လူလေးမျိုး
လောကမှာ လူလေးမျိုး ရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ မိမိက ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ ဝေဖန်ဆန်းစစ်နိုင်ပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကိုရောက်လာခဲ့ရင်ပဲ မွေးကတည်းက ငိုသံနဲ့စပြီး အဆုံးသေပြန်တော့လည်း ငိုသံတွေနဲ့သာ အဆုံးသတ်ကြရတယ်။ ဆပ်မကုန်နိုင်တဲ့ ၀ဋ်ကြွေးများ မဆုံးနိုင်တဲ့ ဒုက္ခများကို ပေးဆပ်ရင်း နာရီလက်တံလို တစ်နေကုန်လည်ပတ်ရင်း သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။ သံသရာ ၀ဲဂယက်မှ မရုန်းထွက်နိုင်သမျှ ကာလပတ်လုံး မပြည့်စုံမှု အလိုမကျ မှုများနှင့်သာ အချိန်ကုန်ရင်း နောက်ဆုံး ကွယ်လွန်အနိစ္စ ရောက်ကြရပါတယ်။ လူလေးမျိုး ရှိကြရာ ၀ယ်
( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ်
( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ်
( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ်
( ၄ ) အလင်းကလာပြီး အလင်းကိုပြန်သွားတယ် … ဟူ၍ဖြစ်ကြပါတယ်။
နံပါတ်တစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့ ဘာကောင်းမှုမှ မလုပ်ဘဲ အကုသိုလ်များသာ ဆက်လုပ်ရင်းအချိန်တွေကုန် ကွယ်လွန်ခါကြတော့ အမှောင်ထဲကိုပဲ ပြန်သွားကြသောလူမျိုးဖြစ်ပါတယ်။ အကုသိုလ်အမှောင်ထဲလာပြီး ဆင်းရဲသောဘ၀မှာရောက်နေတာတောင် အမှောင်ကိုပဲ တွယ်ကပ်ပြီး အကုသိုလ်များထပ်ပွားနေမယ်ဆိုရင်ဖြင့် လားရာက ငရဲ သို့ပဲဖြစ်ပါတယ်။
နံပါတ်နှစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့ ကောင်းမှု ကုသိုလ်များပြုလုပ်ရင်း အချိန်တွေကုန်သွားတော့ ကွယ်လွန်သောအခါ အလင်းဆိုသော ကောင်းရာဘုံဘ၀များသို့ ရောက်ကြရပါတယ်။ မိမိအရင်ဘ၀ကမကောင်းခဲ့လိုU ဒီဘ၀မှာဆင်းရဲနေတာကို သံဝေဂရပြီးနောက် ကောင်းမှုကုသိုလ်များ ပြုလုပ်သောသူသည် အမှောင်ကနေလာပြီး အလင်းကိုသွားသူများဖြစ်ပါသည်။
နံပါတ်သုံးကတော့ အရင်ဘ၀က ကောင်းမှုကုသိုလ်များကြောင့် ဒီဘ၀ အပူအပင်မရှိပဲ နေနိုင်ပြီး ကြွယ်ဝချမ်းသာ လာကြသော လူတန်းစားများသည် စည်းစိမ်ရစ်မူးနေပြီး ကောင်မှုကုသိုလ်ပြုလုပ်ဖို့ကို မေ့နေမယ်ဆိုရင်တော့ အလင်းကနေလာပြီး အမှောင်ကိုပြန်သွားသောသူများကိုဆိုလိုခြင်းဖြစ်သည်။ စည်းစိမ်ချမ်သာတာကို သောက်မယ်စားမယ် ပျော်မယ်ပါးမယ် ကိလေသာကာမဂုဏ်ထဲမှာပဲ ပျော်မွေ့နေမယ်ဆိုရင်တော့ ကွယ်လွန်သွားသော် အပါယ်လေးဘုံသို့ ကြွမြန်းရမှာ ဖြစ်ပါတယ်။
နံပါတ်လေးလူမျိုးကတော့ အရင်ဘ၀ကကောင်းမှုကုသိုလ်တို့ကြောင့် ဒီဘ၀မှာ ချမ်းချမ်းသာသာ နဲ့နေထိုင်ပြီး ကောင်းမှုကုသိုလ်များလည်း အရင်ကထက် ပြုလုပ်သောသူများကိုဆိုလိုသည်။ ရှိတာလေးကို လှူလိုက်ရင် လျော့သွားမယ် ကုန်သွားမယ်ဆိုတဲ့ လောဘစိတ်ကို ချေဖြတ်ပြီး လှူဒါန်းသူများသည် ကွယ်လွန်ပြီးသော် ယခုဘ၀ထက်ကောင်းသော ဘုံဘ၀သို့သာ ကြွလှမ်းစံမြန်းကြရမည်။



သူကြီး နဲ့ ရွာထဲမှ လူကြီး များ လုပ်ကြပါဦး …. ကျွန်တော်ရဲ့ မှတ်သားဖွယ်ရာစကားများဆိုတဲ့ စာအောက်မှာ ကွန်မန့်ရေးဖို့ ဘောက်တွေ မပါဘူး ။ ဘယ်လိုဖြစ်တာလဲ ဘာကြောင့်လဲဆိုတာသိချင်ပါတယ်ခင်ဗျား ။ ဘယ်နားမှာ တောင်းဆိုရမှန်းမသိလို့ ဒီမှာပဲတောင်းဆိုခြင်းဖြစ်ပါသည်။
Was this answer helpful?
