My Dear Diary
ဒီရက်ပိုင်းတွေအတွင်း အရမ်းကို ပျင်းနေခဲ့ပါတယ် ။
ပျင်းလွန်းလို့ ဂေဇက်လာတော့လဲ အပျင်းအားလုံး မပြေခဲ့ဘူး ။
ဒါနဲ့ အပျင်းပြေမလားဆိုပြီး အပတ်စဉ် ဝယ်ဖတ်နေကြ ဂျာနယ်တွေ
ရွှေမန်းတလေး
ဟဲဒိုင်ဂျက်စ်
ဝီးကလီး အီလဲဗင်း
နံနက်ခင်း
ကုမုဒြာ
မော်ဒန်
ယူရိုစပေါ့
ဂျာနယ်တွေ ကောက်ကိုင်ဖတ်လိုက်တော့လည်း အပျင်းကမပြေသေးဘူး ။
ဒါနဲ့ အပျင်းပြေအောင် ဆိုပြီး ၊ အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်မိတော့ စုံစီနဖာ ဇါတ်လမ်းတချို့ ကို ကာယကံရှင်တွေနဲ့ အတူ ပြောဆိုရင်း အပျင်းနဲနဲ ပြေသွားခဲ့တယ် ။ ထိတ်လန့် စရာ အကြောင်းတွေလဲ တွေ့ ရပါတယ် ။
ဂေဇက်ကိုလာနေတဲ့ ကျုပ်လိုမျိုး ပျင်းနေတဲ့လူတွေများရှိခဲ့ရင် အပျင်းပြေလို့ ပြေငြား ၊ ဖတ်စရာ ဖြစ်လို့ ဖြစ်ငြား ပြန်ဇါတ်ဆင်ရေးလိုက်တယ်ဗျာ..
ဂျာနယ်ထဲပါတဲ့ဟာတွေကို ပြန်ရေးထားတာတော့ မဟုတ်ပါဘူး ။
ကျုပ် ကြုံတွေ့ ခဲ့ရတဲ့ ၊ ကျုပ် ကို ထိတ်လန့် စေခဲ့တဲ့ ၊ အံ့သြစေခဲ့တဲ့ ၊ အပျင်းပြေစေခဲ့တဲ့ ဇါတ်လမ်းလေးတွေထဲက တစ်ခုချင်းစီကို ရေးတင်ပေးပါမယ် ။ ( မှတ်ချက် ကျုပ် တင်ပါးကို မပေးပါ ထို့ အတူ မည်သူ့ တင်ပါးကိုမှ မပေးပါ )
ဒီလိုပါ
ကျုပ်က မန်းတလေးသားဆိုတော့ မန်းတလေးက အကြောင်းအရာတွေကိုဘဲ ရေးမှာပါ။
*** ဆိုင်ကယ်စီးရင် သတိထား ***
အခုရက်ပိုင်းအတွင်း မန်းတလေးမြို့ မှာ ယာဉ်ထိန်းရဲတွေ ရှောင်တခင် စစ်ဆေးလာတာကို ပြန်တွေ့ လာရပါတယ် ။ ပြီးခဲ့တဲ့ ၂လ ၃လ အတွင်းကဆို စစ်ဆေးတာတွေ သိပ်မတွေ့ ခဲ့ရပါဘူး ။
အခုခါ မြန်မာတစ်နိုင်ငံလုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ကို လိုင်စင်လုပ်ပေးနေပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ၊ ဆိုင်ကယ်ဈေးတွေ ၃သိန်း ၄သိန်း ပြုတ်ကျကုန်တာ ဝမ်းသာစရာပါ ။
တစ်ခုဆိုးတာက ၊ ဆိုင်ကယ်တွေ ပေါများလာခြင်း ၊ ပိုက်ဆံအနဲငယ်သုံးရုံနဲ့ သွားရေးလာရေး အဆင်ပြေတယ် ဆိုပေမယ့် ၊ ဆိုင်ကယ်မောင်းတဲ့သူတွေဟာ ယဉ်စည်းကမ်း လမ်းစည်းကမ်း ကို တစ်လုံးမှ မသိဘဲ ၊ တက်စီး တက်မောင်းနေကြတာပါဘဲ ။
တချို့ ဆိုင်ကားသမားတွေလဲ ဆိုက်ကားနင်းရတာ ပင်ပန်းတယ်ဆိုပြီး တပတ်ရစ် ဆိုင်ကယ်.. ဒါမှမဟုတ် ဆိုင်ကယ်အသစ်တစ်စီး ကောက်ဝယ်ပြီး ဆိုင်ကယ်တက္ကစီပြေးကြပါတယ် ။
ဆိုင်ကယ်တက္ကစီပြေးတယ်ဆိုလို့ သူရို့ မှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမပြောနဲ့ ဦး ၊ ယာဉ်မောင်းလိုင်စင်တောင် မရှိကြဘူး ။ တစ်ကယ်ပါ ၁၀ ယောက် ကို သွားမေးကြည့် ၃ ယောက်လောက် က လိုင်စင်မရှိဘဲ မောင်းနေကြတာ ။
