအများကြီးလိုနေပြီလို့ဆိုလိုချင်တာလေ။
လူငယ်ခေါင်းဆောင်ဆိုတာအခုကနေစမွေးရတော့မှာကိုဆိုလိုချင်တာ။.
နိုမို့ရင်မြန်မာဘောလုံးသင်းလိုခါးပြတ်သွားမှာစိုး၏။
ငါတို့က အိုပြီလေ။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ပြောရမယ်ဆိုရင်တော့ ဂီတလောကကို ဥပမာ အနေနဲ့ ရေးတယ်လို့တောင် ဆိုချင်တယ်။
နေရာတိုင်း လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းမှာ ဒီလိုတွေချည်းပါပဲ။
ပဒုမ္မာပြောသလို- အပေါ်ယံ ကြည်နေပြီ ထင်ရပေမယ့် အောက်ခြေမှာ အနယ်တွေချည်းပါပဲ။
နှစ် ၁၀၀၀ ကျိန်စာက လွတ်ဖို့ နောက်နှစ် ၁၀၀၀ လောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရဦးမယ် ထင်တယ်။
သက်တမ်းကို ၁၀၀နဲ့တွက်ရင် နောက်ဘ၀ ၂၀ လောက်မှာတော့ ကံကောင်းရင် ကျိန်စာလွတ်လောက်ပါရဲ့။
(ဒီစာကို သဂျီးမမြင်ပါစေနဲ့)
Was this answer helpful?
LikeDislikeဂီဂီ ပြောသလို ထိပ်ကပိတ်နေတဲ့လူကြီးတွေက နေရာနဲနဲရွှေ့ပြီး လူငယ်တွေကိုကြိုဆိုရမှာဖြစ်သလို လူငယ်တွေကလဲ ငါတို့အားလုံးသိတယ်၊တတ်တယ် ဆိုတဲ့အထာနဲ့မ၀င်ဘဲ အပြန်အလှန် respect လေးတွေထားကြရမယ်ထင်ပါတယ်။ အဘိုးကြီးတွေထဲမှာလဲ သဘောထားပျော့ပျောင်းတဲ့ နားလည်မှုအပြည့်ပေးနိုင်တဲ့ လူကြီးဆန်တဲ့လူကြီးမျိုး ရှိတန်ကောင်းပါရဲ့ ဥပမာ။ ။ သဂျီးတို့ အဘဖောတို့ လေးဘလက်တို့ လေးပေါက်တို့ မမတို့ တီတီနုတို့ အန်တီပဒုမ္မာတို့လိုပေါ့ ;)
Was this answer helpful?
LikeDislikeဟေ့ မောင်ဂီ
ကောင်းလိုက် တဲ့ အချဉ်ပေါင်းလေး။
မှန်ပါ့၊ မှန်ပါ့။
ကြိုပြောထားတာ။
ကျုပ်ကတော့ နတ်ရှင်နောင် ခေတ်လဲ မဟုတ်ဘူး။ ပျိုပျိုခင် ခေတ်လဲ မဟုတ်ဘူး။
ဂျပ်စတင်ဘီဘာ ခေတ်။
အမှန်က စကားအတင်းစပ်ဖို့ ဝင်လာတာ။
လွန်ခဲ့တဲ့ ၆လ ထဲက ပရီအော်ဒါ လုပ်ထားခဲ့ရတဲ့ Raspberry Pi လေး လက်ထဲ ရောက်လာပါပြီ။ ;-)
တကဲ့သေးသေးလေး။
အလင်းနက် ဒီဘီယံ တင်ထားပါတယ်။
http://en.wikipedia.org/wiki/Raspberry_Pi
စိတ်မကောင်း စရာက တော့ တအားနှေးတယ်။
ထင်မထားဘူး။
Was this answer helpful?
LikeDislikeဂီဂီ ရေ ။
ဂျေညီညီ ကိစ္စကတော့ ၊
ဒီလောက် ( သိန်း ၄၀ ) ရတာတောင် ကံကောင်းလို့ပြောရမှာပဲ ။
လက်ရှိ မြန်မာ ဥပဒေတွေအရ ဘာမှ လုပ်လို့ မရပါဘူး ။
၁ ။ ကား ဒရိုင်ဘာ ကိုသာ ထောင်ချလို့ ရမယ် ။
၂ ။ ကား ကို အမှုမပြီး မချင်း သက်သေခံ အနေနှင့် ရဲစခန်းမှာ ထိန်းထားလို့ ရမယ် ။
၃ ။ ကား အာမခံ ကနေ တစ်သိန်း လောက် လျော်ကြေးရမယ် ။
၎ ။ စည်ပင်ပိုင် ပလက်ဖေါင်း ထိရင် အမှု ထပ်ဆွဲလို့ ရရင်ရမယ် ။
၅ ။ ကားပိုင်ရှင် / ကုမ္ပဏီ ကို ဘာမှလုပ်လို့ မရပါဘူး ။
Was this answer helpful?
