ရွာသားအသစ်ကလေးကို ဝင်ခွင့်ပြုပါနော်
အားလုံးသော ရွာသူရွာသားအပေါင်းကို မင်ဂါဘာ… (Rocker အသံဖြင့်) လို့ နှုတ်ခွန်းဆက်ပါတယ်။ ကျနော်ကတော့ ဘေးထိုင်ဘုပြောတတ်တဲ့ မောင်ဘုဂလန့် ဖြစ်ပေတယ်။ အနှီ မန်းဂေဇက်ရွာဂျီးနှင့် မစိမ်းလှတဲ့ စာဖတ် ပိတ်သတ် တစ်ဦးလည်းဖြစ်ပါဘေဒယ်။ ရွာထဲမှာ စာဖတ်ဖြစ်နေတာတော့
ကြာပါဘီ။ အခုနောက်ပိုင်းမှာ ဘာမှန်းမသိတဲ့ ပိုစ့်တွေကြောင့် ဘေးထိုင်ဘုပြောချင်တဲ့ စိတ်ကလေးနှင့် (ဝါသနာလေးကလည်း ပါသကိုးဗျ) ဝင်ခွင့်တောင်းခံရခြင်းလည်းဖြစ်ပေဒေါ့ဒယ်။
ကျနော်ကြိုက်နှစ်သက်တဲ့ အရေးအသားပိုင်ရှင်ကတော့ ဟို အူးသန်းရွှေ အဗာတာပုံ ကားတားကားတားနဲ့ မစ္စတာအောင်ပုဖြစ်ပါဘေဒယ် (ဖားထားတာလေ အဲ့လူဂျီးကလွယ်တာဟုတ်ဖူးရယ် သိပ်အဆဲသန်တာကလား)
တစ်ခြားကြိုက်နှစ်သက်တဲ့စာရေးသူတွေလည်း အများအပြားရှိပါသေးတယ်။
ကိုဘိုက်ကလေးတို့ မဟာရာဇာအံဇာတုံး(ခ) ခြောက်မျက်နှာတို့
ကိုပေ၊ ကိုပေါက် ၊ ကိုဂီ ၊ ဝါးတားမဲလုံး(ခ) ဖရဲသီး၊ မ မနော၊ အရီးလတ်၊ အန်တီနု ၊ အူးအူးဘလက် ၊ ကထူးဆန်း ၊ သစ္စာလင်း ၊ မခိုင်ခိုင် ၊ ကိုအောင်တိုက် စသည်ဖြင့် အားဂျီးပါဘဲ ….
ဒါတောင် အမည်မေ့နေတဲ့သူတွေပါတေးဒယ် (စိတ်အဆိုးရဘူးနော်) :grin: အားလုံးပဲ တားတားလေးကို အသိအမှတ်ပြုပီး ဘုပြောခွင့်လေး ပေးကြပါလို့ တောင်းဆိုပါတယ်နော် ။ ဘုပြောတယ်ဆိုတာလည်း မနာလိုမရှုစိမ့်တဲ့စိတ်သဘောထားနဲ့မဟုတ်ပါဘူး၊ ကောင်းစေချင်တဲ့
စေတွေနဲ့ (စေတွေ=စေတနာတွေ) ၊ဂရုဏာဒေါသောဆိုပါတော့ဗျာ ဟိဟိ။ တားတားက ပေါ်တင်တည့်တည့်ပဲ ပြောတတ်တယ်၊ ကွေ့ကာဝိုက်ကာနဲ့ လှည့်ပတ်ပီးပြောတတ်ဘူးဗျ (အဲ့ဒါ တားတားရဲ့ အားနည်းချက်) ၊ တစ်ချို့တွေကရှိတယ် တားတားရဲ့ အပေါင်းအသင်းထဲမှာလည်းတွေ့ရတယ်၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးနဲ့ ၊
တားတားက အဲ့ဒါမျိုးဆို အားဂျီးမုန်းတာ၊မကြိုက်ရင် မကြိုက်ဘူး ဒဲ့ဘဲပြောတတ်တယ် ၊ အိညောင်ပန်းညောင်နဲ့ လေချိုမသွေးတတ်ဘူး၊ တားတားရဲ့ သူငယ်ချင်းတွေကလည်းပြောတယ် မင်းက ဘုဂလန့်ကောင်ပဲတဲ့၊ ဟုတ်ကဲ့ခင်ဗျ ၊ကျနော့်ကို အဲ့လိုပြောလို့ စိတ်မဆိုးပါဘူး ဘာလို့လဲဆိုတော့ ကျနော့စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောလိုက်ရလို့ ကျေနပ်တယ်၊ ကျနော့်ကိုဝေဖန်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် လုံးဝ စိတ်မဆိုးတတ်ပါဘူးနော်။
အားလုံးကိုခင်မင်လေးစားတဲ့
ဘုဂလန့််ကောင်



နာမည်ကြာရုံနှင့်တင် လန့်တန့်တန့်ဖြစ်သွားတယ်
ဟီးးးးးးးးးစတာနော် အတည်ပါ ခင်လို့
ရွာသားအသစ်လေးမောင်ဘုဂလန့်ကိုညာတို့ဂေဇက်ရွာကြီးက
ကြိုဆိုပါတယ်ရှင်
Was this answer helpful?
