ဘာဒရိန်းလဲမသိ
ဘာဒရိန်းလဲမသိ
လိုတိုရှင်းပဲရေးတော့မယ်နော်။
ဒီနှစ်သင်္ကြန်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက်က ၁၂ရက်တောင်ရတယ်။ ကျမတို့ရုံးက ပုဂ္ဂလကကုမ္ပဏီဆိုပေမယ့်
အစိုးရရုံးပိတ်ရက်အတိုင်းဆိုတော့ ၁၂ရက်ရတာပါပဲ။ ထားပါတော့။ ကျမရဲ့ငယ်သူငယ်ချင်းကတော့ အစိုးရ၀န်ထမ်း၊
နေပြည်တော်မှာ တာဝန်ကျတယ်။ ခုလိုအစိုးရရုံးပိတ်ရက် ရက်ရှည်ရတော့ အိမ်ကိုအလည်ပြန်လာတယ်။
ကျမဆီကိုလည်း လာလည်တယ်။ တစ်ရက် ညဖက်သူအိမ်လာလည်တော့ စပ်မိစပ်ရာ ဟိုဟိုသည်သည်ပြောမိတာပေါ့။
အဲ့ဒါတွေအရင်မပြောခင် သူ့မိသားစုအကြောင်းလေးပြောမယ်။ သူကအဖေမရှိတော့ဘူး။ အဖေလုပ်သူက အစိုးရ၀န်ထမ်း၊
အမေကလည်း အစိုးရ၀န်ထမ်းပဲ၊ တခြားဌာနက။ ကျမသူငယ်ချင်းက ဥာဏ်ကောင်းတယ်၊ စာတော်တယ်။ ဆယ်တန်းအောင်ပြီးတော့
ရေကြောင်းတက္ကသိုလ်တက်ရင်းနဲ့က သူတို့အဖေဌာနက ၀န်ထမ်းသားသ္မီးတွေထဲက ပညာထူးချွန်သူတွေကို နိုင်ငံခြားမှာကျောင်းတက်ဖို့
ပညာတော်သင်လွှတ်တယ်။ သူလည်း ပညာတော်သင်အလွှတ်ခံရတယ်။ ခုပြန်လာတော့ သူ့ကိုပညာတော်သင်လွှတ်တဲ့
ဌာနမှာပဲ အရာရှိတန်းဖြစ်တယ်။ ဒါပေမယ့် သူမပျော်ဘူး။ သူ့မှာ ညီငယ်၂ယောက်ရှိတယ်။ တစ်ယောက်က ဒီနှစ်မှာ ဆေးတက္ကသိုလ်
စတက်နေတာ။ အငယ်ဆုံးလေးက ခုမှ၇တန်းလားရှိသေးတယ်။ သူက အဖေမရှိတော့ သားကြီးတစ်ယောက်အနေနဲ့
အိမ်တာဝန်ယူချင်တယ်။ သူ့ဌာနမှာ ခြစားရင်သူဌေးဖြစ်တယ်။ ဒါပေမယ့် သူ့အဖေတုန်းကလည်း မလုပ်ခဲ့သလို
သူလည်း မလုပ်ချင်ဘူး။ ဒီတော့ သူ့ရဲ့လစာနဲ့က အဆင်မပြေဘူး။ ဒါတောင် ပြန်တမ်းဝင်အရာရှိပါ။ သူငယ်ချင်းက နိုင်ငံခြားထွက်ချင်တယ်။
ထွက်ခွင့်လည်းမရှိဘူး။ သူစိတ်ညစ်တော့ ကျမကိုရင်ဖွင့်ရှာတယ်။ အဲ့ဒီအချိန်တုန်းက ကျမလည်း စင်ကာပူသွားမယ်လို့စဉ်းစားနေချိန်။
ဒါပေမယ့် သွားကောင်းနိုး၊ မသွားကောင်းနိုး။ သူနဲ့ပြောမိသမျှပြန်ပြောရရင်၊ သူစပြောတာက
“နင်က ဒီမှာ ဒီလောက်ရနေရင် မသွားလည်းကိစ္စမရှိပါဘူးဟာ၊ ငါ့လစာနဲ့ကတော့ မလွယ်ဘူး”
“ဒါပေမယ့် ငါကဘာမှမသေချာတဲ့ ကုမ္ပဏီဝန်ထမ်းလေ၊ နင်က အရာရှိကြီးဟဲ့၊ နာမည်မှာပဲကြည့်ပါလား ဦး…….တဲ့၊ ဟီဟိ” (သူ့ဝန်ထမ်းကဒ်ကြည့်ပြီးပြောခြင်း)
“နင့်ကိုတစ်ခုပြောမယ်၊ နင်ကကွန်ပျူတာပိုင်း၊ အဲ့ဒါနင် HRတို့၊ Financialတို့ဆက်လေ့လာပါလား၊ ဒီမှာသာကွန်ပျူတာပလိုဂလမ်ပဲသင်တာဟ၊ တကယ်က ဟိုဘာသာရပ်တွေလည်း လိုတယ်”
“အေးပါဟာ လုပ်တာပေါ့”
“နင်အဲ့၂ခုက တစ်ခုခုထပ်ရရင် ပိုအိုကေပြီဟ”
“အခါသင့်လို့ အခွင့်သာရင်တော့ ဆက်တက်တာပေါ့ဟယ်၊ ဒါနဲ့ နင်တကယ်နိုင်ငံခြားထွက်မှာလား၊ ထွက်လို့မရဘူးမလား”
“အေးဟ၊ အဲ့ဒါကြောင့်ပေါ့၊ အလုပ်ကထွက်ရင် သိန်း၅၀လျှော်ရမယ်လေ၊ ငါကတော့ လျှော်ပြီးထွက်မလားလို့”
“နင့်ဘွဲ့နဲ့ကတော့ အလုပ်ကသေချာပါတယ်၊ နို့ပေမယ့် Spassကရှိသေးတယ်၊ ခုတလော စင်ကာပူမှာဘယ်လိုဆိုတာ နင်လည်းသိသား”
ကျမအဖေ၀င်ပြောပါတယ်၊ “မင်းခွင့်နဲ့သွားကွာ၊ ဟိုမှာအဆင်ပြေရင်အလုပ်ကထွက်လိုက်၊ မပြေရင်ဒီပြန်လာပြီး ပုံမှန်ဆက်လုပ်နေပေါ့”
“ဟုတ်ဦးလေး” (ကျမအဖေနဲ့ သူနဲ့ပြောတာတွေတော့ ပြန်မပြောတော့ပါဘူး၊ ဆိုလိုရင်းကိုပဲဆက်ပါမယ်)
(ကျမပြောတာကပြန်စပါမယ်) “ငါတော့ ခုချိန်ထိ မြန်မာကုမ္ပဏီမှာ မလုပ်ဖူးသေးဘူးဟာ၊ လုပ်ကြည့်ချင်တယ်၊ ငါတို့လုပ်လိုက်တဲ့စစ်စတန်လေး ပြည်တွင်းမှာပဲ မြန်မာတွေသုံးရရင် သိပ်ကောင်းမှာပဲ၊
ခုတော့ဟာ ငါတို့မှာ ကိုယ်ရေးတဲ့စစ်စတန်မျိုးလေး ကိုယ်တိုင်မသုံးရတဲ့ဘဝ၊ တချို့ရုံးတွေမှာ တကယ်လိုနေတာဟ၊ လွယ်လွယ်ပြီးရမယ့်နေရာမှာ အချိန်ကုန်လူပန်း ငွေကုန်တယ်၊ အလုပ်မတွင်ဘူးဟာ၊