LikeDislikeကျုပ်ကတော့
မောင်ဂီ့ပို့ စ်နဲ့ ပတ်သက်ပြီးတော့
သမိန်ပေါသွပ် ကာတွန်းထဲက
“ ဂီတဘိုးအေကြီး ” ဆိုတာကိုဘဲ ပြေးမြင်မိတယ် ။
Was this answer helpful?
LikeDislikeဂီတနဲ့ ပတ်သက်လို့ကတော့ မဟာဂီတက စလို့ မဟန်ဂီတအဆုံးထိ ခံစားနားဆင်လို့ရပါဂျောင်း၊
ဘာဂီတကိုမှကိုယ်တိုင် မဖန်တီးတတ်ပါဂျောင်း၊ ဒါပေသည့် စန်းဒရော ချစ်ဆွေမှစရွေ့ အာဂေါင်နီသီချင်းများထိ သများဆိုပြီးသားများကိုလိုက်ဆိုရွေ့တော့ရပါဂျောင်း၊ ရှေးမြန်မာ့ဂီတ အမွေအနှစ်များကို ထိမ်းသိမ်းသင့်တာ မှန်ပေသိ နိုင်ငံအ၀ှမ်းငွေကုန်ကြေးကျ သောက်သောက်လဲ များစွာဖြင့် ဟိုပညာရှိကြီးအမည်နှင့် ပြိုင်ပွဲများကိုမလုပ်သင့်တော့ပါဟုထင်ပါဂျောင်း။
Was this answer helpful?
LikeDislikeမောင်ဂီပေါက်ကွဲနေတာလာဖတ်သွားပါတယ်။
မှန်တာပြောရရင် Rap ကို နည်းနည်းမှ မကြိုက်ပါ။ဒါပေမယ့် သူတို့လေးတွေမှာ စွမ်းအားရှိတယ်ဆိုတာ လက်ခံပါတယ်။
အဖွဲ့ဖွဲ့ပြီဆိုရင်တော့ သူတို့လည်းပါသင့်တယ်လို့မြင်ပါတယ်။
Was this answer helpful?
LikeDislikeစကားအတင်းစပ်
ဂျေညီညီပုံကြည့်ရတာ တော်တော် ဒဏ်ရာကြီးတာဘဲ။
သူဂျေညီညီ မဖြစ်ခင် Yellow Ribbon ကိုဝဏ္ဏ ဘ၀ကတည်းက အားပေးခဲ့ရတာဆိုတော့ အလွမ်းကဖေးပိုင်ရှင်ကြီး အတွက် စိတ်မကောင်းပါဘူး။
သီချင်းဆိုနိုင်သေးရင်တော့ တော်သေးတယ်ပြောရမယ်။
ကားပိုင်ရှင်ဖက်ကကြည့်တော့လည်း သာမာန်လူတစ်ယောက်ဆေးကုစားရိတ်လောက်ဘဲပေးနိုင်မှာပေါ့။
celebrity တွေ အာမခံထားကြရတော့မယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeအိုင်စီ.. ယူအက်စ်လာဦးမယ်..
နောက်လထဲပဲ..
ဆိုတော့..
ကော်ပီသီချင်းတွေ.. သူတို့ဆိုထားတာ.. NPR ရေဒီယိုထဲ.. စာအုပ်ထဲ.. ပါပြီးသားမို့.. ဘာဖြစ်မလည်း.. သိချင်သား..
အိုဟဲ့.. မြန်မာ့ဂီတ…
http://www.npr.org/2011/12/01/143014871/shakira-and-collective-souls-hits-with-a-burmese-twist
“A lot of Burmese people — and musicians especially — when they talk about what is a good song, what is a quality piece of work, what they say is, ‘It’s a song that sells a lot, a song that’s commercially successful,’ ” MacLachlan says in an interview with NPR’s Guy Raz. “That’s how they judge artistic quality. So they know as well as everybody else that the best-selling music in the world comes out of the American and British pop-music industries. That’s the music that they’ve very much taken to themselves, and it has become something that’s really part of Burmese life since the early 1970s.”
These bands do write original material, but the “copy songs” often feature different lyrics to subversively spread political messages.
http://www.amazon.com/Burmas-Pop-Music-Industry-Ethnomusicology/dp/158046386X

Was this answer helpful?
LikeDislikeအနှီစာအုပ်အကြောင်း …ဈေးကြီးလို့ အော်ထားကြပါလားဗျို့ …
ကိုလေး ..တခါပြောဖူးတာလေး သွားအမှတ်ရတယ်… ကော်ပီဆိုတာ …
ကျနော်တို့ စထွက်ချာ ပိုင်းအရ လိုအပ်လို့ ပေါ်လာတဲ့အရာတခုပါ…
ကော်ပီးကြီးကွာ ..အုန်းကျုံး ကြီးကွ တံဆိပ်မကပ်သင့်ဘူး …ပြောဖူးရဲ့….
