24
အားကျမခံ .. ကျွန်မ ၏ ရိုက်ချက်….. :D
အားကျသည်..။ ရွာထဲက ဓါတ်ပုံဆြာတွေ ကိုအားကျနေသည်..။ ရုံးထဲဓါတ်ပုံဆြာ ဂျာကြီး ကို အားကျသည်..။ ရုံးက M.Director ဓါတ်ပုံဆရာ ကို အားကျသည်..။ မျက်နှာစာအုပ် မှာ ခင်တဲ့ ဓါတ်ပုံဆရာမ ကို အားကျသည်.. စလုံးမှာ ဓါတ်ပုံ ရိုက်တဲ့ တူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို အားကျသည်..။ အားလုံး (အားလုံး) သော ဓါတ်ပုံဆြာများ ကို အားကျသည်..။ ထိုသို အားကျနေရသော ကျွန်မသည်လည်း အားကျမခံ ကြိုးစားပမ်းစား ရိုက်ခဲသော ဒတ်ပုံ များကို ရွာသူရွာသားများ ရှုးစားနိုင်ရန်.. တင်ပြပေးလိုက်ပါသည်..။ ရွာထဲမှ ဆရာ့ဆရာ များဖြစ်ကြကုန်သော ဓါတ်ပုံ ဆြာ ကြီးများ ရှင့် အကဲဖြတ် ဝေဖန် ပေးပါရန် တောင်းဆို အပ်သည်..။
we R one












ပန်းလေးတွေ အရမ်းလှတာပဲ
ဓါတ်ပုံဆာကြီး ဖြစ်ပါစေနော်
အားပေးနေမယ်
Was this answer helpful?
LikeDislikeဖူးငုံနှင်းဆီပုံလေးကိုအရမ်းကြိုက်တယ် ကြိုးစားပါအားပေးနေတယ် တို့တောင် ဓာတ်ပုံတစ်ပုံတောင်မရိုက်ဖူးသေးဘူး တို့ထက်သာပါတယ် အားပေးနေတယ်နော် နောက်ပိုင်းဒီထက်မက ရိုက်ချက်ကောင်းတဲ့ဓါတ်ပုံလေးတွေ ရိုက်နိုင်ပါစေနော် ….. စနိုးစိတ်ရင်းအမှန်
Was this answer helpful?
LikeDislikeဟာ ပုတ်သင်ညှိကြီး
တောက်တဲ့ကြားရင်တော့ လာလိမ့်မယ်
သူ့အမျိုးတွေဓာတ်ပုံရိုက်တယ်ဆိုပြီး
Was this answer helpful?
LikeDislikeဓာတ်ပုံဆရာနဲ့တွေ့တော့လည်း စင်္ကြာပန်းလည်း တော်ဝင်သွားတာပဲ။
Was this answer helpful?
LikeDislikeအမဂျီး ..
အမဂျီး ….
အမဂျီးဂ တောက်တဲ့ပုံကျ ရိုက်ခဲ့ဘူး ..
ပုတ်သင်ညိုဂျီးပဲ ပါဒယ် ..
နောက်အခါကျရင် တောက်တဲ့ပုံပါ ရိုက်ခဲ့ပါနော့ ..
ပလိခ်ျ .. အစ် ..
:D
Was this answer helpful?
LikeDislikeမနက်ဖြန် ရိုက်ပေးမယ် တောက်တဲ့ ကို.. နှတ်ခမ်မွေး ရိတ်လာခဲ့ ..:D
Was this answer helpful?
LikeDislikeအဲ …
သူဂ သိဒယ်ဟ …
ဒါမှ ဂွကျ ..
နှုတ်ခမ်းမွေးတော့ မရိတ်ပါရစေနဲ့ အမဂျီးရယ် ..
ဒီတစ်ချက်ဒေါ့ဖျင့် တောင်းဖန်ဘာဒယ်ဂျာ .. :D
Was this answer helpful?
LikeDislikeတောက်တဲ့ မဟုတ်တဲ့ ပုတ်သင်ညိုဖြစ်နေတယ်ဗျ။
Was this answer helpful?
LikeDislikeလှလိုက်တဲ့ပုံလေးတွေ
Was this answer helpful?
LikeDislike၀င်ရောက်ကြည့်ရှုသွားပါဂျောင်း…
ဗဟုသုတလဲ ရရှိပါဂျောင်…
အင်တာနက်ရဲ့ ကူညီပံ့ပိုးမှုကြောင့် စနိုးမိုးရှင်းလေးနဲ့ကြည့်ရှုရပါဂျောင်း…
Was this answer helpful?
LikeDislikeဘာပန်းပါလိမ့်ဆိုတဲ့ပန်းက ကျွန်တော်တို့ရွာမှာဆို ခရာဆူးပင်ကပွင့်တဲ့ပန်းတွေပါ ကျွန်တော်တို့ရွာမှာ
ပေါပါတယ်……..အားလုံးလှပါတယ်ဗျာ……
Was this answer helpful?
LikeDislikeတဖက်လှည့်နဲ့ ကျန်းမာရေးအတွက် ပညာပေးကြေငြာပုံက ထည့်ပြသွားသေးတယ် ဟွန်း
လက်မတစ်ချောင်းထောင်ရင်း ကြည့်သွားပါတယ်နော ။
Was this answer helpful?