ဟိုတခါက ဖုန်းလျှောက်တုန်းက ကြုံရလို့ပါဟာ၊ ဟတ်ထိတယ်ဟေ့”
“ဒါကတော့ဟာ၊ ဒါဆိုနင်မြန်မာကုမ္ပဏီတွေမှာ အဆင်ပြေတဲ့အလုပ်ရှိရင်လုပ်ပေါ့”
“မရှိဘူးတော့မဟုတ်ဘူး၊ ရှားတယ်နဲ့တူပါရဲ့၊ ငါတော့မြန်မာကုမ္ပဏီနဲ့ အကျိုးမပေးဘူးထင်ပါတယ်ဟာ၊ သွားလျှောက်လည်း မလွယ်ပါဘူး၊ အလုပ်သမားမှတ်ပုံတင်လိုရတာနဲ့၊
သန်းခေါင်စာရင်းမိတ္တူလိုရတာနဲ့၊ ထောက်ခံစာတွေရော၊ ဒီထဲ အလုပ်ခန့်ပြီးရင် ပညာအရည်အချင်းစာရွက်တွေကို သိမ်းထားမယ်ဆိုတာရှိသေး၊ ပြီးတော့ စနေနေ့ပါအလုပ်ဆင်းရမှာ၊
မလွယ်ပါဘူးဟာ၊ စနေဆင်းရတာကိစ္စမရှိဘူး၊ ပညာအရည်ချင်းစာရွက်တွေသိမ်းမယ်ဆိုတာတော့ ကိစ္စဟ၊ ဒါနဲ့ပဲ ငါလည်း ဂျာပွန်ကုမ္ပဏီမှာပဲ ဆက်လုပ်ဖြစ်တယ်ဆိုပါတော့၊ ဘာမှမလိုဘူး၊
မှတ်ပုံတင်မိတ္တူရယ်၊ ဘွဲ့လက်မှတ်မိတ္တူရယ်ပဲပေးလိုက်တာ၊ အဲ့နှစ်ရွက်တည်းရယ်၊ အရင်ကုမ္ပဏီတုန်းကလည်းအဲ့တိုင်း၊ ခုကုမ္ပဏီမှာလည်း အဲ့နှစ်ရွက်ပဲ၊ ပြီးတော့ လစာတို့၊ တခြားခံစားခွင့်ကျတော့
မဆိုးဘူးဟ၊ ငါ့အနေနဲ့ တခြားကုမ္ပဏီမှာ ဒီလောက်အဆင်ပြေမပြေမသိနိုင်ဘူးလေ၊ ပြီးတော့ မန်နေဂျာမပြောနဲ့ သူဌေးကအစ၀န်ထမ်းတစ်ယောက်စီကို Respectရှိတယ်၊ ဒါလေးကိုသဘောကျတယ်၊
ပညာတွေလည်းရတယ်၊ ယူတတ်လေရလေပဲ၊ သင်တန်းပေးတက်တယ်လေ၊ သင်တန်းလမ်းစရိတ်တောင်ပေးလိုက်သေး၊ ဒါပေမယ့်ဟာ ဖီးလ်တော့ရှိတာပေါ့၊ နင်လည်းသိမှာပါ၊
နင်လည်း တကယ်လို့နိုင်ငံခြားမှာသွားလုပ်ဖြစ်ရင် နှမြောစရာကြီးဟာ၊ နင့်လိုပညာတတ်တစ်ယောက် ပဲ့တာပေါ့၊ ငါတို့လည်းဒီမှာသာနေတာ ဦးနှောက်ဖောက်စားခံရသလိုပါပဲဟာ”
(လူသေးသေးလေးများ၏ ကြီးကြီးကျယ်ကျယ်စကားများ စပါပြီ)
“နင်ကလည်း ဒီလိုတွေးရင်တော့ဟုတ်တာပေါ့ဟ၊ ဒါပေမယ့်ငါ့တို့အခြေအနေနဲ့ အဆင်ပြေတာကိုရွေးရတော့မှာပဲလေ၊ ငါလည်း အစ်ကိုအကြီးဆုံး၊ တာဝန်တွေနဲ့၊ နိုင်ငံခြားမှမထွက်ရင်
ငါကခိုးစားရမှာလားဟ၊ အခြေအနေအရဒီလိုဖြစ်နေရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲဟာ၊ အကောင်းဖက်ကတွေးစမ်းပါ”
“အင်း…တွေးပါတယ်၊ အတိုင်းအတာတစ်ခုတော့ ငါတို့အဆင်ပြေပါတယ်၊ ဒါပေမယ့်နိုင်ငံခြားကလုပ်ငန်းရှင်တွေ ငါတို့ကိုပေးတာနဲ့ ငါတို့ပေးရတာမတန်တာတော့အမှန်ပဲ၊ ဘာတဲ့
ကြီးကြီးကျယ်ကျယ်ပြောလိုက်မယ်၊ ငါ့စိတ်ထဲ ဘရိန်းဒရိန်းများဖြစ်နေမလားလို့”
“အေး၊ ဘရိန်းဒရိန်းဖြစ်ပေမယ့် မန်းနီးဒရိန်းတော့ဖြစ်တယ်လေ၊ ငွေပြန်ဝင်တယ်လေဟာ”
“ဟဲ့၊ ပေးရတာနဲ့ ရတာတန်လား၊ နင်စဉ်းစားစမ်းပါဦး၊ တစ်ယောက်စီပုဂ္ဂလိကအတွက်အသာထား၊ အများအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံအတွက်)ဘာလောက်များနစ်နာသွားလဲ၊ နင်သိရဲ့သားနဲ့”
“သိတယ်ဟေ့၊ မတတ်နိုင်ဘူး၊ အကောင်းဖက်ကစဉ်းစားစမ်းပါ၊ လောလောဆယ်ကိုယ့်မိသားစုအတွက် ရုန်းကန်ရဦးမှာပဲ၊ ဒါပဲ”



ဒါပဲ ဆိုလဲ ပြီးရော..အဲလေ….
ဒီလိုစိတယ်ဗျ.
သူ့ ဘာသာ ဒရိန်းချင်တာ ဒရိန်း….
လောလောဆယ် အခွင့်အရေး ပိုရတဲ့နေရာလုပ်ကြပေါ့ဗျာ..
ဟုတ်ဝူးလား..
ပြီးမှ ဒုတိယပိုင်း ဆက်စဉ်းစားပေါ့..
လွဲလွယ်လေးရယ်
ညှင်း.ညှင်း..ညှင်း.. ( ညှင်း.ညှင်း..ညှင်း.. ဆိုတာကို အုပေကို ခလက်ဒစ် ပေးပါတယ်..ယူလိုက်ပါ )
Was this answer helpful?
LikeDislikeပေါက်ဖော် …..။ မူးပြီဘာတွေလာပြောနေတာလဲ…။ အိပ်နေတာမဟုတ်ဘူး…။ သွားသွား ကိုပေ ဘီယာနှစ်လုံးဝယ်လာတယ်…။ မီးဖိုထဲမှာ သွားသောက်ချေ…..။ ပြီးရင်အိပ်တော့ အပြင်ထွက်မလာနဲ့ဦး…။
Was this answer helpful?
LikeDislikeမောင်ပေကတော့
အခုကွန်မင့်ကို ဘီယာ၂လုံး စည်၃ခွက်အပြီးမှာမန့်တယ်
ဒီခေတ်က ငွေခေတ်
ငွေပိုရတဲ့ဆီသာဂိုး ပါဗျိုး
Was this answer helpful?