ထားပါတော့ ..အဲ့သည့် ကိစ္စ … ဘာတွေ ဆိုမယ် ဘာတွေတီးမယ်တော့ ..
သိချင်သားဗျာ ..အဲ့သည့်မှာ …
လေးစားရတဲ့ သီဟပူရ အခြေစိုက် ဆြာသမားတယောက်ကတော့….
ဖုန်းကိစ္စ ကွိုင်တက်အပြီးမှာ … အားမပေးတော့ပါ ပြောဖူးတယ်….
ဝေဖန်ရမှာ လက်တွန့်ရဲ့ဗျာ … (၀ိုင်းဆဲကြမှာကိုး …ခိခိ)
ဝေဖန်ရေးဆြာတွေကိုောတ့ …Creed နဲ့ Coldplay ပြန် နားထောင်ကြည့်ပါ လို့ပဲ အကြံပေးချင်ရဲ့ ….
အတင်းစကားစပ် ၁၉၉၆ တုန်းကပေါ့ ..
ကျနော် မြိတ်မြို့မှာ ချာတိတ်ဘ၀ … ဘုန်းကြီးကျောင်း တစ်ကျောင်းကအလှူ
(အနှီအခွေ ဘယ်ကရတယ်တော့မသိ …လိုကယ်မှာ မဖြန့်တာတော့ သေချာရဲ့..)
အဲ့သည့်မှာ …ဧည့်ခံရင်း ဖွင့်ထားတဲ့ ဗီဒီယိုက အာရှဂီတပွဲတော် …၁၉၉၆ ဂျပန်မှာလုပ်တာ
မထင်ထားဘဲ ..မြန်မာဘန်း အိုင်စီ ကို ရာဇ၀င်များရဲ့ သတို့သမီး ထ ဆိုတာ
တွေ့လိုက်မိပါရဲ့…….
ဂုဏ်ယူဝမ်းမြောက်မှုနဲ့အတူ …ဘာမှမသိသေးတဲ့ ချာတိတ်တယောက် အနေနဲ့…
မူရင်းသီဆိုသူ ကိုငှက်ကြီး ဘာလို့ ကိုယ်တိုင်မသွားတာလဲ …. ???
အဲ့သည့်ကာလ ..မြန်မာပြည်ထိပ်ဆုံး ဘန် သွားဆို ကြေးဆို …..
လောလောလတ်လတ် ..မဟာ သီချင်း -၅ပုဒ် ထွက်ထားတဲ့ ကိုညီထွဋ်တို့
ဘာလို့ မသွားတာလဲ ???????
why ic (with သူများသီချင်း)???
ဆိုတာတွေ အကြီးအကျယ် အုံးစားဖူးပါကြောင်း ….
(ဂျပန်လိုတတ်ပီး သည်ရောက်ပီးစာတွေဖတ်ပီးမှ …အဲ့ဒါတွေ … နားလည်သလိုလိုဖြစ်သွားကြောင်းရယ်ပါ..)
ထပ်ပီး ဇဂါးအတင်းစပ်လို့ ..မဟာသီချင်း-၅ပုဒ်ကို
ဘယ်သူဆိုတယ် ဘယ်သူရေးတယ် ဆိုတဲ့အစွဲ ကို ဖျောက်ပြီးကြည့်ရင်…
တကယ်တမ်း ..ဇာတိမာန် အမျိုးဂုဏ်နဲ့ မျိုးချစ်စိတ်…(အဲ့လေ.. နိုင်ငံချစ်စိတ်)
ကို ဖော်ကျူးထားတာမို့ …နှစ်သက်ပါကြောင်း.. (ဖားသီချင်း စာရင်း မသွင်းရက်ပါကြောင်း)
ပြောခဲ့ချင်ပါတယ်…
ပြောပါတယ်..လစ်ဘရယ် ပါဆို …
ဟွန့်…
Was this answer helpful?