လိုင်စင်မရှိ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မသိဘဲ မောင်းတော့ ဘာဖြစ်လဲ ဆိုတော့ ၊ ယာဉ်တိုက်မှုတွေ ဖြစ်ပါတယ် ၊ ကားကို ဝင်တိုက်တယ် ၊ ကားက ဝင်တိုက်တယ် ၊ လူကို တိုက်တယ် ၊ မှောက်တယ် ၊ တစ်ရက်ကို ဆေးရုံကြီး အရေးပေါ်လူနာဌာန ကို ယာဉ်တိုက်မှုကြောင့် လူဘယ်နှစ်ယောက်ရောက်သလဲ ဆိုတာ ဆရာဝန်တွေ ၊ အလုပ်သင်ဆရာဝန်တွေ ၊ သူနာပြုတွေ ၊ ဆေးရုံဝန်ထမ်းတွေ အသိဆုံးပါ ။ သူရို့ ဘာလို့ မပြောကြလဲ ၊ အသံထွက်မလာလဲ မပြောတတ်ပါဘူး ။ ကျုပ်ကတော့ အသိတစ်ယောက်က နာရေးလူမှုကူညီမှု အသင်းတစ်ခုမှာ ကားမောင်းတဲ့သူ ဆိုတော့ ၊ ဖြစ်သမျှ အကုန်ပြန်ကြားရလို့ သိရပါတယ် ။ ကျုပ်အသိ ကားမောင်းတဲ့ သူခဗျာလဲ တစ်ပတ်မှာ ၇ရက် ၇ည အပြည့်နီးပါး နေ့ မရှောင် ညမရှောင် အရေးပေါ်ကားမောင်းနေရပါတယ် ။ နာရေးတော့ နာရေးပါဘဲ ။ ဘာနာရေးလဲ ဆိုရင် ယာဉ်တိုက်မှုကြောင့် ဖြစ်တဲ့ အရေးပေါ် လူနာ ဆေးရုံ ပို့ ပေးရေးပါ။
ပြီးခဲ့တဲ့ ၃ပတ်ကျော်လောက်က ကျုပ်ကိုယ်တိုင်ကို ယာဉ်တိုက်မှု တစ်ခု ကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပါသေးတယ် ။ ဒီလိုပါ
တစ်ည.. ဘီယာဆိုင်တစ်ဆိုင်မှာ ဆိုင်အပြင်ဘက်တန်း ပလက်ဖောင်းပေါ်မှာ ၊ ဘော်ဒါတစ်ယောက် နဲ့  ဘီယာအတူထိုင်သောက်ရင်း စကားပြောဖြစ်ခဲ့ပါတယ် ။
ကျုပ်တို့ ထိုင်တဲ့ ဘီယာဆိုင်ရဲ့ ဘေးကပ်ရပ်၂အိမ်ခြားလောက်မှာ နောက်ထပ် ဘီယာဆိုင် တစ်ဆိုင် ရှိပါသေးတယ် ။ ဇါတ်လမ်းက… အဲဒီဘက် ဆိုင်ကနေ စတာပါ ။
ကျုပ်တို့ ဘီယာထိုင်သောက်နေတုန်းပေါ့… ဆိုင်အပြင်ဘက် လမ်းမဘေး ပလက်ဖောင်းပေါ်မှာ ထိုင်သောက်နေတာဆိုတော့ ၊ လမ်းမပေါ်သွားလာနေတဲ့ သူအားလုံးနဲ့ ဘေးပတ်ဝန်းကျင် မြင်ကွင်းအားလုံးကို မြင်နေရပါတယ် ။ ကျုပ်တို့ ထိုင်တဲ့ဆိုင်ဘေးနားက ဆိုင်ထဲကနေ လူအုပ်စုလိုက်ကြီး တစ်အုပ် ခပ်သုတ်သုတ် နဲ့ ပြေးထွက်လာကြပါတယ် ။ အားလုံး အယောက်၂၀ ခန့် ရှိပါမယ် ။ ဆိုင်ကယ်ကတော့ ဘယ်နှစ်စီး ပါလဲ မသိပါ ။ ပါဂျဲရိုး ကားတစ်စီး နဲ့ စလွန်းကားတစ်စီး ပါပါတယ် ။ သူရို့ တွေဟာ ကားတွေစီကို ခပ်သွက်သွက်ပြေးပြီး ကားနောက်ဖုံးများကို ဖွင့်ကာ ၊ ပိုက်လုံးများ ၊ ဓါးများ ဆွဲထုတ်ယူလိုက်ကြပြီး ၊ ဘီယာဆိုင်ထဲကို စောင့်ကြည့်နေကြပါတယ် ။ ရန်တော့ဖြစ်တော့မယ်ပေါ့ဗျာ ။ ဒါနဲ့ ကျုပ်နဲ့ ကျုပ်ဘော်ဒါ လဲ အဲဒီဘက် ကို မျက်နှာလှည့်ထိုင်လိုက်ပြီး ၊ ဘာဆက်ဖြစ်မလဲ ဆိုတာ ကို ဘီယာသောက်ရင်း စောင့်ကြည့်နေပါတယ် ။
ခဏနေလောက်ကြ ဘီယာဆိုင်ထဲကနေ အသက်၂၀ကျော်လောက် ယောက်ျားတစ်ယောက် ထွက်လာတော့ ၊ ဟိုအယောက်၂၀ အုပ်စု က ချက်ချင်းဆိုသလို ၊ အဲဒီ ယောက်ျားဆီကို ပြေးကပ်သွားကြပါတယ် ။ ဝိုင်းလိုက်ကြတယ် ။ အယောက်၂၀ ၁ယောက် ဆိုတော့ ပွဲကတော့ လုံးဝ ကြည့်မကောင်းတော့ပါဘူး ဆိုပြီး ကျုပ်တို့ လဲ မျက်နှာချင်းဆိုင် ပြန်ထိုင်ကာ ဘီယာဆက်သောက်ကြပါတယ် ။ ၁ယောက်ထဲသမားက ပြေပြေလည်လည် တောင်းပန် လိုက်နိုင်တယ်လို့ ထင်ပါတယ် ။ ရန်ပွဲက မဖြစ်လိုက်ပါဘူး ။
သူရို့ တွေသာ ရန်မဖြစ်သာ ၊ ရန်ဖြစ်ပြီ မှတ်ပြီး စောင့်ကြည့်ကြတဲ့ ဘေးနားက လူတွေကလဲ မနဲပါဘူး ။