LikeDislikeရေးထားတာ နည်းနည်းရှုပ်နေသလားလို့ ထင်ပါတယ်
စာရေးသူရဲ့ သူငယ်ချင်းက အကြီးအကဲ တယောက်ဖြစ်ပြီး လုံးဝ(လုံးဝ) လာဘ်လာဘကို စိတ်မ၀င်စားဖူးဆိုတာကတော့
တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ပါဘဲ ပြောသာပြောရတာပါ အတော်ကျဉ်းမြောင်းတဲ့ အယူအဆနဲ့ ပြောမိတယ်လို့
ကိုယ့်ကိုကိုယ် ယူဆမိပါတယ် အလုပ်ထွက်ရင် သိန်း၅၀ကုန်မယ် ဆိုတဲ့ အချက်လေး ထောက်ပြချင်ပါတယ်။ ဘယ်သူ့ကိုပေးရမလဲ
နိုင်ငံတော်က ရမှာလား ယူမှာလားပေါ့။ တကယ်လို့ ဒီငွေကို နိုင်ငံတော် အဆင့်ထဲထိ လျော်ကြေး သွင်းရမယ်ဆို အိပ်စိုက်ပြီး ပေးချင်ပါတယ် တကယ် အရည်အချင်းရှိရင် သုံးလလောက်နဲ့ ပြန်ရှာနိုင်လို့ပါ။ အကျင့် စာရိတ္တပိုင်းကို ပုဂ္ဂိုလ်ရေး ထိခိုက်သလို ပြောမိပါတယ် ခွင့်လွှတ်ပေးပါ…
ပြောချင်တဲ့ သဘောကို ကိုယ်တိုင်ခံစားမိလို့ပါ တကယ် အရေအချင်းရှိရင် ကူညီပေးပါ့မယ်။
ထွက်ချင်လား ထွက်ရဲလား ဘယ်လောက်အထိ လုပ်နိုင် ကိုင်နိုင် တွေးခေါ်နိုင်လဲ ပြန်မေးပေးပါ ခင်ဗျ
Was this answer helpful?
LikeDislike” အလုပ်ကထွက်ရင် သိန်း၅၀လျှော်ရမယ်လေ၊ ငါကတော့ လျှော်ပြီးထွက်မလားလို့ ”
” အလုပ်ထွက်ရင် သိန်း၅၀ကုန်မယ် ဆိုတဲ့ အချက်လေး ထောက်ပြချင်ပါတယ်။
ဘယ်သူ့ကိုပေးရမလဲ နိုင်ငံတော်က ရမှာလား ယူမှာလားပေါ့ ”
ကို J@ckal ရေ အစိုးရကို တရားဝင် လျော်ရတာပါ ။
သိန်း ၅၀ Bond ထိုးထားမိလို့ပါ ။
သိန်း ၅၀ စလုံး တပြားမှ မလျော့ပဲ အစိုးရက ရမှာပါ ။
” အိပ်စိုက်ပြီး ပေးချင်ပါတယ် ”
ကူညီချင် တဲ့ စိတ်ဓါတ်ကို ၊ လေးစားမိပါတယ် ။
Was this answer helpful?
LikeDislikeရေးထားတာရှုပ်နေတာဟုတ်ပါတယ်
ကျမအသော့နှင်ပြီးရေးထားတာမို့ပါ
သိန်း၅၀က ကျမသူငယ်ချင်းက နိုင်ငံတော်ကိုလျှော်ရမှာပါ
စာချုပ်ချုပ်ထားတာကြောင့်ပါ
ကျမသူငယ်ချင်းက အကြီးအကဲတစ်ယောက်ဖြစ်ပြီး လာဘ်စားတာစိတ်မ၀င်စားဘူးဆိုတာက
အလုပ်ဝင်တာ ဘာမှမကြာသေးပါဘူး
သူနဲ့ရာထူးတူသူတွေက ၄၀ကျော်တန်းတွေဖြစ်နေပါတယ်
သူက ကျောင်းသားဘ၀တည်းက လာဘ်စားတာတွေ၊ အကျင့်ပျက်တာတွေကို မကြိုက်တဲ့ကျောင်းသားတစ်ယောက်ပါ
သူက ကျောင်းပြီးပြီးချင်း အရာရှိတန်းဖြစ်တယ် (နောက်ပိုင်းဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျမလည်းမသိပါ)
လက်ရှိမှာတော့ သူဟာအလုပ်ကိုပုံမှန်ပဲလုပ်နေတယ်လို့ ပြောပါရစေ
သိန်း၅၀ကိုအိတ်စိုက်ပေးမယ်ဆိုလို့လည်း တကယ်လေးစားမိပါတယ်
သူခုဖြစ်နေတဲ့ပြဿနာက သိန်း၅၀မဟုတ်ပါဘူး
ပြည်ပကို ထွက်ရကောင်းနိုး မထွက်ရကောင်းနိုးဖြစ်နေတာပါ
သူ့အဖေလည်းမရှိတော့ မိခင်လုပ်သူက သားအကြီးဆုံးကို အနားမှာရှိစေချင်နေပါတယ်၊ အလုပ်ကလည်း မထွက်စေချင်ပါဘူး (သူ့အဖေဆုံးပါးတုန်းကလည်း သူကပြည်ပမှဆိုတော့)
ဒါကတော့ မိသားစုရဲ့ ပုဂ္ဂလိကကိစ္စတွေပါ
ဘယ်လိုလုပ်လိုက်ရသားပဲ၊ ဘယ်သူတွေတောင်ဘယ်လိုဟဲ့ လို့ပြောဖို့က တယ်မလွယ်တဲ့ကိစ္စပါ
နောက်တစ်ခုက ပြည်ပမှာအလုပ်ရမှာ မရမှာကို စိတ်မပူတဲ့အခြေအနေပါ
သူ့မှာ သူ့ယုံကြည်ချက်နဲ့ သူ့အရည်အချင်းနဲ့မို့ပါ
ထွက်ရဲပါတယ်၊ ထွက်ရင်ကောင်းမလားဆိုတာလေးပါ
ပုဂ္ဂလိကကိစ္စနွယ်နေတယ်ဆိုပါတော့……..။
Was this answer helpful?
LikeDislikeမဆိုင် မဆိုင် ….
ဒါ သများနဲ့ မဆိုင် ….
သများက ဘယ်ကမှ အသိအမှတ်မပြုတဲ့ အာပေတူး …
ပြောချင်ရာပြော လုပ်ချင်ရာလုပ် …နေချင်သလိုနေ …..
ခုခိခုခိ…
သည်ကြားထဲ .. ရုရှားများလိုပေါ့ …အူကြောင်ကြောင် အထှာက ဖမ်းတတ်သေး…
ဘယ့်နှယ့် အေးရှား ကို လာတဲ့အခါ ကိုယ့်ကိုကိုယ် ယူရုပ်ပီယန်လိုထင်တတ်ပီး…
ယူရုပ်ကိုသွားတဲ့အခါ … ကိုယ်ကပဲ အေးရှန်း လိုလို …
သိဝူးအေ….
အကောင်းပြောပါ့မယ်…
case by case ခြားနားပေမယ့် ….
အခြေအနေတိုင်းမှာ အဖြေ ရှိပါတယ် ..ရွေးစရာ ရှိပါတယ်…
တခါတလေ …မမြင်တတ်ဘူးရယ်…
သည်ရက်ပိုင်း ကြုံတဲ့ ဥပမာ ပေးရရင်
ကျနော် ကင်မလာပျက်နေတုန်း … ပန်းခြံတခု ကိုရောက်သွားတယ်..
အလွန်လှတဲ့ကြာပန်းတွေ မဲန်းခိုင်း .. အပွင့်ဆုံးအချိန် ဆိုပါတော့ …
ဒါ့ပုံဆြာတွေ ခြေချင်းလိမ်နေတဲ့ ကြားမှာ … လွယ်အိပ် တစ်အိပ်နဲ့ ….