LikeDislikeမောင်ဂီရေ
ဈေးလျော့ရောင်းတဲ့အကြောင်းဆက်ပြောရမယ်ဆိုရင် လျော့ရောင်းခဲ့တဲ့ဆရာသမားက
အဲဒီအချိန်မှာ သူ့ခေတ်ကုန်သွားတာလဲပါမယ်ထင်တယ်။
အခုတော့တင်းဝင်နေတဲ့ကလေးတွေက ပရိုမိုးရှင်းပုံစံလုပ် ဈေးနူန်းအသင့်အတင့်(တစ်ချပ်တစ်ထောင်လောက်)ဆိုရင် လူတိုင်းအကောင်းဘဲဝယ်မယ်လို့ထင်ပါရဲ့။
သီချင်းမူပိုင်ကိစ္စက မြန်မာပြည်မှာအတော်ပြောရခက်တယ်မောင်ဂီ။
ဘာလိုလဲဆိုတော့ ငါကိုယ်တိုင်က အစ ငါတို့မြန်မာပြည်မှာနေသူတွေရဲ့ ပြီးပြီးရော လုပ်တတ်တဲ့အကျင့်ကြောင့်ပါ။
ညမွှေးပန်း အကြီးတလုံးအသေးတစ်လုံး မျက်နှာ စတဲ့သီချင်းတွေဖြေရှင်းမပေးနိုင်တာမပြောနဲ့
ဟိုအရင်က်တည်းက စခဲ့တဲ့ နွေနှောင်းရက်ကျန် သီချင်းကွယ်လွန်သူကိုစောညိမ်းနဲ့ သက်ရှိ ဆရာကြီးဒဂုန်တာရာအကြား အခုထိအဖြေမရသေးပါဘူး။
နောက် ကျနော်ကြုံဘူးတာလေးပြောပြမယ်။
ကောင်လေးတစ်ယောက် က သီချင်းရေးထားတယ်။
နာမယ်ရစလူကိုပြပြီး အကိုကြိုက်ရင်သုံးပါပြောတယ်။
အဲတော့ စာသား သံစဉ်နည်းနည်းပြောင်းပြီး ရောင်းဘို့ပြတယ်။
ဝယ်သူက မူရင်းရေးသူနံမယ်နဲ့ဆိုမယူဘူး ခင်ဗျားနံမယ်နဲ့ဆို ၀ယ်မယ်ပြောတော့
နာမယ်သုံးပြီးရောင်းလိုက်တာ ပေါက်သွားတော့ ကွိုင်တက်ရော။
ဝါသနာရှင်တော်တော်များများက ကိုယ်ရေးထားတာလေးတွေကို အောင်မြင်သူထံပေး
လိုက်တာ နောက်တော့ ပေါက်သွားတော့ ကိုယ့်ဟာက သူများဟာဖြစ်သွားတာလဲအများကြီး။
နောက်တစ်ခုက နာမယ်ခံပေးလိုက်ရတာလဲရှိတယ်။
ဥပမာ ဒီခေါက်ဆွဲကောင်းလို့လဲစားတာပါ ကောင်မလေးလှလို့လဲကြည့်တာပါဆိုတဲ့သီချင်းကြားဘူးမှာပေါ့
ရေးတဲ့သူအစစ်က လွှမ်းမိုး။
သူနာမယ်နဲ့အဲဒီအချိန်က စီစစ်ရေးမကျ။.
အဲတော့ ရေးဆို ဆိုင်မောဝ်လုပ်လိုက်ရတာပေါ့။
ကျနော်ပြောချင်တာက ဒီဂီတလောက က နည်းနည်းလေးရှုပ်ထွေးတော့ မူပိုင်ခွင့်ကိစ္စကလည်းရှုပ်ထွေးတာပါဘဲ။
ဒါတွေက အပေါ်ယံကိစ္စတွေပါ။
တကယ်အဓိက က နောင်လာမယ့်အနာဂါတ်မှာလူငယ်တွေများများရှေ့ရောက်ဘို့လိုပါတယ်။
ပြောသာပြောရတယ် အခု မန်းဂေဇက်က စာရွေးမယ်ဆိုတဲ့ကျနော်အပါအ၀င်လူတွေတောင်
မောင်ဂီပြောသလို ဘူဒါးကြီးတွေချည်ဖြစ်နေပြီ.
လူငယ်တွေလဲ ထပ်ထည့်ပြီး အားဖြည့်စေချင်ပါ၏။
ဒီတစ်ခါ ဆွေးနွေးရတာ အရသာရှိပါ၏။
Was this answer helpful?
LikeDislike၁။
လေးပေါက် ..မဖတ်ဖြစ်လိုက်ဘူး ထင်လို့ … ပြန်ရေးလိုက်ပါတယ်…
စနစ်ကြောင့် လူကြောင့် ..စနစ်ကြောင့် လူကြောင့် ..စနစ်ကြောင့် လူကြောင့် ..