LikeDislikeဘုဂလန့်  ရှိုဒေါ့..အူးဘဇင်းဇောက်နဲ့ တွဲလို့ ရဘီ..
ဂိန်..ဂိန်…
Was this answer helpful?
LikeDislikeဘုဂလန့်အား ကန့်လန့်တိုက်ခွင့်ပြုစေ…..။
Was this answer helpful?
LikeDislikeမမညာသူရေ့
လန့်ပါနဲ့နော် တားတားက ခင်တတ်ပါဒယ်ဂျ
တစ်ခါတစ်လေ စကားပြောမတတ်တာပဲရှိဒါ ဟိဟိ
……………………………………………………..
တိုတို ဘိုက်ကလေးက ဘာလို့ ဂိန်တာလဲဟင် တားတားမတိလို့နော် မေးကျိဒါ
………………………………………………………………………………………
ခွင့်ပြုပေးဒဲ့ နွေဦးကို ကျေးကျေးဘာနော်
Was this answer helpful?
LikeDislikeဘာလို့ ဂိန်တာလဲဆိုတော့ကာ
အီးအီးပန်းရတာ (ဗျစ် .. ဗလစ် .. ဗျစ် ဗျစ်) ရိုးသွားလို့ ..
ခု .. ဂိန် .. ဂိန် .. ဖြစ်သွားဒါဘာ .. :D
ဒါနဲ့ အသစ်ခလေး ဘန့်ဂလု .. ဘုဂလန့်ကို ကြိုဆိုပါတယ်နော့ ..
Was this answer helpful?
LikeDislikeဘုဂလန့်
ဘန့်ဂလု
လူ့ကန့်လန့်
လန့်ကုလု
ဘေးထိုင်
ဘိုင်ထေး
ဘုပြော
ဘောပြု
ဘုဂလန့်….ဟု
ကြိုဆိုပါရဲ့ဗျား….။
ဂွစာတိုက်၍ ကန့်လန့်များစွာပြောနိုင်စေသတည်း…. အဟွပ်..ဟွပ်..။
Was this answer helpful?
LikeDislikeသူကြီးက ဘေးထိုင်ပြီး ဘုပြောစရာမလို အတွင်းဝင်ထိုင်ပြီး စည်းနဲ့ကမ်းနဲ့ ပြောလို့ရအောင်လုပ်ပေးထားပါသည် ဆိုတော့ ဘေးထိုင်လေး ဖြုတ်လို့၇ပြီ… :grin:
Was this answer helpful?
LikeDislikeတိုတိုဂျစ်ပစီရေ့ ဘုပြောရတာတော့ဝါသနာပါတယ်ဗျ၊ ဘောပြုတာတော့ ကြိုက်ဘူးနော် ဟိဟိ
………………………………………………………………………………………………………….
ဟုတ်တဲ့ပါ စီဂျေဂျီး ကထူးဆန်းရေ့
အတွင်းထဲဝင်ထိုင်ပီးတော့ စည်းကမ်းရှိရှိ ဘုပြောပါတော့မယ် ဆိုတဲ့အကြောင်းလေး ကြေငြာမောင်းခတ်ပါတယ် ခင်ဗျားးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeဘုဂလန့်ကိုချစ်စနိုးနဲ. ဘုဘု လို.ခေါ်မယ်နော်…အာဟိ….။
ဟိုနေ.ကတောင် ကျော်က ဘုဂလန့် လို.နာမည်ပြောင်းမလို.။သများအူးဒွားဘီ(ဟွင့်)။
(ငယ်ငယ်တုန်းကဘာတဲ့) ဘုဘုတည်ပြီးပြီလား(ထမင်းအိုး)၊ ဘုဘုတည်ချင်သေးလား၊(ရေနွေးအိုး)…..ဘုဘုတွေ ဘုဘုတွေ ချားရ၀ူး….အဟဲ..ဘာရယ်ဟုတ်ပါဘူး…
ခင်ချင်ရို.ချတာ ချိတ်ချိုးရ၀ူးနော့…..။ :D
Was this answer helpful?