ပြီးလဲပြီးရော အယောက်၂၀ အဖွဲ့ ဟာ ဆိုင်ကယ်တွေ ကားတွေပေါ် အမြန်အမြန် ပြန်တက်ပြီး မောင်းထွက်သွားကြပါတယ် ။ အဲဒီမှာ မန်းတလေးအခေါ် ကျားစီးဘီး လို့ ခေါ်တဲ့ အင်ဂျင်ပါဝါ၂၅၀ နဲ့ ဆိုင်ကယ်တစ်စီးဟာ အထွက်မှာတင် ၊ မောင်းတဲ့လူက တော်တော်မူးနေတယ် ထင်တယ် ၊ မောင်းအထွက်မှာ မှောက်လဲသွားပါတယ် ။ စောန က ရန်ဖြစ်မလို ဖြစ်သွားတော့ ဘေးပတ်ဝန်းကျင် မှာ ရပ်ကြည့်တဲ့ လူတွေအများကြီး ရှိနေတာ ဆိုတော့ ဆိုင်ကယ်မှောက် သွားတဲ့လူဟာ ချက်ချင်း ဆိုင်ကယ်ကို ပြန်ထူပြီး တရကြမ်း မောင်းထွက်သွားပါတယ် ။ အဲဒီမှာ သူ မောင်းတဲ့လမ်းပေါ်မှာ ၊ မျက်နှာချင်းဆိုင် တစ်ဘက်လမ်းကြောကနေ ဆိုင်ကယ်တစ်စီးဟာ သူ့ ရှေ့ ကနေဖြတ်ကွေ့ ဖို့ အတွက် အချက်ပြမီး ပြထားပါတယ် ။ သူ တရကြမ်းမောင်းလာတာ မြင်တော့ အဲဒီဆိုင်ကယ်ဟာ မကွေ့ သေးဘဲ ကွေ့ ဖို့ လမ်းယူထားပြီး သူ မောင်းကျော်အသွားကို စောင့်နေပါတယ် ။ အဲဒီဆိုင်ကယ်က တရုတ်ဆိုင်ကယ် စူပါကပ် ဖြစ်ပြီး ယောက်ျားကမောင်းကာ နောက်က မိန်းမ တစ်ယောက်ပါပါတယ် ။ အဲဒီမှာ အင်ဂျင်ပါဝါ၂၅၀ ဆိုင်ကယ်သမားဟာ ၊ သူ့ ဆိုင်ကယ်အသွားကို ရပ်စောင့်ပေးနေတဲ့ စူပါကပ်ဆိုင်ကယ် ကို ဝင်တိုက်လိုက်ပါတော့တယ် ။ တိုက်တာမှ အရှိန်တော်တော်ပြင်းပါတယ် ။ သူက လူအများရှေ့ မှာ ဆိုင်ကယ်မှောက်ထားတာလို့ ရှက်ရှက်နဲ့ တရမ်းကြမ်း အရှိန်မြှင့်မောင်းသွားတာရယ် ၊ မူးနေတာရယ်နဲ့ ပေါင်းလိုက်တော့ တစ်ဘက် အတိုက်ခံလိုက်ရတဲ့ စူပါကပ် ဆိုင်ကယ်မှာ စုတ်ပြတ်သွားပါတယ် ။ ဘယ်လောက် အရှိန်ပြင်းလဲ ဆိုရင် တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းတဲ့ယောက်ျားကတော့ ပွန်းရုံ ပဲ့ရုံ လောက်ပဲ ဖြစ်ခဲ့ပေမယ့် ၊ အနောက်က ထိုင်စီးလိုက်လာတဲ့ မိန်းမကတော့ ခြေတစ်ဘက် ကျိုးသွားပါတယ် ။ ခြေသလုံးကျိုးတာဖြစ်ပါလိမ့်မယ် ။ တိုက်တဲ့ကောင်က ဘာမှ မဖြစ်ပါဘူး ။ မဖြစ်တာမှ ဆိုင်ကယ်တောင် မလဲမမှောက်ပါဘူး ၊ တိုက်လဲပြီးရော ဆရာသမား က သူတိုက်လိုက်တဲ့ ယောက်ျားနဲ့ မိန်းမ ကို ဆင်းကူပေးဖို့ နေနေသာသာ ၊ ဆင်းပြီး ဆဲပါတော့တယ် ။ ဒီနေရာမှာ စောနက ရန်ပွဲဖြစ်မလို ဖြစ်တုန်းက စောင့်ကြည့်နေတဲ့ လူအုပ်က ၊ ဆိုင်ကယ်တိုက်တဲ့အထိ လိုက်ကြည့်ကြတယ် ဆိုပေမယ့် ၊ ဆိုင်ကယ်တိုက်တာကို တစ်ယောက်တစ်လေမှ လုံးဝ ဝင်အကူအညီမပေးကြပါဘူး ။ ဘေးကကြည့်ရုံဘဲ ကြည့်နေကြပါတယ် ။ ကျုပ်ကတော့ ၁၉၉ ကို ဖုန်းဆက်လိုက်ပါတယ် ။ ဒါပေမယ့် မမှီလိုက်ပါဘူး ။ ဆိုက်ကယ်နဲ့ တိုက်တဲ့ ဆရာသမားဟာ သူတိုက်လိုက်တဲ့ ဆိုင်ကယ်နဲ့ ၂ယောက် ကို ဘာအကူအညီမှ မပေးဘဲ ၊ ဆဲရုံသာဆဲပြီး ၊ ချက်ချင်းမောင်းပြေးသွားပါတယ် ။ သူ့ ဆိုင်ကယ် က အင်ဂျင်ပါဝါ၂၅၀လဲ ဖြစ်တော့ လိုက်လို့ လဲ မမှီပါဘူး ။ အတိုက်ခံရတဲ့၂ယောက်ခဗျာလဲ လမ်းပေါ်မှာ လဲနေကြတာဆိုတော့ လိုက်ဖို့ လဲ မဖြစ်နိုင်ပါဘူး ။ တိုက်တဲ့ကောင်မောင်းသွားပြီဆိုမှ ဘေးကဝိုင်းကြည့်နေတဲ့ လူအုပ်က ဝင်လာပြီး ၊ အတိုက်ခံရတဲ့ ၂ယောက် ကို ဝိုင်းဝန်းထပ်ကြည့်ကြပါတော့တယ် ။ အဲဒီအထဲက တစ်ယောက် က ဖုန်းထုတ်ပြီး နာရေးကူညီမှု အသင်းတစ်ခုကို ဖုန်းလှမ်းဆက်လိုက်တော့မှ ၊ နောက် ၁၀မိနစ်လောက်အကြာမှ နာရေးအသင်းက ကားတစ်စီးရောက်လာကာ ၊ ၂ယောက်စလုံးကို တင်ပြီး ဆေးရုံကြီးကို ခေါ်သွားပါတယ် ။ ရဲကိုကိုတို့ ကတော့ ၊ တိုက်ခံရတဲ့ ၂ယောက် ကားနဲ့ ဆေးရုံတင်သွားချိန်မှ ရောက်လာကြပြီး ၊ ဝိုင်းအုံကြည့်နေကြတဲ့ လူတွေကို “ မင်းပါလား သူပါလား ” လိုက်မေးရှာပါတယ် ။