တခြား အကြောင်းတွေကိုပါ ဆက်ရရင်…
၂။
ိ
grade-1, grade-2 ခွဲရောင်းခဲ့ဖူးရဲ့ … grade-2 မှာ ကော်ဗူးခွံမပါဘဲ …
ကာဗာနဲ့ အိတ်နဲ့ ရောင်းတဲ့မော်ဒယ် ပေါ်ဖူးရဲ့ …
လုံးဝ (လုံးဝ) မအောင်မြင်ခဲ့…
ဆက်လုပ်လို့ ဖြစ်မှာလည်း မဟုတ်တဲ့ မော်ဒယ်…
ပြောရရင် ….ကွမ်းယာဆေးလိပ်လို ပေါနေတဲ့ ခိုးကူး ကို…
ဘိန်း ကို ကိုင်တဲ့ပေါ်လစီ လောက် နဲ့ ကိုင်နိုင်မှ …တော်ကာကျမယ် မြင်ရဲ့…
ဂီတ စီးပွား ဆိုတာကို…အတတ်ပညာပိုင်းရော ..နည်းပညာပိုင်းရော
ငွေကြေး နဲ့ အတွေ့အကြုံပိုင်းပါ ပြည့်စုံတဲ့ … လူတွေ ကိုယ်တိုင်
၁၈၀၀- ၂၀၀၀ ဆိုတာ …သင့်တင့်တဲ့ ဈေးဖြစ်တယ်ဆိုတာ .. ပြောထားကြလေတော့
၁၀၀၀ လောက်ဆိုတဲ့ အဆိုကို လုံးဝ မယုံကြည်ပါကြောင်း
(ဂွမ်းဖူးတဲ့ case study လည်းအများကြီး ရှိနေပါကြောင်း….)
၃။
ပရိုမိုးရှင်းကိစ္စကတော့ …
ခုလည်း မြင်မကောင်းအောင် လုပ်နေ လုပ်ခဲ့ပြီး …
လက်မှတ်ထိုး ဖျော်ဖြေ … မျိုးစုံဖြစ်ခဲ့ပြီး …. အဲ့သည့်နေ့ အဲ့သည့်နေရာ ကလွဲလို့
ကျန်နေ့တွေ ဒုံရင်း ကဒုံရင်း…
(လုပ်သင့်တဲ့ လုပ်နိုင်မယ့် နည်းတွေ …အနှီလူငယ်တွေ သိကြောင်း တတ်ကြောင်း …
အတိုင်းအတာတခုထိ effect ဖြစ်မှာ လည်း ယုံကြည်ကြောင်း ….)
အဲ ..လုပ်ခွင့် ပြခွင့် မရရှာတာကတော့ …. စိတ်မကောင်းပါကြောင်း…
ခက်တာက …သူတို့ ဂီတ ကို နားလည်လက်ခံမပေးနိုင်သလို …
သူတို့ နည်းလမ်းတွေ ..အတွေးသစ် လမ်းကြောင်းသစ်တွေကိုလည်း
နားမလည် နားမထောင် လေတော့ …..
ကိုယ့်ခေတ် ကိုယ့် ခြေ ကိုယ့်လက်မှာတောင် … အနှီ ပြဿနာတွေ မရှင်းနိုင်ခဲ့ဖူးတဲ့
လူတွေ …အခြေအနေအသစ် ဂီတသစ် dimension အသစ် ၀န်းကျင်အသစ်မှာ…
မပြောင်းမလဲ အဟောင်း တွေဘဲ …. ဆက်အုပ်စိုးမှာကိုတော့မလိုလားပါကြောင်း…
၎။
အဲ ….. ကိုယ့်အသားကိုယ် လှီးမစားရင် …သူများလှီးစားမယ် ဆိုတဲ့
ဆေးမြီးတို ၀ါဒ ပေါ်လာလို့ ..ကိုယ်တိုင် ခိုးကူးဖြန့်တယ် ဆိုတဲ့ …
ကိစ္စလည်းကြားဖူးရဲ့ …. ပေါက်ခွေ တခွေဟာ …မူရင်း …၁သောင်းအောက်
ကော်ပီ အချပ်ရေ ၁၀သိန်း ….
အင်း…
ဘယ်နိုင်ငံမှာ မှမရှိဖူးလောက်တဲ့ ..မူရင်းခွေ မထွက်ခင် ခိုးကူး ပျံ့ဖူးတာတို့…
မူရင်းခွေ ကို ကွန်ပျူတာနဲ့ ဖွင့်ရင်. ..(ခိုးကူးမှာစိုးလို့) ကွန်ပျူတာ ….windows
မတက်အောင် ကျိန်စာ တိုက်တာ တို့ …. အဲ ..အဲ့လို ကျိန်စာမျိုးမဟုတ်ဘဲ
write-protected လုပ်ထားတာကို ရအောင် ချိုးဖျက်ပီး …
ခိုးကူးက (သူ့ကူးခွေမှာကို ) တရားဝင် စိန်ခေါ်ပြောကြားတာကို
မြင်ဖူး ..အံ့သြဖူး ကြောင်း …. အော်. .ခိုးလည်း ခိုးသေး …
သည့်ထက် ပိုကောင်းတဲ့ သုံးနော် လို့ …ရေးလည်း ရေးသွားသေး ဆိုတဲ့အချိုးကိုး…
၅။
ကိုယ်ရေးတာ သူများပေးဆို ..သူများ ရေးတာကို ပေါက်တော့
မောင်ပိုင်စီး …
ဒါမျိုးကတော့ ၂ဖက်စလုံး …professional မပီသတဲ့ ကိစ္စမို့ ….
