ဒါကိုမဖက်နဲ့ သိမှာစိုးလို့ပါတဲ့…
အချိန်ကောင်း အခါကောင်း အခွင့်ကောင်း အဲ နေရာကောင်းလေးလဲလိုတယ်ဗျ… ဒီလိုပါပဲဗျာ ဘယ်အရာမဆို ကောင်းတာလေးတွေ လိုအပ်တယ်ဗျ… အပြောကောင်း အဆိုကောင်း ဟန်ကောင်း မှင်မောင်းကောင်း အား… အားလုံးကောင်း… ကောင်း အဲလိုကောင်းနေမှကို လူ့အဆင့်တန်းက အဆင်ပြေတာဗျ…အင်း ကောင်းလွန်းနေရင်လည်း ကြောက်ရတယ်ဗျ… ဒီလိုပဲဗျ… အဆင့်တန်းကောင်းကောင်း မှင်မောင်းကောင်းကောင်း နေရာကောင်းကောင်းလေးရထားတဲ့
သူတစ်ယောက်အကြောင်း တွေးမိတယ်ဗျ… မိသားစုကလည်း ပြည့်စုံပြီးသား စီးပွားရေးက လိုလေသေးမရှိ ငွေမပူ ရွှေမရှား အဲအဲ… ကြော်ငြာတွေအရမ်းများနေတယ် တည့်တည့်ပဲပြောကြပါစို့ဗျာ ရှေ့နေတစ်ယောက်ဆိုပါတော့ တော်လည်းတော်တယ်ဗျ အားလုံးမသိသူမရှိဘူးလေ ဟဲဟဲ… အိမ်တွင်းအိမ်ပြင်မထွက်တဲ့ ကျနော်တောင်
သိလိုက်သေးတယ် သူ့ကို လူတော်တော်များများ အားကိုးကြတယ်ဗျ… ဘယ်လိုလူတွေလည်းဆိုတော့ မျက်စိ တစ်ဖက်လပ် နားလေး နားကန်း လက်တစ်ဖက်တို ပုခုံးရွဲ့ ခြေတို… အစုံတကာ့ အစုံပေါ့ဗျာ… စဉ်းစားကြည့်လေ ကောင်းတဲ့သူဆိုလို့ တစ်ယောက်မှ မပါဘူးလေ သူ့ကိုငှားလိုက်ရင်လည်း ဖြစ်တတ်တဲ့ပုံစံလေးက ရတယ် ရတယ် အဆင်ပြေစေရမယ် စိတ်ချပါတဲ့ နောက်တော့လည်း ရောက်သွားတာပဲ ဆိုက်ဆိုက်ကြီးကို သူ့ပုံသေနည်းက the twice တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြစ်ဒဏ်ထက် နှစ်ဆခံစားကြရတာပါ ပြောသေးတယ် အမှုမပြီးသေးခင် များဆိုရင် ငါသူ့အတွက်စိတ်မကောင်းဘူးဟာ…ဆိုပြီး တောင်းလိုက်တာပါပဲ the money အဲပြီးသွားလို့ ကိုယ်ထင်ထားသလို ဖြစ်မလာလို့ သူ့များသွားပြီး remoney ဆိုပြီး ပြန်အမ်းငွေများ မတောင်းလိုက်နဲ့နော် သူ့လမ်းစဉ်လေးက ဘာတဲ့ သိပါတယ် သြော် section 4 တဲ့ အပိုင်းလေး အပေးလိုင်းတဲ့ ဆိုင်ရာဆိုင်ရာလေးတွေကို ပေးပြီး အမှုကို နိုင်အောင်လုပ်တာပါ အဲ…သူကလည်း ပုဒ်မလေးပဲ ပေးမှလုပ်တာလေ အဆိုးဆုံးက နှစ်ဖက်စားတာဗျ တစ်ဖက်ကလူကများ ခင်ဗျလက်ခံထားတဲ့ အမှုသည်ကို ရှုံးအောင်လုပ်ပေးပါဆိုပြီး