စီးကရက် ထိုင်ဖွာနေဖြစ်တယ်… မနက် ၆နာရီကနေ ၁၁နာရီထိ ဆိုပါတော့ …
(ပိတ်ရက်ဆိုတော့ ဖုန်းခေါ်ဖြစ်တဲ့ ဘော်ဒါတွေက မထသေးတာနဲ့ ..ဆဲပီးပြန်အိပ်သွားတာနဲ့)
တယောက်တည်း တိုင်ပတ်ရတဲ့ ကာလ ဆိုပါတော့ဗျာ …
ကျနော် ကင်မလာရှိနေရင် မသိသာပေမယ့် ကင်မလာ မရှိတော့မှ ….မရိုက်ဖြစ်တော့မှ
လေ့လာဖြစ်တဲ့ ကိစ္စတခုဗျ… ခု နွေ ကာလက … ကုမုဒ္ဒာတွေ အလှဆုံးအချိန်ဖြစ်သလို
morphs တွေ …လိပ်ပြာနဲ့ ပုစဉ်းရင်ကွဲတွေ ..မိတ်လိုက်တဲ့ ရာသီလည်းဖြစ်တော့သကိုး ..
(ပြောချင်တာ …သည်ကောင်တွေ ၁နှစ်ဘယ်နှကြိမ် အ၀ှာပြုတယ် မသိပေမယ့် သည်ကာလကတော့
ဒင်းတို့ အ၀ှာကာလ ဖြစ်နေတာပါ)
အာပျိုဂျီးပိုစ့်မို့ အားနာပေမယ့် .. လိုရင်းကိုပြောရရင် natural, floral, ဒါ့ပုံသမားများအပြင် …
wild life, insect ဆြာများ ပါ ခြေရှုပ်တဲ့ ကာလ လို့ ပြောချင်မိပါရဲ့ …
ထားပါတော့ လိုရင်းကိုပြန်ကောက်ရရင် … ကျနော် ကင်မလာ ပါမသွားမှ ..
ကျနော်တို့ focus လုပ်တဲ့ အလွဲတွေကို တွေ့မိရဲ့ဗျာ …..
ဘယ့်နှယ့် ..ကျုပ်တို့ target ထားတဲ့ အကောင် ပလောင်နောက်ကို လိုက်ဖြစ်တယ်
ကြည့်ဖြစ်တယ်မဟုတ်လား ..( ထုံးစံအတိုင်းအနှီ ကန်မှာမှီတင်းနေထိုင်တဲ့ ကြက်-ငှက်-ဘဲ- စာကလေးအပါအ၀င်)
အဲ့သည့်လို လိုက် ရင်း အဲ့သည်လို ငေးရင်းချောင်းရင်းကနေ ..ကျနော်တို့ သတိမထားမိတဲ့
အချက်တွေ ရှုခင်း ရှုထောင့်တွေ ရှိနေသေးပါလားဆိုတာမြင်မိရဲ့
(subjective-base observation ကို နည်းနည်း ပြင်ကြည့်မယ်ဆိုရင်ပြောပါတယ်..)
ဟုတ်တယ်ဗျ…
ခြားနားတဲ့အမြင် ခြားနားတဲ့ အတွေး ခြားနားတဲ့ target ဆိုတာ ရှိစမြဲပါ …..
အစွဲတခုခု ကျွတ်ရင်ပေါ့လေ ….
သည်တခေါက် အဲ့ဒါမြင်မိပါရဲ့ ….(အုအဲနို ပန်းခြံထဲမှာ ဘယ်မှ ဆက်သွယ်မရ
ဘယ်သူနဲ့မှ ချိတ်ဆက်လို့ မရတဲ့ ၆နာရီလောက်အတွင်း…)
ကျနော်သာ ကင်မလာပါမယ်ဆို …ကျနော် target ထားတဲ့ တစုံတရာနောက်လိုက်ဖြစ်မှာအမှန်ပါ…
အဲ… ရိုက်စရာမရှိတော့မှ ..ဘေးက ဆြာတွေ ..targetထားတဲ့အရာတွေ မြင်ရတွေ့ရ …
တခါတခါ ..သူတို့ လိုက်လေဝေးလေဖြစ်နေတဲ့အရာတွေအစား… သူတို့ရှေ့တည့်တည့်မှာ
သူတို့ကို ပိုစ့်ပေးနေသယောင် နီးစပ် တဲ့ .. အရာတွေကို သူတို့ မမြင်ဖြစ်တာကို လည်း ..
အသည်းယားတာက တကြောင်းပေါ့…
(ပြောချင်တာ သတိမပြုမိဖူးတဲ့ ပိုကောင်းတဲ့အရာ ရှိချင်ရှိနေမယ် ဆိုတာပါ..)
ဟုတ်ကဲ့ ရှိတတ်ပါရဲ့ဗျာ. .. ကျနော်တို့ မျက်လုံးတွေ ..အန်ဂယ်လ် ပိုကျယ်ဖို့ လိုလာပါပြီ..
နိဂုံးချုပ်ပြောရရင်ပေါ့ဗျာ ..
ရွေးချယ်စရာ မရှိဘူး ဆိုတဲ့ အခြေအနေမှာတောင် ..ကိုယ့်ကိုကိုယ် သတ်သေမလားရယ်လို့
ရွေးဖို့ ရှိနေကျန်နေသေးတယ်မဟုတ်လား ..( သတ်သေဖို့ အားပေးတာမဟုတ်ပါဘူး ..
ပြောပြယုံပါဗျာ..)
စိတ်ဓါတ်ကျစရာ လုံးဝမရှိ…..ဒါဟာ အမှန်တရားလို့ ပြောချင်ပါတယ်…
ကိုယ့် အရပ် ကိုယ့်ဇာတ်မို့ ..ကိုယ် အပေါ်ရောက်ဖို့ …ကိုယ် လက်ရှိလစာ အဆင့်-ရာထူး
ထက်မြင့်မားဖို့ ..ကိုယ်ဘာတွေ လိုမလဲ …ဆိုတာ ကိုယ်တိုင်ရှာဖွေ ..လေ့လာဆည်းပူးဖို့သာ
အဓိကမို့ … ဘာမှ ဆြာ မလုပ်တော့ဘဲ …တွေ့ဖူးတဲ့ case လေး ရေးပြီး အားပေးသွားပါတယ်ဗျို့
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeကိုယ်ရေးတဲ့ စစ်စတမ်လေး ..ကိုယ့်ဆီမှာ သုံးချင်တယ် ဆိုပဲ ….
အဟိ…
အဲ့လာ ကျိန်စာ မိနေတာလေ…
(သဂျီး မမြင်ပါစေနဲ့ ..)
အနုမြူအပျော့ က ထုတ်သမျှ အပါအ၀င်…အဒိုဘီ နဲ့ အခြားသော
သူများ တကာ တွေ ဦးနှောက်တွေ ရင်းပီး ..ထုတ်လုပ်ခဲ့သမျှကို
ခိုးသုံးခဲ့လို့ … အနှီ ကာလ၀ိပါတ်တွေ နောက်ပိုးတက်ပီးသကာလ…
ပြည်တွင်း ဆော့ဖ်ဝဲ ဈေးကွက် ဖြစ်ကို ဖြစ်မလာတော့တာ …
ဟုတ်တယ်. .အတည်ပြောပါ့မယ်…. ၀င်းဒိုးတခုလုံးမှ ငွေ ၁ထောင်ရှိရင်
သုံးလို့ရနေတော့ … ကတ်စတမ်မိုက်ဇ် စစ်စတမ် တခု ကို သိန်းချီပေး မသုံးချင်တာမဆန်း …
အဲ … ပြောလိုက်ပါဦးမယ်…. တချို့တချို့များ … ဖိုင်ဆိုက်ဇ် နဲ့ အရေးဆိုတတ်သေး…
၃ဂစ်လောက် ကုန်တဲ့ ၀င်းဒိုးတောင် ၁ထောင်ဆိုရင် …၂၀၀မက်လောက်ပဲရှိတဲ့ …ပက်ကေ့ခ်ျ
တခုလုံးကို …ငွေ ၃၀၀ လောက် ပဲ ပေးချင်သယောင် … ။
(အဲ့ဒါတွေ စိတ်ထိခိယက်ရတာ..)