registry ကိစ္စပေါ်လာရင် …. တရား-၀င် စာရင်းသွင်းထားသူသာလျင်
အနိုင်ဖြစ်မှာမို့ …မှန်တယ် မှားတယ် မသုံးသပ်ချင်ပါဘူးဗျာ…
ဒါတွေ ရေးဆွဲဖို့ …. လက်ရှိ line-up မှာ ဘယ်သူတွေ လိုမလဲဆိုတာကိုပဲ
တွေးစေချင်လို့ပါ…
၆။
အတိတ်က ကိစ္စတွေကို မဆွေးနွေးလိုပါ…
သည်က စာရေးကြတဲ့ ကိစ္စနဲ့လည်း နွယ်ပီး မတွေးလိုပါ. ..
တွေးလိုတာကတော့ …(ကျနော်တို့ကြိုက်ကြိုက်မကြိုက်ကြိုက်)
လက်ရှိ နံပါတ် ၁ဟာ ဂျက်စတင် ဘီဘာ ပါ… အဲ့ငတိကို ….
အမေးချား ကြေငြာပြီး …အနှီ ရောင်းရသမျှ စီးပွားလုပ်ငန်း အ၀၀ ကို
အယ်လ်တန်ဂျွန် က ငါက ဘယ်တုန်းက ဘယ်လိုအောင်မြင်တာကွ …
ငါက ဘယ်တုန်းက ဘယ်လောက်ေ၇ာင်းဖူးတာ ..ဘယ်လို အတွေ့အကြုံရှိတာ
ကြုံးဝါးပီး စီမံ ခန့်ခွဲမယ် ဆိုရင် …တရားသလား ..မျှတသလား …
ဖြေကြည့် စေချင်ပါတယ်.. ကမ္ဘာ့ ပရိတ်သတ် . ဘယ်လိုတုန့်ပြန်မလဲ
မေးချင်ပါတယ်….
၇။
သည်တော့ ကျနော်လည်း မြန်မာ့ ပရိတ်သတ် တယောက်အနေနဲ့ …
မြန်မာ့ ဂျက်စတင်ဘီဘာ ဖြစ်လာသူ လူငယ် တချို့အတွက် ရေးလိုက်ပါတယ်…
ဒီတေးလ် တချို့နဲ့ ပြန်လာခဲ့ပါမယ်ဗျာ …
ရှေးတုန်းက ကိစ္စတွေတော့ မဟုတ်ဘူးပေါ့…
အဲ ..ရှေးကိစ္စ တွေထဲက အတော်များများကလည်း …
ဆက် ဖြေရှင်းဖို့…. ပရိတ်သတ်က မတောင်းဆိုနေ …
စိတ်ဝင်စားမှု နည်းနေ …. ဈေးကွက်အရလည်း …ရောင်းနေ …
ဝယ်နေရတာ မဟုတ်ကြောင်းရယ်….ပါ …
Was this answer helpful?
LikeDislikeမောင်ဂီရေ မောင်ဂီကော်မင်ကိုဖတ်ဖြစ်ပါတယ်.။
ကျနော်တစ်ခုကို စိတ်ပါလို့ပြန်ဆွေးနွေးမယ်ဆိုရင် အကုန်ဖတ်ပြီးမှ ကိုယ်စိတ်ထဲကယုံကြည်ရာကိုရေးပါတယ်။
အကြံကောင်းတစ်ခုပေးမယ်ဆိုရင် လူငယ်ဂီတသစ်သမားတွေ ကိုယ်သီဆိုထားတဲ့အခွေဖြန့်တဲ့အခါမှာ ထုတ်လုပ်ပေးသူအရောင်းဆိုင်ကိုစိတ်ချလက်ချပုံအော
ပေးမထားဘဲ ကိုယ်တိုင်လဲဖြန့်ချိစေချင်ပါတယ်
(တစ်နာရီလောက်အချိန်ပေးပြီးလက်မှတ်ထိုးရောင်းတဲ့ပွဲလောက်နဲ့မလုံလောက်ဘူးလို့ယုံကြည်ပါတယ်)
မူပိုင်အကြောင်းပြောရင် မောင်ဂီပြောသလို စကတည်းက ကိုယ်အနုပညာကိုယ်ဖန်တီးတာကို ယုံယုံကြည်ကြည်နဲ့ မူပိုင်လုပ်လို့ရတဲ့စနစ်ပေါ်ထွန်းသင့်ပါပြီ။
နောက် အကြံပေးချင်တာတစ်ခုက ဘိုးတော်တွေက အုပ်စုဖွဲ့ပြီးဗိုလ်ကျနေတယ်။
အဲတော့သူတို့ထဲပါ ပါရစေဆိုရင်လဲအပါခံမှာမဟုတ်တဲ့အတူတူ။
လူငယ်တွေကလဲ ကိုယ့်အစုတူရာဖွဲ့ပြီးကိုယ်ဖန်တီးချင်တာလေးကို ညီညီညွတ်ညွတ်နဲ့လုပ်ကြမယ်ဆိုရင်မကောင်းဘူးလား။
အရင်ကတော့ခွေတစ်ခွေထုတ်မယ်ဆိုရင် ဟိုတင်ရဒီတင်ရ။
အခုလွတ်လပ်ပြီလို့ဆိုနိုင်ပါတယ်။
သူတို့အရိပ်အောက်မ၀င်ဘဲ ကိုယ့်ဘာသာကိုယ်အရိပ်ကလေးဝိုင်းဝန်းပြီးဖန်တီးကြရင်ပိုကောင်းပါတယ်။
ဒါက စေတနာအမှန်အတိုင်းအကြံပေးတာပါ။
ဒီအချိန်မှာလူငယ်တွေက ညီညွတ်ဘို့လိုပါတယ်။
Was this answer helpful?
