12
“မ မေ့ အောင်”
ကောင်း ကင် တ ခွင်
တိမ် ဆင် အုံ့ မှိုင်း
ရိုင်း တဲ့ ဆယ့် ကိုး
မျက် ရည် ဖြိုး သည့်
ဆိုး တဲ့ အ ဖြစ်
မ မေ့ ပစ် နှင့်
ချစ် သည့် ဇာ နည်
ပြည် သူ့ အ တွက်
အ သက် ပေး ဆပ်
လွတ် လပ် ဖို့ ရေး
ရ ယူ ပေး သည်
ကျေး ဇူး ဂုဏ် အင်
များ စွာ ပင် တည့်
နှိုင်း ယှဉ် အ ထူး
ကိုး ဦး ဇာ နည်
အ တွက် ရည် သန်
ပြည် သူ အ များ
ပြု ထား စု စု
ကောင်း မှု ကု သိုလ်
ဟု မှန် သ မျှ
အ ဖို့ ဘာ ဂ
ပေး ဝေ မျှ ၍
သည် လ သည် ရက်
ပြု လျက် အ စဉ်
နောင် တွင် သား ကောင်း မ မေ့ အောင်။။



အန်တီအေးရေ့….
အားပေးသွားပါတယ်ခင်ဗျ
ဘတော့မှ မေ့ပါဘု….
Was this answer helpful?
LikeDislikeကျေးဇူးပါဗိုက်ဗိုက်ရေ။
Was this answer helpful?
LikeDislikeဘယ်လိုလုပ်မေ့မှာလဲဗျာ
Was this answer helpful?
LikeDislikeတတ်နိုင်ကြသူတွေ..
ဒီနေ့ ,ဒီရက်,ဒီလ,ဒီအချိန်အခါရောက်တိုင်းပေါ့နော်..
အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရည်စူးပြီး…
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ က…
သမုတိသံဃာတော်မြတ်တွေကိုဆွမ်းကျွေး
အမျှပေးဝေရင်း..
သာဓုခေါ်နိုင်စေဘို့ အတွက်၊ကဗျာလေးရေးဖွဲ့ မိလိုက်တာပါ။
ကျေးဇူးပါဂွတ်ထော်ရေ..။။
Was this answer helpful?
LikeDislikeမမေ့အောင်သတိပေးသော မအေးကေရေ..
သတိတရ ပေးပို့ပေးလို့ ကျေးဇူးတင်ပါတယ်။
ကုသိုလ်လည်းပြုဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeမမေ့အပ်ပါဘူး ဒီရက် လေးကို July 19 မမေ့ပါဘူးဘယ်တော့မှလည်းမမေ့ပါဘူး။။။
Was this answer helpful?
LikeDislikeရေချိုးပြီးတော့ ဘုရားရှိခိုးအပြီးမှာ
မေတ္တာပို့ ဆုတောင်းခဲ့ပါတယ် ဗျို့ 
Was this answer helpful?
LikeDislikeမမေ့ရအောင် လူငယ်တွေပိုပြီးတန်ဖိုးထားသိတတ်အောင်
ကျနော်တို့ ကတတ်နိုင်သရွေ့ ဝေငှ ဖလှယ်ကြရမှာပါ။
Was this answer helpful?
LikeDislikeအမအေး ခင်ဗျာ ..
ဘယ်တော့မှ မမေ့ပါဟု ..
အာဇာနည်များအား
ဦးထိပ်မှာ ပန်ဆင်ပြုရင်း ..
ပြောကြားသွားပါ၏ ….
Was this answer helpful?
LikeDislikeဒီနေ့ အိမ်ရှေဝရံတာမှာ အလံကို တိုင်တ၀က်လွှင့်ပြီး ၀မ်းနည်းကြောင်း အထိမ်းအမှတ်ပြခဲ့ပါတယ် အန်တီအေးရေ ။ မျှော်နေခဲ့တဲ့ လွမ်းဥသြသံကတော့ မကြားလိုက်ရဘူး။
Was this answer helpful?
LikeDislikeTTNU,
ကုသိုလ်လည်းပြုဖြစ်တာ…
သိရလို့ ထပ်တူထပ်မျှဝမ်းသာရပါတယ်..
တီချာကိုအမြဲကျေးဇူးတင်လေးစားလျှက်ပါလို့ ပြောပြပါရစေ။။
————————————————————————
snow white,…
မမေ့ကောင်းတာကို…
မမေ့တဲ့စနိုးလေးရေ…ကျေးဇူးပါကွယ်။။
—————————————————————————
ကိုပေ,…
ညအိပ်ရာဝင်လည်း..
မေတ္တာပို့ ဦးနော်…။။
——————————————————————————
သားဦးမြေးဦးရေ….
တကယ်မှန်ကန်တဲ့အသိလေးပါဘဲ…။
အန်တီပြုသမျှကောင်းမှုများကို…
ဒီနေ့ ဒီရက်ရောက်တိုင်း၊အာဇာနည်ကြီးတွေကို…
အမျှပေးဝေမိပါတယ်ကွယ်။
———————————————————————————
အံစာတုံးရေ….
မင်းလိုပါပဲ၊အန်တီလည်းအတူတူပါ။
အာဇာနည်တွေကိုပဲဦးထိပ်မှာပန်ဆင်ထားပါ၏…
အာဏာရှင်တွေကိုတော့ရွံ့ မုန်းလွန်းလို့ နှလုံးနာလှမိပါတယ်ကွယ်။။
———————————————————————————
pooch,…ရေ
လွမ်းဥသြသံကတော့..
တို့ တွေရဲ့ …..
ရင်ထဲ…..
နားထဲ…..
အသဲထဲမှာ…..
ကြားယောင်နေဆဲရှိနေတာကို……
သူတို့ တွေက၊မသိကျိုးကျဉ်ပြုနေတာဟာ……
ရင်နာလို့ မဆုံးပါဘူးကွယ်……။
Was this answer helpful?
LikeDislike၀မ်းနည်းမှတ်တမ်း
သမိုင်းလမ်းကို
လေးလုံးဂုဏ်ဆောင်
အနုရောင်ဖြင့်
မှုံခြယ်ဖော်သ
ကေကေ မသို့
လေးစားဂုဏ်ဆောင်
ကိုင်းညွတ်ပြုအံ့
အိုဘယ့်ငါတို့
သမ္မဇျဉ်…
……ဟီး
ရွှီးကြည့်လိုက်တာ အန်တီအေး
စိတ်ဆိုးပါနဲ့….ဂျ…
Was this answer helpful?
LikeDislike