တကီလို ဘယ်လောက်နှုန်းနဲ့ ရောင်းရတဲ့ ….သားငါးဝယ်တာမှမဟုတ်တာကွယ် …
(နောက်တခါ ကုဒ်ဒင်ရေးရင်… ဂျေပက်ဂ်ဖိုင် ခပ်ထွားထွားတွေ သုံးရမယ့်ပုံ ..)
ပြောသာပြောရတယ် … လုံးဝ အားမရှိ ….။ လိုကယ် မှာ မန်နျူရယ် ကနေ
ကွန်ပူတာရိုက်ဇ် ပြောင်းကို ပြောင်းသင့်တဲ့ အလုပ်တွေ တပုံတခေါင်းမှ တပုံတခေါင်း…
ဒါတွေ ပြောရင် ညည်းတယ် ဖြစ်မယ် (ရောင်းချင်လို့ လေသံပစ်တယ် ဖြစ်မယ်ဗျာ)
တော်ပါဘီ. ..ပြောလော့ပါဝူး …
ဒီတိုင်းလေးပဲ ကောင်းပါတယ် …ချာတိတ်တွေ နိုင်ဂျံတွေ ဂါး ကြ …
လိုကယ် က အလုပ်တွေ ..အရပ်ကူပါ လူဝိုင်းပါနဲ့ …ဆက်လက် မိရိုးဖလာ ကြ …
ဦးနှောက်လေးတွေ မယိုစီးချင်ရင်တော့ …အဲ ..အဲ …
မသိတော့ဘူးချင့် ….
Was this answer helpful?
LikeDislikeတဂျီးပြောတဲ့ကျိန်စာဆိုတာ အဲ့လာလည်းပါမှာ


တခါတလေတော့လည်း အကောင်းဖက်ကတွေးမိသား
မန်နျူရယ်ကတောင်ပိုခရီးတွင်သေး (မီးပျက်တာများတယ်လေ) :P
သူများသာပြောချင်တာ ကိုယ်တိုင်ကလည်း ဒီတိုင်းဆိုတော့ ရှိစေတော့ကိုဂီရေ့
ခုလည်း ကွန်ပျူတာထဲကဆော့ဝဲလ်မှန်သမျှ ၅၀၀တန် ၁၀၀၀တန်ချည်းပဲ
ဒါနဲ့ပဲ လုပ်စားနေတာဆိုတော့
ဘာရယ်တော့မသိ တခုခုလိုနေတာတော့အမှန်ပဲ
နောက်ဆို အလေးချိန်ကောင်းရင် ပိုက်ပိုက်ပိုရရိုးမှန်လို့ကတော့ ပါဖောမင့်ကိုဘေးချိတ်
သများတို့ ပွားအောင်ရေးတော့မယ် ဟေဟေ့
မကျေနပ်တာတစ်ခုပြောရအုံးမယ်
““အာပျိုဂျီးပိုစ့်မို့ အားနာပေမယ့်”” ဆိုတာ ဘာသဘောဒုံး
လိပ်ပြာတွေ ပုစဉ်းတွေ သူ့ရို့ဘာသာမိတ်လိုက်တာ ကျုပ်နဲ့ဘာဆိုင်သဒုံး
ရှေ့နှစ် မင်္ဂလာဆောင်ပစ်လိုက်မယ် ဟွန့် :mad:
Was this answer helpful?
LikeDislikeအေးပေါ့ကွယ် … အချိန်ရှိခိုက် လုံ့လ စိုက်မှပေါ့ …ဘယ့်နှယ့်
တကယ်က ချမ်းသာတဲ့ ယောက်ျား ရှာယူ
ယောက္ခမ စီးပွား ၀င် ဦးစီးပီး … ဘွ ကို
သာသာယာယာ ဖြတ်သန်းရမှာ …
အရွယ်ကောင်းမှာ ..(ကုဒ္ဒင် တွေ) ကုန်းရေးနေရင်း….
အရွယ်တော် တစိတ်ဟိုင်းရရှာသကိုး …
ခုတော့ .. ခုတော့ …
ခုခိခုခိ…
Was this answer helpful?
LikeDislikeဘာဒရိန်းမှတွေးမနေနဲ့..
မိမိကိုယ်ကို.. ကောင်းအောင်အရင်လုပ်..
မိမိမိသားစု..
မိမိရပ်ရွာ
မိမိမြို့..
မိမိပြည်နယ်..
မိမိနိုင်ငံ.. အဲဒီလိုဦးစားပေးအဆင့်နဲ့.. အဆင့်ဆင့်.. ကောင်းဖို့(ကောင်းလာဖို့) ကြံစည်စဉ်းစား.. လက်တွေ့လုပ်သွား…
အဲလို.. လူငယ်/လူရွယ်တွေကို.. တိုက်တွန်းချင်ကြောင်း…
အဲ..အဲ..
အမျိုး..ဘာသာ.. သာသနာ ဆိုတဲ့.. အာဏာရှင်တွေမြှောက်ခိုင်းတာကြီးကိုတော့…
.. မေ့ထားလိုက်.. မေ့ထားလိုက်..
Was this answer helpful?
LikeDislikeသဂျီးပြောတဲ့
မိမိကိုယ်ကို
မိမိ မိသားစု
မိမိ..
မိမိ…
အဲဒါ အဖြစ်သင့်ဆုံးပဲဗျ
လုပ်နိုင်စွမ်းရှိရင်
လုပ်ချင်စိတ်ရှိရင်
တစ်ဆင့်ချင်း သွားရမှာပဲ
Was this answer helpful?
LikeDislikeတဂျီးပြောသလို တဆင့်ချင်းလှေကားတက်ပါ့မယ်
မြှောက်ခိုင်း၊ ၆ခိုင်း၊ ဟောက်ခိုင်းတာကြီးတွေလည်း မေ့ပစ်ပ့ါမယ်
အဲ့လာ တဂျီးမြှောက်ပေးတာနော်
Was this answer helpful?
LikeDislikeပန်ပန်ရေ
အမှန် တော့ မြန်မာပြည်ထဲ မှာ တကဲ့ တတ်သိပညာရှင် တွေ အများကြီး ရှိ နေဆဲပါ။
သူတို့ ကို တိုင်းပြည် အတွက် ကောင်းကောင်း အသုံးမချ ဘဲ ချောင်ထိုးထားနေတာ ကို
Brain ဘာလို့ ခေါ်သင့်သလဲ တွေးနေဆဲ။
Was this answer helpful?
LikeDislikeအဲ့ဒါ ဘရိန်းကို ခြောက်သွားအောင် ခန်းသွားအောင် မတရားနည်းနဲ့
လုပ်ကြံတာ အရီး
Was this answer helpful?