LikeDislikecomment off ဖြစ်နေလို့ပေါ့ ကိုသီဟရာဇာ ။
Was this answer helpful?
LikeDislikeခင်မင်စွာဖြင့် အကြံဥာဏ်လေး ပေးပါရစေ ကိုသီဟရာဇာရေ
အပေါ်က ပို့ စ်ပါ အကြောင်းအရာများဟာ ကိုသီဟရာဇာ ကိုယ်တိုင် စဉ်းစား တွေးပြီး ကိုယ်တိုင် ရေးထားတာ ဟုတ်ပါသလား ။
ဒါမှမဟုတ်…. တစ်စုံတစ်ယောက်ရဲ့ အာဘော်ဖြစ်ပါသလား ။
ကိုသီဟရာဇာ ကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီး ရေးထားတာဆိုရင် တော့ ကိစ္စမရှိပါဘူး ။
တစ်စုံတစ်ယောက် ရေးထား ပြောထားတဲ့ စာမျိုး စကားမျိုးကို ၊ မန်းဂေဇက် လာ စာဖတ်သူတွေ ၊ မန်းဂေဇက် က မန်ဘာတွေ ကို ပြန်လည် ဝေမျှ ပေးချင်တယ် ဆိုရင်တော့ ၊ မူရင်း စာရေးသူ/ ပြောသူ နာမည် ကို ရေးသားဖော်ပြခြင်းဖြင့် လည်းကောင်း ၊ လင့်ခ်လေး ထည့်ဖော်ပြပေးခြင်းဖြင့်လည်းကောင်း
ပြုလုပ်စေလို ပါတယ် ။
ကိုသီဟရာဇာ ရဲ့ ပို့ စ်တင်ချင်စိတ် ၊ စာဖတ်သူအပေါ်ထားရှိတဲ့ စေတနာကို သိပါတယ်။
ခင်မင်စွာဖြင့်
မောင်ပေ
Was this answer helpful?
LikeDislikeကိုအာကြီးရေ comment off ဆိုတာနားမလည်လို့ဗျာ …. ရှင်းပြပေးပါလားဗျာ …… ဦးပေ ရေ အခုလို ပြောပြတဲ့အတွက် ကျေးဇူးလည်းတင်လေးလည်းလေးစားပါတယ်… ကျွန်တော်တရားနာရင်း ရတဲ့အသိလေးကို မသိသေးတဲ့ သူတွေ မေ့နေတဲ့သူတွေ အားလုံးကိုပြန်အမှတ်ရစေချင်တဲ့ ဆန္ဒနဲ့ပါ .. ဆရာတော်ပြောတာက လူလေးမျိုးရှိတယ်လို့ပဲ ဟောကြားပြသသွားတာပါ ….. ကျန်တာကတော့ ကျွန်တော် အတွေးလေးတွေပါ …. အတွေ့အကြုံနုနယ်သေးလို့ ဦးပေ ပြောသလို ပို့စ်တင်ချင်စိတ်က များနေလို့ အမှားတွေများပါသွားခဲ့ရင်ဖြင့် ပြောပြကြပါ .. အားလုံးကို လေးစားစွာဖြင့်
Was this answer helpful?
LikeDislikeကောင်းပါတယ်….
Was this answer helpful?