လုပ်တာလေ လူ့ဘဝဆိုတာ ခဏလေးပါဗျာ ပကာသန ဂုဏ်ဒြပ်တွေက အလွန်ဆုံးတည်တန့်မှ အသက်မသေခင်လေးပါပဲ ကိုယ်က အထည်ဆိုရင် အဲဒါတွေက အရိပ်တွေပါ အထည်ပျောက်သွားရင် အလိုလိုပျောက်ကွယ်သွားမှာပါ ဒါတွေသူမသိလို့များလားဗျာ ကလိမ်စေ့ငြမ်းစဉ်ဖို့ဆိုရင် သူ့ဆီသာတန်းသွားကြတာပဲ ကြည့်ဦးလေ ဆိုးလိုက်ပုံက စုကြေးပြဿနာကို ရွှေအပ်ထားပါတယ်ဆိုပြီး သူကိုယ်တိုင် တစ်ယောက်တည်း စာချုပ်အတုတွေလုပ် သေချာအကွက်ချ လုပ်လိုက်တာ တစ်ဖက်လူ တရားစွဲခံနေရတယ် ခုလည်းကြည့်ဦးလေ ငွေဆယ်သိန်းချေးထားတဲ့ ကိစ္စကို သူနဲ့တိုင်ပင်ပြီး ဆယ်သိန်းကို နောက်တိုးထပ်လို့ သိန်းတစ်ရာချေးပါတယ်ဆိုပြီး တရားစွဲလိုက်ပါသတဲ့ဗျာ… တရားရုံးမှာ ဖြစ်နေတာက သူစလုပ်လိုက်တဲ့ ဘက်လိုက် ငွေပေးလုပ်လိုက်တော့ သူ့နောက်က လိုက်ကြရတော့တာလေ တရားရုံးလည်း သူရှိနေတာနဲ့ ရှေ့နေတွေနာမည်ပျက်နေကြရတာ… လူမသေငွေမရှား ငွေမရှားခင် သူသေသင့်ပါတယ် ရင်နာလိုက်ပါ့ မွေးမိခင်ရယ် လောကကြီးကို အဆိပ်မျိုးစေ့တွေ ချပေးလိုက်တယ် အမှုကို နှစ်ဖက်စလုံးလက်ခံ ပြီးတော့ တပည့်နှစ်ယောက်ကို တစ်ဖက်စီလိုက်ခိုင်း စဉ်းစားကြည့်လေ အရောင်တဝင်းဝင်းနဲ့ စိန်ဖူးမြင်လို့ ပူဇော်လိုက်တာ အရိုးကျောက်တိုင်ပေါ် ပုလင်ထောင်ထားတဲ့ အဖြစ်မျိုးနဲ့တွေ့ရတော့မှာပေါ့ နာမည်က ဦးသန်းထွန်းပါတဲ့ဗျာ… မုံရွာမြို့မှာ သူနဲ့ဆိုရင် အိမ်ဝင်အရောင်းအဝယ်လုပ်လို့ ဦးသန်းထွန်းနဲ့ စာချုပ်မလားလို့ မေးလိုက်ရင် နေပါစေ ကျွန်တော့်အသိ ရှေ့နေတစ်ယောက်ရှိပါတယ်ဆိုပြီး အပြင်ကွယ်ရာမှ အမလေး မချုပ်ရဲပါဘူး သူလုပ်ချလိုက်ရင်ဘယ်လိုလုပ်မလဲတဲ့…



အိုးးးးးးးးးအဲလိုဂျီးလား………
အဲ့လောက်တောင်ဆိုးလို့လား…………
Was this answer helpful?
LikeDislikeဒီလိုလူမျိုးတွေရှိနေတာမျိုးမို့ အသက်တစ်ရာမနေရ အမှုတစ်ရာနဲ့ ရင်ဆိုင်ရတာ ဖြစ်မှာ ။
Was this answer helpful?
LikeDislike၀င်ေ၇ာက်မှတ်သားသွားပါသည်
Was this answer helpful?
LikeDislikeIf this is right, very bad person on earth.