LikeDislikeနွံအိုင်ထဲမှာ ဒူးခေါင်းမမြုပ်ခင် ရုံးထွက်လိုက် ၊ ဒူးခေါင်းလောက်မြုပ်သွားရင် လှုပ်လေမြုပ်လေပဲဖြစ်လိမ့်မယ်။
အပေါ်က တစ်စုံတစ်ယောက် ကနွယ်ကြိုးလေးတမျှင်လောက်လာချပေးနိုင်ကောင်းပါရဲ့ဆိုပြီးမမျှော်လင့်နဲ့၊
အဲဒီနွယ်ပင်(ရွာသူမဟုတ်)က အခုမှ အပင်တောင်မဖြစ်သေးဘူး၊ အညှောင့်ထွက်ကာစပဲရှိသေးတယ်။
Was this answer helpful?
LikeDislikeဘရိန်းဒရိန်း တို့ဘာတို့ဆိုတာက နိုင်ငံတခုလုံး လူထုတခုလုံးကို ခြုံငုံစီမံရသူတွေ စဉ်းစားရမယ့်ကိစ္စပဲဖြစ်တယ်။
အဲဒီကိစ္စမျိုးမှာ အ၀ဲယားနက်စ်တွေဘာတွေ သိပ်လုပ်မနေထိုက်ဘူး
ဘာကြောင့်လဲဆိုတော့ ပြည်ပထွက်လို့ ကိုယ့်စွမ်းရည်၊ ကိုယ့်တန်ဘိုး၊ ကိုယ့်အမျှော်အမြင်၊ ကိုယ့်လုပ်နိုင်ခွင့်တိုးပွားလာရင်
အဲဒါ ကိုယ့်မိသားစု၊ ကိုယ့်ဝန်းကျင်အတွက် အကျိုးများတယ်
တနည်းအားဖြင့် ကိုယ့်လူမျိုးအတွက် အကျိုးများတယ်။
အဲဒါမှ အမျိုးဘာသာသာသနာကို လက်တွေ့စောင့်ရှောက်ရာကျတယ်..။
သာသနာကို ဘုရားကပ်ပိယလုပ်ပြီး စောင့်ရှောက်တာထက်
ဘုရားစကားနားထောင်နိုင်သူ တိုးပွားအောင်လုပ်ပြီးစောင့်ရှောက်တာက
ပို လက်တွေ့ကျတယ်…။
(ကျန်သွားလို့… ဆက်လို့ရရင် အပေါ်က ကွန်မင့်နဲ့ ပြန်ဆက်ပေးကြပါ..
)
အဲသလိုပဲ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို
ုငုတ်တုတ်လေးငေးပြီး တစိမ့်စိမ့်ချစ်နေတာထက်
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် တခုခုလုပ်နိုင်တဲ့အခြအနေကိုရယူပြီး
နိုင်သလောက်လုပ်တာက ပို လက်တွေ့ကျတယ်။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ ဦးဦးပါလေရာ
တကယ်က ပန်ပန်တို့သူငယ်ချင်းနှစ်ယောက် ခေါင်းသေးသေးလေးတွေနဲ့ လေထွားကြတာပါ
ဦးဦးပြောသလို တတ်နိုင်သလောက်ကြိုးစားပါ့မယ်
ကကြီးတတ်နိုင် ကကြီး
ခခွေးတတ်နိုင် ခခွေးပါပဲ
ဘာအလုပ်ကို ဘယ်နေရာကလုပ်လုပ် တတ်နိုင်သလောက် ဘယ်သူတွေကို ဘယ်လောက်အကျိုးပြုမလဲဆိုတာ သေချာစဉ်းစားပြီး အလုပ်လုပ်ပါ့မယ်
ဆီမထွက်တဲ့ ကျောက်ခဲတုံးကြီးမဖြစ်အောင်လည်း ဂရုစိုက်ပါ့မယ်ရှင့်
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
နိုင်ငံအတွက်တကယ်ကိုဆွေးနွေးသင့်တဲ့အချိန်ရောက်နေတဲ့အကြောင်းအရာလေးမို့
နဲနဲလောက်တော့ဝင်ဆွေးနွေးကြည့်ပါရစေနော်။
အဲဒီ ဘရိန်းဒရိန်း Brain drain ကို ဟူးမန်းကပိတယ် ဖလိုက် “The human capital flight”လို့ လဲခေါ်ကြပြန်တယ်။
ဆိုတော့ ပျံသန်းမှုသဘောကိုတွေ့ရတယ်။လူကိုယ်တိုင်နေရာရွေ့ရတယ်ပေါ့။
သူ့ကြီးဘဲ (လူမပါဦးနှောက်ကြီးဘဲ) ပျံသန်းလို့ရရင်တော့ အိုးမကွာအိမ်မကွာ
ကိုယ့်နိုင်ငံမှာနေရင်း နိုင်ငံခြားကအလုပ်ကိုလုပ်လို့ရတာပေါ့လို့စဉ်းစားဘူးတယ်။
ဘရိန်းထရိတ် Brain Trade လို့ ကိုယ်ဟာကိုစိတ်ကူးနဲ့ နာမည်ပေးကြည့်မိတယ်။
~~~~~~
World Health Organization အဖွဲ့ကြီးရဲ့ ၂၀၀၆ ခုနှစ်ရဲ့ အစီရင်ခံစာအရ
ဩစတေလျှ၊ကနေဒါနဲ့ယူနိုက်တက်စတိတ်တွေမှာ ပြည်ပကဆရာဝန် ရာနှုန်း(အချိုး)ဆိုရင်
၂၀ ရာနှုန်းကျော်ပါတယ်။ ဆိုလိုတာက ငါးပုံတပုံကပြည်ပကဘရိမ်းဒရိန်းပါ။
နယူးဇီလန်နဲ့ ယူကေကတော့ 35% နီးပါးဆိုတော့ သုံးပုံတပုံတောင်မှပါ။
~~~~~~~
အဲဒီဆရာဝန်လိုအပ်ချက်ကို (ဘရိန်းဂိန်း= Brain gain )ပေါ့နော်။သူတို့နိုင်ငံတွေရဲ့လိုအပ်ချက်ကလည်း
ပိုလို့ရှိနေပါသေးတယ်တဲ့။ ၂ဆလောက်လိုချင်သေးတာပါလို့ဆိုပါတယ်။
ဆိုတော့လောလောဆယ်ဆယ်မှာ အင်ဒီးရားက (အမေရိကန်ပြန်/ယူကေ အီဒင်ဘာရာပြန်) ဆရာဝန်ကြီးတွေ
ကို (CT/ MRI)အမ်အာအိုင် ရီဆာတ်တွေ အင်တာနက်ပေါ်ကနေအခကြေးငွေနဲ့
မေးမြန်းတိုင်ပင်အကြံယူကြတယ်လို့ဆိုပါတယ်။
စီလီကွန် ဗေလီအတွက်လည်း အင်ဒီရာပညာရှင်တွေက နယူးဒေလီကနေ အလုပ်လုပ်လို့ရနေတယ်လို့ဆိုပါတယ်။
အွန်လိုင်းပညာရေးဆိုတာကလည်း အဲဒီလို (အိုးမကွာအိမ်မကွာဘရိန်းသက်သက်ရောင်းတဲ့)
ဘရိန်းထရိတ်ပဲမဟုတ်ပါလား။
~~~~~~~~
ကျနော်တို့နိုင်ငံကြီး ကပညာတတ်တွေ ဘရိန်းထရိတ် လုပ်နိုင်မဲ့ နေ့ကို မျှော်လင့်မိပါတယ်။
ကြိုးစားပေးပါအုန်း ဦးကြီးစိန်ရယ်လို့သာ။
ကျေးဇူးပါ။
လေးစားစွာဖြင့်
Was this answer helpful?
LikeDislikeအဆိုပါ စာစုအတွက် အလွန်ကျေးဇူးတင်ပါကြောင်းဗျ….
ခင်တဲ့
(မူလလက်ဟောင်း)
Inz@ghi
Was this answer helpful?