LikeDislike( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ်
( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ်
( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ်
( ၄ ) အလင်းကလာပြီး အလင်းကိုပြန်သွားတယ်
လူသားတိုင်း ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်
ဆိုတာသိထားပေမဲ့ ဘဝပေါင်းများစွာကမကောင်းတာတွေပြုလုပ်ထားတာများတော့
မကောင်းတာလုပ်ရတာကိုကောင်တာလုပ်ရတာထက်ပျော်မွေ.တက်ကြပါတယ်
အားပေးသွားပါတယ်နော်
Was this answer helpful?
LikeDislike( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ်
( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ်
( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ်
( ၄ ) အလင်းကလာပြီး အလင်းကိုပြန်သွားတယ်
ခုစာသားတွေ အတော့်ကို မန္တလေးဂေဇက်ရွာကြီးထဲ
ဖတ်ဖူးသားးးးးးး
Was this answer helpful?
LikeDislikeဒါဖတ်ပြီး ကိုယ့်ကိုယ်ကို ဘယ်အထဲပါမှန်းမသိဖြစ်ရတယ်ဗျို့။ ဘ၀က လူလတ်တန်းစားလို့ ယူဆရတဲ့ အသိုင်းအ၀ိုင်းမှာ မွေးပြီး ဘ၀တစ်လျှောက် ကုသိုလ်တစ်ဝက် ငရဲတစ်ဝက်လုပ်မိခဲ့တယ် ထင်တာပဲ.. ဒါကို မမှောင်တမှောင်ကလာပြီး မလင်းတလင်းကို ပြန်သွားတယ် ခေါ်ရမလားပဲ။ :D
Was this answer helpful?
LikeDislikeအလင်းကလာပြီး အလင်းကိုပြန်သွားတဲ့သူ ဖြစ်ချင်တယ်
Was this answer helpful?
LikeDislikeမွေးရာပါ မျက်မမြင်တွေကတော့
အလင်းရယ် အမှောင်ရယ် ခွဲမသိဘူးဖြစ်နေတယ်..။
သူတို့ ကို ဘယ်လိုပြောမလဲ..။
Was this answer helpful?
LikeDislikeဖတ်ရှုသွားပါတယ် အားပေးသွားပါတယ် ။။။
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ အမှောင်နဲ့ အလင်းကို မွေးသေ အတွင်းမှာဘဲ စဉ်းစားတယ်..
မွေးသေရဲ့ ဟိုဘက်..ဒီဘက်ဆိုရင် ဘယ်သူမှ တကယ်မသိပါဘူး…သိတယ်လို့ပြောတဲ့ လူဆိုတာ
ဘုရားကို မသိသေးလို့ဘဲ?..
ကျွန်တော်ကြိုးစားပြီး ဖြေကြည့်ပါ့မယ်.
- အမှောင်ကိုဥပမာ- မစင်၊ မီးခဲ လို့တင်စားကြည့်မယ်…
- အလင်းကို ဥပမာ ဖယောင်းတိုင်မီး၊ ဓါတ်မီး စသည်ဖြင့် ခေါ်ကြည့်မယ်..
မစင်နဲ့မီးခဲ ကို..နှံတယ်၊ပူတယ်လို့ သိလိုက်တာနဲ့ နောက်ထပ်တခါ မစင်နဲ့ မီးခဲ ကိုကိုင်ချင်သေးသလား?
မကိုင်ချင်ပါဘူး…ဒါဆို ရင် အမှောင်ထဲကို အလင်းဆိုတဲ့ အသိတရား တချက်ဝင်လိုက်တာနဲ့ အမှောင်ကို
ဘယ်သူပြန်သွားချင်သေးလဲ?..ဒါမှ သစ္စာနဲ့ကိုက် မှာပေါ့…..(ဒါက အမှောင်ကနေ အလင်းပေါ့)
ကျွန်တော်တို့ ပုထုဇဉ်လူသားကို ဘုရားက အမှောင်လို့ တင်စားထားပြီဆိုတော့..
အလင်းကနေ အမှောင်ကို လာတယ်ဆိုဒါ …ကျွန်တော့်အတွက် ဖြေစရာ စကားမရှိပါ..
စဉ်းစားလို့ရအောင်…
- ဘယ်မိဘ ကမှ သောတာပန်ဆိုတဲ့(အလင်းရောင်)ကို မွေးလာတယ်ဆိုတာမရှိလို့ဘဲ..
ဘုရားက ကျွန်တော်တို့ကို အလင်းရောင်ပေးသောသူဆိုတော့ ဘုရားထက်သိသောသူ မဖြစ်ပါရစေနဲ့.