LikeDislikeအဲ့လာ ဘုဘုဟုတ်ဘူး ဘွတ်ဘွတ်
Was this answer helpful?
LikeDislikeဒီအရေးသား .. ဒီ
နဲ့ …. ဒီလေသံကျပေါက်ကြည့်ရတာ ……. ဟိုဒင်းမှ ဟုတ်ရဲ့လား …….
နှစ်ကိုယ်ခွဲ ဇာတ်လမ်းရိုက်နေတယ် … အဟိ … ။
Was this answer helpful?
LikeDislikeတားတားက နှစ်ကိုခွဲဟုတ်ဘူး
အတစ်ချက်ချက်ကရေးဘာ
မမအီးတုံး ခည
Was this answer helpful?
LikeDislikeဘူလေးလဲ…အဲ့လာ ဘူလေးလဲ
ဘုဂလန့်ကို ဘုတောလွှတ်တယ်လို့တော့ မထင်ပါနဲ့ဘုဘုရယ်
ဘုဂလန့်လို့မဖတ်မိဘူး
ဘုဂလုံပဲ မြင်မြင်နေတယ်
မွန်လိုခေါ်တာလေ
ရခိုင်လိုတော့ ပုပုပေါ့
Was this answer helpful?
LikeDislikeဘုဘုဂဒေါ့ ပုဘာဘူးဗျာ
ဒါနဲ့ ဇဂါးမစပ် ပန်ပန်လေးဂရော ပုသလားဟင် မှန်မှန်ပြောနော် ဟိဟိ
Was this answer helpful?
LikeDislikeပုပုဆိုတာ ကလေးလေးကို ချစ်စနိုးနဲ့ခေါ်တာလေ
ပုတာကိုပြောတာဟုတ်ဘူး
ဘုဂလုံလည်း အဲ့လိုပါပဲ
အဲ့…ဘုဂလန့်တော့ ဘယ်လိုရယ်မသိ
Was this answer helpful?
LikeDislikeခင်မယ်နော်
ဘုဂလန့်တော့ မတိုက်ရဝူးနော်
မန်းဂေဇက်က ကြိုဆိုပါတယ်ရှင့်
Was this answer helpful?
LikeDislikeမစ်စတာအောင်ပုကို ကြိုက်တယ် ဆိုဒေါ့… သူဘာကြိုက်လဲ သိရဲ့မဟုတ်လား :D
နောက်ထှာ… :P
နာကလွဲပြီး အားလုံးကို ဘုပြောဇေဗျား…. ခွင့်ပြုတယ် ခွင့်လွှတ်တယ် ….
Was this answer helpful?
LikeDislikeနာတော့ ဘု ဆိုရင် မိုက်ကယ်ဘု ပဲ မြင်တယ်…
ဒီတော့ မတူအောင် လန့်လန့် လို့ ခေါ်မယ်နော်…
လန့်လန့်ရဲ့ ဘုဂလန့် အရေးအသားတွေကို မကြာခင်မှာ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ (ဘိလပ်ပြန် မောင်သောင်းဖေ လေသံနှင့် ရေးသည်။) :P
Was this answer helpful?
LikeDislikeကျနော် သယ်ရင်းတယောက်နာမည်ကိုတော့
အရပ်ပုတဲ့အပြင် ကန့်လန့်တိုက်လွန်းလို့..
ပုကန့်လန့်ကောင်လို့ ချစ်စနိုးခေါ်ကြတယ်ဗျ..
ခင်ဗျားလည်း ပုရင် အဲ့လိုပဲ ခေါ်မယ်နော်..
အင်း……ကိုပုဂန့်လန့်..
Was this answer helpful?
LikeDislike၀င်ခွင့်ကတော့ ပြုပါတယ် ဒါပေမယ့် ရွာ့လူကြီးတွေကို စည်ဘီယာဖောင် တင်ရပါတယ်…ဟီးဟီးဟီး :D
Was this answer helpful?
LikeDislikeမှတ်ချက်။ ။ ဖောင်တင်ပြီးပါက ဖောင်ပြင်ခွင့်မစိ
Was this answer helpful?
LikeDislikeအရေးအသား လေယူလေသိမ်းကြည့်ရတာ
လက်စသတ်တော့ သူကိုး….။
ဒါကြောင့်မို့… ထင်တော့ထင်သား ….