ကျုပ်နဲ့ ကျုပ်ဘော်ဒါလဲ … တိုက်ခံရတဲ့၂ယောက်နေရာမှာ ငါတို့ ဖြစ်ခဲ့ရင် ဆိုပြီး ၊ ဘီယာသောက်နေရင်းတန်းလန်း သွေးပျက်မိပါတယ် ။ အတိုက်ခံရတဲ့၂ယောက်အတွက်လဲ စိတ်မကောင်း ဖြစ်သွားတယ် ။ တိုက်တဲ့ကောင်က မောင်းပြေးသွားတာကိုး ။
နောက်နေ့ ကြတော့… အဲဒီရန်ဖြစ်မလို ဖြစ်ခဲ့တဲ့ ဘီယာဆိုင်က ဝန်ထမ်းတစ်ယောက် ကို ခေါ်မေးကြည့်တော့ ၊ သူရို့ ဆိုင်ကို ရဲတွေ လာစုံစမ်းပါတယ်တဲ့ ။ ဒါပေမယ့် ဆိုင်ကယ်တိုက်သွားတဲ့ကောင် ပါတဲ့ အဖွဲ့ ကို ဘယ်သူဘယ်ဝါဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူးတဲ့ ။ ဆိုင်ကယ်က နံပါတ်ပြားလဲ တပ်မထားဘူး ။ ရဲတွေမှာ ဘယ်လိုက်လို့ လိုက်ရမှန်းမသိကြဘူးတဲ့ ။ ကောင်းရောဗျာ… ။
ကဲဗျာ… ရေးနေရင်းနဲ့ ၊ ရေငတ်လာလို့ ဘီယာဆိုင်ပြေးလိုက်ဦးမယ်ဗျာ…
နောက်ရက်တွေကြမှ… နောက်ထပ်ဇါတ်လမ်းလေးတွေ ကို ရေးပါဦးမယ်…
……. အားလုံးကို ကျေးဇူးတင်ပါသည် …….



မန်းတလေးမှာ ဆိုင်ကယ် အတိုက်ခံနိုင်တဲ့ သံချပ်အကျင်္ှီတွေ ချုပ်ရောင်းမှနဲ့တူတယ် .. :grin:
Was this answer helpful?
LikeDislikeလူအုပ်စုနဲ့.. အနိုင်ကျင့်ဖို့ကြိုးစားကြပုံရယ်..
ကူညီတတ်ပါတယ်ဆိုတဲ့.. မြန်မာတွေစိတ်ဓါတ်ရယ်ကို.. တကွက်ထဲနဲ့. .. ပြလိုက်သလိုပဲ..
အနိစ္စ… :?
Was this answer helpful?
LikeDislikeဒိုင်ယာရီ လေး ကို တိတ်တိတ်လေး ခိုးဖတ် သွားကြောင်း အသိပေးပါတယ်။
ဥပဒေ နဲ့ အမှန်တရား ကို ပန်ကန်ပြား နဲ့ ဖုံးထား နေနိုင်သ၍တော့
ဒါမျိုး တွေ က ထူးမခြားနား ပါတ်ပျိုး နဲ့
အမြဲ က နေမှာဘဲ။
Was this answer helpful?
LikeDislikeကဲဗျာ… ရေးနေရင်းနဲ့ ၊ ရေငတ်လာလို့ ဘီယာဆိုင်ပြေးလိုက်ဦးမယ်ဗျာ…
ရေငတ်တာနဲ့ ဘီယာဆိုင်ဆိုင်ပြေးတာ ဘယ်လိုဆိုင်လို့လဲ…. ရေက ဘီယာဆိုင်မှာပဲရှိသလား…
ဦးပေဘာကြောင့်ပျင်းနေတာလဲ…
““ပျင်းစရာ အကောင်းဆုံးကတော့ ပျင်းတာပဲဗျ””
အဲဒီပျင်းတာကလဲ “ကိလေသာ”နော်။စိတ်ရဲ့အညစ်အကြေးပဲဗျ။ ထိန မိဒ္ဓ..စိတ်လေးလံခြင်း…စိတ်ထိုင်းမှိုင်းခြင်းဆိုတာ ကိလေသာ ၁၀=ပါးမှာ ပါတယ်နော်။
Was this answer helpful?
LikeDislikeပြောမနေပါနဲ့တော်ဗျာ
ဆိုင်ကယ်တွေကလည်းပေါ ဗရုတ်သုတ်ခမောင်းတဲ့ကောင်တွေကလည်းပေါ လူမိုက်တွေကလည်းပေါ
မိန်းထဲမှာတိုက်တာလား
ညဆို ဆိုင်ကယ်မမောင်းတော့ဘူးဗျ ကျွန်တော်က အဝေးမှုန်ဆိုတော့ ညဆို ဘာမှမမြင်ရလို့ အပြင်မထွက်တာကြာပြီ
၁ခုတော့စဉ်းစားထားတယ်ဗျ ကိုယ်မှန်လို့လာတိုက်လို့ကတော့ အဲနေရာမှာတင် လုပ်ပစ်မှာ
ခုခေတ်လူငယ်တွေက ရိုင်းငယ်ကိုပေရေ
ကိုပေလည်း ဦးထုပ်ဆောင်းအုန်းနော် ( အဖော်မဟုတ် )
ခင်တဲ့ ပိန်တာရိုးဖရဲ
Was this answer helpful?