LikeDislikeကိုပေပြောတာကို ငါးမိနစ်လောက်စဉ်းစားလိုက်ရတယ်။ တော်တော်တုံးတဲ့တောင်၊
Was this answer helpful?
LikeDislikeကျနော်ကတော့အပျိုလိုချင်ခေါင်းငြိမ့်တဲ့ပုံကြိုက်တယ်.
ပုံလေးတွေမှာနံပါတ်ုထိုးရင်ညွန်းရတာလွယ်တယ်နော်။
ကျနော်ကိုလဲ ဆရာမကြိးကအကြံပေးခဲ့တာပါ.
ထပ်ကြည့်ချင်ပါသေးတယ်
Was this answer helpful?
LikeDislikeဘာပန်းပါလိမ့်ဆိုတဲ့ ပန်းကို ဘာပန်းလဲလို့ သိချင်မိတယ် …
ပုံလေးတွေ ကြည့်လို့ကောင်းတယ် ..
Was this answer helpful?
LikeDislikeဟုတ်တယ် မဝေ ဘာမှန်းမသိတဲ့ ပန်းကို ပိုစိတ်ဝင်စားတယ် ခုမှ မြင်ဖူးလို့။
အပေါ်ဆုံးပုံကို အကြိုက်ဆုံးပဲ။
Was this answer helpful?
LikeDislikeဘာပန်းလဲဆိုတဲ့ပန်းက ခရာဆူးပင်ရဲ့ ပန်းဖြစ်ပါတယ် ဒီရေတောတွေမှာ ပေါက်ပြီး april နဲ့ may မှာပွင့်ပြီး သီးပါတယ်၊အပွင့်လဲလှသလို အသီးကလဲ လှပါတယ်။
Was this answer helpful?
LikeDislikeနံမည် ထိုးထားပုံကြည့်ပြီး photoshop လဲ မခေ ဘူးထင်တယ်ဗျို့  .. ကာလာလေးတွေ နဲနဲ တင်လိုက်ပါလားဗျာ… ကြည့်ရတာ ..နဲနဲ expo: under ဖြစ်နေသလို ပဲ။ ကျွန်တော် သာ ပန်းပွင့်ကို close up ရိုက်မယ် ဆို ရေတော့ စွတ် မိမှာပဲ ..။ ပုတ်သင်ညို ပုံအတွက် တော့ လေးစားပါတယ်ဗျို့ ။
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislikeအကြံပေးတာ ကျေးဇူးတင်ပါတယ် ..။
Was this answer helpful?
LikeDislike၀ိုးးးးးးလှလိုက်တဲ့ ပန်းလေးတွေပါလားးးး
လေးပေါက်ကို အားကျတယ်ဆိုတဲ့..ဒါ့ပုံဆြာရေ…
နောက်ထပ်ပုံလေးတွေကိုလည်း မျှော်လင့်နေပါဂျောင်းးးးးးး။
Was this answer helpful?
LikeDislikeစိတ်ထဲကို လန်းဆန်းပါတယ်ဗျာ ..ရှု့ ခင်းပုံ လန်းလန်းလေးတွေလည်း လက်ဆော့ ပါဦးဗျာ..ရင်ကိုအေးစေမယ့် ပုံမျိုးလေးတွေအားပေးချင်ပါတယ်.ဗျာ
Was this answer helpful?
LikeDislikeအင်း ၃ မိနစ်လေ့လာခဲ့တဲ့ မဟာ အတွေ့အကြုံအ၇ပြောရင်တော့ ပုံတွေအားလုံးမှာ အလင်းလိုနေပါတယ်.. နောက် “ကိုကိုလင်” ပြောသလို ကလားလေးတွေ တင်ရင်ကောင်းပါမယ်ကွယ်.. ကွန်ထရပ် လေးတင်ကြည့်နော်
ပထမဆုံးပုံက အဂန့်လိုက် ဖြစ်နေပေမဲ့ ဘယ်ဖက်က အလင်းဝင် နေတဲ့ နေရာကို ရှောင်ပြီး ညာဖက်နဲနဲတိုးလိုက်ရင် ကောင်းမယ်ထင်ပါတယ်.. စင်္ကြာပန်း ပုံမှာ လိုက်တင် လေးက ညာဘက် အစွန်းလေးမှာပဲ ၀င်နေတယ် တစ်ပွင့်လုံးပေါ်ကျရင် ပိုကောင်းမယ်.. ဟုတ်မဟုတ်တော့သိပါဘူးကွယ် .. ကိုယ့်ဘာသာကိုယ်လုပ်ကြည့်ပေါ့နော်
Was this answer helpful?
LikeDislikeဘာပန်းပါလိမ့် ဆိုတာ ခရာပန်း ပါ…
ချောင်းကမ်းဘေးတွေမှာ တွေ့ရတတ်ပါတယ်…
သင်္ကြန်ပန်းစည်းထဲမှာထည့်ကြပါတယ်…
ပုံလေးတွေ မတွေ့တာကြာနေပြီလားလို့…
Was this answer helpful?
LikeDislikeပန်းကလေးတွေ…
အရမ်းလှပါတယ်နော်…
နှင်းဆီဖူးလေး အရမ်းကြိုက်လို့…
ကူးသွားပါတယ်…
ကျေးဇူးပါ……….
အခုလိုပန်းလေးတွေတင်ထားပေးတဲ့အတွက်….။
Was this answer helpful?
LikeDislike