သေချာပါတယ် သူမှ သူအစစ်ပါ…
ရွာသူားတို့ရေ …
ဟုတ်တယ်မလားဗျ….။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဟေ့ဟေ့ လန်.လန်. နဲ. လတ်လတ် နဲ.မျက်စိရှမ်းပြီးမှားနေလို. ကွိုင်ရှော့တွေတက်ပြီး ဓါတ်လိုက်နေဦးမယ်…။
ဘုဘုပဲကောင်းပါတယ်ကွယ်… :D
ဘုဘု ရဲ.ဘုစာများကို စောင့်ပြီး ဘုပြောဖို. အသင့်ရှိပါဂျောင်းးး….ဂျောင်းးးး…ဂျောင်းးး…ဂျောင်းးးး…. (သတိ ပညာရှိနည်းနှင့်မဖတ်ပါနှင့်)
Was this answer helpful?
LikeDislikeဝင်ခွင့်ပြု၍ အားပေးဂျဒဲ့ ရွာသူရွာသား အကြီးအသေး မရွေး ၊ အရင့်အနုမရွေး ၊ အားလုံးဂို ကျေးဇူးအားဂျီးတင်ဘာဒယ်နော်
Was this answer helpful?
LikeDislikeဘုကလန်လေး ကိုကြိုဆိုပါတယ်
Was this answer helpful?
LikeDislikeအမလေး ၀င်ခွင့်တောင်းလို့ပဲ … အထဲတောင်ရောက်နေပီ …
Was this answer helpful?
LikeDislikeဘုဂလန့်
ဘန့်ဂလု .. ဂလု ..
ပြောရင်း သောက်ချင်လာပြီ (မှတ်ချက် ။ ။ ရေ …) :D
အပေါ်မှာလည်း ကြိုပြီးပြီ ..
ခု ထပ်ပြီး ကြိုလိုက်ပါတယ် ..
နို့ .. အနော့်ကို ခြောက်မျက်နှာလို့ ခေါ်မှန်းတောင် သိဒယ်နော့ …
Was this answer helpful?
LikeDislikeအရေးအသားကြည့်ရဒါ တညိုးဘဲနော်
ဘယ်ဒူ လဲကွ အရခွံလဲပလိုက်တာ
မသင်ကာဘူးနော် :grin:
Was this answer helpful?
LikeDislikeဘုဂလန့်ကောင်
နုမလန့်အောင်
အုအသန့်ဆောင်…
……
ကြိုဆိုပါအိ ကိုဘုသိ
Was this answer helpful?
LikeDislikeနာမည်ကလည်း..ဘုဂလန့် ဆိုပါလား…
ရေးသားချက်တွေကလည်း …
ဘုဂလန့် …နဲ့………..
မန့် ..ပေးတာလည်း ဘုဂလန့် ဆိုရင်တော့…..
ရေးထားတဲ့အထဲမှာ လူတွေက…
ရှေ့ကျတစ်မျိုး..နောက်ကွယ်တစ်မျိုးနဲ့ …
နှစ်မျိုးဆိုတော့ ပိုဆိုးတာပေါ့နော်…
မန်းဂေဇက် ရဲ့ ရွာသူတစ်ဦးကလည်း…
ဘန့် ဂလုဆိုတဲ့…ဘုဂလန့် လေးကို….
ကြိုဆိုပါတယ်နော်…………..
ရွာလေးထဲမှာ ပျော်ရွှင်ပါစေရှင်…။။။။။
Was this answer helpful?
LikeDislikeနာမည်ကလည်း..ဘုဂလန့် ဆိုပါလား…
ရေးသားချက်တွေကလည်း …
ဘုဂလန့် …နဲ့………..
မန့် ..ပေးတာလည်း ဘုဂလန့် ဆိုရင်တော့….. အဲ့ဒီတော့ ဘာဖြစ်လဲ ဆက်ပြောဘာ
ဟောင်ဖွာဟောင်ဖွာ လာမလုပ်နဲ့ ကိုယ့်လူ
ရွာထဲအခုမှဝင်တယ်ဆိုပေမယ့် အားလုံးကို သိဘီးသား
လာပီး အကြောမတင်းနဲ့
Was this answer helpful?
LikeDislikeဟုတ်ဒလယ်
မေးလိုက်စမ်းဘာ
ဘာတဲ့တုန်းလို့ …
Was this answer helpful?
LikeDislikeတိုတိုပေတို့ အဲ့လိုပြောနဲ့လေ ပေါ်တင်ကြီး
Was this answer helpful?
LikeDislike