LikeDislikeကွန့်မန့်မှာ ၀ိုင်းဝန်းဆွေးနွေးပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်
ကျမအနေနဲ့ အရမ်းနားလည်လွန်းလို့ ပိုစ်တင်ပြီးရေးတာမဟုတ်ပါဘူး
ရင်ထဲမှာ ပေါ်ပေါ်လာတဲ့ စိတ်ခံစားချက်လေးပါပဲ
ပိုစ့်ဝင်တင်လိုက်ခြင်းအားဖြင့် တတ်သိနားလည်သူများ ၀င်ရောက်ပြောဆိုတာကနေ လေ့လာသင်ယူချင်တာလည်းပါပါတယ်
အမြင်မတူတာတွေလည်း သိချင်လို့ပါ
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
Was this answer helpful?
LikeDislikeပန်ပန်ရေ …
ဖတ်ပြီးရင်ထဲမှာတောင် ကျလိကျလိဖြစ်သွားတယ် ……
အစိုးရ၀န်ထမ်းတချို့တွေ ခြစားမှုတွေဖြစ်လာနေတာ … အဲ့ဒီ လစာ မလုံလောက်တာကနေ စတော့တာပါပဲ … ။ လစာသာ လုံလုံလောက်လောက်ပေးကြည့် … လာဘ်ယူပြီး လုပ်တဲ့ အလုပ်မှန်သမျှ … ရှက်စရာလို့ မြင်လာလိမ့်မယ် ။
အခုအချိန်တော့ ဆုပ်လည်းစူး စားလည်းရူးဆိုသလိုဖြစ်နေတော့တာပေါ့ ။ တခြားနိုင်ငံတွေမှာ အစိုးရအလုပ်ဆိုလျှင် လျှောက်ရလည်း မလွယ်ကူသလို ၊ ၀န်ထမ်းရွေးချယ်မှုကလည်း … သမာ သမတ်ရှိတယ် … ။ နောက်ပြီး ခံစားခွင့်နဲ့ လစာကလည်း အပြင်ကုမ္ပဏီတွေထက်သာတော့ …. အစိုးရအလုပ်မှာ လစ်လပ်နေရာရှိလျှင်ပဲ … လိုလိုချင်ချင် ၀ိုင်းတိုးနေကြတာ … ။ အစိုးရအလုပ်လုပ်မှ ဂုဏ်ရှိတယ် ထင်ကြတယ် … ။ ဒီမှာတော့ ရုံးအလုပ်ထက် ..အပြင်အလုပ်တွေမှာ လုပ်ချင်သူများတယ် .. ။ ရုံးမှာ လုပ်သူက … ဂွင်ရှိတဲ့ နေရာကိုမှ ၀င်ချင်တယ် … ။ တခြားနိုင်ငံမှာတော့ အစိုးရအလုပ်ကို ဂုဏ်ရှိတယ်ထင်ပြီး လိုလိုလားလားကို လုပ်ချင်တာ .. အဲ့ဒါမျိုးလေးတွေကွာတယ်ပေါ့လေ … ။
ပြောရလျှင်ပန်ပန်ရေ … အစ်မတို့ ဘယ်အလုပ်ပဲ လုပ်လုပ်ပါသူများ လက်အောက်ကမို့ … သိပ်ပြီး ထူးမခြားနားပါပဲ … ။ ကိုယ်ပိုင်အလုပ်လေးလုပ်နိုင်လျှင်တော့ ….. သေရင်မြေကြီး ရှင်လျှင်ရွှေထီးလို့ မှန်း လို့ ရတာပေါ့လေ ….. ဟူးးးးးးးးးးးးးးးး ရင်ထဲ ကျလိရုံတင်မကဘူး စိတ်ပါမောသွားပြီ ….
Was this answer helpful?
LikeDislikeအမှန်ပဲမမတုံရေ
မနေ့ကတောင် နေ့လည်ထမင်းဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းအတူစားရင်း စကားပြောဖြစ်ကြသေးတယ်
ပြောသမျှဖောက်သည်ချရရင်တော့….ဒီအကြောင်းတွေပါပဲ
တို့လုပ်နေတာက တိုးတက်ဖို့မဖြစ်နိုင်ဘူး၊ နေ့စဉ်ပုံမှန်စားသောက်နေထိုင်နိုင်ဖို့လောက်ပဲ ဖြစ်နေတယ်
ဟုတ်သလိုလိုတော့ရှိသား
လစာလေးရလိုက်၊ ဟိုသုံးဒီသုံးနဲ့ကုန်သွားလိုက်နဲ့
ဒါတောင် ထောက်ပံ့ရမယ့်လူမရှိသေးလို့လေ
လကုန်လို့လစာလေးရတိုင်း ငွေတော့စုနေတာပဲ
ကိုယ်စုတဲ့ငွေက အတိုင်းအတာတစ်ခုလည်းရောက်ရော၊ ပစ္စည်းတန်ဖိုးတွေကလည်း မြင့်မြင့်လာရောပဲ
ဂျာအေးသူ့အမေရိုက်နေသပ
ဒါတောင်ရတဲ့လစာနဲ့ ပုံမှန်ပဲစားသောက်နေတာပါ
အရမ်းကာရောသုံးဖြုန်းနေတာလည်းမဟုတ်
တွေးမိတယ်၊ လစာတစ်သိန်းတောင်မရှိတရှိလူတွေဆို ဘယ်လိုလုပ်ကြမလဲပေါ့
သွားတဲ့လာတဲ့ ကားခနဲ့ဘာကျန်တော့မှာလဲ
အသက်ကလေး၂၀ကျော်တဲ့အချိန်ထိ ၀င်ငွေကကိုယ့်ခြေပေါ်မရပ်နိုင်ရင်သွားရော
ယောက်ျားလေးတွေဆို ပိုဆိုးမှာ
မချမ်းသာရင်နေပါစေလေ၊ စားချင်တာလေးစားနေရရင် အကောင်းဆုံးပါပဲ
ဟိုဟာလေးဝယ်စားဖို့လည်း ရှေ့နောက်စဉ်းစားစရာမလို၊ ဒီဟာလေးလည်း ဖက်ခနဲဝယ်စားနိုင်ရင် ကျေနပ်စရာတစ်ခုပါပဲ
Was this answer helpful?
LikeDislikeအစိုးရအလုပ်မှာလည်း ဂွင်ဆိုတာရှိတဲ့နေရာပဲသွားချင်ကြတာသဘာဝလေ

အဲ့မှာ မြန်မြန်ချမ်းသာသူတွေ တပုံကြီးကို
ပန်ပန့်အဖေရဲ့အလုပ်ကျတော့ ပြည်သူနဲ့တိုက်ရိုက် ထိတွေ့ဆက်စပ်မှုမရှိဘူး
ဥပမာပဲထားပါတော့-အခွန်ရုံးက ဦးစီးအရာရှိတွေထက် ရာထူးတော့ကြီးတယ်
လုပ်ပိုင်ခွင့်ကျတော့ သူတို့ကပိုတယ်
အဲ့လိုပြောရင်ရလားဟင်င်င်
အစိုးရအလုပ်လည်းမလွယ်ပါဘူး၊ ပုဂ္ဂလိကအလုပ်လုပ်ခက်တာပါပဲ
ပန်ပန့်မောင်လေးရဲ့ သူငယ်ချင်းတစ်ယောက်က ဘဏ်တစ်ခုမှာအလုပ်လျှောက်သတဲ့
မရလိုက်ရှာပါဘူး
၃သိန်းဆိုလား ပေးမှရမယ်ဆိုပဲ
ဘယ်သူ့ပေးရမလဲဆိုတော့ ဟိုပေါ့၊ သည်ပေါ့လေ
အဲ့လာ ပုဂ္ဂလိကနော်
လစာကောင်းလို့ဆိုပဲ
သများတို့တော့ စာမေးပွဲအောင်ရင် ရတာပါပဲ
Was this answer helpful?