အမှောင်လောကမှာ ဘာမှမမြင်ရ စမ်းတ၀ါးဝါးသွားလာ နေရာကနေ..ကိုယ့်စီမှာ ဓါတ်မီးလေးရှိတော့ …ဒီဓါတ် မီးခလုတ်လေးကို ဖွင့်လိုက်တာနဲ့ လမ်းတွေကောင်းကောင်းမြင်ရတာပေါ့..ဒါကို
အမှောင် ဆိုတာ ရှောင်စရာ ဖြစ်ပြီး အလင်းဆိုတာ ဆောင်စရာပါ…ဒီအလင်းရောင်ဟာ ဘုရား
ပွင့်မှ သိရတာပါ..ကျွန်တော်တို့ဟာ ဘုရားဆီက မီးအလင်းရောင်ကူးပေးမှရပါတယ်…
ဘုရားပေးတဲ့ မီးအလင်းကြောင့်..လင်းနေပြီဆိုတော့..ဒီဘုရားမီး ကနေဟိုဘုရားမီး ဆိုတာလည်း
မဟုတ်သေးပြန်ဘူး.. ဒါကြောင့် အလင်းကနေ အလင်းဆိုတာ ဖြေရရင်တော့..သောတာပန်ဆိုတဲ့
မီးမိန်မိန်လေးကနေ( အထပ်ထပ်သင်ခန်းစာယူ)…နောက်ဆုံး အလွန်တောက်ပသောမီးရောင် ရဟန္တာ (သင်ခန်းစာ ပြီးဆုံးသူ) အဖြစ်ဆိုရင် လင်းတထက်လင်းအောင်ဆိုရင် လုပ်ရပါမယ်..
လူ့လောကမှာ ခရီးသွားတဲ့အခါ အမှောင်နဲ့ တူတဲ့( လောဘ၊ဒေါသ၊မောဟ) တွေကို အလင်းရောင် လို့ခေါ်တဲ့ (၀ိဇာ)အသိဥာဏ်နဲ့ တူတဲ့ ဓါတ်မီးလေး ဆောင်ပြီး ထိုးထိုးပေးမယ် ဆိုရင် အမှောင်လောက ကနေတဖြည်းဖြည်း လွတ်မြောက် နိုင်ပါတယ်…
ပြောချင်တာ …
သစ္စာလေးချက်မှာက အကုန်လုံးပွါးများရမှာ မဟုတ်ပါဘူး.. မဂ္ဂ တခုတည်းကိုသာ ပွါးများရမှာ ဖြစ်တယ်.
သိလိုက်တာနဲ့ တပြိုင်နက် …သိ၊ ပယ်၊ ဆိုက်၊ ပွါး ဆိုတာ..ကိစ္စ တချက်တည်းပြီးပါတယ်..
ဥပမာ ..မီးလင်းလိုက်တာနက် တပြိုင်နက်.. အလင်းလည်းရောက် အမှောင်က ချက်ချင်းပျောက်ပါတယ်..
မစင်နှံတယ်၊မီးပူတယ်လို့ သိတာ ဥာဏ်အလင်းရောင်ဘဲ….ဒါကြောင့် မစင်ကို သိ(၀ိဇာဥာဏ်ဖြစ်)လိုက်တာနဲ့ မစင်ကို မကိုင်(သမုဒယပယ်).. မကိုင်တော့ မပူတာ .မပူတော့ အပူကလွတ်မြောက်(နိရောဓ)ဆိုက်..ဒီ အဖြစ်လေးဟာ ကာလမခြား..ထပ်တူနီးပါး တပြိုင်နက်ဖြစ်တယ်..လို့ပြောရမယ်..မစင်၊မီးပူတာ ကလေးတိုင်းသိတယ်..ဒီဥာဏ်က မသေးလွန်းဘူး
လို့မေးစရာရှိတယ်?..ဒါဟာ မြင်လွယ်အောင်ဥပမာပေးတာပါ..
ဒါကြောင့် ပွား၊သိ၊ပယ်ဆိုက် ဆိုတာ ကိစ္စ မပြီးသေးရင် ..မဂ္ဂဆိုတဲ့ ဘာဝေသဗ(ဘာဝေသပ်ဗ)
ကိုပွါးများရင် နောက်ဆုံးတော့ ..လုံးဝသင်ခန်း ပြီးဆုံးသူလို့ ပြောရမှာ ဖြစ်ပါတယ်..
Was this answer helpful?
LikeDislike