LikeDislikeခုခေတ်ကယာဉ်တွေကလဲပေါး စီးတဲ့သူတွေကလဲ လူမျိုးပေါင်းစုံ
ခုလိုသတင်းကြား၇တာစိတ်မကောင်းပါဘူး
ဘယ်သူမပြုမိမိမှု့ ဆိုပေမဲ့ ကိုယ်ဘက်ကအသက်နိုင်ဆုံး သတိထားပြီသွားလာတာအကောင်းဆုံပါ
ပျော်ရွှင်နိုင်ကျပါစေ
Was this answer helpful?
LikeDislikeဦးပေ နောက်တစ်ခါ ပျင်းရင်
မြို့ထဲပတ်ပြီး မောင်ရွှေရိုးက ကလေ
အပျင်းပြေအောင်
ဟဲဟဲ
ပြန်ဂျစ်တာ
Was this answer helpful?
LikeDislikeကိုပေရေ-
ဆိုင်ကယ်ပြဿနာက နယ်မြို့ရွာတွေမှာလဲ တော်တော်ဆိုးနေပါပြီ
ပြောရရင် ဥပဒေစိုးမိုးမှု့မရှိတော့
ဘယ်ကိစ္စမှာမဆို ဥပဒေကို မလေးစားတော့ဘူး
ဘယ်ကိစ္စမှာမဆို ဥပဒေကို သိပ်အရေးမထားတော့ဘူး…
ဒီလိုအဖြစ်မျိုးတွေကိုလျှော့နည်းသွားစေဘို့က
လူတွေ စည်းကမ်းဥပဒေကို သေသေချာချာ လေးစားလိုက်နာအောင်လုပ်နိုင်မှ…
တနည်းအားဖြင့် (ဒေါ်စုပြောတဲ့) ဥပဒေစိုးမိုးမှု့ရှိလာမှ ဖြစ်နိုင်မှာ…
လက်ရှိအုပ်ချုပ်သူတွေ နားလည်ထားတာက
သေနတ်ကြီးထုတ်ပြရင် ကြောက်သွားကြတာကို ဥပဒေစိုးမိုးတယ်လို့ထင်နေတာ
အဲဒါပြောင်းပြန်ကြီးပဲ
အဲဒါမှ ဥပဒေမစိုးမိုးတာကို ဖေါ်ပြရာရောက်တာ…။
Was this answer helpful?
LikeDislikeမန္တလေးမှာ စူပါဖိုးလ်တွေပေါတယ်ဆို ကိုပေပြောဖူးတယ်လေဗျာ။
အင်ဂျင်ပါဝါ ၂၅၀က ပြောလောက်အောင်မပြေးပါဘူးရယ်။ဟီးးးးးးးး
Was this answer helpful?
LikeDislikeအူးပေ မန်းလေးကလူတွေကြောက်တတ်တာလား။ ဒါမှမဟုတ်ဆိုင်ကယ်သမားကို ဘယ်သူဘယ်ဝါဆိုတာများသိနေလို့လား။ ရပ်ကြည့်နေတယ်ဆိုတော့။ ဆိုင်ကယ်နဲ့တိုက်ပြီးတန်းမောင်းမပြေးပဲဆင်းတောင်ဆဲနေသေးတယ်ဆိုတော့ မုန်းလိုက်ထှာ။ ရွှေကြည်ဂျက်ကီချန်းတို့လောက်သာ ကွန်ဖူးကျွမ်းလို့ကတော့ သေပြီသာမှတ်။ အမုန်းဖဲ့ပစ်မယ်။
Was this answer helpful?
LikeDislikeခေတ်မမှီတော့တဲ့ ရှေးကစကားပုံကို အသစ်ပြောင်းပေးရမယ်။
ယောက်ျားဆိုင်ကယ်စီး မိန်းမမီးနေလို့
Was this answer helpful?
LikeDislikeိကျနော်ချစ်တဲ့ မန္တလေးကဒီလိုဖြစ်သွားပြီလား
မန်းသူလေးတွေရော အရင်လိုသဘောကောင်းသေးရဲ့ လား
ကျုံးဘေးက ညနေခင်းလေးတွေသတိယပါရဲ့ ဗျာ
Was this answer helpful?
LikeDislike8O
ဒါတွေကြိုသိလို့  ဒေါ်စုက တရားဥပဒေစိုးမိုးရေး ကိုပဲ တွင်တွင်ပြောနေတာပေါ့…
ဒါ စနစ်ဆိုးကြီးကြောင့် ဒီကိစ္စတွေ ဖြစ်ရဲတာ မဟုတ်ပါလော..
တရားဥပဒေစိုးမိုးမယ်ဆို.. ဒီလိုလုပ်ဖို့ မပြောနဲ့  လမ်းဘေး ပုဆိုးလှန် သေးပေါက် တံတွေးတောင် ထွေးရဲမယ်မထင်
ဘယ်ခေတ်ကျမှ လူဒွေ လေးစားလောက်တဲ့ ဥပဒေ စိုးမိုးနိုင်မလဲမသိ..
Was this answer helpful?