LikeDislikeမွန်မွန်ကတော့ အစိုးရအလုပ်ကို အစကတည်းက စိတ်မ၀င်စားခဲ့တာ။
အလုပ်ရဖို့အတွက် ပိုက်ဆံလိုက်ရတယ်။ ပိုက်ဆံပေးလိုက်ရင် အလုပ်ရတယ်။ ကိုယ်က အလုပ်ဝင်ပါပြီတဲ့။ ကိုယ့်အထက်ကလူက ပိုက်ဆံပေးထားတဲ့၊ အရည်အချင်းမရှိတဲ့သူဖြစ်နေရင် ဘယ်လိုလုပ်ရပါ့။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ..မဖားတတ်ရင် ရာထူးတက်ဖို့မမြင်..
နောက် အဲဒီ စစ်စတမ်ဆိုတာလား..ဘာလား… အခန်းကျဉ်းလေးထဲမှာ စားပွဲခုံတစ်လုံးနဲ့.ကွန်ပျူတာမရှိ၊ ဘာမရှိတဲ့..ဟိုး..ဗီဒိုထဲမှာ ထည့်ထားတဲ့ နှစ်ဆွေးစာရွက်တွေ တစ်ထပ်ကြားထဲမှာ အလုပ်လုပ်ဖို့ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး… အာမခံချက်ရှိတာ မရှိတာတွေလည်း မသိဘူး။
ကိုယ်တောင် ဒီလို ပေးရကမ်းရ၊ လာဘ်ထိုးရတာတွေ မလုပ်ချင်တာ..သူများတကာရဲ့ မသထာရေစာလည်း မစားချင်ဘူး။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း အပြင်မှာပဲ လုပ်တယ်။
Was this answer helpful?
LikeDislikeအစိုးရအလုပ်တိုင်း အဲလိုတော့မဟုတ်ပါဘူးလေ
စားပွဲခုံကြီးနဲ့ နှစ်ဆွေးစာရွက်ဖိုင်တွေနဲ့ဆိုတာကို တသတ်မတ်တည်းတွက်လို့မရပါဘူး
ဌာနအသီးသီး နေရာအသီးသီး ကွာခြားချက်လေးတွေရှိပါတယ်
ကျမအဖေကျတော့ တခါတလေအလုပ်ပေါ်ရင် အိမ်ကိုဖုန်းဆက်လို့ အိမ်ကနေတောင်လှမ်းအလုပ်လုပ်ရပါတယ်
အချိန်မရွေးနော် (ညဖက်တွေရောပေါ့)
တခါတလေ ရုံးတောင်ပြန်ပြေးရမယ့်အခြေနေတွေလည်းရှိတယ်
တစ်နှစ်ပတ်လုံး ပိတ်ရက်လုံးဝ(လုံးဝ)မရှိ၊ သင်္ကြန်တောင်မပိတ်
အဲ့လိုလေးတွေလည်းရှိပါတယ်၊
Was this answer helpful?
LikeDislikeကျုပ်လည်း အဲဒီလိုအကြပ်အတည်းမျိုး ကြုံခဲ့ဖူးတယ်…
တောင်းရမ်းပြီးလဲမစားချင်(ပညာတတ်ရဲ့သားနဲ့)
လစာကလဲ တစ်ယောက်ထဲတောင်ထမင်းမ၀..
နောက်ဆုံးတော့ မိသားစုအရေးကြည့်ပြီး အစိုးရအလုပ်ကထွက်လိုက်တာပဲ
ဒစ်စမစ်နဲ့ပေါ့…လျှော်တော့ မလျှော်ရလို့ တော်သေး…
ဆက်လုပ်ရင်း ကျန်ခဲ့တဲ့ သူငယ်ချင်းဆို ခု ဒုညွှန်မှုးဖြစ်နေပြီ..
သူလဲချို့ငဲ့ငဲ့ပါပဲ…
အဲဒီတော့ ဘာပဲပြောပြော ကိုယ့်မိသားစုကောင်းအောင်အရင်လုပ်သင့်တာပဲ
ကိုယ့်မိသားစုကိုပြုစုပျိုးထောင်တာလည်း နိုင်ငံ့တာဝန်ထမ်းတာလို့တွေးစေချင်ပါတယ်..
ကိုယ့်မိသားစုကိုတောင် ပညာသင်မြေတောင်မြှောက်မပေးနိုင်မှသာ
နိုင်ငံ့ အပေါ်တာဝန်မကျေတာပါဗျာ…(ကိုယ်ထင်တာကို ၀င်ပြောကြည့်တာပါ)
Was this answer helpful?
LikeDislikeဟုတ်လောက်တယ် ဦးလေးကြီးမိုက်ရေ့
ကိုယ်ကစလို့ ကိုယ့်မိသားစု၊ မိသားတစ်စုချင်းစီမှ မတိုးတက်ရင် ဘယ်လာပြီးတိုးတက်ပါတော့မလဲ
အိမ်ရှင်မတစ်ယောက် မီးဖိုးချောင်မှာထမင်းဟင်းချက်တာတောင် နိုင်ငံ့အရေးလို့ပြောရင်ရမလားမသိ
Was this answer helpful?
LikeDislikeကျမကတော့ ကိုယ်ရှာတာမှ ကိုယ်မသုံးရရင် ဘာမှအဓိပ္ပါယ်မရှိတော့ဘူးလို့မြင်တယ်။ မိသားစုကိုပေးကမ်းထောက်ပံ့ရလို့ မသုံးရတာက ပြသနာမရှိဘူး အချိန်တန်ရင် ကိုသုံးရမဲ့အလှည့် ရောက်လာမှာဘဲ။ နောက်ပြီးဘယ်သူမဆို တိုးတက်ရာတိုးတက်ကြောင်းရှာကြမှာဆိုတော့ ၀င်ငွေကလဲ ဒီအတိုင်းနေမှာမဟုတ်ဖူး တိုးလာအုံးမှာ။ ဆိုလိုတာက ကို့ဘ၀အတွက် ကို့မိသားစုအတွက် risk တခုတော့ယူသင့်တယ်လို့မြင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရင် လမ်းမလွဲအောင်ကြိုးစားဖို့ဘဲလိုတာ။ စဉ်းစားလွန်ပြီး ရှေ့မရောက်တာမျိုးမဖြစ်စေချင်ဘူး။ ကုန်သွားတဲ့အချိန်တွေအတွက် နောင်တ၇နေတာမျိုးမဖြစ်စေချင်ဘူး။ (ကိုပိုင်အမြင်ကို ချပြခြင်းသာဖြစ်ကြောင်း၊ ဆရာလုပ်တယ်လို့ မထင်စေလိုကြောင်း) :D
ခင်တဲ့
မရွှေအိ
Was this answer helpful?
LikeDislikeထွက်လို့မရအောင် လျော်ပေးဘို့ ကြေးကြီးကြီးနဲ့စာချုပ်ထားတယ်
ကောင်းကောင်းမွန်မွန်လုပ်ချင်ပေမယ့် သတို့ဆီမှာကြေးကောင်းကောင်းမပေး
အဲဒီအခါထွက်မရတဲ့အတူတူ ဘာမှမလုပ်ဘဲထိုင်နေရော.
အဲဒါမြန်မာပြည်က ပညာရှင်တွေ့ရဲ့လက်တွေ့ဘ၀ပါ.
Was this answer helpful?
LikeDislike