LikeDislikeလူငယ်တွေကို နေရာမပေးချင်တာက လူကြီးတွေရဲ့ အမှားပါ။
ဒီလူကြီးတွေပြုတ်သွားတဲ့အခါ ဘယ်လိုမျက်နှာနဲ့  ဂီတလောကမှာရပ်တည်မလဲ။
ဂီတလောကထဲမှာ အမဲစက်ကျန်ခဲ့ပြီဆိုတော့ မပြုတ်သေးခင်တောင် လူတောတိုးဝံ့ရဲ့လား။
Was this answer helpful?
LikeDislikehttp://first-11.com/index.php?option=com_content&view=article&id=14613:2012-07-18-09-44-41&catid=61:local&Itemid=133
ခေတ်သစ်ဂီတအလွှာအဖြစ် ရေး-၃ ဆို-၃ တီး-၃
နှုန်းနဲ့ ၉ယောက်တိတိ ပါဝင်ဖွဲ့စည်းခွင့်ပေးလိုက်ပြီ တဲ့ …
အင်း …
ပြောရရင် something ရှိတာ ..ဘာမှမရှိတဲ့ ..nothing ဆိုတာထက်တော့
နည်းနည်းသာသေးတယ် လို့ ပြောရပေမပေါ့ …
ဒါပေမယ့် ဒါဂျီးကို မျက်စိမှိတ် လက်ခံလို့လည်း မရတာအမှန်…
မူရင်း စာထဲ ရေးထားတာကို ပြန် ကောက်ရရင်
ဘယ့်နှယ့် တောက်လျောက် ၅နဲ့ စားလို့ ပြတ်တဲ့
၁၀၊ ၁၅ တွေချည်း… ခေတ်သစ်ကျတော့မှ
ရေး၃-ဆို၃-တီး၃ ဆိုပြီး န၀င်းကျေ ၉ ဂဏန်း …
ဆိုလိုချင်တာ ရိုးသားမှု မရှိဘူး အပ္ပါးဟန်း ယူထားတယ်လို့ မြင်မိပါရဲ့ …
ပြောရရင် သည်လို ..
ကျနော် အပေါ်မှာ ပြောခဲ့သလို
နတ်ရှင်နောင် နဲ့ ပျိုပျိုခင် က တဂိုဏ်း …(မဟာဂီတ + ကာလပေါ်) ပေါ့ဗျာ..
စုစုပေါင်း ၁၀ + ၁၅ ..အယောက် အစိတ် ၊ ၂၅ယောက်တိတိ ဆိုပါတော့
အဲ ..
စတီရီယို နဲ့ ခေတ်သစ် ပေါင်းရင် ၁၅ + ၉ မို့လို့ ၂၄ယောက် ..
၁ယောက်စာ ၁မဲစာ တမင် လျှော့ထားတယ် မြင်မိရဲ့ …
စက်မှု နဲ့ ထုတ်လုပ်ဆိုတဲ့ ၁၀ယောက်ဟာ တကယ်တော့
ကြားနေ မယ့် အုပ်စု လို့ မြင်မိလေတော့ …တကယ်တန်းသာ
မဲခွဲဆုံးဖြတ်စရာရှိရင် …လူကြီး Vs လူငယ် ဖြစ်လာမယ် ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ် တစ်မဲ စာ တစ်ယောက်စာ အသာရအောင်
ယူထားတယ် … မပေးလို့မကောင်းလို့သာ ပေးလိုက်တယ်
သို့သော် ထိန်းချုပ်ထားချင်ဆဲပဲ ..အာဏာကို မက်မောနေဆဲပဲ..
လုပ်ပိုင်ခွင့်ကို လက်ထဲ ထားချင်တုန်းပဲ လို့ မြင်မိပါတယ်…..