LikeDislikeကိုပေရေ .. ဖတ်ရင်းတောင် လန့်သွားတယ် ..။
ကိုယ်က စည်းကမ်းရှိတယ်၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာတယ်ဆိုလျှင်တောင် … စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ လူစားတွေရှိနေလို့ ….. မလိုလားအပ်တာတွေ ခဏခဏဖြစ်ရတယ် … ။
ဒီကိစ္စမှာ တာဝန်ရှိသူက ၀စ်သောက်တွေ စီးနေတာ မုန့်ဖိုးယူပြီးငြိမ်နေတဲ့ ဟိုဒင်းတွေပါပဲ ။ သူတို့သာ ၀စ်သောက်တွေကို ထိထိမိမိဖမ်းမယ်ဆိုလျှင် … တစ်ခုခုဆို နံပါတ်မှတ်နိုင်မှာပါ … ။ အခုတော့ ဟိုနှစ်ယောက်ခမျာ ခံလည်း ခံရသေး … အရေးယူတိုင်တန်းမှုလည်း လုပ်လို့ မရတော့ … မိအေး နှစ်ခါ နာရသလိုပါပဲ …. ။
ကိုပေနဲ့ …. ရွာသူရွာသားတို့လည်း ခလုတ်မထိ စူးမငြိပါစေနဲ့ …. သွားလမ်းသာလိုက လာလမ်းဖြောင့်ပါစေနော် … ဟီး :D
Was this answer helpful?
LikeDislikeကိုပေရေ…ကျနော်တို့ မြန်မာလူမျိုးတွေက ခွေးနှစ်ကောင်ကိုက်ရင်တောင် လက်ပိုက်ပြီးဝိုင်းကြည့်နေတတ်တဲ့လူမျိုးတွေလေ…
လိုအပ်ချက်က …အသိစိတ်ဓါတ်၊ဥပဒေစိုမိုးရေး၊ ဥပဒေစိုမိုးရေးမှာလည်း ထုတ်ပြန်ထားရုံနဲ့ မပြီးပဲ၊လေးစားလိုက်နာအောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ပါတယ်၊ဘယ်သူ့သားသမီးပဲဖြစ်ဖြစ်ပါ။တကယ်အရေးယူဆောင်ရွက်လာရင် နောက်မလုပ်ရဲတော့ပါဘူး၊
နောက်တစ်ခုကတော့ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တွေပြောင်းလဲကြဖို့ပါပဲ…။ဘေးကရပ်ကြည့်၊လက်ခုပ်တီးနေရုံနဲ့ စည်းကမ်းရှိသောဒီမီုကရေစီနိုင်ငံအဖြစ်သို့မပြောင်းလဲနိုင်သေးပါဘူး၊လူတိုင်းလူတိုင်းမှာ တူညီတဲ့ စိတ်ဓါတ်တွေရှိဖို့လိုပါတယ်။
ကိုပေရေ..ဓါတ်ပုံလေးပါထည့်ပေးနိုင်ရင် ဂေဇက်သတင်းထောက်တွေကို လူတိုင်းကြောက်လာမှာနော်…
အစဉ်အမြဲလေးစားခင်မင်တတ်တဲ့…
အညတရ(မောင်သုည)
Was this answer helpful?
LikeDislikeရှိသေးတယ် ဒါမျိုးအမှုတွေက အကင်းပဲရှိသေးတာ။
ကျုံးထဲမှာလည်း လူသေတာ ခဏခဏ ။ ဘယ်တော့မှ မပေါ်ဘူး။ နောက် အသိထဲက ကလေးတယောက် ၁၀တန်းဖြေပြီးခါစ ဆေးကျောင်းတက်ဖို့ လုပ်ထားတာ တနေ့က အိမ်ပြန်မလာလို့ မိဘတွေက အလည်လွန်တယ်မှတ်နေတာ ပြန်မလာပြန်မလာနဲ့ နောက်တော့ ဆေးရုံမှာ အလောင်းသွားတွေ့တယ်။ မိန်းထဲမှာ ဘယ်သူက ရိုက်ထားမှန်းမသိပဲ လက်သည်မပေါ်ပဲ ဆုံးသွားရှာတယ်။
သာမာန် တခါမှ ရန်မဖြစ်ဖူးတဲ့ ကလေး ဘယ်လို အဖြစ်ဆိုးတွေများ ကြုံခဲ့သလဲ မသိဘူး။ သူ့အမေဆိုတာ အရူးတပိုင်း။ ခုထိ အမှုလည်း ဒီလိုပဲ ပြီးသွားတာပါ။
ဥပဒေစိုးမိုးရေးတဲ့ ။ မျှော်လင့်ရတာပါပဲ။ ရှေ့လျှောက် လူတိုင်းအဖြစ်ဆိုးတွေ ကင်းအောင်။
Was this answer helpful?
LikeDislikeလူ၂၀နဲ့ တစ်ယောက်ဆိုတော့ ကြည့်မကောင်းလို့ အားနည်းတဲ့ဘက်က ၀င်ပါတော့မလားလို့ စိတ်ပူသွားတာ…
ဆက်ဖတ်တော့မှ ကြည့်မကောင်းလို့ ပြန်ထိုင်လိုက်မှန်း သိလိုက်ရတယ်။ [:))]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
Was this answer helpful?
LikeDislikeအောင်မြတ်လေးလေး
ကိုယ့်တူလေးကို ရန်ဖြစ်ခိုင်းချင်တာလားလို့
game တွေထဲကလို
အကောင်ပို/အသက်အပို မပါလို့
တူမောင် ကြောက်ကြောက်
Was this answer helpful?
LikeDislikeပွဲပြီးမှ ရဲရောက်
စားဖို့အပေါက် …
ဂလောက် ဂလောက် ..
ဒါနဲ့ တစ်ဆိတ်လောက် ..
ဘီယာဆိုင် သွားဖို့ ပျင်းနေရင်
အဖော် လိုက်ပေးနိုင်ပါတယ် … :D
Was this answer helpful?
LikeDislikeရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် မပေးတာ ဗိုလ်ချုပ်မောင်အေးစီးလာတဲ့ကားကို စကော်ပီယံဂိုဏ်း မော်တော်ဆိုင်တွေက ပြသနာရှာလို့ ဖြစ်တာလို့ ကောလာဟာဠ ထွက်တယ်။ အခုလို လမ်း၊ ယဉ်စည်းကမ်း ထိန်းမရ သတင်းတွေ ကြားရတော့ ဒါတွေ ကြိုမြင်ထားလို့များ လုပ်သလား တွေးမိပါတယ်။
Was this answer helpful?