Was this answer helpful?
LikeDislikeဖတ်ပြီး မှတ်သွားပါတယ်ရှင်
Was this answer helpful?
LikeDislikeဘာမန့်ရမယ်မသိလို.
ဒီတိုင်းလေးပဲလှည့်ပြန်သွားပါတယ်နော်
Was this answer helpful?
LikeDislikeဒါကိုမဖတ်နဲ့ သိမှာစိုးလို့တဲ့…
မဟုတ်တာလုပ်တာ သိမှာစိုးလို့ပေါ့နော်…
ဒါပေမယ့်သိသွားပြီလေ…
မဖတ်နဲ့ ဆိုမှ ဖတ်ကြည့်သွားပါတယ်…။
Was this answer helpful?
LikeDislikeဟယ် ….. မုံရွာဆိုပါလား နာ့အမျိုးတွေလက်တို့ထားမှ ဝေးဝေးရှောင်ဖို့အတွက် ………. ရန်ကုန်မှာလည်း ရှေ့နေတစ်ယောက်ရှိပါတယ် သူကအနုပညာအသိုင်းအ၀ိုင်းကသူတစ်ယောက်ရဲ့အဖေပါ သူ့ကိုအမွေဆိုင်အိမ်ကိစ္စပြသနာဖြစ်လို့အပ်လိုက်တာ နောက်ဆုံးတရားလိုကအမှုနိုင်သွားပါတယ် ဒါပေမယ့် နိုင်တယ်ဆိုတဲ့နံမည်ပဲကျန်ပြီး အိမ်ကြီးတစ်အိမ်လုံးကိုတော့ သူ့လက်ထဲထိုးအပ်လိုက်ရပါတယ် …..
Was this answer helpful?
LikeDislikeသူဟာ မကောင်းတာတွေလုပ်တော့ …အဲဒီသူ မကောင်းတဲ့သူဖြစ်သွားတာပေါ့…
မကောင်းတဲ့သူဖြစ်သွားတော့လဲ..သူဟာ အဲဒီမကောင်းမှုအပေါ်မှာပျော်မွေ့ပြီး မကောင်းမှုတွေကိုပဲ ထပ်လုပ်ချင်နေတော့တာပဲ။
ဒီတော့လဲ သူဟာ ပိုပိုပြီး မကောင်းတဲ့သူဖြစ်နေတော့တာပေါ့…
ဒီတော့လဲ ကောင်းတဲ့သူတွေက သူ့ကိုရှောင်ကြတော့မှာပဲ…..
သူလုပ်တဲ့အလုပ်က လူတွေလုပ်သင့်တဲ့အလုပ်မဟုတ်တာလုပ်လို့…သူကိုယ်တိုင်လူ့အပြင်ဘက်ထွက်သွားရတာပါ။
Was this answer helpful?
LikeDislikeအော် လူတွေ လူတွေ တရားကျဖို့ ကောင်းလိုက်တာနော် … ကိုယ့်လိပ်ပြာ ကိုယ်မှမသနား ၊ နောင်ဘ၀အတွက် ဆိုးကျိုးပဲရမယ့် ရိက္ခာအတွက် သိက္ခာများ အကျခံရတယ်လို့ …
Was this answer helpful?
LikeDislikeအော်…တရားမရှိ တရားမသိတဲ့လူတွေကတော့
မတရားတာကို အရင်းပြုပြီး ရှာဖွေစားသောက်နေတဲ့သူတွေဟာ
မတရားဘူးဆိုတာတွေက သူတို့အတွက် ကျေးဇူးရှင်ဖြစ်နေတာ..
မတရားတာတွေနဲ့ နေပြီး မတရားသေ သေကြရမှာပါ ..။
Was this answer helpful?
LikeDislikeတစ်ဘ၀စာအတွက် လိမ်နည်း ၊ခိုးနည်း မျိုးစုံနဲ့ ဒီလိုလူမျိုးတွေလည်း တော်တော်လေးကိုများလာကြတာ
ကြာပေါ့…။
Was this answer helpful?
LikeDislike