ကြည့်လုပ်ပါဆြာတို့ …..
Was this answer helpful?
LikeDislikeမောင်ဂီ
ဖဲကို ဆင်ပြီးမှဝေတဲ့အကျင့် မပျောက်သေးသမျှ ဒုံရင်းဒုံရင်းဘဲရှိနေမှာပါ။
စနစ်ကြောင့်မဟုတ်လူကြောင့်လို့ ကျနော်ပြောခဲ့တာကြာပေါ့။
Was this answer helpful?
LikeDislikeတိန်..
စကားမစပ် အဲ့လိုတောက်လျောက် ပြောခဲ့တာ
သဂျီးမဟုတ်လားဗျ..??????
Was this answer helpful?
LikeDislikeသူကြီးက ဒီစကားကိုတွင်ကျယ်အောာင်သုံးခဲ့တာအသေအချာပါမောင်ဂီ
အရင်က စနစ်ဘဲအပြစ်မတင်ဘို့ လူတွေကိုပြင်ရမယ်ဆိုတာ ကျနော်ဆောင်းပါးအတော်များများမှာ
ဒီသဘောပါအောင်ထည့်ရေးခဲ့ဘူးပါတယ်။
ဒါပေမယ့်အဲဒီတုန်းက စနစ်ဆိုးကြောင့်ဘဲဝိုင်းအပြစ်ပုံချနေတာကိုး မောင်ဂီရ။
Was this answer helpful?
LikeDislikeထပ်ပြောရရင် အတော်များများက စနစ်ကြောင့်လို့ တစ်လျောက်လုံးပြောနေတာကနေ
အခုမှလူကြောင့်လို့ပြောင်းပြောကြတာပါ။.
စနစ်ကြောင့်ဖြစ်ဖြစ် လူကြောင့်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် ရလာဒ်ကောင်းဘို့ပါဘဲ။
သေးသေးကြီးကြီး တစ်ဒေါင့်တစ်နေရာက နေကိုယ်တတ်နိုင်သလောက် ကောင်းအောင်
ဝိုင်းလုပ်ပေးဘို့ အဓိကပါ။.
Was this answer helpful?
LikeDislikeအူးဂီ
အူးလေးပြောတာဂီတသက်သက် ဟုတ်ဟုတ်မဟုတ်ဟုတ်၊
လူငယ်တွေကို အထင်သေးလို့ပဲဖြစ်ဖြစ်၊ မလုပ်ခိုင်းစေချင်လို့ပဲဖြစ်ဖြစ်
ဘာလို့ပဲဖြစ်ဖြစ် ရေထားတာကို အနော့်ဥာဏ်နဲ့ မမှီလို့ ၀င်မပွားတော့ပါဘူး
နို့ပေသည့် အနော်လောလောဆယ်မှာ အီးဒီးယက်က ရေမွန်လေးနဲ့ ၀န့်တက်က ဖော်ကာလေးကို ဟတ်ထိနေကြောင်း
အီးဒီယက်က ရေမွန်လေးဆို အသက်ကလေးက ခုမှ ၂၀၀န်းကျင်ကလေးတဲ့
Was this answer helpful?
LikeDislikeသီချင်းတပုဒ်ကို “လိပ်ပြာသန့်သန့် ” အပူအပင်ကင်းစွာနဲ့ နားထောင်နိုင်ဘို့ကလည်းအတော်ကို မလွယ်ပါလား
ကျနော်က အလုပ်လုပ်ရင်းသီချင်းနားမထောင်ဘူး
အလုပ်ထဲအာရုံမရောက်မှာစိုးလို့မဟုတ်
သီချင်းနားထောင်ရတာ ဖီးလ် မလာလို့ :-)
ခရီးသွားရင်းနားမထောင်တက်ဘူး
နားကျပ်ကအသံမလုံရင် ဘေးအသံတွေဝင်ပြီး သီချင်းသံကနေ ဆူညံသံတွေဖြစ်လို့
ကော်ပီသီချင်းတွေ ?????
အရင်တုန်းကတော့ အသေကြိုက်ခဲ့တာပေါ့
အဲဒါမကြိုက်လို့တခြား ဘာသွားကြိုက်မလဲ
ဆိုတဲ့သူရော ရေးတဲ့သူပါ ခံစားပြီးမှ ဖြစ်လာတာတွေပဲ
အလွယ်တကူမူရင်းသီချင်းတွေနားထောင်ရတော့မှ
ကော်ပီမကောင်းဘူးလို့မပြောရက်တော့ဘူး
အရင်ကကော်ပီမှန်းမှမသိတာ
အခုတော့
ရင်နာနာနဲ့ပဲ
ထီးဆိုင်နဲ့ ထူးအိမ်သင် သီချင်းအဟောင်းတချို့ကလွဲရင်
နားမထောင်ဖြစ်တော့ပါ
Was this answer helpful?
LikeDislike