LikeDislikeအဲဒီလိုလူမိုက်တွေ သေရင်ငိုမယ့်သူရှိမှာမဟုတ်ဘူး..အသည်းယားလိုက်တာ
Was this answer helpful?
LikeDislikeယာဉ်စည်းကမ်းဥပဒေကိုသေချာစွာ….
နားမလည်ပါပဲနှင့်တာဝန်ရှိသူတို့ မှ၊ခင်မင်မှု,အားနာမှုဖြင့်
ယာဉ်မောင်းလိုင်စင်အား၊ထုတ်မပေးသင့်ပါကြောင်း….(ကိုယ်တွေ့ )။
ယာဉ်စည်းကမ်းဥပဒေကိုနားမလည်ပါပဲမောင်းနှင်
နေသူအများအပြားတွေ့ ရှိနေရသည်မှာလည်းလွန်စွာ
ပင်စိတ်ပျက်ဖွယ်ရာနေ့ စဉ်ပင်၊နိစ္စဒူဝကြုံတွေ့ နေရပါကြောင်းပြောပြလိုက်ပါရစေရှင့်။။
Was this answer helpful?
LikeDislikeလက်ပိုက် ၀ိုင်းကြည့် အတင်းတုတ်တဲ့နေရာမှာ ကျမတို့မြန်မာလူမျိုးက စံထားလောက်ပါတယ်။ ပြီးခဲ့တဲ့ စနေက ဗဟိုလမ်းပေါ်မှာ အဓိပတိကားက လမ်းဖြတ်ကူးတဲ့ကလေး ၂ယောက်ကိုဝင်တိုက်တဲ့အမှုဖြစ်ပါတယ်။ ကျမစီးလာတဲ့ ၂၀၄ ဘတ်စ်ကားက အဲဒီနေရာကဖြတ်ရတော့ သွေးအိုင်ကြီးကိုမြင်ရတာနဲ့ ဆက်မကြည့်ရဲတော့ဘဲနေလိုက်တယ်။ (အကူညီပေးချင်ရင်တောင် ဘယ်လိုပေးရမှန်းမသိတဲ့ ကိုယ့်ကိုကိုယ်လဲ တွေးပြီးရှက်မိပါသေးတယ်) ။ ၀ိုင်းအုံကြည့်နေကြတဲ့ လူအုပ်ကြီးကမနဲသလို ကျမတို့ကားပေါ်က စိတ်ဝင်စားသူအပေါင်းကလဲ ကားပြတင်းဆီကို အတင်းတိုးလာပြီးကြည့်ကြတော့တာပါဘဲ။ ပါးစပ်ကလဲ ” ဟယ် လှုပ်နေသေးတယ်၊ သွေးတွေမှအများကြီး၊ ဟိုလူကဘာလို့သွားကိုင်နေတာလဲ “အစရှိသဖြင့် အပြစ်တင် ဝေဖန်ပြီးသကာလ မဆိုင်သလိုဘဲ နေရာပြန်ယူကြပါတယ်။ ကားလမ်းကတော့ တဘီးချင်းလှိမ့်သွားရလောက်အောင် ပိတ်သွားပါတယ်။ ကိုယ်တိုင်လဲ ဘာမှမကူနိုင်ဘဲ သူများဒုတ်ခဖြစ်တာကို သနားပါတယ်တခွန်းပြောပီး ၀ိုင်းကြည့်နေနိုင်တဲ့စိတ်ဓါတ်ကတော့ အတော်ဆိုးတယ်လို့မြင်ပါတယ်။
Was this answer helpful?
LikeDislikeနောက်တခု စဉ်းစားမိတာက မတော်တဆမှုတခုဖြစ်ပီဆိုရင် အရင်ဆုံးအကြောင်းကြားရမှာက အရေးပေါ်လူနာတင်ယာဉ် နဲ့ ရဲဌာနလို့ ထင်ပါတယ်။ အခုလိုကိတ်စမျိုးမှာ အဲလိုလူတွေ အစောဆုံးရောက်နေသင့်ရက်နဲ့ ဘာလို့မရှိတာပါလိမ့်။ တာဝန်သိစွာနဲ့ အကြောင်းကြားပေးမဲ့လူမရှိတာကြောင့်လား။ မဟုတ်သေးပါဘူး တိုက်လိုက်တဲ့ ကားဆရာက ဒီကိတ်စလောက်တော့ လုပ်ပေးရမှာပေါ့။ ဒါဆို ဘာလို့ အဲဒီ ကောင်လေး၂ယောက်သွေးအိုင်ထဲမှာ အကြာကြီးလဲနေတာပါလိမ့်။ စဉ်းစားရင်း ခေါင်းကိုက်လာပါသဖြင့် ခဏရပ်ပါအုံးမည်။
ခင်တဲ့
မရွှေအိ
Was this answer helpful?
LikeDislikeအခင်းဖြစ်ရပ်နေရာမှာတွေ့ မြင်တဲ့မည်သူမဆို..
တာဝန်သိစိတ်ရှိစွာနဲ့ သက်ဆိုင်ရာဌာနတွေကိုအရေးပေါ်ခေါ်ယူအကြောင်းကြားပေးကြရမှာပါ။
ဒါမှသာတာဝန်ရှိသူတွေအနေနဲ့ ကအမြန်ဆုံးလာရောက်ပြီးဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။။
Was this answer helpful?
LikeDislikeကိုပေရေ…
ဇာတ်လမ်းကတော့ အပျင်းပြေရုံမက
ကြောက်စရာဘဲ…
သူများရန်ဖြစ်နေရင်
အနားသွားဖြန်ဖြေဘို့ စိတ်မကူးလေနဲ့
ကြောက်တယ်ထင်ချင်ထင်ပါစေ..
အားနည်းသူဘက်က ၀င်ကူဘို့နေနေသာ
မလုပ်ကြပါနဲ့ဗျာ ပြောမိရုံနဲ့ မင်းကဘာလဲဆိုပြီး
စကေဘာနဲ့ထိုးသွားလို့ သူငယ်ချင်းရဲ့အကို
ဆုံးသွားခဲ့ဘူးတယ်..
