ကျနော် ဘိုကလေးကနေ ရန်ကုန်အပြန် လမ်းတကြောမှာ

စိတ်ကူးတည့်ရာရိုက်ခဲ့တဲ့ ဒါ့ပုံ မည်ကာမတ္တလေးတွေပါဗျာ..။
(ဒါ့ပုံ..ခွက်ဒစ်တူ ကိုဂီ) :P


မြစ်ကမ်းဘေးက အိမ်တချို့


မှောင်ရီဝိုးတ၀ါး.အိမ်တန်းမျာ


ခိုလှုံရာခေါ်တွင်တဲ့ ဒါသူတို့အိမ်..


ရှပ်ပြေးရေယာဉ် အတွင်းပိုင်း


စွန့်စွန့်စားစား ခရီးသွား.. :)


ခရီးတ၀က်ဝယ် အတင်းတက်သူများ..


ရိုက်ချက်က ၀ါးပေမဲ့ ဘ၀ခရီးသည်ရဲ့ ဇိမ်တချက် :)


လှေပေါ်က ဈေးသည်အတွက် ရိုက်ချက်.


ရေပြင်ကျယ်မှာ မမောတန်းခရီးဆက်..


မြစ်ပြင်ကျယ်မှာ ငါးဖမ်းဝမ်းစာရှာ


ဘ၀ကိုကျောင်းနေတဲ့ လှေသေးပေါ်ကသားအမိဘ၀..


မိုးရိပ်ကြားက ရန်ကုန်ဆိပ်ကမ်းနဲ့ ရွှေတိဂုံစေတီတော်..


ဒီပေါ်ကနေ လက်သရမ်းခဲ့တာပေါ့. :)

စကားမစပ်ဗျာ..ကျနော် ကိုယ့်နယ်ကပြန်လာပီးမှ တွေးမိတာလေးတခုက..

ကျနော့တို့တိုင်းပြည်မှာ ဆင်းရဲတဲ့ဒေသချင်း အတူတူကို ဧရာဝတီတိုင်းက ပိုများဆိုးနေသလားလို့.. :(

ဘာကြောင့်ဂလိုပြောရလည်း ဆိုတာတော့ ကျနော်လည်း မသိတတ်တော့ဘူး..

မြင်ရတွေ့ရတာကို ကြည့်ပီး ကောက်ချက်ချမိတာလို့ပဲ ပြောပါရစေတော့..။

ပြောရရင် မြန်မာပြည်အထက်ပိုင်းအပါအ၀င် အောက်ဘက်မွန်.ကရင်ဘက်တွေကို

ခရီးသွားဖူးခဲ့သူတွေများ..ဧရာဝတီ တိုင်းကိုရောက်လာ

သွားဖူးခဲ့ရင်.အဲ့လိုမြင်မိကြလိမ့်မယ် ထင်တာပဲ..

နောက်တခုက ဒီတိုင်းဒေသရဲ့ လူဦးရေက တခြားဒေသတွေထက် အများဆုံးဆိုတော့လည်း လူဦးရေနဲ့

အချိုးကျကြည့်လိုက်ရင် ဆင်းရဲသား နင်းပြားတွေ ပိုများနေတာလည်း ဖြစ်နိုင်ကောင်းပါရဲ့..

ဒါလေးကတော့ ကြုံလို့ပြောချင်တာလေးပါ..။မဆင်းရဲကြဘူး ထင်ကြရင်လည်း မဆင်းရဲဘူးပေါ့နော်..

ကိုယ်လည်းဘာမှလုပ်ပေးနိုင်တာမှ မဟုတ်ဘဲကိုး.. :)

စာလုံးရေ နည်းနေပီး စာသားမပါသေးလို့ ရှာကြံရေးလိုက်တာပါဗျာ.. :P

လျှောက်သွားနေတဲ့

အမတ်မင်း

amatmin

About amatmin

amatmin has written 26 post in this blog.