လမ်းထိပ်ကို မုန့်သွားဝယ်တာ ခုသေသွားပြီဆို သတင်းရောက်တာမို့
သူတို့အမေဆို အရူးတစ်ယောက်လိုကိုဖြစ်လို့ရယ်..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ ခင်ဗျ
မအိရဲ့ စေတနာ နဲ့ သတိပေးလမ်းညွှန်ချက် ကို လေးစားကျေးဇူးတင်ပါတယ်ခင်ဗျ
Was this answer helpful?
LikeDislike*ကိုhtoosan ရေ.. အဲဒီလိုသာရောင်းရင် ပိုကဲကုန်ကြမယ်ထင်တယ်ဗျ
*ဦးခင်လတ် ပြောသလိုပါဘဲ “တရားဥပဒေစိုးမိုးရေး”
*အူးဘဇင်းဇောက်ရေ စိတ်ကိုမထိန်းနိုင်သေးပါဘူး ခင်ဗျ
*ညီလေးဖရဲရေ စိတ်ဆတ်လှချီလား ၊ အကြွေးလဲဆပ်နော် ဟီဟိ
*မမအညာသူရေ ၊ မမလဲ အမြဲတမ်းကျန်းမာပျော်ရွှင်ပြီး မန်းဂေဇက်မှာ သာယာနိုင်ပါစေ
*မမနိုရာ က ကိုပေ နဲ့ အတူ ကမယ်ဆိုရင် ၊ ဘယ်နေရာမှာဘဲ ကရပါစေ… ကပစ်လိုက်ချင်ပါရဲ့ ။ ဟီဟိ
*ဦးဦးပါ ရေ… မှန်ပါတယ်ခင်ဗျ ၊ ဒေါ်စု ပြောတဲ့ ဥပဒေစိုးမိုးမှု လိုအပ်နေပါပြီ … ။ အခုရက်ပိုင်းအတွင်း ယာဉ်ထိန်းရဲများ ခါတိုင်းထက် ပိုမို တင်းကြပ်စွာ လိုက်ဖမ်းနေတာကိုလဲ တွေ့ ရပါတယ် ခင်ဗျ
ကိုသားဦးမြေးဦးရေ အင်ဂျင်ပါဝါ၂၅၀ ထရစ်ကာ ဆိုတဲ့ ဆိုင်ကယ်တွေဟာ efi အမျိုးအစားဆိုရင် အရမ်းသွက်တာ အရမ်းဆွဲတာကလား ။
*ရွှေကြည်ရေ မန်းတလေးက လူတိုင်းတော့ မဟုတ်ပါဘူး ခင်ဗျ ၊ ကျွန်တော်ရေးခဲ့တဲ့ စာထဲက လမ်းဟာ တက္ကသိုလ်ကျောင်းသူားများ အမြဲတမ်းသွားလာနေတဲ့လမ်းဆိုတော့ ၊ လမ်းမှာသွားလာနေတဲ့လူအားလုံးရဲ့  ၅ပုံ၁ပုံ လောက်က ကျောင်းသူားတွေမို့ ပါ ။ ကျောင်းသူား ဆိုတာမျိုးက စပ်စုရမယ် ဆိုရင် တော်တော့် တော်တော် ပါ ။ အကူအညီဝင်ပေးဖို့ ကြတော့ မရဲကြဘူး ခင်ဗျ ။
*ကိုပေါက် ဆိုင်ကယ်စီးရင် သတိထားပါဗျား
*ကိုဆာမိရေ … မန်းတလေးသူလေးတွေ သဘောကောင်းလားဆိုတာ ကျုပ်လဲ သိချင်မိနေတာကလား ဟီဟိ
*ပေါက်ဖော်ရေ… သိပ်မကြာလောက်တော့ဘူးလို့ မျှော်လင့်မိပါတယ်
အိတုံလေးရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါရစေကွယ်
*ကိုသုညရေ… ဓါတ်ပုံနဲ့ အတူ ပို့ စ်တင်ချင်ပါသော်လည်း ၊ မရိုက်ရဲကြောင်းပါခင်ဗျ ။ ကျေးဇူးပါနော
*မပုခ်ျရေ… ဇါတ်လမ်းလေးဖွဲ့ ပြီး ကိုယ်တွေ့ လေးတွေကို ပြန်ရှဲပေးပါခင်ဗျ
*မဟာရာဇာအံကြီး က အဖော်လိုက်ပေးမယ် ဆိုပါကလား ။ အဖော်တော့ လိုက်မပေးပါနဲ့ ဗျာ ။ ဘီယာဘဲ အတူလိုက်သောက်ပါနော…. ဟီဟိ
*ကိုကြောင်ကြီးရေ… ဝေယျဝစ္စလုပ်ပေးမယ့်လူတွေနဲ့ နေရတာဆိုတော့ အားကျမိပါတယ် ဟီဟိ
*ခရစ်စတယ်လိုင်းရေ… အသည်းအယားပြေဖို့ ရာ ဂေဇက်မှာ စာလာဖတ်ပါကွယ်
*အန်တီအေးကေ ခင်ဗျ … “လွန်စွာ
ပင်စိတ်ပျက်ဖွယ်ရာနေ့ စဉ်ပင်၊နိစ္စဒူဝကြုံတွေ့ နေရပါကြောင်းပြောပြလိုက်ပါရစေရှင့်။။”
အတူတူပါဘဲ ခင်ဗျ
*မရွှေအိရေ… ခေါင်းကိုက်ပျောက်ရင် ၊ ကြုံခဲ့ရတဲ့ ဇါတ်လမ်းလေးတွေကို ပို့ စ်တင်ပေးပါဦးဗျ ။
ကျွန်တော် မောင်ပေ ရဲ့ ကွမ်းပို့ စ် ကို ဖတ်ရှုသွားကြပါသော စာဖတ်သူအားလုံး အား လေးစားကျေးဇူးတင်ပါသည် ခင်ဗျား။
Was this answer helpful?
LikeDislike